။....။

မှန်းဆမျသည် သမိုင်းသံသို့

အများကောင်းကျိုး ပနာမပြု
စိမ်းလန်းစိုပြေ အေးမြပါဘိ
လေးနဒီက အိုဂစ္ဆပ
သမိုင်းတလျှောက် ပုံဖော်နိုင်အောင်
ပကတိမှုလ အီးအီးမြမြနန့်
ပြည်ရခိုင်တစ်ခွင် စီးဆင်းရာလမ်းမှာ
သမိုင်းဂစ္ဆပဝယ် ကျိုးပြုမှုတွက်
မဟာမုနိ ရှင်တော်မြတ်ကို
သမိုင်းသက်သီ အတည်ပြုလို့
နီယင်ဆည်ဆာ ညဇာဘက်မှာ
ထွန်းတောက်ခရေ သင့်အရိပ်ကို
ရခိုင်ပျိုဖြူ ဝိုင်းဝန်းလာအောင်
အီးမြရေ လီသံတိနန့်
ပုံမပြောဗျာလ်လား အိုဂစ္ဆက။
ထိုးအဝီးမှာ
အစွန်အဖျားက အိုရိုးမ
ရခိုင်ဘဝ တိုးတက်ရေးတွက်
သင်၏အလှ သဘာဝလည်း
ရက်စက်ခံသည် ကံကြမ္မာကြားက
ဘဝအသွီးသား ဝိညဏ်ပါမကျန်
စွန့်လွတ်နစ်နာ ကြံကြံခံရ
ရက္ခပြည်က အိုရိုးမ ။
ခုနှစ်ခုခါ ခုချိန်မှာကား
သင်၏ထိပ်ဖျား ဝါးရုံးများလည်း
အသီးလည်းရောက် ဝါးရုံပျောက်လို့
သင်၏ကိုယ်လုံး တုံးတုံးဖြိုက်ကာ
မဖြေသာရေ အိုရိုးမ။
နယ်စွန်နယ်ဖျား တောင်ရိုးမလည်း
ရက္ခမြီတွက် အကျိုးပြုပနာ
သင်၏သမိုင်း စာမျက်နှာတွက်
ပုံမပြောဗျာလ်လား အိုရိုးမ။
ဂစ္ဆပနန့် အိုရိုးမ
နမှုနာပြု သင့်ကျေးဇူးကို
ရက္ခပြည်သူ စံတင်ပြုကာ
ရက္ခဘဝဝယ် စွမ်းအားရှင်ဖြိုက်
ရခိုင်ပျိုဖြူ လှဖြူချေရို့
သင်ရို့သမိုင်း ပြောင်မြောက်ပုံကို
နားစွန့်ပနာ စောင့်နိန်ဆဲပါ
နဒီးလေးရပ် ရိုးမဂစ္ဆ။

...။...။...တင်ပြသူ...။လခြမ်းမြီ ...စာတင်ချိန်။...။..27.11.09...။...လခြမ်းပြီး...။... , , . ။...အားပီးလာဂါတ်ရေ စာဖတ်ပရိတ်မှားမှ ဒေဘလော့ဂ်နန့်ပတ်သတ်ပြီး အကြံများပီးလိုပါက arakankotawchay@gmail.com မှ အမြဲတမ်း ကြိုဆိုနီပါသည်။ စာဖတ်ပရိတ်သတ်များအားလုံးကို ကျေးဇူးတင်လျှက် ...။

0 comments for "မှန်းဆမျသည် သမိုင်းသံသို့"

Post a Comment

ထင်မြင်ချက်ပီးလာသူများ

ပို့စ်တင်စချေတိ