လိုင်ရိုးတော်ဓါတ်သမိုင်း အခန်း (၉)
မြတ်ဗုဒ္ဓပရိနိဗ္ဗာန်ပြုခြင်းနှင့် ဓါတ်တော်များအကြောင်း
မြတ်ဗုဒ္ဓဘုရားသခင်သည် မဟာသက္ကရာဇ် (၆၈) ခုနှစ် ကဆုန်လပြည့် သောက်ကြာနိ၌ လုမ္ဗနီ အင်ကြင်းဥယျာဉ်တော်၌ ဖွားသန့်စင်သည်။ မဟာသက္ကရာဇ် (၉၇) ခုနှစ်အရောက်တွင် တောထွက်တော်မူခပြီး သက္ကရာဇ် (၁၀၃) ခုနှစ်တွင် ဘုရားအဖြစ်သို့ရောက်တော်မူသည်။ ဘုရားအဖြစ်ဖြင့် (၄၅) နှစ်တိုင်တိုင် လူနတ်ဗြဟ္မာသတ္တ၀ါအပေါင်းရို့အား တရားရီအီး တိုက်ကျွေးပြီး သက်တော် (၈၀) ပြည့် မဟာသက္ကရာဇ် (၁၄၈) ခု ကဆုန်လပြည့် အင်္ဂါနိတွင် ပရိနဗ္ဗာန်ပြုသည်။ ကဆုန်လပြည့်ကျော် (၁၂) ရက် တလဂုင်္နီနိ၌ တေဇောဓါတ် မီးလောင်ကျွမ်းသည်။
အသမ္ဘိန္နဓါတ်တော် (အဓိပ္ပကိဏ္ဏဓါတ်တော်)
ထိုသို့ မြတ်စွာဘုရားရုပ်ကလပ်တော်သည် မီးလောင်ကျွမ်းပြီးသောအခါ ခန္ဓာကိုယ်မှဓါတ်တော်ရို့သည် အရွယ်အစားအမျိုးမျိုးတည်ကုန်သည့် ဘုရားသျှင်၏စွယ်တော် (၄) ဆူ၊ ညှပ်ရိုးတော် (၂) ဆူ၊ နဖူးသင်းကျစ်တော် (၁) ဆူ ဤခုနှစ်ဆူကုန်သော ဓါတ်တော်ရို့သာလျှင် ဘုရားသျှင် သက်တော်ထင်ရှား ဟိစဉ်ကကဲ့သို့ မဖောက်မပြန် ပကတိအတိုင်းတည်ဟိသဖြင့် ဤဓါတ်တော်ရို့ကို သမ္ဘိန္ဒဓါတ်၊ မပြိုကွဲသောဓါတ် ဟုခေါ်ဆိုသည်။
.
သမ္ဘိန္နဓါတ် ၀ိပ္ပကိဏ္ဏဓါတ်
မြတ်စွာဘုရားသျှင်၏အသွီးတော်၊ အသားတော်၊ အရိုးတော်ရို့သည် မီးလောင်ကျွမ်းပြီး ဓါတ်တော်အရွယ်အစား သုံးမျိုးဖြစ်ထွန်းသည်။ အကြီးဆုံးဖြစ်သော ဓါတ်တော်ရို့သည် ပဲနောက်စိပမာဏဟိ၏။ အလတ်ဖြစ်သော ဓါတ်တော်ရို့သည်ကား ဆန်နှစ်ပိုင်းကျိုးပမာဏ ဟိကုန်၏။ အငယ်ဆုံးဖြစ်သော ဓါတ်တော်ရို့သည် မုံညှင်းစိပမာဏဟိကုန်၏။ အရောင်အဆင်းအားဖြင့်ကား အကြီးဆုံးသော ဓါတ်တော်၏အရောင်မှာ ရွှေသောအရောင်ဟိ၏။ အလတ်ဖြစ်ကုန်သော ဆန်နှစ်ပိုင်းကျိုးအရွယ်ရို့သည် ပုလဲအဆင်းဟိ၏။ အငယ်ဆုံးဖြစ်သော မုံညင်းစိပမာဏဟိသော ဓါတ်တော်ရို့မှာ ချရှားစိအဆင်းဟိ၏။
ဓါတ်တော်များ၏အချိန်ပမာဏ
မြတ်စွာဘုရားသျှင်၏ တေဇောဓါတ်မီးလောင်ကျွမ်းပြီးသည့်နောက် ပြိုကွဲ၍ အစိပ်စိပ်အဖြာဖြာသော သမ္ဘိန္နဓါတ်တော်ရို့၏ အချိန်ပမာဏရို့ကား စိတ်ဟူသော ဒေါဏအားဖြင့် သျှစ်ဒေါဏ၊ စလေဟူသော ကွမ်းစားအားဖြင့် တရာ့နှစ်ဆယ့်သျှစ်ကွမ်းစား၊ ပြည်ဟူသောအချိန်အားဖြင့် (၁၆) ပြည်၊ ယခုလူရို့ သုံးဆောင်နီကတ်သော တင်းအားဖြင့် နှစ်တင်းတိတိဟိသည်။
ဓါတ်တော်များဝီစုခွဲခြင်း
မြတ်စွာဘုရားသခင်သည် သက္ကရာဇ် (၁၄၈) ခုကဆုန်လပြည့်အင်္ဂါနိ မိုးသောက်ယံအချိန်တွင် ပိရိနိဗ္ဗာန်ပြုပြီးနောက် ပထမသတ္တာဟ ခုနှစ်ရက်လွန်ပြီးနောက်မှ တပည့်အခြံအရံငါးရာနှင့်တကွ အသျှင်မဟာကဿပ လာရောက်၍ ရွှေစက်တော်အစုံကို ဦးခိုက်ပြီးလျှင် ဒုတိယသတ္တာဟ ခုနစ်ရက်မြောက်သော ကဆုန်လပြည့်ကျော် (၁၂) ရက်တလင်္ဂုနီနိ တေဇောဓါတ်မီးလောင်ကျွမ်းသည်။ တေဇောဓါတ် မီးလောင်ကျွမ်း ပြီးသည့်နောက် မလ္လာမင်းရို့သည် ဓါတ်တော် (၁၆) ပြည်ရို့ကို တင့်တယ်ဆန်းပြားသော ပူဇော်ခြင်းရို့ဖြင့် ပူဇော်ယူဆောင်လျှက် မြို့တွင်းမင်းကွန်းဇရပ်၌ထား၍ ခုနှစ်ရက်ပတ်လုံးပူဇော်ချီးမြှောက်၏။ တတိယ သတ္တာဟအကုန် နယုန်လဆန်း ငါးရက်တလင်္လာနိ၌ ဓါတ်တော်များကို ဒေါဏပုဏ္ဏားသည် ဝေဖန်၍ အောက်ပါတိုင်းနိုင်ငံရို့ကို အညီအမျှစီဝီငှ၏။
တိုင်းနိုင်ငံမင်းရို့မှာ -
၁။ ရာဇဂြိုဟ်ပြည်မှ အဇာတသတ်မင်း
၂။ ဝေသာလီပြည်မှ လိစ္ဆ၀ိမင်း
၃။ ကပိလ၀တ်ပြည်မှ သာကီဝင်မင်း
၎။ အလကပ္ပပြည်မှ ဗုလိမင်း
၅။ ရာမရွာနေမှ ကောလိယမင်း
၆။ ဝေဌဒီပတိုင်းမှ ပုဏ္ဏားများ
၇။ ပါဝါပြည်မှ မလ္လာမင်း
၈။ ကုသိနာရုံပြည်မှ မလ္လာမင်းရို့ဖြစ်၏။
အသမ္ဘိန္နဓါတ်တော်များတည်ရာ
သမ္ဘိန္နတည်းဟူသော ပြိုကွဲသည့်ဓါတ်တော်များကို ဆရာဒေါဏပုဏ္ဏားကြီးသည် သျှစ်ပြည်ထောင်သော မင်းအပေါင်းရို့ကို မင်းတပါးလျှင် မာဂဓနှစ်စလယ်ဝင် (၂) ပြည်စီခွဲဝီပီးပြီးနောက် အသမ္ဘိန္နမပြိုကွဲသော ဓါတ်တော်ရို့မှာကား အောက်ပါအရပ်ဒေသရို့၌ ဟိ၏။
၁။ အထက်လက်ယာစွယ်တော်သည် တာဝတိံသာနတ်ပြည်၌တည်ဟိ၏။
၂။ အထက်လက်ဝဲစွယ်တော်သည် ဂန္ဓာရတိုင်း၌ဟိ၏။
၃။ အောက်လက်ယာစွယ်တော်သည် နဂါးပြည်၌ဟိ၏။
၎။ အောက်လက်ဝဲစွယ်တော်သည် ကလိင်္ဂတိုင်းဒန္တပူရပြည်၌တည်ဟိ၏။
၅။ လက်ယာညှပ်ရိုးတော်တဆူမှာ သီဟိုဠ်ကျွန်း၌ဟိ၏။
၆။ လက်ဝဲညှပ်ရိုးတော်တဆူမှာ ဗြဟ္မာပြည်၌ဟိ၏။
၇။ နဖူးသင်းကျစ်တော်တဆူမှာလည်း သီဟိုဠ်၌ဟိ၏။
ဤတွင် ကလိင်္ဂတိုင်းဒန္တပူရပြည်၌ဟိသော လက်ဝဲဘက်အောက်စွယ်တော်မြတ်ကို သာသနာသက္ကရာဇ် (၆၃၀) ပြည့်နှစ်က ဒန္တကုမာရဆိုသူယူလာလတ်လီ၍ ယခုအခါသီဟိုဠ်ကျွန်း၌ပင်ဟိကြောင်းသိရ၏။
အဇာတသတ်မင်း၊ ဓါတ်တော်များကိုတည်ထားခြင်း
ဒေါဏပုဏ္ဏားပီးဝေသော ဓါတ်တော်ရို့ကို ထိုထိုမင်းရို့သည် မိမိရို့နီရာဒေသသို့ပင့်ဆောင်၍ စေတီအသီးသီးတည်ပြီး ကိုးကွယ်ထားသည်။ နောင်သောအခါ မဟာကဿပမထေရ်သည် မိစ္ဆာဒိဌိရို့ကြောင့် ဓါတ်တော်များ၏အန္တရာယ်ကိုသိမြင်သဖြင့် အဇာတသတ်မင်းထံချဉ်းကပ်၍ ဓါတ်တော်ရို့ကို တခုတည်းသောအရပ်၌ စုပေါင်း၍စေတီတည်ထားရန် အကြံပြု၍ အဇာတသတ်မင်းလည်း ထိုအကြံကိုလက်ခံပြီး မည်သို့ ပင့်ဆောင်စုစည်းရမည်ကိုလျှောက်၏။ ကဿပအသျှင်မြတ်ကြီးက ငါပင့်ဆောင်၍ပီးမည်ကို မိန့်ကြား၏။ ထို့ကြောင့် မဟာကဿပမထေရ်မြတ်ကြီးသည် ရာမရွာ၌ဓါတ်တော် (၂) ပြည်ကိုချန်လှပ်ပြီး ကျန်ခုနှစ်ပြည်ထောင်မြို့များမှ ဓါတ်တော် (၁၄) ပြည်ကို ပင့်ဆောင်စုဆောင်း၏။ ရာဇဂြိုဟ်ပြည်၏ အရှိတောင်ထောင့်အရပ်၌ နီရာကိုသတ်မှတ်၍ သျှင်မဟာကဿပသည် ကျောက်ဖျာကွယ်စီသတည်း။ ရီမထွက်စီသတည်း။ မြီကောင်းစွာ ပွင့်စီသတည်းဟူ၍ ဓိဌာန်တော်မူ၏။
အဇာတသတ်မင်းလည်း ထိုအရပ်ကိုတူးစီ၍ တူးရာကထွက်သောမြီဖြင့် အုတ်လုပ်စီ၍ နှစ်ကျိတ်သော မဟာသာဝကစေတီရို့ကိုတည်စီ၏။ တူးသောမြီအရပ်သည် လက်တောင်သျှစ်ဆယ်နက်ပြီး အောက်ခံကို သံပြားခင်းစီ၏။ ထိုသံခင်းပေါ်၌ ထူပါရုံစေတီ၏ အတိုင်းအတာညီစွာ ကြီးနီကျောင်းဆောက်လုပ်စီ၏။ ယင်းကျောင်းရို့၌ စန္ဒကူးကြုတ်သျှစ်လုံးကိုစီမံ၏။ ယင်းရို့နောက် အဆင့်ဆင့်သော ရွှေကြုတ်၊ ငွေကြုတ် ပတ္တမြားကြုတ်များကို ဆင်ယင်ပြီး ဓါတ်တော်များကိုအထဲ၌ ကိန်းဝပ်စီ၏။ ထို့နောက် ငါးရာ့ငါးဆယ်သော ဇာတ်တော်၊ သျှစ်ကျိတ်သောမထေရ်၊ သုဒ္ဓေါဒနမင်းကြီး၊ မဟာမာယာမိဖုရား၊ ဖွားဖက်တော်ခုနှစ်ယောက်၊ စသည်ရို့ကို ရွှေစင်အတိချည်းပြုလုပ်စီ၏။ ရွှေကြာသွတ်အိုးငါးရာ၊ ငွေကြာသွတ်အိုးငါးရာရို့ကို ထား၏။ ရွှေတန်းခွန် ငွေတန်းခွန်ငါးရာရို့ကိုလည်း စိုက်စီ၏။ ရွှေဆီမီးခွက်ငါးရာ၊ ငွေဆီမီးခွက်ငါးရာရို့ကိုလုပ်စီ၍ ဆီနံ့သာပြည့်လျှက် ဘွဲ့ဖြူပုဆိုးမီးစာရို့ကို ထွန်းညှိထား၏။
ထိုအခါ အသျှင်မဟာကဿပသည် ပန်းမညှိုးစီသတည်း။ နံ့သာအနံ့မပြယ်စီသတည်း။ ဆီမီးမငြိမ်းစီသတည်းဟု ဓိဌာန်ပြု၏။ နောင်သောအခါ ပီယဒါသအမည်ဟိသောမင်းသားသည် ထီးဖြူဆောင်း၍ အာသောကမင်းကြီး ဖြစ်လာအံ့။ ထိုအာသောကမင်းသည် ဤဓါတ်တော်ရို့ကို ဘုရားသျှင်ဗျာဒိတ်တံဆိပ်ခပ်နှိပ်ခရာ အရပ်ဒေသရို့၌ ပျံ့နှံ့စီအံ့ဟူ၍ အက္ခရာစာရွီးထိုးထား၏။
ယင်းသို့စီရင်ပြီးနောက် အထက်ဝန်းကျင်မှနီ၍ အုတ်ကျောက်အကွပ်ဖြင့် အစောင့်အရံပြုပြီးလျှင် ကျောက်ဖျာကြီးကို ပိတ်၍ ညီညာစွာမြီဖို့ကာ အထက်၌ကျောက်စေတီကို တည်ထားခ၏။
ကျမ်းကိုး
၁။ ဦးစန္ဒမာလာလင်္ကာရ ။ ။ ရခိုင်ရာဇ၀င်သစ်ကျမ်း ပ-စာ ၁၄၀၊ ၁၄၂
၂။ မင်းပြားမင်းသိန်းဇံ ။ ။ သရီရတော်မြတ်ပါးတော်သမိုင်း၊ စာ-၈၃မှ၈၇ထိ.
...။...။...တင်ပြသူ...။လခြမ်းမြီ
...စာတင်ချိန်။...။..23.1.10...။...လခြမ်းပြီး...။...
ဘာသာရေး
.
။...အားပီးလာဂါတ်ရေ စာဖတ်ပရိတ်မှားမှ ဒေဘလော့ဂ်နန့်ပတ်သတ်ပြီး အကြံများပီးလိုပါက arakankotawchay@gmail.com မှ အမြဲတမ်း ကြိုဆိုနီပါသည်။ စာဖတ်ပရိတ်သတ်များအားလုံးကို ကျေးဇူးတင်လျှက် ...။