ရခိုင်ပုံရိပ်က
တောင်စိုင်တောကြား
မြင့်မားစိန်းလှမ်း
လွန်စွာထွန်းပ
ရှိယခင်က
ထင်ပေါ်လွန်းနိုင်
သက်သီတိုင်ခ
အိုရက္ခ။
ထော
လီရိုင်းတိတိုက်ခိုက်
အမှောင်တိနက်
ညတိရောက်ပနာ
အလင်းဆိုစွာ
ဇာလည်းမသိ
မျက်တောင်တိ အဖျတ်ဖျတ်နန့်
အသက်ရူးကျပ်
မျက်မမြင်ဘဲ
အနာဂါတ်ဟင်းလင်းမြင်မှာ
သမိုင်းပျောက်နိန်စွာက
ငါရို့ရာ။
အား
ပိသုကာလက်ရာတိနန့်
တည်တန်းခရေ ရာဇဝင်တိကို
သမိုင်းပြန်တင် အားမွီးဖို့တွက်
သမိုင်းကြောင်းနန့် စာမျက်နှာကို
တရားအားမှန် ဇွဲမှန်သတ္တိနန့်
ကောက်ပနာ ဖွင့်ဖတ်ကြည့်ဂါတ်ဖိလတ်။
မပျက်စိဘဲ တည်ရှိနိန်ရေ
ထိုအယင်က ရာဇဝင်ကြီးတွက်
ငါ့ရို့တိ ပီးဆပ်ရဖို့ဆိုးကား
ကျောက်မြောင်းကျောက်ကြား
ကမ္ဘဲတိကလည်း
ရခိုင်လို့ ကမ္ဘာကသိအောင်
အသက်သွီးမရှိရေ ငါ့ခန္ဓာကို
ဝိုင်းပနာစည်းရုံး ဖေါ်ထုပ်ဖိလတ်။