။....။

; ရခိုင်လူမျိုးနိုင်ငံရေးသမားတိ အရက်မုန်းပြီးကေ ရခိုင်ပြည်တွက် အသက်ပီးနိန်ရေလို့ ပြောတုန်းသိလားချင့်

ကမ္ဘာလူမျိုးအသီးသီး၌ ပူဇော်ထိုင်သူကို ပူဇော်ခြင်းသည် ကမ္ဘာ့လူမျိုးစုနွီးရို့ ယိုင်ကျေးမှုတရပ်အဖြစ်ကျင့်သုံးလာကြသည်။ ဗုဒ္ဓဘာသာ ရခိုင့်လူမျိုးစုနွီ၏အနီနန့်ကား ပူဇော်ထိုက်သူကို ပူဇောခြင်းသည် မင်္ဂလာတစ်ပါးအဖြစ် ယုံကြည်လာကြသည်မှာ ဒေနီထက်တိုင်ဖြစ်ပါသည်။ ရခိုင့်သမိုင်းတလျှောက်လုံး၏ နောက်ကြောင်းကို ကြည့်လျှင် ရခိုင့်မင်းအဆက်ဆက်က ရခိုင်ဘုရင်များ ရခိုင်ပြည်ကို အုပ်ချုပ်စဉ်အခါက ရခိုင်ဘုရင်းများသည် ဘာသာရေး လူမှုရေး လူမျိုးရေး အမျိုးသီလနှစ်ဌာနကို စောင့်ရေးအစများနန့် ရခိုင်မျိုးလူမျိုးတိုးတက်ထွက်ပြောင်လာရေးတွက် စည်းရုံးရေး နည်းပရိယာရ်အသွယ်သွယ်ကို အသုံးပြုပြီး စည်းရုံးလာဂါတ်ကြသည်ကို သမိုင်းများတွင် တွီရပါသည်။ အာသျှနီဝန်းဆရာတော်ဦးဥတ္တ၏ စည်းရုံးရေး နည်းပရိယာယ်ကို ကြည့်လျှင် ကမ္ဘာ့သမိုင်း၌ မည်သူမျှမလုပ်ဆောင်နိုင်သော စည်းရုံးမှုပရိရေပရိယာယ် သုံးခသည်ကို ရခိုင့်လူမျိုးစုနွီတစ်ရပ်အနီနန့် အတုယူသင့်သည်ကို တွီရပါသည်။ ရောမသမိုင်း၌ ဂျူလီယက်ဆီဇာအလောင်းကိုပြ၍ ဆီဇာ၏ညာလက်ရုံး မတ်ယန်တိုနီက ရောမလူထုတစ်ခုလုံးကို စည်းရုံးခသော နိုင်ငံရေးပရိယာယ်သည် အလွန်ပင် ထင်ရှားသည်။ . အာရှနီဝန်းဆရာတော်ဦးဥတ္တမ၏ နိုင်ငံရေးစည်းရုံးများ၌လည်း ထောင်အဝတ်ကို ပြ၍ မြန်မာလူထုတစ်ရပ်လုံး နိုင်ငံရေးအသိနိုးထစီရန်နန့် သူကျွန်မခံချင်းပေါ်ပေါက်လာအောင် ထောင်အဝတ်ကိုပြ၍ စည်းရုံးခသည်မှာ ဇာနှစ်ကြိမ်ထိ ဒေနည်းပရိယာယ်ကို ပြ၍ စည်းရုံးခလေဟူသော အချက်ကိုရခိုင်လူမျိုးရို့အနီနန့် သတိပြုလိမ့်မည်ဟု စာရွီးသူ မထင်ပါ။ ဆရာတော်ဦးဥတ္တမသည် ကိုလိုနီအကျဉ်းထောင်မှ ဒုတိယတစ်ကြိမ် ထောင်ကျပြီးစအချိန်ဖြစ်သည် ဟင်္သာတမြို့နယ် နိုင်ငံရေးတရားပွဲ၌ တရားဟောစင်ပေါ်ကို တက်ပြီး ဘုန်းကြီးအဝတ်ကိုပြ၍ ဘုန်းကြီးဘယ်သူလဲဟု လေးမျက်နှာလုံးကို လှည့်ကာမေးလိုက်သောကြောင်း နိုင်ငံရေးအသိနိုးကြားနိန်သော လူထုများကလည်း နိုင်ငံရေးဆရာတော်ဦးဥတ္တမပါဘုရားဟု ဟောကြသည်။ ထိုမှတစ်ဖန် ဆရာတော်သည် နိုင်ငံရေးတရားကေ ဇာဖြစ်လေဟု မိန်းပြီး ရုံလာသော သင်္ကန်းကိုဖြုန်းခနဲချွန်လိုက်သောအခါ ထောင်အဝတ်အစားကိုမြင်လိုက်ရသောကြောင်း နိုင်ငံရေးတရားနားထောင်လာကြသော ထူလုများက အံသြလာသောအခါ ဦးနန္ဒမာလာက နိုင်ငံရေးစင်ပေါ်ကို တက်ပြီး အသံကုန်အောင် ဗုဒ္ဓဘာသာရို့ မြင်နိုင်ဂါတ်လာဆိုပြီး ထပ်ထပ်ခါခါဟောလိုက်သည်။ ယင်းအခိုက်အတန့်မှာပင် နိုင်ငံရေးတရားနားဖို့ ရောက်လာဂါတ်တေ လူထုတိ အနိန်နန့်လည်း မျက်နှာဖြူအစိုးရကို ဆဲဂါတ်သည် လက်ခဲပိုက်ဂါတ်သည်။ ဆရာတော်နဒ္ဓမာလာအစ လူထုပရိတ်သတ်တိ မျက်ရည်များ ကျဂါတ်ရသည်။
ပြီးမှ ဆရာတော်ဦးဥတ္တမက နိုင်ငံရေးတရားဆက်ဟောခလေသည်။ ယင်းပိုင်မြင်ကွင်းတိကို လက်ရှိမြင်ဂါတ်ရဖို့ဆိုကေ ရခိုင်ပြည်သူရို့အနိန်နန့် ဇာပိုင်ခံစားရဖို့လဲဆိုစွာကို မိန်းကြည့်ချင်ပါသည်။
သို့သော်လည်း ရခိုင်လူမျိုးရို့မှာ ဆရာတော်ဦးဥတ္တမ၏ နိုင်ငံရေးတရားဟောမှုကို ဘုန်းကြီးနိုင်ငံရေးတရား ဟောရလားဟု ပြောပြီး မရိုသေ မလေးစားခပါ။ ရခိုင်ပြည် စစ်တွေမြို့ရူပရပ်ကွက်ဇာတိဖြစ်သော အာသျှနီဝန်း ဆရာတော်ဦးဥတ္တမသည်၏ နိုင်ငံရေးသည် ရခိုင်ပြည်ကို ဇာလောက်အဆင့်ထိ နိုင်ငံရေးသြဇာလွှမ်းခလေလို့ ရခိုင်သားတိ ဒေမိန်းခွန်းကို မိန်းလျှက်ရှိသည်။ ဆရာတော်ကို အင်္ဂလိပ်နည်ချဲ့လက်ဝီးခံ ရခိုင်အမျိုးသား မြီပိုင်ရှင် ဆရာတော်ကို မလိုလားဂါတ် ဘုန်းကြီးဖြစ်ယင့်သားနန့် နိုင်ငံရေးလုပ်ရလား လောကီးကိစ္စတိမှာ ဝင်ပါလားဆိုပြီးကေ ဆရာတော်ဦးဥတ္တမကို ငြင်းဂါတ်သည်။ တစ်ချို့ရခိုင်အမျိုးသားတိကလည်း ဆရာတော်ဦးဥတ္တမသည် ရခိုင်လူမျိုးအစစ်ဖြစ်လို့ပင် ရခိုင်ပြည်မှာ ဆရာတော်၏ နိုင်ငံရေးသြဇာလွှမ်းမိုးမှုမရှိလို့ ပြောနိန်ဂါတ်ပင်။ ဒေအချက်သည် မှန်နိုင်သည် သို့သော်လည်း ရခိုင်လူမျိုးက ဆရာတော်ကို၏ နိုင်ငံရေးအမြင် ကျည်ပြန့်ပုံကို သိလျှင် နားလည်နိုင်လိမ့်ဟု ယူဆထားသည်။ ရခိုင်အမျိုးသားများကိုလည်း နိုင်ငံရေးသြဇာလွှမ်းမိုးနိုင်လိမ့်ဟု ယူဆပါသည်။ သို့သော်လည်း ဆရာတော်၏ နောက်လိုက် အ၇ှင်နဒ္ဓမာလာခေါ် ဦးထွန်းစိန်က ဆရာတော်ဦးဥတ္တမ၏ မိန်းကြားသည့်အတိုင်း ရက္ခမဏ္ဍလသာသနာ့ဓရအဖွဲ့၌အတွင်းရေးမှုလုပ်ပြီး ရခိုင်ပြည်တောင်ပိုင်းတခွင်နန့် ရသေ့တောင် ဘူးသီတောင်စသော ကျေးလက်ဒေသများကို နယ်လှည့်ကာ နိုင်ငံရေးတရား ဟောသည်ကို ဆရာတော်ဦးဥတ္တမသိခပါ။ ဦးနဒ္ဓမာလာနန့် ဦးမြထွန်းရို့စည်းရုံးပြီး ရခိုင်တိုင်းလုံးဆိုင်ရာ ကြီးပွားရေ အဖွဲ့ချုပ်ကို (၁၉၃၁) မှာ ဖွဲ့စည်းနိုင်ခသည် ဦးနဒ္ဓမာလာခေါ် ဦးထွန်းစိန်ဦးဆောင်ပြီး နယ်ချဲ့ဆန့်ကျင်ရေ တရားကို မင်းပြားမြို့၌ ဖြန့်ဖြူးနိုင်သည်။ သို့သော်လည်း ဆရာတော်ဦးဥတ္တမကား (၁၉၃၁) ၌ နောက်ပိုင်းကာလ၌ ပျံလွန်တော်မှုသောကြောင်း ရခိုင်ပြည်သို့ နိုင်ငံရေးတရားဟောဖို့ မကြွရောက်နိုင်သောကြောင်း ဒေပိုင်ဝမ်းမြောက်အားရဖွယ်ဖြစ်တော နိုင်ငံရေးနိုးကြားမှု အခြီအနိန်တိကို ဆရာတော်ကိုယ်တိုင် မြင်ရတွိခရဖို့ဆိုကေ ငါရခိုင်ပြည်ဇာတိ သို့သော်လည်း ရခိုင်ပြည်ကို နိုင်ငံရေးအလင်းရောင် မပီးနိုင်ခဆိုရေ စကားကို မိန်းခလိမ့်မေလို့ မထင်ပါ။ ဆရာတော်သည် ရခိုင်ပြည် နိုင်ငံရေးလုပ်ရှားမှုများ၌ မိမိရရ မပါဝင်သည်မှာ မှန်ပါသည်။ ယေကေလေ့ မီတစ်တိုင်သည် တခြားမီးတိုင်များကို မီးကူးနိုင်ရေပိုင် အလင်းရောင်ပီးနိုင်ရေပိုင် ဦးနဒ္ဓမာလာစသော နိုင်ငံရေးမီးတိုင်များပွားနိုင်ခသည်ကို ဆရာတော်၏ နိုင်ငံရေးအလင်းရောက်သည် ရခိုင်ပြည်ကို မပီးနိုင်ခလို့ ပြောလို့မရပါ။ ဇာရခိုင်လည်း ဒေပိုင်ငြင်းဆိုပိုင်ခွင့်လည်းမရှိပါ။
ယင်းကိုလိုနီနယ်အချိန်မှာလည်း ဆရာတော်ကို အသိမှတ်မပြုဂါတ်ပါ ဒေနိန့်ထိတောင်လည်း ဘုန်းကြီးတိ နိုင်ငံရေးလုပ်ရလား နိုင်ငံရေးတရားဟောရလားလို့ မိန်းခွန်းထုပ်နိန်ဆဲပင် ဖြစ်သည်။ ဒေပိုင် အသိဒေပိုင်အမျှော်အမြင်များသည် ရခိုင်လူမျိုးကျွန်ဘဝကိုရောက်အောင် တွန်းပီးနိန်ခြင်းသာဖြစ်ပါလိမ့်မည်ဟု စာရွီးသူ မြင်မိပါသည်။
မှတ်မှတ်ရရ စာရွီးသူရို့ခောတ်မှာ ဦးသာထွန်း၏ စည်းရုံးရေးပရိယာယ်ကို ကြည့်လိုက်ပါ။ ဆရာကြီးဦးသာထွန်း၏ စည်းရုံးရေးသည် ရခိုင်သမိုင်းများ ပျောက်လုမတတ်ဖြစ်နိန်သော သမိုင်းအစအနများကို မဆမခြီးရာကောက်နည်းသုံးပြီး ညာဏိဿရကို အနိုင်ယူခသည်။ ရခိုင်လူမျိုးများ မသိလိုက်သော သမိုင်းများကိုလည်း ဆရာကြီးဦးသာထွန်း ပေါ်ပြနိုင်ခသည်။ ယင်းတွက်ကြောင်း နိုင်ငံတော်အစိုးရ၏ ရခိုင့်သမိုင်းပပျောက်ရေး ရခိုင့်လူမျိုးကို ဝါးမျိုးရေးစနစ်ကိုသုံးပြီး ထောင်အကျဉ်းချကာ ရခိုင့်လူမျိုးကိုပင်အသိမပီးပဲ သတ်ပလိုက်သည်ကို လက်တွိသိကြရပါသည်။ နောက်ဖြစ်ပျက်ပုံများကို ကြည့်လိုက် ဆရာတော်ဦးပညာစာရကို စွပ်စွဲချက်အမျိုးမျိုးနန့် တရားစွဲထောင်ချဂါတ်သည်ကို ရခိုင်သားတိ မျက်မြင်ကိုယ်တွိဖြစ်ပါလိပ်မေ။ အမှန်တကယ် ဦးဆရာတော် လုပ်ခသည်ရှိသော် ဆရာတော်ဦးပညာစာရကိုသာ ထောင်ချသင့်သည်။ ဆရာတော်၏ အချေများကို ဒေပိုင်မလုပ်သင့်လို့ မြင်ပါသည်။ ၁၉၉၅ခုနှစ်မှစ၍ မိဘမဲ့ရခိုင်ကလေးငယ်များကိုမွေးလေသည်။ဘုန်းကြီးက ကလေးမွေးသည်ကိုတချို့ ကမကြိုက်ကဂါတ်ပါ။ရခိုင်သားများဇာလောက်ဆင်းရဲနိန်ဂါတ်လေဆိုစွာကို ကိုယ့်ရင်သွီးချေတိကိုတောင်ကုလားတိလက်ထဲရောင်းစားနိန်သည်ကိုသက် သီတိပြလျှက်ရှိပါသည်။ ရခိုင်လူမျိုးတိအနိန်နန့် ကမ္ဘာမီး လောင်သားကောင်ချနင်းဆိုရေ စကားပုံတိကို ကြားဖူးပါလိမ့်မေ။ ရခိုင်ပြည် ပညာရေး လူမျိုးရေး နိုင်ငံရေး စီပွားရေးတိ ဇာလောက်ထိ ဆုပ်ယုတ်ပျက်သုန်နိန်နိန်ဗျာလ်လေဆိုစွာကို ရခိုင်သားတိအနိန်နန့် ဆရာတော်ဦးပညာစာရ၏ လုပ်ရပ်ကို မြင်ကေ သိလိမ့်မည်လို့ ယုံကြည်ပါရေ။ လက်ရှိရခိုင်ပြည် ရခိုင်လူမျိုးရို့ အမျိုးသီလကို စောင့်ရှောင့်သည်ဟူုသောအရာ၌ကား ကိုးလလွယ် ဆယ်လမွီးပြီး ကိုယ့်ရင်သွီးချေကိုပင် အလေးမထာား ဂရုမစိုက်ပဲ မွီးကင်းစ အချေတိကို လူသားမဆန်စွာ လမ်းဘေးတိမှာ ပစ်းလားသည်။ သို့သော်လည်း ရခိုင်လူမျိုးရို့အဖို့၌ အမျိုးသီလ နှစ်ဌာနကို စောင့်ရှောက်သည့်ဟု ပြောနိန်ဆဲ။ ယင်းပိုင် ပိုက်စက်လက်ခတ်ဖြစ်နိန်ရေ မွီးကင်းစအချေတိ လမ်းဘဲမရောက်ရအောင် လူမျိုးမတူ ဘာသာခြားတိဘားသို့ မရောက်စီချင်လို့ ကမ္ဘာ့သမိုင်းမှာ ရခိုင်လူမျိုးတိ အရှက်မရအောင်လို့ ရင်သွီးချေပမာ ကျေးမွေးစောင့်ရှောက်လာသည်မှာ ဒေနိန်အချိန်မှာဆိုကေ တက္ကသိုလ်ရောက်တေအထိ ကြီးပြင်းလာဂါတ်စွာ ရခိုင်လူမျိုးတိအနိန်နန့် မြင်ဂါတ်လိမ့်မေလို့ ထင်ပါရေ။ ဒေချင့်သည်ပင်လျှင် ဆရာတော်၏ စည်းရုံးမှု့ဖြစ်သည်။ နိုင်ငံရေး နိုင်ငံရေးလုပ်တေလို့ ဆရာတော် မကြွီးကြော်ခသော်လည်း ရင်သွီးချေပေါင်း ၁၀၀ ကျော်ကို ပညာသင်ပီးနိုင်သည် လူတန်းစာ မြောက်အောင် လုပ်ပီးနိုင်သည်။ အမျိုးသီလနှစ်ဌာနကို စောင့်ရှောက်နိုင်အောင် သွန်သင်ဆုံးမပီးသည်ကို ငြင်းစရာမရှိပါ။ အသက်၂၀နီးပါးစောင့်ရှောက်ထမ်းဆောင်လာခသော ပရဟိလုပ်ငန်းသည် ၂၀နီးပါးရှောင်ရှားလာသောလုပ်ငန်းကော်မတီတစ်ခုကို ဆရာတော်သည် ၁၈-၁၁-၀၉နိ့မှာပင် ဗမာလူမျိုးကြီးဝါဒီ၏ အပြုသဘောဆောင်သော ကော်မတီတစ်ခုကို ဖွဲ့စည်းလိုက်သော အချိန်မှစ၍ ဆရာတော်၏ ပရဟိတအလုပ်ကို စတင်တိုက်ခိုက်လာပြီးသည်။ ဒေအထဲပင်၂၇ ဂျူလိုင် ၂၀၁၀ နေရဉ္ဇရာ သတင်းကို ဖတ်မိသောကြောင်းမှာ အံသြလာသည်မှာ မပြောပြနိုင်လောက်အောင်ပင်။ ဆရာတော်ကို အမျိုးမျိုးစွပ်စွဲထောင်ချတောင်မက ပရဟိတိလုပ်ငန်းတစ်ခုလုံးကိုပါ ပျက်စီပိုက်လိုက်သည်မှာ ရခိုင်လူမျိုးရို့၏ မျက်မြင်သာဖြစ်သည်။ ဒေလုပ်ရပ်သည်ကို မှန်းဆကြည့်လျှင် လူမျိုးရေးအရ တိုက်ခိုက်နိန်သည်ကို ရခိုင်သားတိ မသိလိုက်။ ပြည်တွင်းပြည်ပ ရခိုင်လူမျိုးရို့က ဆရာတော်ကို မုန်းတီလာကြသည်။ ပရဟိတလုပ်ငန်းများကို ရခိုင်လူမျိုးအားလုံး မုန်းတီရွံရှာအော် လူမျိုးရေးအရ ဖိနှိပ်တိုက်ခိုက်လိုက်သည်ကိုရခိုင်လူမျိုးတိ အရိပ်အယောင်ပင် မတွိလိုက်ပါ။ (တော်ပြီး) ဆိုသောစကားလုံးတစ်လုံး၏ နောက်ဆက်တွဲမှာ ရခိုင်လူမျိုးအချင်းသွီးကွဲပြီး မကျေမနပ်ဖြစ်လာသည်။ ဒေဂုဆိုကေ ဒေသတင်းရို့စွာ ငြိမ်သက်လားပါဗျာလ်။ တရားစွဲရေလူ အစွဲခံရရေလူတိစွာ သတင်းအစနကို ရှာလို့မရလိုက်ယာ။ ပရဟိတတစ်ခုလုံးလည်း အသိမ်းခံလိုက်ရရေ။ နောက်ပရဟိလုပ်ဆောင်နိန်ရေ လူတိအတွက်လည်း အညွန့်ချိုးသည်မှာ အမှန်ပင်ဖြစ်သည်။ ရခိုင်သွီးသား အချေတိလည်း ဗမာစစ်သားဖြစ်အောင် လုပ်ဖို့ပင်ဖြစ်သည်။ ယေကေလေ့ ရခိုင်နိုင်ငံတော်ဖြစ်မြောက်ရေးတွက် အသက်သွီးကိုပီးစပ်နိန်ဂါတ်တေ ( ANC)(က)နန့်(ခ)( RSU )အစရှိေ၇ ရခိုင်နိုင်ငံရေးသမားတိ အနိန်နန့် ဆရာတော်နန့်ပတ်သတ်ပြီးကေ statement တစ်ပင် မထုပ်ဖူးလိုက်။ ၈၈၈၈ အတွက်ဆိုကေ ရခိုင်နိုင်ငံရေးသမားတိထုပ်လုပ်တေ Statement တိစွာ အများကြီး…ရခိုင်နိုင်ငံတော်ဖြစ်လာဖို့ ရွည်ရည်ချက်နန့် အသက်သွီးတိကို ပီးစပ်နိန်ဂါတ်တေ ရခိုင်နိုင်ငံရေးသမားတိ အနိန်နန့် ရခိုင်ပြည်လူမျိုးတိတွက် နာသုံးနာနန့် အသက်ပီးလားဂါတ်တေ ရခိုင်သူရဲကောင်းတိထောက်ခံရေး အနိန်နန့် statement တစ်စောင်လောက် မထုပ်ပီးစွာကို ကောင်းကောင်းစိတ်ပျက်လက်ပျက် မုန်းတီချင်လာရေ။ NUO က ဖဲသာရမှ ရခိုင်လူမျိုးတိတွက် ရခိုင်နိုင်ငံရေးသမားတိ Statement ထုပ်ပီးဖို့ဆိုကေ ပြည်တွင်းပြည်ပ ရခိုင်သားတိအားလုံးစုပနာ ရခိုင်ပြည်လွတ်မြောက်ဖို့တွက် တိုက်ပွဲဝင်နိန်ဂါတ်တေ ရခိုင်နိုင်ငံရေးသမားတိကို ဆ၇ာတော်ဦးပညာစာရတွက် Statement ထုပ်ခဆိုပြီးကေ ဖဲသာပီးရဖို့အဆင့်ကိုတောင်ရောက်လားရေ။ သို့အတွက် ပြည်တွင်းပြည်ပ ရခိုင်လူမျိုးတိ အနိန်နန့် ပြည်တွင်းမှာ ဖြစ်ပျက်နိန်ရေ အရာတိတွက် Statement ထုပ် ရခိုင်နိုင်ငံရေးအဖွဲ့စည်းများကို ဖဲသာပီးရဖို့စွာ သေချာသလောက်ရှိလာပြီး။ ယင်းတွက်ကြောင်းပြည်တွင်းရှိမှာ ၇ှိရေ ရခိုင်သားတိအနိန် ရခိုင်နိုင်ငံတော်ဖြစ်လာရေးတွက် အသက်ပီးနိန်ဂါတ်တေလူတိဆိုပြီးကေ ယုံကြည်မှုတိ မပီးပါကေ့။ အမှတ်တမဲ့တစ်ခု ဖြစ်လာကေ ပြည်တွင်းကလူတိတွက် ကူညီလိမ့်မေမဟုတ်ပါ။ ပြည်ပရခိုင်နိုင်ငံရေးသမားတိ အနိန်နန့် စာကွက်လုလို့ ရဖြစ်နိန်စွာလည်းအများပါ။ NGO က ဖဲသားနန့် ကားတိငှားစီးနိန်စွာလေ့ အများပါ။ ရုံးတစ်ရုံးအလည်လားခကေ ရခိုင်သားတိဆိုကေ ကူညီရဖို့စွာကြောက်လို့ စကားမပြောချင်စွာ ရုံးတိလည်း ရှိပါရေ။ ဗမာလူမျိုးကျကေ ခေါင်းကိုတက်နင်းလားကေလေ့ တစ်ခုလေ့မပြောလိုက်ပါ ဇာဖြစ်လို့လည်းမိန်းရဖို့ဆိုကေ စာကွက်ပိတ်လားဖို့စွာကို ကြောက်လို့ပါရာ။ ဒေပိုင်ရာ ရခိုင်လူမျိုးနွီစု၌ Department ဝါဒ လွမ်းမိုးနိန်သမျှကာကာပတ်လုံး ရခိုင်လူမျိုးရို့ လွတ်မြောက်လိမ့်မည်လို့ မထင်ပါ။ နိုင်ငံရေးစလုပ်ဖို့ဗျာလ်ဆိုကေ် ရခိုင်နိုင်ငံရေးသမားအချင်းချင်းမကိုက်ဂါတ် သဘောချင်းမတိုက်ဆိုင်လို့ ခွဲထွက်ဂါတ် စာကွက်ပိတ်လားဖို့စွာကို ကြောက်လို့ ရခိုင်အဖွဲ့စည်းချင်းချင်းရန်ဖြစ်ဂါတ်နန့် ရခိုင်နိုင်ငံရေးသမားနှစ်ယောက်မှာ အဖွဲ့သုံးဖွဲ့ဖြစ်လာဗျာလ်။ ဒေပိုင် ပြည်ပမှာ ရခိုင်အချင်းချင်းစာကွက်ကိစ္စနန့် ရန်ဖြစ်နိန်လို့ပင် ပြည်တွင်းမှာ ဂုဏ်ပြုထိုက်သူတိကိုတောင် ဖဲသာမရကေ ဂုဏ်ပြုစရာလည်း မလို့ဗျာလ်ဆိုကေ သဘောထားတိတောင် ရောက်ပြီးကေ Statement တစ်စောင့်တောင် မထုပ်ဖြစ်ဂါတ်ပါဗျာလ်။ သို့အတွက်ကြောင်း လူမျိုးပျက်စီအောင် တိုက်ခိုက်နိန်သော ရခိုင်ပြည်တွင်းပြည်ပ ရခိုင်ပြည်သူလူထုတွက် ရခိုင်နိုင်ငံဖြစ်လာရန်ရွည်ရည်ချက်နန့် လူများသည်။ အဖက်ဖက်က ဖဲ့ပကူညီသင့်ပါသည်။ အားပီးစကားတစ်ခွန်းပင် ပြောသင့်သည်မဟုတ်ပါလော။ ဒေပိုင်ကိစ္စတိနန့်ပတ်သတ်လို့ ပြည်ပမှာ လုပ်နိန်ဂါတ်တေ ရခိုင်နိုင်ငံရေးသမားတိလည်း ရခိုင်ရေးအသိမ၇ှိသည်မှာ သေချာသလောက်ဖြစ်လာဗျာလ်။ မိမိရို့ဝမ်းစာအတွက်သာ ရခိုင်လူမျိုးလွတ်မြောက်ရေးနာမေကို ဖင်ထိုင်ရောင်းစားနိန်ဖြစ်ပါသည်။


စာရွီးသူ
မြတ်ခိုင်


မှတ်ချက်///အာသျှနီဝန်ဆရာတော်ဦးဥတ္တမအကြောင်းကို ရခိုင်စာအ၇ီးသားနှင့်ပြဿနာများ မောင်ဗသိန်းစာအုပ်မှာ ကိုးကားရွီးသားထားပါသည်။
.

...။...။...တင်ပြသူ...။လခြမ်းမြီ ...စာတင်ချိန်။...။..9.8.10...။...လခြမ်းပြီး...။... , . ။...အားပီးလာဂါတ်ရေ စာဖတ်ပရိတ်မှားမှ ဒေဘလော့ဂ်နန့်ပတ်သတ်ပြီး အကြံများပီးလိုပါက arakankotawchay@gmail.com မှ အမြဲတမ်း ကြိုဆိုနီပါသည်။ စာဖတ်ပရိတ်သတ်များအားလုံးကို ကျေးဇူးတင်လျှက် ...။

0 comments for "; ရခိုင်လူမျိုးနိုင်ငံရေးသမားတိ အရက်မုန်းပြီးကေ ရခိုင်ပြည်တွက် အသက်ပီးနိန်ရေလို့ ပြောတုန်းသိလားချင့်"

Post a Comment

ထင်မြင်ချက်ပီးလာသူများ

ပို့စ်တင်စချေတိ