။....။

လိုင်ရိုးတော်ဓါတ်သမိုင်း အခန်း (၆)

ရခိုင်လူမျိုးနှင့်မြို့ဆက်နန်းဆက်

ရခိုင်လူမျိုးရို့၏ဗုဒ္ဓဘာသာအကြောင်းကို ရွီးသားမတင်ပြခင် ယင်းနှင့်ဆက်စပ်လျှက်ဟိသည့် ရခိုင်လူမျိုး တွင်ခေါ်ခြင်း၊ ရခိုင်ပြည်ဟူ၍တွင်ခေါ်ခပုံ၊ ရခိုင်လူမျိုးဆင်းသက်လာရာဒေသ၊ စသည်ရို့၏ အကြောင်းကိုလည်း သိဟိထားဖို့လို သည်ဟုထင်ပါသည်။ သို့ဖြစ်၍ ဤအခန်း၌ ယင်းရို့၏အကြောင်းကို အကျဉ်းချုံ့၍ အနည်းငယ် တင်ပြလိုပေသည်။

သုဝဏ္ဏပူရပြည်၊ ရမ္မသုဝဏ္ဏပူရပြည်၊ အယုဇ္ဈပူရပြည်၊ ရက္ခပူရပြည် (သို့မဟုတ်)ဓည၀တီပြည်ဟူ၍ အမည်ဟိလတ်သည်။ “မဟာဝိဟိံကတိုင်း” ဟူ၍လည်း ခေါ်ဆိုသည်။ ယင်းသို့ နာမတံဆိပ်ခပ်နှိပ် တည်ဟိသောကြောင့် ရခိုင်သမိုင်းမှာ ကာလရှည်ဝီးလာလတ်ပြီ။ ရခိုင်ပြည်သည်ကား သီးခြားပထ၀ီရီမြီဖြင့် နိုင်ငံတနိုင်ငံလူမျိုးတမျိုးအဖြစ် အခြီချနီထိုင်စံပျော်ရာ ဌာနတခုဖြစ်သည်။ အီးမြသာယာဝပြောရကား နတ်ပြည်တမျစံနှိုင်းခံရကြောင်းဆိုသည်။ ရခိုင်လူမျိုးရို့မှီတင်း နီထိုင်လာသည်နှင့်အမျ အုပ်ချုပ်မှုမှာလည်း ရှည်ကြာညောင်းခသည်။ ထို့ကြောင့် သမိုင်းမတင်မှီခေတ်ကပင် ထီးနန်းမြို့ပြတည်ထောင်ခသဖြင့် မြို့သက်၊ နန်းသက်မင်းဆက်ရို့မှာလည်း များပြားလှသည်။ ရခိုင်သမိုင်းအဆိုအရ ရခိုင်ရှိဦးဝေသာလီမြို့တွင် ဗြဟ္မာဏရာဇာကစ၍ ဗြဟ္မာသိဒ္ဓိမင်း (၂၆) ဆက်။ (တနည်း -၂၉- ဆက်)။ နန်းသက် (၁၉၉၀) ရှည်လျှားသည်။ ခရစ်မပေါ်မီ ဘီစီ (၅၃၁၅) မှ ဘီစီ (၃၃၂၅) အထိကာလတိုင်သည်။
.

ထို့နောက် မာရယုမင်းသည် ပထမဓည၀တီမြို့ကို တည်ထောင်၍ မင်းဆက် (၅၇) ဆက်နှစ်ပေါင်း (၁၈၁၆) ခုနှစ် (ဘီစီ ၃၃၂၅ မှ ဘီစီ ၁၅၀၈) အထိဖြစ်သည်။ ပြီးနောက် ဒုတိယဓည၀တီခေတ်တွင် ကမ္မရာဇာမင်းမှ သီရိရာဇာမင်းအထိ မင်းဆက် (၂၈) ဆက် နှစ်ပေါင်း (၉၂၇) နှစ်ဖြစ်၍ (ဘီစီ ၁၅၀၇ မှ ၅၈၀) အထိ ကာလတိုင်သည်။ တတိယဓည၀တီခေတ်ကို စန္ဒသူရိယမင်းအစ သူရိယကေတုမင်းအထိ (၂၅) ဆက်၊ နန်းသက် (၉၀၆) နှစ် (ဘီစီ ၅၈၀ မှ အေဒီ ၃၂၆) ထိ ကာလတိုင် ကြာသည်။ ထို့ကြောင့် ရခိုင်ရှိဦး ဝေသာလီခေတ်ကစ၍ ရခိုင်မင်းများသည် လွန်ခသောနှစ်ပေါင်း (၇၀၀၀) ကျော်ကစ၍ မြို့ပြထီးနန်းများတည်ခသည်။

ဓည၀တီမြို့ကို စတင်တည်ထောင်ခသော မာရယုမင်းဆိုလျှင် ဆူမာရီယံရို့ပေါ်ချိန် ဘီစီ (၃၃၂၆) ခုနှစ်နှင့် ခေတ်ပြိုင်ကျသဖြင့် ထိုခေတ်မြို့ပြတည်ထောင်မူကာလကို ကမ္ဘာ့သမိုင်းနှင့်ချိန်ဆကြည့်နိုင်သည်။ ထို့ကြောင့် ရှိဦးမြို့ပြထီးနန်းမှာ သာမန်ရပ်စုအဆောက်အအုံမျှ ဟိနိုင်မည်ဟု ခန့်မှန်းယူဆရသည်။ ဓည၀တီခေတ် ကုန်ဆုံးလားပြီးသည့်နောက်မှာကား ဝေသာလီ ကျောက်လှကားခတ်ပေါ်ထွန်းလာခသည်။ အေဒီ (၃၂၇) မှ (၈၁၈) အထိဖြစ်သည်။ ဤခေတ်၌စန္ဒြားမင်းများ စိုးစံခကတ်သည်။ တိုင်းပြည်အလွန် စည်ပင်ဝပြောသာယာခကြောင်းကို အထောက်အထားများအရသိနိုင်သည်။

ဝေသာလီခေတ် ကုန်ဆုံးပြီးနောက် လေးမြို့ခေတ်သို့ရောက်သည်။ လေးမြို့ခေတ်သည် အေဒီ (၈၁၈) မှ (၁၄၃၀) အထိဖြစ်သည်။ လေးမြို့ခေတ်တွင် စမ္ပ၀က်၊ ပဉ္စာ၊ ပုရိန်၊ ခြိတ်၊ နေရဉ္စရာ၊ လောင်းကြက်စသည့် မြို့များထွန်းကားသည်။ အေဒီ (၁၄၃၀) ခုနှစ်သို့ ရောက်ဟိလာသည့်အခါမှာ မင်းစောမွန်သည် လောင်းကြက်မြို့မှ ရွှိပြောင်း၍ မြောက်ဦးမြို့ကို စတည်ထောင်သည်။ မြောက်ဦးခေတ်ကို ပထမမြောက်ဦး၊ ဒုတိယမြောက်ဦး၊ တတိယမြောက်ဦးဟူ၍ သုံးပိုင်းခွဲဖော်ပြသည်။ မြောက်ဦးခေတ်၌ မင်းပေါင်း (၄၉) ဆက်နန်းစံနှစ်ပေါင်း (၃၅၄) နှစ်ရှည်ကြာပြီး (၁၇၈၄) ခုနှစ်တွင် ရခိုင်ထီးနန်းအရေးနိမ့်သည်။ ယင်းနောက် (၁၈၂၄) ခုနှစ်တွင် ဗြိတိသျှလက်အောက်သို့ ကျရောက်သည်။.

)


...။...။...တင်ပြသူ...။လခြမ်းမြီ ...စာတင်ချိန်။...။..23.1.10...။...လခြမ်းပြီး...။... . ။...အားပီးလာဂါတ်ရေ စာဖတ်ပရိတ်မှားမှ ဒေဘလော့ဂ်နန့်ပတ်သတ်ပြီး အကြံများပီးလိုပါက arakankotawchay@gmail.com မှ အမြဲတမ်း ကြိုဆိုနီပါသည်။ စာဖတ်ပရိတ်သတ်များအားလုံးကို ကျေးဇူးတင်လျှက် ...။

0 comments for "လိုင်ရိုးတော်ဓါတ်သမိုင်း အခန်း (၆)"

Post a Comment

ထင်မြင်ချက်ပီးလာသူများ

ပို့စ်တင်စချေတိ