အိပ်ပျက်ညည့်

မင်းပီးရေအိမ်မက်
နှလုံးသားမှာ တမ်းတရခက်
နာရီလက်တံသံတောင်
မင်းအသံထင်ရအောင်
ဖမ်းစားနိုင်ခသူ။

အိပ်မောကျဖို့ကြောက်လို့
မင်းပြောရေစကား
ကြားရရေအသံ
မြင်ရရေအရုပ်ကို
အိမ်မက်ထဲက နတ်သမီးအလား
စဉ်းစားယင့် စဉ်းစားယင့်
ရင်မောခရေလူ။

ငါစွာ….အိမ်မက်ထဲမှာ
အလွမ်းရာဇဝင် အချစ်သမား
အမုန်းလှိုင်းလုံးကြားက
အကြံစီမှားခရေ  ဒဿဂီရိလား..။

ငါ့ရို့နှစ်ယောက်
ရီမြီခြားကေလေ့
ရိုမီယိုနန့်ဂျူလီယပ်ပိုင်
အိမ်မက်ကို ပုံသွင်း
အီးမြရေဘဝတွက်
အကြင်နာတရားကိုဆွဲထုပ်
နှလုံးသားကိုပေါင်းစပ်
မေတ္တာတရားကို
အတောင်ပံတတ်ဖို့ သဘောတူလား..။

ထွန်းလင်းစိုး
၂၀.၁၁.၂၀၁၂

21.11.11 | Posted in , , | Read More »

ထင်မြင်ချက်ပီးလာသူများ

ပို့စ်တင်စချေတိ