ဂီရိ

သောက်စရာ ရီမရှိ
စားစရာ ဆန်မရှိ
ဝတ်စရာ အ၀တ်မကျန်
နိန်ဖထိုင်စရာ အိမ်ပျောက်လားရေ
ပြုံးပြစရာ အင်အားတိ မလရှိလိုက်ဗျာလ်..လတ်။

. နောင်နှစ်မိုးဦးမှာ ဇာစပါးကို ပျိုးဂါတ်ဖို့လဲ
ဒေနှစ်နွေမှာရော ဇာအစာရေစာနန့် အသက်ရှင်ဂါတ်ဖို့လဲ
မိုးစရာ အမိုးအတွက် အုန်းတောတိလည်း ပြုန်းနိန်ဗျာလ်။
အိမ်တိ ပြန်ဆောက်ဖို့ သစ်တောတိ လဲလဲပြိုပြို ရစရာကို မကျန်လိုက်ဗျာလ်
သောက်စရာ ရီတိက ငန်ကျိကျိ
ယင်းပိုင်ငန်နိန်ရေ ရီတိ ဆောင်းလယ်ရောက်ရေထိ ခံပါ့ဖို့လား။
သောကတိပွေလို့...။

အစကတည်းက မဖွံ့ဖြိုးနိုင်သိရေဒေသ
နူရာဝဲစွဲ လဲရာသူခိုးထောင်း
ကံဆိုးသူရို့ သွားရာ မိုးလိုက်လို့ ရွာ ...။
တိုင်းရင်းသားပါတီက အနိုင်ရလို့
ရောက်သင့်ရေ အကူအညီတိ ပိုနည်းနိန်ဗျာလ်….။။
ခက်ခဲလှရေ လမ်းပန်းခရီးကြမ်းကို ကျော်ဖြတ်
လှူချင်လို့ ရောက်လာသူတိက
လိုသလောက်ကိုတောင် ကျေနပ်အောင် လှူခွင့်မရ ...
ယာယီတဲတိ မကြာခင် ပြန်အပ်ကြရဖို့လတ်.....။
ဆန်ဝီချင်ကေ တစ်မိသားစု (၅) ပြည်ထက် မပိုစီကေ့
အားလုံးက ငပျင်းတိ ဖြစ်ကုန်ဂါတ်ဖို့လတ်.....။

အိုး ... ဆိုးလိုက်တေ ဂီရိရေ
ယူစရာရှိတာ အသက်ပါ ပါအောင် ယူလားစွာလည်းမဟုတ်
လာရောက် လှူဒါန်းသူတိထံ
ဒေသခံတိ တောင်းပန်လိုက်ပုံက
“ဗျိုင်းသတ်ဆေးတိ ပီးကေ ပိုကောင်းဖို့…..”လတ်….။

............
နှင်းဆီဖြူ
ရွီးထားရေ ကဗျာကို
ရခိုင်ဘာသာနန့် ပြန်ဆိုထားသည်။

.

28.11.10 | Posted in , , | Read More »

(၆) လွဲချော်ခြင်း

အမျိုးသီလ နှစ်ဌာနကို
ပြည့်ဝမဏ္ဍိုင် စောင့်စွမ်းနိုင်သည့်
ရက္ခိုင်နာမ ဘွဲမည်လှဖြင့်
အနွတ္တသညာ ခေါ်အပ်ရာတည်း - လို့
နာဂိန္ဒဟု နာမတွင်ရာ
.
ထေရ်အရှင်မှာ တုနှိုင်းစာသား
ရေးသားစပ်ကာ ဆိုပါသော်လည်း
မျက်မှောက်ကာလ ပစ္စက္ခ၀ယ်
မျိုးရက္ခဟု နာမတွင်ငြား
ထိုလူများမှာ ဤကဗျာနှင့်
စာသားတွင်ဝယ် တစ်လုံးမကျန်
လွဲချော်နေ၏…………….။

............

ဓည၀တီ - ကိုလတ်

မှတ်ချက်။ ။ ဒေကဗျာကို ရွီးသားရခြင်းမှာ ရခိုင်သားတိကို နှိမ့်ချချင်လို့၊ ဂုဏ်သိမ်ငယ်အောင်လို့ ရည်ရွယ်လို့ ရွီးသားရခြင်းမဟုတ်ပါ။
ရခိုင်သားတိ အားလုံး ကိုယ့်လိုအပ်ချက်တိကို ကိုယ်တိုင်သိကတ်ပြီးကေ မိမိရို့ အမျိုးဘာသာ သာသနာအတွက် မြင့်မြင့်မားမား ကြိုး
စားဖို့ စိတ်ဓာတ် ပိုမို အားကောင်လာဖို့စွာကို ရည်ရွယ်လို့ ရွီးသားရခြင်းဖြစ်ပါကြောင့်………………………………………………………..။
.

28.11.10 | Posted in , , | Read More »

ဒုတိယ အကြိမ် ရခိုင်နိုင်ငံတော်ကျဆုံးခြင်း

သွယ်လျှက် စီးဆင်းနေသောနိုင်း မြစ်ဝှန်းနှင့် ကြီးကျယ်ခန့်ငြားသော Pyramid များသည် Egypt လူမျိုးများ၏ အတိတ်သမိုင်းထယ်ဝါခဲ့မှုကို သက်သေပြုပေးလျှက်ရှိသည်။
. ထို့အတူ ယန်စီမြစ်နှင့်  မဟာတံတိုင်းသည်တရုပ်ပြည်၏ သမိုင်းကိုညွှန် ပြနေပြီး၊ အိန္ဒု၊ဂင်္ဂါ၊ယမုံနာမြစ်တို့နှင့်ကျောက်ဆစ် လက်ရာများ သည်လည်းအိန္ဒိယနိုင်ငံ အိန္ဒိယလူမျိုး များအတွက် သမိုင်းသက်သေဖြစ်ပေသည်။ ဤသည်မှာ တနိုင်ငံတည်းတွင်မဟုတ်၊ တိုက်တစ်ခုတည်းတွင်လည်းမဟုတ်၊ကမ္ဘာတ၀ှန်းရှိ သမျှတိုင်းပြည်၊နိုင်ငံ၊  လူမျိုးတိုင်းအတွက် အမှန်တကယ်အရေးကြိးသော အဖိုဃ်းတန် သမိုင်းသက်သေ  များပင်ဖြစ်သည်။ ထိုသမိုင်းသည်အသက်၊ထိုသမိုင်းသည်တန်ဖိုး၊ထိုသမိုင်းသည်ပင်သင်္ကေတ၊ ထိုသမိုင်းသည်ပင် ရုပ်ကြွင်း ထိုသမိုင်းသည်ပင်ခြေရာကောက်ရန် လမ်းစဖြစ်သည်။
ရခိုင်လူမျိုးတို့ရဲ့ပင်ကိုယ်သရုပ်၊မျိုးဂုဏ် အဆင့်တန်း၊ ခမ်းနားထယ်ဝါခဲ့မှု အခြေနေ၊ ကြွယ်ဝပြည့်စုံ ခဲ့မှုနှင့်၊ ငြိမ်းချမ်းသာယာခဲ့မှုများကိုသက်သေပြုပေးသည်မှာ သမိုင်းသာလျှင်ဖြစ်သည်။ ထိုသမိုင်းသည် ရုပ်ကြွင်းများ၊ အပြိုအပျက်များ၊ အဟောင်းအအိုများကိုသိမ်းပိုက် ထား၏၊။

ရခိုင်နိုင်ငံတော်သည် ဗမာနယ်ချဲ့ပဒေသ ရာဇ် မောင်ဝိုင်း မကြေငြာပဲ အလစ်ချောင်းတိုက်သော အဓမ္မစစ်ပွဲကြောင့်၊၁၇၈၄ ခုနှစ် ၃၁ဒီဇင်ဘာညတွင် အောင်လံ မြီခ၊ထီးနန်းကျ၍ နယ်ချဲ့လက်အောက် ကျွန်သဘောက်ဘ၀သို့ကျရောက်ခဲ့ရသည်။ ရခိုင်ပြည်ကို သိမ်းလျှင်သိမ်းစေတော့နန်းတော်ကို မီးရှို့ ပစ်ခဲ့ခြင်း၊တဖန်မီးကျွမ်းသွားသော နန်းတော် ဧရိယာတခုလုံးကို နှစ် ၃၀ ကြာမြေဖုံးစေခဲ့သည်။

ရခိုင်တို့၏ မျိုးဂုဏ်တွေကို ချို့ဖဲ့ခဲ့သည်မှာလဲ အမျိုးမျိုးပင်ဖြစ်သည်။ လက်ဝါးနှစ်ဖက်ကို  စ၍ ဖေါက်ချဉ်ခြင်း၊ နားပေါက်အတွင်း ကြိမ်လုံးငယ်ဖြင့်ထိုးသီခြင်း ထိုကြိမ်လုံးလေးအပေလက်ကိုခွတင်စေ၍ လူများမြင်လျှင် ဗမာနယ်ချဲ့စစ်တပ်အား လက်ဦးချီ နေသည်ဟု မြင်စေရန် စီတန်းခေါ်ယူခြင်း၊ နန်းတော်  မိုးကြေးပြားများနှင့် အဖိုးတန်ရတနာများ၊ပစ္စည်းများကို အထက်ဖေါ်ပြသော ပုံစံ မျိုးဖြင့် ပြောင်း ရွှေ့ သယ်ပို့စေခဲ့သည်။

ဗမာပြည်သို့အရောက်တွင် ကန်တူးစေခြင်းအဆောက်ဦးဆောက်စေခြင်း မ၀ရေစာ ကျွေးလုံးပါးပါးလျှက် တဖြည်းဖြည်း သေဆုံး သွားအောင်လုပ်ခြင်း၊ ယ္ခုထက်တိုင် မိတ္ထိလာ ကန်ဘောင်ထဲတွင် ရခိုင်သား အရိုးများ  မြောက်များစွာ ရှိနေဆဲပင်ဖြစ်သည်။ ရခိုင်ပြည် တွင် ကျန်သောလူများကိုလဲ အရွယ်အိုများနှင့် ဒူးမထောက် လိုသူများကိုမိမိထင်းနှင့် မိမိမီးရှို့ခံရခြင်း၊ရေမြုပ်ကျွန်းများတွင်ရေခမ်းချိန်  ခံခပ်၍  လှောင်ထား လျှက်ရေပြည့် ချိန်တွင်ရေနစ်စေခြင်း၊   အပျိုဖေ၀င်စအရွယ်မှစ၍သွေးမဆုံးသေးသမျှ  အမျိုးသမီးများ အားလုံးကို အဓမ္မပြုကျင့် ခြေတော်တင်ခဲ့ခြင်း၊ ဗုဒ္ဓဘာသာရဟန်းတော်များကိုလူဝတ်လှဲစေ၍ ဗမာ ရဟန်းများထံတွင်  ရဟန်းအသစ်ပြန်ဝတ်စေခဲခြင်း၊ ကျမ်းစားများကိုယူဆောင်ြခင်းပြောင်းလွှဲခြင်း၊ရိုးရာ   စဉ်လာများကို ဖျောက်ဖျက်ခြင်း၊ဗမာယဉ်ကျေးမှု များ ကို အတင်းအဓမ္မသွပ်သွင်းခြင်း၊ ရခိုင်စာပေများကိုဖျောက် ဖျက်၍ ဗမာစာ၊ ဗမာဝေါဟာရများကို အမျိုးမျိုး လွှမ်းမိုးလာစေရန် လုပ်ဆောင်ခြင်း၊ များစွာများစွာသော ၀ါးမျိုခြင်းဖြင့် အခါခါမျိုချနေသည်မှာ ယနေ့ထိတိုင် နည်းမျိုးစုံလျှက်ပင်ဖြစ်သည်။

ခေတ်အဆက်ဆက် မျိုးဖျောက်လာသည်မှာ စုံ၍ပင်ဖြစ်သည်၊တဖန် မျိုးခြားများလွှမ်းမိုးလာအောင် ဖန် တီးခြင်း၊ ဆင်းရဲနွမ်းပါးစေ၍ အကျင့်ပျက်အောင် ကြံဆောင်ခြင်း၊ ယခုတဖန် ကျန်ရှိနေသော ရခိုင့်မြို့တော် ဟောင်းကို အမျိုးမျိုးဖျောက်ဖျက်နေခြင်းမှာ လူသားမဆန် သောရက်စက်မှုပင်ဖြစ်သည်။

ရခိုင်ပြည် ရခိုင်လူမျိုးတိုးတက်ရေးအတွက်မလုပ်ပေးသည့်အပြင်၊ ရခိုင်ပြည်အတွက် တစွမ်းတစ ကြိုး ပမ်းလိုသော သူများကို ထောက်ခံခြင်း ပြုသောကြောင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပါတီ မဲနိုင်ခြင်းကို အငြိုးထားကာ ရက်စက်မှုများကို ဗြောင်ကျကျ ပြုမှုလျှက်  ရခိုင်မြို့တော်မြောက်ဦး ရှိ ဘုရားစေတီများ၊  ရှေး ဟောင်းဗိသုကာများကိုတူးဖြိုခြင်းသည် ကမ္ဘာ့သမိုင်းတွင် အဆိုးရွားဆုံးသောယုတ်မာကျောက်ကျစ်မှုပင် ဖြစ်သည်ကို မည်သည့်သက်သေမျှမလိုအပ်တော့ပေ။

ဤသို့ရက်စက်မှုများကို ကမ္ဘာ့ပညာရှင်များနှင့် တာဝန်ရှိသူများမှ ၀င်ရောက်မဖြေရှင်းပါက ရခိုင့်နိုင်ငံ တော်သည်ဒုတိယတကြိမ်ထပ်မံ ကျဆုံးလျှက်ရခိုင်လူမျိုးတမျိုးလုံး၏  သွင်ပြင်လက္ခဏာနှင့် တန်ဖိုးများစွာ တို့သည်လုံးဝ နိဂုံးချုပ်ပျောက်ကွယ်သွားတော့မည်ဖြစ်သည်။


............
လင်းဇံ
.

28.11.10 | Posted in , , | Read More »

မြောက်ဦး သို့မဟုတ် ရခိုင်ရို့ ၏ နှလုံးသား ချေမှုန်းခံနေရခြင်း

နှစ်ပေါင်း ရာစုများစွာကြာအောင် ဖွံ့ဖြိုးစည်ပင်တိုးတက်လျှက်၊ ရခိုင်ဘုရင်ရို့၏ နောက်ဆုံး ထီးနန်းစိုက်ခရာ ဖြစ်၍ မြောက်ဦးသည် ရှေးဟောင်း ရခိုင်ယဉ်ကျေးမှူ အနုလက်ရာရို့ စုဝေးရာ၊ ရခိုင်ရို့၏ အမျိုးသားရေး အားမာန်များကို ဖြစ်ပေါ်စီသော အရင်းအမြစ်ဖြစ်သည်။
. ရှေးပဝေသဏီကစ၍ ဗမာအုပ်ချုပ်သူ အဆက်ဆက်ရို့၏ အကျင့်ဆိုးကြီးများအနက် အဆိုးဆုံးတစ်ခုမှာ လူမျိုးတမျိုးကို မျိုးဖြုတ် သုတ်သင်လိုလျှင် ထိုလူမျိုးရို့ အမြတ်တနိုး တန်ဖိုးအထားဆုံးအရာကို ရိုက်ချိုးဖျက်ဆီးတတ်ခြင်းဖြစ်သည်။ ပုဂံခေတ်ကစ၍ မွန်နိုင်ငံတော်အား အနိုင်အထက်ပြုလျှက် မင်းကိုလက်ရဖမ်း၍ ပိဋကတ်တော်ကို သိမ်းယူခသည်။ ပုဂံခေတ်ကတည်းက ရခိုင်မဟာမြတ်မုနိအား ရယူနိုင်ရေးအတွက် နည်းမျိုးစုံဖြင့် ကြိုးပမ်းလာဂါတ်ရာ ကုန်းဘောင်ခေတ်အရောက်တွင်မှ အောင်မြင်စွာ သိမ်းယူနိုင်ခသည်။
အင်းဝခေတ်တွင် ထိုင်းယိုးဒယားသို့ စစ်ချီခပြီး အယုဒ္ဓယမြို့ဟောင်းတွင် ကမ္ဘာမကြေနိုင်သော အဖျက်လုပ်ငန်းများကို လွန်ကျူးထားရစ်ခသည်မှာ ထိုင်းမြန်မာ ဆက်ဆံရေးအတွက် ဒေနိန့်ထိတိုင်အဖုထစ်ကြီး ဖြစ်ရဆဲဖြစ်သည်။ အဖျက်လုပ်ငန်းနန့် ကောက်ကျစ်စဉ်းလဲသော အရာတွင် ဗမာအုပ်ချုပ်သူများမှာ ကမ္ဘာတွင် ပြိုင်လျှင်ရှူံးလောက်အောင် လက်သံပြောင်လှသူများဖြစ်သည်။ မိမိရို့ကိုယ်တိုင် သဘောတူဖိတ်ခေါ်၍ လာရောက်သော မွန်သူရဲကောင်း လဂွန်အိမ်တို့ သံအဖွဲ့ကို ချောင်းဖြတ်အကူး၌ ငုတ်စိုက်ထားပြီး ဓားဖြင့် ဆင်း၍ခုတ်သည်ကို ရာဇာဓိရာဇ် အရေးတော်ပုံတွင် မှတ်တမ်းတင်ထားသည်။ မိမိတို့အား အားကိုးတကြီး အကူညီလာတောင်းလှာသော ဒေသများတွင် အကူညီအစား ရက်စက်စွာဖိနှိပ်၍ ကြမ်းပြခသည်။ အထူးတိုက်စရာမလိုပဲ အလိုလျောက် လက်အောက်ခံဖြစ်ပြီးသား အာသံ။ မဏိပူဒေသများတွင်ပင် သွေးသံရဲရဲဖြင့် ဘုန်းလက်ရုံးစွမ်းပြခသည်။
ဘိုးတော်မောင်ဝိုင်း၏ တပ်များပြည်ဦးစွန်းကို ချိုး။ ပြည်မျက်လုံးကိုဖောက်။ ပြည်မကိုဋ်ကို သိမ်းပိုက်ခပုံ ဖြစ်ရပ်စုံကို ရခိုင်တို့ မေ့၍ရကြသေးသည်မဟုတ်။ သွေးချောင်းစီးအောင်သတ်၍ အရပ်ရပ်ယဉ်ကျေးမှု အမွေနှစ်များ ဘုရားဆင်းတု။ ရုပ်တု ခေါင်းလောင်း ကျမ်းဟောင်းပေစာ ဖွယ်ဖွယ်ရာရာမှန်သမျှတို့ကို သက်ရှိရဟန်း ။ လူပညာသည်။ ပညာရှိများနှင့်အတူ တလုံးတ၀တည်း သိမ်းယူခဲ့သည်။ မိမိတို့ နန်းတွင်းရေးများကို ပြန်ကြည့်လျှင်ပင် တိုင်းပြည်အနာဂါတ်ဖြစ်သော မြင်းကွန်းမင်းသားကြီးနှင့် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှုများကို တွေ့မြင်နိုင်သည်။ ဤရွေ့ဤမျှအထိ အာဏာရူး၍ မီးကုန်အောင် ရမ်းကားတတ်သော်လည်း ခေတ်မီတိုးတက်ဖွံ့ဖြိုးခြင်းဖက်တွင် အထူးချူချာနိမ့်ကျလွန်းလှသော ကုန်းဘောင်ရာဇာရို့၏ ပထမဆုံးသော ဒေါင်းဒင်္ဂါးကို ထိုခေတ် (၁၈ ရာစုအစောပိုင်း) ရောက်တော့မှ ရခိုင်မှ သိမ်းယူလာခ သောစက်ဖြင့် ရခိုင်ပညာရှင်များကို လုပ်အားပြန်ပေးဆွဲ၍ လုပ်စေခခြင်း ဖြစ်ကြောင်း ဗမာသုတေသီတစ်ဦးက ဖော်ပြဖူးသည်။

မြန်မာအုပ်ချုပ်သူအဆက်ဆက်တို့ကို ဆက်ခံသော ယနေ့ခေတ် နအဖစစ်ဘီလူးကြီးများမှာ ယင်းရို့အနက် အယုတ်မာဆုံး၊ အရက်စက် အကြမ်းကြုတ်ဆုံးဖြစ်သည်။ ကောက်ကျစ်မှုအရာတွင်လည်း အပါးဆုံး အလည်ဆုံး ပညာသားအပါဆုံးဖြစ်သည်ကို ပြီးခသည့် ရွေးကောက်ပွဲ ၂ ကြိမ်အတွေ့အကြုံများအရပင် လယ်ပြင်တွင် ဆင်သွားသလို သိကြပြီးဖြစ်သည်။ ပထမတကြိမ်တွင် အပြတ်သတ်နိုင်သူကို မည်သည့်ခိုင်လုံသော အကြောင်းပြချက်မျှမရှိဘဲ အသိမှတ်မပြု၊ ဒုတိယတကြိမ်တွင် စံနစ်တကျ၊ အားသုံး၍ သူ့လူဒလံပါတီကို မရမနေ နိုင်အောင်လုပ်ချလိုက်လေပြီ။ ထို့ကြောင့် ဒီအတိုင်း လက်ပစ်ထိုင်ကြည့်နေကြလျှင် ပဉ္စမဗမာနိုင်ငံတော် ထူထောင်ရေးဆိုသည့် ကမ္ဘာ့ရယ်စရာအကောင်းဆုံးမူဖြင့် သွေးနထင်ရောက်၍ အခြောက်တိုက် ဘ၀င်ရူး စစ်အုပ်စု အာဏာရှင်များသည် ရခိုင်တို့၏ ယဉ်ကျေးမှု နှလုံးသားကို မညှာမတာ၊ မဆင်မခြင် ချေမွဖျောက်ဖျက်ပစ်လိုက်မည်မှာ သေချာနေပေသည်။ တာလီဘန်များမှာ မူဆလင်ဖြစ်၍ ဘုရားကို ဒုံးဖြင့်ခွင့်ဖို့ လက်မတွန့်ခဲ့သည်မှာ မဆန်း။ ဗုဒ္ဓဘာသာဖြစ်ပါလျှက် ဘုရားကို မြေတူးစက်ဖြင့်ထိုးကော်ရဲသည်မှာ ပိုမို၍ ထူးဆန်းကြောင်း စေ့စေ့ငငသိထားကြရန် အရေးကြီးပေသည်။ သူတို့ လက်ခုပ်ထဲမှ ရေလိုဖြစ်နေ၍ မှောက်လိုမှောက် သွန်လိုသွန် လုပ်သမျှ ငုံ့ခံနေရသော ယခုအခြေနေတွင်ပင်လျှင် မိမိရို့အနေဖြင့် ဤကိစ္စအပေါ် မည်သို့တုံ့ပြန်ကြရမည်။
တုန့်ပြန်နိုင်သေးသည်ဆိုသည်ကို ရခိုင်အမျိုးသားများနှင့်အတူ ယဉ်ကျေးမှုမြတ်နိုးသော တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး သတိ၊ အသိရှိသင့်ကြပေသည်။ အကြောင်းမှာ ဤကိစ္စမျိုးသည် သက်ဆိုင်ရာ လူမျိုး တခုတည်း ဘာသာတခုတည်းနန့်ရာ ဆိုင်သည်မဟုတ်ပဲ ယဉ်ကျေးသော လူ့အသိုင်းဝိုင်းတခုလုံးနှင့် သက်ဆိုင်သော ကိစ္စဖြစ်နေခြင်းကြောင့်ဖြစ်သည်။ စစ်ကာလက ဗမာပြည်အထက်ပိုင်းအား အင်္ဂလိပ်စစ်တပ်မှ ဗုံးကြဲစဉ် အင်္ဂလိပ်သမိုင်းပညာရှင် မစ္စတာ လုစ်က ပုဂံကို ဗုံများ မကြဲချမိစေရန် စာပေး၍ အင်္ဂလိပ်စစ်တပ်မှ စဉ်းစား နားလည်ပေခခြင်းကြောင့် ဒေနိန့် ပုဂံတွင် ဘုရားပုထိုးများ ရှေးမူမပျက် တင်ကျန်ခခြင်းဖြစ်သည်။ နောက်ဆုံးဖြစ်ပေါ်နေသော မီဒီယာ သတင်းများအရ ဒေသခံပြည်သူများ။ ဒေသခံ သမိုင်းသုတေသီ ပညာရှင်များမှနေ၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ သက်ဆိုင်ရာ ရှေးဟောင်းဌာနန့် ရထားလမ်းဖောက်လုပ်နေသည့် မီးရထားဌာနများသို့  တိုက်ရိုက်ပေးစာများ ပေးပြီး ကန့်ကွက်နေကြသော်လည်း ယနေ့အထိ မည်သည့်တုန့်ပြန်ချက်မှ မရရှိသေးကြောင်း သိရပေသည်။
ရွေးကောက်ပွဲတွင် အမတ် နေရာ (၃၅) နေရာအထိ အနိုင်ရထားသည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီအနေဖြင့်လည်း အချက်လက်များကို လေ့လာနေပြီး လွှတ်တော် အပြင်ဖက်မှာရော လွှတ်တော်အထဲမှာပါ ဤကိစ္စကို ကန့်ကွက်သွားမည်ဟုသိရသည်။ ဒေနိန့် နောက်ဆုံးသတင်းတခုအရ အမတ်နေရာအများဆုံးအနိုင်ရထားသည့် ပြည်ထောင်စု တိုင်းရင်းသားဖွံ့တိုးတက်ရေး ပါတီမှ လာရောက်ပြီး၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနန့် ညှိနှိုင်းဆွေးနွေကြသည်။ ပြောဆိုဖြစ်ကြသည့် စကားများအရ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွင် တိုးတက်ရေးပါတီနှစ်ခု တိုးတက်ရေး စကားများကို  ဆွေးနွေးကြသည်ကို ကြားရသည့်ရခိုင်သားများအဖို့ အားတက်စရာကောင်းဘိသည်။ ရွေးကောက်ပွဲအပြီး ရက်ကိုးဆယ်အတွင်း ခေါ်ယူမည့် လွှတ်တော်ထဲတွင်ကား ဘောင်းဘီဝတ်ဥပဒေကို အရပ်သားအစိုးရက တပ်မတော်အလိုကျ ကျင့်သုံးရမည်သာဖြစ်သဖြင့် ဗမာတိုးတက်ရေးအမတ်မင်းများက ရခိုင်တိုးတက်ရေးအမတ်မင်းများကို ကြိုပေးထားခဲ့သည့်ကတိများ ကာကီ(စစ်စိမ်း)ရောင် လေထုထဲတွင် ပျောက်ကွယ်သွားဖို့သာ ရာနှုန်းများဆဲဖြစ်သည်။
လွှတ်တော်အားကိုနန့် ဖြေရှင်းမည့်ကိစ္စတိုင်းသည် စစ်ယူနီဖောင်ဝတ်။ ယူနီဖောင်းချွတ်အမတ်မင်းအများစု ကြီးစိုးသည့် လွှတ်တော်သည် ယခုစစ်အစိုးရ၀န်ကြီးများရုံးနန့် ဘာမှထူးမခြားနာသာရှိမည်)။ စစ်အုပ်စု၏ သွေးခွဲအုပ်ချုပ်ရေး၊ အားနည်းသော လူမျိုးစုများကို ၀ါးမျို၊ သို့မဟုတ် ဖိနင်းဖျောက်ဖျက်ရေး နည်းဗျူဟာများကို ဗမာအုပ်ချုပ်သူ အဆက်ဆက်မှသည် ယနေ့ နအဖအထိ အကြိမ်ပေါင်း မရေမတွက်နိုင်သုံးခပါ၊ သုံးဆဲဖြစ်သည့်သာဓကများစွာကို တိုင်းရင်းသားနယ်မြေများတွင် အမှတ်ထင်ထင်ရှိနေပေသည်။ ပြီးခသည့် မိုးရာသီထဲကပင် ရခိုင်သမိုင်းသုတေသီ ဆရာတော် ဦးပညာစာရအား လံကြုတ်စွဲချက်များဖြင့် ဖမ်းဆီးခပြီး၊ ဒေသခံ ပြည်သူတရပ်လုံးမှ ဆန့်ကျင်ကန့်ကွက်နေကြသည့်ကြားမှပင် တရားမဲ့ တဖက်သတ်စီရင်ပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခပေသည်။ ယခုလည်း နအဖ၏ခြေလှမ်းမှာ သမိုင်းကိုလက်စဖျောက်ခြင်းဖြင့် လူမျိုးတခုကို ကွယ်ပျောက်စေသည့်နည်းလမ်း (Cultural genocide) ပင်ဖြစ်ကြောင်းကို ပြည်သူများ၏ အကြံပြု၊ တောင်းပန်၊ ကန့်ကွက်လွှာများကို မသိကျိုးကျွန်ပြုပြီး ဆက်လက်လုပ်ဆောင်စေရန် နအဖ အာဏာရှင်ကြီးများက အမိန့်ပေးလိုက်ခြင်းဖြင့် ထင်ရှားစေပါသည်။

ယင်းကို သက်ဆိုင်ရာ ဒေသတိုးတက်ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်လိုအပ်ချက်များအနက်မှ ခြေတလှမ်း (Essential step) အဖြစ်မည်သည့်နည်းနန့်မျှ ရှုမြင်လက်ခံနိုင်ဖွယ်မရှိပေ။ ဘုရားနီးနားမှ ကပ်ဖောက်လျှင်လည်း ဖြစ်နိုင်ဖွယ်ရှိပါလျှက် ဘုရားပေါ်မှပင် ရထားလမ်းကို တင်၍ဖောက်စေခြင်းမှာ လူမျိုး၊ ဘာသာတခုကို စော်ကားခြင်းသာမက လူမဆန်သော အရိုင်းအစိုင်းတို့၏ လုပ်နည်းလုပ်ဟန် စင်စစ်ဖြစ်သည်။ ဤရထားလမ်းအကြောင်းပြချက်ဖြင့် ရှေးဟောင်း ဘုရားပုထိုး များ ဖျောက်ဖျက်ခံရတော့မည်။ မည်သည့်နည်းနှင့် အစားထို ပြန်လုပ်ယူ၍ မရနိုင်သည့် ဆုံးရှုံးမှုကြီးတခုကို ရည်ရွက်ချက်ဖြင့်လုပ်ဆောင်သူ နအဖလည်း ထာဝရ ရာဇ၀င်လူဆိုးဖြစ်မည်။ အယုဒ္ဓယမြို့ဟောင်းမှ လူမျိုးရေးမုန်းတီးမှု သင်္ကေတနှင့် ထပ်တူ လူမျိုးရေး မုန်းတီးစိတ်များကို နောင်မျိုးဆက်များစွာသို့တိုင် ထပ်မံတိုးပွါးစေမည်သာသဖြင့် မည်သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုမှ ရတော့မည်မဟုတ်။ တိုင်းရင်းသားဆိုသူများ မညီညွတ်တော့မှ စစ်အုပ်စုက အာဏာတည်မြဲဖို့ ပိုသေချာမည်၊ ယင်းအတွကကြောင်း ဒေအရေးသည် မြန်မာလူထုတခုလုံးအတွက်ပင် သေရေးရှင်ရေးများအနက် တခုဖြစ်နိန်ပါသည်။ အားလုံးမှ ဒေဂုထထက်တိုး၍ စည်းလုံးညီညွတ်စွာ၊ အရှည်မြင်လျှက် ပူးပေါင်းပါဝင် ဆန့်ကျင်လားဂါတ်ဖို့ အပူတပြင်းလိုအပ်နေဆဲ ဖြစ်ပါသည်။
--------------

အသျှင် အရိယ၀ံသ။
နယူးဒေလီ


...........
ရခိုင်ဘာသာဖြင့်
အနည်းချေပြန်ဆိုထားသည်
.

28.11.10 | Posted in , , | Read More »

ရူးရူးမူးမူးအချစ်

ဖွင့်မပြောဝံ့လို့
စိတ်ထဲကရာ နူတ်ဆက်လိုက်ပါရေ
ငါ့ရို့နှစ်ယောက်အချစ်စွာ
ကံကြမ္မာက လှည့်စား
လောကတိရက်စက်
ပီးဆပ်မှု နားလည်မှုတိကို
မာန်မာနတရားတိနန့်
. ဘာသာပြန်လိုက်လို့
အသွီးသားတိပျက်သုန်
ဆောက်တည်ရာမရှိရေ
တစ်စတစ်စစီနန့်
နှလုံးသားတိကြွီးနိန်ပါဗျာလ်။
အချစ်ချေ
ငါ့ရို့နှစ်ယောက်လမ်းခွဲစွာမှာ
မျက်ရည်စက်ချေတိနန့်
ပြုံပြလိုက်ရဖို့လား
ဝေဒနာတိနန့်
နူတ်ဆက်လိုက်ရဖို့လား
ငါ့ရို့နှစ်ယောက်ပြန်ဆုံဖို့
မင်းရင်ထဲမှာထင်လို့လား
ကံစီမံရာကို
စမ်းတဝါးဝါးနန့်
သောင်သန်းချီးရေ
နှစ်လရက်ကို
အကုန်မခံစီပါဝေ အချစ်ရေ
မင်းကိုချစ်လို့ရာ။
.

20.11.10 | Posted in , , | Read More »

အာသျှနီဝန်း အိုအသျှင်

ရင်မှာထားရေ ချစ်သည့်ပြည်နန့်
ကိုလိုနိန်ခေတ် ကျွန်ဘဝက
တိုင်းသားပြည်သူ အီးချမ်းစီဖို့
မျိုးရိုးမကြည့် ဦးစားမပီး
ဆွေမျိုးကိုပင် စွန့်ဝန့်ရဲ့သည်
အာသျှနီဝန်း အိုအရှင်။
.
ထောင်တွင်းပိတ်လောင် လူဝတ်လဲထား
ရက်နှစ်များစွာ ကြခပါလဲ
မလျှော့သည့်ဇွဲ့ မြဲမြဲထားကာ
လွယ်မြောက်ရေးတရား ဆက်လို့ဟော၏
ကြောက်သွီးကင်းကွာ ကိုယ်ပြည်ရွာတွက်
အသက်ကိုပင် စွမ်းဝံ့သူ။

အိုအရှင်
မိုက်မဲ့ဥာဏ်သုံ လှည့်စားထားသည့်
မိစ္ဆာစိတ်ရောက် နအဖအောက်မှာ
ရခိုင်ပြည်သူ လူမျိုးစုလည်း
မျိုးရို့ဂုဏ်ပျောက် လမိုက်အောက်မှာ
ပညာလည်းကင်း လူမျိုးတုံးဖို့
အရေးမလှ ဒေကာလကို
ရင်ဆိုင်ရဗျာလ် အိုအရှင်။
လူမျိုးချင်းချင်း နာလည်မှုနည်းလို့
ခေါင်းပုံပြတ်ရေ ဘဝမှာ
စိတ်နာမှုတိကို မျိုးသိမ်းနိန်ယင်းနန့်
ကိုယ့်လူမျိုးသွီးသားတိ
ကြောက်စိတ်ဝင်နိဗျာလ်ထင်ယင့်
ရခိုင်မှာတော်လှန်းအဖွဲ့တိများလို့
တိုးရင်းသားအထင်သေးနိန်ပါဗျာလ်။
အာသျှနီဝန်း အိုအသျှင်။

အိုအသျှင်

ဒေအချိန်မှာ ကိုယ့်ပြည်ရာတွက်
ခေါင်းပြတ်ပုံစား နအဖအားကို
ကိုယ့်ပြည်ကိုယ့်ရွှာ ကိုယ့်တိုင်းပြည်မှ
ဝိုင်းဝန်းကြံဆောင် တိုက်ထုပ်နိုင်ဖို့
အရှင်ကိုပင် ပြန်လိုချင်သည်
ဇာခါမိန့်နိုင် ပါဖို့လဲ။

.

19.11.10 | Posted in , , | Read More »

တောင်းတမှု့

မိုးဖွဲ့ဖွဲ့ချေတိ ကျနိန်ရေ ညဥ့်တိမှာ
လမင်း၏ အီးမြမှုတိကို ကြည့်ရင်းနန့်
မင်းပီးလိုက်တေ ဝေဒနာတိကြောင်း
အနွီးထည်မလို့လိုက်ပါဗျာလ်
ငါ့ရင်မှာ ပူလောင်လွန်းလို့ပါ။
နောက်လှည့်ပြီး အမုန်းပေးခသူချေ
ဦးနှောက်မှာ မိန့်မောလောက်တေ
မင်း၏အပြုံတိကို အမြဲတမ်းလိုအပ်နိန်လို့ပါ
ငါ့ကိုခွဲပြီး မထားခပါကေ့
ငါပူလောက်လွန်းလို့ပါ။
.

18.11.10 | Posted in , , | Read More »

ချစ်လို့ပါအသဲချေ

ကြည်တိစုံခရေညဉ့်
သာယာခရေလမင်းချေတိ
အီးမြခရေညဉ့်နက်တိမှာ
ချစ်သူချေအပြုံကို မြင်ချင်ပ။
အိပ်နိန်ရေညချေတိမှာ
ဧရာမမုန်တိုင်းကြီးက
ငါနှလုံးသားကို
အစိပ်စိပ်ဖြစ်အောင် ခြောက်လန့်ခရေ။
. လူတိကတော
ပြီးဂါတ် ပုန်းဂါတ်နန့်
ရုန်းရင်းကြမ်းတမ်းရေအချိန်မှာ
ရင်ထဲမှာကြောက်လှန်းတကြားနန့်ငါနိုးထလာရေ။
မုန်းတိုင်းကြီးရပ်လားပါဗျာလ်
ငါ့နှလုံသားကခံစားမှုတိကတော
ဆက်လက်ပြင်းထန်နိန်တုန်ုးသိ
ငါ့ရို့နှစ်ယောက် အချစ်ခရီမှာ
မင်း၏မေတ္တာ မာယာတိနန့်
အီးချမ်းရေငါ့နှလုံးသားကို
မုန်းတိုင်းကြီးပိုင်တိုက်ခိုက်ခဖို့ဆိုကေ
ငါ့နှလုံးသားအစိပ်စိပ် ကွဲလားဖို့စွာကို
စိုးရိမ်တကြီး လွမ်းဆွဲလို့ပ။
တကယ်တမ်းငါ့အပေါ်မှာ
ငါချစ်စွာထက် မြတ်နိုးပီးပါ
ငါတန်ဖိုးထားစွာထက် အမြဲတမ်းသတိရပီးပါ
မင်းလှည့်စားပြီးကေ ထွက်လားဖို့ဆိုကေတောင်မှ
ငါ့နှလုံးသားကို မင်းအပြံနန့်
နုတ်ဆက်ပြီး ထွက်လားပီးပါ။
အရုံးသ္မားတစ်ယောက်အနိန်နန့်
မင်းအပြုံတိကို
အမြဲတမ်းသတိရချင်လို့ပါ။(ချစ်သူ)

.

16.11.10 | Posted in , , | Read More »

အာသျှနီဝန်း ရှင်ရဟန်း ဆရတော်ဦးဥတ္တမကြောင်း

ဆရာတော် ဦးဥတ္တမ(ငယ်နာမည်.ပေါ်ထွန်အောင်)ကို ၁၈၇၉၊ ဒီဇင်ဘာလ(၂၇)ရက်တွင် ရခိုင်ပြည်နယ်
စစ်တွေမြို့၊ ရူပရပ် အဖဦးမြ၊ အမိ ဒေါ်အောင်ကျော်သူ ရို့မှ မွီးဖွားပီးခသည်။ သက်တော် (၁၆) နှစ်အရွယ်မှာ မိဘများက မောင်သျှင်ဝတ်ပီးသဖြင့် ရှင်ဥတ္တမဟူသော ဘွဲ့နာမည်တွင်လာသည်။
. နက်နဲရေ
ပိဋ္ဋကတ်စာပီများကို ပခုက္ကူမြို့ ရေစကြိုတိုက်တွင်လည်းကောင်း၊ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့တွင် လည်း ကောင်း ဆည်းပူး လေ့လာခဖူးသည်။ အိန္ဒိယနိုင်ငံတွင်ရှေးခိုက် အမျိုးသားကောလိပ်တစ်ခုမှာ ပါဠိနှင့်
ဗုဒ္ဒ¨ဘာသာ စာပီဆိုင်ရာ ယာယီပါမောက္ခအဖြစ် ဝင်ရောက်ဆောင်ရွက်ခသည်။ အိန္ဒိယတွင် ဟိန္ဒူမဟာဆပ်ဗာအသင်းကြီး၏ ဥက္ကဌအဖြစ် ရွေးကောက် တင်မြှောက်ခံခရသည်။

အိန္ဒိယနိုင်ငံတွင် ၈ နှစ်ကြာ နီထိုင်ခပြီးနောက် ပြင်သစ်နိုင်ငံသို့ ပညာသင်လားရောက်ခသည်။ ပြင်သစ်နိုင်ငံတွင် သင်ကြားနီစဉ် ရုရှား-ဂျပန်စစ်ပွဲ (၁၉ဝ၄-ဝ၅) တွင် ဂျပန်က အင်အားကြီးမားသော ပြိုင်ဘက်ရုရှားကို
အနိုင်ရလိုက်သည်ကို တွိ့ရပြီး နောက်။ ယင်းအချိန်က အာရှသားရို့အတွက် ဂျပန်သည် ဂုဏ်ယူစရာဖြစ်သည်လို့
ဆရာတော်ဦးဥတ္တမက ယုံကြည်စွာအတိုင်း ၁၉ဝ၇ ဖေဖော်ဝါရီ ၄ ရက်နိန့်မှာ ရန်ကုန်ကဂျပန်နိုင်ငံသို့ ထွက်ခွာခသည်။ ဂျပန်မှာ ၂ နှစ်ကြာ ပညာသင်ကြားခပြီး ၁၉ဝ၉ ခုနှစ်၌ ဂျပန်တွင် တရုတ်ပြည် လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နီရေ ဒေါက်တာဆွန်ယက်ဆင်က ဆရာတော်ကို လေး စားခပြီး
တရုတ်ပြည်သို့ သူနှန့်အတူ လိုက်ဖို့ပင့်လို့ တရုတ်ပြည်သို့ လေ့လာရေးအနီနန့်လားရောက်ခသည်။ ယင်းအချိန်ကပင် ဦးဥတ္တမသည် အာရှအင်အားကြီးနိုင်ငံများ၏ အရေးပါမှုကို လေ့လာသိဟိသတိပြုနိုင်ခသည်။

၁၉ဝ၆ မေလမှာ ဖွဲ့စည်းခဲ့သော ဝိုင်အမ်ဘီအေ ခေါ် ဗုဒ္ဓွကလျာဏယုဝအသင်း၏ နိုင်ငံရေးလှုပ်ရှားမှုများ အရှိန်အဟုန်ရရန် ဆရာတော်ဦးဥတ္တမက ဝင်ရောက်အားပီးကူညီခသည်။ ယင်းအခါက သူရိယသတင်းစာမှာ ဆရာတော်၏ နိုင်ငံရေးဆောင်ရွက်ပုံ များကို အထူးအားပီးဖော်ပြသော သတင်းစာကြီး ဖြစ်ခသည်။

ဆရာတော်ဦးဥတ္တမ၏ တိုက်တွန်းချက်ဖြင့် ၁၉၂ဝခုနှစ် ဇူလိုင်လတွင် သံဃာ့သမဂ္ဂ အဖွဲ့ပေါင်း (၃ဝ) ကျော်မှ ကိုယ်စားလှယ်များ အစည်းအဝေးကို ရန်ကုန်မြို့တွင် ကျင်းပနိုင်ခသည် ။ ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလတွင် ဦးဥတ္တမ နိုင်ငံရေးမျိုးစိချပီးခရေ အဟုန်ကြောင့် တက္ကသိုလ်ကျောင်းသားများ သပိတ် စတင်မှောက်ကြသည်။ ယင်းပိုင် မြန်မာပြည်သူများ မကျေမနပ်ဖြစ်နီဂတ်ကေလေ့ မိမိရို့၏ ဆန္ဒကို ဖွင့်ဟ ထုတ်ပြခြင်း မပြုဝံ့ ဖြစ်နီချိန်တွင် ဆရာတော်က ဘုရင်ခံ ကရက်ဒေါက်ပါးကို စာတစ်စောင် ရွီးပို့လိုက်သည်။ ယင်းစာမှာ “ ဆာရယ် ဂျီနယ် ကရက်ဒေါက် မင်း- မြန်မာပြည်က ထွက်လား” ဟုဆိုထားသည်။ အဆိုပါနှင်စာကို သူရိယ သတင်းစာက ထည့် သွင်းဖော်ပြခရာမှာ တစ်တိုင်းပြည်လုံး မျက်လုံးပြူးအံ့အားသင့်လားခရေ။
ဆရာတော် ဦးဥတ္တမသည်၁၉၂၁ ခုနှစ် မတ်လ ၂၃ ရက်နိန့်တွင် ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် ဆူးကလပ်ရွောတွင် “လိပ်အခွံ ခွာရမည်” ဟူသော ခေါင်းစဉ် ဖြင့် တရားဟောပြောမှုကြောင့် မတ်လ ၃ဝ ရက်နေ့တွင် အစိုးရအကြည်ညိုပျက်အောင်တရားဟောသည်ဟုဆိုကာ ရာဇသတ် ဥပဒေ ပုဒ်မ ၁၂၄ (က) အရ ကျောင်းကုန်းမြို့နယ်မှာဆရာတော်ကိုအင်္ဂလိပ်အစိုးရကဖမ်းခသည်။ ဆရတော်သည် မြန်မာပြည်တွင် နိုင်ငံရေးမှုဖြင့် ပထမဆုံး အပြစ်ပီး ခံရသောသူဖြစ် သည်။ယင်းပိုင်မြန်မာပြည်သူအားလုံးအတွက် ကိုယ်ကျိုးစွန့်ပမာ နိုင်ငံရေး မျက်စိဖွင့်ပီးခသူဖြစ်သည်။ ၁၉၂၄ ခုနှစ် အောက်တိုဘာလတွင် မြို့လုံးကျွတ်အစည်းအဝေးကြီးခေါ်၍ “အစိုးရလုပ်စွာမကောင်းလျှင် မကောင်းဟု ဝေဖန်ခွင့်စွာ လူ့အခွင့်အရေးပဲ၊ ယင်းအခွင့်အရေး စွာ ငါရို့မှာဟိရမည်။ ယင်းကြောင့် ငုံ့မခံကေ့”ဲ စသော အစိုးရဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး တရားတကိုအကြီးကျယ်ဟောခ သည်။

ယင်းပိုင်ဟောပြောပြီး ၇ ရက်အတွင်းမှာပင် ဆရာတော်စွာ အစိုးရကို ဆန့်ကျင်ပြီး အကြည်ညိုပျက်ပြားအောင် လှုံ့ဆော်ရေဆိုဗျာ ရန်ကုန်တွင် ဖမ်းဆီးခံရသည်။ ဆရာတော်သည် အလုပ်ကြမ်းနန့် ထောင်ဒဏ် သုံးနှစ် ဒုတိယအကြိမ် အပြစ်ပီး ခံခရသည်။

ဦးဥတ္တမသည် ၁၉၂၇ ဖေဖော်ဝါရီလတွင် ၃နှစ်အကျဉ်းကျခံဘဝမှ လွတ်မြောက်လာပြီး မတ်လ (၂ဝ)ရက်နေ့၌ ပဲခူးမြို့တွင် ကျင်းပသော သံဃာတော်များသြဝါဒခံ ဦးစိုးသိမ်းကြီးမှူးသော မြန်မာအသင်းချုပ်ကြီး (ဂျီစီဘီအေ)၏ ၁၄ ကြိမ်မြောက် အစည်း အဝေးသို့ တတ်ရောက်ပြီး သင်္ကန်းရုံကိုဖယ်၍ ထောင်ဝတ်ထောင်စားဖြင့် မိန့်ခွန်းပြောကြားခသည်။

ဦးစိုးသိမ်းက “ပရိသတိတမြင်ဂတ်လား။ မျက်ရည်ကျရုံနှင့် အိမ်ပြန်လားသင့်လား။ အများကြီးအရေးကြီးသည်။ ယခု မျက်ရည်ကျ ခြင်းစွာ အမျိုးသားရေးအတွက် မျက်ရည်ကျခြင်းဖြစ်သည်။ သာသနာတော်ကြောင့် မျက်ရည်ကျခြင်းဖြစ်သည်။ ဘုရားရှင် ခွင့်ပြုသောသင်္ကန်းကို ချွတ်၍ အာဏာတန်ခိုးဖြင့် ဦးဥတ္တမကို ညှဉ်းပမ်းနှိပ်စက်သည်။ အဂု အချိန်ကစ၍ မိမိအသက်ကို မငဲ့ဘဲ ဆောင်ရွက်ရမည်” ဟု ငို၍ပြောလေသည်ဟု စစ်ကိုင်းဟန်တင်၏ မြန်မာနိုင်ငံတော်မှတ်တမ်း (၃) တွင် ဖော်ပြထားသည်။

မိမိတွင်ရှိသမျှ ဉာဏ်အား ခွန်အားတိနန့် အစွမ်းကုန်ထုတ်သုံးပီးဆပ်ခရေ ဆရာတော် ဦးဥတ္တမသည် ဗမာလွတ်လပ်ရေးမရခင် (၉)နှစ်အလို ၁၉၃၉ခုနှစ်တွင် ပျံလွန်တော်မူလခပါသည်။ ဆရာတော်ပျံလွန်တော်မူရေနိန့်ကို ထိုစဉ်ကရှိခဲ့သော ပြည်သူ့လွှတ်တော်က “ဦးဥတ္တမနေ့” အဖြစ် တရားဝင် သတ်မှတ်ကြေညာပေးခဲ့သည်။ ရွှေတိဂုံ ခြေတော်ရင်း တော်ဖက်မုခ်အနီးရှိ ကန်တော်မင်ပန်းခြံကို “ဦးဥတ္တမ ပန်းခြံ” အဖြစ်သတ်မှတ်ပီးခသည်။ အလားတူ စစ်တွေမြို့တွင်ဦးဥတ္တမပန်းခြံ တခု ပြုလုပ်ပီးခပါသည်။ ယေကေလေ့ဂနိခါ ကန်တော်မင်ပန်းခြံက “ဦးဥတ္တမ အရုပ်ကိုဖယ်ပနာ မထင်မရှားဗမာနိုင်ငံရေးသမားဦးဝိစာရကိုအစားထိုးပလိုက်ဗျာလ်။ ကန်တော်မင်္ဂလာပန်းခြံထဲကဆရာတော်အရုပ်သည်ချောက်ထဲချနိဂုံချုပ်လခဗျာလ်။
............

လန်းဆန်း
.............
http://thelightofaisa.blogspot.com/2009/09/blog-post_5479.html
.

15.11.10 | Posted in , , | Read More »

နိတိ စန္ဒြ ရခိုင် ဒင်္ဂါးပြား

အမျိုးအစား - နိတိ စန္ဒြ ( NantiChandra ) နာမည်ပါ ရခိုင် ဒင်္ဂါးပြား ။
အလီးချိန် - ၇.၃၉၀ ဂရမ်
အရွယ်အစား - ၃၁ မီလီမီတာ (mm ) ပြတိုက်ပစ္စည်း အမှတ် - CM 1984-5-10-1
ပြတိုက်အခန်း အမှတ်- အခန်း ၆၈၊ ငွေကြေး ပြခန်း
လက်ရှိတည်နေရာ - ဗြိတိလျှ ပြတိုက်၊ လန်ဒန်
အချိန်ကာလ - ၈ ရာစု
တွေ့ရှိရာနေရာ - မြန်မာ
. အစောဆုံး မြန်မာ (ပျူ ကိုရည်ရွယ် ) ငွေဒင်္ဂါးတွေဟာ ဗုဒ္ဓဘာသာဝင် ရခိုင်ပြည်ကဆင်းလာပါရေ။ မြန်မာလူမျိုးတိစွာ ငွေသတ္တုရင်းမြစ်ပေါကြွယ်ရေပိုင် အနီး ပတ်ဝန်းကျင် ဒေသတိနန့်လည့် ခိုင်မာရေ ကုန်သွယ်ရောင်းဝယ်မှုရှိခရေလို့ သိရပါရေ။ ယင်းတွက်နန့် ငွေဒင်္ဂါးတိ သွင်းလုပ်အသုံးပြုလာဂါတ်ပါရေ။ ငွေဒင်္ဂါးပြား အမှတ်တံဆိပ်တွေကိုတော့ ဘင်္ဂလားနန့် ကပ်နိန်ရေ ရခိုင်လူမျိုးတိ သုံးစွဲခရေ ဒင်္ဂါးတိကို အမှီပြုပါရေ။ ဘင်္ဂလား ဒင်္ဂါးတိက နိပေါ " ပသုပတိ " Pashupati (၇-၈ ရာစု) ဒင်္ဂါးတိကို အတုယူပြီးကေ ထုပ်ခဂါတ်ပရေ။

ဒင်္ဂါး မျက်နှာစာမှာ ( နန္ဒီ ) " နွား" လက္ခဏာလို့ တွီရပါရေ။ နွား၏ အပေါ်မှာ ဗြမဏီ အက္ခရာနန့် ရွီးထိုးထားရေ မင်း ဘွဲ့နာမေရှိပါရေ။ ဒင်္ဂါးရဲ့အခြား တဘက်မှာတော့ သီရီဝစ္ဆ (အိမ်မွန် )ပါရှိပါရေ။ သီရီဝစ္ဆ (အိမ်မွန် )၏ အပေါ်မှာ"နီ နန့် လ " ကို တွီ၇ပါရေ။ သီရီဝစ္ဆ (အိမ်မွန် )အတွင်း၊ အလယ်တည့်တည့်မှာ အပေါ်ကို ထောင်နိန်ရေ အရာက သီဝ နတ်မင်းကိုးကွယ်မှုဆိုင်ရာ အမှတ်လက္ခဏာ ဖြစ်တေ “ လင်္ဂ “။
အမှတ်လက္ခဏာတိ၏ အဓိပ္ပါယ် တွေကို အနက်ဖွင့်ရာတွင် Cribb, B. Cook and I. Carradice, The coin atlas (London and Sydney, Macdonald Illustrated, 1990) ကို ကိုးကားသည်။

======================================================

Pashupati က သက္ကတ ဘာသာပါ။ Pashu ဆိုတာရေ အနက်က Animal (သက်ရှိသတ္တ၀ါ ) တိရိစ္ဆာန်။ Pati က God (ဖန်ဆင်းရှင် ဘုရား)။ ယင်းအကြောင်း လူကလွဲပြီး သက်ရှိ သက်ရှိသတ္တ၀ါ အားလုံး၊ တစ်နည်း တိရိစ္ဆာန် တွေအားလုံး၏ ဖန်ဆင်းရှင်၊ အရှင်သခင် လို့ အနက်အဓိပ္ပာယ်ရပါရေ။ အများအခေါ် နွားလား ဥဿဖ ။
သက္ကတပိုင်……. பசுபதி முத்திரை


ဗြိတိလျှ ပြတိုက်၊ လန်ဒန် မရှင်းဘဲထားတဲ့ အမှတ်လက္ခဏာ (Symbols) တွေကျန်နေပါသေးတယ်။ ဖွင့်ဆိုချက်မှားတာလည်း နှစ်ချက်ပါဘာရေ။ ခုနှစ် မသေချာရေအချက်က တစ်ချက်ဖြစ်ပါရေ။

ဗြိတိလျှ ပြတိုက်၊ လန်ဒန် မရှင်းဘဲထားတဲ့ အမှတ်လက္ခဏာ (Symbols) တိက

( ၁ ) ရခိုင် ဒင်္ဂါးတွေမှာ အမြဲတမ်းတွီနိန်ရေ" ပုလဲစက်ဝန်း" ပါ။ ရခိုင် ဒင်္ဂါး ရဲ့ပြင်ဘက်ဆုံး အဝန်းဝိုင်းကို "
ပုလဲစက်ဝန်း " နှင့်ဝန်းရံထားလေ့ရှိပါရေ ။ တချို့ပညာရှင်တိက " ဗိန္ဓု " အစက်အပျောက်
ရယ်လို့အမည်ပီးခပါရေ။
( ၂ ) တိသုလ(သုံးခွ လှံဆူး)၏ အပေါ်မှာ ကပ်လျှက် နှစ်ဘက် စလုံးကို အုပ်မိုး နိန်ရေ
" အရွက်ငါးရွက်ပါ သစ်ခက် " တစ်စုံ ။
( ၃ ) တိသုလ(သုံးခွ လှံဆူး) ၏ အောက်က ပုလဲခုနှစ်လုံးတန်း ။
( ၄ ) ဒင်္ဂါးပြားအခြားတစ်ဘက်ရှိ " နန္ဒိ " (နွား) ရဲ့လည်ပင်းမှာ စွတ်ပီးလားရေ အစက်ပျောက် ငါးခု နန့် ပုံဖော်ထားတဲ့ပန်းကုံး ။

ဖွင့်ဆိုချက်မှားရေ နှစ်ချက်က

ဗြိတိလျှ ပြတိုက်၊ လန်ဒန် ၏ ဖော်ပြချက်တိက Cribb, B. Cook and I. Carradice, The coin atlas (London and Sydney, Macdonald Illustrated, 1990) စာအုပ်ကို ကိုးကားပြီးဖော်ပြထားစွာပါ။

ဒီရခိုင် ဒင်္ဂါး ရဲ့ အမှတ်လက္ခဏာဖွင့်ဆိုချက်တိ တချို့မမှန်ပါ။ Crib,B Cook နှင့် I. Carrradice ယင်းချင့်တိအဆိုအရဆိုကေ ရခိုင် ဒင်္ဂါးမှာ သီရိဝစ္ဆ ခေါ် အိမ်မွန်(Shrivetsa) ပါရေလို့ ဆိုပါရေ။
သီရိဝစ္ဆ (အိမ်မွန်) ဟာ ဗိဿနိုး (Vishnu) ကိုးကွယ်မှုဆိုင်ရာ လက္ခဏာရာဖြစ်ပါရေ။

ဒင်္ဂါးကို သေသေချာချာကြည့်တော့ သီရိဝစ္ဆ (အိမ်မွန်) မဟုတ်ဘဲ သီဝ နတ်မင်း၏ လက်နက်
တိသုလ(သုံးခွ လှံဆူး)ဖြစ်ဖို့ပိုများပါရေ။

တချို့ ဟိန္ဒူဘုရာကြောင်းတွေမှာ ( နန္ဒီ ) " နွား" နန့်အမြဲပိုင် ယှဉ်တွဲပြီးကေ တွီရတတ်ပါရေ။ " လင်္ဂ" (Linga) ခေါ် ဂိဂ္န ဆိုတာ သက္ကတဘာသာလို ပူရိသလိင်လို့အဓိပ္ပာယ်က ရှိလို့ ပြောပါရေ" သိဝ" နတ်မင်းကိုးကွယ်မှုဆိုင်ရာ လက္ခဏာပါ။

ယင်းချင့်တိနန့် ဆက်စပ်ပြီးကေ ဒင်္ဂါး အတွင်းပိုင်း တိသုလ(သုံးခွ လှံဆူး) ၏ အလယ် တည့်တည့်က အပေါ်ကိုထောင်နိန်ရေ လှံဆူး ကို " လင်္ဂ" (Linga)၊ သက္ကတ အခေါ် ဂိဂ္န လို့ဆိုတာကတော့ မှားနိန်ပါရေ ၊ မဟုတ်ပါလို့ ပြောရပါဖို့။

ခုနှစ် မသေချာရေအချက် တစ်ချက်က
မသေချာရေအချက်က သမိုင်းမှတ်တမ်းတိအတွက် အရေးအကြီးဆုံးပြစ်ပါရေ။

နိတိ စန္ဒြ ( NantiChandra ) နာပါရေ ရခိုင် ဒင်္ဂါးပြားလို့ဆိုပြီး ခန့်မှန်းရကေ ခရစ်နှစ် ၈ ရာစုလို့ဖော်ပြထားပါရေ။
ရခိုင်ရာဇဝင်ကို လေ့လာကြည့်တော့ နိတိ စန္ဒြ ( ၅၂၀-၅၇၅)လို့တွီရပါရေ ။
ဒီတစ်ချက် ပြတိုက်မှာ မှားနိန်ရေလို့ ထင်ပါရေ။


..............
ရှေးမြန်မာ ဘလော့မှ
.....
ရခိုင်ဘာသာသို့ ပြန်ဆိုထားသည်
.

14.11.10 | Posted in , , | Read More »

တန်ဖိုးထားပါ ကိုယ့်မျိုးရိုးကို

ဒေခေတ်ကိုရောက်မှ
ကမ္ဘာကြီးပူနွီးလာရေ
ကျောက်ခေတ်ကစလို့
ခေတ်ကြီးငါးခေတ်ကို
ကျော်ဖြတ်လာစွာမှာ
Democratic ခေတ်ကို
မရောက်သိလားဝေ။
. မှတ်ဗျာလ်လား………….
အမှန်ရာဆိုကေ
ငါ့ရို့ရခိုင်ပြည်
ယိုင်ကျေးမှုတိပြန့်နှန်း
Natural Recourse တိထုပ်လုပ်
လူ့အခွင့်ရေးတိတည်ဆောက်
Human Recourse တိထွန်းကားလို့
ဟိန်းဟိန်းကြိုးဗျာလ်
ရွှေရခိုင်ပြည်ပိုင်
တည်ဆောက်လို့ရှိဖို့ယေ။
ယေမှကေရာ………
ရင်နာရေဝေ ရင်နာရေ
ငါ့ရို့ရခိုင်ပြည်မှာ
စားမလုပ်တိထွန်းကား
အဓမ္မတိထုပ်သုံး
Unwitting Law တိသွန်ချ
ငါ့ရို့အခွင့်ရေးတိကို
လိုင်ဖင်းရှည်ရှည်နန့်
စောင့်ကြည့်နိန်ဂါတ်တေထော။
ဖာသိဖာသာငါရို့တိ……………
ပြောလို့လည်းမရ
ရှင်းပြလို့လည်း
နားမထောင်
တင်ပြလို့လည်း
အရာမရောက်
နီရာတကာမှ
လဗွီသတ်လို့
ထိန်းမရသိမ်းမရ
ခေါင်းကဖိကေ ဖင်ကဖေါ်ရေ
ငါ့ရို့ရခိုင်လူမျိုးတိ
ဆဗွီးချေတိနန့်
ကောင်းတူလာရေကာ။
ယေ......မှတ်ထား……..
ဒေပိုင်အတိုင်းရာ
၁၀ရာဇုနှစ်တစ်ဝက်ကို
ရခိုင်လူမျိုးတိကျောက်ဖြတ်ရဖို့ဆိုကေ
မြီပျောက်လို့ လူမျိုးတုန်းယေ.။
သတိထားဂါတ်ဖိ…….
မျိုးရို့းမကျိုးစီဖို့
လူမျိုးမပျောက်ဖို့
မျိုးရို့ဂုဏ်တင့်တယ်ဖို့
လူ့အခွင့်ရေးတိတည်ဆောက်ဖို့
ကိုယ့်ပြည်ကိုယ့်ရွှကို
ပြန်လည်ထူးထောင်ဖို့။
စွမ်းဆောင်ဂါတ်မေဖိ။

.

13.11.10 | Posted in , , | Read More »

မဟာပညာကျော်

ဤဇတ်လမ်းကို အနာဂါတ် ရခိုင်ရင်သွီးငယ်ချေရို့ သင်္ခန်းစာရစီဖို့ တစုံတယောက်သောသူက အနုပညာလက်ရာမြောက်စွာ ဗွီဒီယိုဇတ်လမ်းတခွေ ဖန်တီးသင့်သည်။ သို့သော် ရခိုင်ဘုရင်သည် မြန်မာဘုရင်ပုဏ္ဏားဂေါင်းပေါင်း မဆောင်းသင့်ပေ။ ရခိုင်ဘုရင် မကိုက်သရဖူကိုရာ ဆောင်းသင့်ပါသည်။
. တနိသောအခါ ပြည့်သျှင်မင်းဖလောင်းကြီးသည် မဟာမုနိဘုရားကို ဖူးမြော်ကြည်ညိုရန်ထွက်တော်မူသည်။ မင်းကြီးဝတ်ဆင်တော်မူသော ပတ္တမြားလက်စွပ်သည်ကျွတ်၍ ရီထဲသို့ကျလတ်သည်။ လက်စွပ်ကို ငါးတကောင်ရ၍မျိုသည်။ တလမျှဟိလတ်သောအခါ ထိုငါးကို တံငါတယောက်ရသည်။ ငါးဝမ်းမှလက်စွပ်ကို တံငါရသည်။ တံငါယောက်ျားသည် ကြောက်လန့်ခြင်းကြောင့် လက်စွပ်နှင့်အတူ ငါးကိုပါဆောင်ယူလာပြီးမင်းကြီးထံဆက်သည်။ မင်းကြီးက အမတ်ပညာကျော်ကိုမီးတော်မူရာ အမတ်ကြီးလျှောက်ထုံးမူကား-

အသျှင်မင်းမြတ်။ လက်စွပ်တော်ရီသို့ကျသောအခါ၌ ငါးသည်မျိုယူသိမ်းထားသည်။ ထိုငါးသည် မိမိအသက်ကို အသီခံလျှက် တံငါထံဝင်ရောက်သည်။ ထိုငါးမှ လက်စွပ်ကို တံငါရ၍ ဆက်သလာရသည်။ ဤအရာကိုထောက်၍ မှန်တိုင်းလျှောက်ရပါသော် ဥာဏ်နည်းသူရို့ ငြိုငြင်ရာသောအကြောင်းဟိပါသည်။

အသျှင်မင်းကြီး။ ဘုန်းကျက်သရေကြီးကျယ်ကြောင်းကို ပြည်သူအများသိထင်စီပြီးမှ ခုနှစ်လနှင့်ပြီးအောင် စီစဉ်ပါမည်- လျှောက်လတ်သော် ပတ္တမြားကိုယူလျှက် သားတစ်အတွင်း၌မြှုပ်သည်။ ထိုပတ္တမြားသားတစ်ကို အရွယ်သင့်တော်အောင်လှီးပြီး အခြားသားတတုံးများနှင့်အတူရော၍ ကြဲထားလတ်သည်။ ထိုသားတများကို ကျီးစွန်များချီယူကြလီရာ ပတ္တမြားဟိသောသားတစ်လည်းပါလားသည်။ ဆယ်ရက်ခန့်ကြာသောအခါ ထိုစွန်ငှက်ကို ငှက်ခတ်သားရို့ရဟိသည်။ စွန်ဝမ်းမှပတ္တမြားကိုရ၍ ငှက်ခတ်သားသည် စွန်ကောင်နှင့်အတူတကွ ပတ္တမြားကို မင်းထံဆက်သရောက်လာပြန်သည်။ ယင်းသို့နောက်မှ မထင်ရှားသူတယောက်အား ပတ္တမြားကိုအပ်၍ ရောင်းစီသည်။ ကုလားတယောက်သည် အသပြာတရာပီးပြီး ထိုပတ္တမြားကိုဝယ်ယူသည်။ ထိုကုလားသည် ပတ္တမြားကိုရွှေနှင့်ကွင်းရန် ပန်းတိမ်သည်တဦးထံအပ်သည်။ ထိုလက်စွပ်ကွင်း၍ပြီးလျှင် ပန်းထိမ်အိမ်၌ ကုလားသို့မအပ်မှီ သူခိုးခိုး၍ပါလားသည်။ ကုလားသည် လက်စွပ်ကိုရလိုမှုနှင့် မင်းထံလျှောက်ထားလာသည်။ မင်းကြီးက အမှုကိုအမတ်ကြီးသို့အပ်သည်။ အမတ်ကြီးလည်း အမှုကိုစစ်ဆီးရာ လက်စွပ်အကြောင်းကိုသိရသည်။ အမတ်ကြီးလည်း ပြီးအောင်စီရင်မည်ဟုဆိုလျှက် ဆိုင်းငံ့၍နီလတ်သည်။

ပန်းထိမ်အိမ်မှ လက်စွပ်ခိုးယူသောသူသည် မြစ်ဆိပ်၌ရီချိုးသောအခါ လက်စွပ်ကိုချွတ်၍ တနီရာ၌ထားလတ်သည်။ ထိုလက်စွပ်ထားရာအပါး၌ ကြွက်တွင်းတခုဟိသည်။ ကြွက်သည် တွင်းမှထွက်လာပြီးအစာရှာရာ လက်စွပ်ကိုတွိပြီး ယူလားလျှက် တွင်းသို့ဝင်လားသည်။ တရားသူကြီးကျွန်တယောက်သည် ကြွက်သားစားလို၍ ကြွက်ရှာရန်လားသည်။ ထိုသူသည် အဆိုပါကြွက်တွင်းကိုတွိ၍ တူးလတ်သည်။ ကြွက်တွင်းဟိ ပတ္တမြားလက်စွပ်ကို ရလတ်သည်။ ထိုသူသည် ပတ္တမြားလက်စွပ်ကိုမထားဝံ့သဖြင့် မိမိသခင်ဖြစ်သူ တရားသူကြီးထံ အပ်နှံထားလတ်သည်။ တရားသူကြီးသည် လက်စွပ်ကိုမြင်လျှင် ပြည့်သျှင်မင်းကြီးလက်စွပ်ဖြစ်သည်ကိုသိပြီး အကြံဖြင့် ၀မ်းသာအားရသည်။ အမတ်မဟာပညာကျော်သည် ခုနှစ်လနှင့် တံငါမှု၊ ဌက်ခတ်မှု၊ ကုလား ပန်းတိမ်မှုများကို စီရင်မည်ဟု မင်းထံလျှောက်ထားသူဖြစ်သည်။ အထက်အမွီမှုတွင်လည်း ဓမ္မသတ်ကိုပယ်၍ ငါရို့စီရင်သောအမှုကိုဖျက်ခသည်။ တရားသူကြီးသည် မဟာပညာကျော်ကို အငြိုးဖြင့်အရှက်ခွဲရန် အကြံဖြစ်လတ်သည်။ သို့နှင့်လက်စွပ်ကို ခုနှစ်လလွန်ပြီးမှ မင်းထံဆက်မည်ကြံလျှက် လုံခြုံစွာ ထုပ်သိမ်းထားလတ်သည်။ တရားသူကြီး အခြားအိမ်သို့ထွက်လားခိုက် မယားဖြစ်သူသည် လက်စွပ်ကို ထုတ်ယူကြည့်သည်။ အိပ်ချင်သည်ဖြစ်၍ လက်စွပ်ကိုအနီးတွင်ထား၍ အိပ်ပျော်လားသည်။ ထိုအခိုက်
ကျီးတကောင်ရောက်လာပြီး လက်စွပ်ကိုချီယူလားကာ အသိုက်၌ထားသည်။ တရားသူကြီးသည် အိမ်သို့ပြန်ဝင်လာပြီးလက်စွပ်ကို ကြည့်ရှုစစ်ဆေးရာ မိမိထားရာတွင်မတွိ၍ မယားကိုမီးသည်။ မယားလည်း ကွယ်၍သာဆိုသဖြင့် လင်မယားရန်ရှက်တင်ဖြစ်ကြသည်။ သို့ကြောင့် လင်မယားကွာယှင်းလိုကြောင်း မင်းကြီးထံလျှောက်ထားသည်။ မင်းကြီးလည်းအမှုကို အမတ်ကြီးသို့အပ်၍စီရင်စီသည်။ အမတ်ကြီးသည် တရားသူကြီးမယားအား အမှုရင်းကို စုံစိအောင်စစ်ဆေးမီးမြန်းသည်။ လက်စွပ်ပျောက်လီသော အကြောင်းဖြစ်သည်ကိုသိရသည်။

ထိုအခါအမတ်ကြီးက အမှုကိုစီရင်ပီးပါမည်။ ဆိုင်းငံ့ပါဦးဆို၍နီလတ်သည်။ ထိုသောကာလ တနိတွင် ကျောင်းသားသူငယ်တဦးသည် ကျီးသိုက်ကိုမြင်သဖြင့်တက်ပြီး၊ ကျီးသိုက်ကိုနှိုက်ရာ လက်စွပ်ကိုရသည်။ ကျောင်းသားငယ်သည် လက်စွပ်ကို ဆရာဘုန်းကြီးသို့ပီးအပ်သည်။ ထိုဘုန်းကြီးလည်း ရတနာဖြစ်သည်၊ မင်းနှင့်ထိုက်သောဥစ္စာရာဖြစ်သည်။ မင်းအားဆက်မည်ဟူ၍ ပြည့်သျှင်မင်းကြီးထံဆက်သသည်။ မင်းကြီးလည်း အမတ်ပညာကျော်ကိုခေါ်၍ လက်စွပ်ရကြောင်းပြသည်။ အမတ်ကြီးသည် လက်စွပ်ကို သားတစ်၌ထည့်၍ ငှက်စာကျွေးသော လက်စွပ်ရက်ကစ၍ တွက်စစ်သော်ရက်ပေါင်း (၁၉၀) ဟိပြီဖြစ်ကြောင်း သိလတ်သည်။ စီရင်ရန် ရက် (၂၀) သာလိုတော့သည်။ အမှုကိုစီရင်တော့မည့်အကြောင်း မင်းကြီးအားလျှောက်ထားသည်။

အမတ်ကြီးသည် ဘုန်းကြီးအား လက်စွပ်မည်သို့ရကြောင်းမီးလျှောက်လီသည်။ ဘုန်းကြီးက တပည့်သူငယ်ရကြောင်းပြောပြသည်။ သူငယ်ကိုမီးရာ ကျီးသိုက်မှရကြောင်း အမတ်ကြီးထံလျှောက်ဆိုသည်။ ကျီးသိုက်ကို သူငယ်ပြ၍သိလတ်လျှင် ညအခါ ကျီးဖိုကျီးမစုံကိုရအောင်ဖမ်း၍ လက်စွပ်တော်နှင့်တူသော လက်စွပ်တကွင်း လုပ်ဆောင်စီသည်။ ထိုလက်စွပ်ကို ကျီးနှုတ်သီး၌ မြဲစွာချဉ်လျှက် နံနက်သောအခါလွှတ်သည်။ ကျီးဖိုကျီးမပျံလားရာသို့ မင်းစေလုလင်များကိုကြည့်စီသည်။ ကျီးဖိုကျီးမရို့သည် စားနီကျဖြစ်သော တရားသူကြီး အိမ်တွင်နားသည်။ တရားသူကြီးမယားသည် ပျောက်လားသောလက်စွပ်ကို ကျီးနှုတ်သီးတွင်ပါလာသည်ဟူလျှက် အုတ်အုတ်ကျက်ကျက်လိုက်ကြ၍ ကျီးကိုဖမ်းကြောင်း အမတ်ကြီးထံ မင်းစေရို့လျှောက်လာသည်။ အမတ်ကြီးသည် တရားသူကြီးလင်မယားကိုခေါ်ယူပြီး မီးမြန်းလတ်သည်။ ကျီးနှုတ်သီး၌ပါလာသောလက်စွပ်ကို သင်ရို့ဇာမှာက ရသနည်းမီးရာ အိမ်မှာစေသောကျွန်ကပီးအပ်၍ ရကြောင်းပြောသည်။ ထိုကျွန်ကိုအပ်စီ၍မီးစစ်ရာ ကြွက်တွင်း တူးရာကရကြောင်းလျှောက်ထားသည်။ ထိုကြွက်တွင်းကိုပြစီ၍သိလတ်သော် ထိုအရပ်၌ လူမပြတ်ချထားစောင့်နီစီပြီး ကြည့်ရှုရန်အခိုင်းထားသည်။

ထိုအခါ အထက်ခိုးသားသည် အဖော်များနှင့်ရီချိုးရန်လာပြန်သည်တွင် သည်အရပ်၌ မိမိလက်စွပ်ချထားရာမှ ပျောက်လားကြောင်း အဖော်များသို့ပြောဆိုသည်။ ထိုစကားကို မင်းစေကြားသိသော် ထိုသူအားခေါ်ယူလားပြီး၊ အမတ်ကြီးထံပီးအပ်သည်။ အမတ်ကြီးက ထိုသူကိုစစ်မီးသည်။ ပျောက်လားသောလက်စွပ်ကို ဇာကရသနည်း။ မှန်ကန်စွာထွက်ဆိုရမည်ပြောလတ်သော် ပန်းတိမ်အိမ်တွင် ခိုးရာမှရသော လက်စွပ်ဖြစ်ကြောင်းလျှောက်ထားသည်။ ထိုပန်းတိမ်ကို ခေါ်ယူ၍မီးရာ သင်္ဘောသားကုလားအပ်သောပစ္စည်းဖြစ်ကြောင်း၊ ကုလားကိုမီးရာ- အသပြာတရာပီး၍၀ယ်ရကြောင်းများကို လျှောက်ထားကြသည်။ အမတ်ကြီးလည်း အကြောင်းစုံသိပြီးဖြစ်သောအခါ ထိုအကြောင်းများကို မင်းကြီးအားလျှောက်ထားလီပြီးမှ အမှုကိုစီရင်ထုံးသော်ကား- လက်စွပ်တော်ရီသို့အကျတွင် မြီလက်မခံ၍ ငါးသိမ်းထားသည်။ ထိုငါးကိုတံငါရသည်။ ထိုတံငါလက်စွပ်ကိုမြင်လျှင် မထားဝံ့၍ မင်းထံဆက်သလာသည်များမှာ မြီပိုင်ရီပိုင်တိုင်းနိုင်ငံအတွင်း၌ဟိသောသူရို့သည် အစိုးရအသျှင့် ကျွန်တစေသာဖြစ်ကြသည်။ လက်စွပ်တော်ကို တံငါဆက်၍ရသည့်နောက်ပိုင်း ထိုလက်စွပ် မင်းလက်သို့မရောက် ပျောက်လတ်သော် တံငါကပီး၍ရသောကြောင့် လက်စွပ်တန်ဘိုးကို တံငါသို့ မင်းကပီးသင့်သည်။ တံငါဆက်လာသည့်နောက် ထိုလက်စွပ်သည် သတ္တ၀ါမျိုးစုံထံရောက်မှ မပျောက်မဆုံး ဆက်သလာရောက်ပြန်ရသည်။ တရားကျမ်းဂန်၌ သူတော်ကောင်းရို့ဥစ္စာကို ရီမှာပစ်လည်းမနစ်။ မီးမှာပစ်လည်းမချစ်- ဟူ၍ဆိုသော ရှိဟောင်းပညာဟိရို့ဆိုသောစကားဟိသည်။ အသျှင်မင်းတရားကြီး ဘိသိက်ခံတော်မူရာ အင်္ဂါပြည့်စုံ တရားစောင့်ထိန်းတော်မူသည်ဖြစ်၍ လူနတ်ကြည်ညိုသောကြောင့် သုံးကြိမ်တိုင်အောင် လက်စွပ်တော်ကို နတ်ရို့ညွှန်ရာ လူလာ၍ပို့ဆက်လာရသည်။

ရဟန်းသော်ကား တရားနှင့်လျှော်သည်ဖြစ်၍ ပစ္စည်းလေးပါးမြဲစီသင့်ပါသည်။ တံငါနှင့်ငှက်ခတ်သမားမှာ ကိုယ်နှင့်မထိုက်သောအရာကို သိတတ်သောသဘောဟိသူဖြစ်၍ မင်းဘဏ္ဍာထိန်းအပ်သော ကျွန်ကောင်းလက္ခဏာဝင်သည်။ တရားသူကြီးမှာ ကြွက်နှင့်တူသည်။ ပန်းတိမ်မှာ စွန်နှင့်တူသည်။ ကုလားမှာ ငါးနှင့်တူသည်။ ခိုးသူမှာ ကျီးနှင့်တူသည်။ ထိုငါးစသောသတ္တ၀ါလေးကောင်ရို့ ဒဏ်ရောက်သည့်နည်းတူ ကုလားစသော လူလေးဦးရို့ မင်းပြစ်သင့်ရာသည်ဟူ၍ စီရင်လတ်သော် နွီကာလစင်ဖြစ်လျှက် မိုးကြီးသည်းထန်စွာ ရွာလီသောကြောင့် မင်းကြီးလည်းအားရတော်မူ၍ ဆင်တော်မူသောလက်ကောက်ကို မဟာပညာကျော်အမတ်သို့ တရားဆုပီးတော်မူ၏။

(မဟာပညာကျော်လျှောက်ထုံး)

.............
သာလှဦးဘလော့မှ
.

13.11.10 | Posted in , , | Read More »

ရက္ခိုင်လူမျိုးရို့၏ကျင့်ဝတ်တရား (၄၈) ပါး

ရက္ခိုင်လူမျိုးရို့၏ကျင့်ဝတ်တရား (၄၈) ပါး
============================

ထိုရက္ခိုင်မဟာရာဇဝင်ကြီးလာ (၄၈) ပါးသော ရက္ခိုင်လူမျိုးရို့၏ကျင့်ဝတ်ကို ဖော်ပြရသော်
၁။ ရှိဦးစွာ ရတနာသုံးပါးအား မမိမလျော့ဘဲ ကျင့်သုံးဆောက်တည် ဆည်းကပ်ကိုးကွယ်ရန်တပါး။
၂။ မိဘဆရာသမားရို့၏ဆုံးမသြဝါဒကို မြီဝယ်မကျမှတ်သားနာယူ ကျင့်သုံးစောင့်ယှောက်ရန်လည်း တပါး။
. ၃။ မိမိရို့၌မငြိမ်သက်ဘဲ သော့သွမ်းရမ်းကြွခြင်း၊ မကောင်းသောအကျင့်များကို ပါယ်ယှားရန်လည်း တပါး။

၎။ ပညာသိပ္ပ တတ်မြောက်စီရန်ကြိုးစားအားထုတ်လျှက် သင်အံလေ့လာရန်လည်း တပါး။
၅။ အသက်သိက္ခာကြီးရင့်သောသူရို့နှင့် မိဘ၊ ဆရာ၊ ရီမြီအသျှင် ဘုရင်မင်းမြတ်ရို့အားလည်း မရိုမသေ မလေးမစား အဂါရဝပြုလုပ်ခြင်းကို အထူးယှောင်ကြည်ရန်လည်း တပါး။

၆။ မိမိကိုယ်ကို ပညာနှင့်ပေါင်းယှဉ်လျှက် လောဘ၊ ဒေါသ၊ မောဟစသော မကောင်းသောဆန္ဒများကို ပယ်ယှားခြင်းသည်လည်း တပါး။

ရ။ ငါးပါးသီလကို စောင့်ယှောက်ပြီးလျှင် မိမိရို့အားလျှော်စွာ အလှူဒါနကုသိုလ်များကို နိညမပြတ် စိုက်ပျိုးရခြင်းသည်လည်း တပါး။

၈။ လောက၌ သူတပါးရို့အား နှုတ်ဖြင့်ကျူးလွန်ခြင်း၊ ကိုယ်ဖြင့်ကျူးလွန်ခြင်းတည်းဟူသော မကောင်းသောတရားနှစ်ပါးကို ဖယ်ယှားပြီး စိတ်ကြည်လင်စွာဖြင့် မိတ္တာတရားကိုရှိထားလျှက် သဘောဖြောင့်မတ်စွာဖြင့် နီရခြင်းသည်လည်း တပါး။

၉။ ထို့အပြင် လောကဓမ္မ နှစ်ဌာနတည်းဟူသော ကျင့်ဝတ်တရားနှစ်ပါးကို ပစ္စုပ္ပန်သံသရာ၌ ချမ်းသာခြင်းဖြင့် သိစွမ်းဆောင်ရွက်နိုင်သော ပညာဟိပုဂ္ဂိုလ်များအား အလေးအမြတ်ပြုပြီးလျှင် မိတ်ကျွမ်းဝင်ရခြင်းသည်လည်း တပါး။

၁၀။ ၎င်းမိတ်ကျွမ်းဝင်သော ပုဂ္ဂိုလ်ရို့၌ ပညာဖြင့်ပေါင်းဖော်ပြီးလျှင် တရားလက်လွတ်လျှက် ကျင့်ဝတ်တရား မှောက်မှားသောသူရို့သည် လောကတွင် သတ္တဝါရို့၌လည်း အကျိုးစီးပွါးမဟိ၊ သံသရာ၌လည်း အကျိုးမဟိသောသူများကို ဝီးစွာရန်သူကဲ့သို့ မိမိစိတ်၌ထားပြီး ယှောင်ကြည်ရခြင်းသည်လည်း တပါး။

၁၁။ သူတပါး ဥစ္စာပစ္စည်းများကို ခိုးယူခြင်းမှလည်းကောင်း၊ သူတပါးသားမယားရို့အား လွန်ကျူးခြင်းမှ အထူး ယှောင်ကြဉ်ရခြင်းသည်လည်း တပါး။

၁၂။ မိမိအား သူတပါးရို့သည် လွန်ကျူးခြင်းဖြင့် ကြိမ်းမောင်းငြားသော်လည်း မျက်မာန်ဒေါသတိထိန်းချုပ်လျှက် သည်းခံခြင်းဖြင့် ယှောင်ကြဉ်ရခြင်းသည်လည်း တပါး။

၁၃။ လူရို့၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟုဆိုအပ်သော လက္ခဏာရေးသုံးပါးကို အလေ့အလာအားဖြင့် အခါခါအောက်မိပြီး မိမိခန္ဓာကိုယ်ကို ပညာမျက်စိဖြင့် ကြည့်ရှုဆင်ခြင်ဆုံးမကာ တပြောင်းပြန်ပြန် စက်အဟန်သို့ ဖြစ်ပျက်နီခြင်းကို ဒုက္ခတရားဖြင့်သိမြင်ကာ ကြောက်ရွံထိတ်လန့်စီရန် ရှာမှီးရခြင်းသည်လည်း တပါး။

၁၄။ ထို့အပြင် လောဘ၊ ဒေါသ၊ မောဟဟုဆိုအပ်သော စိတ်ဆင်ရိုင်းကို နိညမပြတ် ယိုင်ကျေးစီခြင်းငှာ ပညာဖြင့် ထိန်းသိမ်းစောင့်ယှောက်လျှက် ငြိမ်သက်တည်တံ့စွာဖြင့် နီရခြင်းသည်လည်း တပါး။

၁၅။ ထို့ပြင် အမိ၊ အဘရို့အား ချစ်ခင်မြတ်နိုးပြီးလျှင် ဘုရားတဆူ၊ ဂူတလုံးကဲ့သို့ နိညမပြတ် အရိုအသေ အလေးအမြတ် ရှိခိုးဦးတင်လျှက် ပြုစုလုပ်ကျွေး မွီးမြူရခြင်းသည်လည်း တပါး။

၁၆။ ထို့အပြင် မိမိရို့ ဆွီမျိုးညာတိရို့၌ သက်ကြီးရွယ်အိုရို့အား အရိုအသေ အလေးအမြတ်ပြု လုပ်ဆောင်ရွက်ခြင်းသည်လည်း တပါး။

၁၇။ ထိုမှတပါး အရပ်လေးမျက်နှာမှ ရောက်လာကုန်သော ရဟန်း၊ ပုဏ္ဏားစသည်ရို့တွင် အဝတ်အစားရိက္ခာ ချို့တဲ့သော ပုဂ္ဂိုလ်များအား ကောင်းမွန်စွာပီးကမ်းထောက်ပံ့ခြင်းဖြင့် ကုသိုလ်ဥစ္စာထုပ်ကို သိုမှီးပြုလုပ်ရခြင်းသည်လည်း တပါး။

၁၈။ ထို့အပြင် လယ်လုပ်၊ ကုန်သွယ်၊ ကုန်ရောင်း၊ ကုန်ဝယ်၊ ဖောက်ကား ပြုလုပ်ကုန်သောသူရို့၌ မိမိ လုပ်ကိုင်လျှက်ဟိသော အလုပ်ရို့တွင် နိညမပြတ် အစီးအပွါးတွက်ချက်ပြီး မယုတ်မလျှော့စီအောင် လုပ်ကိုင်ဆောင်ရွက်ခြင်းသည်လည်း တပါး။

၁၉။ ထိုသို့လုပ်ကိုင်ခြင်းမှ စောင့်ယှောက်ပြီးလျှင် အစာရိက္ခာရို့ကို ပြည့်ဝှမ်စွာ ကျီကျရို့ဖြင့်သိုမှီး၍ ဆွီမျိုးရို့အား ထောက်ပံ့မစရခြင်းသည်လည်း တပါး။

၂၀။ ထိုသို့ထုံးနည်းရို့ကို ပညာဟိတိထံ ချဉ်းကပ်ပြီး သူရို့အားထောက်ပံ့ကာ သင်ယူမှတ်သားရခြင်းသည်လည်း တပါး။

၂၁။ ဆရာထံမှရသော ထုံးနည်းများကို စိတ်ထဲ၌ စွဲမြဲစွာ မှတ်သားနာယူပြီး သူ့ကျေးဇူးကို သိရခြင်းသည်လည်း တပါး။

၂၂။ ၎င်းအပြင် ဖိုး၊ ဖီး၊ စိုင်ဆက် မိမိရို့မျိုးရိုးမှ ဆင်းသက်လာသော ဓမ္မတာကျင့်ရိုးများကို မဖောက်မပြန် ကျင့်သုံးစောင့်ယှောက်ရခြင်းသည်လည်း တပါး။

၂၃။ အစဉ်တရားစောင့်ယှောက်ခြင်းဖြင့် အိမ်ထောင်ပြုရာတွင် ရှိသူဟောင်း သက်ကြီးဝါကြီးရို့၏ ထုံးနည်းနာများကိုယူဆောင်၍ ပြုလုပ်ရခြင်းသည်လည်း တပါး။

၂၄။ တပါးသောအမျိုးရို့က လှည့်ပတ်ဖြားယောင်သော်လည်း မိမိရို့မျိုးရိုးဇာတိများ မပျောက်ပျက်စီရန် ရဲဝံ့စွာ အဝီးမှ ယှောင်ကြဉ်ရခြင်းသည်လည်း တပါး။

၂၅။ နိုင်ငံတော်ဝယ် အတတ်ပညာလုံခြုံစွာ မတတ်သူရို့အား တစုံတခုသော လူမှုအိမ်ထောင်စီးပွါးဆောင်ရန် ပေါင်းဖော်ခြင်းကို ယှောင်ကြဉ်ရခြင်းသည်လည်း တပါး။

၂၆။ တစုံတခုသော အတတ်ပညာမဟိသောသူရို့အား ညဥ့်မှောင်မသိ၊ ကြက်မျက်အိပ်သောသူရို့နှင့် အလားတူဘိသကဲ့သို့  လူမှုစီးပွါးဆောင်ခြင်းကို ယှောင်ကြဉ်ခြင်းသည်လည်း တပါး။

၂၇။ အိမ်ထောင်သားမွီးပြုလုပ်ရာ၌ လူမှုရေးကိစ္စအ၀၀ကို ကျီပွန်စွာ နားလည်လိမ္မာသိတတ်ခြင်းဖြင့် ပြည့်စုံရခြင်းသည်လည်း တပါး။

၂၈။ ထိုသို့ သိတတ်ပြီးမှ အိမ်ထောင်သားမွီးရာဝယ် ကြံစည်တွက်ဆလုံ့လထုတ်ကာ စီးပွါးချမ်းသာခြင်းဖြင့် ပြည့်စုံရခြင်းသည်လည်း တပါး။

၂၉။ လောဘ၊ ဒေါသ၊ မောဟ၊ မာနတရားများကို ထိန်းချုပ်လျှက် သူတပါးက မကောင်းသောဆန္ဒဖြင့် ပျက်စီးစီရန် နည်းပီးသော်လည်း မိမိက ယှောင်ကြဉ်ရခြင်းသည်လည်း တပါး။

၃၀။ မိဘရို့၏ကျေးဇူးတရားသည် မြင့်မိုရ်တောင်နှင့်နှိုင်းဆငြားသော်လည်း အတိုင်းမသိ ကြီးမားသော ကျေးဇူးတရားပင်တည်းဟု ဖန်တလဲလဲ အောက်မိသတိရခြင်းသည်လည်း တပါး။

၃၁။ အသင့်ပေါင်းဖက်ကုန်သော သားမယား၊ မြီး၊ မြစ်၊ ဆွီမျိုး၊ ကျေးကျွန်စသည်များကို စောင့်ယှောက် ထောက်ပံ့ရခြင်းသည်လည်း တပါး။

၃၂။ လူပယ်၊ လူပြက်ရို့က ကဲ့ရဲ့ကတ်သော်လည်း ဝမ်းထဲသံဝေဂစိတ်ဖြင့်ဖြေလျှက် ထိုသူရို့အား ဝီးစွာယှောင်ကြဉ်ရခြင်းသည်လည်း တပါး။

၃၃။ လူကောင်းရို့က ချီးမွမ်းခြင်းဖြစ်စီရန် ဆွီမျိုး၊ ခင်ပွန်း၊ အခြံရံသင်းပင်းရို့အား ချစ်ပန်းဖြင့် မပျက်စီခြင်းငှာ စောင့်ယှောက်ရခြင်းသည်လည်း တပါး။

၃၄။ အိမ်ထောင်စီးပွါးသိုမှီးရာတွင် မြီအိုး၊ မြီခွက်များဖြင့် တံစက်ရီကို ခံယူဘိသကဲ့သို့လည်းကောင်း၊ ခြကောင်ရို့သည် မိမိ၏ပါးစဖြင့် ကိုက်ချီယူလျှက်၊ တောင်ပို့ပြုလုပ်သကဲ့သို့လည်းကောင်း၊ စီးပွါးဥစ္စာကို ကောင်းစွာလုံစွာ စုဆောင်းရခြင်းသည်လည်း တပါး။

၃၅။ လူရို့၌ ပညာ၊ ဝီရိယဖြင့် မြဲမြံခိုင်မာစွာ ကြံဆောင်လုပ်ဆောင်ရခြင်းသည်လည်း တပါး။

၃၆။ ထိုသို့လုပ်ကိုင်ရာတွင် သေသပ်စွာသော ယောက်ျားမြတ်ရို့လုပ်ကိုင်ခြင်းသည် မိမိထင်မှတ်သည့်အတိုင်း ပြည့်ဝစွာ ချမ်းသာစီးပွါးပြုခြင်းသည်လည်း တပါး။

၃၇။ ထို့ပြင် ပညာချို့တဲ့သောသူရို့၌ လုံ့လမဲ့မှု၊ အများသူရို့၏ကဲ့ရဲ့ပြစ်တင်မှုကို ခံနိုင်ရခြင်းသည်လည်း တပါး။

၃၈။ ကိုယ်ကိုမချစ်၊ အကျင့်စာရိတ္တပျက်စီးခြင်းဖြင့် လူသွမ်းရို့က မည်ကဲ့သို့မသိ၊ ပျင်းရိရိနှင့် ကြမ္မာပိုက ငါရို့နီရာ စီးပွါးလာအံ့ဟု ကြမ္မာကို ယိုးစွပ်လျှက်နီခြင်းကို ယှောင်ကြဉ်ရခြင်းသည်လည်း တပါး။

၃၉။ နိုင်ငံတော်၌ သူဌီး၊ သူကြွယ်၊ ကုန်သွယ်လယ်လုပ်ရို့က သူတပါးမှီခိုရာဖြစ်သည့် လက္ခဏာသည်ကား အလွန်အရိပ်အာဝါသကောင်းသော ပြိုင်ညောင်ပင်ကြီး၏လက္ခဏာနှင့် အလားတူ ဖြစ်စီရခြင်းသည်လည်း တပါး။

၄၀။ ထိုပြိုင်ညောင်ပင်ကြီး၏သဘောသည် လမ်းခရီး၌ လားလာသူအပေါင်းအား အရိပ်ခိုအောင်းရာဖြစ်သကဲ့သို့၊ ထိုနည်းတူစွာ လူသုံးပါရို့ မှီခိုချမ်းသာရစီရန် နီထိုင်ဆောင်ရွက်ရခြင်းသည်လည်း တပါး။

၄၁။ ပြိုင်ညောင်ပင်ကြီး၏ အသီးအပွင့်ရို့ကို မှီခိုလာသော ငှက်အပေါင်းသည် သာယာအီးချမ်းစွာ စားသောက်ရသကဲ့သို့ ငါရို့အမျိုးလေးပါး မှီခိုစားသောက်ခြင်း၌ ချမ်းသာသုခပြည့်စုံစီရန် ဆောင်ရွက်ရခြင်းသည်လည်း တပါး။

၄၂။ သူဆင်းရဲရို့သည် သူဌီး၊ သူကြွယ် အသီးသီး ညာတိသင်္ဂဟများအား မှီခိုလျှက် လုပ်ကိုင်စားသောက်ရစီရန်လည်း တပါး။

၄၃။ မှီခိုလုပ်ကိုင်သူများအား စောင့်ယှောက်သူရို့က သွန်သင်ပြောဆိုရာတွင် သူတပါးရို့ ချစ်မြတ်နိုးစိမ့်သောငှာ သာသာချိုချိုပြောဆို၍ စောင့်ယှောက်ရခြင်းသည်လည်း တပါး။

၄၄။ ကြမ်းတမ်းယုတ်မာစွာ ပညာမဲ့စောင့်ယှောက်ခြင်းကို ယှောင်ကြဉ်ရခြင်းသည်လည်း တပါး။

၄၅။ မိမိ၌ မှီခိုသူရို့အား လောကဝတ်ထိုက်သည့်အားလျှော်စွာ ပြည့်ဝစီ၍ အမှုခပ်သိမ်းများကို ဆောင်ရွက်ထိန်းသိမ်းရခြင်းသည်လည်း တပါး။

၄၆။ သူစိမ်းသူပျက်ပင်ဖြစ်သော်လည်း မှီခိုနီသူရို့အား စောင့်ယှောက်ရာတွင် မိဘသဖွယ် သာသာကြည်ကြည် စောင့်ယှောက်ခြင်းသည်လည်း တပါး။

၄၇။ မိမိရို့၌ ဆွီရင်း၊ သားမြီး၊ ကျေးကျွန်သင်းပင်းရို့အား ပျော်ပျော်ပါးပါးဖြစ်စီရန် နှုတ်ချိုသာစွာဆုံးမလျှက် အဝတ်အစား ပီးကမ်းဆောင်ရွက်ပြီးလျှင် မညှိုးမနွမ်းစီရန် မွီးမြူရခြင်းသည်လည်း တပါး။

၄၈။ ရက္ခိုင်မျိုးရိုးများ၌ အစိုင်ဆင်းသက်လျှက် ကျင့်သုံးဆောက်တည်ရကုန်သော ပညတ်တရားများကို မမိမလျော့ဘဲ စောင့်ယှောက်ရခြင်းသည်လည်း တပါး။

အထက်ဖော်ပြပါ ရက္ခိုင်မဟာရာဇဝင်တော်လာဖြစ်သည့် ရက္ခိုင်လူမျိုးရို့၏ ကျင့်ဝတ် (၄၈) ဖြာကို စာရှုသူများ ဖတ်ရှုခြင်းဖြင့် ရက္ခိုင်လူမျိုးရို့၏ ယိုင်ကျေးမှု၊ ဓလေ့ထုံးစံ၊ ကျင့်ဝတ်များကို သိဟိကာ လောကီ၊လောကုတ္တရာ နှစ်ဖြာသောကောင်းကျိုး တိုးတက်ကြီးပွါးနိုင်ကတ်ပါစီဟု လေ့လာမှတ်သားကာ ရွီးသားဖော်ပြလိုက်ရပါသည်။

ပဉ္စဂုဏံ အဟံဝန္ဒာမိ သဗ္ဗဒါ။

(သန္တာမြီ မောင်သော်တာ)


ကျမ်းကိုးစာရင်း

၁။ ကွယ်လွန်သူ ရက္ခိုင်ရာဇဝင်ဆရာကြီး ဦးဦးသာထွန်း (မြောက်ဦး) ၏ ဟောပြောချက်များ။
၂။ ရက္ခိုင်ရှိဟောင်း ဂါထာမန္တန်ထူးများ (အသျှင်ဝါသဝ)

.............
သာလှဦးဘလော့မှ
.

13.11.10 | Posted in , , | Read More »

ရခိုင်ရိုးရာ သင်္ကြန်လ ရခိုင်ပြိုင်လောင်းပွဲ

သင်္ကြန်လ ရခိုင်ပြိုင်လောင်းပွဲ
--------------------------------
ရခိုင်ပြည်တွင် သင်္ကြန်လ၌ ရီလောင်းပွဲကိုလည်းကောင်း၊ ကျင်ပွဲ (ခေါ်) လက်ပန်းလုံးပွဲကိုလည်းကောင်း၊ လှီပြိုင်ပွဲ (ခေါ်) ပြိုင်လောင်းပြိုင်ပွဲကိုလည်းကောင်း ရာသီပွဲများအဖြစ်ကျင်းပလေ့ဟိသည်။ ဤဆောင်းပါး၌ ပြိုင်လောင်းပွဲသဘင် ဆင်ယင်ကျင်းပပုံကို တင်ပြလိုပါသည်။

ပြိုင်လောင်းပွဲကို သင်္ကြန်လတွင်ကျင်းပကြောင်း စာဆိုဥက္ကာပျံ ရွှန်းလိုက်ရတု၌
. "ရက္ခမှန်ဖူး၊ မြောက်ဦးရွှီပြည်သာ၌
များစွာသည် ရွှီလှီပေါင်း
သိင်္ဂနဒီ နန်းတောင်ဆီဝယ်
ရွှီလှီမင်းဆိပ်ချောင်း၌
တသောင်းသောင်းပျော်စဉ်တွင်
တူစုံရှုကြည့်ချင်သည် သင်္ကြန်အခါတည်းလေ"

ဟု ရွီးဖွဲ့ထားသည်ကိုတွိရသည်သာမက တန်းခိုးဆရာထွန်းကြီးကလည်း -

"လှီပွဲသဘင်၊ ရီထဲတွင်၌ ၊ ပျော်ရွှင်မြူးထူး၊ မင်းလွင်ကျူးလျှက်၊ တန်ခူးခါမှီ၊ လရာသီဝယ်၊ လောကီဘာသာ၊ ဓမ္မတာဖြင့်၊ နာဝါချင်းယှဉ်၊ လောင်းချင်းပြိုင်လျှက်၊ ငါနိုင်သူယှုံး၊ တပြုံးပြုံးနှင့်၊ ဖက်နှုန်းလှီလှော်၊ ရီအပေါ်၌၊ ရွှင်ကာပျော်မွိ၊ လုပ်ကြံမိအောင်၊ လှီဖွဲ့သံချို၊ ဆိုသူတဖြာ၊ လှော်သူတဝ၊ ကသူအပေါင်း၊ တသောင်းသောင်းနှင့်၊ မောင်းတဟီးဟီး၊ ခတ်တီးမညံ၊ အောင်လံဝီဝီ၊ ပြိုင်လှီပြိုင်လောင်း၊ ရီချောင်းမလပ်၊ ပရိသတ်များ၊ ပွဲကြည့်သားရို့"

ဟူ၍ စပ်ဆိုထားခသည်။ ပြိုင်လောင်းပြိုင်ပွဲကို သင်္ကြန် (သို့မဟုတ်) သင်္ကြန်လွန်၍ ကဆုန်ညောင်ရီမသွန်းမှီကာလအတွင်း ကျင်းပရခြင်း၏အကြောင်းမှာ လူထုပွဲလမ်းသဘင်အားဖြင့် လူထုအားလပ်ချိန်ကို ရွီးချယ်ရခြင်းဖြစ်သည်။ လူထုဆိုသည်မှာလည်း တောင်သူလယ်သမားများသာလျှင်ဖြစ်သဖြင့် လယ်သမားအဖို့ တလင်းပွဲစပါးရောင်းပြီးချိန် အားလပ်ချိန်ဖြစ်သည်။ ဤပြိုင်လောင်းပြိုင်ပွဲသည် ဆင်းရဲသားများ၏ပွဲလမ်းသဘင်ဖြစ်ပြီး အများစုပေါင်း၍ အားကြိုးမာန်တက်လုပ်ဆောင်ရသည့် အားကစပ်ပျော်ပွဲရွှင်ပွဲတရပ်လည်းဖြစ်သည်။ စုပေါင်းညီညာ၊ အောင်ကြောင်းဖြာဆိုသည့်ဆောင်ပုဒ်အတိုင်း ညီညွတ်ရေးကိုရှိရှုသော ပွဲလမ်းသဘင်ဖြစ်ပေသည်။

ပြိုင်လောင်းလျာ

ပြိုင်လောင်းပြိုင်ပွဲ ကိုကျင်းပနိုင်ရန်အတွက် "ပြိုင်လှီ၊ ပြိုင်လောင်း" ခေါ်သည့် ပြိုင်ပွဲဝင်မည့် လောင်းကောင်းရဟိရေးမှာ ပထမအရေးအကြီးဆုံးဖြစ်သကဲ့သို့ လောင်းကောင်းရရေးကို ရှိရှု၍ သစ်ပင်ခွတ်လှဲရန် တရပ်လုံးတရွာလုံး အားပီးပါဝင်လေ့ဟိသည်။ သန်သန်မာဟိသော ယောက်ျားများကဦးဆောင်ပြီး တောသုံးတောင် ကုန်အောင်လားကာ သစ်ကောင်းရှာရသည်။ သစ်ရှာမထွက်မှီကပင် ဓလေ့အတိုင်း ဗေဒင်ဆရာနှင့် ရွာကျောင်းဆရာတော်ရို့ သြဝါဒကိုခံယူပြီး ရက်ကောင်းနိသာရွီးချယ်၍ သစ်ခွတ်ရသည်။

လိုက်ပါရသည့်သူများအထဲတွင် ကိုယ်အင်္ဂါချို့တဲ့သော၊ မသန်စွမ်းသူများ မပါဝင်ရ။ အများအားဖြင့် ဆယ့်ခြောက်လံဟိသည့် ပြိုင်လောင်းများကို ပြိုင်ပွဲ၌ အသုံးချလေ့ဟိသဖြင့် အဆမတန် အသက်ကြီးသည့်သစ်ပင်များကို တွိအောင်ရှာရသည်။ သစ်အကြောင်း ကောင်းစွာနားလည်သည့်ဆရာများနှင့်တိုင်ပင်ပြီး အနာအဆာမပါသော သစ်ကိုခွတ်ယူရသည်။ သစ်ပင်ခွတ်ကတည်းက သစ်ပင်လဲပုံကို နိမိတ်ကောင်းယူလေ့ဟိသည်။ သစ်ပင်သည် သစ်ငုတ်နှင့် အနီးကပ်ဆုံးလဲလျှင် လောင်းလှော်၍လားမည့် လောင်းမဖြစ်ဟုယူဆသည်။ သစ်ငုတ်နှင့် ဝီးရာသို့ကျသည့်သစ်ကိုမှ ပိုပြီးနှစ်သက်သည်။ တချို့ရွာများမှ ပြိုင်လောင်းများမှာဆိုလျှင် တောင်တလုံး၊ နှစ်လုံးကိုပင် ကျော်၍လှဲသည်ဟု အဆိုဟိသည်။ ထို့ကြောင့် ပြိုင်လောင်းရှာထွက်ကတည်းက -

"သုံးတောင်ကျော်လို့ လဲလတ်တေ
ထူးကဲလှရေ ထိုနိမိတ်ကြောင့်
မောင်ရို့ပြိုင်လောင်း လှော်ရေခါ
လျှင်မြန်ရာမှာအတုမဟိ
နီလရထားပုံပမာ
ယုဇနာတာ လွန်မြောက်အောင်
တမဟုတ်ချင်း ရောက်နိုင်ရေ
အမှန်ပြောမည် မြင်းသိန္ဓော
တိမ်ညွန့်စားနှင့်နှိုင်းစရာ
သုံးလူ့ဆရာ လောင်းသိဒ္ဓတ်က
လှေးတော်တင်လို့ ပစ်လွှတ်ရာ
မြှားတံပမာ အဟုန်ပြင်း
ဂဠုန်မင်းလည်း မတုနိုင်
ပြိုင်ဖို့လာရေ လှီတော်သားရို့
ဝီးကယှောင်ယှားပါကတ်လီ
ဇာမထီ ဇာနီပြိုင်လောင်း"

ဟူ၍ မိမိရို့ပြိုင်လောင်းသည် သစ်ခွတ်ကတည်းက တောင်သုံးလုံးကျော်၍လဲသည့် သစ်လောင်းလျာကို ပြုလုပ်ထားသောလောင်းဖြစ်သဖြင့် နီလရထားကဲ့သို့ လျှင်မြန်လှသည်ဟု ပြိုင်လောင်းဂုဏ်ပုဒ်ကိုဖော်ကျူးပြီး တဘက်သားမခံချင်အောင် သံကျပ်ကြီးထိုးထားခြင်းဖြစ်သည်။

ပြိုင်လောင်းပုံသဏ္ဍာန်

ရခိုင်ပြည်တွင် ရီလမ်းခရီးများလှသဖြင့် လောင်းလှီကိုအသုံများသကဲ့သို့ ရှိရခိုင်ဘုရင်များလက်ထက်က လှီအမျိုးမျိုးဟိခသည်။ ဘားမဲ့၊ သက္ကဒါန်၊ ဂျွတ်၊ ကရဝိတ်၊ ရိတော်စပ်တင်၊ လှော်ကား ၊ လွန်းကြင်၊ ပြာဿဒ်၊ ဖောင်လှီ၊ ရွှီလောင်း၊ ရွှီမီးကျောင်း၊ ရွှီကြက်၊ ရွှီကျီ၊ ရွှီစာမရီ စသည်ဖြင့်ဖြစ်သည်။

ယခုအများသုံးလောင်းလှီရို့မှာ "ထွင်းလောင်း၊ စပ်လောင်း" ဟူ၍နှစ်မျိုးဟိသည်။ ယင်းရို့ကို အသုံးချသည့်အတိုင်း ပြိုင်လောင်း၊ စီလောင်း၊ လောင်းကြီးလှီကြီးဟူ၍ အမျိုးမျိုးခေါ်သည်။ ပြိုင်လောင်းမှာ ထွင်းလောင်းမျိုးဖြစ်သည်။ ပြိုင်လောင်းမှာ (၆) လံမှ (၁၆) လံထိ အရှည်ဟိသည်။ ဦး၊ ပဲ့၊ ရီစားဟူ၍ အစိတ်အပိုင်းများကို စနစ်ကျအောင်၊ အချိုးကျအောင် လုပ်ရသည်။ လောင်းထွင်းပြီးသောအခါ မီးပွတ်တိုက်၊ ဆီချောတိုက်၊ မိုဟင်းခေါင်းနှင့်တိုက် အစဟိသည့် တန်းဆာဆင်ခြင်းများပြုလုပ်ရသည်။ (၁၆) လံရှည် ပြိုင်လောင်းမှာ ဦးနှင့်ပဲ့ကို တလံလောက်စီ အရှည်ထားရသည်။ ဦးက သပြီအိုးအပြင် နဂါးရုပ်၊ ကိန္နရာရုပ်၊ နယားရုပ်၊ ဟင်္သာရုပ်၊ ပန်းကနုတ်များကို ထုဆစ်တပ်ဆင်ထားသည်။ ဆီးခြယ်သပ္ပါယ်ထားသည်မှာ ကြည့်၍အလွန်လှသည်။ ပဲ့ဆိုလျှင် "မြာဒင်" ခေါ် တက်မခုံကို ကျီး၊ ကျား၊ ငှက်ရုပ်၊ ကြာပန်းရုပ်များဖြင့် မွမ်းမံထားသည်။ တက်မဆိုလျှင် "မြာတံရှည်" ဟုခေါ်သော တက်မကို အသုံးပြုသည်။ လောင်းဝမ်းမှာဆိုလျှင် လောင်းလှော်သားများထိုင်ရန် "ဒဂုံ" တပ်ပြီး "ပင်းကန်'' များကို (၂) လံလောက်တွင် (၃) ခုလောက် တပ်ဆင်ထားရသည်။ လောင်းကို လူအများက ထမ်းချထမ်းတင်ပြုလုပ်ရသည်။ အမျိုးသမီးများကျော်မတက်ရန် စည်းကမ်းသတ်မှတ်ထားသည်။

လောင်းလှော်သားများ

ဆယ့်သျှစ်ယောက်စီးရသည့် (၆) လံ ပြိုင်းလောင်းမှာဆိုလျှင် နောက်ဆုံးက တက်မကိုတဦး၊ တက်မကိုင်ရှိက ပဲ့ထောင်နှစ်ဦး၊ ရှိတွင် ဦးစီဦးပေါက်ခေါ်သည့် ပန်းဆွဲတဦး၊ ဦးစီးနောက်က "လိုင်ဆစ်တောင်ဖျံ" ခေါ်သည့် ဦးထောင်စီးနှစ်ဦး၊ ကျန်ဆယ့်နှစ်ဦးမှာ တပင်းကန်နှစ်ယောက်တတွဲစီ အလှော်သမား (၆) ဆိုင်းထိုင်ရသည်။ (၁၆) လံ ပြိုင်လောင်မှာဆိုလျှင် လူလေးဆယ်ယောက် တက်စီးရသည်။ လောင်းလှော်သားများမှာ အဝတ်ဆင်တူ၊ ဂေါင်းပေါင်းစွန်ထောင်၊ ရင်စည်း၊ စလွယ်သိုင်း၊ ရင်သိုင်းအမျိုးမျိုး ဝတ်ဆင်ရသည်။ လောင်းလှော်သူများသည် ဦးစီးတက်ချသည်ကိုကြည့်၍ တက်ညီအောင်လိုက်လှော်ရသည်။ ဦးစီးလုပ်သူက တက်လှော်သည်ကို ကြီးကြပ်ရသကဲ့သို့ ပဲ့ကိုင်ကလည်း လောင်းတည့်တည့်လာားအောင် တာဝန်ယူရသည်။

ဦးစီးလုပ်သူမှာ အလွန်တော်ဖို့လိုသည်။ ကိုယ့်လောင်းအလားအလာကိုကြည့်ပြီး တက်ချရသည်။ ပြိုင်လောင်းတာအထွက် တက်ကိုရီမြှုပ်ပြီး အရှည်ဆွဲလှော်ခတ်ကာ ပန်းအဝင် တက်ကို သွက်သွက်ယင်ယင်လှော်ရသည်။ တနည်းဆိုလျှင် ပြိုင်လောင်းယင်ဖို့အင်အားမှာ ဦးစီး၏လှုပ်လျှားမှုအပေါ်၌ တည်သည်။ ပြိုင်လောင်းအသျှိန်ယူ၍ တာထွက်လာသည့်အခါ မတိမ်းမစောင်းရန် အရေကြီးသည်။ တာအထွက်တွင် လောင်းဦးစီးလုပ်သူက စောင်းလိုက်မည်ဆိုလျှင် ပြန်၍တည့်အောင်လုပ်ရသဖြင့် အချိန်ကြာတတ်ပြီး နောက်ကျကျန်ရစ်မည်ကို စိုးရိမ်ရသည်။

ပြိုင်လောင်းလှော်၍ အင်တန်အသျှိန်ရလာသည့်အခါ အပြီးမြန်၍မှန်လာသည့်အခါ တက်မကိုင်လုပ်သူက တက်မကို ရီထဲနစ်ရုံလောက်ရာ ချထားလေ့ဟိသည်။ တော်သည့်ကျွမ်းသည့် တက်မကိုင်များဆိုလျှင် တက်မကိုရီပေါ်ဖော်၍ ယူလာတတ်သည်။

ထို့ကြောင့်

"ကိုးစိပ်ကိုးလံ၊ ကိုးပင်းကန်
ကျင်သန်တိရာ တက်ပျာစီးလို့
မဟာလောင်းကြီးထွက်လို့လာ
ဇမ္ဗူဒီပါ လက်ယာကျွန်းမှာ
ထွန်းရေနီလ ပုံပမာ
သတင်းကြေညာ နာမည်ကြီး
ပြိုင်လောင်းဦးစီး "ဆရာအောင်"
သူကရှိဆောင် လမ်းညွှန်ပြလို့
ပြိုင်လောင်းဝမ်းမ ပင်းကန်မှာ
ရှိနောက်ဘယ်ညာ နီရာစိအောင်
လူစိတက်စိ ထိုင်ပြီးသကာ
ဦးစီးဆရာ ချရေတက်နှင့်
မပျက်မကွက် ညီညီညာ
ရီပန်းဖွားအောင် တက်ကိုစွဲလို့
တဟုန်တည်းနှင့် ထွက်လီခါ
ပြိုင်လောင်းပဲ့မှာ "ဆရာထွန်း"က
ရပ်စောက်ထလို့ ရှိကိုမျှော်
သူ့လက်စွဲတော် ထိုတက်မကို
မြာဒင်ထက်က နောင်းနောင်းကိုင်
မယိမ်းမယိုင် လှီမစောင်းအောင်
ဖြောင့်ဖြောင့်တန်းတန်း ကိုင်လို့လာ
ဇာသူတခါ ပြိုင်ဝံ့ဖို့လဲ
အပွဲပွဲ နွှဲလို့လာ ယှုံးရေဆိုစွာ သူရို့မသိ”

ဟူ၍ "ကျင်သန်" ခေါ်လူသန်များစီးသော မဟာလောင်းကြီးမှာ နာမည်ကြီးသည့် ဆရာအောင်က လောင်းဦးစီး၊ ပဲ့ကိုင်မှာ နာမည်ကျော်ဆရာထွန်းဖြစ်သည့်အကြောင်း၊ လူစိတက်စိလှော်လာသည့်ဤမဟာလောင်းကြီးကို ဇာသူပြိုင်ဝံ့ပါမည်နည်းဟု သံကျပ်ထိုးထားခြင်းဖြစ်သည်။

လောင်းပြိုင်ပွဲ ကျင်းပပုံ

ပြိုင်လောင်းပွဲကို ရပ်ရွာအချင်းချင်း (သို့မဟုတ်) မြို့နယ်ခရိုင်အလိုက် ကျင်းပလေ့ဟိသည်။ ရာသီပွဲအဖြစ်သာမက ဘုရားပွဲ၊ မင်းပွဲစိုးပွဲများနှင့်တွဲဖက်၍လည်း ကျင်းပသည်။ ပြိုင်ပွဲဝင်မည်ဆိုလျှင် မပြိုင်ခင်ကပင် ရွာသျှင်မ၊ ချောင်းသျှင်မများကို လောင်းဦးခိုက်ပြီး အတီးအမှုတ်၊ အဆိုအကများဖြင့် ပ,သပူဇော်လေ့ဟိသည်။ လောင်းပြိုင်ပွဲကို ချောင်းများ၌ ကျင်းပလေ့ဟိပြီး ဖျားရီကမ်းနဖူးပြည့်နီသော လဆန်းစ၊ လဆုတ်စအခါများ၌ ကျင်းပသည်။

လောင်းပြိုင်ပွဲကို ဖြားတလတ်ထောက်တက်သော မိုးထက်သား (၁၀) ချက်တီး၊ (၁၁) ချက်တီးလောက်ကအစပြုပြီး ဖြားကျချိန် ညဇာ (၃-၄) ချက်တီးခန့်လောက်တွင် အဆုံးသတ်သည်။ ပွဲကို (၃) ရက်အထိ ကျင်းပသည်။ နိုင်သူအား နောက်ဆုံးနိမှာ ရွှေလောင်းနှင့် အောင်ဆုအောင်လံကို ချီးမြှင့်သည်။ ရပ်ရွာလူကြီးများကို ဒိုင်လူကြီးများအဖြစ် ရွီးချယ်တင်မြှောက်လေ့ဟိသည်။ အငြင်းမပွားရအောင် အရပ်ရပ်ကပြိုင်လာသည့် လောင်းဦးစီးများစုပေါင်းဆွေးနွေးပြီး စီစဉ်ရသည်။ ဆုံးဖြတ်ရသည်။

ပြိုင်လောင်းပြိုင်ပွဲအတွက် တာအထွက်အစကကပင် အဆုံးပန်းဖူးတိုင်အကွာအဝီးကို သတ်မှတ်ထားရသည်။ ပြိုင်သည့်အခါ ရိုးရာဓလေ့အတိုင်းဆိုလျှင် တာအညီထွက်နိုင်ရန် သံတုံးကို စင်မြင့်က ကြိုးနှင့်ဆွဲပြီး ရီကိုချ၍ အချက်ပီးရသည်။ ယခုအခါ ခေတ်အလျှောက် သေနတ်ပစ်ဖောက်သည်။ ပန်းဖူးအဝင်မှာလည်း အနိုင်အယှုံးကို စက်ဖြတ်ပန်းဆွဲနည်းဖြင့် ဆုံးဖြတ်လေ့ဟိသည်။

စက်ဖြတ်နည်းမှာ လောင်းဦးကဓားကိုစိုက်ထားလျှက် ပန်းဖူးက တားထားသည့်ကြိုးကို အလိုအလျောက်ဖြတ်လားသည်နှင့်တပြိုင်နက် ပန်းဖူးမှာညွတ်ကျလာပါသည်။ ပန်းဆွဲမှာ ဝါးလုံးကိုဖောက်ပြီး ကြိမ်နွယ်တခုခုထိုးသွင်းထားသည်။ ယင်းကို ဦးစီးပန်းဆွဲအစ လောင်းသမားရို့အထိ ဆွဲယူရပါသည်။ ဤသို့ ပန်းဖူးကိုစီစဉ်ထားပြီး အနိုင်အယှုံးဆုံးဖြတ်သည်။

ပြိုင်လောင်းသံကျပ်ကြီး
-------------------------------
ပြိုင်လောင်းနိမှာ ချောင်းကမ်းပါးတဘက်တချက်တွင် ရပ်ရွာအလိုက် မဏ္ဍပ်များထိုးပြီး ဧည့်ခံကျွေးမွီးသည်။ ကမ်းထောင်းအပြည့် ပရိသတ် စည်ကားလှသည်။ မိမိရို့ရပ်ရွာ၌ ရှိသမျှလောင်းလှီများနှင့် ချောင်းရိုးတလျှောက် ပြည့်ကျပ်နီအောင် ပွဲကြည့်ပရိသတ် များပြားလှသည်။ တချို့မှာ နပျိုးပင်များကိုဖောင်လုပ်၍ ကြည့်တတ်သည်။

လောင်းပြိုင်ပွဲမစမှီ ကိုယ့်ရွာကိုယ့်လောင်းဂုဏ်ပုဒ်ကိုဖော်ထုတ်၍ သံကျပ်ကြီးများ ထိုးလေ့ဟိသည်။ အိုးစည်ဗုံမောင်းတီးမှုတ်ပြီး သံကျပ်ကြီးများထိုးသည်မှာ အလွန်သာယာနာပျော်ဖွယ်ကောင်းသည်။ သံကျပ်ကြီးများကို "ပြိုင်လောင်း သံကျပ်ကြီးများ" ဟု ခေါ်တွင်လာလတ်သည်။ ပြိုင်လောင်းပွဲများမှာ သံကျပ်ကြီးများပေါ်ပေါက်လာသည့် အောက်ခြီရီသောက်မြစ်များဖြစ်သည်ဟု ယူဆရသည်။

ပြိုင်လောင်းမပြိုင်မှီ "လှီစိုင်း" လည်းပြုသည်။ မြင်းစိုင်းသည့်သဘော ကမ်းထောင်းတလျှောက် သံကျပ်ကြီးများထိုးကာ အသာအညင် လူးလာခေါက်ပြန် ကခုန်တီးမှုတ် လှော်ခတ်လားကတ်သည်မှာ ပျော်စရာပကတိဖြစ်သည်။ နားထောင်၍ စိတ်ကြွစီသည်။ လောင်းသမားအချင်းချင်း မိမိဂုဏ်ပုဒ်ဖော်၍ သံကျပ်ထိုးသည်များကို အနည်းငယ်ဖော်ပြပြီးဖြစ်သည်။ သံကျပ်ကို ပြိုင်လောင်းသမားအချင်းချင်း ထိုးသည်သာမဟုတ်၊ ပွဲကြည့်ပရိသတ်ကိုပါ စောင်းချိတ်ထိုးလေ့ဟိသည်။

''ဂေါင်းပေါင်းထီထီး ဘကြီးလေ
ကျန်းခန့်သာ မာပါယင့်လား
မိတ္တာဟိလို့ မီးစွာရာ
စိတ်ဆိုးမာန်ပါ မဟိပါကဲ့။

နှခွမ်းဗက်လန် ကန်တော်ကြီးနှင့်
ပြိုင်လောင်းကြည့်ဖို့ လာလတ်တေ
မောင်ရို့လှော်မည် အားမငယ်ကဲ့။

ပြိုင်လောင်းလှော်လို့ လက်မောင်းနာ
တချက်ဖျစ်ပါ အိုမမရို့။

မက္ကလာကို ဂေါင်းမှာဆောင်း
ကမ်းထောင်းထက်က အရီးလေ
သမက်လောင်းချေ နိုင်စီကြောင်းကို
ဆုမွန်တောင်းဖို့ ကောင်းပါရေ။

ကညာပျိုချေ အိုမမရို့
ကမ်းထောင်းထက်က လူးကျမည်
စေတနာနှင့် ပြောခပါယင့်။ ” စသည်ဖြင့်ဖြစ်သည်။

လက်လံအလိုက် ယှဉ်ပြိုင်ရေးအစီအစဉ်များကို လူကြီးများက စီစဉ်ပီးရသည်။ အနိုင်ရသည့် ပြိုင်လောင်းများကို နောက်ဆုံးနိ၌ ရွှေမောင်းငွေမောင်းများနှင့် အောင်ဆုအောင်လံ ချီးမြှင့်သည်။ နောက်ဆုံး ဆုရသည့်ပြိုင်လောင်းဦးစီးက ရွှေမောင်းကိုဆွဲ၍ လှီတော်သားများက အောင်လံကိုင်ပြီး ချောင်းရိုးတလျှောက်စုံဆန်စိုင်းလျှက် ကခုန်တီးမှုတ်သီဆိုကာ ပရိသတ်အားနှုတ်ဆက်လေ့ဟိသည်။

လူထုပွဲလမ်းသဘင် လယ်သမားလုပ်သားများ၏ ပွဲလမ်းသဘင်၊ စုပေါင်းညီညွတ်လုပ်ဆောင်မှ အောင်သည့် ပွဲလမ်းသဘင်ဖြစ်သည်။ ရခိုင်ပြိုင်လောင်းပြိုင်ပွဲကို ရိုးရာမပျက် အစဉ်အမြဲကျင်းပနိုင်စီရန် တောင့်တမျှော်လင့်ကာဖြင့် နိဂုံးချုပ်လိုက်ပါသည်။

(အစံမောင်)
http://arakanmagazine.blogspot.com
.

13.11.10 | Posted in , , | Read More »

ရွှေနန်းသခင် စန္ဓသုဓမ္မရာဇာ

ရွှေနန်းသခင် စန္ဓသုဓမ္မရာဇာ ၊ ၁၀၁၄
ရခိုင်ပိုင် ပြန်ဖို့ဆိုကေ
ရွှေနန်းသခင် စန္ဒြသုဓမ္မရာဇာ ၊ ၁၀၁၄ ( ၁၆၅၂ အေဒီ )
. ဒေပုံကို ရရှိရေနိန်ရာ
Ref and Source
http://www.michigancoinclub.org/burma.html


...............
ရှေးမြန်မာ ဘလော့မှ

...
ရခိုင်နန့် ပြန်ဆိုထားပါသည်။
.

12.11.10 | Posted in , , | Read More »

ရခိုင် ဒင်္ဂါးပြား

ဗိတိလျှ ပြတိုက်၊ လန်ဒန် က အဓိကထားပြီးပြောချင်တာက မြန်မာ (ပျူ ) ဒင်္ဂါးတွေဟာ ရခိုင်တွေကတဆင့်နည်းယူတယ်။ ရခိုင်တွေက တစ်ခါ ဘင်္ဂလား ဒင်္ဂါး တွေ ကမှ နည်းယူပါရေ။ ဘင်္ဂလားတွေက နိပေါ တွေဆီကနည်းယူပါရေ။
. မြန်မာ သမိုင်းပညာရှင်၊ ရှေးဟောင်းသုတေသနပညာရှင်တိ၏ အယူအဆတိနန့် အတော်ကြီးကွဲလွဲလားခပါဗျာလ်။ မြန်မာ သမိုင်းပညာရှင်၊ ရှေးဟောင်းသုတေသနပညာရှင်ရို့၏ မှန်းဆချက် ကမ္ဘောဒီးယား " ဖူနန်" မှာ ၃ ရာစုကတည်းက ဟိန္ဒူ ကိုးကွယ်ယုံကြည်မှုအမှတ် လက္ခဏာတွေပါရှိရေ ဒင်္ဂါး သွင်းလုပ်သုံးစွဲနိန်ဂါတ်ပါဗျာလ်။

ခရစ်နှစ်ဦးကတည်းက " ဖူနန်" ကနေ မဲနန်မြစ် ၊ သံလွင်မြစ်၊ စစ်တောင်းမြစ်တွေကိုဖြတ်ပြီး ပျူရို့၏မြို့တော် ဗိသဏိုး၊ သရေခတ္တရာ တွေကမှတဆင့် ရခိုင် ဝေသာလီ အထိရောက်၊ နောက်ဆုံး အန္ဒိယအထိ ရောက်ခရေ ကုန်သွယ်လမ်းမကြီးစွာ မြန်မာ မြောက်ပိုင်းက " ပိုး " လမ်းနန့်အပြိုင်ရှိခဂါတ်ပါရေ။
Add caption
ဒေပိုင် လက္ခဏာတွေပါရှိရေ ဒင်္ဂါး တွေကိုလည်း ဒီလမ်းတောက်လျှောက် အရေအတွက် တော်တော်များများနတွီရပါရေ ရခိုင်မှာအစောဆုံး နိန်ထိုင်ခရေ တိဘက်မြန်မာအနွယ်ဝင်တိပါ။ အစကနဦးမှာ အန္ဒိယ မြောက်ပိုင်း ဟိန္ဒူ ကိုးကွယ်ယုံကြည်မှုကို ခံယူခပါရေ အထူးသဖြင့် "သီဝ" (Shiva ) နတ်ကိုကိုးကွယ်ပါရေ။

ရခိုင်မင်းတိ ကိုယ်တိုင်းကလည်း ကုလားဘွဲ့ အမည် " စန္ဒြ " ( Chandra ) ကိုနှစ်သက်ခံယူခဂါတ်ပါရေ။ မင်းတစ်ပါး နန်းတက်တိုင်း ယင်းမင်းဘွဲ့ နာမည်ပါရေ ဒင်္ဂါး အသစ်သွင်းလုပ်ပြီး ငွေသားအဖြစ် အသုံးပြုဂါတ်ပါရေ။

အစောဆုံး ဒင်္ဂါး လို့ပြောနိုင်စွာက " ဒေဝစန္ဒြ" ( ခရစ် ၄၅၄-၄၇၆ ) ဒင်္ဂါး။
နောက်ထပ်တွီရရေ မင်းဘွဲ့ အမည်ပါ ဒင်္ဂါးတိပါ။
နိတိစန္ဒြ ( ၅၂၀ - ၅၇၅ )
ဝိရုစန္ဒြ ( ၅၇၅-၅၇၈ )
ပရိတိစန္ဒြ ( ၅၇၈-၅၉၀ )
ပတွိစန္ဒြ ( ၅၉၀-၅၉၇ )
ဒတိစန္ဒြ ( ၅၉၇-၆၀၀ )
ဓမဝိဇယ (၆၆၅-၇၀၁ )
ဓမစန္ဒြ ( ၇၀၄-၇၂၀) ဒင်္ဂါးပြားစာရင်း ကို ( မြန်မာသမိုင်းပုံ ၊ ဒေါက်တာသန်းထွန်း ) ကူးယူဖော်ပြသည်။
( ရခိုင်ဒင်္ဂါးတွေ ကိုအရင်က တွေ့ဖူးခပါရေ စာကိုဖတ်လိုကမရလို့ မင်းဘွဲ့နာမေတိကို မသိရပါသိ။
ရခိုင်လူမျိုးတိစွာ ၆ ရာစုနှစ်ဦးလောက်မှာ ဗုဒ္ဓဘာသာကို ပြောင်းလဲ ကိုးကွယ်ယုံကြည်နိန်ခဂါတ်ဗျာလ် လို့ပညာရှင်အများစုက ခန့်မှန်းဂါတ်ပါရေ။ ယေကေလေ့ ဒင်္ဂါပြားပေါ်မှာ ဒီလို ဗြာဟ္မဏ အယူဝါဒဆိုင်ရာ မှတ်လက္ခဏာတိစွာရေ ဇာမင်းဆက်တိ၊ ဇာရာဇုက စပြီးကေ မပါဗျာလ်လေ ဆိုစွာကို ပြောပြဖို့တွက် ကောင်းစောနိန်သိပါရေ။
ကျွန်တော်စုစောင်းထားရေအထဲက အစောဆုံး ဒင်္ဂါပြားတိပေါ်မှာ ဗြာဟ္မဏ အယူဝါဒဆိုင်ရာ မှတ်လက္ခဏာတိ မပေါရေ ဒင်္ဂါပြားစာရင်းကိုကြည့်ပါ။
မင်းဘွဲ့နာမေတိရာကို ဒင်္ဂါးပြားနန့် အပြည့်ရွီးထိုးပြီးကေ သွန်းခရေစီခရေလို့ ကောက်ချက်ချနို်င်ပါရေ။
စန္ဒသူရိယ ( ၁၇၃၁- ၁၇၃၄ ) ဒင်္ဂါပြားပေါ်မှာ ဘွဲ့အရှည် အရှင်ရွှေနန်းသခင် စန္ဒသူရိယ ရာဇာ ၁၀၉၃ လို့တွီ ရ။

နာရပဝါယ (၁၇၃၅-၁၇၃၆ ) ဒင်္ဂါပြားပေါ်မှာ ဘွဲ့အရှည် အရှင်ရွှေနန်းသခင် နာရပဝါယ ရာဇာ ၁၀၉၅ လို့ တွီ ရ။

စန္ဒဝိဇလ ( ၁၇၃၆ ) ဒင်္ဂါပြားပေါ်မှာ ဘွဲ့အရှည် အရှင်ရွှေနန်းသခင် စန္ဒဝိဇလ ရာဇာ ၁၀၉၅ လို့ တွီ ရ။

မဓရာဇ် ( ၁၇၃၇-၁၇၄၂ ) ဒင်္ဂါပြားပေါ်မှာ ဘွဲ့အရှည် အရှင်ရွှေနန်းသခင် မဓရာဇ် ရာဇာ ၁၀၉၉ လို့ တွီ ရ။

၁၇၃၁ ထက်အစောပိုင်း ကာလ ဒင်္ဂါပြားတွေအများကြီးရှိနိန်သိပါရေ ၁၇၄၂ နောက်ပိုင်း ဒင်္ဂါပြားတွေလည်းအများကြီးကျန်ရှိနိန်ပါရေ။

စာတိကိုဖတ်လို့ ရဗျာလ်ဖြစ်လို့ ပုံတိကို နောက်ပိုင်းမှာ စာတိနန့် တွဲပြီးကေ တင်ပီးပါမေ။ တစ်ချို့ပုံကောာင်းတိက သက်ဆိုင်ရာ website / blog နန့် ကိုယ်ပိုင်စုစောင်းထားသူတွေဆီက တောင်ကေလေ့ အကြောင်းမပြန်ပါ။

တချို့တိကတော အတုတိဖြစ်နိန်လို့ နည်းနည်းချေလောက် စီစစ်ရပါဖို့သိ။
ရခိုင် ဒင်္ဂါပြားဟာ ရခိုင်ရာဇဝင်နန့် တွဲနိန်ရေ အကောင်းဆုံးခေတ်ပြိုင် အထောက်အထားဖြစ်လို့ အင်မတန် တန်ဖိုးကြီးပါရေ။ ကျောက်စာတိ တွီ၇ပါရေ။ ယကေလေ့ အရေတွက် နည်းပါသိရေ ရခိုင် ဒင်္ဂါပြားတိကို သေသေချာချာ စ ၊ လယ် ၊ ဆုံး သုံးပါးစလုံးပြောဖို့ရာ ပြည့်စုံရေ သုတေသန အထောက်အထားမရသိပါ။

ဒေါက်တာသန်းထွန်း၏ မြန်မာသမိုင်းပုံ စာတမ်းမှာ ဖော်ပြထားစွာက ရခိုင်လူမျိုးတိစွာ ဂုပ္တ အက္ခရာကို အသုံးပြုပြီး သကတ္တဘာသာနန့် ရွီးရေဂါတ်တေ။ ရခိုင်ဒင်္ဂါးက ( နန္ဒီ ) " နွား" အပေါ်မှာရေးထားရေစာစွာ သက္ကတ ဂုပ္တ အက္ခရာလို့ ပါဘာရေ ဒေအချက်တိကို သတိထားပြီးကေ မမှန်လို့ ပြောလို့ပါဖို့။( နန္ဒီ ) " နွား" အပေါ်မှာရွီးထားရေ စာစွာ ဗြဟ္မဏီစာ ဖြစ်ပါရေ။

ဒီပိုစ်မှာ ရွီး၇ရေ အကြောင်းအရာတိနန့် ပတ်သတ်လို့အမှား ၊ အမှန် တွေအားလုံး ကျွန်တော်တာဝန်ယူပါရေ။ ရခိုင် ဒင်္ဂါပြားနန့် ပတ်သက်တဲ့ အကြောင်းရာ စုစောင်းမှုဟာအခုမှ ထိုတစ ဒေတစရာ ရှိပါသိရေ။၊ ကြိုက်တေပိုင် ဝေဖန်ပြီးကေ ထောက်ပြနိုင်ပါရေ။

.......
ရှေးမြန်မာ ဘလော့မှ

...
ရခိုင်ဘာသာသို့ ပြန်ဆိုထားသည်။
.

12.11.10 | Posted in , , | Read More »

နိတိ စန္ဒြ ရခိုင် ဒင်္ဂါးပြား

အမျိုးအစား - နိတိ စန္ဒြ ( NantiChandra ) အမည်ပါ ရခိုင် ဒင်္ဂါးပြား ။
အလေးချိန် - ၇.၃၉၀ ဂရမ်
အရွယ်အစား - ၃၁ မီလီမီတာ (mm ) ပြတိုက်ပစ္စည်း အမှတ် - CM 1984-5-10-1
ပြတိုက်အခန်း အမှတ်- အခန်း ၆၈၊ ငွေကြေး ပြခန်း
လက်ရှိတည်နေရာ - ဗြိတိလျှ ပြတိုက်၊ လန်ဒန်
အချိန်ကာလ - ၈ ရာစု
တွီရှိရာနေရာ - မြန်မာ
. အစောဆုံး မြန်မာ (ပျူ ကိုရည်ရွယ် ) ငွေဒင်္ဂါးတွေဟာ ဗုဒ္ဓဘာသာဝင် ရခိုင်ပြည်ကဆင်းသက်ရေ။ မြန်မာတိစွာ ငွေသတ္တုရင်းမြစ်ပေါကြွယ်ရေပိုင် အနီး ပတ်ဝန်းကျင် ဒေသတိနန့်လည်း ခိုင်မာရေ ကုန်သွယ်ရောင်းဝယ်မှုတွေရှိခပါရေ။ယင်းတွက်ကြောင်း ငွေဒင်္ဂါးတိကို သွန်းးလုပ်အသုံးပြုလာဂါတ်ပါရေ။ ငွေဒင်္ဂါးပြား အမှတ်တံဆိပ်တွေကိုတေm ဘင်္ဂလားနန့် ကပ်နိန်ရေ ရခိုင်က ဒင်္ဂါးတွေပြဆိုပါရေ။ ဘင်္ဂလား ဒင်္ဂါးတွေက နိပေါ " ပသုပတိ " Pashupati (၇-၈ ရာစု) ဒင်္ဂါးတွေ ကို အတုယူပြီ သွန်းလုပ်ခပါရေ ။
ဒင်္ဂါး မျက်နှာစာမှာ ( နန္ဒီ ) " နွား" လက္ခဏာတွေ့မယ်။ နွား၏ အပေါ်မှာ ဗြမဏီ အက္ခရာနန့်ရွီးထားရေ မင်း ဘွဲ့နာမည်ရှိပါရေ။ ဒင်္ဂါး၏အခြား တဘက်မှာတော သီရီဝစ္ဆ (အိမ်မွန် ) ရှိပါရေ။ သီရီဝစ္ဆ (အိမ်မွန် )၏ အပေါ်မှာ"နေ နန့် လ " ကိုတွေ့ရပါရေ။ သီရီဝစ္ဆ (အိမ်မွန် )အတွင်း၊ အလယ်တည့်တည့်မှာ အပေါ်ကို ထောင်နိန်ရေ အရာက သီဝ နတ်မင်းကိုးကွယ်မှုဆိုင်ရာ အမှတ်လက္ခဏာ ဖြစ်တေ “ လင်္ဂ “။
အမှတ်လက္ခဏာရို့ အဓိပ္ပါယ် တွေကို အနက်ဖွင့်ဖို့ဆိုကေ Cribb, B. Cook and I. Carradice, The coin atlas (London and Sydney, Macdonald Illustrated, 1990) ကို ကိုးကားသည်။

..........
ရှေးမြန်မာ ဘလော့မှ

........ရခိုင်ဘာသာသို့ ပြန်ဆိုထားသသည်။
.

12.11.10 | Posted in , , | Read More »

ရွှေနန်းသခင် စန္ဒ ဝိဇယ ရာဇာ

၁၀၇၂ (၁၇၁၀ အေဒီ)
ရွှေနန်းသခင် စန္ဒ ဝိဇယ ရာဇာ
ဟိန္ဒုအယူဝါဒ ကိုးကွယ်ယုံကြည်မှူ့ဆိုင်ရာ အမှတ်လက္ခဏာ မပါရေ ရခိုင် ဒင်္ဂါးစာရင်း။
???? = ရှိနေနိုင်သေးတဲ့ ဒဂါင်္းတွေကိုရည်ရွယ်တယ်။
ဒီစာရင်းဟာ သုတေသန အဆင့်မှီစာရင်း မဟုတ်သိပါ။
. ?????
နာရဒိပတိ ဦးရီးတော် မဟာနန္ဒဘရ ၊ ၆၆၀ ( ၁၂၉၈ အေဒီ )
???
ဆင်ဖြူရှင် နာရဓိပတိ စောလှိုင်သျှင် ၊ ၉၆၃ ( ၁၆၀၁ အေဒီ )
?????
ဆင်ဖြူသခင် ဆင်နီသခင် မင်းတရားကြီး ဦး လျှောင်းရှာ့ ၊ ၉၈၁ ( ၁၆၁၉ အေဒီ )
ဆင်ဖြူသခင် ဆင်နီသခင် သီရိဓမ ရာဇာ ၊ ၉၈၄ ( ၁၆၂၂ အေဒီ )
ဆင်ဖြူသခင် ဆင်နီသခင် နာရဓိပတိဂြီ ၊ ၁၀၀၀ ( ၁၆၃၈ အေဒီ )
ဆင်နီသခင် ဆင်ဖြူသခင် သတိုးမင်းတရားကြီး ၊ ၁၀၀၇ ( ၁၆၄၅ အေဒီ)
ရွှေနန်းသခင် စန္ဒ ဝိဇယ ရာဇာ ၁၀၇၂ ( ၁၇၁၀ အေဒီ )
အရှင်ရွှေနန်းသခင် စန္ဒသူရိယ ရာဇာ ၁၀၉၃ ( ၁၇၃၁ အေဒီ )
အရှင်ရွှေနန်းသခင် နာရပဝါယ ရာဇာ ၁၀၉၅ (၁၇၃၅ အေဒီ )
အရှင်ရွှေနန်းသခင် စန္ဒဝိဇလ ရာဇာ ၁၀၉၅ ( ၁၇၃၃ အေဒီ)
အရှင်ရွှေနန်းသခင် မဓရာဇ် ရာဇာ ၁၀၉၉ ( ၁၇၃၇ အေဒီ )
ရွှေနန်းသခင် စန္ဒြသုဓမရာဇာ ၊ ၁၀၁၄ ( ၁၆၅၂ အေဒီ )
??????
ရွှေနန်းသခင် အဘရ မဟာရာဇာ ၊ ၁၁၂၆ ( ၁၇၆၄ အေဒီ )
ရွှေပြည်သခင် ဓမ္မရာဇဓိရာဇာ ၊ ၁၁၄၀ ( ၁၇၇၈ အေဒီ)
ရွှေနန်းသခင် မဟာသမတရာဇာ ၊ ၁၁၄၄ ( ၁၇၈၂ အေဒီ )
????
ကုလ မဟာရာဇာ ( ခုနှစ် မသိရသေးပါ)


Add caption
ဒီ ဒင်္ဂါးပုံကို ရထားတာကြာပါပြီ။ စာလုံးတချို့ တစ်ချို့စာလုံးတိ မုံဝါးဝါးနန့် ပျက်စီနိန်ရေအတွက် ဖတ်ရစွာ ကောင်းမသေချာနိုင်ပါ။ ၊ အတုတိဖြစ်နိုင်ဖို့လား သံယတိ ရှိနိန်လိုက မတင်ဖြစ်စွာ ကောင်းကြာနိန်ဗျ စကားလုံးသတ်ပုံ အယူအဆ၊ အဆွဲ ၊ ကောက်ကြောင်း အရ အစစ်လို့ရဲရဲပြောနိုင်ပါပြီ။
စိတ်ဝင်စားတဲ့လူများ ပုံရော စာပါ ယူသုံးနိုင်ပါပြီ။

............
ရှေးမြန်မာ ဘလော့မှ.
....>>>>
ရခိုင်ဘာသာသို့ ပြန်ဆိုထားသသည်။
.

12.11.10 | Posted in , , | Read More »

ဒင်္ဂါးရှာပုံတော်

   ရခိုင် ဒင်္ဂါးကိုလာကြည့်ရေလူတိအများကြီးရှိရေသိရပါရေ။
ဒီပုံစံကိုဘလော့တိုင်းမှာ များများမှာ မြင်ဖူးကြပါလိမ့်မယ်။မူရင်းက နေး ဆိုယ်ဝါဒ် ဒီဒီ ( Neil Sowards, D.D.) ၏ မြန်မာပြည် ဒင်္ဂါးရှာပုံတော်( Coin Hunting in Myanmar (Burma) ) ဆောင်းပါးပါ။
. ရ မူရင်းစာရေးသူမှာ ခရစ်ယာန် သင်းအုပ်ဆရာဖြစ်ဟန်နန့်တူပါရေ။ ရှေးဟောင်းရှားပါး ဒင်္ဂါး( ငွေအကြွေစိ ) စုစောင်းသူလည်းဖြစ်ရေလျှောက် မြန်မာပြည်ရောက်တေ အခါတိုင်း ဒင်္ဂါးရှာပုံတော်ဖွင့်ကြည့်ဖူးပါရေ။.မြန်မာပြည်ကို အသင်းတော်ကိစ္စနဲ့ ၁၃ ခေါက်ရောက်ဖြစ်တာရယ် ၊ သင်းအုပ်ဆရာတည်အတွက်ကြောင်း မြန်မာအကြောင်း သင့်တော်သလောက် သိရေလို့ထင်ပါရေ။
သူပြောပြလို့ ယင်းခေတ်က ရှေးဟောင်းပစ္စည်ရောင်းဝယ်ပုံကို စိတ်ဝင်စားဖွယ်ဖတ်ရပါရေ။ စာရေးသူအဆိုအရ သူရောက်ခရေအချိန်တုန်းက ခန့်မှန်းလူဦးရေ ၄၅ သန်းလောက်ရှိရေ မြန်မာပြည်မှာ ဒေပိုင် ရှေးဟောင်းရှားပါး ဒင်္ဂါး အကြောင်းနှံ့နှံ့စပ်စပ်သိရေလူ( လေ့လာစုစောင်းသူ) ၅ ဦးထက်မပိုလို့ ဆိုခပါရေ။ ဒေပိုင်အချိန်တိမှာ မျိုးဆစ်သစ် လူငယ်တွေထဲမှာရော လေ့လာနိန်ဂါတ်တေ မျိုးဆက်သစ်လူငယ်တိ ဇာနှယောက်ရှိနိုင်ဖို့လည်းဆိုစွာကို မပြောပြနိုင်ပါ။

The people are wonderful and friendly နန့် အဆုံးသတ်ထားရေ သူ့ဆောင်းပါး၊ အကြောင်းရာနန့် အရေးသားကို ကြိုက်ပါရေ။ယေကေလေ့ သူရွီးခစွာကို ပြင်စရာတိ ရှိသိပါရေ။
Photo caption:
Top left: Kingdom of Pyu lead coin 500-800 AD, bird left.
Top right Kingdom of Funan, silver 190-550 AD, rising sun.
Center: Srekshetra silver 1/100 unit 750-832 AD unknown symbol
Bottom Right: Sanda Thudhamma Silver 1652 AD Burmese writing.
U. S. Dime is reference as to size.

ငှက်ပုံပါ သတ္တု ပုံစံခွက်ကို အေဒီ ၅၀၀-၈၀၀ ပျူ ဒင်္ဂါးလို့ပြောထားပါရေ။ မဟုတ်ပါ။ အိုးလုပ်စဉ် ပန်းပုံနန့် အစက်ပျောက်တွေ ပုံဖော်ရာမှာသုံခရေ တံဆိပ်တုံး ဖြစ်နိုင်ပါရေ။
တက်သစ်စ (နီ) ပုံပါ ဒင်္ဂါးကိုတော့ ကမ္ဘောဒီးယား ရှေးဟောင်း မြို့တော် ဖူနန် လို့ပြောထားပါရေ။ သီရိခေတ္တရာ မြို့ဟောင်း တူးဖော်စဉ် သီရိဝစ္ဆ ခေါ် အိမ်မွန်(Shrivetsa) ပုံပါ။ ဒင်္ဂါးအရွယ် ရွံ့ပြားပုံစံခွက် တွေ့ထားလို့ သီရိခေတ္တရာ မှာလည်း ထုတ်လုပ်နိုင်ဖွယ်ရာရှိပါခပါရ။ ဖူနန် ဒင်္ဂါး လို့တော့ အတိကျပြောလို့မရသိပါ။
အလယ်မှာရှိနေနိန်ရေ ရွှေ အပိုင်းစ ကလဲ ဒင်္ဂါးမဟုတ်ပါ။ သီရိခေတ္တရာ မြို့ဟောင်းက ရခရေ ရွှေထယ်အတော်များများကို မြန်မာပြည်မှာထက် ထိုင်း နန့် စင်္ကာပူမှာ အတွေ့ပိုများပါရေ။ လူကြိုက်လည်းများပါရေ။

၁၀၁၄ ( အေဒီ ၁၆၅၂ ) ခုနှစ် ရွှေနန်းသခင် စန္ဒသုဓမ္မာ အမှတ်တံဆိပ်ပါ။ ဒင်္ဂါးကတော ရခိုင်ဒင်္ဂါး ဖြစ်ပါရေ။
မူရင်း ဆောင်းပါးကို အောက်မှာပေးထားတဲ့ လင့်မှာသွားဖတ်နိုင်ပါရေ။

................
..................
ရှေးမြန်မာ ဘလော့မှ
.


ရခိုင်ဘာသာသို့ ပြန်ဆိုထားသည်။
.

12.11.10 | Posted in , , | Read More »

အချစ်ချေသို့

ငါ့နှလုံးသားနန့်
ရင်ခုန်သံတိကို
စည်းချက်ညီအောင်
စွမ်းဆောင်နိုင်ခရေ။
ငါ့ခံစားချက်တိကို
နူညံသိမ်မွေးအောင်လည်း
စွမ်းဆောင်နိုင်ခရေ။
. ငါ့အချစ်တိကို
မြင့်မားလာဖို့
သဇင်ပန်းပိုင်
သစ္စာစောင့်ထိန်းဖို့လည်း
စွမ်းဆောင်နိုင်ခရေ။
ငါ၏ရက်လနှစ်လတိကိုလည်း
ပြုံပန်းတိဝီဆာဖို့
ထမ်းဆာင်နိုင်ခရေ
ဒေချင့်တိစွာ
ငါ့ဘဝ၏သက်တန်းရောင်ပါ။
.

12.11.10 | Posted in , , | Read More »

မချေဖတ်ဖို့

ငါ့အချစ်က
ပင်လယ်နန့်တူပါရေ
ချစ်ကြည့်ကေ
အများကြီး
လေးနက်ပါရေ။
ငါ့အချစ်က
နှင်းစီနန့်တူပါရေ
အလှပတီနန့်
မင်းသိမ်းထားဖို့ဆိုကေ
အဖိုးအနဂ္ဃထိုက်ထန်ပါရေ။
. ငါ့အချစ်က
သမုဒ္ဒရာနန့်တူပါရေ
ချစ်ကြည့်ဖို့ဆိုကေ
အဆုံးရှိဖို့မဟုတ်ပါ။
ငါ့အချစ်က
ထောင်သားနန့်တူပါရေ
အချစ်ချေဘားမှာ
ငါ့နှလုံးသားကို
အကျဉ်းကျခံထားလို့ပါ။

12.11.10 | Posted in , , | Read More »

အမြဲတမ်းချစ်ဖို့

လေးလေးနက်နက်နန့်
ငါမင်းကိုချစ်တေ
မပြောပြနိုင်လောက်အောင်လည်း
ငါမင်းကိုချစ်တေ။
မင်းအသံချေတိကိုလည်း
ငါချစ်မိပါရေ။
မင်းကြင်နာမှု
မင်း၏နွီးထွီးမှု
မင်း၏အနန္တအပြုံတိကိုလည်း
ငါမြတ်နိုးပါရေ။
. ငါနှလုံးကို
နိန့်တိုင်းနိန့်တိုင်း
ပျှော်ရွှင်မှုတိတွက်
မင်းယူဆောင်လာတွက်လည်း
ငါမင်းကိုအမြဲတမ်းချစ်ပါရေ
ငါ့နှလုံးသားနန့်ရင်းဘနာချစ်စွာရာ
အချစ်ချေ။
.

12.11.10 | Posted in , , | Read More »

အချစ်ချေ

ကောင်းကင်ထက်မှာ
မင်းနာမေချေကို
ငါရွီးထားလိုက်တေ
ယေကေလေ့
လီမုန်တိုင်းတိုက်ခိုက်လို့
အဝီးကိုရောက်လားရေ။
အဲသောင်ပြင်ထက်မှာ
အချစ်ချေနာမေကို
ငါရွီးလိုက်တေ။
. ယေကေလေ့
လှိုင်းတံဖိုးတိမြင့်မားလို့
ပျက်စီလားရေဝေ။
ဒေဂုတောခါ
အချစ်ချေနာမေကို
ငါ့နှလုံးမှာရွီးထားလိုက်တေ
အမြဲတမ်းရှင်သန်အောင်တွက်လေ။

.

12.11.10 | Posted in , , | Read More »

ဝတ်ကြွီးတိလား

ငါံရို့မြီပြင်မှာ သယံဇာတိကြွေဝ
ရနံဂစ်တိထွန်းကား
သစ်သီဝလံတိဖြစ်ထွန်း
ဆန်ရီစပါးတိ
ပွါးများနိန်ယင့်ထော။
.

ဝတ်ကြွီးတိလား
ဝမ်းသားအားရ မိစ္ဆာကောင်တိက
ငါ့ရို့မြီပြင်ကို ခိုးနား
ရှက်ကြောက်မရှိ
သယံဇာတတိခိုးထုပ်
ဇျီးမှာတင်ရောင်း အမြတ်ရလို့
အားရဝမ်းသာ နိန်ဂါတ်ယင့်။
ဝတ်ကြွီးတိလား
ကမ္ဘာပေါ်မှာ
နိုင်ငံပေါင်း၂၀၀ကျော်
မြန်မာပြည်မှာ
သန်းငါးဆယ်ကျော်
ကမ္ဘပေါ်မှာ
သန်းခြောက်ထောင်ကျော်
ရခိုင်ပြည်မှာ
ငါးသန်းကျော်
အင်းအားကြီးနိုင်ငံတိက
အာဏာတိသုံးလို့
ရနံတိထုပ်တေနန့်
ဓါတ်ငွေ့တိ ထူးရေနန့်
အပူတိကြီးရေနန့်
ရီခဲတောင်တိပြိုရေနန့်
ဆူနာမီတိဖြစ်တေနန့်
မာလာမုန်တိုင်းတိုက်တေနန့်
နာဂစ်တိဖြစ်တေနန့်
လူတိသီရေလတ်။

ဝတ်ကြွီးတိလား
အသက်သွီးကြောက်တိ
ရှင်သန်တုန်းသိ
ရခိုင်မှာ ဂီရိတိတိုက်တေလတ်
အကြမ်းအားဖြင့်
လူတစ်ရာကျောက်သီရေလတ်
သိန်းနန့်ချီရေ ရခိုင်လူမျိုးတိ
ဒုက္ခရောက်တေနန့်
နီစရာတိရှားရေနန့်
ထမင်းတိငတ်တေနန့်
ရီတိငတ်တေနန့်
ဒုက္ခတိများနိန်ရေလတ်။

ဝတ်ကြွီးတိလား
ဝမ်းဝဂေါင်းထောင်
နအဖကောင်းတိ
ရီရောက်မြီပျောက် အစာငတ်လို့
လူမျိုးပျောက်လုဖြစ်နိန်ချိန်မှာ
ဒုက္ခရောက်နိန်ရေ ရခိုင်လူမျိုးစုကို
မျက်စိနောက်လို့လတ်
ဆက်သွယ်ရေးတိပြတ်တောက်
ကူညီမှုတိပိတ်ဆိုး
ဇိမ့်ပင်ကိုညောင်ပင်မျိုရေပိုင်
ဝမ်းဝဂေါင်းထောင်
နအဖကောင်းတိ
ဝမ်းသားအားရ
ထိုင်ကြည့်နိန်ဂါတ်တော။

4/11/1010
.

4.11.10 | Posted in , , | Read More »

ထင်မြင်ချက်ပီးလာသူများ

ပို့စ်တင်စချေတိ