။....။

မုဒိတာစမ်းရီအိုင်

အခန်း(၁)

အချိန်က ညည့်……။

ခေါင်းအုံးအောက်မှာ သိမ်းထားရေ ပလတ်စတိပ်ဗူးချေကို ထုတ်ယူလိုက်တေ။ ဗြီးကေ ဗူးချေကို ဖွင့်လိုက်တေ။ မီးရောင်အောက်မှာ အလင်းတန်းချေတစ်ခု “လက်ခနဲ” ဖြာတက်လားခရေ။ ဗူးချေထဲမှာ ရွှီတုံးချေတစ်တုံး။ ဒေရွှီတုံးချေကိုရဖို့ သူ အချိန်ယူပနာ ကြိုးစားခရရေ။ အလုပ်လာအပ်တေ သူတိဘားက “လျော့တွက်” အနိန်နန့် ရဟိခရေ ရွှီအပိုင်းအစချေတိကို စုယင်းစုယင်းနန့် ဒေဂုပိုင် ရွှီတုံးချေတစ်တုံး ဖြစ်လာရစော်။ သူမသုံးဝံ့ မစားဝံ့ သိမ်းထားရေ ရွှီ…။ အဂု မသုံးလို့ မဖြစ်ဗျာ။ သူ့ညီ အောင်ကျော်၏ မင်္ဂလာပွဲ ခမ်းနားစည်ကားဖို့လိုရေ။ တာဝန်က သူ့ဂေါင်းထက်ကို ကျလာဗျာ။

“သူ”ဆိုစော်က ပန်းထိမ်ဆရာပေါက်စ ကျော်ဇောလှ ပါ။ သူ့မှာ အမိအိုရာဟိရေ။ သူ့အဘာသီလားခစော် ဒေနှစ်ဆိုကေ (၈)နှစ်တောင် ဟိဗျာ။ သူ့အဘာလည်း ပန်းထိမ်ဆရာကောင်းတစ်ယောက်။ ဒေပိုင်ညာနန့် မိသားစုကို ဟြာဖွီကျွေးမွီး ပီးခရေ။ သူ့အဘာသီလားဗြီးရေနောက်ပိုင်း သူလည်း ကိုးတန်းနန့် ကျောင်းထွက်လိုက်ရရေ။ သူ့အဘာ မသီခင် သင်ပီးခရေ ဒေပိုင်ညာနန့် အမိအိုနန့် ညီတစ်ယောက်ကို လုပ်ကိုင်ကျွေးမွီးနိန်ရရေ။. အဂု သူ အသက်(၂၅)နှစ်ဟိနိန်ယာ။ အိမ်ထောင်ပြုဖို့ဆိုကေ အရွယ်ကောင်း။ သူ့အမိကလည်း သူ့ကို အိမ်ထောင်ပြုဖို့ ပြောနိန်ဗျာ။ ယေဒါလေ့ သူတစ်ကိုယ်ကောင်းမဆန်။ မိသားစုကို ပြန်ကြည့်ရေ။ အမိအိုက ကောင်းကျမ်းမာစော်မဟုတ်။ ရက်ပြတ် ဆီးတိနန့် အုံနိန်ရရေ။ ညီသည် အောင်ကျော်တစ်ယောက်လည်း ဆယ်တန်းအောင်စော် (၃)နှစ်ရာ ဟိလားရေ။ အလုပ်မယ်မယ်ရရ မဟိသိ။ သူက သူ့ညီကိုပြောစော်ရာ။ သူတာဝန်ယူပနာ တက္ကသိုလ်ကို ထားပီးမေလို့။ ယေကေလည်း သူ့ညီက လက်မခံ။ သူ့အတွက်နန့် သူ့အစ်ကို ကို ဒုက္ခမခံစီချင်ထင်ရေ။ ဆယ်တန်းဖြေဗြီးရေလောက်ကပင် ထိုလူ့ဘားမှာ ပဲလိုက်စိုက်၊ ဒေလူ့ဘားမှာ လယ်အငှားလိုက်၊ စပါးရိတ်ချိန်တန် စပါးရိတ်လိုက်နန့်။ အချိန်တိရာ တရွိရွိ ကုန်လားရေ။ အောင်ကျော်ဘဝက တိုးတက်မလာ။ ယင်းပိုင်နန့်ပင် ကျော်ဇောလှမှာ ဟြိကိုမလားခင် နောက်ကို ပြန်ကြည့်နိန်ရရေ။ ဒေအခြေအနေမျိုးမှာ ကျော်ဇောလှရာ အိမ်ထောင်ပြုဖို့ဆိုကေ မလွယ်။

ထော…အဂု။ အောင်ကျော်တစ်ယောက် သူ့အစ်ကိုဘားမှာ ပူဆာနိန်ဗျာ။ မယားယူဖို့ဆိုဝါ…။ ထိုဘက်ကမ်း၊ ကြာညိုပြင်ရွာက လှနုစိန်ကို တောင်းပီးဖို့အကြောင်း၊ သူနန့် လှနုစိန်ရို့ရကေ လှနုစိန်မိဘက မင်္ဂလာလက်ဖွဲ့အဖြစ် နွား (၁)ချိုင်းနန့် လယ်ဝါး (၃ဝဝ)ကို လက်ဖွဲ့ဖို့အကြောင်းတိကို အစ်ကိုကြီး အဖအရာထားပနာ တိုင်ပင်နိန်ဗျာ။ အင်း….ညီ အောင်ကျော်တစ်ယောက် အသက်(၂ဝ)တောင် ကျော်လားဗျာ။ သီးချိန်တန်သီးလို့၊ ပွင့်ချိန်တန် ပွင့်ချင်နိန်ဗျာ။ လောက၏ နိယာမတရား မဟုတ်ပါလားယေ။ သူ စိုင်းစားရဗျာ။

လှနုစိန်ဆိုရေ ကလိန့်မေချေက အငယ့်ချေကပင် သူ့ညီနန့် ငယ်သူငယ်ချင်း။ “ငယ်ကအချစ် အနှစ်တစ်ရာ မမိန့်သာ” ဆိုရေပိုင် သူရို့နှစ်ယောက် သိတတ်တေအရွယ်ကပင်စလို့ ကြိုက်နိန်ကတ်စော်။ ယင်းအပြင် အောင်ကျော်စော် လှနုစိန်ရို့အိမ်မှာ ပဲလည်းအငှားစိုက်ဖူးရေ။ လယ်လည်း အငှားလိုက်ဖူးရေ။ အောင်ကျော်၏ လုပ်ရည်ကိုင်ရည်ကို လှနုစိန်မိဘရို့က သဘောကျရေဟိဖို့။ တစ်ယောက်တည်းရာဟိရေ သူရို့သမီးနန့် အောင်ကျော့်ကို သဘောတူရေ။

လှနုစိန်မိဘရို့ဆိုစော်ကလည်း ကြာညိုပြင်ရွာမှာ စားနိုင်၊ သောက်နိုင်တိဗျာယေ။ မိသားစုတစ်ခုလုံး ရိုးသားပနာ စိတ်ကောင်းဟိကတ်တေ။ ကျော်ဇောလှရို့ကိုဆိုလည်း လှလှိုက်လှလှဲ ဟိကတ်ယင့်။ ဒေမိသားစုနန့်ဆိုကေ သူ့ညီကို သဘောမတူစရာ မဟိ။ တစ်ခုဟိစော်က သူရို့မှာ တစ်ခုလည်း မပြည့်စုံ။ လက်ဖွဲ့စရာဆိုလို့ မယ်မယ်ရရ မဟိ။ ဒေချင့်ကို လှနုစိန်ရို့ဘက်က သိရေ။ နားလည်ရေ။ ပကာသနမဖက်ဘဲ အောင်ကျော်၏ လုပ်ရည်ကိုင်ရည်နန့် ရိုးသားကြိုးစားမှုကိုရာ သူရို့မက်မောရေဟိဖို့။ ယင်းတွက်နန့် ခြုပ်မသျှင်ဘက်က နွား (၁)ချိုင်းနန့် လယ်ဝါး (၃ဝဝ)ကို လက်ဖွဲ့စော်။ သမက်သျှင်ရို့ဘက်က တစ်ခုလည်း လက်ဖွဲ့စရာ မလိုလတ်။ ခြုပ်မသျှင်ဘက်ကဂျေး အစစ အရာရာအကုန်အကျခံနိန်ကေလည်း သဘာဝမကျချင်။ ယေဇူးနန့် မင်္ဂလာပွဲအခမ်းအနားကို သူ့ညီကိုယ်စား ကျော်ဇောလှက တာဝန်ယူလိုက်ရစော်။

မိုးလင်းစော်နန့် ဒေရွှီတုံးချေကို ကျောက်တော်သို့ ရောင်းဇောင်လားရဖို့။ မင်္ဂလာပွဲမှာ ညီသည် မျက်နှာမငယ်ဖို့လိုရေ။ တစ်သက်မှာ ဒေညီတစ်ယောက်တည်းရာ ဟိစော်။ ညီအတွက်ဆိုကေ ဇာပင်မဆို ပီးဆပ်ဖို့အဆင်သင့်။ ရွှီတုံးချေကို ဗူးချေထဲမှာ ထည့်ပနာ အသာချေ ပိတ်ထားလိုက်တေ။ ဗြီးကေ ဂေါင်းအုံးအောက်မှာ ထားလိုက်တေ။ ဖယောင်းတိုင် မီးကိုမှုတ်ပနာ အိပ်ဖို့ပျင်လီရေ။



အခန်း(၂)



နှစ်ပေါင်း (၂ဝ)ကြာရေအခါ……

အချိန်စော် တစ်ခါလည်း တန့်လို့မနိန်။ ရက်ပြတ်ရွိလျားနိန်ရေ။ အရာအားလုံးကို အချိန်က ဆုပ်ကိုင်ထားရေလို့ ပြောကေ လွန်ဖို့လားချင့်။ အချိန်ကာလအလျောက် အရာရာစော် အနည်းနန့်အများဆိုရေပိုင် ဖြစ်ပျက် ပြောင်းလဲလားကတ်ရရေ။

ထော…အဂုလည်းကြည့်။ နှစ်ပေါင်း (၂ဝ)ကျော်ကြာရေ နောက်ပိုင်းမှာ ကျော်ဇောလှတစ်ယောက် တစ်ရွာတည်းသမ ဝင်းမဖြူနန့် အိမ်ထောင်ကျလားရေ။ သားချေနှစ်ယောက်နန့် သမီးချေတစ်ယောက် ရနိန်ယာ။ သားချေနှစ်ယောက်မှာ တစ်ယောက်က (၁၄)နှစ်၊ နောက်တစ်ယောက်က (၁၂)နှစ်။ သမီးချေက အဂုမှ (၃)လရာ ဟိသိရေ။ ပေါက်စချေပါ့ယေ။

တစ်နိန့်……။ ကျော်ဇောလှ အလုပ်ကိစ္စနန့် ကျောက်တော်ကိုလားဖို့ ပျင်နိန်ရေ။ ဝင်းမဖြူက သမီးချေကို သာခြင်းဆိုပနာ ယိုင်းဟြွဲလို့ ချော့သိပ်နိန်ရေ။ အနားမှာဟိရေ ခွင်ထက်မှာ ရီပူဘဲတစ်ဘဲ တည်ထားရေ။ သားချေနှစ်ယောက်က အိမ်ဂြောက်မှာ ကဇာတ်နိန်ကတ်တေ။

“ ငါလားဖို့ဗျာဒေဟေး အမိသည် ”

“ အေး…အေး…လားလီ…”

“ နင် ကျကျမ်းမမာမလား…”

“ မာရေကာ…”

“ ငါ…ကောင်းကောင်း စိတ်မချဒေကား။ ယဗြီးကေ နင်က

သွီးနုသံနု…”

“ အဘာလေ...ငါတစ်ခုလည်း မဖြစ်။ စိတ်ချလို့ရာ လားလီ…”

“ အေး….အေး…ယပိုင်ဆိုကေလည်း စိတ်ချဗျာဒေကား။

အဝေး…သားကြီးနန့်သားချေ…ဘာဘာလားဗျာဝေး…”

“ ဟုတ်ပါယင့်ဘာဘာ…။ ပြန်လာခါ မုန့်ဝယ်ခဘာဘာ…”

“ အေး…အေး…”

ချစ်သည်းအူနန့် သားချေနှစ်ယောက်ကို နှုတ်ဆက်လိုက်တေ။ ယိုင်းထက်က သမီးချေကိုလည်း နမ်းဖြစ်အောင် နမ်းလိုက်သိရေ။ ယဗြီးကေ ကျော်ဇောလှတစ်ယောက် ကျောက်တော်လှိုင်းဘုတ်ဟိရေ ဘုတ်ဆိပ်သို့ လားခလီရေ။ အိမ်မှာက တနားချေကအတိုင်း ပြန်ဖြစ်လားရေ။

ဝင်းမဖြူယိုင်းဟြွဲပနာ အချေသိပ်နိန်ယင်းက ရီပူဘဲကို အကြည့်ရောက်လားရေ။ ဘဲထဲက ရီပူဆူနိန်ယာ။ ဓါတ်ဗူးမှာ ထည့်လိုက်ရဖို့။ အိမ်ထက်က ဓါတ်ဗူးကို ယူခီရေ။ မီးဖိုနားမှာ ထိုင်ရေ။ ခွင်ထက်က ရီပူဘဲကို လက်ခုနန့် ထုတ်တေ။ ဓါတ်ဗူးအဖုံးကို ဖွင့်ပနာ ထည့်ဖို့ပျင်စော်နန့် သူ ချားရဟတ် လည်လားရေပိုင် ဖြစ်လားရေ။ သူ ချက်ချင်း ဂေါင်းမူးလာရေ။ မူးရေဆို မူးရေ။ တဗွင်းဗွင်း ဆူနိန်ရေ ရီပူဘဲကိုလည်း ကိုင်လို့။ သူ ဂေါင်းမူးလာရေ။ မခံနိုင်ဗျာ။ သူ မိုက်ခနဲ တွိလားရေ။ သူ အမှောင်ကမ္ဘာထဲကို ရောက်လားရေပိုင် တွိလိုက်တေ။ ဒေနောက်ပိုင်း သူတစ်ခုကိုလည်း မသိလိုက်ဗျာ။

ကဇာတ်နိန်ကတ်တေ သားချေနှစ်ယောက် ဓါတ်ဗူးလဲသံ၊ ရီပူဘဲမှောက်ကျသံတိကို ကြားစော်နန့် အမိသည်အနားကို ဗြီးလားကတ်ပနာ…

“ အမိ…အမိ…အိုးဘာလေ့။ အမိ ဇာဖြစ်လဲမသိ။ အိုးဘာလေ့

လူရို့။ တစ်ခေါက်လာကတ်ပါချ။ အမိဇာဖြစ်လဲမသိ။

အီး…ဟီး…ဟီး....။ အိုး…အမိ…...ဟီး…ဟီး...” လို့

ကြကြောက်လလန့်နန့် အော်ငိုလီကတ်တေ။ အချေနှစ်ယောက် အော်ငိုနိန်ကတ်စော်ကို ကြားလို့ ပတ်ဝန်းကျင်က လူတိ အဗြီးတစ်ပိုင်း ရောက်လာကတ်တေ။ အကြောင်းစုံကို မြင်ရ၊ သိရရေအခါ အားလုံး အံ့သြလားခကတ်တေ။ ချက်ချင်း ကျော်ဇောလှကို အခေါ်လွှတ်တေ။ ကံကောင်းချင်စော်က ယင်းအချိန် ကျောက်တော်လှိုင်းဘုတ် မထွက်သိ။

ကျော်ဇောလှ အပူတဗြင်း လိုက်ပါလတ်တေ။ အိမ်ကိုရောက်တေအခါ မြင်လိုက်ရရေ မြင်ကွင်းက အနိဋ္ဌာရုံ။ မီးဖိုနားမှာ ဝင်းမဖြူတစ်ယောက် ပပျက်လန်ပနာ လဲလို့။ မီးဖိုဘက်မှာဟိရေ ခန္ဓာတစ်ခြမ်းလည်း စွတ်နိန်ရေ။ ရီပူလောင်ထားဗျာဆိုစော်ကို ချက်ချင်းသိလိုက်တေ။ ကြည့်ပလာချ။ ဘေးနားမှာလည်း ရီပူဘဲစော် အဖုံးတစ်ခြား၊ ဘဲတစ်ခြား။ ဓါတ်ဗူးလည်း မှောက်လို့။

ယိုင်းထက်က သမီးချေကတော့ တစ်ခုကိုလည်းမသိ။ ပုံ့လို့ချေ အိပ်မောကျနိန်ရေ။ သားချေနှစ်ယောက်ကတော့ခါ ကြကြောက်လလန့်နန့် သူ့ကိုဖက်လို့ ငိုနိန်ကတ်တေ။ သူ ဇာလုပ်လို့ ဇာကိုင်ရဖို့မသိဖြစ်လားရေ။ သူ့စိတ်တစ်ခုလုံး ဗြောင်းဆန်နိန်ရေ။ အထူးသဖြင့် ဝင်းမဖြူအတွက် အစိုးရိမ်လွန်နိန်ရေ။ လူကြီးတစ်ယောက်က “ ဝင်းမဖြူ နှလုံးခုန်နိန်သိရေ။ သတိမိန့်နိန်စော်။ မင်းစိတ်ကို အအီးထား ” ဆိုလို့ ကျော်ဇောလှ သက်သာရာ ရလားရေ။ ယင်းပိုင်နန့် ဝင်းမဖြူကို ဆီးရုံတင်လိုက်ရရေ။



အခန်း(၃)



ဝင်းမဖြူကတော့ သတိရနိန်ဗျာ။ ယေဒါလေ့ ရီပူလောင်ထားရေ ဒဏ်ရာတိကြောင့် စကားတောင် ကောင်းကောင်းမပြောနိုင်သိ။ ဒဏ်ရာက ပြင်းရေ။ ညာဘက်ခန္ဓာတစ်ခြမ်းလုံး။ ဝေဒနာကို ပဇိကိုက်လို့ ခံနိန်ရရေ။ ဒဏ်ရာက များရေအတွက်နန့် ဆီးရုံမှာ (၆)လလောက် အချိန်ယူပနာ ကုရဖို့လို့တော့ ဆရာဝန်က ပြောရေ။ ကျော်ဇောလှကတော့ ကုရပတ်စီ။ သွီးနုသံနုနန့် အသက်မသီခစော်ပင် ကံကောင်း။

ဝင်းမဖြူဆီးရုံတက်ဗြီးရေနောက်ပိုင်း ကျော်ဇောလှတစ်ယောက် အလုပ်ပျက်၊ အကိုင်ပျက်ဖြစ်လားရေ။ အချေ(၃)ယောက်နန့် အိမ်မှုကိစ္စတိကို တာဝန်ယူနိန်ရရေ။ သားချေနှစ်ယောက်က နားလည်ရေ အရွယ်ဖြစ်နိန်လို့ တော်သိယင့်။ ကောင်းကောင်းပြုစုပီးဖို့မလို။ ပြုစုရစော်က သမီးချေ။ အမိသည်ဆီးရုံဝင်ရေနောက်ပိုင်း အမိနို့ရည်ကို စို့ခွင့်မရခ။ နို့ဗူးကိုရာ အဖော်ပြုနိန်ရရေ။ အမိသည်နန့်လည်း နိန်ခွင့်မရ။ အမိသည်ကလည်း ဝေဒနာတစ်ပုံနန့်ဖြစ်လို့ သမီးချေကို အရေးမစိုက်နိုင်။ သမီးချေကလည်း အကျင့်ကောင်းရေလို့ ဆိုရဖို့လားမသိ။ အမိကို ကောင်းကောင်း မတောင့်တ။ နို့ဗူးဖျော်လို့တိုက်ပနာ သိပ်ထားလိုက်ကေ အီးလို့ချေ အိပ်နိန်လီယင့်။ ယင်းပိုင်နန့် အချေ (၃)ယောက်မှာ အမိဆိုကေလည်း ကျော်ဇောလှ၊ အဘာဆိုကေလည်း ကျော်ဇောလှဗျာ ဖြစ်ခရရေ။

ကျော်ဇောလှတစ်ယောက် ပင်ပန်းပါရေ။ မိုးထစစော ဆံပြုတ်ထကြို။ ယဗြီးကေ ဝင်းမဖြူအတွက် တစ်ခွက်ချန်ပနာ သားချေနှစ်ယောက်ကို တစ်ယောက်တစ်ခွက်ကျွေး။ ကျွေးဗြီးစော်နန့် သားချေတိကို ဆီးရုံမှာသို့ ဆံပြုတ်ပို့ဇောင်ခိုင်း။ အိမ်မှာ သမီးချေကို နို့ဗူးဖျော်တိုက်။ ဗြီးကေ ဈီးပြု။ ချက်ပြုတ်။ ကျက်စော်နန့် သားချေနှစ်ယောက်နန့် ထမင်းစား။ ယေဗြီးကေ သမီးချေကို သိပ်ပနာ ဝင်းမဖြူကို ထမင်းပို့ဇောင်လား။ အရာ ပြန်လာ။ အိမ်ကိုရောက်စော်နန့် နိခင်းဘက် ဝင်းမဖြူအဝတ်အစားတိအပါအဝင် အချေတိ အင်္ကျီ၊ ဘောင်းဘီတိနန့် သမီးချေ ချနှီးပိုင်းတိကို ဖွတ်၊ လှန်း။ ညဇာကျပြန်ကေ အရာ ထမင်းချက်။ ထမင်းချက်ယင်းနန့် သမီးချေကို ရီချိုး။ ကျက်ကေ ဆီးရုံသို့ ထမင်းလားပို့။ ညည့်ခါကျကေလေ့ သမီးချေတစ်ခေါက်လောက်ငိုစော်နန့် ထ,နို့တိုက်ပနာ ချော့သိပ်။ အားလုံးကျော်ဇောလှ ဂေါင်းမှာ ပုံကျနိန်ရေ။ ယေခါ ကျော်ဇောလှတစ်ယောက် ကိုယ့်အလုပ်လုပ်ဖို့အချိန်ကို ဝယ်ထည့်ရဖို့ပိုင် ဖြစ်လားရေ။

ဝင်းမဖြူကို ဆီးကုလိုက်ရစော်မှာ စုဟိ၊ ဆောင်းဟိထားရေ ဖဲသာချေ၊ ဒင်္ဂါးချေတိနန့် ရွှီတို၊ ရွှီစချေတိစော် အားလုံး ပြောင်သလင်းခါလားရေ။ ကျော်ဇောလှမှာလည်း အလုပ်လုပ်ဖို့မအား။ အလုပ်မလုပ်ရကေ ဝင်ငွီကားမဟိ။ ထွက်ငွီရာ ဟိရေ။

ထော…အဂု…သားချေရို့မှာ ကျောင်းဖွင့်နိန်ယာ။ ကျောင်းထားရဖို့ဗျာ။ ဒေနှစ်ဆိုကေ အကြီးအကောင်က ရှစ်တန်း။ အငယ်ကောင်က ခြောက်တန်း။ အတန်းတိကြီးလာဗျာ။ အတန်းကြီးလာလီ ကျောင်းထားစရိတ်တိက များလာလီ။ အဂု… လက်ထဲမှာ ဖဲသာတစ်ဗြားလည်း မဟိ။ ဝင်းမဖြူအတွက် ဆီးဖိုးဝါးခလည်း လိုသိယင့်။ ယကေလည်း ဆီးဖိုးဝါးခကိုတော့ မပီးလို့ ရသိရေ။ နောက် ကြံဖန် ပီးကေလည်း ရယင့်။ အဂု လောလောဆယ် အရေးကြီးနိန်စော်က သားချေရို့ကို ကျောင်းထားဖို့ကိစ္စ။ ကျော်ဇောလှစိုင်းစားရေ။ အကြံထုတ်တေ။ ဂေါင်းခဲရရေ အဖြစ်။ ဝင်းမဖြူရို့မိဘမှာလည်း ဒေနိန့်လုပ်။ ဒေနိန့်စား။ ကျော်ဇောလှရို့ကို ဖဲသာချေ၊ ဒင်္ဂါးချေကူဖို့ဆိုစော်က မဖြစ်နိုင်။ သတင်းမီး၊ သတင်းလာတော့ခါ ဟိကတ်ယင့်။ ဆွီမျိုးတိကိုလည်း အားကိုးမရ။ ကျော်ဇောလှရို့ ဆင်းရဲတွင်းနက်နိန်လို့ ဟိဖို့။ ဖဲသာဟိကေ ဆွီမျိုးလာရေ။ ဖဲသာမဟိကေ ဇာဆွီမျိုးလည်း အရေးမစိုက်။ ဒေချင့်စော် ဆွီမျိုးရို့သဘာဝလို့ ထင်ရေ။ ဆွီမျိုးတိကို ကျော်ဇောလှ အပြစ်တင်ချင်စော်တော့ခါ မဟုတ်။ ဇာဖြစ်လို့လဲဆိုကေ အကုသိုလ် ဟိသရွိ သူရို့ထိုက်နန့် သူရို့ကံ ခံနိန်ရလို့ဗျာယေ။

ဆွီမျိုးဆိုမှ ကျော်ဇောလှ သတိရလားရေ။ သူ့ကို ကူညီဖို့လူတစ်ယောက်တော့ခါ ဟိရေ။ ယင်းသူ့အနိန်နန့် ကျော်ဇောလှကို အကူအညီ ပီးနိုင်၊ မပီးနိုင်တော့ ကောင်းကောင်းမသေချာ။ ယေကေလည်း “ရကေအမြတ်၊ မရကေ အရင်း” ဆိုရေပိုင် သူစိုင်းစားမိရေအတိုင်းတော့ခါ ကြိုးစားလီရဖို့ဗျာ။



အခန်း(၄)



ခြံဝင်းက အကျယ်ကြီး။ ခြံအလယ်မှာ ပျိုင်စီပျိုင်ထောင် အိမ်ကြီးက ဟိန်းလို့။ သံဖြူကလည်းမိုးထားသိရေ။ အိမ်တောင်ဘက်က နွားရုံမှာ နွားတိကိုချိုင်းထားရေ။ အိမ်မြောက်ဘက်မှာကျကေ စပါးဂျီတစ်ဂျီ။ အနားမှာ ဟင်းခင်းလည်း တစ်ခင်း။

အဂုဆိုကေ ကြာညိုပြင်ရွာမှာ အောင်ကျော်ရို့မိသားစုစော် လရဒတ်ဗျာ။ လယ်ဝါး (၁ဝဝဝ)ကျော်နန့် နွားအကောင် (၁ဝ)ကျော်ဟိရေ။ ပဲခင်း (၂)ခင်းဟိရေ။ ယဗြီးကေ ဖုန်းလည်းတစ်လုံး တပ်ထားသိရေ။ စပါးဝမ်းစာ၊ ဆန်ဝမ်းစာအဗြည့်။ အရွယ်ရောက်နိန်ကတ်တေ သားနှစ်ယောက်ကိုလည်း ကျောက်တော်မြို့မှာဟိရေ နာမည်ကြီးဘော်ဒါဆောင်မှာ ထားပနာ ပိုင်ညာသင်ပီးနိုင်ရေ။ အတိုင်းအတာတစ်ခုထိလောက်တော့ သူရို့ မကြောင့်မကြ နိန်နိုင်ကတ်တေ။ ယင်းတွက်နန့် ကျော်ဇောလှကြုံတွိနိန်ရေ အခက်အခဲချေကို သူရို့အနိန်နန့် ကူညီ ဖြေရှင်းပီးနိုင်ဖို့ရာ။ ကျော်ဇောလှအတွေး။

တွေးယင်းနန့် သမီးချေကို ရွက်ပနာ ခြံဝင်းထဲကို အားတင်းလို့ ဝင်လိုက်တေ။ သူရို့ဝင်လာစော်ကို မြင်လိုက်လို့ဟိဖို့။ လှနုစိန်တစ်ယောက် စပါးလုံးရွီးနိန်စော်က ထလာလတ်ပနာ ကျော်ဇောလှကို နှုတ်ဆက်တေ။

“ ယာ....ယောက္ဖရို့မနှင်း။ ဇာက လာကတ်စော်လဲ....”

“ အေး....ရွာကလာစော်ဒေ။ နင့်အိမ်ရှင်ဝါ.....”

“ ဟိရေ....ဟိရေ....။ အကျွန်ခေါ်လိုက်မေ။ ထိုင်ထိုင်....”

သူရို့ကို နိန်ရာထိုင်ခင်းချပီးပနာ လှနုစိန် သူ့လင်အောင်ကျော်ကို အော်ခေါ်လိုက်တေ။

“ အဖသည်.....ဒေမှာ ယောက္ခရို့ရောက်နိန်ကတ်တေထော။

ဆင်းပါလတ်ချ.....”

“ အေး....အေး....” ဆိုပနာ အောင်ကျော်တစ်ယောက် စာအုပ်တစ်အုပ်ကိုင်လို့ ဆင်းပါလတ်တေ။ စာအုပ်ဖတ်နိန်စော်ဟိဖို့။

“ ယော်....အစ်ကိုကြီး။ ဇာကလာစော်လဲ။ သမီးချေရာပါရေ။

သားချေတိ မပါလား....”

“ အေးဝေး....ရွာကလာစော်ကား။ သားချေတိကို အိမ်မှာ

ထားပခရေ။ မင်းရို့၊ နင်ရို့တိ နိန်ကောင်းကတ်တေမလား...”

“ အေး....နိန်ကောင်းကတ်ယင့်ကား။ မရီးတစ်ယောက်

ရီပူလောင်စော်သတင်းကို ကြားယင့်။

သတင်းမီးဇောင်လာဖို့လည်း မအားသိအစ်ကိုကြီး။

အလုပ်တိက ရှုပ်နိန်ရေ။ အရာ တနားကေ ပဲကိစ္စနန့်

ထိုဘက်ရွာသို့ တစ်ခေါက်လားရဖို့သိ....”

“ ရရေဝေ....မင်းမရီးလည်း အဂုတော့ခါ

သက်သာနိန်ဗျာကာယေ....”

“ အေး....ကောင်းရေ။ ကောင်းရေ.....”

လိုရင်းကိုရောက်ဖို့ ကျော်ဇောလှ ဇာနားက စပြောရဖို့မသိဖြစ်နိန်ရေ။ သမီးချေကိုတစ်ခေါက် နမ်းပနာ သတ္တိမွီးလို့ ပြောချလိုက်တေ။

“ ငါ....မင်းရို့ဘားက အကူအညီတစ်ခုလောက်

တောင်းချင်ရေဝေး....”

“ ဇာအကူအညီလဲ အစ်ကိုကြီး.....”

“ ငါ....အဂု သားချေတိကို ကျောင်းထားဖို့နန့်

စာအုပ်စာတမ်းတိဝယ်ပီးဖို့ ဖဲသာစကေ

လိုနိန်ရေဝေး....။ ဟိစော်ဖဲသာတိကိုလည်း မင်းမရီးကို

ဆီးကုလိုက်ရစော်မှာ ကုန်လားရေ။ မင်းမရီးကို ပြုစုနိန်ရလို့

ငါ့မှာလည်း အလုပ်လုပ်ဖို့အချိန်မရ။ ယင်းတွက်နန့် မင်းရို့ ငါ့ကို

ဖဲသာ နှစ်သောင်းလောက် တစ်ခေါက် ချီးဝေး....။ ငါ့မှာလည်း

ကောင်းကောင်းအခက်အခဲ ဖြစ်နိန်လို့ရာဝေ....”

အောင်ကျော်ရို့လင်မယားနှစ်ယောက် တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်ပလိုက်ကတ်တေ။ မျက်နှာတိလည်း ချက်ချင်း ပျက်လားခကတ်တေ။ ကျော်ဇောလှသတိထားမိလိုက်ယင့်။

“ ကောင်းကောင်း ဂွကျရေမနားယေ အစ်ကိုကြီး။

ကျွန်တော်ရို့မှာလည်း အစ်ကိုကြီးကိုချီးဖို့ဖဲသာ မဟိသိကား...”

“ တစ်ခေါက်ချေလောက် ဟြာကြံပီးကတ်ဖိဝေ.....”

“ ဇာက ဟြာခီဖို့လဲချင့်။ ဒေရွာမှာလည်း ကျွန်တော် ဖဲသာချီးဖို့လူ

မမြင်။ ကျွန်တော်ရို့ဘားကဂျေး လာချီးကတ်စော်များရေ.....”

ပြောနိန်စိုင်မှာ အိမ်ထက်မှာဟိရေ ဖုန်းမြည်လာရေ။ လှနုစိန်အိမ်ထက်ကို ကဗျာကယာ ဗြီးတက်လားရေ။ လှနုစိန်ဖုန်းပြောနိန်စိုင်မှာ သူရို့ညီအစ်ကိုနှစ်ယောက် စကားမပြောဖြစ်။ ကိုယ့်အတွေးနန့် ကိုယ်....။ တစ်အောင့်ချေလောက်ကြာစော်နန့် လှနုစိန် အိမ်ထက်က ဆင်းလာရေ။ အောင်ကျော်အနားမှာ ဝင်ထိုင်ပနာ ပြောရေ။

“ သားကြီးရို့ညီအစ်ကိုနှစ်ယောက်ဘားက

ဖုန်းလာစော်အဖသည်။ သူရို့ သန်ဖက်ခါ သူငယ်ချင်းတိနန့်

ဇီးချောင်းဆည်” ကို Picnic လားကတ်ဖို့ဆိုဝါ...။ ယင်းတွက်နန့်

သုံးဖို့ သည်းဖို့ ဖဲသာ သုံးသောင်းလောက် အယင်စကေ

ထည့်ပီးလိုက်ဖို့ မှာစော်.....”

“ ဟုတ်လားဟေး....။ ယင်းပိုင်ဆိုကေ အယင်စကေ

ထည့်ပီးလိုက်ရဖို့ယေ။ အရာ....နောက်ကျကေ

သူရို့မာန်ပါလီဖို့.....”

ဒေစကားတိကို ကျော်ဇောလှ မကြားချင်။ နားဝကို ရီပူသွန်ချရေပိုင် တွိမိရေ။ သူ့ကို စေတနာမဟိဆိုစော်ကို သူသိဗျာ။ ယင်းနိန်ရာမှာ သူဆက်လို့ နိန်သိကေလည်း အပို။

“ အဝေး....ယပိုင်ဆိုကေ ငါပြန်လိုက်ဖို့ဗျာဒေဝေး....”

“ အေး....ကောင်းယင့်အစ်ကိုကြီး.....”

သမီးချေကို ရွက်ပနာ သူ ယင်းအိမ်က ထွက်လာလတ်တေ။ သမီးချေ မျက်နှာထက်ကို ကျလားခရေ သူ့မျက်ရည်ပူနှစ်စက်ကို သူ့လက်နန့် သုတ်ပလိုက်တေ။ ဒေမျက်ရည် ဇာအတွက်ကျလဲ။ သူမသိ။ သူ့ခြီလှမ်းတိက အသက်မပါရေပိုင်.....။

လွန်ခရေနှစ်ပေါင်း တစ်ဆယ်ကျော်လောက်ကဆိုကေ အောင်ကျော်တစ်ယောက် မယားယူဖို့ သူ့ကို ဖွင့်ပြောဖူးခရေ။ ယင်းအချိန်မှာ အောင်ကျော်တစ်ယောက် အလုပ်မဟိ၊ အကိုင်မဟိ။ ယေခါ ကျော်ဇောလှမှာ မသုံးဝံ့၊ မစားဝံ့ စုထားရေ ရွှီတုံးချေကို ရောင်းပနာ သူ့ညီကို မယားပီးဇပ်လိုက်တေ။ ပြန်လိုချင်ရေ ဆန္ဒမပါဘဲ အစ်ကိုတစ်ယောက်၏ ပကတိ ကြီးမားရေ မေတ္တာနန့် ညီမျက်နှာမငယ်စီဖို့အရေး သူ ဖြည့်ဆီးပီးခရေ။ အဂု....အောင်ကျော်တစ်ယောက် ကောင်းစားနိန်ရေလို့ ဆိုရဖို့။ မကြောင့်မကြနန့် ချချမ်းသသာ နိန်နိုင်ရေ။ ဇာပင်ဖြစ်ဖြစ် သူ့ညီကို သူချစ်တေ။ သူ့ညီကောင်းစားကေ သူ မုဒိတာ ပွားပီးနိန်လီဖို့။ သူ့ညီအတွက်ဆိုကေ သူ၏မုဒိတာစမ်းရီစော် ခမ်းလီဖို့မဟုတ်။ ဂစ္ဆပမြစ်ရီနန့် တတူ ထာဝစိုင် စီးဆင်းနိန်လီဖို့။

အဂု....အောင်ကျော်မှာ သားနှစ်ယောက် Picnic လားဖို့အတွက် ဖဲသာသုံးသောင်း လိုနိန်ရေလတ်။ သူရို့သားတိ လိုနိန်ရေ ဖဲသာကို အောင်ကျော်ရို့လင်မယားနှစ်ယောက် အယင်စကေ ပို့ပီးဖို့ ပျင်နလီရေ။ နောက်ကျကေ သားချေတိ မာန်ပါလီကတ်ဖို့ဆိုဝါ။ သူ့မှာလည်း သားချေနှစ်ယောက်ကို ကျောင်းထားပီးဖို့နန့် စာအုပ်၊ စာတမ်းတိဝယ်ပီးဖို့ ဖဲသာလိုနိန်ရေ။ သားချေတိအတွက် လိုအပ်နိန်ရေ ဖဲသာတိကို အယင်စကေ ရအောင် သူ ဘဇောင်ပိုင် ကြံရဖို့လဲ။ ဒေဖဲသာတိကို သားချေရို့အတွက် အချိန်မီ မဟြာပီးနိုင်ဆိုကေ သူ့ကို သားချေတိ မာန်ပါလီကတ်ဖို့လား။ အဘာတာဝန် မကျီ လို့ ထင်လီကတ်ဖို့လား။ ယင်းပိုင်မဟုတ်ဘဲ သူ့ကို နားလည်ပီးနိုင်ကတ်ဖို့လား။ အတွေးပေါင်း သောင်းခြောက်ထောင်နန့် သူ...။

သူ့ခြီလှမ်းတိ အဓိပ္ပာယ်မဟိ ဖြစ်နိန်ရေ။ တကယ်လို့ရာ ဒေဖဲသာတိကို အောင်ကျော်ထုတ်ပီးလိုက်ဖို့ဆိုကေ.............။ ။



(မှတ်ချက်။ ။ အဘာ၏ ကိုယ်တွိအဖြစ်အပျက်ကို ဇာတ်လမ်းဆင်ပနာ ရွီးထားခြင်းဖြစ်ပါရေ။)



မာန်ယုကျော် (ရွှေဝမြေ)

၁၉ ၊ ဝ၄ ၊ ဝ၉





ဝါသနာပါရေသူတိုဘားသို့ လက်ဆင့်ကမ်း ပီးပို့ကတ်စီချင်ပါရေ။e.

...။...။...တင်ပြသူ...။လခြမ်းမြီ ...စာတင်ချိန်။...။..20.7.10...။...လခြမ်းပြီး...။... , , . ။...အားပီးလာဂါတ်ရေ စာဖတ်ပရိတ်မှားမှ ဒေဘလော့ဂ်နန့်ပတ်သတ်ပြီး အကြံများပီးလိုပါက arakankotawchay@gmail.com မှ အမြဲတမ်း ကြိုဆိုနီပါသည်။ စာဖတ်ပရိတ်သတ်များအားလုံးကို ကျေးဇူးတင်လျှက် ...။

0 comments for "မုဒိတာစမ်းရီအိုင်"

Post a Comment

ထင်မြင်ချက်ပီးလာသူများ

ပို့စ်တင်စချေတိ