လိုင်ရိုးတော်ဓါတ်သမိုင်း အခန်း (၁၀)
သီရိဓမ္မာသောကမင်းကြီးလက်ထက် ဓါတ်မွီတော်များပျံ့နှံ့ခြင်း။
အဇာတသတ်မင်းကွယ်လွန်ခပြီးနောက်တွင် ဥဒယမင်းဖြစ်လာသည်။ ထို့နောက် နုရုဒ္ဓါမင်း၊ မုဏ္ဍမင်း၊ နာဂဒါမင်း၊ သုသုမင်း၊ ကာဌာသောမင်း၊ သားတကျိပ်၊ နန်းကိုးဦး၊ စန္ဒဂုတ်စသည်ဖြင့် မင်းအသီးသီးနန်းစံပြီးသည့်နောက်တွင် မဟာသက္ကရာဇ် (၁၈၆) ခုနှစ်တွင် ဗန္ဓုသာရမင်းနန်းတက်သည်။ ဤမင်းသည် သက္ကရာဇ် (၂၁၄) ခုနှစ်တွင် ကွယ်လွန်အနိစ္စရောက်သည်။ ယင်းနောက် သားဖြစ်သူ ဓမ္မာသောကမင်းသည် နန်းဆက်ခံသည်။ ဤမင်း၏အကြောင်းကို ဤသို့လျှင် တွိရ၏။ (ဤမင်းစဉ်သည် သမန္တစက္ခုဒိပနီကျမ်းပ-တွဲ မဇ္ဈိမမင်းကိုးဆက်မှ)
သီရိဓမ္မာသောကမင်းအကြောင်း
သီရိဓမ္မာသောကမင်းကို ပါဋလိပုတ်ပြည်၊ ဘုရင် ဗိန္ဒုသာရမင်းကြီးနှင့်မယ်တော် မောရိယသာကီဝင်အမျိုးဖြစ်သော ဓမ္မာမင်းသမီးရို့မှ မွီးဖွားသည်။ နောင်တော် ညီတော်ရို့ကား ကိုးကျိပ်ကိုးယောက်ဟိ၏။ ဖခင်ဗိန္ဒုသာရ မင်းကြီးသည် နန်းသက် (၂၈) နှစ် သာသနာသက္ကရာဇ် (၂၁၄) ခုနှစ်သို့ရောက်ဟိသည့်အခါမှာ မကျန်းမမာဖြစ်လတ်၏။ ယင်းကို သားတော်ဓမ္မာသောကမင်းက ပြုစုစောင့်လျှောက်ကျွေးမွီးပြုစု၏။ ဘခင်မှာရောဂါ သက်သာခြင်းမဟိခပဲ နတ်ရွာစံတော်မူ၏။ ဤသတင်းစကားကိုကြားကုန်သော နောင်တော်သုမကာမင်းသားနှင့် (၉၉) ယောက်သောညီတော်နောင်တော်မင်းသားရို့သည် နန်းလုရန်တိုက်ခိုက်လာကုန်၏။ အသောကသည် ထိုမင်းသား (၉၉) ယောက်ရို့ကို တိုက်ခိုက်နှိပ်ကွပ်ပြီးမှ သာသနာသက္ကရာဇ် (၂၁၈) ခုနှစ်တွင် မင်းအဖြစ်သို့ ရောက်သည်။.
အာသောကမင်းဖြစ်လာသည့်အခါမှာ အိန္ဒိယပြည်၌ ဧကရာဇ်ဘုရင်များအတွင်း တန်ခိုးအကြီးမားဆုံးသော ဘုရင်တဆူဖြစ်သည်။ ဗုဒ္ဓဘာသာ၌သက်ဝင်ယုံကြည်သောဘုရင်ဖြစ်ပြီး ဗုဒ္ဓသာသနာတော်ပြန့်ပွားအောင် အကြီးကျယ်ဆုံးဆောင်ရွက်ခသည်။ အာသောကမင်းကြီးသည် မင်းအဖြစ်ကိုရဟိပြီးသည့်နောက် (၈) နှစ်ကာလကြာအောင်တိုင် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်မှုမဟိသိမ့်ပေ။ ကလိင်္ဂစစ်ပွဲတွင် တရားသံဝေဂရပြီး တရားဓမ္မဘက်သို့ စိတ်နှလုံးညွှတ်လာသည်။ မင်းကြီးသည် တိတ္တိခြောက်သောင်းရို့ကို အမြဲလုပ်ကျွေးနီရာမှ တနိသောအခါ ဣနြေ္ဒမဟိသော တိတ္တိရို့ကိုမြင်ရ၍ သူတော်ကောင်းမဟုတ်သည်ကို သိလီရကား အလှူခံပုဂ္ဂိုလ်ကောင်းကို ရွီးချယ်၍ လှူအံ့အကြံဖြစ်၏။
တနိသောအခါ နိကြေဓသာမဏေဆွမ်းခံလာသည်ကို မြင်လီလျှင် ပင့်ဖိတ်၍ နန်းတော်၌ထား၏။ မင်းကြီးသည်ဆွမ်းကပ်၍ သာမဏေဆွမ်းဘုန်းပီးပြီးသောအခါ မင်ကြီးက သာမဏေအားအမျိုးနှင့်တကွ အယူဝါဒကိုမီး၏။ ထိုအခါ သာမဏေက ဓမ္မပဒအပ္ပမာဒ၀င်္ဂကို ဟောတော်မူလတ်လျှင် သဒ္ဓါတရားထက်သန်သဖြင့် သာမဏေနှင့်တကွ ဥပဇ္ဈာယ်ဆရာ၊ ပိဋကတ်သုံးပုံကိုသင်ပီးသောဆရာ၊ သီတင်းသုံးဖော်သံဃာရို့အား သျှစ်ဝက်သောဆွမ်းကို နိတိုင်းမပြတ်ဆက်ကပ်လှူဒါန်း၏။ သဒ္ဓါဗလ၀ကြောင့် ခြောက်သောင်းသော တိတ္တိရို့၏ဆွမ်းဝက်ကိုပယ်၍ ရဟန္တာခြောက်သောင်းရို့အား နန်းတော်သို့ပင့်ဖိတ်ပြီးလျှင် ဆွမ်းလုပ်ကျွေး၏။ ရဟန်းရို့နီထိုင်ရန်အတွက် အာသောကရာမကျောင်းတော်ကြီးအား ဆောက်လုပ်လှူဒါန်း၏။ တခါသော် မင်းကြီးသည် သံဃာတော်ရို့အား ပစ္စည်းလေးပါးတရားတော်သည် ပဇာမှာ ဟိလီသနည်းဟုမီးလတ်ရာ ရဟန်းတော်ရို့က ဘုရားတရားတော်သည်ကား ဓမ္မ၀ိနယအားဖြင့် နှစ်ပါး၊ ပိဋကတ်အားဖြင့် သုံးပါး၊ နိကယ်အားဖြင့် ငါးပါး၊ အင်္ဂါအားဖြင့်ကိုးပါး၊ ဓမ္မခန္ဓာအားဖြင့် သျှစ်သောင်းလေးထောင်ဟိ၏ဟုဖြေ၏။ မင်းကြီးလည်း ဓမ္မခန္ဓာကို ရည်မှန်း၍ စေတီသျှစ်သောင်းလေးထောင်ကို တည်လိုကြောင်း ဓါတ်တော်ရို့ကို မီးမြန်း၏။
ဓါတ်တော်များကို ရှာဖွေပင့်ဖိတ်ခြင်း
ဓမ္မာသောကမင်းကြီးသည် ရာဇဂြိုဟ်ပြည်၌ စေတီကိုဖောက်စီ၍ ဓါတ်တော်ရို့ကို မတွိမမြင်ရလီသောအခါ ရှိအတိုင်းစေတီကို ပြုပျင်စီပြီးမှ ရဟန်းယောက်ျား၊ ရဟန်းမိန်းမ၊ သီတင်းသည်ယောက်ျား၊ သီတင်းသည်မိန်းမ ဤပရိဿတ်လေးပါးကိုယူ၍ ဝေသာလီပြည်သို့လား၏။ ဝေသာလီပြည်၌လည်း ဓါတ်တော်ကိုမရလျှင် ကပိလ၀တ်ပြည်သို့ လား၏။ ကပိလ၀တ်ပြည်၌လည်း ဓါတ်တော်ကိုမရလျှင် ရာမရွာသို့လား၏။ ရာမရွာ၌ နဂါးစောင့်သောကြောင့် စေတီကိုမဖောက်နိုင်။ စေတီ၌ကျသောပေါက်တူးသည် အပိုင်းပိုင်းကျိုးပြတ်ကုန်၏။ ဤသို့ဖြစ်သဖြင့် ရာမရွာ၌ ဓါတ်တော်ကိုမရလျှင် အလ္လကပ္ပပြည်သို့လား၏။ အလ္လကပ္ပပြည်၊ ဝေဌဒီပပြည်၊ ပါဝါပြည်၊ ကုသိန္နာရုံပြည်၊ ဤအလုံးစုံသောပြည်ရို့၌ စေတီကိုဖောက်၍ ဓါတ်တော်ကိုမရလျှင် ရှိအတိုင်းပြုစီပြီးမှ ရာဇဂြိုဟ်ပြည်သို့ပြန်လား၏။ ထို့နောက်ပရိဿတ်လေးပါးရို့ကို စည်းဝေးစီပြီးလျှင် တစုံတယောက်သောသူ ဓါတ်တော်ထားရာအရပ်ကို ကြားဖူးသလားဟုမီး၏။ ထိုပရိဿတ်၌ အသက် (၁၀၈) နှစ်ဟိသော မထေရ်တပါးသည် ဓါတ်တော်ထားရာ ကိုကားမသိ။ သို့သော် ငါ၏အဖိုးမထေရ်သည် ငါ့ကို ခုနစ်နှစ်အရွယ် ဟိသောအခါ ပန်းသုံးတောင်းကိုကိုင်ယူစီပြီး သာမဏေ၊ ဤမည်သော ခြုံတွင်းထဲ၌ ကျောက်စေတီသို့ လားကုန်အံ့ဟုခေါ်၍ ထိုအရပ်သို့လားပြီးသော် ပန်းပူဇော်၍ သာမဏေ၊ ဤအရပ်ကား မှတ်ကောင်းသော အရပ်တည်းဟု ဆိုဖူးခ၏။
ဓမ္မာသောကမင်းကြီးသည် ဓါတ်တော်ထားရာကား ထိုအရပ်ပင်ဖြစ်ပေ၏ဟုဆိုပြီးလျှင် ထိုအရပ်၌ တောခြုံကို သုတ်သင်ယှင်းလင်းစီ၍ ကျောက်စေတီမြီမှုန့်ရို့ကိုပယ်ပြီးသော် အင်္ဂတေမြီကိုမြင်၏။ အတွင်းသို့ဝင်ပြီးလျှင် အဆင့်ဆင့်သောဌာနရို့မှတဆင့် မြတ်ဗုဒ္ဓဂေါတမသျှင်၏ခန္ဓာကိုယ်မှ ကြွင်းကျန်ရစ်သော သမ္ဘိန္နဓါတ်တော်များကို ဖူးတွိရလတ်၏။
ဓါတ်တော်များကိုပူဇော်ခြင်း
မင်းကြီးသည်တွိရသော ဓါတ်တော်ရို့ကို ခုနစ်ရက်ပတ်လုံး ပူဇော်၏။ ဇမ္ဗုဒီပါကျွန်းကို စောင့်လျှောက်ကုန်သော ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာကစိုးစသော စတုလောကပါလနတ်အပေါင်းရို့သည် ဘုရားမြတ်စွာ ဗျာဒိတ်စကား မိန့်ကြားတော်မူခသည့်နိမှစ၍ ဗျာဒိတ်ထားရာနီရာဌာနအသီးသီးမှ လာရောက်ပြီးလျှင် ဓါတ်မွီတော်ရို့ကို ဖူမြော်၏။ ထိုသို့ဓါတ်မွီတော်များကို ဖူးမြော်ပြီးသောအခါ တည်နီရာဌာနအသီးသီးကို လျှောက်ထားကုန်၏။ ထိုအခါသီရိဓမ္မာသောကမင်းကြီးက အသို့လျှင် ဓါတ်မွီတော်များကို ခွဲခြားနိုင်ပါအံ့နည်း ဟုမီးလျှောက်လီလျှင် နတ်သားအပေါင်းရို့သည်လည်း မိမိစောင့်လျှောက်သော နီရာဌာနအပေါင်းရို့တွင် တည်လတ္တံ့သော ဓါတ်တော်ရို့ကိုပင့်ဆောင်၍ ပြလီကုန်၏။
ရခိုင်ပြည်သို့ဓါတ်တော်များပီးပို့ခြင်း
မင်းကြီးသည် လွန်စွာမှနှစ်ထောင်းအားရဟိလှသဖြင့် ထိုထိုသောဓါတ်မွီတော်ရို့၏တည်နီရာအသီးသီးတွင် အုတ်စိုးကုန်သော မင်းအပေါင်းရို့အား ရွှေပီလွှာကမ်း၍ တပြိုင်တည်းခေါ်ယူကား စေတီတည်ထား ကိုးကွယ်ရန်အတွက် ဓါတ်မွီတော်နှင့်တကွ လှူဒါန်းဖွယ်ရာရို့ကို တပါတည်းပီးအပ်သည်။ သီရိဓမ္မာသောက မင်းကြီးသည် သျှင်မဟာတိဿနှင့် အသျှင်ဗာကုလရို့အား ဓည၀တီပြည် ဗျာဒိတ်ဝင်နီရာများတွင် စေတီတည်ထားရန်အတွက် ကြွရောက်တော်မူရန်လျှောက်ထား၏။ ထို့ကြောင့် သျှင်မြတ်နှစ်ပါးသည် ဘုရားသျှင်တော်၏ဓါတ်တော်ရို့ကို ရွှေအုတ်တွင်ထည့်လျှက် ရခိုင်ပြည်သို့ကြွရောက်၏။ ရခိုင်ပြည် ဓည၀တီပြည်သျှင် သူရိယစက္ကမင်းကြီး (ဘီစီ ၃၁၆-၂၇၂) သည် ရဟန္တအသျှင်မြတ်နှစ်ပါးရို့ကို ခရီးဦးကြိုပြုလျှက် ဓါတ်တော်များကို ၀မ်းမြောက်ဝမ်းသာလက်ခံသည်။
ကျမ်းကိုး
၁။ ဦးကိတ္တိ ။ ။ အိန္ဒိယကြီးမုံကျမ်းစာ စာ- ၁၈၊၁၉
၂။ အသျှင်စက္ကိန္ဒ ။ ။ ပြည်တွင်းမကိုဋ်ဓါတ်ဦးရာဇ် စာ ၇၄
၃။ ဦးစန္ဒမာလာလင်္ကာရ။ ။ ရခိုင်ရာဇ၀င်သစ်ကျမ်း၊ (ပ) စာ ၁၄၃
၎။ ဦးဦးသာထွန်း ။ ။ ဦးရာဇ်တောင်ဘုရားကြီးသမိုင်း
.
ဒေနိန်ရာမှ
...။...။...တင်ပြသူ...။လခြမ်းမြီ
...စာတင်ချိန်။...။..23.1.10...။...လခြမ်းပြီး...။...
ဘာသာရေး
.
။...အားပီးလာဂါတ်ရေ စာဖတ်ပရိတ်မှားမှ ဒေဘလော့ဂ်နန့်ပတ်သတ်ပြီး အကြံများပီးလိုပါက arakankotawchay@gmail.com မှ အမြဲတမ်း ကြိုဆိုနီပါသည်။ စာဖတ်ပရိတ်သတ်များအားလုံးကို ကျေးဇူးတင်လျှက် ...။