ဝတီလေးရပ် ထိုမြီမြတ်သို့
အမျိုးသီလ ရက္ခိတ
ဓညရမ္မ မေဃဒွါရ
ဝတီလေးရပ် ရက္ခမြတ်ဟု
လောကမဏ္ဍိုင် သက်သီတိုင်ခ
အိုရက္ခ။. ၄၈ဆက် မင်းဆက်ရို့က
သိရှိတာဝန် ထိန်းသိမ်းရန်နန့်
ဘုရားပုထိုး ဇာတိမြတ်ရို့
ရခိုင်ပြည်မှာ ထည်ဝါဝင်းစွာ
သဇင်ပန်းခိုင် တမြိုင်မြိုင်လို့
ရက္ခမြီမှာ ဆိုးရိုးစကား
သက်ဟှိထင်ရှား ဟှိသိယင့်။
ရခိုင့်ဘာသာ စာပီများလည်း
ဘုံမိနီလ ထွန်းထောက်ပလျှက်
ဆန်ရီစပါး ပြည့်ဝငြားလို့
အီးချမ်းသာယာ ပျော်စရာနန့်
ကျော်ကြားထင်ရှား ရခိုင်သားလို့
ကမ္ဘာ့အလယ်မှာ သက်သီတိုင်ခ
အိုရက္ခ။
ဓညရမ္မ မေဃဒွါရ
ဝတီလေးရပ် ထိုမြီမြတ်ကို
ရက္ခနွီးဖွား ရခိုင်များက
ကြီးပွားသာကြောင်း သမိုင်းကြောင်းကို
ပေါင်းစပ်တိုင်းတာ စာဖွဲ့ပါလည်း
ကုန်လိမေလို့ ငါမထင်။
.
