။....။

မုဒိတာစမ်းရီအိုင် ...အခန်း(၃)

( ဝရီးလုပ်တေသူ တက်လာ )

“ အင်း....ပရိသတ်ကိုပြောရဖို့သိ။ ဒေနှစ် စစ်တွေတက္ကသိုလ် အင်္ဂလိပ်စာမေဂျာမိသားစု Fresher Welcome ပွဲမှာ ပြဇာတ်ချေတစ်ပုဒ် သရုပ်ဆောင်ဖို့လို့ ပြောသံကြားပါရေ။ ယင်းပြဇာတ်ချေထဲမှာ သတင်းကြေငြာရေ အခန်း(၁)ခန်းပါလို့ စီစိုင်သူ ကိုမာန်ယုကျော်စော် ကျွန်တော့်ဘားက စစ်တွေတက္ကသိုလ်နန့်ပတ်သက်တေ သတင်းတစ်ပုဒ် တောင်းထားပါရေ။ ယေဇူးနန့် ကျွန်တော်လည်း ညဇာကခါ သတင်းတစ်ပုဒ် မရွီးတတ်၊ ရွီးတတ် ရွီးကြည့်လိုက်ပါရေ။
. ( အင်္ကျီအိပ်ကို နှိုက်ဗျာလ်ပြော )

“ ဒေဂုတောင် ပါလာသိမသိ။ အော်...အေး...။ ပါလာရေထော....။ ဇာချင့်.....?? ယင်းသတင်းကို တစ်ခေါက်ချေ ဖတ်ပြပီး။ အေး.....ပရိသတ်က တောင်းဆိုလာကေတော့ခါ ဖတ်ပြရဖို့ဗျာလ်ယေ...။ ဖတ်ပြပါမေနန်း။ နားထောင်ကတ်ပါ ”

( သတင်းကို ဖတ်ပြ )

“ အဟမ်း...အဟမ်း...အားလုံး အညာစီယို....ဒေနိန့် ၁၃၇၁ ခု၊ သီပေါမင်းဆိုက္ကားထက်က လူးကျရေနိန့်၊ ၂ဝ၁ဝ ခု၊ မင်းတုန်းမင်းဝမ်းကျရေနိန့်၊ ဒေနိန့်မှာ ကျွန်တော်ရို့ ချစ်တေ စစ်တွေတက္ကသိုလ်၏ လတ်တလောဖြစ်ပျက်နိန်ရေ သတင်းချေတိကို စုစီးလို့ ကြေငြာတင်ပြပီးလားဖို့ ဖြစ်ပါရေ....။
သတင်းဂေါင်းဇိုင်....ဖင်လန်နိုင်ငံ အီစီကလီဝန်ကြီးချုပ် မစ္စတာဝက်ကလီစာနန့်အဖွဲ့စော် ရခိုင်ပြည်နယ် စစ်တွေမြို့၊ ဘုမေရပ်ကွက်မှာဟိရေ စစ်တွေတက္ကသိုလ်ကို လွန်ခရေနိက လေ့လာရေးခရီးလားခီရေလို့ သတင်းရဟိထားပါရေ။
သတင်းအပြည့်အစုံမှာ - မစ္စတာဝက်ကလီစာ၏ ထွက်ဆိုချက်အရ လက်ရှိ စစ်တွေတက္ကသိုလ်၏ကားခမှာ ၅ဝိ/- ကနိန်လို့ ၁ဝဝိ/- အထိ ထိုးတက်နိန်ဗျာလ်ဖြစ်လို့ ကျောင်းသား/သူတိအနိန်နန့် နှာခေါင်းငြိုနိန်ကတ်ကြောင်း၊ ကျောင်းသား/သူတိက ဒေကိစ္စကို မကျေနပ်လို့ ကားသမတိကို ကားခလျော့ပီးဖို့ပြောရေခါ ကားသမတိက ဆီဈီးတက်လို့ ကားခတင်ရစော်လို့ ပြောကြောင်း၊ ဆီဈီးကို လေ့လာကြည့်ရေခါ အယင်က တက်ခစော်မှန်ကေလည်း ဒေဂုအခါ ပုံမှန်ဈီးဖြစ်လားဗျာလ်ဖြစ်ကြောင်း၊ ယေဒါလ်ည်း ကားခဈီးတော့ခါ အဂုထက်ထိ မကျသိကြောင်း၊ ဒေကိစ္စနန့်ပတ်သက်လို့ ကျောင်းသား/သူတိက ငရဲမင်းနန့် သိကြားမင်းရို့ကို တိုင်ကြားလားဖို့ အစီအဇိုင်ဟိကြောင်း ကြားသိရပါရေ။
နောက်သတင်းတစ်ပုဒ်ကတော့ခါ ဘုမေရပ်ကွက်အတွင်းမှာဟိရေ စစ်တွေတက္ကသိုလ် ကားလမ်းပျက်စီးနိန်မှုအကြောင်းပါ။ အယင်တစ်ရက်နိန့်က အင်္ဂလိပ်စာ၊ တတိယနှစ်က ကိုကေအေတီတစ်ယောက် ကားစီးလို့ တက္ကသိုလ်တက်ဇောင်လားရေခါ ဘုမေကိုအရောက်....လမ်းကပျက်၊ ကားက ဆောင့်ရေအတွက်ကြောင့် ကားအမိုးနန့် သူ့ဂေါင်းတိုက်မိလို့ ကေအေတီတစ်ယောက် ဂေါင်းကွဲလားပါရေလတ်။ ယင်းနန့် သူ့ဂေါင်းဒဏ်ရာကို ဆီးခန်းသို့ လားပြရေအခါ ဆီးခန်းက Nurse တိက ဇာဖြစ်လာစော်လဲလို့ မိန်းစော်ကို ကေအေတီက ဝမ်းတိခဲဗျာလ် ခြီကျိုးလာစော်လို့ အမှားမှားအယွင်းယွင်းဖြေရေအတွက်နန့် Nurse တိက သူ့ကို သွားခြောက်ချောင်းနှုတ်ပီးလိုက်ကြောင်း၊ သွားဖုံးအတုတစ်ခုလည်း မေတ္တလက်ဆောင် တပ်ပီးလိုက်ကြောင်း “ A B C D ” သတင်းဌာနမှာ ဖော်ပြထားပါရေ။
နောက်ထပ်သတင်းတစ်ပုဒ်ကို ကြေငြာတင်ပြပီးလားပါမေ။ စစ်တွေတက္ကသိုလ်၊ အင်္ဂလိပ်စာအဆောင်၊ အထက်/အောက်၊ ဂျောင်ကြိုဂျောင်းကြား၊ ဒေါင့်ကြိုဒေါင့်ကြား၊ အခန်းကြိုအခန်းကြားတိမှာ ကွမ်းရည်တိနန့် ပုံဖော်ထားရေ မော်ဒန်ပန်းချီလက်ရာတိကို တွိနိန်ရကြောင်း၊ ယင်း နာမည်မသိ ပန်းချီဆရာတိ ပုံဖော်ထားရေ မော်ဒန်ပန်းချီပုံတိကို Internet websites တိမှာ တင်ဗျာလ် ဒေါ်လာနန့် လေလံပစ်ဖို့လို့ အင်္ဂလိပ်စာ တတိယနှစ်မှ ကျောင်းသား/သူတိ စီဇိုင်နိန်ကတ်ပါရေ။ ဒေပိုင် စီဇိုင်နိန်ကတ်တေအခါ E C ဖြစ်တေ ကို( )နန့် ကို( ) ရို့နှစ်ယောက် သဘောထားချင်းမတိုက်ဆိုင်လို့ ရန်ဖြစ်ကတ်ပါရေ။ ယင်းပိုင် ရန်ဖြစ်ကတ်တေခါ E C ဖြစ်တေ ကို( )က ကို( )ကို လက်သီးနန့် ထိုးပစ်လို့ ကို( )တစ်ယောက် ဘယ်ဘက်ပါး ညာဘက်ကိုရောက်လားခကြောင်း အင်တာနက် သတင်းတစ်ပုဒ်မှာ အတိအကျ ဖော်ပြထားပါရေ။
အရာသတင်းတစ်ပုဒ်ကတော့ခါ အင်္ဂလိပ်စာ တတိယနှစ်က ကို( )တစ်ယောက် တစ်ခြားမေဂျာက မမချေတိကိုလိုက်လို့ နတ်ယောင်ဂါးခံရေအခါ မမချေတစ်ယောက်က မကျေနပ်လို့ သူ့အိုးနန့် ကို( )“ ပါး ”ကို မှတ်လောက်သားလောက်အောင် သတ်ပစ်လို့ ကို( )တစ်ယောက် နှာခေါင်းက မီးထတောက်ဗျာလ် ဆံပင်တစ်စိတ်ကာ မီးလောင်လားကြောင်း သတင်းရဟိထားပါရေ။
လွန်ခရေ နှစ်ရက်က အင်္ဂလိပ်စာမိသားစု Fresher Welcome ပွဲကျင်းပနိုင်ဖို့အတွက် ဆွေးနွေးကတ်တေအခါ ပထမနှစ်က မောင်ချလူးအောင်က ပွဲလုပ်ဖို့အစီအဇိုင်ကို မကျေနပ်လို့ ကို( ) ကို လက်သီးနန့်ထိုးပစ်တေအခါ ကို( )မှာ သွား(၃)ချောင်း ဝမ်းထဲကိုဝင်လားခကြောင်း၊ ကို( )က ဒေကိစ္စကိုမကျေနပ်လို့ ရဲစခန်းမှာ လားတိုင်ခီပါရေ။ စခန်းက ကို( )ကို ဒေပိုင် လူဘားမှာ မတရားအသတ်ခံလာရလို့ ဒဏ်ကြေးငွေ (၈ဝဝဝိ/-)တိတိကို တောင်းခံလို့ ကို( )တစ်ယောက် နဗန်းစတိ အထသို့ထောင်တက်ဗျာလ် စခန်းက ကဗျာကယာ ထွက်ပြီးပါလတ်ကြောင်း “ ရက်မိရက်ရာသတင်းဌာန ”မှာ ဖော်ပြထားပါရေ။
ကျွန်တော့်မယားအချေမွီးရေနိက ဒုတိယနှစ်က ကို( )တစ်ယောက် အင်္ဂလိပ်စာအဆောင်ကနိန်ဗျာလ် Canteen ကိုအလား....သူ့ဟြိမှာဟိနိန်ရေ Botany ပထမနှစ်က ကောင်မချေတစ်ယောက်၏ Body Structure ကိုလေ့လာအကဲခတ်နိန်ဇိုင်မှာ မြက်ပင်ချေတစ်ပင်ကို ခလုတ်တိုက်မိလို့ Canteen ဟြိက ဆင်းကေယားရေ “ ဆင်းယားကန် ”သို့ ဟြိဂျွမ်း၊ နောက်ဂျွမ်း၊ တောင်ဂျွမ်း၊ မြောက်ဂျွမ်း၊ ဟိသမျှဂျွမ်းတိနန့် ဒလိမ့်ကောက်ကွေး လူးဆင်းလားကြောင်း၊ ကန်ထဲက သူပြန်တက်လာရေအခါ ကို( )တစ်ယောက် ကန်ထဲမှာ ဒယောကျွတ်ကျန်ခလို့ ဟြက်ဗျာလ် ဒယောမပါဘဲ တက္ကသိုလ်ထဲက ထွက်ဗြီးလားခရေအကြောင်း၊ သူ့ခန္ဓာအလယ်ပိုင်းမှာလည်း မဲလို့ တုန်းလို့ ဧရာမ “ မျှို့” တစ်ကောင် တွဲလို့ပါလားခကြောင်း မျက်မြင်ကိုယ်တွိမြင်တွိလိုက်တေ အင်္ဂလိပ်စာ ပထမနှစ်က ကျောင်းသူချေတစ်စုက သတင်းပီးပို့ထားပါရေ။
နောက်ဆုံးအနိန်နန့် အားကစားသတင်းတစ်ပုဒ်ကို ကြေငြာတင်ပြပီးလားပါမေ။ လွန်ခရေ အပတ်က အင်္ဂလိပ်စာက ကျောင်းသားတိနန့် Physics ကကျောင်းသားတိ ဘောလုံးကဇာတ်ပွဲတစ်ပွဲကို ကျင်းပခကတ်ပါရေ။ ယင်းပိုင်ကဇာတ်ကတ်တေအခါ Physics က အင်္ဂလိပ်စာကို (၃)ဂိုး ဂိုးမဟိနန့် အနိုင်ရလားကြောင်း၊ ဒေကိစ္စနန့် ပတ်သက်လို့ မကျမနပ်ငြင်းခုံကတ်တေအခါ အင်္ဂလိပ်စာကျောင်းသားတိ၏ ထွက်ဆိုချက်အရ အင်္ဂလိပ်စာဘက်က ဂိုးဖမ်းဖို့လုပ်နိန်ဇိုင်မှာ Physics ကတစ်ယောက်က အင်္ဂလိပ်စာဂိုးသမား ကို( )ဖင်ကို အင်္ကျီခြုပ်အပ်နန့် ထိုးပခလို့ (၁)ဂိုး အသျှူးခံလိုက်ရကြောင်း၊ နောက်ထပ် (၁၅)မိနစ်ကြာရေအခါ ဂိုးသမား ကို( )စော် ဗောင်းတက်လားခရေ ဘောလုံးကိုမော်ကြည့်နိန်ဇိုင်မှာ ကျီးကန်းတစ်ကောင် ချီးစိုက်ချပခလို့ ဂိုးသမား ကို( ) မျက်စိမှာ ကျလားခကြောင်း၊ ယေနန့် နောက်ထပ် (၁)ဂိုး ပီးလိုက်ရကြောင်း၊ နောက်တစ်ဂိုးပီးလိုက်ရပုံမှာလည်း ဂိုးဖမ်းဖို့ပျင်စော်နန့် Physics က တစ်ယောက်က အင်္ဂလိပ်စာဂိုးသမား ကို( )ဘောင်းဘီအိပ်ထဲကို “ဖဗြုပ်ကေ” တစ်ကောင်ထည့်ပခလို့ ဂိုးသမားက “ဖဗြုပ်ကေ” ကို အပြင်သို့ထုတ်နိန်ဇိုင်မှာ နောက်ထပ် (၁)ဂိုး ပီးလိုက်ရကြောင်း ကြားသိရပါရေ။ အချိန်ကုန်ဖို့ မိနစ်ပိုင်းအလိုမှာ အင်္ဂလိပ်စာဘက်က အရှုံးနန့် ရင်ဆိုင်နိန်ရရေအတွက် အသင်း(၂)သင်း အကြိတ်အနယ်ယှဉ်ပြိုင်ကတ်တေအခါ အသင်း(၂)သင်း ဗြိုင်သတ်ပစ်လို့ ဘောလုံး (၂)ခြမ်းကွဲလားကြောင်းလည်း ကြားသိရပါရေ။ ယေခါ ဘောလုံးပိုင်ရှင်ဖြစ်တေ အင်္ဂလိပ်စာအသင်းဘက်က မကျေနပ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် “ ဖီဖာ (F I F A) ” ကို လားတိုင်ခီကတ်ပါရေ။ ယင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် “ ဖီဖာ (F I F A) ” က အင်္ဂလိပ်စာအသင်းသားတိအတွက် နစ်နာကြေးအဖြစ် ရီချိုးစော် ဖလားတစ်လုံး ဆုချလိုက်ကြောင်း “ ဆိဆောက် ကရောက် ” သတင်းဌာနမှာ ဖော်ပြထားပါရေ....”

( သတင်းကြေငြာလို့ ဗြီး....)

“ ကျွန်တော်ရွီးထားစော် သတင်းကတော့ခါ ဒေလောက်ပါဗျာလ်.....။ ကောင်း မကောင်းလည်း မသိပါဗျာလ်ကား....”

( ပြောနိန်ဇိုင်မှာ တူအကြီးကောင်တက်လာ....။ အချေပုံသဏ္ဍာန်ပေါ်အောင် တစ်ခုခုကို အဝတ်ဖြူနန့် ထုပ်ဗျာလ် လက်မှာ ပိုက်ထား )

“ ယော်.....အခင်ထွီးက ဒေမှာ မနားယေ....”
“ အလိုဟိလာဝေ....”
“ အေး....သမီးချေကိုတစ်ခေါက် ယူထားလိုက်ယာ.....။ ကျွန်တော်ဆီးရုံကိုလားဗျာလ် ဒေသူ့အမိသည်ကို ထမင်းပို့ဇောင် လားရဖို့ဒေ...”
“ အေးအေး....ရရေ။ ပီးခ။ ပီးခ။ ”

( သမီးချေကို ဝရီးသည်ကို အပ်ထား )

“ ယကေ....ကျွန်တော်လားလီဖို့ဗျာလ်နန်း....”
“ အေး....လားလီ...လားလီ...”

( တူသည် ဆင်းလားလီ....။ ဝရီးသည် သမီးချေနန့်ကျန်လိုက် )

“ အင်း....သမီးချေ...သမီးချေ....အမိနန့်ရာ ကပ်လို့မနိန်ရ။ ဇာဖြစ်လို့ဟိဖို့လဲယေ....။ အားလုံးပြောပြလိုက်ဖို့ယာ။ တစ်ခါဂျီ။ နှစ်ပေါင်း(၂ဝ)ကျော်ကာလအထဲမှာ ကျွန်တော့်တူအကြီးကောင်စော် တစ်ရွာတည်းသမ ဝင်းမဖြူနန့် အိမ်ထောင်ကျဗျာလ် သားချေ(၂)ယောက်၊ သမီးချေ(၁)ယောက် ထွန်းကားခလီရေ။ သားချေနှစ်ယောက်မှာ တစ်ယောက်က (၆)တန်း၊ တစ်ယောက်က (၃)တန်း။ သမီးချေက အဂုမှ (၃)လရာ ဟိသိရေ။ သမီးချေကိုရလို့ (၂)လအကြာမှာ ဝင်းမဖြူရီပူလောင်ရေ။ ခန္ဓာတစ်စိတ်ကာမှာ ရီပူကျလားလို့ ဒဏ်ရာကအများ။ ဆီးရုံတင်လိုက်ရရေ။ ယင်းနောက်ပိုင်း ကျွန်တော့်တူတစ်ယောက်လည်း အလုပ်ပျက်၊ အကိုင်ပျက်ဖြစ်လားရေမနားယေ။ ဖြစ်ဖို့နန်းရာ။ ကျွန်တော့်တူက ဝင်းမဖြူအနားမှာ ဇာကားမလို၊ ဇာကားလို၊ ဝင်းမဖြူလိုသရွိ ဖြည့်ဆီးပီးနိန်ရရေ။ သမီးချေကလည်း ကျွန်တော်နန့်ဆိုကေ ကောင်းမလိုက်။ အဖမှ အဖ။ သား(၂)ယောက်ကတော့ စကေကြီးနိန်လို့၊ အသိဝင်နိန်လို့ ကောင်း အလိုမများ။ ကျောင်းလွတ်ကေ သူရို့မှာ အီးလို့ချေ ကဇာတ်နိန်ကတ်စော်ဗျာလ်။ ယေခါ ကျွန်တော့်တူမှာ ဝင်းမဖြူတစ်ဖက်၊ သမီးချေတစ်ဖက်နန့် ကိုယ့်အလုပ်ကို ကိုယ်ရာလုပ်ဖို့မရ။ အလုပ်လုပ်ဖို့မရကေ ဝင်ငွီကားမဟိယေ။ ဟိစော်ဖဲသာတိကိုလည်း ဝင်းမဖြူကို ဆီးကုလိုက်ရစော်မှာ တတုတ်ပြောင်လားရေ။ အိမ်မှာ ကျွန်တော်တစ်ယောက်ဟိနိန်လို့ ကံကောင်းသိယင့်။ ချက်ရေး ပြုတ်ရေးကိစ္စတိကို သူရို့စိုင်းဇားဖို့မလို။ ပတ်ဝန်းကျင်က အသိမိတ်ဆွီတိတော့ လာလို့ သတင်းမိန်းကတ်ယင့်။ ဆွီမျိုးတိကျကေ တစ်ကောင်လည်း မလာကတ်။ ကျွန်တော်ရို့ဖဲသာမဟိ၊ ဆင်းရဲတွင်းနက်နိန်လို့ ဟိဖို့။ အေး...ဆွီမျိုးဆိုစော်ကလည်း ဖဲသာဟိမှရာ ဆွီမျိုးတော်စော်။ ဖဲသာမဟိကေ ဇာဆွီမျိုးလည်း အရေးမစိုက်။ ဟုတ်တေမနားသမီးချေ....။ ယာ.....ဒေမမချေငို...ငိုနိန်ယာ။ မငိုကေ့...တိတ်....တိတ်.....။ ဗဂျီးသာခြင်းဆိုဗျာလ် ချော့သိပ်မေကား....။ အဘာဝါ.....အဘာနင့်မိဘားကို လားလီယင့်။ အမိဝါ....အမိ ဆီးရုံမှာ ဟိလီယင့်။ မောင်သျှင်ဝါ...မောင်သျှင်ဆွမ်းခံပျင်းလို့ အိပ်နိန်ယင့်....။ အဘာကြီးဝါဝါ...ပုဏ္ဏားကျွန်းက ကားစီးလို့လာ....ချစ်နှမသန္တာ....သဗုန်ခွက်နန့် ကွမ်းယာလို့လာ.....။ အင်း....ကြည့်ဇမ်...ချက်ချင်းအိပ်လားရေထော..။
ယော်.......မြင်တောင်မြင်သိလာဂု....။ ဒေမမချေလည်း ကျွန်တော်နန့်တူရေထော။ ဒေသူ့မှာလည်း အဂေါင်းနန့်...။ ကျွန်တော့်မှာလည်း အဂေါင်းနန့်။ ဒေသူ့မှာလည်း ပခုံးနန့်....။ ကျွန်တော့်မှာလည်း ပခုံးနန့်။ ဒေသူ့မှာလည်း လက်(၂)ချောင်းပါရေ....။ ကျွန်တော့်မှာလည်း လက်(၂)ချောင်းပါရေ။ ဒေသူ့မှာလည်း ဝမ်းပါရေ....။ ကျွန်တော့်မှာလည်း ဝမ်းပါရေ။ ဒေသူ့မှာလည်း “ချက်” ပါရေ....။ ကျွန်တော့်မှာလည်း “ချက်” ပါရေ။ “ချက်”အောက်ကိုချ ကြည့်လိုက်မေဇမ်....။ ယော်......မတူလိုက်ယာဂါ...။ ဟန်း....ဒေမမချေမှာ ပဇနှစ်ပေါက်ပါစော်မနားယေ....။ “ချက်”အောက်က ပဇကား ရပ်စောက်ထော....။ ကျွန်တော့်ကို ရပ်စောက်ရယ်ပြနိန်ရေ။ ဒေမမချေမှာ “ချက်” အောက်မှာလည်း ပဇပါကေ.....ကျွန်တော့် “ချက်” အောက်မှာဂါဂု....( အောက်ကိုငုံ့ကြည့်ဗျာလ်...) “ချက်” အောက်မှာ ပဇကားမပါ။ ခဲတံရာ တစ်ချောင်းပါရေမြင်ယင့်....”

( ပြောဗြီး စက်အောက်ကို ဆင်းလားလီ....)


.........
•*♥*• မာန်ယုကျော် ( ရွှေဝမြေ ) •*♥*•
.

...။...။...တင်ပြသူ...။လခြမ်းမြီ ...စာတင်ချိန်။...။..28.9.10...။...လခြမ်းပြီး...။... , , . ။...အားပီးလာဂါတ်ရေ စာဖတ်ပရိတ်မှားမှ ဒေဘလော့ဂ်နန့်ပတ်သတ်ပြီး အကြံများပီးလိုပါက arakankotawchay@gmail.com မှ အမြဲတမ်း ကြိုဆိုနီပါသည်။ စာဖတ်ပရိတ်သတ်များအားလုံးကို ကျေးဇူးတင်လျှက် ...။

0 comments for "မုဒိတာစမ်းရီအိုင် ...အခန်း(၃)"

Post a Comment

ထင်မြင်ချက်ပီးလာသူများ

ပို့စ်တင်စချေတိ