။....။

လိုင်ရိုးတော်ဓါတ်သမိုင်း အခန်း (၂)

ဣဒ္ဓိတေဇော် လိုင်ရိုးတော်

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ပြည်ရခိုင်တွင်၊ ရိပ်မြိုင်စိမ်းလန်း
တိတ်တဘောင်နှင့်၊ ဂုဏ်ရောင်လင်းကေ
တောင်ရင်းကျွန်း၌၊ ထူးဆန်းသပ္ပါယ်
လွန်တင့်တယ်ကေ၊ စိန္တေရုပ်ပွား
ဓါတ်သရီကို ၊ စေတီသတ်ကေ
မြတ်ကိုယ်စား၌ ၊ ရွှေသားကျောက်စီ
ညီရရီဖြင့်၊ ထက်ဆီထွတ်ဖျား
ပြဿဒ်ပျံမှာ၊ မှန်တောင်တတ်ကေ
ငှက်မြတ်နားနှင့်၊ ထက်ဖျားနတ်ရွာ
ဝတိံသာဝယ် ၊ စူဠာမုနိ
မြတ်စေတီသို့ ၊ အင်ညီဘိ၍
ဣဒ္ဓိတေဇာ၊ ရောင်ခြောက်သွယ်လေ
စွေကာဖြိုးကေ၊ လိုင်ရိုးတော် --။

(ရွာချောင်းကြီးဆရာဦးအောင်ထွန်း၏၀ံသာနုလွမ်းမပြေသာခြင်းမှ)

ဘုရားသျှင်သည် ရခိုင်ပြည်သို့ ကြွရောက်တော်မူသည်။ ထိုစဉ် ကျောက်တော်တောင်ဟုခေါ်သော မောရပဗ္ဗတတောင်၌ တန့်ရပ်သည်။ မုနိထွဋ်ထားမြတ်စွာဘုရားသည် တောင်ပေါ်တွင်တန့်ရပ်စဉ် အရပ်ဝန်းကျင်ကို ကြည့်ရှုတော်မူသည်။ ထို့နောက် ပြုံးတော်မူသည်။ ထိုအခြင်းအရာကို အသျှင်အာနန္ဒာက မြင်တော်မူသည်။ အာနန္ဒာလည်း ဘုန်းတော်ကြီးသော မြတ်စွာဘုရား မည်သည်အရာကို ရှုမြင်သုံးသပ်တော်မူ၍ ပြုံးပျော်ရွှင်လန်းဝမ်းမြောက်ခြင်းဖြစ်ပါသနည်းဟု မီးလျှောက်တော်မူသည်။ မြတ်စွာဘုရားသျှင်က ချစ်သားအာနန္ဒာ၊ ငါဘုရားပါရမီတော်ဖြည့်စဉ်ကာလ နုစဉ်ဘ၀တွင် ဤဓည၀တီရခိုင်ပြည်ကြီး၏အရပ်ဒေသအသီးသီးရို့၌ ဘ၀များစွာ ကျင်လည်ဘူးခသည်။ ငါကျင်လည်ခရသော အရပ်ရို့ကို တဖန်ပြန်လည်ရှုမြင်ရ၍ ၀မ်းမြောက်ခြင်းဖြစ်သည်ဟု မိန့်တော်မူသည်။
.

ထိုအခါ အာနန္ဒာက ဘုန်းတော်ကြီးသောမြတ်စွာဘုရား ပဇာမည်သောအရာရို့တွင် ပဇာမည်မျသောဘ၀ရို့ဖြင့် ကျင်လည်ဘူးပါသနည်းဟု လျှောက်ထားတော်မူသည်။ မြတ်စွာဘုရားက “ချစ်သားအာနန္ဒာ ငါဘုရားရပ်တန့်နီသော ဤသေလာဂီရိမောရပဗ္ဗတတောင်တော်၌ ရွှေဥဒေါင်းမင်းဘ၀၊ ပန်းပွတ်သမားတဇစ်ဖြစ်ခဖူး၏။ ဤနီရာရို့တွင် ငါဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူလျှင် ငါဘုရား၏ဓါတ်တော်များကို ဌာပနာထား၍ စေတီတည်ထားပေလတ္တံ့” ။ ထို့အပြင် ရခိုင်ပြည်အနှံအပြား မိမိကျင်လည်ဖူးခရာအရပ်ဒေသရို့ကို လက်ညှိုးညွှန်လျှက် ပရိနိဗ္ဗာန် စံလွန်လတ်လျှင် တည်ထွန်းလာမည့် ဓါတ်တော်စေတီမြတ်ရို့ကို ဗျာဒိတ်မြွက်ကြားတော်မူသည်။

“အာနန္ဒာ- ငါဘုရားသည် ကာကာဂီရိတောင်ကြီး၏အထက်၌ ကျီးမင်းတဇစ်ဖြစ်ခဖူးရာ လျှာရင်းတော်ဓါတ်ခေါ် (ဇီဝှါ) ဓါတ်တော် စေတီတည်လတ္တံ့” ဟု မိန့်ကြားတော်မူသည်။ ထို့နောက် ထိုကာကာဂီရိတောင်၏အနီးဝယ် ကပေါတဂီရိမည်သော တောင်တည်ဟိ၏။ ထိုတောင်ထိပ်၌ ခွာမင်းတဇစ်ဖြစ်ခဖူးသည်။ ထို့ကြောင့် ငါ၏လိုင်ရွဲတော် ၀တ်ဆင်ဖူးခရာ လိုင်တော်ဌာနမှာ လိုင်ရိုးတော်ဓါတ်စေတီတည်ထားလတ်မည်ဖြစ်သည်။ ထိုစေတီကို လိုင်ရိုးတော်၊ လိုင်တော်ဓါတ်တည်ရာ စေတီဖြစ်ကြောင်း ပါဠိဘာသာဖြင့် ဂီဝှါဓါတ်တော်စေတီဟု တွင်ပေရာသည်။

ဆရာငမည်ရာဇ၀င်၌ ဂြိုးမင်းဟူး၍ဆိုထား၏။ အချို့ရာဇ၀င်ရို့တွင် ခါမင်းဟူ၍လည်းအဆိုဟိသည်။ ရခိုင် ရာဇ၀င်သစ် ရမ်းဗြဲတောင်ကျောင်း ဦးစန္ဒမာလာလင်္ကာရဆရာတော်သည် မလျှော်ဟုဖော်ပြသည်။ ပဇာကြောင့်ဆိုသော် ကပေါတ၊ သဒ္ဒါသည် ခွာဟောရာဖြစ်သည်။ ဂြိုး၊ ခါဟောသဒ္ဒါမဟုတ်ချေ။ ထို့ပြင် ကပ္ပက တောင်ဟူသော ဖော်ပြချက်ရို့မှာလည်း လွဲမှားခြင်းရာဖြစ်၏။ ခွာနှင့်ခါကား ဝေါဟာရအရွီးအသား နီးစပ်၍ရာဖြစ်သည်။ ဂြိုးဆိုလျှင် ဂြိုးငှက်ကိုဖော်ပြခြင်းရာဖြစ်၍ မနီးစပ်နိုင်ချေဟု ဆိုသည်။

လိုင်တော်ဓါတ်ဟုလည်း ရခိုင်ရာဇ၀င်သစ်၌ ဖော်ပြထားသိမ့်၏။ ဤနီရာ၌ လိုင်ရွဲတော်ဓာတ်၊ လိုင်ရိုးတော်ဓါတ်ဟူသော အခေါ်အဝေါ်ရို့ကို သိသင့်ပေသည်။ လိုင်ရိုးတော်ဓါတ်သည် ရခိုင်ပြည်တွင် ကျင်လည်ရာဌာနများ၌ လေးဌာနတွိနိုင်သည်။

၁။ ကပေါတဂီရိတောင်၊ လိုင်ရိုးတော်ဓါတ် (ခွာမင်း)
၂။ စိန္တာသာရတောင်၊ လိုင်ရိုးတော်ဓါတ် (ဇင်လစ်)
၃။ ဣန္ဒမူလတောင်၊ လိုင်ရိုးတော်ဓါတ် (ရွှဲကုန်သည်)
၎။ ကာသီနတောင်၊ လိုင်ရိုးတော်ဓါတ် (ရွှေဥဒေါင်း)

ဤလေးဌာနရို့တွင် ကပေါတဂီရိတောင်၌ ခွာမင်းတဇစ်ဖြစ်ခဘူးသည့်အလျှောက် လိုင်တော်၌၀တ်ဆင်ခဖူးသော တန်းဆာများသည် လိုင်ရွှဲတန်းဆာဖြစ်သည်။ ထိုလိုင်ရွှဲတန်းဆာဝတ်ဆင်ရာ လိုင်တော်မှာဆိုလျှင် အရိုးတော် တည်ဟိပေသည်။ အရိုးတော်မှ နောင်ကာလကြာသောကာလ ပရိနိဗ္ဗာန်ပြု၍ တေဇောဓါတ်မီးလောင်ကျွမ်းလီလျှင် အရိုးတော်ဓါတ် ကြွင်းကျန်ရစ်ခလီရာသည်။ ထို့ကြောင့် ငါဘုရား၏အရိုးတော်၊ အသားတော်၊ အရီတော်ရို့မှရနောင်အစဉ်ကိုးကွယ်နိုင်ရန် ကြွင်းကျန်ပေလတ္တံ့ဟူ၍ ဗျာဒိတ်မိန့်ကြားချက်၌လာပေ၏။ အစိတ်စိတ်ကွဲပြား၍ ကြွင်းကျန်ရစ်သောဓါတ်တော်များကား (၁၆) ပြည်၊ အချင်းတတင်းခန့်ဟိသည်ဆို၏။ မီးမလောင်ဘဲ ကြွင်းကျန်ရစ်သောဓါတ်ရို့ကား သျှစ်စရွက်မျဖြစ်သည်ဆို၏။

ယခုဖော်ပြပါလိုင်ရွဲတော်ဓါတ်သည် စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ကိန်းဝပ်လျှက်ဟိသည်။ ဖော်ပြပါဓါတ်တော်ကို ဒေသခေါ်သမိုင်းအလာနှင့်ချင့်ချိန်၍ မှတ်ယူကတ်စီလိုသည်။ ယခုအခါ လိုင်ရွဲတော်၊ လိုင်ရိုးတော်ဓါတ်ဟု ခေါ်တွင်လျှက်ဟိသည်။ ထိုဓါတ်တော်အနီးအပါးတွင် တည်ဟိသောရွာမှာဆိုလျှင်လည်း သရွဲပေါက်တောဟူ၍ပင် ခေါ်တွင်ဟိသည်။ တောင်အမည်ကိုကား ဓါတ်တောင်၊ ပေါက်တောသရွဲဓါတ်တောင်စသည်ဖြင့် ခေါ်ဆိုလျှက် ဟိသည်။ လွန်ခသော နှစ်ပေါင်းများစွာကပင်တည်ထားခသော ဓါတ်တော်ဖြစ်သည်။ ပျက်ပြို၍ အကြိမ်ကြိမ် ခေတ်အဆက် ဆက်မွမ်းမံပြုပျင်ခရခြင်းကြောင့် ရှိကတည်ထားဘူးသော စေတီပုံသဏ္ဍာန်နှင့်တူညီရန်မှာ မဖြစ်နိုင်တော့ပေ။ မူလဟန်ပန်အနီအထား လက်ရာများ လွဲပြောင်းခရမည်သာဖြစ်သည်။

ထို့ကြောင့် ပေါက်တောမြို့၏အနောက်မြောက်ဘက်အရပ်မှ ကပေါတဂီရိတောင်ပေါ်တွင် တည်ဟိကိန်းဝပ်လျှက် ဟိသောဓါတ်တော်မှာ မြတ်စွာဘုရားသျှင်၏လိုင်ရိုး၊ လိုင်ရွှဲတန်းဆာဆင်သောနီရာမှ ကြွင်းကျန်တည်ဟိနီသော ဓါတ်တော်တဆူ ဖြစ်ကြောင်းကို မှတ်ယူအပ်ပေသတည်း။

ကုသိန္နာရုံသိမ်တော်

ပေါက်တောမြို့နယ်သည် ရခိုင်ပြည်နယ် (၁၇) မြို့နယ်စာရင်းတွင် တခုအပါအ၀င်ဖြစ်ပြီး ပြည်နယ်၏မြို့တော် စစ်တွေမြို့နှင့် အနီးကပ်ဆုံးတည်ဟိနီသည့် မြို့နယ်တခုဖြစ်ပါသည်။ ပေါက်တောမြို့နှင့် စစ်တွေမြို့သည် ရီလမ်းအားဖြင့် (၁၆) မိုင်လောက်ရာ ၀ီးကွာပါသည်။ စစ်တွေမြို့မှ အရှိအရပ်သို့ဦးတည်လျှက် မော်တော်ရီယာဉ်ငယ်တစီးဖြင့် ရီစုန်တွင် ခုတ်မောင်းလားပါက တနာရီအကြာတွင် ပေါက်တောမြို့သို့ ဆိုက်ရောက်သည်။

ပေါက်တောမြို့ဖြစ်ပေါ်လာရခြင်း

ပေါက်တောမြို့သည် ရှိရခိုင်ဘုရင်မင်းများလက်ထက်ကပင်တည်ဟိခသော မြို့တမြို့မဟုတ်ပဲ အင်္ဂလိပ် ခေတ်ဦးပိုင်းအတွင်း ပေါ်ထွန်းလာသော မြို့တမြို့ဖြစ်ပါသည်။ ခရစ် (၁၇၈၄) ခုနှစ်တွင် ရခိုင်ထီးနန်း အရေးနိမ့်ခရပြီးနောက် ရခိုင်ပြည်အ၀ှမ်း စစ်ဖီးဒဏ်ကြောင့် ဖရိုဖရဲဖြစ်ကာ ရမ္မာဝတီ ရမ်းဗြဲဇင်ချောင်းကျွန်းရွာတွင် နီထိုင်လျှက်ဟိသော ရွာစားကြီး ဦးစံဖြူနှင့် မယားမိမလှရို့ မိသားစုတခုလုံးသည် တောင်ရင်းကျွန်းအရပ်သို့ ရွှိပြောင်းလာလတ်ပါသည်။ အဆိုပါမိသားစုရို့သည် ယခုပေါက်တောအနီး သရွဲကျွန်းရွာနီ ဦးမြဖော်အောင်၏ ကျွဲနွားစားကျက်မြီဖြစ်သော ပေါက်တောကွင်းကို ရခိုင်ငွေသားဒင်္ဂါး (၃၅) ပြားဖြင့် ၀ယ်ယူ၍ ရပ်ရွာတည်ထောင်သည်။ စားကျက်မြီတကွင်းလုံးတွင် ပေါက်ရောက်လျှက်ဟိသောပေါက်ပင်ကြီးများကို ခွတ်ထွင်ယှင်းလင်း၍ ခရစ် (၁၇၈၇) ခုနှစ်တွင် ရပ်ရွာတည်ထောင်သည်။ ရပ်ရွာအမည်ကို ပေါက်ပင်ကြီးများ တည်ဟိရာကို အကြောင်းပြု၍လည်းကောင်း၊ သရွဲစားကျက်မြီကို အစွဲပြု၍လည်းကောင်း (သရွဲပေါက်တော) ဟု တွင်ခေါ်သည်။

ခရစ် (၁၈၂၄) ခုနှစ်တွင် ရခိုင်ပြည်ကို အင်္ဂလိပ်ရို့ကသိမ်းယူလိုက်သည့်အခါ သရွဲပေါက်တောရွာမှာလည်း ဗြိတိသျှရို့၏လက်အောက်အတွင်းသို့ ကျရောက်ရသည်။ ကျွန်းရွာတည်နီရာ၏အရပ်ဝန်းကျင်သည် သယ်ယူ ပို့ဆောင်ရေး၊ ကူးသန်းရောင်းဝယ်ရေးအရ ဆိပ်ကမ်းကျသောနီရာကောင်းတခုဖြစ်၍ နောင်တွင် စည်ကားလာခရာ ခရစ် (၁၈၉၀) ပြည့်နှစ်တွင် ဤကျွန်းရွာကို အင်္ဂလိပ်မင်းရို့က နယ်ပိုင်ယုန်းစိုက်အုပ်ချုပ်ရာ မြို့တမြို့အဖြစ် သတ်မှတ်ပီး၍ (ပေါက်တောမြို့) ဟူ၍ ဖြစ်ပေါ်လာသည်။

တည်နီရာအကျယ်အ၀န်းနှင့်လူဦးရေ

ပေါက်တောမြို့နယ်သည် မြောက်လတ္တီတွဒ် (၂၀) ဒီဂရီ (၁၀) မိနိ (၃၆) စက္ကန့်၊ အရှိလောင်ဂျီကျု (၉၃) ဒီဂရီ (၁၄) မိနိ (၁၈) စက္ကန့် အကြား၌ တည်ဟိသည်။ မြို့နယ်၏မြောက်ဘက်တွင် မြောက်ဦးမြို့နယ်၊ တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ အရှိဘက်တွင် မြေပုံမြို့နယ်၊ အနောက်ဘက်တွင် စစ်တွေမြို့နယ်ရို့နှင့် နယ်နမိတ်ချင်း ထိစပ်လျှက်ဟိသည်။ မြို့နယ်တခုလုံး၏ အကျယ်အ၀န်းသည် (၄၀၃ ဒဿမ ၇၄) စတုရန်းမိုင်ဟိသည်။ ရပ်ကွက် (၅) ရပ်ကွက်၊ ကျွန်းရွာအုပ်စု (၅၃) အုပ်စုနှင့် ကျွန်းရွာပေါင်း (၁၇၈) ရွာ ပါဝင်သည်။ ပေါက်တောမြို့ပေါ်၏အကျယ်အ၀န်းသည် သုမျ ဒသမ ၆၈ စတုရန်း မိုင်ဟိသည်။

(၁၉၉၉) ခုနှစ် စာရင်းအရ ရပ်ကွက် (၅) ရပ်ကွက်၌ မြို့ပေါ်လူဦးရေ (၁၄၀၉၄) ဦးနီထိုင်ပြီး ကျွန်းရွာ (၁၇၈) ရွာ၌ လူဦးရေ (၁၂၃၉၁၆) ဦးနီထိုင်သည်။ တမြို့နယ်လုံး၏ လူဦးရေစုစုပေါင်းသည် (၁၃၈၀၁၀) ဦးဖြစ်သည်။

မြီမျက်နှာသွင်ပြင်နှင့်ရီဆင်း

ပေါက်တောမြို့နယ်သည် ပင်လယ်နှင့် နီးကပ်စွာတည်ဟိသော မြို့နယ်တခုဖြစ်ပါသည်။ ပင်လယ်ရီမျက်နှာပြင်၏ (၁၁) ပေအမြင့်တွင် တည်ဟိသည်။ ဤမြို့နယ်၌ ဖရုံကာကျွန်း (၃) ကျွန်း၊ တောင်ရင်းကျွန်း၊ ပြားကျွန်း၊ ၀င်းကျွန်း၊ ပြည်စိုးကြီးကျွန်း (ပြည်သူကြီးကျွန်း)၊ သလွန်တောင်ကျွန်း၊ စိုင်းတုတ်ကျွန်း၊ နန်းတက်ကျွန်း၊ ငပြီကျွန်းဟူ၍ ကျွန်းကြီး (၁၁) ကျွန်းဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ ဖရုံကာကျွန်းသုံးကျွန်းနှင့် တောင်ရင်းကျွန်းမှအပ ကျန်သည့်ကျွန်းများမှာ မြီပြန့်လွင်ပြင်ကျွန်းများ ဖြစ်သည်။

ထိုကျွန်းများအကြားတွင် လှည့်ပတ်စီးဆင်းလျှက်ဟိသောမြစ်ချောင်းများအနက် ပေါက်ဆိန်ကျမြစ်သည် တောင်ဘက်ဟန်တာ ပင်လယ်ထဲသို့စီးဝင်သည်။ မြို့နယ်၏အလယ်ဗဟိုမှ စီးဆင်းနီသော ကျွဲကူးမြစ်မှာ မြောက်မှ တောင်အရပ်သို့ စီးဆင်းပြီး အနောက်တောင်ထောင့်အရပ်သို့ ကွေးညွတ်ကာ ဂစ္ဆပနဒီမြစ်ဝနှင့်ပေါင်းဆုံလျှက် ဘင်္ဂလားပင်လယ်အော်ထဲသို့ စီးဝင်လားသည်။

အုပ်ချုပ်ရေး

ပေါက်တောမြို့ကို ခရစ် (၁၈၉၀) ပြည့်နှစ်တွင် မြို့တခုအဖြစ်သတ်မှတ်ပြဌာန်းလျှက် မြို့နယ်အုပ်ချုပ်ရေးကို စတင်သည်။ မြို့နယ်တခုလုံး၏အုပ်ချုပ်သောစနစ်သည် ဗြိတိသျှအင်္ဂလိပ်မင်းရို့ အုပ်ချုပ်သောနည်းစနစ်ဖြစ်သည်။

စီးပွားရေး

ပေါက်တောမြို့နယ်၏ အဓိကစီးပွားရေးမှာ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုပင်ဖြစ်သည်။ (၁၉၉၈-၉၉) ခုနှစ် စာရင်းအရ မိုးစပါးစိုက်ပျိုးမြီဧက (၇၄၂၈၀) ဟိသည်။ ယင်းအပြင်အချို့မြီနီရာများ၌ ရာသီအလိုက် ပဲတောင့်၊ မိုးနှမ်း၊ နီကြာ၊ ငရုတ်၊ ပဲအမျိုးမျိုးရို့ကိုလည်း စိုက်ပျိုးသည်။ ဒုတိယအနီဖြင့် ပေါက်တောမြို့နယ်သည် ပင်လယ်နှင့်နီးကပ်စွာတည်ဟိသဖြင့် ငါးပုဇွန်မွီးမြူရေးလုပ်ငန်းကို စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်လျှက်ဟိသည်။ (၂၀၀၀) ပြည့်နှစ်စာရင်းအရ ပေါက်တောမြို့နယ်၌ ပုဇွန်မွီးမြူရေးဧက (၁၇၁၁၂) ဧကဟိသည်။ ထို့အပြင် ဖရုံကာကျွန်းသုံးကျွန်း၌ ငါးဖမ်းစခန်းများဖွင့်လှစ်ပြီး ငါးများကို နိုင်ငံခြားသို့ပင် တင်ပို့ရောင်းချသည်။ တတိယအနီဖြင့် နီလှမ်းဆား ထုတ်လုပ်ခြင်းဖြစ်သည်။ (၁၉၉၇-၉၈) ခုနှစ်စာရင်းအရ မြို့နယ်တခုလုံး၌ နီလှမ်းဆားဧက (၇၃၈) ဧကဟိပြီး ဆားပိဿာချိန် သိန်းခြောက်ဆယ်ကျော် ထွက်ကြောင်းသိရသည်။

ဘာသာရေး

ပေါက်တောမြို့နယ်အတွင်း နီထိုင်လျှက်ဟိသော လူမျိုးအများစုမှာ ရခိုင်လူမျိုးများဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များဖြစ်သည်။ ဤမြို့နယ်၌ ရှိဟောင်းသမိုင်းဝင်ဆင်းထု (ဥာဏ်တော်အကြီး) (၁၆) ဆူ၊ စေတီပုထိုး (၂၁) ဆူနှင့် (၁၉၉၉) ခုနှစ်စာရင်းအရ ဘုန်းတော်ကြီးကျောင်း (၁၇၃) ကျောင်း၊ သီလသျှင်ကျောင်း (၃) ကျောင်း၊ ရဟန်းသံဃာပေါင်း (၇၈၂) ပါး၊ သီလသျှင် (၄၅) ပါး ဟိကြောင်းသိရသည်။ အခြား ဘာသာဝင်များအဖြစ် ခရစ်ယန်ဘုရားဟိခိုးကျောင်းတကျောင်းနှင့် မူဆလင်ဗလီ (၂၈) ခုဟိသည်။ ထင်ရှားသော ဘုရားပုထိုးစေတီများမှာ မြီငူကျွန်း၌ ဆံတော်သျှင်စေတီ၊ ပေါက်တောမြို့၌ လိုင်ရိုးတော်ဓါတ်၊ တိလောက မာရဇိန်ခေါ် တောင်းဖူးဘုရားကြီး၊ တောင်ညိုဂူတွင်းဘုရားများနှင့် အလယ်ဖရုံကာကျွန်း အူမတော်ဓါတ်၊ သျှင်ထီးမစေတီ၊ မာလာတော်ဓါတ်ရို့ဖြစ်သည်။ အခြားသောကျွန်းများ၌လည်း ထင်ရှားသော တန်ခိုးကြီးဘုရားများ၊ ဓါတ်တော်များဟိပါသိမ့်သည်။

ကျန်းမာရေး

ပေါက်တောမြို့သည် အင်္ဂလိပ်ခေတ်ဦးပိုင်းတွင် တည်ထောင်ခသောမြို့တမြို့ဖြစ်သဖြင့် ကျန်းမာရေးနှင့် သက်ဆိုင်သော ဆီးခန်းကို ခေတ်ဦးပိုင်းတွင် မတွိရပေ။ ယခင်ကအတိုင်း မြို့နယ်မှပြည်သူများမှာ ရခိုင်ဗိန္ဓောဆီးဆရာကြီးများထံ၌ ဆီးကုသမှုကို ခံယူကတ်သည်။ နောက်ပိုင်းတွင်မှ ပေါက်တောမြို့ပေါ်၌ ဆီးခန်းငယ်တခုဟိလာသည်။ ထိုဆီးခန်းမှာ ယခု လ-၀-က ယုန်း နီရာဖြစ်သည်။ အဆောက်အဦးမှာ ၀ါးတန်းလျှား အုံးမိုးဖြစ်သည်။ ကုသရေးနှင့်ပတ်သက်၍ ကောင်ပေါင်တာ (ဆီးစပ်) တဦးနှင့် အလုပ်သမားတဦးရာ ဟိသည်။

နောက်ပိုင်းတွင် ဆီးခန်းသည် အုတ်အဆောက်အဦးသို့ ပြောင်းလဲလာသည်။ ဆီးခန်း၌ဆရာဝန်တဦး၊ ကောင်ပေါင်တာတဦး၊ အလုပ်သမားတဦးဟိလာသည်။ (၁၉၄၁) ခုနှစ်အရောက်တွင် စစ်တွေမြို့ မြန်မာနိုင်ငံ အောက်လွှတ်တော်အမတ် ၀တ်လုံတော်ရ သူဌေးမင်းဦးရွှေသာမိသားစုရို့က မူလဆီးခန်း၏အောက်ဘက်တွင် အဆောင်သစ်တခုကို တိုးချဲ့ဆောက်လုပ်လှူဒါန်းသည်။ (၁၉၈၅) ခုနှစ်တွင် ဆီးရုံသစ်ကို ယခု မ-ယ-က ယုန်း၏အရှိမြောက်ဘက် နီရာသစ်သို့ရွှိပြောင်း၍ မြို့နယ်မှအလှူငွေဖြင့် ကိုယ်ထူကိုယ်ထ တည်ဆောက်ခကတ်သည်။

ယခုအခါ ပေါက်တောမြို့ပေါ်၌ ကုတင် (၁၆) လုံးကန် ဆီးရုံတရုံ၊ မြို့နယ်၌ ကျန်းမာရေးဌာန (၅) ခု၊ တိုက်နယ်ဆီးရုံ (ကျောက်တောင်)၊ မိခင်နှင့် ကလေးကျန်းမာရေးဌာန (၁) ခု တည်ဟိသည်၊ ထို့အပြင် ရဟန်းသံဃာတော်များအတွက် သီးသန့်ဆီးကုနိုင်စီရန် သံဃဆီးကုသဆောင်တဆောင်ကို ပေါက်တောမြို့မ ဆရာတော်ကြီး ဦးနာရဒကဦးဆောင်၍ ဆောက်လုပ်လှူဒါန်းခသည်။ ယင်း၏အနီး၌ အချေသူငယ်များအတွက် ဆီးကုသဆောင်တဆောင်ကိုလည်း တိုးချဲ့ဆောက်လုပ်ခဖြစ်သည်။

ပညာရေး

ပေါက်တောမြို့ပေါ်တွင် အင်္ဂလိပ်ခေတ်အတွင်းက စာသင်ကျောင်းတကျောင်းဟိခကြောင်းကို စစ်တွေမြို့ ဂဇက်တီယာအရ သိရသည်။ ထိုစာသင်ကျောင်းမှာ မြို့ပေါ်၌တည်ဟိပြီး အလယ်တန်းပညာအဆင့်ထိ သင်ကြားနိုင်ခသည်။ ယင်းနောက်ပိုင်းတွင် သ၀င်ချောင်းရွာ၌လည်း အလယ်တန်းကျောင်းတကျောင်း တိုးချဲ့ ဖွင့်လှစ်နိုင်ခသည်။ အခြားနယ်ကျွန်းအရပ်များ၌ အစိုးရစာသင်ကျောင်းမဟိသဖြင့် ဘုန်းတော်ကြီးကျောင်း ပညာရေးကို အားထားခရသည်။ ပေါက်တောမြို့၏ ပထမဦးဆုံး အလယ်တန်းကျောင်းတည်ဟိသောနီရာသည် ယခုပေါက်တောမြို့ အ-ထ-က ကျောင်းတည်ဟိနီရာဖြစ်သည်။ ထိုစဉ်ကကျောင်းမှာ အုံးမိုး၊ ၀ါးခင်း၊ ၀ါးထရံကာ အဆောက်အဦးဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် (၁၉၅၃) ခုနှစ်တွင် မူလကျောင်းဆောင်ကိုဖြိုဖျက်ပြီး အုတ်ဖြင့် နှစ်ထပ်ကျောင်းဆောင်ကို ဆောက်လုပ်ခသည်။ ကျောင်းသစ် ဆောက်လုပ်နီစဉ်ကာလတွင် (ယခုပေါက်တောမြို့ ဧစေတီအရပ်) သို့ ခေတ္တရွှိပြောင်း၍ ဓမ္မာရုံ၌ ပညာသင်ကြားခရသည်။ (၁၉၇၅) ခုနှစ်တွင် အလယ်တန်းကျောင်းမှ အထက်တန်းကျောင်းသို့ တိုးမြှင့်ခသည်။ ယခုအခါပေါက်တောမြို့နယ်၌ အထက်တန်းကျောင်း (၂) ကျောင်း၊ အလယ်တန်းကျောင်း (၈) ကျောင်း၊ မူလတန်းကျောင်း (၁၃၇) ကျောင်းဟိသည်။

မြို့တွင်းတည်ဆောက်ရေးလုပ်ငန်းများ

ပေါက်တောမြို့တွင်းတည်ဆောက်ရေးလုပ်ငန်းများသည် ယခင်ကထက်တိုးတက်မှုဟိလာသည်။ ယခင်က လူလားလမ်းများသည် ကျောက်ကြမ်းလမ်းများဖြစ်သည်။ မြို့တွင်းတည်ဆောက်ရေးလုပ်ငန်းများကို (၁၉၉၀-၉၁) ခုနှစ်တွင် အစိုးရအထောက်အပံ့ကျပ်ငွေ (၁၀) သိန်း၊ (၁၉၉၁-၉၂) ခုနှစ်တွင် (၂၃) သိန်း ခွင့်ပြုပီးရာ အဆိုပါငွေများဖြင့် ဦးဥတ္တမလမ်း ကွန်ကရစ်ခင်းလုပ်ငန်း၊ မင်းစောမွန်လမ်းအား ကွန်ကရစ်ခင်းလုပ်ငန်း၊ ဦးမြ၀ါလမ်းအား ရီနုတ်မြောင်းလုပ်ငန်းရို့ကို ပြုလုပ်သည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ခွင့်ပြုငွေများဖြင့် ကတ္တရာလမ်းခင်းရာ ဦးဥတ္တမလမ်း၌ ပေ (၂၈၀၀) ပေ။ မင်းစောမွန်လမ်း၌ (၉၁၀) ပေ၊ ဗိုလ်ချင်းပျံလမ်း၌ (၇၉၀) ပေ အသီးသီးကို ကတ္တရာခင်းနိုင်ခသည်။

ပေါက်တောမြို့သည် ယခင်ကသောက်ရီသုံးရီနှင့်ပတ်သက်၍ အခက်အခဲများစွာဟိသည်။ (၁၉၉၀) ပြည်နှစ်မှစ၍ လူထုလုပ်အား (၆ ဒသမ ၅) သိန်း၊ အစိုးရမှထည့်ဝင်ငွေ (၁၅ ဒသမ ၅) သိန်း ငွေကြေးဖြင့် တဖက်ပိတ်ဆည်ကြီးကို တည်ဆောက်ခသည်။ (၁၉၉၅-၉၆) ခုနှစ်အရောက်တွင် အစိုးရမှ ခွင့်ပြုငွေသိန်း (၂၀) ဖြင့် ခြောက်လက်မအရွယ် ပီဗွီစီပိုက်လုံး (၄၀၀) ကိုဝယ်ယူ၍ ဆည်မှမြို့ထဲသို့ ရီပီးဝီရန် သွယ်တန်းခသည်။ နောက်ထပ်လိုအပ်သော (၃) လက်မခွဲအရွယ် ပိုက်လုံးများကို ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ၀ယ်ယူကာ နီအိမ်ခြံဝင်းထဲအရောက် သွယ်တန်းခသည်။ ထို့အပြင် ရီဂါလံ (၂၀၀) ၀င်သော အုတ်ရီကန်ငယ် (၆) လုံးကိုလည်း မြို့နီရာအနှံ့ တည်ဆောက်ခသည်။

ကိုးကား
၁။ ကျော်ဇောလှ၊ ရသေ့တောင်။ ။ပြုပျင်ပြောင်းလဲတိုးတက်မှုဟိသောပေါက်တောမြို့နယ်၊ ပေါက်တောရွှေမြီ မဂ္ဂဇင်း (၁)
၂။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ပေါက်တောမြို့နယ် အခြီခံအချက်အလက်များ (၁၉၉၉-ခုနှစ်)

မီးမြန်းဆွေးနွေးခသူများ
၁။ ဦးလှဘော်သူ။ ။အသက်(၈၇) နှစ်၊ ကျောင်းဆရာ (ငြိမ်း) ရပ်ကွက် (၅)၊ ဘ၀မ်း၊ ပေါက်တောမြို့။
၂။ ဦးမောင်သာနိုး။ ။အသက်(၈၆) နှစ်၊ လယ်သည်၊ ရပ်ကွက် (၂)။ ပေါက်တောမြို့။
၃။ ဦးမင်းအောင်။ ။အသက် (၇၀)၊ ရပ်ကွက် (၁)၊ ပေါက်တောမြို့။
၎။ ဦးအောင်စံသာ။ ။အသက်(၅၀)၊ ဆိုင်သည်၊ ရပ်ကွက် (၃)၊ ဂေါပကအတွင်းရေးမှူး၊ ပေါက်တောမြို့။
၅။ ဦးရွှေမောင်သိန်း။ ။အသက် (၅၀)၊ စာရေးကြီး၊ မယကရုံး၊ ပေါက်တောမြို့။
၆။ ဦးအေးကျော်။ ။အသက် (၅၀) ၊စာရေး၊ကျန်းမာရေးဌာန၊
.





...။...။...တင်ပြသူ...။လခြမ်းမြီ ...စာတင်ချိန်။...။..23.1.10...။...လခြမ်းပြီး...။... . ။...အားပီးလာဂါတ်ရေ စာဖတ်ပရိတ်မှားမှ ဒေဘလော့ဂ်နန့်ပတ်သတ်ပြီး အကြံများပီးလိုပါက arakankotawchay@gmail.com မှ အမြဲတမ်း ကြိုဆိုနီပါသည်။ စာဖတ်ပရိတ်သတ်များအားလုံးကို ကျေးဇူးတင်လျှက် ...။

0 comments for "လိုင်ရိုးတော်ဓါတ်သမိုင်း အခန်း (၂)"

Post a Comment

ထင်မြင်ချက်ပီးလာသူများ

ပို့စ်တင်စချေတိ