။....။

လိုင်ရိုးတော်ဓါတ်သမိုင်း အခန်း (၁၄)

လိုင်ရိုးတော်ဓါတ်စေတီအား နောက်ပိုင်းပြုပျင်ဆောင်ရွက်မှုများ

လိုင်ရိုးတော်ဓါတ်ကို ဓည၀တီခေတ် သူရိယစက္ကမင်းကြီးကစ၍ တည်ထားခပြီးသည့်နောက် ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ်ရို့တွင် ဘုရင်အသီးသီးရို့က ကောင်းမှုပြု၍ မွမ်းမံပျင်ဆင်လာခသော စေတီတဆူဖြစ်သည်။ ကောဇာ (၁၁၄၆) ခု နောက်တွင်ကား စစ်ဘေးဒဏ်အမျိုးမျိုးကြောင့် ဓါတ်တော်မှာ ကြည့်ရှုစောင့်လျှောက်မည့်သူ ကင်းဝီးခရသည်။ ဓါတ်တော်၏ရင်ပြင်၌ ခြုံနွယ်ညောင်ကြပ်ပြီး တောအုပ်ပမာ ဟိနီခသည်။ အင်္ဂလိပ်ခေတ်ဦးပိုင်းကဆိုလျှင် စေတီသို့တက်ရောက်သည့်လမ်း၌ ခြုံများပိတ်ဆို့ထားသဖြင့် နွယ်ပင်များကိုဆုပ်ကိုင်ပြီး ခက်ခက်ခဲခဲတောင်ပေါ်သို့တက်ရောက်၍ ဘုရားဖူးရသည်။ ရှိယခင်ကပြုလုပ်ခသော လမ်းများမှာလည်း ပိတ်ဆို့ပျပ်စီးလျှက်ဟိသည်။

ခရစ် (၁၉၀၈) ခုနှစ် အင်္ဂလိပ်လက်ထက်ပြုပျင်ခြင်း

ယင်းသို့တောထဲခြုံထဲ၌ လိုင်ရိုးတော်ဓါတ်ကြီးမှာ ပြုပျင်မှုကင်းမဲ့လျှက်ဟိလတ်ရာ (၁၉၀၈) ခုနှစ်သို့ ရောက်သည့်အခါ ဓါတ်တော်ကြီးသည် ရောင်ခြည်တော်လွှတ်လျှက် ဓါတ်တောက်သည်။ ယင်းရို့၏ရောင်ခြည်တချို့သည် လိုင်ရိုးတော်ဓါတ်မှ အရှိမြောက်ဘက် (၂) မိုင်ခန့်ဝီးသည့် ရွာချောင်းကြီး ဘုန်းတော်ကြီးကျောင်းသို့ ကျရောက်သည်။ ထိုအချိန်က ရွာချောင်းကြီးကျောင်းမှာ ဆောက်လုပ်ခြင်း မပြီးပြတ်သိမ့်၍ ဘေးပြုတင်းပေါက်မှ ၀င်ရောက်လာသော ရောင်ခြည်တော်ရို့သည် ဘုန်းကြီးကျောင်းမှန်တိုင်တွင် ရောင်ပြန်ဟပ်ထိုးပြီး ကျောင်းကြီးမီးလောင်နီပြီဟုပင် အထင်မှားကတ်သည်။.

ရွာသူရွာသားများကလည်း ပြီးလွှားကြည့်ရာ ရွာချောင်းကြီးရွာဘုန်းတော်ကြီးကျောင်းသို့ လိုင်ရိုးတော်ဓါတ်မှ ရောင်ခြည်တော်အလင်းတန်းသည် တည့်မတ်စွာကျလာသဖြင့် ကြည်လင်သော သဒ္ဒါစေတနာဖြင့် ဓါတ်တော်ကြီးကို ဖူးမြော်ကတ်ရသည်။ ယင်း၌ ရွာချောင်းကြီးရွာမှ လယ်သူဌေးအိုးဒုံနှင့် မယားထွန်းမေရို့မှာ ဓါတ်ကွန့်မြူးသည်ကို ဖူးတွိရသဖြင့် စေတီတော်ကြီးအား မွမ်းမံလိုခြင်း၊ လှူဒါန်းလိုခြင်း စေတနာသဒ္ဓါတရား ဖြစ်ပေါ်လာသည်။ ထို့နောက် လယ်သူဌေးအိုးဒုံနှင့် ရွာသူရွာသားများသည် လိုင်ရိုးတော်ဓါတ်တည်ဟိရာသို့ လားရောက်လျှက် တောလမ်းတလျှောက် သစ်ပင်ခြုံနွယ်များကို ခွတ်ထွင်ယှင်းလင်းစီသည်။ စေတီသို့တက်သည့်လမ်းကို အရှိဘက်မှ ဖောက်လုပ်သည်။ ပြိုပျက်နီသောစေတီကို မရမာကြီးလူမျိုး ပန်းရံလက်သမားများဖြင့် ပြုပျင်မွမ်းမံသည်။ ရပ်ဝီးရပ်နီးမှ အုတ်တင်၊ သဲတင်သူများကို သူဌေးကြီးအိုးဒုံက ဒိုင်ခံ၍ နိစဉ်မပြတ် ဆန်ပြုတ်သာကြူနှင့် ထမင်းဟင်းများလှူဒါန်းကျွေးမွီးသည်။

ထို့နောက်မန္တလေးမြို့မှ ဘုံ (၇) ဆင့်ပါသော ကြီးထီးတော်ကြီးကို ငွေ (၅၀၀ိ) ဖြင့်ဝယ်ယူ၍ စေတီတော်အား ထီးတင်သည်။ ဓါတ်တော်သို့ အရှိဘက်တက်လမ်းနီရာ၌ အုတ်များဖြင့် ကွန်ကရစ်လမ်းကို တည်ဆောက်သည်။ စေတီတခုလုံးကိုလည်း ရွှေဆိုင်းသင်္ကန်း ကပ်လှူပူဇော်သည်။ ထီးတော်တင်ရာ၌ ဘုံအဆင့်ဆင့်ကို ကျွန်းရွာများသို့ဝီခွဲ၍ မဲစနစ်ဖြင့် တင်လှူစီသည်။

ပထမဦးဆုံး ဂေါပကအဖွဲ့အင်္ဂလိပ် လက်ထက်ပြုပျင်ခြင်း

ကောဇာ (၁၂၉၁) ခုနှစ်သို့ ရောက်သောအခါ ပေါက်တောမြို့နယ် အောင်ဇေယျရွာမှ ဦးမောင်သာလှ၊ ပေါက်တောမြို့နယ်သရွဲရွာမှ ဦးမောင်သာနိုး၊ ဦးအောင်သာဇံ၊ ပေါက်တောမြို့နယ် သ၀င်ချောင်းရွာမှ ဦးသာဒိုးအောင်၊ ပေါက်တောမြို့မှ ဦးဝါပန်းဦး၊ ဦးအောင်ထွန်းခိုင်စသည်ရို့သည် လိုင်ရိုးတော်ဓါတ်တော်အား နွယ်ညောင်ကြပ်သည်များကို ခွတ်ထွင်ယှင်းလင်း၍ စေတီတော်မြတ်ကြီးအား အောက်လင်းဓါတ်မီး (၂) လုံး၊ လီထိုးမှန်အိမ် (၄) လုံးဖြင့် သီတင်းနိများတွင် မီးများထွန်းညှိပူဇော်သည်။

ထိုအချိန်မှစ၍ ဓါတ်တော်ဂေါပကအဖွဲ့မှာ ဟိလတ်သည်။ သြ၀ါဒစရိယဆရာတော်မှာ ဦးရေ၀တဖြစ်သည်။ ဥက္ကဌမှာ ဦးမောင်သာလှ၊ အတွင်းရေးမှူးမှာ ဦးအောင်သာဇံနှင့် သာဗန်းဦးရို့ဖြစ်သည်။ ဘဏ္ဍာထိမ်းမှာ ဦးမောင်သာနိုး၊ ဦးသာဒိုးအောင်ရို့ဖြစ်ပြီး အဖွဲ့ဝင်အဖြစ် ဦးအောင်ထွန်းခိုင်၊ ဦးဝါပန်းဦးရို့ဖြင့် ပထမဆုံးဂေါပကကို ဖွဲ့စည်းသည်။ ဤဂေါပကအဖွဲ့သည် ဘုရားရင်ပြင်ကိုပြုလုပ်ခြင်း၊ တံတိုင်းများကိုတည်ဆောက်ခြင်း၊ စေတီကို ထုံးဖြူသုတ်ခြင်းများပြုလုပ်သည်။ ဤဂေါပကအဖွဲ့မှပင် ဂျာမနီနိုင်ငံလုပ် ကူဘိုတာမီးစက်တလုံးကို ကျပ်ငွေ (၁၂၀၀ိ) ဖြင့် ၀ယ်ယူလျှက် ဓါတ်တော်ကြီးအား လျှပ်စစ်မီးထွန်းသည်။ ဓါတ်တော်၏တောင်ဘက်အနီး၌လည်း အာရုံခံသိမ်တဆောင်ကို ဆောက်လုပ်သည်။ ဤဂေါပကအဖွဲ့သည် ခရစ် (၁၉၂၉) ခုနှစ်မှ (၁၉၃၉) ခုနှစ်အထိ ဓါတ်တော်၏ဝေယျာဝစ္စများကို ဆောင်ရွက်သည်။ (၃၂) ရွာဖြင့် ဂေါပကအဖွဲ့ကို ဖွဲ့စည်းသည်။

ဒုတိယ ဂေါပကကော်မီတီလက်ထက် ပြုပျင်ဆောင်ရွက်မှု

ထို့နောက်ခရစ် ၁၉၄၀ ခုနှစ်တွင် ဓါတ်တော်၏ ဂေါပကဗဟိုကော်မတီကိုဖွဲ့စည်းသည်။ ယင်းအချိန်တွင် ပေါက်တောမြို့ ဦးဝါပန်းဦးက ဥက္ကဌအဖြစ်လည်းကောင်း၊ ပေါက်တောမြို့ နာရီဆရာ ဦးထွန်းစံခိုင်က အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ပေါက်တောမြို့မှ ဦးငွေသာအောင်က ဘဏ္ဍာထိန်းအဖြစ်လည်းကောင်း၊ အဖွဲ့ဝင်များအဖြစ် မောင်ကိုင်း (နတ်တောင်ပြင်) ဦးကံကြီးအောင် (ကျောက်ဆိပ်)၊ ဦးစံထွန်းအောင် (ကြိမ်ခွေမော်)၊ ဦးမောင်ထွန်း (မီးကျောင်းတက်) စသည်ရို့ပါဝင်သည်။

ဤဂေါပကအဖွဲ့သည် ဓါတ်တော်၏မြောက်ဘက် ယခုကုသိန္နာရုံအနီးဟိရာ၌ အာရုံခံဇရပ်တဆောင်ကို ဆောက်လုပ်ခသည်။ ဤလက်ထက်၌ ကြီးထီးတော်ကိုပြန်ချပြီး ရွှေဆိုင်းကပ်ကာ ပြန်တင်သည်။ ၎င်းင်းအပြင် ဤအဖွဲ့မှ ဓါတ်တော်ကြီးအား ထုံးဖြူသုတ်ခြင်း၊ ဝေယျာဝစ္စများကိုဆောင်ရွက်သည်။ ဘုရားပွဲတော်ကိုလည်း ကျင်းပသည်။ ဤဂေါပကအဖွဲ့မှ လှကားအမိုးတက်လမ်း (၃) ပုံ (၂) ပုံကို ပြုပျင်ဆောက်လုပ်သည်။

လွတ်လပ်ရေးရပြီးနောက် ပြုပျင်ခြင်း

လွတ်လပ်ရေးရပြီးနောက်တွင် လိုင်ရိုးတော်ဓါတ်ဂေါပကအသစ်ကို ဖွဲ့စည်းသည်။ ဤအဖွဲ့၌ သရွဲကျွန်းရွာမှ ဦးမောင်ကျော်သာက ဥက္ကဌအဖြစ်လည်းကောင်း၊ ပေါက်တောမြို့မှ ဦးစိန်လှအောင်က အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ ကျော်ရှင်ရွာမှ ဦးကျော်ချေက အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ပေါက်တောမြို့မှ ဦးအောင်မြထွန်းက ဘဏ္ဍာထိမ်းအဖြစ်လည်းကောင်း ဆောင်ရွက်ပြီး ဤအဖွဲ့၌အဖွဲ့ဝင်ပေါင်း (၉) ဦးပါဝင်သည်။ ယင်းရို့မှာ ဦးသာဂရ (ကျောက်ဆိပ်)၊ ဦးဇာမရီ (ကျောက်ဆိပ်) ၊ ဦးမဲသာ (ကျောက်ဆိပ်)၊ ဦးမောင်သာပွင့် (ပေါက်တော)၊ ဆရာဦးမောင်မောင် (ပေါက်တော)၊ ဦးသာစိန် (ပေါက်တော)၊ ဦးမောင်ထွန်းစိန် (ပေါက်တော)၊ ဦးစံထွန်းဦး (နတ်တောင်ပြင်)၊ ဦးထွန်းလှ (ရွာချောင်းကြီး) ရို့ဖြစ်သည်။ ဤဂေါပကအဖွဲ့သည် နှစ်ပေါင်း (၂၀) ခန့် စေတီကြီးအား ထုံးသင်္ကန်းကပ်လှူခြင်း၊ လျှပ်စစ်ဓါတ်မီးပူဇော်ခြင်းစသည်များကို ဆောင်ရွက်သည်။ ဤအဖွဲ့မှ (၁၃၁၈) ခုနှစ်၊ တန်းခူးလဆန်း (၁၀) ရက်နိတွင် စေတီကြီးရင်ပြင်၌ မဟာရံတံတိုင်းကို တည်ဆောက်သည်။

ပြည်သူ့ကောင်စီလက်ထက်ပြုပျင်ဆောင်ရွက်မှု

ထို့နောက် မြန်မာမဆလလက်ထက်တွင် ဂေါပကဥက္ကဌမှာ ဦးမောင်ကျော်သာ (သရွဲ)၊ အတွင်းရေးမှူးမှာ ဦးအောင်မြထွန်း (ပေါက်တော)၊ ဘဏ္ဍာရေးမှူးမှာ ဦးအောင်ကျော်ဖြူ (ပေါက်တော) ရို့ဖြင့် ကျွန်းရွာတရွာလျှင် (၂) ဦးကျစီ ပါဝင်ဖွဲ့စည်းသည်။ (၃၂) ရွာမှ ဂေါပကအဖွဲ့ဝင်များပါဝင်သည်။ ဤအဖွဲ့လက်ထက်၌ လျှပ်စစ်မီးထွန်းအသင်းကို ဖွဲ့စည်းလျှက် ကျွန်းရွာများတွင် အသင်းဝင်ကြေးငွေများတလ (၂၅) ပြားကောက်ခံကာ လျှပ်စစ်ဓါတ်မီးကို သီတင်းနိများ၌ ထွန်းညှိပူဇော်သည်။ (၁၉၆၈) ခုနှစ် လီမုန်းတိုင်းဒဏ်ကြောင့် စေတီရင်ပြင်အနီး အဆောက်အဦးများပြိုပျက်ရာ ယင်းရို့ကိုလည်း ထပ်မံပြုပျင်မွမ်းမံသည်။ စေတီ၏ကြီးထီးတော်မှာလည်း မုန်းတိုင်းဒဏ်ကြောင့် ယိုယွင်းပျက်စီးခရာ ယင်းကိုပြန်ချပြီး စစ်တွေမြို့မှ ဦးလောဘသာက ပြန်လည်ပြုပျင်ကာ ထီးကိုပြန်တင်သည်။ ထီးတော်၏ပျက်စီးလားသောနီရာ၌ သံသားကို အစားထိုးပြုလုပ်သည်။ ဤဂေါပကလက်ထက်တွင် ကူဘိုတာ ဂျပန်ပြည်လုပ် (၅-၆) မြင်းကောင်ရေ မီးစက်တလုံးကို အသစ်ဝယ်ယူပြီး လျှပ်စစ်ဓါတ်မီးထွန်းညှိပူဇော်သည်။

မျက်မှောက်ကာလပြုပျင်ဆောင်ရွက်မှု (၁၉၉၀ မှ ၁၉၉၅ ထိ)

(၁၉၉၀) ပြည့်နှစ်တွင် လိုင်ရိုးတော်ဓါတ်ဂေါပကအသစ်ကို ပြန်လည်ဖွဲ့စည်းသည်။ ဤဂေါပကအသင်း၌ ဦးမောင်ကျော်သာ (ဥက္ကဌ-သရွဲရာ)၊ ဦးအိုးဗျိုင် (ဒုဥက္ကဌ-ပေါက်တော)၊ ဦးမဲသာ (တွဲဘက်ဥက္ကဌ-ကျောက်ဆိပ်)၊ ဦးမောင်မြထွန်း (အတွင်းရေးမှူး-ပေါက်တော)၊ ဦးသိန်းကျော်အောင် (တွဲ-အတွင်းရေးမှူး-ပေါက်တော)၊ ဦးသောင်းထွန်းဦး (တွဲ-အတွင်းရေးမှူး-ပေါက်တော)၊ ဦးမောင်အိုးစိန် (ဘဏ္ဍာထိမ်း-ပေါက်တော)၊ ဦးဆန်ခါအောင် (တွဲ-ဘဏ္ဍာထိမ်း-ပေါက်တော)၊ ဦးမောင်ကျော်ထွန်း (စာရင်းစစ်-ကျောက်ဆိပ်)၊ ဦးစံရဲကျော် (စာရင်းစစ်-ပေါက်တော) စသည်ရို့ဖြစ်ပြီး အဖွဲ့ဝင်များမှာ ကျွန်းရွာ (၁၂) ရွာနှင့် မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်မှ အဖွဲ့ဝင် (၂) ဦးစီး ပါဝင်သည်။ ဤဂေါပကအဖွဲ့သည် စေတီရင်ပြင်နှင့် မဟာရံတံတိုင်းလှကားသစ်များကို ပြန်လည်ပြုပျင်သည်။ လျှပ်စစ်ဓါတ်မီးကိုလည်း ယခင်အတိုင်းထွန်းညှိသည်။ ဤအဖွဲ့မှ စေတီကြီးအား ထုံးသင်္ကန်းကပ်လှူခြင်းပြုသည်။ ဗုဒ္ဓပူဇနိယပွဲတော်ကိုလည်း ကျင်းပသည်။ ဤအဖွဲ့လက်ထက်တွင် ထီးတော်ကို ပြန်ချပြီး ယခင်ဦးလောဘသာ တင်ခသည့် သံသားနီရာ၌ ကြီးသားကိုအစားထိုးမွမ်းမံသည်။ (၁၉၉၁-၉၂) ခုနှစ်တွင် စေတီရင်ပြင်၌သံမံတလင်းကို ခင်းသည်။ (၁၉၉၂) ခုနှစ်တွင် အုတ်လှကားအမိုးဆောင် (၁၇) ဆောင်ကိုတိုးချဲ့၍မိုးသည်။ ရင်ပြင်ကို နီပူတောင်ကျောက်ပြား သုံးသောင်းကျပ်ဖိုးခင်းသည်။ ဒိုင်နမိုတလုံးဝယ်ယူပြီး မီးစက်တွင် တပ်ဆင်သည်။ မြောက်ဘက်ကုသိန္နရုံတော်ကို ငွေတသိန်းနှစ်သောင်းကျပ်ဖြင့်ဆောက်လုပ်သည်။ (၁၉၉၄) ခုနှစ်တွင် စေတီဂူဘုရား (၄၆) ဆူကိုတည်ထားပြီး စေတီ၏အရှိမြောက်ထောင့် ကုန်းတော်ပြိုနီရာများကို ပြုပျင်ကာဆီးသည်။ (၁၉၉၅) ခုနှစ်တွင် လှကားထစ်မုခ်ဝကို အုတ်ဖြင့်တည်ဆောက်သည်။ လှကားတက်လမ်းအလယ်တွင် မြောက်ဘက်က ရီချမ်းစင်နှင့် ဇရပ်တဆောင်ဆောက်သည်။

မျက်မှောက်ကာလပြုပျင်ဆောင်ရွက်မှု (၁၉၉၆ မှ ၁၉၉၈ ထိ)

(၁၉၉၆) ခုနှစ်တွင် မြို့ရောနယ်ပါ ဂေါပကအဖွဲ့သစ်ကို သြ၀ါဒစရိယဆရာတော်ကြီးများဖြင့် ဖွဲ့စည်းသည်။ ဤအဖွဲ့မှ လှကားတက်လမ်း ရပ်နားဆောင်နှစ်ခုမွမ်းမံသည်။ စေတီ၏ရင်ပြင်၌ တရားထိုင်အကွက် (၂၇) ကွက် ကြွီပြားခင်းသည်။ ဓါတ်တော်၏အနောက်မြောက်ထောင့် ကုန်းတော်မပြိုဆင်းရန် မြီထိန်းနံရံကို ပြုလုပ်သည်။ လှကားတက်လမ်းတွင် ယိုယွင်းပျက်စီးနီသော စောင်းတန်းအမိုးဆောင်ကိုလည်းမွမ်းမံပြုပျင်သည်။ (၁၉၉၇) ခုနှစ်တွင် အလှုသျှင်ရန်ကုန်မြို့၊ မင်္ဂလာဒုံလီတပ်၌ တာဝန်ထမ်းဆောင်နီသော (ပေါက်တောသား) ဦးကျော်ဝင်းနှင့် မယားဦးသိန်းခင်၊ သမီးမခင်သန်းဝင်း၊ မမီမီဝင်း မိသားစုက စေတီလုံးတော်ပြည့်ရွှေဆီးသင်္ကန်းကို ကပ်လှုသည်။ ဤဂေါပကအဖွဲ့အသင်းမှာ ဥက္ကဌအဖြစ် ဦးမောင်အိုးစိန် (ပေါက်တော)၊ ဒုဥက္ကဌဦးမောင်ကျော်သာ (သရွဲ)၊ ဒုဥက္ကဌ ဦးစိုးလှအောင် (ဒါးကိုင်)၊ ဘဏ္ဍာထိမ်း ဦးအောင်စံသာ (ပေါက်တော)၊ ဒုဘဏ္ဍာထိမ်းဦးဆန်ခါအောင် (ပေါက်တော)၊ တွဲဘက်ဘဏ္ဍာထိမ်း ဦးစံဖော်အောင် (ပေါက်တော)၊ အတွင်းရေးမှူး ဦးအောင်လှသာ (ပေါက်တော)၊ အတွင်းရေးမှူး ဦးအောင်ကျော်ဇံ (ကျောက်ဆိပ်)၊ အတွင်းရေးမှူး ဦးသောင်းထွန်းဦး (ပေါက်တော)၊ စာရင်းစစ် ဦးအောင်ထွန်းလှ (ပေါက်တော)၊ စာရင်းစစ် ဦးအောင်ကျော်စိန် (နတ်တောင်ပြင်) ရို့ဖြစ်သည်။ အဖွဲ့ဝင်များမှာ ယခင်အတိုင်းဖြစ်သည်။

မျက်မှောက်ကာလပြုပျင်ဆောင်ရွက်မှု (၁၉၉၈ မှ ၂၀၀၀ ပြည့်ထိ)

ထို့နောက် (၁၉၉၈-၉၉) ခုနှစ်တွင် လိုင်ရိုးတော်ဓါတ်ဂေါပကအဖွဲ့ကို သံဃနာယကအဖွဲ့၏ရှိမှောက်တွင် ပြန်လည်ဖွဲ့စည်းသည်။ ဤအဖွဲ့မှ (၁၉၉၈) ခုနှစ်တွင် ဗုဒ္ဓ၀င်ရုပ်လုံး ရုပ်ကြွများတည်ဆောက်ခြင်း၊ (၁၉၉၉) ခုနှစ်တွင် ဇမ္ဗုပတိမင်းချွတ်ခန်း ဆင်းထုတော်တံကဲ တည်ဆောက်ခြင်း၊ အုတ်လှကားများ တက်လမ်းအမိုးဆောင် (၉) ဆောင်ပြုပျင်တည်ဆောက်ခြင်း၊ စေတီရင်ပြင်လုံး ပြည့်ကြွီပြားခင်းခြင်း၊ ကုသိန္နာရုံ ကြွီပြားခင်းခြင်း၊ (၁၉၉၉) ခုနှစ်တွင် ယခင်အလှူသျှင် ဦးကျော်ဝင်းနှင့် မယားဦးသိန်းခင်မိသားစုက စေတီလုံးပြည့်ပြန်လည်ရွှေဆီးချပူဇော်ခြင်း၊ စေတီ၏အနောက်မြောက်ဘက်မြီပြိုခြင်းကို ပြန်လည်မွမ်းမံခြင်း၊ (၁၉၉၉) ခုနှစ် (၁၀) ကီလိုဒိုင်နမိုနှင့် (၁၈) ကောင်အား မီးစက်သစ်ဝယ်ယူခြင်း၊ စေတီတော်အား ညဇာသားတိုင်း လျှပ်စစ်မီးပူဇော်ခြင်း၊ လှကားထစ် (၃၀) ထစ်ကို အသစ်မွမ်းမံပြုပျင်ခြင်း၊ ထီးတော်အသစ်ကို ပြန်ချပြီး လိုအပ်သည်များကို ပြန်လည်ပြုပျင်ကာ (၂၀၀၀) ပြည့်နှစ် ဒီဇင်ဘာလ (၁၅) ရက်မှ (၁၉) ရက်နိအထိ ပွဲလမ်းသဘင်ကျင်းပကာ အောင်မြင်စွာထီးတင်ပွဲကို ကျင်းပသည်။ အထက်ပါပြုလုပ်ဆောင်ရွက်မှုရို့သည် ဂေါပကမှဦးဆောင်၍ မြို့ရောနယ်ပါ စေတနာသျှင်များက လှူဒါန်းသောငွေကြေးများဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ ဓမ္မသဘင်တရားပွဲတော်ကိုလည်း (၁၉၉၅) ခုနှစ်မှ နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလတွင်ကျင်းပလာခရာ ယခုနှစ်နှင့်ဆိုပါလျှင် ပဉ္စမအကြိမ်မြောက်ပြီဖြစ်သည်။ ဤဓမ္မသဘင်တရားပွဲတော်မှ ရဟိသည့်အလှူငွေများဖြင့်လည်း စေတီတော်၏ဝေယျာဝစ္စ ဘက်စုံမွမ်းမံ တည်ဆောက်ခြင်းများကို ဆက်လက်ဆောင်ရွက်လျှက်ဟိသည်။ ဤဂေါပက၏စာရင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။

သြ၀ါဒနာယကဆရာတော်များ
၁။ ဘဒ္ဒန္တဂန္ဓမာလာဘိဝံသဓမ္မစရိယ (၀ိနယပါရဂူ)၊ မြို့နယ်သံဃနာယကဥက္ကဌ၊ လက်ပံပြားဆရာတော်
၂။ ဘဒ္ဒန္တ နာဂိန္ဒ တပ်မော်ကျောင်းဆရာတော်၊ မြို့နယ်သံဃ၀န်ဆောင်၊ အတွင်းရေးမှူး
၃။ ဘဒ္ဒန္တ သုနန္ဒ၊ ဓါတ်တော်ကျောင်းတိုက် (ပေါက်တောမြို့)
၎။ ဘဒ္ဒန္တ ဣန္ဒာဝံသ၊ ဘ၀မ်းကျောင်းတိုက်၊ ပေါက်တောမြို့
၅။ ဘဒ္ဒန္တ စန္ဒာဝရ၊ ကျောက်ဆိပ်ဆရာတော် ရို့ဖြစ်သည်။

စေတီတော် ဂေါပကအဖွဲ့
၁။ ဦးအောင်ကျော်ညွန့် (ပေါက်တော) ဥက္ကဌ
၂။ ဦးစိုးလှအောင် (ဒါးကိုင်ရွာ) ဒု-ဥက္ကဌ
၃။ ဦးမောင်စံထွန်း (သရွဲရွာ) ဒု-ဥက္ကဌ
၎။ ဦးအောင်စံသာ (ပေါက်တော) အတွင်းရေးမှူး
၅။ ဦးမောင်ကျော်ထွန်း (ကျောက်ဆိပ်) အတွင်းရေးမှူး (၂)
၆။ ဦးကျော်ထွန်းအောင် (ပေါက်တော) အတွင်းရေးမှူး (၃)
၇။ ဦးမောင်သိန်းချေ (ပေါက်တော) ဘဏ္ဍာရေးမှူး
၈။ ဦးငကြွင်းအောင် (ပေါက်တော) ဘဏ္ဍာရေးမှူး (၂)
၉။ ဦးမောင်ကျော်သိန်း (ပေါက်တော) ဘဏ္ဍာရေးမှူး (၃)
၁၀။ ဦးအောင်ကျော်စိန် (နတ်တောင်ပြင်) စာရင်းစစ်
၁၁။ ဦးအောင်ထွန်းလှ (ပေါက်တော) စာရင်းစစ် (၂)
၁၂။ ဦးကျော်သာကြီး (ပေါက်တော) စာရင်းစစ် (၃)
၁၃။ ဦးသာဇံမောင် (ကျောက်ဆိပ်) ပြန်ကြားရေးမှူး

ကျွန်းရွာ (၁၂) ရွာနှင့် မြို့ပေါ်ရပ်ကွက် (၅) ကွက်မှ အဖွဲ့ဝင်သုံးဦးစီ ပါဟိသည်။.
ဒေနိန်ရာက





...။...။...တင်ပြသူ...။လခြမ်းမြီ ...စာတင်ချိန်။...။..23.1.10...။...လခြမ်းပြီး...။... . ။...အားပီးလာဂါတ်ရေ စာဖတ်ပရိတ်မှားမှ ဒေဘလော့ဂ်နန့်ပတ်သတ်ပြီး အကြံများပီးလိုပါက arakankotawchay@gmail.com မှ အမြဲတမ်း ကြိုဆိုနီပါသည်။ စာဖတ်ပရိတ်သတ်များအားလုံးကို ကျေးဇူးတင်လျှက် ...။

0 comments for "လိုင်ရိုးတော်ဓါတ်သမိုင်း အခန်း (၁၄)"

Post a Comment

ထင်မြင်ချက်ပီးလာသူများ

ပို့စ်တင်စချေတိ