။....။

လိုင်ရိုးတော်ဓါတ်သမိုင်း အခန်း (၃)

ဗြိတိသျှခေတ်ပေါက်တောမြို့နယ်

(ယခုဖော်ပြမည့်အကြောင်းအရာသည် ဗြိတိသျှခေတ်ဦးပိုင်း (၁၉၁၁) ခုနှစ်က ပေါက်တောမြို့နယ်မှ စီးပွားရေး၊ လူမှုရေး၊ ပညာရေးစသည့်အကြောင်းအရာများဖြစ်သည်။ ဤအကြောင်းကို မှတ်တမ်းတင်ခသူမှာ Mr. R. B Smart ဆိုသူဖြစ်ပါသည်။ သူ၏ရွီးသားချက်များကို Burma Gazetteer, Akyab District Volume (A) စာမျက်နှာ (၂၂၁-၂၂၂) တွင် တွိနိုင်ပါသည်။ ယင်းမှ ရွီးသားဖော်ပြချက်များကို အောက်ပါအတိုင်း ဘာသာပြန်ဆိုပြီး ဖော်ပြအပ်ပါသည်။

ပေါက်တောမြို့နယ်

မင်းပြားမြို့နယ်ခွဲတခုဖြစ်ပြီး ဧရိယာစတုရန်းမှာ (၆၅၆) မိုင် ကျယ်ဝန်းသည်။ (၁၉၁၁) ခုနှစ် စာရင်းအရ လူဦးရေမှာ (၄၅၃၅၀) ဟိပြီး (၄၀၃၇၁) ဦးမှာ ဗုဒ္ဓဘာသာဝင်များဖြစ်သည်။ အိန္ဒိယဇာတိနွယ်ဝင် (၄၃၄၁) ဦးဟိသည်။ ၁၈၇၇ ခုနှစ်တွင် ဦးရာဇ်တောင် အရှိမြို့နယ်ဟုခေါ်တွင်ပြီး မြို့ဟောင်း (မြောက်ဦး) မြို့နယ်ခွဲ အပိုင်းတပိုင်းအဖြစ် ဖွဲ့စည်းထားခသည်။ ၁၈၉၀ ပြည်နှစ်တွင် “ပေါက်တောမြို့” ဟူ၍ အမည်ပြောင်းလာပြီး (၁၈၉၁) ခုနှစ်တွင် စစ်တွေမြို့နယ်ခွဲ တခုဖြစ်လာသည်။ (၁၉၀၆) ခုဇန္န၀ါရီလ (၁) ရက်နိတွင် တဖန်ဖွဲ့စည်းပုံပြောင်းလဲသည်။.

မင်းပြားမြို့နယ်ခွဲဖြစ်လာသည်။ မြောက်ဘက်တွင် ကုလားပုန်းမြစ်၊ ဟင်းခရော်မြစ်နှင့်ဝင်းကျွန်းမြစ်ရို့သည် ပေါက်တောမြို့နယ်နှင့် မြို့ဟောင်းမြို့နယ်နယ်နမိတ်ကို ပိုင်းခြားထားသည်။ အရှိဘက်တွင်မူ ရဲတဲမြစ်၊ စွန်ရဲမြစ်၊ ကျွဲကူးမြစ်၊ ပေါက်ဆိန်ကျမြစ်ရို့မှာ မင်းပြားမြို့နယ်နှင့် နယ်နမိတ်ခွဲထားသည်။ တောင်ဘက်တွင်ကား ဟန်တာပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်ရို့ဟိပြီး အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်နှင့် ကုလားတန်မြစ် ဟိသည်။ ထိုမြစ်ရို့မှာ အနောက်ဘက် စစ်တွေမြို့နယ်နှင့် ပိုင်းခြားထားသည်။ ပေါက်တောမြို့နယ်တခုလုံးသည် မြီနိမ့်ပိုင်းတွင်တည်ဟိပြီး စိုက်ပျိုးရေးအတွက် ကြီးမားသောမြီဧရိယာများကို ဆားငံရီလွှမ်းခြင်းမှ ကာကွယ်ရန်အတွက် တာရိုးများကို တည်ဆောက်ထားရသည်။

ဘော်ဒလီရွာ (ဆင်တက်မော်)

ရွာကြီးတရွာဖြစ်ပြီး အိမ်ခြီ (၄၃၉) ဆောင်ဟိသည်။ လူဦးရေမှာ (၁၈၃၂) ဦးဟိသည်။ အလယ်ဖရုံကာကျွန်း၏ အနောက်ဘက် ဆင်တက်မော် မြစ်ကမ်းနဖူးပေါ်တွင်တည်ဟိသည်။ စစ်တွေမြို့နှင့် တောင်ဘက် (၇) မိုင်လောက်ကွာသည်။ ဆင်တက်မော်၏အမည်နာမသည် ပုံပြင်တပုဒ်နှင့်ဆက်စပ်၍ တည်ဟိသည်။ သို့ရာတွင် ယင်း၏ပုံပြင်မှာ ဒဏ္ဍာရီဆန်လွန်းသည်။ အိမ်ခြံဝင်းများတွင် စိုက်ပျိုးထားသည့်ကွမ်းသီးပင်များကြောင့် အရိပ်မြိုင်သည်။ ယင်းရွာတွင်နီထိုင်သော လူမျိုးနွယ်စု သုံးစုကို တွိရသည်။ ယင်းရို့မှာ ရခိုင်သားများ၊ စစ်တကောင်းသားများ၊ ခမီးများဖြစ်သည်။ ဆန်စပါးစိုက်ပျိုးလုပ်ကိုင်ရန် မြီများဟိသော်လည်း ကျွန်းရွာအတွက် လုံလောက်မှုကားမဟိပေ။

ကျောက်တောင်

ပိန္နဲချောင်းမြစ်၏လက်တက်တခုဖြစ်သော ရန်ပုချောင်းမြစ်ကမ်းနဖူးမှ (၃) မိုင်အကွာတွင် တည်ဟိသည်။ ပေါက်တောမြို့မှ (၁၄) မိုင် ကွာဝီးပြီး အလယ်ဖရုံကာကျွန်း၏အရှိဘက် တောင်စောင်းအောက်ခြီတွင် ကျရောက်သည်။ အိမ်ခြီ (၂၈၇) ဆောင်ဟိပြီး လူဦးရေမှာ (၁၀၆၉) ဦးဟိသည်။ ရွာသားများမှာ စိုက်ပျိုးရေးကိုလုပ်ကိုင်ပြီး လူနည်းစုမှာ ကုန်ရောင်းကုန်ဝယ်လုပ်သည်။ ဤရွာကို (၁၇၇၀) ခုနှစ်တွင် ရမ်းဗြဲမှပြောင်းလာသူများဖြင့်စ၍ တည်ထောင်သည်။ အနီးမှပြောင်းရွှိလာသော အခြားအိမ်ထောင်စု (၅) စုဖြင့်လည်း တဖြည်းဖြည်း ကျွန်းရွာမှာကြီးမားလာသည်။ ယင်းအိမ်ထောင်စုများတွင် ကျောက်တန်းမိသားစုမှာ အကြီးဆုံးဖြစ်သည်။

ပေါက်တောမြို့

ပေါက်တောမြို့သည် လေးမြို့မြစ်ဝပိုင်းတနီရာဖြစ်သော ကျွဲကူးမြစ်ကမ်းပါးတွင် တည်ဟိသည်။ စစ်တွေမြို့၏အရှိဘက် (၁၂) မိုင်အကွာတွင် ကျရောက်သည်။ အိမ်ခြီ (၁၅၈) ဆောင်ဟိပြီး လူဦးရေ (၆၃၂) ဦးဟိသည်။ အများစုမှာ ရခိုင်လူမျိုးများဖြစ်သည်။ ယင်း၌ မြို့နယ်တရားယုန်း၊ အုပ်ချုပ်ရေးယုန်း၊ ရဲစခန်း (စစ်ပုလိပ်ယုန်း)၊ စာတိုက်၊ ဈီး၊ ဘိုတည်း (ဘန်ကလို) နှင့် အစိုးရစာသင်ကျောင်းတကျောင်းဟိသည်။ အာရကန်ဖလိုတီလာ (Flotilla) ကုမ္ပဏီမှ မင်းပြားလိုင်းသို့ ထွက်သည့်သင်္ဘောသည် ပေါက်တောမြို့တွင် ခေတ္တဆိုက်ကပ်သည်။ ကြီးမားသောရွက်သဗ္ဗာန်ကြီးတစီးမှာလည်း ခရီးသည်များကို တင်ဆောင်လျှက် ပေါက်တောနှင့်စစ်တွေကြားတွင် နိစဉ်ပြီးဆွဲလျှက်ဟိသည်။ ရာသီဥတု သာယာကောင်းမွန်လျှင်ကား စက်တပ်ဘုတ်တစီးက ပြီးဆွဲလျှက်ဟိသည်။

ဖဒူအလယ်

ဖဒူရွာသည် အလယ်ဖရုံကာတောင်တန်း၏တောင်ခြီရင်းတွင် တည်ဟိသည်။ ယင်းသည် ပင်လယ်၏ မြစ်စွယ်တခုဖြစ်သော ဖဒူမြစ်ကမ်းပေါ်တွင်တည်မှီနီသည်။ ယင်းသည် အရှိနှင့် အလယ်ဖရုံကာကျွန်း အကြားတွင်ကျရောက်ပြီး ပေါက်တောမြို့မှ တောင်ဘက်မိုင် (၂၀) ခန့်ဝီးသည်။ အိမ်ခြီ (၂၆၅) ဆောင်နှင့် လူဦးရေမှာ (၁၁၈၇) ဦးဟိသည်။ ပထမဦးဆုံး အခြီချနီထိုင်သူများသည် ကျောက်ဖြူခရိုင်မှဖြစ်ကြောင်းသိရသည်။ ရွာနံဘေးတလျှောက် တည်ဟိသောတောင်ကို ဖဒူတောင်ဟုခေါ်သည်။ ယင်းတောင်ထိပ်တွင် မြတ်ဗုဒ္ဓ၏ သရီရဓါတ်မွီတော်တဆူဖြစ်သော ၀မ်းလတ်ဓါတ် (ျကညူအေအီအေ) တော် ကိန်းအောင်းသည်။ ကျွန်းရွာနီထိုင်သူများအနက် တံငါသည်မှာ (၁၁၀) ဦး၊ လှေစီးခရီးသည် (၁၂၀) ဦး၊ ထင်းခုတ်သမား (၈၀) ဦးဟိပြီး ကျန်လူများမှာ စိုက်ပျိုးရေးကို လုပ်ကိုင်သည်။ ကျွန်းရွာမှာ ကောင်းကောင်းဖွံ့ဖြိုးတိုးတက်မှုမဟိလှပေ။

ပုဏ္ဏားကြီး

ဆင်ပိုက်ချောင်း၏အရှိဘက်သို့ ထိုးထွက်လျှက်ဟိသော ချောင်းလက်တက်တခုဖြစ်သည့် ပုဏ္ဏားကြီးချောင်းပေါ်တွင် ပုဏ္ဏားကြီးရွာက တည်ဟိသည်။ ယင်းသည် ဆင်ပိုက်ချောင်းနှင့် (၃) မိုင် ၀ီးကွာပြီး ကုန်းတွင်းပိုင်းတွင် တည်ဟိသည်။ ပေါက်တောမြို့မှ အရှိတောင်အရပ်သို့ကျရောက်ပြီး (၈) မိုင် ၀ီးသည်။ ပထမဆုံး လာရောက်အခြီချနီထိုင်သူများမှာ ဆားချက်ရန်လာသော ပုဏ္ဏားညီအစ်ကိုနှစ်ယောက်ဖြစ်သည်။ သူရို့နီထိုင် လုပ်ကိုင်ခသောနီရာများကို ယခုတိုင် တွိမြင်နိုင်သည်။ အစ်ကိုအကြီး နီထိုင်ခသည့်ချောင်းကို ပုဏ္ဏားကြီးချောင်းဟုတွင်ပြီး ညီငယ်နီထိုင်ခသောချောင်းကို ပုဏ္ဏားချေချောင်းဟုခေါ်သည်။ (၁၈၁၂) ခုနှစ်တွင် ရမ်းဗြဲမှ အခြီချနီထိုင်သူများလာရောက်ပြီး ၎င်းင်းချောင်းကမ်းနားပေါ်တွင် နီထိုင်သည်။ ယခုအခါ ပုဏ္ဏားကြီးကျွန်းရွာတွင် အိမ်ခြီ (၂၂၅) ဆောင်၊ လူဦးရေ (၁၁၈၁) ဦးဟိပြီး စိုက်ပျိုးရေးကို လုပ်ကိုင်စားသောက်သည်။.

...။...။...တင်ပြသူ...။လခြမ်းမြီ ...စာတင်ချိန်။...။..23.1.10...။...လခြမ်းပြီး...။... . ။...အားပီးလာဂါတ်ရေ စာဖတ်ပရိတ်မှားမှ ဒေဘလော့ဂ်နန့်ပတ်သတ်ပြီး အကြံများပီးလိုပါက arakankotawchay@gmail.com မှ အမြဲတမ်း ကြိုဆိုနီပါသည်။ စာဖတ်ပရိတ်သတ်များအားလုံးကို ကျေးဇူးတင်လျှက် ...။

0 comments for "လိုင်ရိုးတော်ဓါတ်သမိုင်း အခန်း (၃)"

Post a Comment

ထင်မြင်ချက်ပီးလာသူများ

ပို့စ်တင်စချေတိ