။....။

ရခိုင်ဒုက္ခသည်အချေသူငယ်များ ပညာရေးနှင့်ပက်သက်၍ ထုတ်ပြန်ချက်

ရခိုင်ဒုက္ခသည်အချေသူငယ်များပညာရေးနှင့်ပက်သက်၍ထုတ်ပြန်ချက်
နေ့စွဲ။   ။ စက်တင်ဘာလ ၂၇ ရက် ၂၀၁၁ ခု့နှစ်
၂၀၀၆ ခု့နှစ် ယူအင်ပညာရေးစစ်တန်းအရ ရခိုင်ပြည်တွင် အချေသူငယ် အယောက် ၁၀၀ လျှင်၂၅ ယေက်သာ မူလတန်းအောင်ခဲ့ကြသည်။ ထို ၂၅ ယောက်တွင် ၃ ဦးသာ အလယ်တန်းအောင်ပြီး ၁ ဦးမျှသာ အထက်တန်းကိုတက်ရောက်ပညာ သင်ကြားနှိုင်ခဲ့ပါသည်။ ရခိုင်လူငယ် ၂၀၀၀ တွင်တစ်ဦးမျှသာလျှင် ကောလိပ် တက္ကသိုလ်ပညာကိုတက်ရောက်သင်းကြားနှိုင်ကြောင်း ၄င်းစစ်တန်းများကဖေါ်ပြခဲ့ပါသည်။ ဆိုလိုသည်မှာ ရခိုင်အချေသူငယ်များ၏ ပညာရေးသည် အာဖရိကတိုက်ရှိ အီသိယိုပီးယားနိုင်ငံ၏ ပညာရေးနှင့် တထပ်တည်းနိမ့်ကျလျှက်ရှိပါသည်။   အနာဂတ်တွင် ကြောက်စရာကောင်းလောက်အောင် ပညာတပ် လူငယ်များနည်းပါးလာမည့် ရခိုင်ပြည်သည် အခိုင်းအစေခံ၊ လက်ဝေခံဗမာကျွန်ဘ၀ဖြင့် လူလုံးမလှ ၀မ်းမ၀ဘဲ အောက်ကျနောက်ကျဖြစ်ကြရပါမည်။
          ၂၀၀၆ ခု့နှစ်နောက်ပိုင်းတွင် ရာနှင့်ချီသော ရခိုင်အချေသူငယ်များ မလေးရှာနိုင်ငံ သို့ရောက်ရှိလာ ကြပါသည်။ များစွာသော အချေများမှာ မိဘများ၏လုပ်ငန်းခွင်များ၌ နေထိုင်ကာ ပညာဆက်လက်သင်ကြားခွင့် မရရှိကြပေ။ ထို့ကြောင့် ANC-S & ARRC  သည် ၂၀၀၈ ခု့နှစ်ကပင်စတင်ပြီး ပညာရေးငံ့လင့်နေကြသော ရခိုင်အချေသူငယ်များ ပညာဆက်လက်သင်ကြားနှိုင်ရန်နှင့် အမေရိကား ဥရောပတိုင်ပြည်များတွင် အခြေချနေထိုင်မည့် အချေများ အတွက် ကြိုတင်ပြင်ဆင်ပညာသင်ပေးနှိုင်ရန်အတွက် Arakanese Refugee Children Education Center (ARCEC-ရခိုင်ဒုက္ခသည်အချေသူငယ်များ ပညာရေးကျောင်း) ကိုဖွင့်လှစ်ကာ ကျောင်းအိပ်ကျောင်းနေ အချေ ၃၀ ကျော်ကို ပညာသင်ကြာပေးခဲ့ပါသည်။ ယခု့အခါတွင် ၄င်းကျောင်းမှ ပညာသင်ခဲ့ကြသည့်အချေတချို့မှာ အမေရိကားအထက်တန်းကျောင်းများတွင်ပညာထူးချွန်သည့်အဆင့်ဖြင့် ဆက်လက်ပညာသင်ကြားလျှက်ရှိကြပါသည်။
          သို့ရာတွင် အလွန်တရားဝမ်းနည်းဘွယ်ကောင်းသည်မှာ ယခု့အခါ မလေးရှားနိုင်ငံတွင် ရခိုင်ဒုက္ခသည် အချေသူငယ် ကျောင်းများ အားလုံးပိတ်ကာ တချို့အချေများမှာ ချင်း၊ဗမာနှင့် ခရစ်ယံကျောင်းများတွင် ပျံနှံပညာရှာမှိ နေကြရပါသည်။ အများစု့မှာကျောင်းဆက်မတက်နှိုင်တော့ဘဲ မိဘများ လုက်ကိုင်စါးသောက် နေကြသည့် အလုပ်ရုံ၊ စက်ရုံ၊ ပန်းရံဆိပ် နှင့် နယ်လှည့်ပြောင်းရွှေနေကြရပါသည်။
          ယခု့နှစ်နိုဝင်ဘာလတွင် အမေရိကားနှင့်သြစတေးလျှားနိုင်ငံများက ဖွင့်လှစ် ထားသည့် HELP University (တက္ကသိုလ်) တွင်း တက္ကသိုလ်အဆင့် သိပ္ပံနှင့် ၀ိဇာ ပညာများကို ယူအင်ရုံးအကူအညီဖြင့် အရည်အချင်းပြည့်မှိသည့ှ်ဒုက္ခသည်များတက်ရောက်ပညာသင်ကြားခွင့်ရရှိကြပါတော့မည်။ သို့သော်ထိုးဖေါက် လုပ်ဆောင်ပေးမည့်အဖွဲအစည်းများမရှိသည့်အတွက် ရခိုင်လူငယ်များ ယင်းတက္ကသိုလ်တွင်ပညာ သင်ကြားခွင့်ရရှိကြသည့်အခွင့်အလမ်းမှာယနေ့ထိမတွေ့ရသေးပေ။ ယင်းသောဖြစ်ရခြင်းမှာ AAR နှင့် ARRC ပူချောင်းရုံးများ ကိုပိတ်ကာ ARRC KL တရုံးတည်းကို ARRC မလေးရှားဟုနာပြည်ပြောင်လဲ၊ အနှုပ်လက္ခနာ ဆောင်သည့် ဆန္ဒစွဲ၊ ကိုယ်ကျိုးကြည့်ဝါဒီများ၏ လူလူချင်းတန်ဘိုးမထား၊ ကိုယ်ချင်းစါတရား နည်းပါးခြင်းများ၏ ရလဒ် ဆိုးမွေများသာဖြစ်ပါသည်။
          ဦးစီးလုပ်ဆောင်သူများ၏ သားသမီးမျာ အဖိုးကြီးသည့်နိုင်ငံခြားကျောင်းများတွင် တက်ရောက် ပညာသင်နေချိန်တွင် ဆင်းရဲ၊မွဲတေ၊ နိုင်ငံမဲ့ အခြေမဲ့ မလေးရှာရောက် ရခိုင်ဒုက္ခသည် အချေသူငယ်များမှာ ပညာဆက်လက်သင်ကြား ခွင့်မရဘဲ အနာဂတ်ပျောက်ကွယ်ကြရမည့်အနေအထားသော ဆိုက်ရောက်လျှက် ရှိပေသည်။
မလေးရှား ယူအင်ရုံးသည် အချေသူငယ်များပညာရေးကို အလေးထားကူညီအားပေးလျှက်ရှိပါသည်။ ကျောင်းတကျောင်းလျှင် စါအုပ် ခဲတန်နှင့်ပညာသင်ပစ္စည်းများအပြင် ရင်းဂင်းငွေ ၁၂၀၀၀ ကူညီပေးလျှက် ရှိပါသည်။ ရခိုင်အချေသူငယ်များ၏ ပညာရေးနှင့် အနာဂပ်ကိုရှေ့ရှုးသောအားဖြင့် ပညာသင်ကျောင်း တကျောင်း အမြန်ဆုံးဖြစ်မြောက်စေရန် မလေးရှားရောက်ရခိုင်သူရခိုင်သားများ ကြိုးစါးထူထောင် သင့်ပါကြောင်း လေးမြတ်စွာတိုက်တွန်းနှိုးဆော်အပ်ပါသည်။
ဗဟိုအလုပ်အမှု့ဆောင်ကော်မတိ
ANC-S & ARRC
မလေးရှားနိုင်င

...။...။...တင်ပြသူ...။ထာဝရသီရိ ...စာတင်ချိန်။...။..26.9.11...။...လခြမ်းပြီး...။... , , . ။...အားပီးလာဂါတ်ရေ စာဖတ်ပရိတ်မှားမှ ဒေဘလော့ဂ်နန့်ပတ်သတ်ပြီး အကြံများပီးလိုပါက arakankotawchay@gmail.com မှ အမြဲတမ်း ကြိုဆိုနီပါသည်။ စာဖတ်ပရိတ်သတ်များအားလုံးကို ကျေးဇူးတင်လျှက် ...။

0 comments for "ရခိုင်ဒုက္ခသည်အချေသူငယ်များ ပညာရေးနှင့်ပက်သက်၍ ထုတ်ပြန်ချက်"

Post a Comment

ထင်မြင်ချက်ပီးလာသူများ

ပို့စ်တင်စချေတိ