။....။

လိုင်ရိုးတော်ဓါတ်သမိုင်း အခန်း (၁၂)

လိုင်ရိုးတော်ဓါတ်ကို ခေတ်အဆက်ဆက် ပြုပျင်မွမ်းမံလာခြင်း

လိုင်ရိုးတော်စေတီမြတ်ကြီး၏မူလအစ ကုသိုလ်သျှင်မှာ တတိယဓည၀တီခေတ် သူရိယစက္ကမင်းကြီးပင်ဖြစ်သည်။ သူရိယစက္ကမင်းကြီးနှင့် မိဖုရားရုဓိတာရို့သည် သီရိဓမ္မာသောကမင်းကြီးထံမှ ပီးပို့လာသော ဓါတ်တော်များအနက်မှတဆူဖြစ်သော ဓါတ်မွီတော် (လိုင်ရိုးတော်) ကို ဗျာဒိတ်ဝင်တောင်ရင်းကျွန်းအရပ် ကပေါတဂီရိတောင်ပေါ်တွင် တည်ထားခသည်။ ယင်းနောက်တွင်ကား ဝေသာလီ (ကျောက်လှကား) ခေတ်သို့အရောက်တွင် ကပေါတဂီရိတောင်ပေါ်မှ လိုင်ရိုးတော်စေတီမြတ်ကို စန္ဒြားမင်းအဆက်ဆက်ရို့သည် ထပ်မံ၍ မွမ်းမံပူဇော်ခသည်။ အထူးသဖြင့် ဝေသာလီခေတ်ကထွန်းကားမှုဆိုင်ရာ သမိုင်းရုပ်ကြွင်း အထောက်အထားများကို ဤအရပ်၌တွိရ၍ ဝေသာလီခေတ်က စန္ဒြားမင်းရို့သည် မြတ်ဗုဒ္ဓ၏ သရီရဓါတ်တော်ဖြစ်သော လိုင်ရိုးတော်ဓါတ်ကိုလည်း ပြုပျင်ဆောင်ရွက်ခမည်သာဖြစ်သည်။.

ဝေသာလီခေတ်မှတခါ လေးမြို့ခေတ်သို့ ပြောင်းလဲရောက်ဟိလာသည့်အခါ လေးမြို့ခေတ်တွင် ဘာသာရေးကို များစွာဆောင်ရွက်လုပ်ကိုင်ခသော ဒဿရာဇာမင်းသည် မဟာမုနိသွန်းစက်တော်ကြီးကို ပြန်လည်ရှာဖွေ၍ တည်ထားခသည်။ ဤမင်း၏အလှူဒါနသည်များပြားရကား သီရိဓမ္မာသောကမင်းနှင့် ခိုင်းနှိုင်းရလောက်အောင် ဘုရား၊ ပုထိုး၊ စေတီ၊ ရီတွင်း၊ ရီကန်၊ ဇရပ်များစွာရို့ကိုတည်ထားခသည်။ တောင်ရင်းကျွန်းအရပ်မှနီ၍ မြို့တော်ပုရိန်ကိုဖြတ်ကာ မဟာမုနိလမ်းကိုဖောက်လုပ်သည်။

ဤဒဿရာဇာမင်းကြီး၏ ကောင်းမှုတော်များအထဲတွင် တောင်ရင်းကျွန်းအရပ်မှ လိုင်ရိုးတော် (ဂီဝှါ) ဓါတ်တော်တဆူလည်း ပါဝင်သည်။ ဒဿရာဇာမင်းကြီးသည် လိုင်ရိုးတော်စေတီမြတ်ကြီးကို ပြန်လည်ပြုပျင်ခြင်း၊ ထီးတော်များကို တင်ဆောင်ခြင်းရို့ ပြုလုပ်သည်။ မြောက်ဦးခေတ်သို့အရောက်တွင်ကား တောင်ရင်းကျွန်းအရပ်၌ မြောက်ဦးခေတ်နှင့်သက်ဆိုင်သော အထောက်အထားများစွာကို တွိရသည်။ အထူးသဖြင့် မင်းဗာဘုရင် အိမ်ရှိမင်းသားဘ၀ဖြင့် တောင်ရင်းကျွန်းအရပ်၌ နီထိုင်ဖူးခသည်။ မင်းသားဘ၀မှ ဘုရင်ဖြစ်လာသည့်အခါမှာ တောင်ရင်းကျွန်းအနှံ့ ဘုရားပုထိုးစေတီများကို ကောင်းမှုပြုသည်။ မင်းဗာဘုရင်တည်ထားခသော ကျောက်ထွင်းဂူ (၃) ဂူမှာ အထင်အရှားဟိသည်။

ကပေါတဂီရိတောင်ပေါ်မှ လိုင်ရိုးတော်ဓါတ်ကိုလည်း မင်းဗာဘုရင်သည် ရှိဘေးတော်ဘီးတော်များလက်ထက်ကဲ့သို့ ပူဇော်သည်။ မွမ်းမံသင့်သည်များကို မွမ်းမံသည်။ ထို့နောက် သားတော်မင်းဖလောင်း နန်းရလာသည့် အခါတွင်လည်း ဓါတ်မွီတော် (၁၇) ဆူကို ပြန်လည်ပြုပျင်မွမ်းမံခရာ၌ ကပေါတဂီရိတောင်ပေါ်မှ လိုင်ရိုးတော်ဓါတ်တော်လည်း တဆူအပါအ၀င်ဖြစ်သည်။ မင်းဖလောင်းသည် ပွဲကြီးခမ်းနားကြီးကျယ်စွာဆင်ယင်၍ လိုင်ရိုးတော်ဓါတ်ကို ပူဇော်မွမ်းမံသည်။

တခါ မင်းရာဇာကြီးလက်ထက်တွင်လည်း စေတီဟောင်း (၂၅) ဆူနှင့် စေတီအသစ် (၂၂) ဆူကို တည်ထားခရာ စေတီဟောင်း (၂၅) ဆူကို ပြန်လည်မွမ်းမံရာ၌ လိုင်ရိုးတော်ဓါတ်ကြီးကိုလည်း ပြုပျင်ခသိမ့်သည်။ ယင်းနောက်တွင် ကျိန်းဒုံးညိုခေါ် (စန္ဒ၀ိဇယရာဇာ) မင်းသည်လည်း သက္ကရာဇ် (၁၀၇၂) ခုနှစ်တွင် လိုင်ရိုးတော်ဓါတ်အားကြည်ညိုပြီး လိုအပ်သည်များကို စီမံဆောင်ရွက်ခသည်။ ဤမင်းသည် ဘုရားဆင်းထုတော် သျှစ်ရာ၊ စေတီပုထိုးပေါင်းသျှစ်ရာ၊ ရီကန်ပေါင်းသျှစ်ရာစသည်ရို့ကို လှူဒါန်းခသည်။

အင်္ဂလိပ်ခေတ်အရောက်တွင်ကား ငွေကြေးချမ်းသာသောသူများကစုစည်းမတည်၍ စေတီတော်ကို ပြုပျင်ခသည်။ ခရစ် (၁၉၀၈) ခုနှစ်တွင် လိုင်ရိုးတော်ဓါတ်သည် ရောင်ခြည်တော်ကွန့်မြူးသဖြင့် ယင်းကို ဖူးမြော်လိုက်ရသော ရွာချောင်းကြီးရွာမှ လယ်သူဌေး အုံးဒုံနှင့် မယားထွန်းမေရို့ ဦးစီးဦးဆောင်လျှက် ငွေကြေးကုန်ကျခံကာ ဓါတ်တော်ကို ပြုပျင်ခသည်။ ယခုမျက်မှောက်ကာလတွင်လည်း ဂေါပကအဖွဲ့ အဆက်ဆက် ဓါတ်တော်ကြီးအပြင် စောင်းတန်း၊ ဇရပ်၊ ဓမ္မာရုံ၊ အုတ်လှကားစသည်ရို့ကို တိုးချဲ့လုပ်ကိုင်သည်။
ဒေနိန်ရာက.





...။...။...တင်ပြသူ...။လခြမ်းမြီ ...စာတင်ချိန်။...။..23.1.10...။...လခြမ်းပြီး...။... . ။...အားပီးလာဂါတ်ရေ စာဖတ်ပရိတ်မှားမှ ဒေဘလော့ဂ်နန့်ပတ်သတ်ပြီး အကြံများပီးလိုပါက arakankotawchay@gmail.com မှ အမြဲတမ်း ကြိုဆိုနီပါသည်။ စာဖတ်ပရိတ်သတ်များအားလုံးကို ကျေးဇူးတင်လျှက် ...။

0 comments for "လိုင်ရိုးတော်ဓါတ်သမိုင်း အခန်း (၁၂)"

Post a Comment

ထင်မြင်ချက်ပီးလာသူများ

ပို့စ်တင်စချေတိ