။....။

လိုင်ရိုးတော်ဓါတ်သမိုင်း အခန်း (၁၅)

လိုင်ရိုးတော်ဓါတ်စေတီဝန်းကျင်မှ ဗုဒ္ဓသာသနိကအဆောက်အဦးများ

လိုင်းရိုးတော်ဓါတ်တည်နီရာသည် ပေါက်တောမြို့မှ မြောက်အရပ်သို့ကျရောက်ပြီး (၁) မိုင်ခွဲခန့်ဝီးကွာသည်။ ဤတောင်ကုန်းတည် သီးသန့်တောင်တလုံးအဖြစ်တည်ဟိသည်။ တောင်၏အမြင့်သည် ပေ (၁၆၄) ခန့်ဟိသည်။ ဤစေတီသို့ ပေါက်တောလက်ပံပြားလမ်းအတိုင်း လားရောက်ပြီး သရွဲရွာသို့မရောက်မီ တောင်ပေါက်ကိုဖြတ်သည့်အခါ ဓါတ်တောင်အောက်ခြီ ရင်ပြင်သို့ရောက်သည်။ ဤတောင်ခြီရင်ပြင်အနီး၌ ဘဒ္ဒသိမ်တဆောင်ကိုတွိရသည်။ ဤသိမ်ကို ကောဇာ (၁၂၉၂) ခုနှစ်က စစ်တွေမြို့နယ်၊ ကျားမသောက်ကျွန်းရွာမှ မသာနုမိခင်က လှူဒါန်းခသည်။ ထို့နောက် ဤသိမ်ကို ပေါက်တောမြို့ ဂေါပကအဖွဲ့ဝင်များဖြစ်သော ဦးထွန်းစံခိုင်၊ ဦးမောင်ထွန်းစိန်၊ ဦးသာပန်းဦး၊ ဦးငခူချေရို့က ထပ်မံပြုပျင်ခကတ်သည်။

ဤသိမ်၏မြောက်ဘက်အနီးတွင် ရီကန်တကန်ကိုတွိရသည်။ ဤကန်ကို မဒေါင်း (ခေါ်) မဲဒေါင်က တူးဖော်ခသည်။ ဤအရပ်ဝန်းကျင်၌ ရှိကတူးဖော်ခသော ရီကန်ဟောင်းများကိုလည်း တွိရသည်။ ယခုအခါ ဤတောင်ခြီရင်း၌ ဓါတ်တောင်ကျောင်း၊ သိမ်ကျောင်း၊ ဓါတ်လယ်ကျောင်း၊ တောကျောင်း၊ စိတ္တသုခကျောင်း၊ ဓမ္မိကရာမကျောင်း စသည့်ကျောင်းများက တောင်ခြီဝန်းကျင်တခို၌ ၀န်းရံလျှက်တည်ဟိသည်။ စေတီတော်ကို အရှိဘက်အုတ်လှကားမှစ၍ အပေါ်သို့တက်ရသည်။ ဤအုတ်လှကားကို အင်္ဂလိပ်ခေတ်က ရွာချောင်းကြီးသား အိုးဒုံနှင့်မိသားတစုက စ၍လှူဒါန်းခပြီး အုတ်လှကားအပေါ်မှ မုဒ်ဦးပြဿဒ်နှင့် အဆောင် (၇) ဆောင်ကို ပေါက်တောမြို့ လိုင်ရိုးတော်ဓါတ်ဂေါပကဥက္ကဌ ဦးမောင်ကျော်သာလက်ထက်က အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ပြုလုပ်ခကတ်သည်။ ပျက်စီးလားခသည့်နီရာတွင် ဦးမောင်သာလှလက်ထက် ပြန်ဆောက်လုပ်ခြင်းဖြစ်ပါသည်။
.

ထို့နောက် (၁၉၉၂) ခုနှစ်တွင် ဂေါပကဥက္ကဌ ဦးမောင်အိုးစိန်က ဦးဆောင်၍ နောက်ထပ် အမိုးဆောင်(၁၇) ခုကို ပြုပျင်ဆောက်သည်။ တဖန် (၁၉၉၉-၂၀၀၀) ပြည်နှစ်တွင် ပေါက်တောမြို့ လိုင်ရိုးတော်ဂေါပက ဦးအောင်ကျော်ညွန့်နှင့် အသင်းသူအသင်းသားဦးဆောင်၍ အမိုးဆောင် (၉) ဆောင်ကို ထပ်မံပြုလုပ်သည်။ အုတ်လှကားအထစ်မှာ စုစုပေါင်း (၁၈၈) ထစ်ဟိပြီး အမိုးဆောင် (၃၃) ဆောင်နှင့် ရီချမ်းရီအိုးစင်ဇရပ် (၁) ဆောင်ဟိသည်။ အုတ်လှကားစောင်းတန်းထက်၏အလယ်လောက်တွင် မြောက်ဘက်ဘုရား သိမ်တဆောင်ကိုတွိရသည်။ ဤသိမ်ထဲ၌ ဗုဒ္ဓဆင်းထုသုံးဆူဟိသည်။ ဤအဆောင်နှင့်ဘုရားဆင်းထုကို (၂၀၀၀) ပြည့်နှစ်တွင် ပေါက်တောမြို့ရပ်ကွက် (၁) နီ ဦးအောင်ကျော်ညွန့်မိခင်က လှူဒါန်းခသည်။

ဤဘုရားသိမ်မှ မြောက်ဘက်သို့ တောင်ပတ်လမ်းအတိုင်း အတန်ငယ်လားရောက်ပါက တောင်၏ကျောက်စွန်းဖျား၌ (၂၈) ဆူဘုရားတည်ဟိသည်။ ဤဆင်းထုများကို ဂေါပကအဖွဲ့ဦးဆောင်၍ မြို့သူမြို့သားများကစုပေါင်း၍ လှူဒါန်းသည်။ တောင်ကုန်း၏အရှိဘက်အုတ်လှကားမှဆက်၍ အပေါ်သို့တက်ရောက်လျှင် စေတီ၏ရင်ပြင်ကိုရောက်သည်။ စေတီ၏ရင်ပြင်သည် စတုရန်းပေ (၇၀၀) ခန့်ကျယ်ဝန်းသည်။ ရင်ပြင်တခုလုံးကို နီပူတောင်ကျောက်ကြွီပြားများနှင့် (၁၉၆၁) ခုနှစ်ကစ၍ ခင်းသည်။ ဤကြွီပြားခင်းလုပ်ငန်းကို ဂေါပကဟောင်း ဦးမောင်ကျော်သာလက်ထက်တွင်တကြိမ်၊ ကြွီပြားခင်းသည်။ စေတီရင်ပြင် ၀ဲယာရို့၌ အာရုံခံသိမ်များ၊ ကုသိန္နာရုံရို့က ၀ိုင်းရံတည်ဟိသည်။ မြောက်ဘက်ကနီရာသည် ဓါတ်တော်အောက် မြီနိမ့်ပိုင်းအရပ်ဖြစ်သည်။ အလျှား (၂၅) တောင်၊ အနံ (၁၂) တောင်ဟိသည်။ ကုသိန္နာရုံအတွင်း၌ ဇမ္ဗုပတိမင်းချွတ်ခန်းအင်္ဂတေဖြင့် ပြုလုပ်ထားသော ဆင်းထုတော်ဟိသည်။

ကုသိန္နာရုံ၏အတွင်းမျက်နှာပြင်များ၌လည်း ဗုဒ္ဓ၀င်ရုပ်လုံးရုပ်ကြွများဖော်ထားသည်။ ဤကုသိန္နာရုံကို (၁၉၉၃) ခုနှစ်ကစ၍ ဂေါပကအဖွဲ့မှဦးဆောင်ကာဆောက်လုပ်ပြီး အတွင်းမှဆင်းထုတော်များကို (၁၉၉၈) ခုနှစ်တွင် အပြီးသတ်ပြုပျင်သည်။ ဓါတ်တော်၏အနောက်ဘက်မှ အာရုံခံသိမ်ကို (၁၃၃၇) ခုနှစ်က ပေါက်တောမြို့ ကုန်သည်ကြီး ဦးငန်းကျားနှင့်မယားမမြဦး မိသားတစုက ဆောက်လုပ်လှူဒါန်းသည်။ ဤသိမ်အလျှားမှာ (၁၅) တောင်၊ အနံ ၁၀တောင်ဟိသည်။ ဤသိမ်အနီး၌ ၀သုနြေ္ဒနတ်ရုပ်တည်ထားဟိသည်။ အနောက်ဘက် အာရုံခံသိမ်နှင့်ပုံတူ သိမ်တဆောင်ကို ပေါက်တောမြို့ရပ်ကွက် (၂) နီ မြသိင်ဂီရွှေဆိုင်ပိုင်သျှင် မောင်ထွန်းမြနှင့် မသန်းဌေးမိသားစုက (၁၃၆၂) ခုနှစ် သင်္ကြန်မကျမှီအပြီးလှူဒါန်းရန် ဂေါပကအဖွဲ့သို့ အသိပီးခသည်။

ဓါတ်တော်၏တောင်ဘက်၌လည်း အာရုံခံသိမ်တဆောင်ကို တွိရသည်။ ဤသိမ်ကို ဓမ္မစင်္ကြာအာရုံခံသိမ်ဟု ခေါ်သည်။ ပဇာကြောင့်ဆိုသော် ဤသိမ်ထဲ၌ ပဉ္စ၀ဂ္ဂီ ၅ ဦးအား မြတ်စွာဘုရားသျှင်မှ ဓမ္မစင်္ကြာတရားဟောနီပုံ ထုလုပ်ထား၍ဖြစ်သည်။ ဤသိမ်ကို (၁၉၈၉) ခုနှစ်က ပေါက်တောမြို့အမှတ် (၄) ရက်ကွက်နီ ဦးမောင်ကျော်သိန်းနှင့် မယားနုနုယဉ် မိသားတစုက ဆောက်လုပ်ခခြင်းဖြစ်သည်။ ဤသိမ်အလျှားသည် (၁၅) တောင်၊ အနံ (၁၀) တောင်ကျယ်ဝန်းသည်။ သိမ်၏အောက်ခြီကြမ်းကို ကြွီပြားဖြင့်ခင်းထားသည်။

အရှိဘက်က အာရုံခံသိမ်ငယ်တဆောင်ကိုလည်း (၁၉၈၈) ခုနှစ်က ပေါက်တောမြို့ ကုန်သည်ကြီး ဦးအောင်ထွန်းလှနှင့်ရွှေမြစိန် မိသားစုကဆောက်လုပ်လှူဒါန်းသည်။ အခင်းပျဉ်ဖြစ်ပြီး အမိုးမှာ သံဖြူဖြစ်သည်။ အလျှား (၁၅) တောင်၊ အနံ (၁၀) တောင် ကျယ်ဝန်းသည်။ အထူးသဖြင့် စေတီမြတ်တည်ဟိရာ ကုန်းမြင့်၏မျက်နှာပြင်သည် မတ်စောက်သဖြင့် မကြာခဏ မြီပြိုကျခြင်းဟိသည်။ ဤသို့ပြိုကျခြင်းကို လက်ဟိဂေါပကမှဦးဆောင်၍ (၁၉၉၀) ခုနှစ်က စေတီ၏အရှိဘက်ကိုလည်းကောင်း၊ (၁၉၉၄) ခုနှစ်က စေတီ၏အနောက်မြောက်ထောင့်ဘက်ကိုလည်းကောင်း၊ အသီးသီးငွေကြေးကုန်ကျခံ၍ ကျောက်ပြားတံတိုင်းများဖြင့် ကာဆီးပြုလုပ်ထားရသည်။.

ဒေနိန်ရာက

...။...။...တင်ပြသူ...။လခြမ်းမြီ ...စာတင်ချိန်။...။..23.1.10...။...လခြမ်းပြီး...။... . ။...အားပီးလာဂါတ်ရေ စာဖတ်ပရိတ်မှားမှ ဒေဘလော့ဂ်နန့်ပတ်သတ်ပြီး အကြံများပီးလိုပါက arakankotawchay@gmail.com မှ အမြဲတမ်း ကြိုဆိုနီပါသည်။ စာဖတ်ပရိတ်သတ်များအားလုံးကို ကျေးဇူးတင်လျှက် ...။

0 comments for "လိုင်ရိုးတော်ဓါတ်သမိုင်း အခန်း (၁၅)"

Post a Comment

ထင်မြင်ချက်ပီးလာသူများ

ပို့စ်တင်စချေတိ