။....။

လိုင်ရိုးတော်ဓါတ်သမိုင်း အခန်း (၁၁)

လိုင်ရိုးတော်ဓါတ်ကိုတည်ထားခြင်း

“ဗျာဒိတ်ဘုန်းခေါင် ၊ ရွှေရောင်စကြာ
မိန့်တော်မှာကား ၊ ကပေါတဂီရိ
မည်ဟိသာခေါင် ၊ ထိုသည်တောင်မှာ
ငါအလောင်းတော် ၊ စံပျော်မယွင်း
ခွာမင်းတဇစ်၊ ဖြစ်သည်ကျော်ဟိုး
လိုင်ရိုးစေတီ ၊ ခေါ်တွင်ညီမှ -”

(ရှိထုံးရခိုင်ရာဇ၀င်လင်္ကာမှ)

မြတ်ဗုဒ္ဓဘုရားသခင်သည် မဟာသက္ကရာဇ် (၁၂၃) ခု ကဆုန်လဆန်း (၁၄) ရက်နိတွင် ရခိုင်ပြည်သို့ ကြွရောက်လာခပြီး ဦးစွာပထမ ကုလားတန်မြစ်၏အရှိဘက်ကမ်း၊ ဓည၀တီမြို့တော်၏အနောက်ဘက်ဖြစ်သော သေလာဂီရိအမည်ဟိသည့် ကျောက်တော်တောင်၌ ဆင်းသက်ရပ်တန့်သည်။ ဘုရားသခင်သည် သေလာဂီရိတောင်ပေါ်တွင် ရပ်နားနီရင်း အရပ်ဆယ်မျက်နှာကို ဖြန့်ကျက်လျှက် ကြည့်ရှုတော်မူသည့်အခါ အတိတ်ဘ၀ဟောင်းရို့၏အကြောင်းကို ဆင်ခြင်သုံးသပ်သိမြင်သဖြင့် ပြုံးတော်မူသည်။ ယင်းသို့ ဘုရားသျှင်ပြုံးတော်မူသည့်အကြောင်းရင်းကို သျှင်အာနန္ဒာကမြင်သည့်အခါ အကြောင်းစုံကို လျှောက်ထားတောင်းပန်သည်။ ဘုရားသခင်သည် ဤဓည၀တီ ရခိုင်ပြည်ကြီး၌ နုငယ်စဉ်ဘ၀များစွာကပင် ကျက်စားနီထိုင်ခဖူး၏။ ငါဘုရား ပရိနိဗ္ဗာန်ပြုပြီးသည့်နောက်တွင်ကား ငါ၏အသားတော်၊ အရိုးတော်၊ အသွီးတော်ရို့မှ ဖြစ်ပေါ်လာမည့် ဓါတ်မွီတော်များသည် ယခုငါမိန့်ဟခသော ဗျာဒိတ်ဝင်အရပ်ရို့၌ နောင်စေတီများတည်လာအံ့သည်ကို ယှင်းပြသည်။.

ဘုရားသျှင်သည် သက်တော် (၈၀) ပြည့်မဟာသက္ကရာဇ် (၁၄၈)၊ ခု ကဆုန်လပြည့်အင်္ဂါနိတွင် ပရိနိဗ္ဗာန်ပြုသည်။ ဘုရားသျှင်၏ရုပ်ကလပ်တော်မှ ကြွင်းကျန်တည်ဟိခသော ဓါတ်တော်မွီတော်ရို့ကို (၈) ပြည်ထောင်သော မင်းအပေါင်းရို့သည် အညီအမျှခွဲဝီယူ၍ စေတီတည်ထားလတ်သည်။ အသျှင်မဟာကဿပမထေရ်သည် ဘုရားသျှင်၏ဓါတ်တော်ရို့မှာ မိစ္ဆာဒိဌိရို့၏အန္တရာယ်ကြောင့် နောင်ပျက်အံ့သည်ကို ကြိုတင်သိမြင်သဖြင့် အဇာတသတ်မင်းကို တခုတည်းသော ဓါတ်တော်ထားသိုရာကို ပြုလုပ်စီမံရန် မိန့်ဆိုသည်။ ကဿပအသျှင်သည် (၈) ပြည်ထောင်ရို့မှ ပျက်စီးအံ့သော ဓါတ်တော်ရို့ကို ပင့်ဆောင်စုစည်းလျှက် အဇာတသတ်မင်းကြီး စီစဉ်သော ရာဇဂြိုဟ်ပြည်၏အရှိတောင်ထောင့်အရပ် မြီထဲစေတီ၌ ဓါတ်မွီတော်များကို စုစည်း၍ဌာပနာသွင်းထားခသည်။

နောင်နှစ်ပေါင်းကြာလာသည့်အခါ ရာဇဂြိုဟ်ပြည်၌ သီရိဓမ္မာသောကမင်းသည် နန်းတက်သည်။ ဤမင်းသည်နောက်ပိုင်းတွင် ဗုဒ္ဓဘာသာကို အထူးကြည်ညိုလာပြီး ဗုဒ္ဓဘာသာအကျိုးကို များစွာဆောင်ရွက်သည်။ ယခင် သိုဝှက်ထားခသော မြတ်ဗုဒ္ဓ၏ဓါတ်မွီတော်များကို ရှာဖွေစီရာ တွိရ၍ ယင်းရို့ကိုဆောင်ယူကာ ဓမ္မာသောကမင်းကြီးသည် ကိုးတိုင်းကိုးဌာနအရပ်သို့ ဓါတ်တော်များကိုစေတီတည်ထား ပျံ့နှံ့စီသည်။ ယင်း၌မဟိံသကအမည်ရသော ရခိုင်ပြည်သို့ သီရိဓမ္မာသောကမင်းသည် သျှင်မဟာတိဿနှင့် အသျှင်ဗာကုလရို့ကို ဦးဆောင်စီပြီး ဓါတ်တော်များကိုပီးပို့စီခရာ ယင်းအချိန်မှစ၍ ရခိုင်ပြည်ထဲသို့ မြတ်ဗုဒ္ဓ၏ဓါတ်မွီတော်ရို့သည် ၀င်ရောက်လာလတ်သည်။

သိရိဓမ္မာသောကမင်းကြီးသည် ရခိုင်ပြည်သို့ဓါတ်မွီတော်များကို ပီးပို့လာသည့်အချိန်တွင် ရခိုင်ပြည်ဓည၀တီမြို့ကို အုပ်ချုပ်နန်းစံ လျှက်ဟိသော ဘုရင်သုရိယစက္ကမင်းကြီး နန်းစံချိန်နှင့်ကိုက်ညီနီသဖြင့် သူရိယစက္ကမင်းကြီးသည် ဓါတ်မွီတော်ရို့ကို အသျှင်နှစ်ပါးထံမှ လက်ခံရယူကာ ဘုရားသျှင် ရခိုင်ပြည်သို့ကြွရောက်လာစဉ်က ဗျာဒိတ်ပီးခသော အရပ်ဌာနအသီးသီးတွင် ဓါတ်တော်များကို စေတီတည်ရန်စီစဉ်သည်။

ဘုရားသျှင်သည် ရခိုင်ပြည်သို့ကြွရောက်လာသောအခါက ကျောက်တော်တောင်၌ရပ်နားပြီး အရပ်ဆယ်မျက်နှာကို ဖြန့်ကျက်လျှက် မိန့်ဟမြွက်ဆိုခဖူးသော ဗျာဒိတ်ဝင်အရပ်နီရာအသီးသီးများ၌ စေတီများကိုတည်ရန် စီစဉ်ခြင်းဖြစ်သည်။ ဓါတ်မွီတော်များ၏ အမည်နာမအရွယ်အမျိုးများကိုလည်း အသျှင်တိဿနှင့် အသျှင်ဗာကုလရို့က ဝေဖန်ပိုင်းခြားပီးသည်။

ဤတွင်ယခုပေါက်တောမြို့မှ အနောက်မြောက်အရပ် (၁) မိုင်ကျော်ခန့်အကွာတွင် တည်ဟိသော ကပေါတဂီရိတောင်ပေါ်တွင် ဘုရားသျှင်နုငယ်စဉ်ဘ၀က ခွာမင်းတဇစ်ဖြစ်ခပြီး ခွာမင်းဘ၀ဖြင့် ဤတောင်ပေါ်အရပ်၌ ကျင်လည်ကျက်စားနီထိုင်ဖူးခရာ ယင်းကိုရည်ရွယ်လျှက် ဘုရားသျှင်၏လိုင်ရိုးတော်၊ လိုင်ရွှဲတော်မှဖြစ်လာသော ဓါတ်တော်ရို့ကို ဤတောင်ကုန်းပေါ်၌ မြီအောက်ဌာပနာ၍ အပေါ်မှစေတီတည်ရန် လက်သမားပန်းရံရို့ဖြင့် စီမံဆောင်ရွက်သည်။

ထို့ကြောင့် ဓည၀တီပြည့်သျှင် ဘုရင်သူရိယစက္ကမင်းကြီးသည် မိဖုရားရုဓိတာနှင့်တကွ ရဟန္တာအသျှင်မြတ် နှစ်ပါးရို့၏လမ်းညွှန်ချက်အတိုင်း လက်ခံရဟိသော ဓါတ်မွီတော် (၂၄၇) ဆူရို့အနက်မှ လိုင်ရိုးတော် (ဂီဝှါ) ဓါတ်မြတ်ကြီးကို ထိုနှစ် သာသနာသက္ကရာဇ် (၂၂၂) ခု တန်းဆောင်ဘုန်းလပြည့်ကျော် (၁) ရက်နိတွင် ကပေါတဂီရိတောင်ပေါ်၌ ကောင်းစွာစီမံ ဆောင်ရွက်၍ လိုင်ရိုးတော်ဓါတ်ကို စတင်တည်ထားခသည်။ ယခုပေါက်တောမြို့ ကပေါတဂီရိတောင်ပေါ်၌ ကိန်းဝပ်လျှက်တည်ဟိသော လိုင်ရိုးတော်ဓါတ်သည် မြတ်ဗုဒ္ဓနုငယ်စဉ်က ခွာမင်းတဇစ်ဘ၀ဖြင့် ကျင်လည်ခရာဖြစ်ပြီး သာသနာသက္ကရာဇ် (၂၂၂) ခုနှစ်တွင် သူရိယစက္ကမင်းကြီး တည်ထားခသော မြတ်ဗုဒ္ဓဂေါတမသျှင်တော်၏ ဓါတ်တော်တဆူဖြစ်ပေသည်။.
ဒေနိန်ရာမှ





...။...။...တင်ပြသူ...။လခြမ်းမြီ ...စာတင်ချိန်။...။..23.1.10...။...လခြမ်းပြီး...။... . ။...အားပီးလာဂါတ်ရေ စာဖတ်ပရိတ်မှားမှ ဒေဘလော့ဂ်နန့်ပတ်သတ်ပြီး အကြံများပီးလိုပါက arakankotawchay@gmail.com မှ အမြဲတမ်း ကြိုဆိုနီပါသည်။ စာဖတ်ပရိတ်သတ်များအားလုံးကို ကျေးဇူးတင်လျှက် ...။

0 comments for "လိုင်ရိုးတော်ဓါတ်သမိုင်း အခန်း (၁၁)"

Post a Comment

ထင်မြင်ချက်ပီးလာသူများ

ပို့စ်တင်စချေတိ