။....။

ရခိုင်သားအချင်းချင်း တော်လှန်ရေးစကားပြောနိန်ဂါတ်ထော

ရခိုင်တော်လှန်ရေးကို ဦးဆောင်မည့်သူများသည် . . .


1. ရသေ့တောင်သားများဖြစ်ရမည်။
2. ဘုန်းကြီးလူထွက်ကိုဦးစားပေးရမည်။
3. မဆလထောင်မှမှားယွင်းကြောင်းခံဝန်ချက်ထိုးပြီးထွက်လာသူဖြစ်ကပိုကောင်းသည်။
4. ရခိုင်ဖြစ်ကြောင်းတကမ္ဘာလုံးမှသိရှိစေရန်ယောကျာ်းဖြစ်လျင်နာမည်ရှေ့တွင်”ခိုင်”တပ်ရမည်။ မိန်းမဖြစ်လျင်နာမည်ရှေ့တွင်”စော”တပ်ရမည်။ (အင်္ဂလိပ်ဆိုလျင် နာမည်ရှေ့တွင် ”လိပ်-မိုက်ကယ်”၊ အမေရိကန် ဆိုလျင်”ကန်-ဒေးဗစ်”စသည်ဖြင့် သုံးရမည်ထင်သည်။)
5. အသက်ကြီးမှအိမ်ထောင်ပြုရမည်။ မိန်းမငယ်ငယ်ယူရမည်။ ထိုအိမ်ထောင်ကို (၄င်းတို့၏အဆိုအရ) ခိုင်မိုးလင်းခေတ်က တောင်ယာခုတ်၊ မီးသွေးဖုတ်ရာမှ ရလာသည့်ငွေဖြင့် အကျအန ထူထောင်ရမည်။
6. တခုလပ်၊လူပျိုကြီးစသည်ဖြစ်ပါကမိန်းမပျိုများကိုရရာနည်းသုံးပြီးကြံစည်နိုင်သူ၊ ခြေတော်တင်နိုင်သူ ဖြစ်ရ မည်။
7. ပါတီ၏နိုင်ငံရေးနှင့်စည်းရုံးရေးလမ်းစဉ်ကိုအာမခံရမည်။ မိမိတို့၏ပါတီမှာ သေနင်္ဂဗျူဟာနှင့် နည်းပရိယာယ်ပြသနာများတွင်အထူးလိမ်မာပါးနပ်သည့် (လနပ်ယောင်ကား) ပါတီဖြစ်သဖြင့် ပြည်သူလူထုနှင့် ပါတီထု၊ တပ်ထုကိုစည်းရုံးရာမှာပင်လှည့်စားမှုကိုကျင့်သုံးရမည်။ ဥပမာ - စည်းရုံးရေး အင်အား တိုးပွါးစေဖို့အတွက် ပြည်သူလူထုနှင့် ပါတီထု၊ တပ်ထု ရှေ့တွင် လပြိန်းကြိုက်စကားများဖြစ်သည့် “လက်နက်ကိုင်တော်လှန်ရေးမှအပအခြားမရှိ။ ကုလားကိုသတ်။ ဗမာကိုသတ်။ လွတ်လပ်ရေးမှ တပြားမှမလျှော့နိုင်။ ရွှေတုံးအလုခံရသည်ကို ကြေးတုံးပေးလို့ရမလား”စသည်ဖြင့် လိပ်ခေါင်းထွက်အောင် ကြွေးကြော်ရမည်။ အတတ်နိုင်ဆုံးပြတ်သားပြရမည်။ မဟာမိတ်၊ နိုင်ငံတကာနှင့်တွေ့လျင် “ဖယ်ဒရယ်မူသာအကောင်းဆုံး”ဖြစ်ကြောင်း တတွတ်တွတ်ပြောနိုင်ရမည်။ ထိုနည်းတူစွာ အခြား အရေးကြီးသည့် မည်သည့်ကိစ္စမှာမဆို ဝေ့လည်ကြောင်ပတ် အူကြောင်ကျားပေါ်လစီကိုကျင့်သုံးရမည်။
8. မိမိတို့၏တပ်ပေါင်းစုမူမှာအပင်ပန်းမခံ၊ အကုန်ကျမခံဘဲအနိုင်ခံဗိုလ်ကျနိုင်၊ ဆရာကြီးလုပ်နိုင်မည်ဆိုပါက မည်သည့်တပ်ပေါင်းစုတွင်မဆိုပါဝင်ရန်ဖြစ်သည်။ ထို့နောက် တပ်ပေါင်းစုတွင်းမှာ ယုံမှားသံသယပွါးအောင် ထိုးခွဲစည်းရုံးကာ တပ်ပေါင်းစုနာမည်ကိုပါတီနာမည်ဖြင့်အစားထိုးရန်ဖြစ်သည်။ မအောင်မြင်ပါက အခြားပါတီအဖွဲ့အစည်း ခေါင်းဆောင်များကို သပုပ်လေလွင့်ပြောပြီးတပ်ပေါင်းစုတွင်အယုံအကြည်မရှိဟု ကြေငြာရန်ဖြစ်သည်။ ဆိုလိုသည်မှာ တပ်ပေါင်းစုကိုခုတုံးလုပ်ပြီး မိမိတို့နာမည်ကြီးထွားဖို့ကို မသမာသည့် နည်းလမ်းဖြင့် ကြံစည်နိုင်ရမည်ဖြစ်သည်။
9. မိမိတို့၏ ပါတီတည်ဆောက်ရေးမူမှာ လူတော်၊ လူတတ်များကိုပါတီတွင်းသို့လက်မခံရန်ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် ပါတီတွင်းသို့ဝင်ရောက်လာပါကလည်း နည်းမျိုးစုံသုံးပြီးပထုတ်ပစ်ရန်ဖြစ်သည်။ ပညာတတ်များနှင့် ပတ်သက်လာလျင် အခြားပါတီအဖွဲ့အစည်းမှာ ရှိနေသူများကိုလည်း ထိုမူဖြင့်ပင် ဆက်ဆံရမည်။ ပူးသတ်၊ ခွါသတ် ဗျူဟာမျိုးစုံကိုကျင့်သုံးရမည်။ လိုမှသုံးပြီး၊ မလိုသည့်အခါ ချောင်ထိုးထားရမည်။ ပါတီရဲဘော်တိုင်း၏စိတ်ထဲမှာ “ပညာတတ်လျင် ဖောက်ပြန်သည်”ဟူသည့် အယူအ ဆကို အရိုးစွဲအောင်ရိုက်သွင်းထားရမည်။
10. မိမိပါတီ အခွင့်အရေးအတွက် အမျိုးသား အခွင့်အလမ်းများကို အသုံးချတတ်ရမည်။ အခွင့်အရေးရှိပါလျက် မိမိမှာလည်း အသုံးချနိုင်လောက်သည့် အရည်အချင်းမရှိပါက မည်သူ့ကိုမှ လမ်းစမဖွင့်ပေးဘဲ အားလုံးကို သဲထဲရေသွန်လုပ်ပစ်ရမည်။
11. ရခိုင်အဖွဲ့အစည်းနှင့် စည်းလုံးညီညွတ်ရေးထက် KNU/ရှစ်လေးလုံးအုပ်စုများနှင့် ညီညွတ်ရေးက ပိုအရေးကြီး သည်။ KNU ဥက္ကဋ္ဌနှင့် ရှစ်လေးလုံးခေါင်းဆောင်များအား “ဘောမ”ရမည့်တာဝန်သည် မိမိတို့၏ သမိုင်းပေး တာဝန်တရပ်ဖြစ်သည်နှင့် အားလျော်စွာ ၄င်းတာဝန်ကိုကျေပွန်အောင်အထူး အားကြိုးမာန်တက်ဆောင်ရွက် ကြရမည်။
12. စစ်ရေးကိုဦးဆောင်သူဖြစ်ပါကအခြားပါတီအဖွဲ့အစည်းများအား(ရခိုင်ဖြစ်စေကာမူ)ခြုံခိုတိုက်ခိုက် လုပ်ကြံသတ်ဖြတ်သည့်နည်းဖြင့် မိမိပါတီအတွက်လက်နက်ဖြည့်တင်းဖို့ အမြဲတမ်းကြံဆ စဉ်းစားနေရမည်။ ဘိန်းစိုက်သည့်နည်း၊ ဒေသခံ စီးပွါးရေးလုပ်ငန်းရှင်များမှ ငွေညှစ်သည့်နည်း၊ ဓားပြတိုက်သည့်နည်း၊ NGO လုပ်သားများအား ပြန်ပေးဆွဲသည့်နည်းများဖြင့်လည်း မိမိတို့၏ ဘဏ္ဍာ၊ ရိက္ခာကို ဖြည့်တင်းနိုင်စွမ်းရှိသူဖြစ် ရမည်။
13. ပါတီသမိုင်း၊ အမျိုးသားရေးသမိုင်းများကိုအောက်ခြေရဲဘော်ထုသို့လုံးဝချပြခြင်းမပြုရ။ ချပြလျင်လည်း မိမိပါတီသိက္ခာမတက်တက်အောင်၊ အခြားပါတီသိက္ခာမကျကျအောင် လီဆယ်လုပ်ကြံလိမ်ညာ ပညာပေးရမည်။



Subject: မတ်ရို့သေနတ်ကိုလည်းပြန်သိမ်းဖို့။ ထမင်းဝအောင် စားထားကတ်။
To:


မတ်ရို့တိစွာ အခြားလူ အစွာခါ ပြသနဖြစ်ဖို့လဲ ချောင်းနီကတ်ရေ အကောင်တိ။ ပြသနာ ဖြစ်ရာဆိုကေ သေနတ်လုဖို့၊ ပေသာလုဖို့ ကိုရာ စောင့်နီကတ်ရေ။ အခု မတ်ရို့တိ ပြန်ပွဲဆွဲစွာကို အားလုံးသိရေဝေး။ အိန္ဒိယမှာ ဟိရေ ငါရို့ရဲဘော်တိလည်းပြောရေ။ အိန္ဒိယ ကအခြားအဖွဲ့တိလည်း သိရေ။ လွန်ခရေ ၂နှစ် ၃နှစ်က နိုင်ငံခြားသားတစ်ယောက် ကိုလည်း ပြန်ပွဲဆွဲလို့ မနည်းရှင်းလိုက်ရမလား။ ယပြီးကေ မရမာကြီး တစ်ယောက်ကိုလည်း ပေသာတောင်းမရလို့ သတ်ပစ်လိုက်ကတ်တေ။ မတ်ရို့က အမြဲတမ်းယင်းပိုင်ရာ။ အခြားအဖွဲ့တိမှာ သေနတ်ဟိကေ လျာရည်ကျပြီးဂေ ဘဇောင်နည်းနန့် အရှောင်ရဖို့လဲရဖို့လဲ ကြံဂတ်ဖို့။ ယကေ ဖဲ့ထုတ်စည်းရုံးဖို့၊ အချင်းချင်းကြားမှာ ရန်မဖြစ်ဖြစ်အောင်သွီးထိုး ဖို့၊ ယကေ ကွဲကတ်ပြဲကတ်ရာဆိုကေ ကြားက အချောင်သေနတ်လုဖို့ ။ မဟုတ်လား။ ပြောလိုက်ကေ သေနတ်တိ ရန်သူ ဘားကို ရောက်မလားအောင် ကြားက ထိမ်းသိမ်းလိုက်ရစွာလို့ ပြောဖို့။ ငါရို့ဘားကလည်း ယင်းပိုင်ယူလားစွာရာမလား။ ငါရို့ ပါတီ ဥက္ကဌက မတ်ရို့ဥက္ကဌဘားကို တရားဝင်စာရေး ပြီးကေ သေနတ်တိကို ပြန်တောင်းခရေ။ (အောက်မှာ တွဲပြီးကေ ပို့ထားရေ) မတ်ရို့ စကား တောင်မပြန်။ အေး ငါရို့လည်းအားကောင်းလာကေ ငါရို့သေနတ် တင်မက မတ်ရို့သေနတ်ကိုလည်းပြန်သိမ်းဖို့။ ထမင်းဝအောင် စားထားကတ်။ တော်လှန်ရေးမှာ ဗမာအစိုးရထက် မတ်ရို့က ပိုလို့မာယာများ၊ အောက်တန်းကျရေ။ ယင်းပိုင်စွာတိက မတ်ရို့ ပါတီမှာ ရိုးရိုးချေဖြစ်နီရာ။ ယင်းစွာတိက မတ်ရို့ အမျိုးသားရေး တော်လှန်ရေး ယေ ဝေး။ အယင် ကတော့ ဒေပိုင်စွာကိစ္စတိကို အိန္ဒယမှာ၊ ဘင်္ဂလာ မှာ နိန်ဖူးလူတိရာသိရေ။ အခုခေတ်မှာ မတ်ရို့တိအကြောင်းကို တကမ္ဘာလုံး သိကတ်ရာ။ အခုခေတ်မှာ ၀ါလို့ မရရာ ဝေး။

အခုလည်း ၀ါ နိန်ပြန်ရာ။ ဖြတ်(၄)ဖြတ်။ မရှက်လားဝေး။ မတ်ရို့မှာ ဖြတ်ပစ်စရာဟိသိမ့်လား။ မတ်ရို့စွာ မတ်ရို့ လူသတ်၊ ဒမြတိုက် ၊ ပြန်ပွဲဆွဲလို့ ဒေသခံတိဖြတ်ထားစွာ ကြာရာကား။ ကရင်၊ ရှမ်းတိပါးမှာ ဖြတ်(၄)ဖြတ်လို့ အသံထွက်စွာနန့် မတ်ရို့က ဖြတ်(၄)ဖြတ်လို့ထအော်ရေ။ မလေးရှားက ပေသာကို ၀ါတောင်းဖို့လို့ သတင်းဌာနတိနန့် ပေါင်းပနာ အကွက်ဆင် စွာ မသိကေ ခက်ဖို့။

တော်လှန်ရေးသစ္စာဖြင့်
ထွန်းသိန်း

DPA မှာ ALP သို့ တောင်းဆိုစာ

...။...။...တင်ပြသူ...။လခြမ်းမြီ ...စာတင်ချိန်။...။..1.4.11...။...လခြမ်းပြီး...။... , , . ။...အားပီးလာဂါတ်ရေ စာဖတ်ပရိတ်မှားမှ ဒေဘလော့ဂ်နန့်ပတ်သတ်ပြီး အကြံများပီးလိုပါက arakankotawchay@gmail.com မှ အမြဲတမ်း ကြိုဆိုနီပါသည်။ စာဖတ်ပရိတ်သတ်များအားလုံးကို ကျေးဇူးတင်လျှက် ...။

0 comments for "ရခိုင်သားအချင်းချင်း တော်လှန်ရေးစကားပြောနိန်ဂါတ်ထော"

Post a Comment

ထင်မြင်ချက်ပီးလာသူများ

ပို့စ်တင်စချေတိ