။....။

လိုင်ရိုးတော်ဓါတ်သမိုင်း --------အခန့်(၁) ဂေါပကအဖွဲ့၏အမှာစကား

မိမိရို့ဂေါပကအဖွဲ့သည် ပေါက်တောမြို့ လိုင်ရိုးတော်ဓါတ်ဂေါပကအဖွဲ့ဖြစ်ပါသည်။ ဤဂေါပကအဖွဲ့ကို မြို့နယ်သံဃနာယက သြ၀ါဒဆရာတော်ကြီးများပါဝင်၍ တရားဝင်ဖွဲ့စည်းထားသော ဂေါပကအဖွဲ့တခုဖြစ်ပါသည်။ ဂေါပကအဖွဲ့၏တာဝန်သည် လိုင်ရိုးတော် ဓါတ်တော်ကြီအား ကောင်းမွန်စွာ စောင့်လျှောက်ခြင်း၊ ဓါတ်တော်ကြီး၏ ၀န်းကျင်သာသနိက အဆောက်အဦးများကို ထိန်းသိမ်းခြင်း၊ ပြုပျင်မွမ်းမံခြင်း၊ တိုးချဲ့ဆောင်ရွက်ခြင်းနှင့် အခြားဝေယျာဝစ္စများကို လုပ်ကိုင်ခြင်းပင်ဖြစ်သည်။.


မိမိရို့အနီးကပ်ပြုပျင်ဆောင်ရွက်နီသော စေတီတော်သည် စေတီ (၄) မျိုးအနက်မှ ဓာတုစေတီတော်တွင် အကျုံးဝင်ပါသည်။ ဓာတုစေတီတော်ကြီးဖြစ်သည်နှင့်အညီ ဤစေတီ၏မြီအောက်ဌာပနာ၌ မြတ်ဗုဒ္ဓ၏ သရီရ ဓာတ်မွီတော်တဆူ ကိန်းဝပ်လျှက်ဟိသည်။ တနည်းအားဖြင့်ပြောရလျှင် မြတ်ဗုဒ္ဓဂေါတမ သျှင်တော်၏ခန္ဓာကိုယ်မှ ကြွင်းကျန်သော လိုင်ရိုးတော်ဓာတ်သည် ဤအရပ်၌ ကိန်းဝပ်တည်နီခြင်းပင်ဖြစ်သည်။

မြတ်ဗုဒ္ဓနုစဉ်ဘ၀က ဤအရပ်၌ ခွာမင်းတဇစ်ဘ၀ဖြင့် ကျင်လည်ကျက်စားခရာအရပ်ဖြစ်သည်။ အမည်အားဖြင့် ဤတောင်ကို ကပေါတဂီရီတောင်ဟုခေါ်သည်။ ရှိကပင် ဤစေတီတော်ကြီးကို ခေတ်အဆက်ဆက် ထိန်းသိမ်းပြုပျင်လာသည်မှာ ကာလအားဖြင့် ကြာမြင့်လတ်ပြီ။ ဤစေတီ၏သမိုင်းစဉ်ကိုကား ပြည့်ပြည့်စုံစုံ သိခွင့်မရသည်မှာ အမှန်ပေတည်း။ ရပ်ဝီးရပ်နီးမှလာကုန်သော ဘုရားဖူးအာဂန္ဓုရို့သည် စေတီမြတ်ကြီးအား သဒ္ဓါတရား ထက်သန်စွာဖြင့် ကြည်ညိုပြီးနောက် ဓါတ်တော်၏သမိုင်းစဉ်ကို သိလိုသည်။ မီးမြန်းလာကတ်သည်။ မိမိရို့ကား သမိုင်းပညာသျှင်လည်းမဟုတ်၊ သုတေသီလည်း မဟုတ်သည့်အတွက် ဓါတ်တော်၏သမိုင်းစဉ်ကို ဘုရားဖူးအာဂန္ဓုရို့အား ကျေနပ်အားရလောက်အောင် မပြောပြနိုင်ခပါ။

ထို့ကြောင့် မိမိရို့၏ဂေါပကအဖွဲ့သည် ဤလိုင်ရိုးတော်ဓါတ်သမိုင်း စာအုပ်ငယ်တအုပ်ကို ထုတ်ဝီနိုင်လျှင် ပိုကောင်းမည်ဟု သဘောပေါက်လာသည်။ သို့ဖြစ်၍ ရခိုင်သမိုင်းသုတေသီ အသျှင်စက္ကိန္ဒ၊ မင်းပြားမင်းသိန်းဇံရို့ထံ ချဉ်းကပ်၍ လိုင်ရိုးတော်ဓါတ်သမိုင်းစာအုပ်ကို ပြုစုပီးရန် အကြောင်းဖန်သဖြင့် ကနိအခါ လိုင်ရိုးတော်ဓါတ်သမိုင်းစာအုပ်ငယ်သည် ထွက်ပေါ်လာလတ်ပြီ။ လိုင်ရိုးတော်ဓါတ်သမိုင်းကို ဤစာအုပ်၌ ဖတ်ရှုလေ့လာနိုင်မည်ဖြစ်သည်။

ဂေါပကအဖွဲ့
လိုင်ရိုးတော်ဓါတ်ဂေါပက
ပေါက်တောမြို့။

ကျေးဇူးတင်ဟိခြင်း

ပေါက်တောမြို့ လိုင်ရိုးတော်ဓါတ်သမိုင်းကို ရွီးသားပြုစုရာ၌ ဦးစွာပထမ (၂၀-၁၀-၂၀၀၀) နိ နှင့် (၂၁-၁၀-၂၀၀၀) နိများတွင် တောင်ရင်းကျွန်းတပတ် ရှိဟောင်းသမိုင်းဝင်အရပ်များသို့ ကွင်းဆင်းလေ့လာခရပါသည်။ ကွင်းဆင်းဆောင်ရွက်ရာ၌ စာရွီးသူနှင့်အတူလိုက်ပါကူညီခသည့် ပေါက်တောမြို့လိုင်ရိုးတော်ဓါတ်ဂေါပကအဖွဲ့မှ ဦးမောင်သိန်းရွှေ၊ ဦးငကြွင်းအောင်၊ ဦးသာဇံအောင်နှင့် ဦးစိုးလှအောင်ရို့အားလည်းကောင်း၊ အလယ်ဖရုံကာကျွန်းသို့ (၂၈-၃-၂၀၀၁) နိက ကွင်းဆင်းလေ့လာရာ၌ လိုက်ပါအကူအညီပီးသည့် ဂေါပကအဖွဲ့မှ ဦးအောင်ကျော်ညွှန့် (ဥက္ကဌ)၊ ဦးအောင်စံသာ (အတွင်းရေးမှူး) နှင့် ဦးငကြွင်းအောင် (ဘဏ္ဍာရေးမှူး) ရို့အားလည်းကောင်း၊ စာမူကြမ်းများကို အမှားအယွင်းကင်းယှင်းအောင် ကူညီစီးစစ်ဖတ်ပီးသည့် ဦးအောင်ထွန်းသိန်း (ဒုတိယ မြို့နယ်တရားသူကြီး) မင်းပြားနှင့် ဦးကျော်ရွှေမောင် (ဒုတိယ မြို့နယ်ဥပဒေအရာဟိ) ပေါက်တောမြို့ရို့အားလည်းကောင်း၊ အင်္ဂလိပ်ဘာသာပြန်ကိစ္စကို ကူညီပံ့ပိုးပီးသော ကိုကျော်စိန်ဝင်းနှင့် စာအုပ်ဖြစ်မြောက်လာအောင် အဖက်ဖက်မှ အမြဲကူညီပီးသည့် ဦးရွှေမောင်သိန်း (ယုန်းစာရေးကြီး၊ ပေါက်တောမြို့) ရို့အားလည်းကောင်း၊ ကွင်းဆင်းရာ၌ မြီပုံများကိုကူညီသော ဦးကျော်အောင် (သစ်တော၊ မင်းပြား) ရို့နှင့် စာအုပ်ထုတ်ဝီရေးကို ကူညီအားပီးသော ရခိုင်သားကြီးစာပီမှ မိတ်ဆွေအပေါင်းရို့ကို ကျေးဇူးတင်ဟိပါကြောင်း ဖော်ပြလိုက်ရပါသည်။

မင်းပြားမင်းသိန်းဇံ
(၂၀၀၁) ခုနှစ်၊ မေ (၄) ရက်နိ

မှတ်ချက် ကိုတော်ချေရို့ ဤဘုရားအကြောင်းရွီးရေ စာရွီးသူကို အထူးကျေးဇူးတင်လျှက် ကိုတော်ချေ
.







ဒေနိန်ရာမှ

...။...။...တင်ပြသူ...။လခြမ်းမြီ ...စာတင်ချိန်။...။..23.1.10...။...လခြမ်းပြီး...။... . ။...အားပီးလာဂါတ်ရေ စာဖတ်ပရိတ်မှားမှ ဒေဘလော့ဂ်နန့်ပတ်သတ်ပြီး အကြံများပီးလိုပါက arakankotawchay@gmail.com မှ အမြဲတမ်း ကြိုဆိုနီပါသည်။ စာဖတ်ပရိတ်သတ်များအားလုံးကို ကျေးဇူးတင်လျှက် ...။

0 comments for "လိုင်ရိုးတော်ဓါတ်သမိုင်း --------အခန့်(၁) ဂေါပကအဖွဲ့၏အမှာစကား"

Post a Comment

ထင်မြင်ချက်ပီးလာသူများ

ပို့စ်တင်စချေတိ