ရင်ကွဲဦးဒါန်း
ငိုသံကျွီးသံ
ဟစ်အော်သံဖုံး
ဘဝဆုံးရေ နိဂုံးည။
သူလားငါလား
ခံစားသည်းဖို
မျက်ရည်ပြိုရ
ထိုသည့်ည။
မီးညွန့်မီးရောင်
မီးပုံတောင်လား
လောင်စားမျိုချ
ပြာပုံကျရေ ထိုသည့်ည။. အရှက်တစ်ခြွီး
လမ်းမှာကြွီးရွင့်
ဆိပ်သင့်ပန်းပိုင်
ပဲ့စိုင်ကြင်းကျ
အမှောင်ခ,ရေ ထိုသည့်ည။
လူသူမမြင်
သောကဝင်ဖြို
ကြိတ်တာငိုရ
ထိုညဖြစ်ပုံ
ကြောင်းစုံကို
သိဇီလိုဇော
ရင်မှာမောသည်
ရယ်သောမျက်ကန်းများသောကြောင်း။
ဝံလက်
ငိုနိန်သော ၃၁ ဒီဇင်ဘာညသို့ ရည်ညွန်းပါသည်။
ဦးဒါန်း။
ပိတိသောက သံဝေဂကြောင့် ပွင့်အန်ပြောဆိုမိသောစကား.