“ ဗြိန်း…ဗြိန်း…စောင်…စောင်…ဗြိန်း…စောင်…စောင် “
ရခိုင်မင်္ဂလာစည်တော်ကို တီးခတ်ရ်ူထွက်ပေါ်လာသည့်အသံကရခိုင်တို့၏နှလုံးသားကိုလှုပ်ကိုင်နိုင်စွမ်းရှိပြီး ယင်းသို့စည်တော်သံတစ်လွင်လွင်ဖြင့် နှစ်စဉ်ကျင်းပလာခဲ့သည့် ရခိုင်ပြည်နယ်နေ့မှာလည်း၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်ဆိုလျှင် ၃၄ နှစ်မြောက်သို့ရောက်ရှိ တော့မည်ဖြစ်ပါသည်။
ရီးသားသူ- သားရွှေဦး (Weekly Eleven10-12.09).
“ရခိုင်ဆိုစော် အမျိုးသီလ ကိုစောင့်ထိန်း ယေလူမျိုး တိ ဖြစ်ယေဆိုစော်ကို တစ်ခြား တိုင်းရင်းသားမြန်မာလူမျိုးသူငယ်ချင်းတိ ပြောယေအခါတိုင်း အကျွန့်ယင်ထင်မှာပြောမပြတက်လောက်အောင် ဂုဏ်ယူမိပါယေ။ အပေါင်းအသင်းရို့ကော် ….ဇာလူမျိုးလေ အမီးခံက ယယေအခါတိုင်း “ ရခိုင်လူမျိုးပါ “ လို့
ပြောရယေအချိန်မှာ ရခိုင်ဖြစ်ရစော် ဇာလောက်ဂုဏ်ယူမိပါလေ ?????
သင်တန်းကဗမာသူငယ်ချင်းတိက ပြောယေစကားချေတစ်ခွန်းကိုရေးထည့်လိုက်ပါယေ …သူရို့သိယေရခိုင်အကြောင်းပါ…ကောင်းစော်အချက်တိကို စရေးပါမေ နန်…
(၁)ရခိုင်လူမျိုးတိစော် တစ်ခြားတိုင်းရင်းသာလူမျိုးတိနဲ့မတူစော်က ရခိုင် လူမျိုးအားလုံး၁၀၀%Buddha ဘာသာဝင်တိဖြစ်ကယေလူမျိုးမို့ …
(၂)ရခိုင်လူမျိုးတိစော် မိမိရို့ဘာသာစကားကိုပြည်နယ်မြို့တော်ဖြစ်ယေစစ်တွေကစလို့ပြည်နယ်တစ်ခုလုံး နီပါး ပြောကတ်ပါယေ(ဇာလို့ယေလိုပြောလေဆို ပြည်နယ်တော်တော်များများရဲ့မြို့တော်တိမှာ မိမိရို့ဘာသာစကားကို မပြောကလို့ပါ)…
(၃)ရခိုင်လူမျိုးတိစော် စကားပြောယေခါ ကကောင်းယဉ်ကျေးဗျာယ် နားထောင်ကောင်းပါယေတဲ့…
(၄)ပြောစရာ ရှိလာကေလေ ဟန်မဆောင် ပွင့်ပွင့်လင်းလင်း ဒိုးဒိုးဒေါက်ဒေါက်ပြောယေထဲမှာ ပါယေတဲ့…
(၅)ရှေးဓလေ့တိအယူအဆတိကိုခုထိတန်ဖိုးထားယေ၊လူကြီးမိဘစကားကိုနားထောင်ယေဆိုကပါကော်
(ဟုတ်ကပါလား) :PPPP
(၆)နောက်တစ်ခုကတော့ တစ်ခြားတိုင်းရင်းသားတိဆိုပါကေ oversea ကိုလားကစော် ကိုယ်လွတ်ရုံးကစော်မျှားပါယေတဲ့… ( ပြောချင်စော်က- ဒေနိုင်ငံမှာ မကြီးပွားလို့ ထွက်ပြီးအလုပ်လုပ်ယေ ၊ပညာရှာကယေထဲမှာတောင် မိမိတစ်ကိုယ်စာတွက်ဒေနိုင်ငံက လွတ်ကေပြီးရာဆိုတဲ့ သဘောပေါ့)
ရခိုင်တိကတော့ ယေလိုစိတ်မရှိကတဲ့ …ကိုယ်ပြည်နယ်တွက် အကျိုးရှိဖို့စော်တိကို ထောက်ပံ့ယေတဲ့…
ဒါသူများတိပြောယေစကားချေတိပါ ….
ဇာလူမျိုးမဆို ကောင်းရေစော်လေ ရှိပိုင် ဆိုးစော်ချေတိလေ ရှိကပါယေ…
ပြောပြ ရပါဖို့လား…ယေလိုပြောယေဆိုစော်နဲ့ AMP က အကိုတိ မောင်ချေတိ သူငယ်ချင်းချေတိ ၀ိုင်းပနာထောပနာပို့ဖို့ထင်ပါယေ…
(၁)ရခိုင်သားတိနာမည်ကြီးစော်ကတော့ အထူးပြောစရာမလိုထင်ပါယေ…
ဇာကြောင့်ဆို အရက်သောက်နိုင်လို့ပါတဲ့ (သူများတိပြောစော်ပါနန်…)
(၂)ရခိုက်ချင်းချင်းတွိ့လို့က လက်ပံပင်ဇရက်အုပ်ကျစော်ထက်ဆိုးပါးယေတဲ့…
အမျိုးစပ်ကစော်ကို …
သူငယ်ချင်းတိကရှေ့မှာမို့ထင်ပါယေ အဆိုးတိကို ကောင်းမပြောပါ ဒေလောက်ရာပြောပါယေ…”
ရခိုင်ပြည်နယ်နိ့ကနီ Topic က ဒေကိုရောက်လာယေ…ဇာပိုင်ဖြစ်ဖြစ် မကြာခင်ရောက်လာဖို့ ပြည်နယ်နိ့တွက် ရခိုင်ပြည်နယ်ရဲ့ မြို့တိမှာခုချိန်ဆိုပြင်ဆင်နီကဖို့ပါရာ…မရောက်စော်ကြာဗျာယ်ဖြစ်ယေကြောင့် စည်စည်ကားကားကျင်းပယေ ပြည်နေနိ့ကို လွမ်းမိပါယေ…ဒေနှစ်လေ ရခိုင်ပြည်နယ်နိ့အမှီ ပြန်ဖို့စိတ်ကူးစော် ဒီဇင်ဘာလထဲရာရောက်လာယေ ပြန်ဖို့အဆင်မပြေစော်နဲ့ ဒေနှစ်လေ လွဲပြန်ပါရာ…ဇာပိုင်ဖြစ်ဖြစ် ဒေနှစ်လေ အယင်နှစ်တိပိုင် ပွဲစီစဉ်ရေးအဖွဲ့က မှတ်တမ်းတင် ရိုက်ကူးထားေ၇ DVD ခွေထွက်လာမှရာ ကြည့်ရဖို့ရာပါ …
အဖရခိုင်ပြည်ကြီးနဲ့ဝီးနီယေ ဇာသူမဆို တစ်ထောင့်တစ်နီရာကနီ အားပြုနိုင်သောသူတိဖြစ်နိုင်ကပါစီ…
အကျွန့်တစ်ယောက်အပါအ၀င်ပါ…ဒေအချိန်ထိကိုယ့်မွီးရပ်မြေတွက်အကျိုးမပြုနိုင်တာလေသို့၊အကျိုးမယုတ်အောင်၊ကိုယ့်လူမျိုးကို ကိုယ့်ကြောင့်အထင်သေးလားယေ လုပ်ရပ်မျိုးတိမဖြစ်အောင်နီထိုင်စော်လေ ကျေးဇူးဆပ်ရာရောက်ယေလို့ ကိုယ်စော်ကိုယ်နှစ်သိမ့်ရပါယေ…(တစ်ခြားလူမပြော…ကိုယ်စော်ကိုယ်ပြောစော်ပါ)
တစ်နိ့နိ့ တစ်ချိန်ချိန်မှာ အဖရခိုင်ပြည်တွက် အုတ်တစ်ချပ် သေး(သဲ)တစ်ပွင့် ပါဝင်နိုင်အောင်ကြိုးစားပါဖို့လို့ဆနပြုပနာဒီဇင်ဘာ၁၅ရက်မှာကြရောက်ဖို့(၃၄)နှစ်မြောက်ရခိုင်ပြည်နယ်နိ့ကိုကြိုဆိုလိုက်ပါယေ…
သီးခံပနာ ဖတ်ကပါ Font မှာ တစ်ချို့စာလုံးတိက Zawgyi One မှာရှာလို့မရလို့ပါ။
http://welcome2owl.blogspot.com/2010/02/blog-post_3861.html .
30.4.10 |
Posted in
ကျွန်တော့်မှတ်စု,
ပင်မစာမျက်နှာ,
ရခိုင့်ယဉ်ကျေးမှုများ
|
Read More »
ရခိုင်အပျိုလူပျိုတို့ အရွယ်ရောက်လျှင် လူငယ်ချင်းချစ်ကြိုက်၍ လက်ထက်မင်္ဂလာဆောင်ခြင်းများ ရှိသကဲ့သို့ အများအားဖြင့် မိဘများက အိမ်ထောင်ဘက်ကို ရွေးချယ်ပြီးသည်များသည်။ ရခိုင်လူမျိုးသည် မိဘစကားကိုနာခံတတ်သူများဖြစ်သဖြင့် မိဘများ၏အစီအမံကိုလက်ခံတတ်လေ့ရှိသည်။ သားသမီးများအချိန်တန်အရွယ်ရောက်လာလျှင် အိမ်ထောင်ဖက်ကို အများအားဖြင့်မိဘများက ရွေးချယ်ပြီးသောအလေ့သည် ရခိုင်လူမျိုးတွင် ယခုခေတ်ချိန်ထိခေတ်စားလျှက်ရှိသည်။ ရှေးရိုးအစဉ်အဆက် ကျင့်သုံးလာခဲ့သော ရခိုင်လူမျိုးတို့၏ လက်ထပ်မင်္ဂလာပွဲဓလေ့သည် မြန်မာများနှင့်မတူ တမူထူးခြားသော ဓလေ့ထုံးစံများဖြစ်သည်။
.
ရခိုင်ရိုးရာမင်္ဂလာဆောင်မှာ မြန်မာရိုးရာမင်္ဂလာဆောင်နှင့်မတူ တမူထူးခြားသည်။ သမီးရှင် (သတို့သမီး) နှင့် သမက်ရှင် (သတို့သား) လက်ထက်ထိမ်းမြားသောမင်္ဂလာဆောင်ပွဲကို ရခိုင်စကားတွင် “သမက်တက်ပွဲ” ဟုခေါ်သည်။ ယောက္ခမအိမ်သို့ သမက်ကိုတင်ပို့ရသောကြောင့်လည်းကောင်း၊ လက်ထပ်ရန်လားရသောကြောင့်လည်းကောင်း “သမက်တက်” ဟုခေါ်ရခြင်းဖြစ်သည်။ သံတွဲ၊ ကျောက်ဖြူ၊ မာန်အောင်နှင့် အခြားသောဒေသများတွင် အနည်းငယ်ကွဲလွဲချက်ဟိသည်။
သမီးတောင်းခြင်း
ပထမယောက်ျားချေဘက်မှ မိန်းမပျိုကိုကြိုက်လျှင် အရပ်မှအမျိုးသမီးကြီးမှတဆင့်ပြောကြားပြီး ရက်တည့်မတည့် ဇာတာများယှဉ်ပြီး စီစစ်ရသည်။ ထို့နောက် ကောင်းသောရက်ကိုရွေးချယ်ပြီး စေ့စပ်ကြောင်းလမ်း ပြုလုပ်သည်။
စေ့စပ်ကြောင်းလမ်းခြင်းမင်္ဂလာ (အသွင်းနှင်းခြင်း၊ ပန်းဆင်ခြင်း)
စေ့စပ်ကြောင်းလမ်း မင်္ဂလာပွဲကို သမီးရှင်အိမ်တွင် ပြုလုပ်သည်။ ရှိဦးစွာ သမီးရှင်ထိုင်ရန်နေရာ၏ လက်ဝဲလက်ယာဘက်တွင် အမျိုးသမီးအိမ်ထောင်သည်နှစ်ဦး ထိုင်ရသည်။ ဆွေမျိုးများနှင့်ဖိတ်ကြားထားသောအဂန္ဓုများက ယင်းတို့၏ ရှေ့တွင် နေရာယူရသည်။ ထိုအချိန်တွင် သမီးသျှင်ထွက်မလာရသိမ့်။ သတ်မှတ်ထားသောမင်္ဂလာအချိန်ရောက်သောအခါ သမက်သျှင် (သတိုးသား) ဘက်မှ ဆွီမျိုးပရိတ်သတ်များလာရောက်သည်။ လာရောက်သောအခါ သမီးသျှင်ကိုဆင်မြန်းပီးရန် ပန်းများနှင့်စားစရာမုန့်အချိုများ၊ ကောက်ညှင်းပေါင်းများကို ငွေဖလားထဲတွင် ထုံးတမ်းစဉ်လာနှင့်အညီထည့်၍ ယူလာရသည်။ ငွေဖလားဦးရေမှာလည်း မဂဏန်းအရွီတွက်တိုင်း ကြိုက်သလိုအသုံးပြုနိုင်သည်။ သမီးသျှင်သည် အမျိုးသမီးအရံတဦးနှင့်အတူထွက်လာပြီး သတ်မှတ်ထားသောနီရာတွင် ထိုင်ရသည်။ ပန်းများ၊မုန့်များနှင့်အတူ သမက်သျှင်မိဘများထံမှ သမီးသျှင်အား စိစပ်ကြောင်းလမ်းခြင်း ရခိုင်အခါ် (ကတိသစ္စာပြုခြင်း) အထိမ်းအမှတ်အဖြစ် သားသျှင်ဘက်မှ အမိ (သို့မဟုတ်) အစ်မက မိမ္မချေကို ပန်းဆင်ပီးရသည်။
ထို့နောက်လက်ဝတ်ရတနာများကို ရွှေကျပ်ချိန်ဖြင့်ပီးပြီး အသွင်းပီးဆောင်ရပါသည်။ ထိုရတနာဆင်မြန်းခြင်း၊ သမီးသျှင်အား ပန်းပန်ပီးခြင်းပြုလုပ်သူကို သမီးသျှင်က အရိုအသေပြုကန်တော့ပြီးလျှင် စိစပ်မင်္ဂလာအောင်မြင်ပါတော့သည်။
မင်္ဂလာလက်ထပ်မည့်နိရက်ကို ယင်းအချိန်မှာပင် နှစ်ဦးနှစ်ဘက် ညှိနှိုင်းဆွေးနွေးသတ်မှတ်ရပါသည်။ ဆွီမျိုးပရိသတ်များကို မင်္ဂလာရက်ကြေငြာပီးရသည်။ ထို့နောက် ကြွရောက်လာသော နှစ်ဦးနှစ်ဘက်ဆွီမျိုးပရိသတ်များကို ဧည့်ခံကျွေးမွီးရသည်။ စိစပ်ပွဲပြီး၍ သမက်သျှင်ဘက်မှပြန်ကျသောအခါ သမက်သျှင်ဘက်မှယူလာသော ငွေဖလားထဲမှမုန့်အချိုများကို သမီးသျှင်ဘက်မှလက်ခံယူပြီးနောက် ယင်းဖလားထဲသို့ သမီးသျှင်ဘက်မှလည်း မုန့်များကို ပြန်ထည့်ပီးရသည်။
လက်ထပ်မင်္ဂလာပွဲ
လက်ထပ်မင်္ဂလာပွဲတွက် မင်္ဂလာပွဲတင်ကို တရက်ကြိုတင်ပြုလုပ်ရသည်။ မင်္ဂလာပွဲတင်သည် လက်ထပ်မင်္ဂလာပွဲအတွက် ရှိဦးစွာဆောင်ရွက်ရသော အလုပ်ဖြစ်သည်။ ယင်းပွဲကို သမီးသျှင်အိမ်၌သာပြုလုပ်ရသည်။ မင်္ဂလာပွဲနိရောက်သောအခါ ယင်းနိမိုးထက်အရုဏ်တွင် သမီးသျှင်သမက်သျှင်ရို့အား မိမိအိမ်များမှာပင် မြတ်စွာဘုရားအားဦးထိပ်ထား၍ ဘုန်းကြီးငါးပါးအား မင်္ဂလာဆွမ်းကပ်ပြီး မင်္ဂလာပရိတ်နာရသည်။ အဘိုးအဘောင်လူကြီးမိဘများကိုကန်တော့၊ မင်္ဂလာစကားတတ်ကျွမ်းသူများက နံ့သာရည်များဖြင့်ပတ်ဖြန်းခြင်းများပြုလုပ်ကာ မင်္ဂလာမြှောက်ရသည်။ ပရိတ်နာရာတွင် ပရိတ်ကြီးမှာ လက်ထက်မင်္ဂလာပွဲအတွက် အဓိကအရေးကြီးဆုံးဖြစ်သည်။ ရှိဦးစွာ မင်္ဂလာစားပွဲငယ်ကို ပျင်ဆင်ရသည်။
ယင်းစားပွဲတွင်ပါဝင်ရမည့်အချက်များမှာ-
မင်္ဂလာမြှောက်ခြင်း
မင်္ဂလာထမင်းပွဲပျင်ဆင်ခြင်း
သီးသန့်ပြုလုပ်ထားသော မင်္ဂလာစားပွဲကိုစားပွဲခင်း၍ အပေါ်တွင်စပါးဖြူးထားသည်။ ဖြန့်ကြဲထားသောစပါးပေါ်တွင် ဘဲဥပုံမင်္ဂလာကြွီလောင်ပန်းကြီးတွင် ကောက်ညှင်းနှင့်ထမင်းများထည့်၍ တင်ထားရသည်။ ယင်းထမင်းပေါ်တွင် ချက်ပြီးသားခြီလက်အမွှီးစုံသော ပုစွန်တုပ်ကြီးနှစ်ကောင်၊ အမွှီးစုံအကြီးခွံပါသော ငါးကန်သားနှစ်ကောင်၊ ဘဲဥနှစ်လုံး၊ မြောက်ဥ (ခေါ်) ကင်းစွန်းဥနှစ်ဥနှင့် အခွံနွှာပြီးသောနှပျိုးသီးနှစ်လုံးစီဖြင့် ပျင်ဆင်ထားရသည်။ ငါး၊ ပုစွန်၊ ဥ၊ သီးနှံစပါးပေါကြွယ်စီရန် အတိတ်နမိတ်ယူထားခြင်းဖြစ်သည်။ စပါးများထဲတွင် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများမြှပ်နှံထားရသည်။ ရွှေငွေပွားများအောင် ရည်ရွယ်ခြင်းဖြစ်သည်။
သမီးသျှင်ထိုင်သောနီရာလက်ယာဘက်တွင် ရီစင်အိုးဟုခေါ်သော ကြီးအိုးငယ်နှစ်လုံးတင်ထားရသည်။ ကြီးအိုးအပြင်ဘက်ပတ်လည်ကို မင်္ဂလာပရိတ်ခြည်ဖြင့် ပတ်ထားပီးရသည်။ ကြီးအိုး၌ရီထည့်ထားပြီး သပြီပန်း၊ အချိန်ခါကောင်းသတ်မှတ်သောစာရွက် (အခါစာ) ရို့ကို ထိုးထားရသည်။
ထမင်းလောင်ပွန်း၏လက်ဝဲဘက်တွင် လောင်ပွန်းငယ်များတင်ပြီး ယင်းလောင်ပွန်းငယ်အသီးသီးတွင် ကြက်တကောင်လုံးအူအသဲစုံစွာ ငရုတ်သီးမပါဘဲ ချက်ရသည်။ ပုစွန်တုပ်ကို အကောင်မပျက်ကျော်ရသည်။ ရွှေဖရုံသီးချက်ထည့်ရသည်။ ကျန်လောင်ပွန်းနှစ်ခုတွင် ကြက်နှင့်ပုစွန်ပဲ ထည့်ရသည်။ ကြက်နှစ်လောင်ပွန်း၊ ပုစွန်နှစ်လောင်ပွန်း၊ ရွှေဖရုံသီးနှစ်လောင်ပွန်းဖြစ်သည်။ မင်္ဂလာလက်ဆုံထမင်းပွဲတွင် ငကန်သား (အကြီးဟိသောငါး)၊ ကြက်သား၊ ဘဲဥ၊ ပုစွန်၊ မြောက်ဥ၊ ကင်းစွန်းဥ၊ ချိုင်ပေါင်ဟင်းများထည့်ထားသည့် ဟင်းဇားပန်းကန်ကတဖက် ထားဟိသည်။ ပုစွန်ဆိုလျှင် နှခွမ်းမွှီးမျှင်မပြတ်စီရ။ အကျိုးအပဲ့အနာအဆာများမပါစီရန် အထူးဂရုပြုရသည်။
ဤမင်္ဂလာစားပွဲကို မင်္ဂလာဆောင်မည့်နီရာတွင်ထားဟိပြီး မင်္ဂလာမြှောက်ခြင်းပြုလုပ်ရသည်။ အညွှန့်ဟိသောအမျိုးသမီးက သမက်သျှင်အိမ်မှ ဆန်နို့ဆီဗူးနှစ်ဗူး၊ လေးဗူး၊ ခြောက်ဘူးစသဖြင့် စုံဂဏန်းကို သမီးသျှင်အိမ်သို့လားပို့ကာ သမီးသျှင်အိမ်မှဆန်များနှင့်ရောပြီး အညွှန့်ဟိသောအမျိုးသမီးက မင်္ဂလာလက်ဆုံထမင်းပွဲအတွက် ချက်ရသည်။ အညွှန့်ဟိသောအမျိုးသမီးဆိုသည်မှာ လူပျိုအပျိုလက်ထပ်ပြီး မကွဲမကွာမောင်နှံစုံအတူတကွနီထိုင်၍ သားသမီးတယောက်တလီမှ ပျက်စီးခြင်းမဟိသော “အိမ်ထောင်သျှင်မ” ကိုဆိုလိုသည်။
အထက်ပါ မင်္ဂလာပွဲပျင်ဆင်ခြင်းအလုပ်ကို ဘုန်းကြီးမကြွမှီ ပျင်ဆင်ထားရသည်။ ဘုန်းကြီးကြွလာပြီး ပရိတ်နာသည့်အခါ မင်္ဂလာစားပွဲမှာ ဘုန်းကြီးများရှိတွင် တည်ဟိနီရမည်။ ယင်းမင်္ဂလာစားပွဲရှိတွင် သမီးသျှင်က အမျိုးသမီးနှစ်ဦး လက်ဝဲလက်ယာရံ၍ ထိုင်ရသည်။ ထိုအရံအမျိုးသမီးနှစ်ဦးမှာ သမီးသျှင်မွီးရက်နှင့် နိနံသင့်သူများဖြစ်သည်။ ရှိဦးစွာသီလခံယူပြီးလျှင် ပရိတ်ကြိုးဖြင့် စည်းဝိုင်းချသည်။
သမီးစောင့်ခြင်း
သမက်တက်သည့်နိ မိုးထက်ကိုးချက်တီးခန့်တွင် သမီးသျှင်နှင့်ရင်းနှီးသော မိတ်ဆွီကုလိမ္မေချေများ၊ ဆွီမျိုးများကို ထမင်းကျွေးရသည်။ သမီးသျှင်မှာ အလှပဆုံးဝတ်စားဆင်ယင်ကာ နိသင့်နံသင့်အပျိုရံနှစ်ယောက် လက်ဝဲလက်ယာရံလျှက် မင်္ဂလာဆောင်မည့်နီရာတွင်ထိုင်၍ ဧည့်ခံရသည်။
သမက်တက်ခြင်း
သမက်သျှင်ဘက်မှ သမီးသျှင်ဘက်သို့လားသောအခါ သမက်သျှင်အဖ၊ အဘိုး၊ ဆွီမျိုး သက်ကြိးဝါကြီးများက ရှိမှဦးဆောင်လာလတ်ပြီး အမိ၊ အဘောင်စသောသက်ကြီးဝါကြီးမိမ္မများက နောက်မှလိုက်ရသည်။ ထို့နောက် အုပ်ထမ်းသူအညွန့်မိမ္မများက တယောက်ချင်းတန်းစီ၍ လျှောက်ရသည်။ အုပ်ထမ်းသူများမှာ မိမ္မချောမိန်းမလှများဖြစ်သည်။ ရှိဆုံးမှအညွန့်ပန်းအုပ်ကို သမက်သျှင်၏အစ်မ (သို့မဟုတ်) ဆွီမျိုးရင်းချာထဲက ထမ်းရသည်။ နောက်အုပ်များတွင် မုန့်အမျိုးမျိုး၊ နှပျိုးသီးများထည့်ကာ ထမ်းလာရသည်။ အုပ်ထမ်းသူများအတွက်လက်ဆောင်အဖြစ် ပုဝါပိုင်းများကို အုပ်များတွင်ချိုင်နှောင်ထားဟိသည်။ အုပ်များကို သမက်သျှင်တတ်နိုင်သည့်အလျှောက် (၇) အုပ် (၉) အုပ်ထားဟိသည်။
အုပ်ထမ်းသူများ၏နောက်နားတွင် သမက်သျှင်အဖွဲ့ပါသည်။ သမက်သျှင်၏ဦးသျှောင်နှင့် ရီစင်အိုးကို ရှိကသယ်ယူလာရပြီး သမက်သျှင်မှာ ခေါင်းပေါင်း၊ ပန်းဖော်တောင်ရှည်ပုဆိုး၊ လိုင်ထောင်အင်္ကျီ၊ ရင်ဖုံးပြင်ခံအင်းကျီများကိုဝတ်ဆင်ကာ ဓားရှည်လွယ်သူ၊ ယပ်ရှည်ကိုင်သူများခြံရံလျှက် လိုက်ပါလာရသည်။ ၄င်းရို့၏နောက်တွင် သမက်သျှင်၏အပေါင်းအဖော်များမှာ တေတ္တာနှင့်အိပ်ရာလိပ်များကို သယ်ဆောင်လာလတ်ပြီး ဗုံ၊ လင်ခွင်း၊ ပုလီတီးမှုတ်သူများနှင့် တပျော်တပါးတီးမှုတ်လိုက်ပါလာရသည်။
သမီးသျှင်အိမ်ရောက်သည့်အခါ သမီးသျှင်မိဘဆွီမျိုးများကဆီးကြို၍ဧည့်ခံပြီး နီရာထိုင်ခင်းများပီးသည်။ ရှိဦးစွာအညွန့်အုပ်ထမ်းသူက အညွန့်အုပ်နှင့်အတူပန်းဆင်ပီးရန် သမီးသျှင်အနားနီရာယူရသည်။ ကျန်အုပ်များကို သမီးသျှင်အိမ်မှလက်ခံယူ၍ နီရာချထားသည်။ သမက်သျှင်ဘက်မှသယ်ဆောင်လာသော မင်္ဂလာရီစင်အိုးကိုလည်း မင်္ဂလာစားပွဲပေါ်တွင် သမီးသျှင်၏ရီစင်အိုးနှင့်အတူ ထားရသည်။ အညွန့်အုပ်ထမ်းလာသူ သမက်သျှင်၏အစ်မဆွီမျိုးများက သမီးသျှင်ကို ပန်းဆင်ပီးရသည်။ အညွန့်အုပ်တွင် ရာသီအလိုက်ပန်းများပါလာရသည်။
ဥပမာ-
နှင်းပန်း အီးချမ်းစီရန်
နှင်းဇီပန်း မွှီးကြိုင်လန်းဆန်းစီရန်
သဇင်ပန်း သန့်ယှင်းစင်ကြည်စီရန်
အချစ်တရာ (အချပ်တရာ) ပန်း အချစ်အနှစ်တရာတိုင်စီရန်
စံကားပန်း စံစားရစီရန်
ပန်းများပန်းကုံးများကို တစုံစီအညွန့်အုပ်တွင်ထည့်ယူလာရသည်။ ပန်းဆင်ပီးသူက ပန်းများကို တစုံစီ ငါးစုံဆင်မြန်းပီးရသည်။ ဆံထုံးထဲတွင်လည်း ပန်းကုံးများထိုး၍ ပန်းပန်ပီးရသည်။ ထို့နောက် သမီးသျှင်ကိုသျှောင်ဆောင်းပီးပြီး မျက်နှာကိုဖုံးအုပ်ထားရသည်။ သမီးသျှင်ကိုပန်းပန်ဆင်ပြီးနောက် သမက်သျှင်ကို အိမ်ထဲသို့ဝင်စီသည်။ အ၀င်တွင် သမီးသျှင်၏ညီမအပျိုများက ခြီဆီး၍ငွေတောင်းခံသည်။ လူပျိုရံများက ဈီးဆစ်ခြင်းဖြင့် အချေအတင်ပြောဆိုရသည်။ လူပျိုရံ၊အပျိုရံများ တစိတစောင်းပြောဆိုရသဖြင့် ပျော်စရာကောင်းသည်။ အိမ်ပေါ်သို့ရောက်သောအခါ သမက်သျှင်ကို ရီတခွက်တိုက်ရသည်။ ထို့နောက် သမက်သျှင်ကို သမီးသျှင်၏ညာဘက်တွင် နီရာယူစီပြီး သျှောင်ဆောင်းပီးရသည်။ ထိမ်းမြားပီးသူများက မင်္ဂလာစားပွဲပေါ်ဟိ မင်္ဂလာထမင်းပွဲကိုလည်းကောင်း၊ ရီစင်အိုးများကိုလည်းကောင်း (၇) ပတ်၊ (၉) ပတ်ပတ်ထားသော ပရိတ်ခြည်မျှင်ကွင်းများဖြင့် တမျိုးတစုံကျစီ ရစ်ပတ်ပီးရသည်။ ထို့နောက် မောင်နှံအစုံအပါအ၀င် မင်္ဂလာစားပွဲ၊ အိပ်ရာလိပ်၊ တေတ္တာများအားလုံးကို ပရိတ်ခြည်မျှင်များဖြင့်ရစ်ပတ်ပီးရသည်။ ထို့နောက် သမက်သျှင်၏ညာလက်နှင့် သမီးသျှင်၏ညာလက်ကိုပေါင်း၍ ခြည်မျှင်များဖြင့် ရစ်ပတ်ပီးရသည်။
လက်ထပ်ပီးသည့်အမျိုးသမီးကြီးများက မောင်နှံစုံကို အောင်သပြီခက်ဖြင့် ရီစင်အိုးနှစ်စုံပေါင်းစပ်ထားသော ရီစင်များဖြန်းကာ ဆုတောင်းမိတ္တာပို့ရသည်။ ဆက်လက်၍ သမတ်သျှင်နှင့်သမီးသျှင်လက်များကိုပေါင်းပြီး ရီစင်သွန်းလောင်းရသည်။ သမီးသျှင်လက်ကိုအောက်တွင်ထားပြီး သမက်သျှင်လက်ကိုအပေါ်မှာ ထားရသည်။ အချို့မှာ သမက်သျှင်လက်ကိုအောက်ကလှန်ပြီး သမီးသျှင်လက်ကို အထက်ကမှောက်သည်။ အဓိပ္ပါယ်မှာ သမက်သျှင်က သမီးသျှင်ကို ညာလက်ဖြင့်တောင်းဆိုခြင်းကို သမီးသျှင်က ညာလက်ဖြင့်လက်ခံခြင်းသဘော၊ သမက်သျှင်က သမီးသျှင်ကို တသက်လုံးစောင့်ယှောက် ထောက်ပံတာဝန်ယူလားမည်ဟူသော သဘောကိုဆောင်သည်။
မိဘကန်တော့ခြင်း
သမီးသျှင်ရှိတွင် သမက်သျှင်ဖခင်၊ သမက်သျှင်ရှိတွင် သမီးသျှင်ဖခင်ရို့က နီရာယူရသည်။ သမီးသျှင်သမက်သျှင်ရို့က ဖခင်နှစ်ဦးရုံလာသောတဘက်ဖြူထဲသို့ ထမင်းခုနှစ်ဆုပ်တပြိုင်တည်းထည့်ပီးခြင်း၊ မိခင်များအားလည်း ထမင်းခုနှစ်ဆုပ် တပြိုင်တည်းထည့်ပီးခြင်းသည် မိဘနှစ်ပါးကိုကန်တော့ခြင်းသဘောဖြစ်သည်။
လက်ဆုံစားခြင်း
မိဘများကိုကန်တော့ပြီးနောက် မောင်နှံစုံက မင်္ဂလာထမင်းကို ခုနှစ်ဆုပ်စီလက်ဆုံစားရသည်။ စားသောက်ပြီး ငွေဖလားတွင်အတူလက်ဆီးရသည်။
လက်ဖွဲ့ခြင်း
ထမင်းလက်ဆုံစားပြီးနောက် မိဘဆွီမျိုးမိတ်ဆွီများက သမီးသျှင်သမက်သျှင်ရှိ ငွေဖလားနှစ်ခုထဲသို့ လက်ဖွဲ့ငွေများထည့်ရသည်။ လက်ဖွဲ့လက်ခံပြီးသောဖလားကို သမက်သျှင်က သမီးသျှင်ကိုအပ်ရသည်။ သမီးသျှင်ကကန်တော့၍ လက်ခံယူရသည်။
သျှောင်ချသျှောင်တင်
သမက်သျှင်က မိမိသျှောင်ကိုချွတ်၍ စားပွဲပေါ်တင်ထားပြီးလျှင် သမီးသျှင်၏သျှောင်ကိုချွတ်ယူကာ မိမိ၏သျှောင်ကိုဆောင်းပီးရသည်။ သျှောင်တင်သျှောင်ချပြုလုပ်စဉ် သမီးသျှင်က သမက်သျှင်ကို ရှိခိုးရသည်။ သျှောင်တင်သျှောင်ခအဖြစ် သမက်သျှင်က သမီးသျှင်ကို ငွေလက်ဖွဲ့သဖြင့် သမီးသျှင်ကကန်တော့ပြီး လက်ခံရယူရသည်။ မင်္ဂလာအခမ်းအနားပွဲအပြီးတွင် ထွက်ခွာခွင့်ရရန် သမက်သျှင်က သမီးသျှင်ဘက်မှအပျိုရံလူပျိုရံများက ရွှေကြိုးတားထား၍ ကြိုးတားခပီးရသည်။ နောက်ဆုံးခန်းဝင်ခ ပီးဆောင်ရသည်။
အိမ်ပြန်လည်ခြင်း
သမက်တက်ပြီး (၇) ရက်နိတွင် သမီးသျှင်သမက်သျှင်များသည် သမက်သျှင်၏မိဘအိမ်သို့ မိုးထက်မှစ၍လည်ရသည်။ သမက်သျှင်၏မိဘ၊ အဘိုးအဘောင်များကို သမီးသျှင်၊ သမက်သျှင်ရို့က ကန်တော့ရသည်။ ညဇာစားပြီးမှပြန်ရသည်။ သို့ဖြင့် ကြင်စဦးဇနီးမောင်နှံနှစ်ဦးသည် အိုးအိမ်တည်ထောင်ကာ တလင်တမယားစနစ်ဖြင့် တသက်လုံးပေါင်းဖော်ရတော့သည်။
ရခိုင်လူမျိုးများသည် မင်္ဂလာပွဲကို ၀ါတွင်းနှင့်ပြာသိုလများတွင် ယှောင်ကြည်လေ့ဟိပြီး တပေါင်းတန်ခူးလများတွင် အများဆုံးကျင်းပပြုလုပ်သည်။ ပြာသိုလတွင် မင်္ဂလာဆောင်က အိမ်ထောင်စီးပွားရေးမဖြစ်ဘဲ မွဲပြာကျတတ်သည်ဟု အယူဟိသည်။ ရခိုင်ဓလေ့ထုံးတမ်းစဉ်လာအရ မင်္ဂလာပွဲနှင့်ပတ်သက်၍ လိုက်နာရမည့်စည်းကမ်းချက်များစွာဟိသည်။ ထိုချမှတ်ထားသောစည်းကမ်းချက်များကိုလိုက်နာပြီး လက်ထပ်မင်္ဂလာပွဲသည် ပကာသနမဖက် အရိုးခံသက်သက်ဖြင့် ရိုးရာမပျက်ချစ်မြတ်နိုးစရာဖြစ်သည်။ ရခိုင်လူမျိုးရို့၏ချစ်စရာကောင်းသောဓလေ့၊ တမူထူးခြားသော မင်္ဂလာအယူအဆများဖြစ်သည်။ --Mayor mt 06:09, 1 ဇွန် 2009
ကိုးကား
* သားချင်းများအကြောင်းတစေ့တစောင်း (မောင်အောင်မွန်)
* ပြည်ထောင်စုသားများ၏ရိုးရာလက်ထပ်မင်္ဂလာပွဲဓလေ့များ(တက္ကသိုလ်သျှင်သီရိ)
* မြတ်ပန်းသဇင် ရခိုင်အမျိုးသမီးအသင်း (ရန်ကုန်)၂၀၀၇ ထုတ်...http://historyofarakan.blogspot.com/2010/01/blog-post_236.html.
30.4.10 |
Posted in
ကျွန်တော့်မှတ်စု,
ပင်မစာမျက်နှာ,
ရခိုင့်ယဉ်ကျေးမှုများ
|
Read More »
အိုသာစွ ရခိုင်
ကမ်းမြိုင်မြိုင်မှာ စိမ်းညိုမှိုင်းမှိုင်း
ပင်လေပြာပြာ ရေဖွာဖွာဘေး
မာရယုတည် ရခိုင်မြေဟု
ထင်ကျော်စော်သည့် သာဂီသားဆက်
အနွယ်မြတ်မို့ ခေတ်ဆက်လေးဆက်
အစဉ်ဆက်ကာ သမိုင်းမျက်နှာ
ဂုဏ်ဖြာ ပြသာဒ် ရွှေထီးအဆက် စိုးခဲ့သည်။
. အိုသာစွ ရခိုင်
ဤမြေလူမျိုး တစ်နွယ်တစ်နန်း
ဂုဏ်ရောင်ဝင့်ထိန် ဝေသာလီဟု
စန္ဒြားမင်းဆက် အစွမ်းပြသည့်
ကျောက်ဆက်လက်ရာ
တုနိုင်၏လော တု၏လောဟု
သက်သေကျန်ဆဲ အံ့မခန်းနိုင်
ကျောက်လှေကားမြို့ သမိုင်းခန်းဝယ်
ကျော်ဇော်သာသနာ အစတည်ပြု
မဟာမုနီ ဘုရားသက်သေ တည်လေသည်..
အိုသာစွရခိုင်
နန်းသက်အကြွင်း သက္ကရာဇ်ဖြို ၍
ဘုရင်အသက် နန်းဆက်မြဲအောင်
စတေးတည်သည့် မြောက်ဦးခန်းဝယ်
ဘုံမိနက်သံ မျောက်က ကြိုးခွေ ဒေါင်းအိုးဝေ ဟု
နတ်ရွှေးသည့်မြို့ ဘုန်းတင့်ဂုဏ်ရောင်
သာသနာသမိုင်း ဆင့်ရောင်လွမ်းသည့်
သဇင်ပန်းခိုင်း တစ်မြိုင်မြိုင်ဟု
ရခိုင်ဘုရား အစွဲပြုသည့် အိုဓည၀တီ …
အိုသာစွရခို်င်
ဘိုးတော်မင်းဆက် ဖြို့ပျက်လေက
မမြဲသဘော ရင်ဝယ်ပိုင်၍
ကွယ်ပျော်လေသည် အတိတ်ဆီ
ရွှေထီးရွှေနန်း သမိုင်းကျန်သည့်
ငါတို့ဂုဏ်ရောင့် လွင့်ပြယ်သည်။
အိုသာစွရခိုင်
နောင်လာသားတို့ အသိယူလေ ထိုထိုပြည်တို့
ကမ္ဘာအ၀န်း အာဏာထလည်း ပျက်သုန်းလေသည်
ရောမအင်ပါဟာ ပီရမစ်များ
ဆူမေးရီးယန် ဘုရားကျောင်းများ ၊ကော်ဒီယန်(ဘေဘီလုံနတ်ဘုံလား )
မွန်းဂိုးနှင့် တာတာ ၊တရုတ်၊အိန္ဒယ တို့၏
သိမ်မွေ့နက်နဲ့သော အတတ်ပညာများ
ဗြိန်တိန်နေမ၀င်အင်းပါယာ
ရှရှားပြည်ထောင်စု ငါစွဲပြုသည့်
ထိုအားလုံးလည်း မမြဲသဘော အပျက်ကြွင်းသည်…
အိုသာစွ ရခိုင်
နောင်ဝယ်သားတို့ တချိန်ထီးရိပ်
သင်တမ်းတလည်း လေးဝတီတို့ မမြဲခြင်း၌
သမိုင်းအမည်ဖြစ်ခဲ့ပြီး…
အိုသာစွရခိုင်
နောင်ဝယ်သားတို့ ငါးဝတီဆင့် အပေါ်ထွန်းဖို့
အသစ်မာရယု ဘယ်သူပြုမည်လော
အတိတ် လက်နက် ဒုတ်ဓါးစွမ်းဖြင့် နိုင်ငံပြုလည်း
ငါးလေးဝတီကား ခြားခဲ့ပြီ
Globalization ကို ထွန်းလှန်အောင်မှ
ဝတီငါးခု ပေါ်လိမ့်မယ်…
ကြိုက်နှစ်သက်လို့ ယူထားပါရေ ...http://queenmayar.blogspot.com/2008/10/blog-post.html.
30.4.10 |
Posted in
ကဗျာ,
ပင်မစာမျက်နှာ,
ရင်တွင်းဖြစ်
|
Read More »
အခန်း(၁)
ကျင်အဓိပ္ပါယ်
“ကျင်” ဝေါဟာရနှင့်ပတ်သက်၍ အမျိုးမျိုးရွီးဖွဲ့ကတ်သည်ကို တွိရပါသည်။ ဦးရာဇ်တောင်ဘုရားသမိုင်း လင်္ကာ၌ “လောကီဘက်က၊ ဆောင်ရွက်တခန်း၊ ကျင်လက်ပန်းနှင့်၊ မြီဝန်းရုပ်သီး၊ ရှုမငြီးအောင်” ဟူ၍ူ ရွီးဖွဲ့ထားသည်။
ဆယ့်နှစ်လရာသီလင်္ကာတပိုဒ်တွင် “မယ်လျှင်စစ်မှာ၊ စိတ်ကြီးပျက်လို့၊ ကျင်ကိုင်လက်ပန်း၊ အခန်းခန်းကို၊ အိမ်သူအကျွန်၊ မြင်ရပြန်ကေ၊ လွမ်းတော်တာရှည်၊ ပန်းမဉ္စူကို၊ နီပူထိုးကေ၊ ညှိုးလတ်တေလည်း” ဟူ၍ူ ဖွဲ့ဆိုထားပြန်သည်။
လမုချောင်းဆရာကျော်မဲရွီးဖွဲ့သော မဟာဝိဟိံကရာဇဝင်လင်္ကာ (အပိုဒ်-၁၁၃) ၌ “ကခြေများဖြင့်၊ တီးကာရစ်မြည်၊ စည်ငါးမည်တည်း၊ သံရှည်ဟစ်ကြွေး၊ စုရုံးဝေးလျှက်၊ လက်ပွဲကျယင်၊ လုံးထွီးကျင်၍” ဟူ၍လည်းကောင်း
မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်ပါမောက္ခချုပ် ဆရာကြီးဦးကျော်ရင်သည် ရန်ကုန်တက္ကသိုလ်နှစ်ပတ်လည်မဂ္ဂဇင်း (၁၉၅၈-၅၉)၊ လုပ်သားပြည်သူ့နိစဉ်သတင်းစာ (၂၄-၈-၆၄) တွင် ကျင်နှင့်ပတ်သက် ဆောင်းပါးများကိုရွီးသားခရာ-
“ကျင်ဟူသည်မှာ ကျားနှင့်ယင် ဝေါဟာရနှစ်လုံးပေါင်းစပ်ဖြစ်ပေါ်လာရကြောင်း၊ “ကျားယင်၊ ယင်-ကျား” ကစပ်နည်းကိုအခြီခံ၍ ကျင်ဖြစ်ပေါ်လာရကြောင်းဆိုထားသည်။ “ကျားယင်” ကစပ်နည်း၊ ကျားကယင်ကို အုပ်ဖမ်းလိုက်၊ ယင်က ယှောင်ပြီးလိုက်နှင့် ယင်အကောင်နှစ်ဆယ်ကို ကျားနှစ်ကောင်က အနိုင်လိုက်ဖမ်းရန်အကွက် ရွှိကစပ်နည်းကိုအခြီမှီပြီး ကျင်သန်နှစ်ဦး ဖမ်းလိုက်၊ ခံလိုက်၊ ပစ်ချလိုက်နှင့် မြီသို့ကျအောင် ကစပ်ရသော နည်းအတတ်ပညာ” ဟူ၍ ယှင်းပြထားသည်။.
တိုင်းရင်းသားယဉ်ကျေးမှုဓလေ့ထုံးစံများ (ရခိုင်) (၁၉၇၆) စာအုပ်၌ကား “ကျင်ဟူသည်မှာ ကျားလျှင်မှ ပြောင်းလဲလာခြင်းဖြစ်ကြောင်း၊ ကျားသည် သားကောင်ကိုဖမ်းသည့်အခါ လျှင်မြန်သည့်အဟုန်ဖြင့် ဖမ်းအောင်းရသကဲ့သို့ ဖြတ်လတ်လျှင်မြန်ရသည့်အတွက် “ကျားလျှင်” ဟုခေါ်ရာမှ ကျင်ဖြစ်လာသည်” ဟုဆိုထားသည်။
သဇင်နွယ် (မန္တလေးတက်ကသိုလ်) ၏ လက်နှိပ်စက်မူ ကျင်စာတမ်းငယ်၌ “ကျားကဲ့သို့ ခွန်အားဗလနှင့် ပညာကိုအသုံးချကိုင်ရသည့် အားကစပ်နည်းဖြစ်သည့် “ကျားအင်” လို့ခေါ်ရာမှ “ကျင်” ဖြစ်လာကြောင်းဆိုထားပြန်သည်။
ရမ္မာဝတီပညာစာရနှင့် လှအောင်ရွှေရို့ရွီးသားသည့် “ရမ္မာဝတီတေးကဗျာများစာအုပ်” (၁၉၉၀) တွင်းလည်း ရမ်းဗြဲဒေသိယသဘာဝတေးကဗျာတချို့ကို တွိရပြီး ထိုကဗျာများထဲတွင် ကျင်ဝေါဟာရနှင့်ပတ်သက်၍ “ကျအယင်၊ ကျီးယင်၊ ကျယင်၊ ကျအားယင်” စသည်ဖြင့် အမျိုးမျိုးအသံထွက်ကာ ဖွဲ့ဆိုရွီးသားထားသည်ကို တွိရသည်။ ကဗျာတပိုဒ်ကိုထောက်ပြရလျှင် -
“ရွာဘုံကေရာ သောင်းလဲ၊ များဘုံဆင်ကေ၊ ရွာတွင်လူများ၊ ကျအင်တိုက်တေ ထိုပွဲလယ်မှာ၊
မျှောကာကြည့်ကေ၊ ဝမ်းနည်းနည်းနှင့်” ဟူ၍ ဒေသိယလီသံဖြင့် ဖွဲ့ဆိုထားသည်ကို တွိရပါသည်။ မြောက်ဦးခေတ်တွင် ဓမ္မရာ (ထမရာ၊ အမရာ) မင်းသား ကျင်အတတ်ပညာသင်ယူပုံနှင့် ပတ်သက်၍ “ထမရာဖွဲ့” ၌ -
“ကျောက်တလင်းတွင်၊ ပျော်ပွဲရွှင်သောင်းသဲ၊ ကတူပွဲနှင့်၊ ပျော်ပွဲသဘင်၊ ကျင်ခြင်းသင်၍၊ ကာကောင်းခြင်းနှင့်၊ သိုင်းခြင်းသုံးဆယ်၊ သင်လတ်တေလေး။ ဒိုင်းခြင်းသုံးဆယ် သင်လတ်တေလေး။ စစ်ဆုတ်စစ်တက်၊ သင်လတ်တေလေး” ဟူ၍ တွိရသည်။
မဇ္ဈိမဒေသအရေးတော်ပုံကျမ်းနိဒါန်းရှည် (စာ-ငဲ) တွင်လည်း -
“ရခိုင်သားရို့သည် ဗဒုံမင်း၏ခိုင်းစေခြင်းအမျိုးမျိုးကို လုပ်ဆောင်ကတ်ရသည်။ ၎င်းရို့မှာ အမရပူရနီပြည်တော်တွင်ကျင်းပသော ပွဲလမ်းသဘင်များတွင် အတီးအမှုတ်၊ အကအခုန်၊ ကျယင်စသော ဖြေဖျော်မှုများ လားရောက်ဆောင်ရွက်ရ၏။” ရခိုင်ရာဇဝင်သစ်ကျမ်း (ဒုတွဲ)(စာ ၂၉၆) (ရခိုင်သားကြီးစာပီထုတ်) တွင်လည်း -
“ဒါးပိုင်ကြီးကျော်ပုံလည်း လေးတောင်စားလျှောက်ထားသည်ကိုသိလီလျှင် လျှောက်ထားရာသလောဟု အချက်ဝင်၍ လက်ဝှေ့ကျေးယင်ပွဲဆင်၍ သဘင်ပြုကြရာတွင် အကျူးအလွန်ပြုသည်ဟု လေးတောင်စားခေါ်မဲလွယ်ရို့ ညီအစ်ကိုသုံးယောက်ကို ဖမ်းယူလျှက် ဒါးပိုင်ကြီးကျော်ပုံသည် သတ်လီ၏။” ဟူ၍လည်းတွိရသည်။
ကျင်နှင့်ပတ်သက်၍ စကားပုံ၊ ဥပမာတချို့လည်းဟိသည်။ “အဘကျင်သန်၊ သားအင်တန်” “ကျင်သန်အို ကြက်နှင်မရ” “ကစပ်ကြီးကေ ကျင်ဖြစ်တေ” စသည်ဖြင့်ဖြစ်သည်။
မြန်မာ့အဘိဓာန်ကျမ်း (ပတွဲ) (၁၉၉၁) ၌ ကား -
ကျင် (ကြိ) ။ မြီကြီးနှင့်ရောနီသော ရွှေမှုန့်၊ ငွေမှုန့်များကို ကျင်ခွက်တွင်ထည့်ကာ ရီတွင်သဲ့ယူသည်။
ကျင် (ကြိ) ။ တတ်မြောက်လိမ်မာသည်။ “လူ့ပြည်နတ်ပြည်၊ ဘုံသုံးထပ်တွင်၊ နိုင်အံ့မထင်၊ ပညာကျင်သည်၊ ထွတ်တင်မော်ကွန်းထား၏တည်း”
ကျင်ကိုင် (ကြိ)(ရခိုင်) ။ တဦးနှင့်တဦး၊ အနိုင်အယှုံးလုံးသတ်သည်။ တောင်ကျော်ကိုင်သည်၊ နပန်းလုံးသည် - ဟူ၍ဖြစ်သည်။
သို့ဖြစ်၍ ကျင်ဝေါဟာရအဓိပ္ပါယ်ကို နိဂုံးကောက်ချက်ချပါက ကျင်ဆိုသည်မှာ ကျင်ပင်ဖြစ်သည်ဟု၍ ဆိုရပေမည်။ ကျွမ်းကျင်သည်။ ကျင်လည်သည်။ ကျင်ပစ်ချသည်ဆိုသည့် အဓိပ္ပါယ်ပင်မဟုတ်ပါလား။
အခန်း (၂)
ကျင်သမိုင်းကြောင်း
ကျင်သမိုင်းကြောင်းနှင့်ပတ်သက်၍ တောင်ကျောင်းဆရာတော်၏ ရခိုင်ရာဇဝင်သစ်ကျမ်းအပါအဝင် ရခိုင်ရာဇဝင်ကျမ်းတချို့၏အလိုအရ လက်ပန်းသည်ရို့ လက်ပန်းသတ်ကြသည်ကို ၀ါသုဒေဝ၊ ဗလဒေဝခေတ် (ဘီစီ ၆၀၀ ကျော်လောက်က) ရှိဦးစွာ ဒွါရာတီခေတ်ကပင်ဟိကြောင်း ဖော်ပြထားသည်။ ဝါသုဒေဝ၊ ဗလဒေဝရို့ မင်းညီနောင်တကျိပ်သည် ဦးရီးတော်ကံသမင်းကြီး ထောင်ချောက်ဆင်ကျင်းပသည့် လက်ပန်းသတ်ပွဲ၌ စာရုယလက်ပန်းသည် မုဠိအလက်ပန်းသည်ရို့နှင့် လုံးသတ်အနိုင်ရပြီးနောက် ပြည်သိမ်းပုံများကို ရွီးဖွဲ့ထားသည်။ ဦးရာဇ်တောင်ဘုရားသမိုင်းလင်္ကာ “ကျင်လက်ပန်းနှင့်၊ မြီဝန်းရုပ်သီး ရှုမငြီးအောင်” ဟူ၍ရွီးဖွဲ့ထားသည့်အတွက် ကျင်ကိုလက်ပန်းလုံးပွဲဟုလည်းခေါ်သည်။
ပါမောက္ခချုပ်ဦးကျော်ရင်၏ “ရခိုင်ရိုးရာအတတ် ကိုယ်ပိုင်ပညာကျင်ပွဲ” (ရခိုင်တန်ဆောင် ၁၉၅၈) ဆောင်ပါးတွင် -
“ရှိရခိုင်မင်းဆက်များလက်ထက်တွင် ဘီလူးကို အသီသတ်ခသော ကျင်သမားဟုဟိသည်။ ထိုနည်းတူ မွန်မင်းများလက်ထက်တွင်လည်း အသားမင်းသားမှာ ခုနစ်တောင်မြင့်သော ကုလားလန်ဘားနှင့် နပန်းလုံးသတ်ခသည်။ မြန်မာရာဇဝင်တွင်လည်း ရန်မန်ထွေးသည် မိကျောင်း၊ ကျား၊ ဆင်ရို့နှင့်နပန်းလုံးကာ သတ်ပုတ်အောင်မြင်၍ အနန္ဒသူရိယဘွဲ့ကိုပင် ရဟိခသည်။ အသားမင်းသား ကုလားလန်ဘားနှင့် နပန်းသတ်သည်မှာ ရာဇဝင်အရ နှစ်ပေါင်းထောင်ကျော်ဟိလတ်ပြီ။ ကမ္ဘာပေါ်တွင်လည်း နပန်းလုံးအတတ်ပေါ်ပေါက် ခေတ်စားသည်မှာ နှစ်ပေါင်းထောင့်ငါးရာကျော်လတ်ပြီ။ ဤအကြောင်းနှစ်ရပ်ကိုထောက်၍် ရခိုင်ပြည်တွင်လည်း ကျင်အတတ်ပေါ်ပေါက်ခသည်မှာ နှစ်ပေါင်းတထောင်ထက်မလျော့နိုင်ဟု တွေးမိသည်။” ဟူ၍ သုံးသပ်ပြထားသည်။
ဝေသာလီခေတ် စူဠစန္ဒြားမင်းလက်ထက်၌ အမတ်ကြီးဓမ္မဇေယျသည် “ဗျည်း-၃၃ လုံးလှီလှော်သံ” ကိုစပ်ဆိုခသည်။ ယင်းလှီလှော်သံကို ကျင်သန်ကြီးများက ပြိုင်တူရွတ်ဆို၍ စည်ကြီးဗြိန်းစောင်းတီးကာ ပြိုင်လောင်းကြီးများကိုလှော်၍ ရခိုင်ရီတပ်မကြီးဖြင့် စစ်ချီထွက်ကြောင်းဆိုထားသည်။ ရခိုင်ပြည်နယ်ဖြစ်စဉ်သမိုင်း (ပဉ္စမတွဲ) (ယဉ်ကျေးမှုကဏ္ဍ) စာ-၁၈၈ ၌ -
“ရှိခေတ်ရီတပ်မတော်များတွင် စစ်ချီထွက်သောခါ သန်မာထွားကျိုင်းသူကျင်သန်ကြီးများက လှီကိုလှော်ခတ်ရသည်။” ဟူ၍ ရွီးထားသည်။ ၎င်းလှီလှော်သံကိုအကြောင်းပြုလျှက် ပြိုင်လောင်းသံကျပ်များ စပ်ဆိုခသည်။
“ကိုးစိတ်ကိုးလံ၊ ကိုးပင်းကန်၊ ကျင်သန်တိရာတက်ပျာစီးလို့၊ မဟာလောင်းကြီးထွက်လို့လာ” (ရခိုင်ညွန်ဖူး၊ ၁၉၆၈--စာ-၈၃) “ကိုးဆယ့်ကိုးလံ၊ ကိုးပင်းကန်၊ ကျင်သန်တပြီး၊ စည်တတီး” စသည်ဖြင့်ဖြစ်သည်။ မြောက်ဦးခေတ် “ထမရာဖွဲ့” ၌လည်း ကျင်ခြင်း၊ ကာခြင်း၊ သိုင်းခြင်း၊ ဒိုင်းခြင်းအတတ်ပညာများ သင်ယူပုံကိုဖွဲ့ဆိုထားဟိပြီးဖြစ်သည်။ အမရပူရနေပြည်တော်၌ ကျင်ဖြေဖျော်မှုပြုလုပ်ပုံကိုလည်း “မဇ္ဈိမဒေသအရေးတော်ပုံကျမ်း” ၌ တွိရသည်။ ရုပ်ဝတ္ထုသက်သီအဖြစ် သျှစ်သောင်းဘုရားလှိုဏ်ဂူပတ်တွင်း၌ ကျင်းအားကစပ်နည်းဆိုင်ရာ ရုပ်လုံးရုပ်ကြွများ ထွင်းထုထားသည်ကို ကနိထိ တွိမြင်နိုင်သည်။
ဤအကြောင်းအချက်များကိုဆက်စပ်၍ ကျင်အားကစပ်နည်းအတတ်ပညာသည် ရှိခေတ်အဆက်ဆက် ရခိုင်မင်းများလက်ထက်ကပင် ဆင်းသက်လာသည့် နည်းပညာရပ်ဖြစ်သည်ကို တိတိကျကျပြောနိုင်သည်။ ရှိရခိုင်မင်းများလက်ထက်ကပင် ရခိုင်ရိုးရာကျင်ပွဲများကို မင်းညီလာခံနန်းတွင်းသဘင်များ၌ ကျင်းပလာမြဲဖြစ်သည်။
တိုင်းပြည်အဝှမ်း မြို့ပြကျွန်းရွာဒေသများ၌ စည်စည်ကားကား ထူးထူးခြားခြားကျင်းပသည်။ ကျင်ပွဲ၊ ပြိုင်လောင်းပွဲများသည် ရခိုင်ရို့၏တိုက်ရေး၊ ခိုက်ရေး၊ စစ်ရေးအတွက်လည်းကောင်း၊ စည်းလုံးညီညွတ်မှု၊ အားမာန်တက်ကြွမှု၊ ယုံကြည်မှု၊ ကျန်းမာကြံ့ခိုင်မှုများအတွက်လည်းကောင်း၊ နန်းတွင်းနန်းပြင်၊ မြို့ပြကျွန်းရွာမကျန် စည်ကားမြိုင်ဆိုင်စွာကျင်းပသည့် ပညာတရပ်ဖြစ်သည်။ ကျွန်းပွဲ၊ ရွာပွဲ၊ ဘုရားပွဲ၊ ထီးတင်ပွဲ၊ ဈာပနပွဲ၊ မယ်တော်ပျံပွဲ၊ သင်္ကြန်ပွဲ၊ ပြိုင်လောင်းပွဲ၊ ရထားပွဲစသည့် ပွဲတော်တိုင်း၌ ကျင်ပွဲမပါလျှင်မပြီးဆိုလောက်သည်။
ရခိုင်ရိုးရာအက “ကျင်ယိမ်း” ၌ -
“ကျယင် ကျင်၊ ဖမ်းလူခံလူ၊ တူတူလုံး၊ ဒုန်းဒုန်းလည်းချ၊ အကျလည်း ယင်၊ ကျယင် ကျင်၊ ရခိုင်သားရို့ကြိုက်တေ ရခိုင်ကျင်၊ ခေါ်တွင်လာကတ်၊ အားကစပ်၊ ပွဲတိုင်းမလွတ် သူပါဝင်” ဟူ၍ စပ်ဆိုထားသည်။
ကျင်ခေတ်ဦးက တပွဲလုံး၌ နောက်ဆုံးအနိုင်ရဗိုလ်စွဲသူကို ဘုရင်၊ မိဖုရားရို့ကိုယ်တိုင် “ပန်းစည်းဆု” ချီးမြှင့်ကြောင်းသိရသည်။ ထိုသို့ ဆုချီးမြှင့်ပုံစနစ်သည် ရှိဂရိပြည် အိုလံပစ်ပွဲ၌ “လောရယ်” (ခေါ်) သစ်ခွပန်းစည်းဆု ချီးမြှင့်ပုံနှင့်တူကြောင်း သဇင်နွယ်၏စာတမ်းငယ်၌ ရွီးသားထားသည်။ ယခုထိကျင်သန်များအား “ပန်းဆု”ဟူ၍ူ ချီးမြှင့်သည်ကို တချို့နီရာများ၌ တွိရသိမ့်သည်။
ရှိက ကျင်ပွဲကိ ရွှေမောင်းတန်း၊ ငွေမောင်းတန်းဟူ၍ ခွဲခြားကျင်းပသည်။ ပထမတန်း၌ နောက်ဆုံးအနိုင်ရဗိုလ်စွဲသူကို ရွှေမောင်ဆု၊ ဒုတိယတန်း၌ နောက်ဆုံးအနိုင်ရဗိုလ်စွဲသူကို ငွေမောင်းဆုများချီးမြှင့်သည်။ ရွှေမောင်း၊ ငွေမောင်းများမှာ တစ်ကျပ်၊ တစ်ကျပ်ခွဲထိ အလီးဟိပြီး တံဆိပ်ခပ်နှိပ်ကာ ပိုးကြိုး၊ သိုးမွှီးကြိုးကျစ်၍ လိုင်ဖင်း၌စွပ်၍ ချီးမြှင့်သည်။ အင်္ဂလိပ်စာလက်ထက်က အင်္ဂလိပ် “မယ်လ်ဒေးလ်” တံဆိပ်မျိုးခပ်နှိပ်ကာ ရွှေတံဆိပ်၊ ငွေတံဆိပ်များကို ချီးမြှင့်ခကတ်သည်ဟုဆိုသည်။ ကနိခေတ်ထိ ရွှေမောင်း၊ ငွေမောင်းဆုများကို ရှိမူမပျက်ချီးမြှင့်ကျင်းပမြဲဖြစ်သည်။ ကျင်တခေတ်ဆန်းသစ်လာသော ကနိကာလ၌ ကားကျင်ပွဲများကို ခေတ်နှင့်အညီ ဆန်းသစ်တီထွင်ကာ ရွှေမောင်းဆုများကျည်း ချီးမြှင့်ကျင်းပလာလတ်သည်။
ရခိုင်တော်ဝင်ဂန္ဓဝင်မြောက် ရခိုင့်ကျင်ကို မပျောက်မပျက်၊ တိုးတက်ဖွံ့ဖြိုးအောင်လုပ်ဆောင်ရန်မှာ မျက်မှောက်ခေတ် ရခိုင်သားတိုင်း၏တာဝန်ဖြစ်သည်။
အခန်း(၃)
ကျင်ပညာ၏နက်နဲပုံ၊ စနစ်ကျပုံနှင့် အကျိုးသက်ရောက်ပုံ
(က) နက်နဲပုံ၊ စနစ်ကျပုံ
(၁) ကျင်ပညာသည် ပြင်းပြင်းထန်ထန် ထိုးကြိတ်၊ သတ်ပုတ်၊ ကန်ကျောက်ပြီး ပြိုင်ဖက်အား အနာတရဖြစ်အောင် ဒေါမာန်ဖြင့်ကြံဆတိုက်ခိုက်သည့် နည်းပညာမဟုတ်။ (ဦးက္ခောင်း၊ ဒူး၊ တန်းတောင်၊ ခြီဖနာင့်၊ ခြီစောင်း၊ ခြီဖဝါး၊ လက်စောင်း၊ လက်ဝါး၊ လက်ညှိုး၊ လက်သီးစသည်များကိုသုံးပြီး (ထိုး၊ ရိုက်၊ ကျောက်၊ ကန်) သတ်ပုတ်ခြင်းမျိုး လုံးဝမပါဝင်ချေ။
(၂) ကျင်ပညာ အဖမ်းသားအနီဖြင့် လက်နှင့်ခြီကို အသုံးချသည့်အခါ (ထိုး၊ ရိုက်၊ ကျောက်၊ ကန်၊ သတ်ပုတ်) တိုက်ခိုက်ရန်အတွက်မဟုတ်ပဲ (ဆွဲ၊ ဖမ်း၊ ငင်၊ ဖက်၊ တိုး၊ ကန်၊ ပေါက်၊ ချိတ်၊ ကော်၊ ပင့်၊ လိမ်၊ ကျစ်) ရန်အတွက်သာလျှင် အသုံးချရသည်။
(၃) အခံကျင်သန်သည်လည်း အဖမ်းကျင်သန်က (ဆွဲ၊ ငင်၊ ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်) လာသည့်အခါ စည်းကမ်းနည်းလမ်းတကျ (ယှောင်၊ ထွက်၊ ချွတ်၊ ထုတ်၊ ခါ၊ ပစ်၊ ပြန်ပစ်) ရန်အတွက်သာ မိမိ၏လက်နှင့်ခြီကို အသုံးချရသည်။ နာကြင်ကျိုးပဲ့အောင် ကြံစည်တုံ့ပြန်ခွင့်လုံးဝမဟိ။
(၄) အဖမ်းသားအခွင့်အရေးအနီဖြင့် အခံသားလက်ကိုဆွဲနည်း၊ မောင်းသတ်၊ မောင်းလိမ်၊ မောင်းကျပ်၊ မောင်းဖွင့်၊ မောင်းပြန်၊ မောင်းလွှဲနည်း၊ ခြီပေါက်နည်း၊ ချိတ်နည်း၊ ကော်နည်း၊ လိမ်နည်း၊ ကျစ်နည်း၊ ပစ်နည်း စသည်ဖြင့် လက်၊ ခြီများကို ကိုင်ပုံ၊ ပေါက်ပုံ၊ ကျစ်ပုံ စနစ်တကျဟိသည်။
(၅) အခံသားအခွင့်အရေးအနီဖြင့် ထိမ်းကိုင်၊ ဆီးကိုင်နည်း၊ ရုန်းယှောင်ထွက်နည်း၊ ခြီချွတ်လက်ချွတ်နည်း၊ ခါနည်း၊ ပစ်နည်း၊ ပြန်ပစ်နည်း၊ အပြန်ပစ်နည်းများသီးခြားစီ အပြန်အလှန်စနစ်တကျဟိသည်။
(၆) အဖမ်းသားကျင်သန်ကို အခွင့်အရေးပိုပီးထားပြီး ယင်းအခွင့်အရေးကို အခြင်း၊ အကွက်ဖြင့် စနစ်တကျ ကျင်ပညာအသုံးချကိုင်ကာ အခံကျင်သန်အားအနိုင်ရအောင် ပစ်ချရန်ဖြစ်သည်။ အခံသားကျင်သန်သည်လည်း အဖမ်းသားကျင်သန် ထိုကဲ့သို့ လုံးဖမ်းကိုင်တွယ်သမျှ ငုံ့ခံနီရုံမဟုတ်ပဲ အခံကျင်သန်၏ခုခံခွင့်အတတ်ပညာကိုပါ တီထွင်ဖန်တီးထားသည်။ အဖမ်းသား၏လုံးဖမ်းကိုင်တွယ်ခွင့်နှင့် အခံသား၏ခုခံကာကွယ်ခွင့် ပညာနှစ်ရပ်ကို သူတလှည့်ကိုယ်တလှည့်၊ သူတပြန်ကိုယ်တပြန် ကိုင်ခွင့်ပြုလျှက် ပညာစွမ်းပြရသည့် အားကစပ်နည်းပညာရပ်ဖြစ်သည်။
(၇) ကျင်ကွင်းနည်းအမျိုးမျိုး ပုံစံတကျဟိသည်။
(၈) ကျင်ခြင်း၊ ကျင်ကွက်၊ ကျင်ဖမ်းနည်း၊ ကျင်ခံနည်းများ စနစ်တကျ ကျယ်ကျယ်ဝန်းဝန်း ဟိသည်။
(ခ) ကျင်ပညာ၏အကျိုးသက်ရောက်ပုံ
(၁) ကျင်ပညာသည် လူငယ်ရို့၏ တကိုယ်ရည်စွမ်းရည်ပြည့်ဝမှု၊ ကိုယ်ခန္ဓာကြံ့ခိုင်မှုအတွက် အရေးပါသည့် နည်းပညာရပ်ဖြစ်သည်။
(၂) ဇွဲ၊ သက္တိကိုခိုင်မာစီသည်။ အခက်အခဲကို တဦးတည်း ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်ဖြတ်ကျော်ရဲသည့်ုစိတ်ကို ရဟိစီသည်။
(၃) တက်ကြွမှုအားမာန်ကို ရစီသည်။
(၄) ယုံကြည်ချက်ပြည့်ဝစီပြီး ပြတ်သားခိုင်မာစီသည်။
(၅) ယုတ်ညံ့သိမ်ဖျင်းစိတ်၊ အားငယ်ကြောက်ရွံ့စိတ်များကို ကင်းပျောက်စီသည်။
(၆) မိမိကိုယ်မိမိ အားကိုးယုံကြည်စိတ် မြင့်မားစီသည်။
(၇) ဆုံးဖြတ်ချက်တရပ်ကို မှန်မှန်ကန်ကန်၊ ခိုင်ခိုင်မာမာချမှတ်လုပ်ကိုင်ဆောင်ရွက်လိုစိတ်ခိုင်မြဲစီသည်။
(၈) ကျန်းမာကြံ့ခိုင်သန်စွမ်းမှု၊ လျှင်မြန်ဖျတ်လတ်မှုဖြစ်စီသည်။
(၉) လူ့ဘောင်ဝန်းကျင်နှင့် ပေါင်သင်းဆက်ဆံရေးကိုတိုးတက်စီသည်။
(၁၀) အများအကျိုး၊ ဦးဆောင်ဦးရွက်ပြု ပါဝင်ဆောင်ရွက်နိုင်ရန် ကာယ၊ ဉာဏ်စွမ်းရည်များကိုပြည့်ဝစီသည်။
သို့ဖြစ်၍ ဤအမျိုးသားရေးလက္ခဏာ၊ အမျိုးဂုဏ်ပေါ်လွင်စီသည့် အမျိုးသားယဉ်ကျေးမှု
အစစ်အမှန်ဖြစ်သည့် ကျင်အားကစပ်နည်းပညာရပ်ကို ရခိုင်လူငယ်တိုင်း နားလည်ကျွမ်းကျင်တတ်မြောက်အောင်ကြိုးစားပြီး လက်ဆင့်ကမ်းထိန်းသိမ်းရမည်။ သို့မှသာ ကျင်ပညာ၏ဂုဏ်ရည်၊ အမျိုးသားဂုဏ်ရည် ပိုမိုတိုးတက်တောက်ပြောင်လာမည်ဖြစ်သည်။
အခန်း(၄)
ကျင်သန်များနှင့် ကျင်အတန်းအစားခွဲခြားပုံ
(က) ကျင်သန်အတန်းအစားခွဲခြားပုံ
(၁) ကျင်သန်။ ။ ကျင်အတတ်ပညာတတ်ကျွမ်းပြီး ခန္ဓာကိုယ် သန်မာထွားကျိုင်းသူအားလုံးကိုပေါင်းရုံး၍ ကျင်သန်ဟုခေါ်သည်။
(၂) ကျင်သန်ချေ။ ။ ကျင်ပညာသင်စ၊ ကျင်ကိုင်စ၊ အသက်အရွယ်ငယ်နုသော သူလူငယ်များ၊ ငွေမောင်းတန်း (အငယ်တန်း) ၌ ဝင်ကိုင်စလူငယ်များကို ကျင်သန်ချေ (ကျင်သန်ငယ်) ဟုခေါ်သည်။
(၃) ကျင်သန်ကြီး။ ။ ကျင်ပညာရည်ပြည့်ဝပြီး ကျင်ပွဲများစွာကိုင်ဖူးပြီး ပွဲအတွိအကြုံရင့်ကျက်သည့် အားခွန်ဗလပြည့်စုံသည့် ကျင်သန်၊ ရွှေမောင်း၊ ငွေမောင်း အကြိမ်ကြိမ်ရဖူးသည့်ကျင်သန်မျိုးကို ကျင်သန်ကြီးဟု ခေါ်သည်။ အထူးသဖြင့် ရွှေမောင်းတန်း (အကြီးတန်း) မှ ရွှေမောင်းရကျင်သန်ကြီးများကို ခေါ်သည်။
(၄) ပြည်ကျင်သန်ကြီး။ ။ ပြည်ကျင်သန်ကြီးဆိုသည်မှာ ကျင်လောက၏ အထွတ်အထိတ်ဂုဏ်ပုဒ်ပင်ဖြစ်သည်။ ရခိုင်ပြည်ဒေသအနှံ့က ပွဲတိုင်းလိုလို၌ ရွှေမောင်းမြောက်များစွာရဟိထားပြီး၊ ပရိသတ်ကြိုက်နှစ်သက်သော ကျင်သန်ကြီး၊ အင်အားနှင့်ပညာရပ်၌ အံ့မခန်းလောက်အောင် ထူးချွန်ပြည့်စုံပြီး လေးစားချီးကျူးထိုက်သော ပုဂ္ဂိုလ်မျိုးကို ပြည်ကျင်သန်ကြီးအဖြစ် ပြည်သူရို့နှုတ်ဖျားမှ ကင်းပွန်းတပ်ပီးသည့် ဘွဲ့ဖြစ်သည်။ အဆင့်မြင့်ဆုံး ပြိုင်စံယှား ကျင်ပညာသျှင်များဖြစ်သည်။
(ခ) ကျင်အတန်းအစားခွဲခြားပုံ
(၁) ရှိအစဉ်အလာ ကျင်အတန်းအစားခွဲခြားပုံ
ရှိအစဉ်အလာအရ ကျင်ပွဲကို ရွှေမောင်းတန်း၊ ငွေမောင်းတန်း အတန်းနှစ်မျိုးခွဲခြားကျင်းပသည်။ ရွှေမောင်းတန်းမှာ ရွှေမောင်းဆု၊ ငွေမောင်းတန်းမှာ ငွေမောင်းဆု ချီးမြှင့်သည်။ ရွှေမောင်းတန်း၌ နိုင်မောင်း (ပထမဆု)၊ ကျမောင်း (ဒုတိယ) ပီးသကဲ့သို့ ငွေမောင်းတန်း၌ ထိုသို့ချီးမြှင့်သည်။ ငွေမောင်းတန်း၌ ပွဲမြောက်များစွာကိုင်ဖူးပြီး ငွေမောင်း (ပထမဆု) အကြိမ်ကြိမ်ရဖူးကာ ကျင်အတွိအကြုံရင့်ကျက်သူ၊ အားအင်လည်းပြည့်စုံသူကို ရွှေမောင်းကျင်သန်အဖြစ် တန်းတင်၍တိုက်တတ်သည်။ ရွှေမောင်းတန်းကျင်သန်မှာ ငွေမောင်းတန်း၌ဆင်းကိုင်ခွင့်မဟိ။ ငွေမောင်းတန်း၌ တက်ရောက်ယှဉ်ပြိုင်ကိုင်နိုင်ခွင့်ဟိသည်။
(၂) ခေတ်သစ်ကျင်အတန်းအစား ခွဲခြားပုံ
ကနိ ရခိုင်ပြည်၏ အထင်ကရကျင်ပွဲကြီးတချို့ ၌ ကျင်ကိုခေတ်နှင့်အညီတိုးတက်အောင် တီထွင်ကြံဆကျင်းပလာပြီးဖြစ်သည်။ မိမိအသက်အရွယ်အလိုက် ကြီးငယ်မရွီး ကျင်သန်တိုင်း ကျင်ကိုင်ခွင့်ရစီရန်စီစဉ်ပြီး ကျင်အတန်းအစားများကို အောက်ပါအတိုင်း ခွဲခြားကျင်းပလာသည်။
(က) သက်ကြီးတန်း (ကျင်အိုတန်း)
(ခ) အကြီးတန်း (ပထမတန်း)
(ဂ) အလတ်တန်း (ဒုတိယတန်း)
(ဃ) အငယ်တန်း (တတိယတန်း)
(င) တန်းသစ်
မမျှော်လင့်ပဲ မတန်တတန် ယှုံးနိမ့်လားရသည့်ကျင်သန်များ၊ မပြတ်သားအယှုံးပီးလားရသည့် ကျင်သန်များ၊ ပရိသတ်အကြိုက် (သို့မဟုတ်) ကျင်ကော်မတီများအကြိုက် ကျန်သန်များကိုလည်း (မောင်းမရပဲ ယှုံးလားရသည့်ကျင်သန်ထဲမှ) ရွီးထုတ်ပြီး တိုက်ပီးသည့် စိန်ခေါ်မောင်း (စိန်ခေါ်ပွဲ) သို့မဟုတ် (ကြည့်ချင်ပွဲ) ဟူ၍လည်း စီစဉ်ကျင်းပပီးတတ်သည်။
အန်း(၅)
ကျင်ကိုင်ပုံ
အခြီခံသဘောမိတ်ဆက်
(က) ကျင်ကိုင်ပုံ ယျေဘုယသဘော
ကျင်ကိုင်သည်ကို ကျင်လုံးသည်ဟုလည်းဆိုသည်။ ကျင်ကိုင်၊ ကျင်လုံးရန်အတွက် ကျင်သန်နှစ်ဦး ဟိရမည်။ ကျင်သန်နှစ်ဦး ကျင်ကိုင်သည်ကို ကျင်တပူး (သို့) ကျင်တည်းတတည်း (သို့) ကျင်တွဲတတွဲအဖြစ် သတ်မှတ်သည်။ ကျင်တည်း ကျင်ကိုင်ရန်အတွက် (အဖမ်း) နှင့် (အခံ) ကို ရွီးချယ်ပီးရသည်။ ကျင်သန်တဦးကဖမ်းပြီး ကျန်တဦးက ခံပီးရသည်။ ကျင်ဖမ်းသူကို အဖမ်းသား (သို့) အဖမ်းကျင်သန်(သို့) အဖမ်းလူဟုခေါ်ပြီး ကျင်ခံပီးသည့်သူကို အခံသား(သို့) အခံကျင်သန် (သို့) အဖမ်းလူဟုခေါ်သည်။ ဖမ်းလှည့်ကိုရသော ကျင်သန်က လက်မောင်းနှစ်ဖက်ကိုမြှောက်ကားကာ စဖမ်းရပြီး၊ အခံလှည့်ကျသည့်ကျင်သန်က လက်မောင်းနှစ်ဖက်ကို နံဘေးမှာကပ်၍ လက်ဖျားပိုင်းကို ရှိသို့တောင့်တောင့်ပီးထားကာ ကိုယ်ကိုကိုင်းညွတ်ဦးတည့်ပြီး သတိဖြင့်ခံပီးရသည်။
အခံသားခြီနှစ်ဖက်ကိုလည်း ပြိုင်မရပ်ဘဲ ရှိနောက်ဟန်ချက်ညီညီ ထားပြီးခံရသည်။ အဖမ်းသားကစပြီး လှန်၊ ဖက်၊ ဆွဲ၊ ဖမ်း၊ ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်နိုင်သည်။ ကျင်ခြင်း၊ ကျင်ကွက်ဖြင့်ပစ်ချနိုင်သည်။ ထိုသို့ အဖမ်းသားက ဆွဲ၊ ဖမ်း၊ လှန်၊ ဖမ်း၊ ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်ရန် ကြိုးစားလာသည့်အခါ ပစ်ချလာသည့်အခါ တချိန်တည်းတပြိုင်တည်းမှာ အခံကျင်သန်ကလည်း ဖြုတ်၊ ဆီး၊ ကာ၊ ချွတ်၊ တိုး၊ ကန်၊ ရုန်း၊ ထွက်၊ ကာခွင့်ဟိသည်။ ပြန်လည်ပစ်ချခွင့်ဟိသည်။
(ခ) ကျင်တည်းပုံ၊ ကျင်တိုက်ပုံ ယျေဘုယျသဘော
ကျင်သန်နှစ်ဦး ကျင်တတည်းစီးတွဲပြီးနောက် “ကျင်တလင်း” (သို့) “ကျင်ကွင်း” ထဲ၌
ကျင်တိုက်ရသည်။ “ကျင်တည်း” များကို “ကျင်တည်းအဖွဲ့” (ကျင်စာရင်းထိန်းကော်မတီ) ကတည်းပီးပြီး၊ ၎င်းကျင်တည်းများကို ကျင်ကွင်းထဲသို့ ကျင်ကိုင်ဖို့လာရောက်ပါရန် “ပြန်ကြားရေးကော်မတီ” ကဖိတ်ခေါ်ပီးရသည်။ ကျင်သန်နှစ်ဦးစလုံးရောက်ဟိက ၎င်းကျင်တည်းကို “ကျင်ဒိုင်အဖွဲ့” ထဲမှ ကျင်ဒိုင်နှစ်ဦးတာဝန်ယူကြီးကြပ်ပြီး ကျင်တိုက်ရသည်။
တာဝန်ယူကြီးကြပ်မည့် ကျင်ဒိုင်နှစ်ဦးစီကို ကျင်တွဲနှင့်တွဲဖက်၍ “ကျင်တည်းအဖွဲ့က” နာမည်ကြော်ငြာပီးရသည်။ ကျင်တလင်းအကျယ်အဝန်း၊ ကြီးကြပ်ကျင်ဒိုင် အရွီအတွက်အပေါ်မူတည်၍ ကျင်တည်းများကို တတည်းကနီ၊ လေး၊ ငါးတည်းထိ တပြိုင်တည်းတိုက်နိုင်သည်။ ကျင်တလင်း၌ ကျင်ဒိုင်အဖွဲ့က ကြီးကြပ်သည်။ တချို့ပွဲ၌ “ကျင်ဒိုင်ချုပ်” ဟူ၍ သီးသန့်ထားပီးသည်။ သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ကျင်တည်းကို အဖမ်းအခံသတ်မှတ်ပီးရသည်။ ကျင်တတည်း၏အယှုံးအနိုင်ကို ကြီးကြပ်ကွင်း ကျင်ဒိုင်များ၏အဆုံးအဖြတ်ဖြင့်မကြေနပ်ပါက “ကျင်ခုံသမာဓိအဖွဲ့” (ကျင်အကဲဖြတ်လူကြီးအဖွဲ့) ထံ စောဒကဝင်တင်ပြနိုင်သည်။ ကျင်ခုံသမာဓိအဖွဲ့၏ဆုံးဖြတ်ချက်သည် နောက်ဆုံးအပြီးအပြတ်အတည်ဖြစ်သည်။
(ဂ) ကျင်တတည်း၏ကျင်ကိုင်ပုံအဆင့်ဆင့်
ကျင်တတည်း၏ကျင်ကိုင်ပုံအဆင့်ဆင့်ကို အနှစ်ချုပ်သာဖော်ပြပါမည်။ အဖမ်းသားက အခံသားကို ခြီတကြိမ် ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်၍ အခံသားမကျပဲ ရုန်းလွတ်လားပါက အဖမ်းတခေါက်ပြီးလားပြီးနောက် တကြိမ်ထပ်ဖမ်းရသည်။ နောက်တကြိမ်လည်း အဖမ်းသားက ခြီတင်၊ ပေါက်ချိတ်၊ လိမ်ကျစ်ပစ်၍ အခံသားမြီပေါ်မကျပဲ လွတ်လားပါက အဖမ်းနှစ်ခေါက် ပြီးလားပြီဖြစ်သည်။ နှစ်ခေါက်ရာ ခြီတင်ပစ်ခွင့်ဟိပြီး အခံသားက ပြန်ဖမ်းရမည်ဖြစ်သည်။ ကျင်တည်းတတည်း၏အယှုံးအနိုင်သတ်မှတ်ပုံကို အောက်တွင် ဇယားဖြင်ဖော်ပြထားသည်။
ဥပမာ။
စဉ်....... မောင်ဖြူ........... မောင်နီ............ ကျသူ................... အနိုင်ရသူ
(က)
…….....အဖမ်း ...............အခံ ................မောင်နီကျ............. မောင်ဖြူနိုင်
..........အခံ ..................အဖမ်း .............မောင်နီကျ..............
(ခ)
.….... အဖမ်း ..............အခံ ...............မောင်ဖြူကျ............. မောင်နီနိုင်
..........အခံ .................အဖမ်း .............မောင်ဖြူကျ
(ဂ)
.…....အဖမ်း ..............အခံ................ မောင်နီကျ................. မောင်ဖြူနိုင်
........အခံ................ အဖမ်း................ မောင်နီဖမ်းမရ
(ဃ)
……....အဖမ်း ............အခံ ..................မောင်နီကျ
..........အခံ ...............အဖမ်း ................မောင်ဖြူကျ
..........အဖမ်း ............အခံ ...................မောင်ဖြူကျ
.........အခံ ................အဖမ်း ................မောင်နီကျ
.........အဖမ်း .............အခံ ...................မောင်ဖြူဖမ်းမရ
..........အခံ ...............အဖမ်း .................မောင်နီဖမ်းမရ
အဖမ်းတခေါက်၊ အခံတခေါက်စီ သူတလှည့်ကျနီပြီး အယှုံးအနိုင်မရဖြစ်နီပါက “အဖမ်း၊ အခံ” ကိုပြန်၍ “အသစ်တဖန် မျောက်ပန်းလှန်ပီး၍ ဖမ်းသူမှာ ခြီတခေါက်ရာ ပေါက်ချိတ်၊ လိမ်ဖမ်းခွင့်ပြုရပါသည်။ ကျသူကို အယှုံးပီးရသည်။ လုံးဝအယှုံး၊ အနိုင်မရပါက အယှုံးအနိုင်ကို မျောက်ပန်းလှန်၍ ဖြစ်စီ၊ မဲဖြင့်ဖြစ်စီ ဆုံဖြတ်နိုင်သည်။
အခန်း(၆)
ကျင်ပွဲကျင်းပရေးကော်မတီများ
ကျင်ပွဲကျင်းပရေးကော်မတီအသီးသီးသည် မိမိရို့၏လုပ်ငန်းတာဝန်ဝတ္တရားများကို ဆုံးဖြတ်လုပ်ပိုင်ခွင့်ဘောင်အတွင်းမှနီ၍ ပြည့်ပြည့်ဝဝကြိုးပမ်းဆောင်ရွက်ရသည်။ ကျင်ပွဲ၌ ဖွဲ့စည်းရမည့် လုပ်ငန်းကောမတီများမှာ --
(က) ကျင်ခုံသမာဓိအဖွဲ့ (ကျင်အကဲဖြတ်လူကြီးအဖွဲ့)
(ခ) ကျင်ဒိုင်အဖွဲ့
(ဂ) ကျင်တည်းအဖွဲ့ (ကျင်စာရင်းထိန်းအဖွဲ့)
(ဃ) ပြန်ကြားရေးအဖွဲ့
(င) ကျင်ဇေပြား ရောင်းချရေးအဖွဲ့
(စ) ကျင်ဇေပြားကို (ဆုငွေ) ပြန်ပီးရောင်းချရေးအဖွဲ့
(ဆ) ကြိုဆိုနီရာချထားရေးးအဖွဲ့
(ဇ) ကျင်တလင်း၊ ကျင်မဏ္ဍပ်ပျင်ဆင်ရေးအဖွဲ့
(ဈ) ကျင်ပွဲအခမ်းအနားပျင်ဆင်ရေးအဖွဲ့
(ည) ကျင်သန်များဆုခံစဉ် လိုက်ပါကူညီရေးအဖွဲ့
(ဋ) လျှပ်စစ်မီးတပ်ဆင်ရေးအဖွဲ့
(ဋ္ဌ) စာရင်းထိန်း၊ စာရင်းစစ်အဖွဲ့….စသည်ဖြင့်ဖြစ်သည်။
ကျင်ပွဲ၌ အဓိကကဏ္ဍမှပါဝင်ရသည့် “ကျင်ဒိုင်အဖွဲ့” ၏ တာဝန်နှင့် ကျင့်ဝတ္တရားများကို ဆက်လက်ဖော်ပြပါမည်။
(ခ) ကျင်ဒိုင်အဖွဲ့၏တာဝန်နှင့် ကျင့်ဝတ္တရားများ
(၁) တာဝန်များ
(၁) ကျင်ဒိုင်များသည် မိမိနှင့်သက်ဆိုင်ရာကျင်တည်းများကို ကျင်တလင်းသို့ ခေါ်ယူပြီး ခါးစည်းကြိုးကို မှန်ကန်စနစ်တကျနှောင်စီးရမည်။ ဘောင်းဘီဖြင့်ကျင်ကိုင်းခြင်းကို တားမြစ်ရမည်။
(၂) အန္တရာယ်ဖြစ်စီနိုင်သည့် လက်ဝတ်ထည်များကို ဝတ်ဆင်ထားသည့်ကျင်သန်ကို ယင်းလက်ဝတ်ထည်အား ချွတ်ထားဖို့ပြောရမည်။ လက်သည်းရှည်ကျင်သန်များကို ချက်ချင်းလှီးဖြတ်စီရမည်။
(၃) ကျင်သန်နှစ်ဦးအတူ ပရိသတ်ကို ရှိခိုးအရိုအသေပြုပြီးမှ ကျင်ကွင်းထဲသို့ဝင်စီရမည်။
(၄) ကျင်သန်နှစ်ဦးကို ဒေါသမပါဘဲ၊ ချစ်ကြည်ရင်းနှီးစွာဖြင့် လက်ဆွဲနှုတ်ဆက်ပြီးမှ စည်းကမ်းနှင့်အညီ ကျင်ကိုင်စီရမည်။
(၅) ကျင်သန်နှစ်ဦး ဖမ်းလှည့်၊ ခံလှည့်ကို စည်းကမ်းအတိုင်း စီစည်ဆုံးဖြတ်ပီးရမည်။
(၆) ကြီးကြပ်ကျင်ကိုင်ဒိုင်နှစ်ဦးသည် မိမိရို့နှင့်သက်ဆိုင်ရာကျင်တည်းကို မျက်ခြီမပြတ် စိစပ်သေချာစောင့်ကြည့်နီရမည်။ ထိုင်မနီရ။ တနီရာတည်း၌ ရပ်မနီရ။ ကျင်းတည်းနှင့်အတူ လိုက်ပါလှုပ်လျှားနီရသည်။
(၇) ကျင်သန်နှစ်ဦး အဖမ်းအခံကို အငြင်းပွားပါက သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ဆုံးဖြတ်ပီးရမည်၊ တွန်းပစ်ချမှုမျိုးမဖြစ်ရအောင် သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ကြီးကြပ်နိုင်သည်။
(၈) ကျင်သန်နှစ်ဦး သတ်မှတ်ကျင်တလင်းနီရာ၌သာ ကျင်ကိုင်နိုင်စီရန်နှင့် လူထုထဲ (သို့) စည်းအပြင်သို့ တွန်းချမှုမျိုးမဖြစ်စီရအောင် သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ကြီးကြပ်နိုင်ရမည်။
(၉) ကျင်တလင်းသည် စည်းအပြင်ဘက် လူထုထဲသို့ပစ်ချခြင်း။ ကြိုးဝိုင်းစည်းပေါ်၌ ပစ်ချခြင်းမျိုးကြောင့် ကျင်သန်တဦးကျလဲလားပါက အယှုံး၊ အနိုင်၊ မပီးပဲ ပြန်ကိုင်စီရမည်။
(၁၀) ကျင်သန်တဦးဦး ကျင်ကိုင်၍ တကြိမ်ပြီးသဖြင့် အနားယူခွင့်တောင်းပါက ပီးသင့်က ပီးရမည်။ တကြိမ်မှာ (၁၅) မနစ်ထက် ပိုအနားယူခွင့်မပီးရ။
(၁၁) ကျင်သန်တဦးဦး ကျင်ကိုင်နီစဉ် စည်းကမ်းဖောက်ဖျက်မှုဟိပါက သတိပီးတားမြစ်ရမည်၊ ထုတ်ပယ်သင့်သည်ထင်မြင်က ကျင်သမာဓိထံ တင်ပြအတည်ပြုချက်ယူရမည်။
(၁၂) ကျင်ဒိုင်သည် ကျင်တတည်းတိုက်ပြီးတိုင်း အယှုံးအနိုင်ကို ကျင်တည်းအဖွဲ့သို့ ပြန်လည်တင်ပြပီးရမည်။
(၁၃) ကျင်တွဲများကို ကျင်ကွင်းအနီအထားကိုကြည့်ပြီး ထုတ်တိုက်ရမည်။ ကျင်တည်းမများစီရ။
(၁၄) ကျင်ကွင်း၌ ကျင်တည်းမပြတ်စီရန်လည်း ဂရုစိုက်ရမည်။
(၁၅) ကျင်သန်များ ကျင်ကွင်းပြလိုက စီစဉ်ပီးရမည်။
(၁၆) ကျင်သန်များသည် ကျင်ပွဲမစမီကပင် ကျင်တလင်း၌ အဆင်သင့်ဟိနီရမည်။
၂။ ကျင်ဝတ္တရားများ
(၁) ကျင်ဒိုင်များသည် ကျင်တည်းတတည်း၏အယှုံးအနိုင်ကို ချက်ချင်းမှန်ကန်တိကျ ပြတ်သားစွာ ဆုံးဖြတ်ပီးနိုင်ရမည်။ ကျင်ဒိုင်နှစ်ဦးစလုံး ဆုံဖြတ်ချက်မှန်ရပါမည်။
(၂) ကျင်သန်များ ကျင်ကိုင်နီစဉ်ဖြစ်စီ။ အနားယူနီစဉ်ဖြစ်စီ တဦးတဖက်ကိုမျှ အားပီးအမြှောက်ပြောခြင်း၊ အကြံပီးခြင်း လုံးဝမလုပ်သင့်။
(၃) ကျင်သန်တဦးဦး ကျင်နိုင်သည့်အခါ ဝမ်းသာအားရလက်ခုပ်တီးခြင်း၊ ထပြီးကျင်ကွင်းခြင်းများ လုံးဝမလုပ်သင့်။
(၄) အဖမ်းကျင်သန်က အခံကျင်သန်၏ခါးကို ကိုင်ဖက်ထမ်းထားလျှင် အဖမ်းသားကို လွှဲပစ်မချစီရန် ချက်ချင်းတားပြီး အခံသားကိုအကျပီးရမည်။ အခံသားအကျမခံလိုက ပစ်ချခွင့်ပြုရမည်။
(၅) ကျင်ဒိုင်များသည် ကျင်ကိုင်နည်းပညာ၊ ကျင်ကိုင်းခြင်းစုံစုံလင်လင်ကို နှံ့စပ်အောင်သိထားရမည်။
(၆) ကျင်ဒိုင်အတွိအကြုံရင့်ကျက်အောင် ကြိုးစားရမည်။
(၇) ကျင်စည်းကမ်းများကို ပြည့်ပြည့်စုံစုံသိထားရမည်။
(၈) ဘက်လိုက်မှု လုံးဝကင်းယှင်းပြီး သမာသမတ်ကျရမည်။
(၉) ကျင်သန်များနှင့် ကျင်ပွဲကာလ၌ ရောရောနှောနှောမနီသင့်။
(၁၀) လာဘ်ပီးလာဘ်ယူ လုံးဝကင်းယှင်းရမည်။
(၁၁) ကျင်ဒိုင်များ ဆီးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း လုံးဝယှောင်ကြည်ရမည်။
(၁၂) ကျင်ဒိုင်များ သက်လုံကောင်စီရန် လေ့ကျင့်ခန်းများလုပ်သင့်သည်။
(၁၃) ကျင်သန်းများအပေါ်၌ ကြောသားရင်သားမခွဲခြားဘဲ စိတ်ထားစေတနာမှန်ရမည်။
(၁၄) ကျင်တိုက်နီချိန် ကျင်ဒိုင်အချင်းချင်းဖြစ်စီ၊ တခြားသူများနှင့်ဖြစ်စီ စကားပြောမနီသင့်။
(၁၅) ကျင်ဒိုင်ဝတ်စုံစနစ်တကျ၍ ဝတ်ဆင်ကြီးကြပ်သင့်သည်။
အခန်း(၇)
ကျင်ပွဲကျင်းပခြင်း
ကျင်ပွဲကို ကွင်းအဖွင့်ရတုဆို၍ မင်္ဂလာစည်တော်များတီးခတ်ကာဖွင့်လှစ်သည်။ ကျင်းကွင်းကို နံ့သာရည်များပက်ဖြန်းရသည်။ ကျင်တည်း (ကျင်တွဲ) များကို စမတင်မှီ မင်္ဂလာကျင်တည်းများကို စ၍တိုက်လေ့ဟိသည်။ ကျင်တိုက်ရာ၌ ကျင်စည်တီးပီးရသည်။ ကျင်စမတိုက်မှီ စာရင်းဝင်ကျင်သန်များ ကျင်ကွင်းထဲ၌ ကျင်ကွင်းပြရသည်။ ကျင်ကိုင်၍ ကျင်တတည်းနိုင်သူကို “နှစ်ခေါက်နိုင်” ဟု သတ်မှတ်သည်။ နှစ်တည်းနိုင်ပါက လေးခေါက်နိုင်။ သုံတည်းနိုင်ပါက ခြောက်ခေါက်နိုင်စသည်ဖြင့် မောင်းလုပွဲ၊ ဗိုလ်လုပွဲရောက်အောင်ထိ ဆက်နိုင်လားရသည်။
ကျင်တတည်း အယှုံးအနိုင်ပြီးတိုင်း ပရိသတ်ထံ ယှုံးသူရော၊ နိုင်သူပါ ဆုခံယူရသည်။ ခုံသမာဓိလူကြီးအဖွဲ့က စတင်ပြီး “ပန်းဆုငွေ” ချီးမြှင့်ပီးရသည်။ ကျင်ပွဲကျင်းပပြီးခါနီး၌ ကျင်ဒိုင်အချင်းချင်း ချစ်ကြည်ရေးကျင်ကိုင်ရသည်။ ကျင်သန်များကျင်နိုင်သည့်အခါ ကျင်ကွင်းပြရသည်။ ကျင်သန်များ နောက်ဆုံးဗိုလ်ဆွဲမောင်းရသည့်အခါလည်း ကွင်းထဲပတ်၍ ကျင်ကွင်းပြ၍ ကျင်ပွဲကြည့်ပရိသတ်များသည် ကျင်ဇေပြားများဝယ်ယူပြီး ကျင်သန်များဆုခံစဉ် ကျင်းကွင်းပြစဉ်၌ ဆုချီးမြှင့်ပီးရသည်။ ငွေသားလည်း ဆုချီးမြှင့်ပီးနိုင်သည်။ ကျင်သန်များက မဏ္ဍပ်တွင်းပရိသတ်ထံမှ ဆုချီးမြှင့်မှုခံယူပြီး ရလာသည့်ကျင်ဇေပြားများကို ကျင်ဇေပြားဖိုး ဆုငွေပြန်ပီးချေရေးအဖွဲ့ထံ၌ ဇေပြားနှင့်ငွေ ဖလှယ်ယူရသည်။ “ကျင်ခုံသမာဓိအဖွဲ့” က ကျင်ဒိုင်များထံမှတင်ပြလာသည့် ကျင်သန်များနှင့်ပတ်သက်သည့် တင်ပြချက်များကို ဆုံးဖြတ်ပီးရသည်။
ကျင်းပွဲကျင်းပရာ အငယ်တန်း၊ အလတ်တန်းစသည့် အောင်တန်းမှ ကျင်သန်များကို စတင်တိုက်ရပြီး ရွှေမောင်းတန်း (ပထမတန်း/အကြီးတန်း) ကျင်သန်များကို ပွဲတော်နောက်ဆုံးရက်များ၌ရာ တိုက်လေ့ဟိသည်။ ကျင်တည်းများကို ယှုံးဖြုတ်စနစ်ဖြင့် ကျင်းပသော်လည်း ယခုအခါ တချို့ပွဲများ၌ ကျင်သန်ဦးရေနည်းသော ရွှေမောင်းတန်း (ပထမတန်း/အကြီးတန်း) ကျင်သန်ကြီးများကို ပရိသတ်က အားရပါးရကြည့်ရှုနိုင်စီရန် ပတ်လည်စနစ်ဖြင့် ကျင်းပသည်လည်းဟိသည်။
အခန်း (၈)
ကျင်ကွင်းနည်းများ
ကျင်သန်များသည် ကျင်းကွင်းထဲ ကျင်ကွင်းပြရာတွင် ကျင်ပွဲအသီးသီးမှ မိမိရဟိထားသော ရွှေ၊ ငွေ ဆုတံဆိပ်များကို လိုင်တွင်ဆွဲ၍ ကျင်ကွင်းပြရသည်။ ရှိဦးစွာ မိမိ၏ကျင်ကွင်းနည်းပြဆရာများကို ကန်တော့ရသည်။ ကျင်ခုံသမာဓိ လူကြီးအဖွဲ့ကို ဂါရဝပြုရသည်။ နောက်ပရိသတ်ဘက်သို့လှည့်၍ ဂါရဝပြုရသည်။ ပြီးမှ ကွင်းတပတ်လှည့်၍ ကျင်ကွင်းပြရသည်။ ကျင်ကွင်းနည်းအမျိုးမျိုးဟိသည်။ အောင်တွင်ဖော်ပြထားသည်။
(က) ဝံ့လက်သဲ (သို့) ၀ံလက်သစ်ကွင်းနည်း
ကျင်သန်သည် မားမားမတ်မတ်ရပ်လိုက်သည်။ တည်ကြည်သောမျက်နှာထားဖြင့် မိမိလက်နှစ်ဖက်ကို လက်အုပ်ချီးပူးကပ်ထားလိုက်သည်။ နဖူးပေါ်တွင်ကပ်၍ တဖြည်းတဖြည်း ဝဲယာသို့ဆန့်တန်းထားသည်။ လက်နှစ်ချောင်းအနီအထားမှာ ငှက်တောင်များ ဖြန့်သကဲ့သို့ဖြစ်သည်။
လက်နှစ်ချောင်းကို အပေါ်သို့ ဆတ်ခနန်း မြှောက်ချီလိုက်သည်။ ပြီးနောက် တနီရာသို့ လွှားကနန်း ခုန်လိုက်သည်။ နောက်တနီရာသို့ရောက်သည်နှင့် ဘယ်-ညာလက်ဝါးနှစ်ဖက်ဖြင့် ဘယ်-ညာပေါင်ပေါ်ရိုက်ခတ်လိုက်သည်။ ထို့သို့ ရိုက်ခတ်ပြီးနောက် ငှက်ဝံလက်ပျံသကဲ့သို့ လက်များကို ဘယ်-ညာဆန့်တန်းဝှေ့ယမ်းသည်။
သို့ဖြင့် တနီရာမှတနီရာသို့ လှည့်လည်ပြီး ကွင်းတပတ်ပြည့်အောင် ကျင်ကွင်းပြသည်။
(ခ) ကျီကန်းရီချိုး ကွင်းနည်း
ကျင်သန်သည် ကိုယ်ကိုမားမားမတ်မတ်ရပ်လိုက်သည်။ ကိုယ်ဟန်အနီထားဖြင့် ကြံ့ခိုင်မှုကို ပြထားသည်။ လက်နှစ်ချောင်းကိုပူးကာ နဖူးပေါ်တွင်ကပ်၍ တဖြည်းဖြည်း ဝဲ-ယာသို့ ဆန့်တန်းထားလိုက်သည်။ ဒူးကို ကုပ်နီဟန်ထားခန္ဓာကိုယ်ကို ထက်အောက်သို့ နှိမ့်ချီမြင့်ချီ ပြုလုပ်ပြသည်။ ကျီးကန်းရီချိုးသကဲ့သို့ မြင်ရသည်။ သို့ဖြစ်၍ တနီရာမှ တနီရာသို့ပြောင်းရွှိပြီး လှည့်လည်ကျင်ကွင်းပြသည်။
(ဂ) ဥဒေါင်းဝဲ ကွင်းနည်း
ကျင်သန်သည် ရှိဦးစွာ ခြီထောက်ကိုစုံရပ်၍ ကိုယ်ကိုမားမားမတ်မတ်ရပ်၍ ဂါရဝပြုလိုက်သည်။ လက်နှစ်ဖက်ကို လက်ဦးချီ၍ နဖူးပေါ်တင်ကာ တဖြည်းဖြည်း ဝဲ-ယာသို့ ဆန့်တန်းလာသည်။ ခြီထောက်တချောင်းကို မ,မြှင့်၍ ဘယ်-ညာများကို ဦးက္ခောင်းပေါ်တွင် ဝဲကာနွဲ့ကာ ကွင်းပြသည်။ တနီမှ တနီရာသို့ပြောင်းရွှိ၍ ကွင်းတပတ်လည်အောင် ကွင်းပြသည်။
(ဃ) လင်းကွက် ကွင်းနည်း
ကျင်သန်သည် ခုံသမာဓိအဖွဲ့၊ ပွဲကြည့်ပရိသတ်ရို့အား ဂါရဝပြုလိုက်သည်။ ပြီးနောက် လက်ဝါးနှစ်ဖက်နှင့် ပေါင်ကို တချက်စီရိုက်ခတ်လိုက်သည်။ ကိုယ်ဟန်အနီအထားကို နွဲ့နှောင်းထားကာ လက်များကိုကွေ့ဝိုက်၍ လင်းကွက်ငှက်ပျံသည့်အလား ဝှေ့ယမ်းကာ ကွင်းပြသည်။
(င) လက်ခမောင်းခတ် ကွင်းးနည်း
ကျင်သန်သည် ခုံသမာဓိအဖွဲ့နှင့် ပရိသတ်အား ဂါရဝပြုသည်။ ခုံသမာဓိ အဖွဲ့ရှိရပ်ပြီး ဘယ်လက်ဝါးကို ညာဘက်ချိုင်းအောက်သို့ သွင်းလိုက်သည်။ ညာဘက်လက်မောင်းကို နံဘေးနှင့် “ဖြောင်းဖြောင်း” မြည်အောင်ရိုက်ခတ်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ၉၀ံ ခန့် ကွေး၍ တဖြည်းဖြည်းဆန့်တန်းလာသည်။ လက်နှစ်ဖက်ကို အပေါ်သို့ ဆတ်ကနန်းမြှင့်တင်ပြီး တနီရာသို့ပြီးလွှားကာ နီရာပြောင်းရွှိလိုက်သည်။ ယင်းမှ တနီရာသို့ပြီးလွှား၍ တပတ်ပြည့်အောင် ကွင်းပြသည်။
(စ) ကင်းမြီးကောက် ကွင်းနည်း
ကျင်သန်သည် ရှိဦးစွာ ခုံသမာဓိလူကြီးများနှင့် ပွဲကြည့်ပရိသတ်ကို ဂါရဝပြုသည်။ ထို့နောက် လက်နှစ်ဘက်ကို မြီတွင်ထောက်၍ ကင်းမြီးကောက်ထောင်လိုက်သည်။ ကင်းမြီးကောက်ထောင်၍ ဆယ်လှမ်းခန့်လားပြီး ဂျွန်းပြန်ကာ ရပ်စောက်ရပ်လိုက်သည်။ လက်များကိုပူး၍ ရင်ဘတ်နားတွင်ထားကာ တဖြည်းဖြည်း ဝဲ-ယာသို့ဆန့်တန်းလာသည်။ ထို့နောက် နီရာပြောင်းလိုက်ပြီး ကင်းမြီးကောက်ထောင်ပြန်၍ ဆယ်လှမ်းခန့် ဆက်လားပြန်သည်။ ပြီးမှ ဂျွမ်းပြန်ကာ ရပ်စောက်ရပ်သည်။ ထိုသို့ကွင်းတပတ် ကွင်းပြသည်။
(ဆ) နောက်ဂျွမ်းပစ် ကွင်းနည်း
ကျင်သန်သည် ရှိဦးစွာ ခုံသမာဓိလူကြီးများနှင့် ပွဲကြည့်ပရိသတ်များကို ဂါရဝပြုသည်။ ပြီးနောက် ကျားကဲ့သို့ နောက်ဂျွမ်းပစ်ချလိုက်သည်။ နောက်ဂျွမ်းတချက်ပစ်လိုက်၊ လက်များကို ကွေးကာကွေးကာ ဝဲ-ယာ၊ ရှိ-နောက် ခန္ဓာကိုယ်ကို လှည့်လည်ကွင်းပြသည်။ ဤသို့ဖြင့် တနီရာမှ တနီရာသို့လှည့်လည်၍ ကွင်းပြသောအခါ နောက်ဂျွမ်းတချက်မှ ငါးချက်ထိ ဆက်တိုက်ဆက်တိုက်ပစ်ပြီး နီရာပြောင်းသည်။ ပွဲကြည့်ပရိသတ်က “ကျားလာရေ-ကျားလာရေ” ဟူ၍ ကြွေးကြော်ချီးမြှင့်သည်။
(ဇ) ရှိဂျွမ်းပစ် ကွင်းနည်း
ကျင်သန်သည် ခုံသမာဓိလူကြီးများနှင့် ပွဲကြည့်ပရိသတ်ကို ရှိဦးစွာဂါရဝပြုပြီး ကျားကဲ့သို့ လျှင်မြန်စွာ ရှိဂျွမ်းပစ်လိုက်သည်။ ဂျွမ်းပစ်ပြီး လျှင်မြန်စွာ လက်နှစ်ဖက်ကိုဆန့်တန်းကာ စွန်များပျံဝဲသကဲ့သို့ ဝဲယာရှိနောက်လှည့်လည်၍ ကွင်းပြသည်။ ပြီးနောက် ရှိဂျွမ်းသုံးပြန်ပစ်၍ နီရာပြောင်းသည်။ ယင်းသို့ ကွင်းတပတ်ပြည့် ကွင်းပြသည်။
(ဈ) သိန်းငှက် ကွင်းနည်း
ကျင်သန်သည် ရှိဦးစွာ မားမားမတ်မတ်ရပ်နီရာမှ ဂါရဝပြုလိုက်သည်။ ပြီးနောက် ဝဲ-ယာ လက်နှစ်ဖက်ကို ကွေးဝိုက်ပြီး ဆန့်လိုက်သည်။ ပြီးနောက် ကိုယ်ကို နွဲ့နွဲ့ညွတ်၍ ပေါင်နှစ်ဖက်ကို ရိုက်ခတ်လိုက်ကာ လက်နှစ်ဖက်ကို သိန်းငှက်ဝဲပျံသကဲ့သို့ မာန်ဖြင့်ကွေးဝိုက်ကာ နောက်တနီရာသို့ အဟုန်ဖြင့် ရွှိပြောင်းလှည့်ပတ်ကာ ပြန်ရပ်ပြီး ပေါင်ကို လက်ဝါးနှစ်ဖက်ဖြင့် ရိုက်ခတ်လိုက်သည်။ ပြီးနောက် ခြီတချောင်းကို အနည်းငယ်ကွေးမြှောက်ကာ သိန်းငှက်တောင်ဖံဝဲပျံနီပုံ လက်နှစ်ဖက်ကိုကွေးဖြန့်ဝိုက်ပြီး ကွင်းပြသည်။ ထိုသို့ ကွင်းတပတ်လှည့်ပတ် ကွင်းပြသည်။
(ည) ကြိုးကြာပျံ ကွင်းနည်း
ကျင်သန်သည် မားမားမတ်ရပ်ပြီး ကျင်ခုံသမာဓိလူကြီးများ၊ ပရိသတ်များကို ဦးညွတ်ဂါရဝပြုလိုက်သည်။ ပြီးနောက် ခြီကိုစုံရပ်၍ လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ထုတ်လိုက်သည်။ ပြီးနောက် လက်နှစ်ဖက်ကို အထက်အောက် မြင့်ချီနိမ့်ချီပြုပြီး ခန္ဓာကိုယ်ကိုလှည့်ကာ နီရာပြောင်း ကွင်းပြသည်။ လက်နှစ်ဖက်ကွင်းဟန်မှာ ကြိုးကြာငှက်ပျံနီစဉ် တောင်ဖံနိမ့်ချီမြင့်ချီဖြစ်နီဟန် မြင်ရသည်။ ထို့သို့ ကွင်းတပတ်ပြည့်အောင် ကွင်းပြသည်။
ရခိုင်ကျင်အားကစပ်အတတ် တိုးတက်မြင့်မားပါစီ။
(လေးဝတီ ခိုင်ကျော်)
ရခိုင်စာပီနှင့်ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) မှ စီစဉ်သည့် ရခိုင်ယဉ်ကျေးမှုနှင့် ရိုးရာအားကစားပွဲတော် (ဒုတိယအကြိမ်)
အောင်ဆန်းအားကစားပြိုင်ကွင်း၊ မင်္ဂလာတောင်ညွန်မြို့နယ်၊ ရန်ကုန်။
(18/12/2004) မှ (20/12/2004) ထိ ရခိုင်ရိုးရာကျင်ပွဲတော်အတွက် ရခိုင်သားကြီးစာပီမှ အခမဲ့ဖြန့်ချီသည်။
နောက်ဆက်တွဲ
စုစည်းတင်ပြသူ့၏လေ့လာသုံးသပ်ချက်
ရခိုင်တပြည်လုံးတွင် ကျင်ပွဲများကို နှစ်စဉ်ကျင်းပသည်။ အထူးသဖြင့် ပုဏ္ဏားကျွန်း၊ မင်းပြား၊ ကျောက်ဖြူ၊ ပေါက်တော၊ စစ်တွေ၊ မြောက်ဦး၊ မြေပုံမြို့နယ်များသည် အထင်ကရကျင်သန်ထွက်ရာ ဒေသများဖြစ်သည်။ ယင်းမြို့နယ်များတွင် အခြားမြို့နယ်များထက် ကျင်ပွဲများပြီးလျှင် ကျင်သန်များစွာထွက်သည်။ ကျင်စည်းကမ်းနှင့်ပတ်သက်၍ ဒေသအလိုက် ခြားနားချက်ဟိသည်။ တချို့ကျင်သန်များသည် တမြို့နယ်မှ တမြို့နယ်သို့ ကျင်လားကိုင်သောအခါ၊ မထင်မှတ်မှုများနှင့် ကြုံတွိနိုင်သည်။ အကြောင်းကား ယင်းမြို့နယ်ဒေသ၏ကျင်စည်းကမ်းကို နားမလည်သောကြောင့်ဖြစ်သည်။ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ မင်းပြားမြို့နယ်များ၌ ကျင်စည်းကမ်းမှာ -
မောင်နီ က (ခံ)
မောင်ဖြူက (ဖမ်း) သောအခါ အခံသား “မောင်နီ” မကျပဲ၊ အဖမ်းသား “မောင်ဖြူ” ကျသည်။
နောက်တလှည့်မှာ -
မောင်နီဖမ်း၍ “မောင်ဖြူ” ခံသောခါ “မောင်နီ” က “မောင်ဖြူ” ကိုဖမ်း၍မရသောကြောင့် ပထမအကြိမ်ကျထားသော “မောင်ဖြူ” သည် နောက်တခေါက်ပြန် ထပ်ဖမ်းခွင့်ဟိသည်။ ယင်းကျင်စည်းကမ်းစနစ်သည် ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်မြို့နယ်များ၌ မဟိပါ။ ကျသူကျ၊ နိုင်သူနိုင်၊ တယောက်တလှည့်စနစ်ကိုရာ ကျင့်သုံးသည်။
အရာတခု ထူးခြားချက်မှာ -
မြောက်ပိုင်းတခွင် အခံသားသည် အဖမ်းသားဘားက ထွက်ပြီးရေအခါ၊ အဖမ်းသားအတင်းလိုက်ကေလည်း အခံသားစွာ လက်ကာ၍ရာ ငြင်းပယ်ခွင့်ဟိသည်။ ယေခါ ဒိုင်လူကြီးက ကျင်စည်းကမ်းးဘောင်ကနီပြီး အဖမ်းသားကိုတားမြစ်ရသည်။ ယင်းစည်းကမ်းကို တောင်ပိုင်းတခွင်၌လည်း ကျင့်သုံးသည်။ ယေကေလည်းသော့ ခြားနားချက်မှာ ကျင်ခံသားထွက်ပြီးရေအခါ ကျင်ဖမ်းသားက ကောင်းကောင်းသတိထားရသည်။ အကြောင်းကား လိုက်လာရေကျင်ဖမ်းသားကို ကျင်ခံသားက ခုခံသည်အားဖြင့် လက်ကာရုံသာမက ပြန်ပစ်ခွင့်ဟိ၍ဖြစ်သည်။
ဥပမာ--
ကျင်အခံသား “မောင်ဖြူ” က ကျင်အဖမ်းသား “မောင်နီ” လိုက်တေအခါ ကျင်ခံသားမောင်ဖြူက ကျင်ဖမ်းသားမောင်ဖြူကို ခါးစောင်းတင်ပြန်၍ ခုခံဝေးပစ်နိုင်သည့်အတွက် ကျင်ဖမ်းသားမောင်နီကျလားရေအခါ ယင်းစွာကို အသင့်ဟုယူဆသည်။ သို့သော် မြောက်ပိုင်းတခွင်၌ ယင်းစွာကို အပြန်ဟုသတ်မှတ်သည်။ ဤကား တောင်ပိုင်းမြောက်ပိုင်း ကျင်စည်းကမ်းခြားနားချက်ဖြစ်သည်။
မှားယွင်းချက်များဟိပါက အကြောင်းကြားပီးပါ။ ပြန်စစ်ဆီးကြည့်ပါမည်။
(သျှင်ဣန္ဒောဘာသ).
26.4.10 |
Posted in
ကျွန်တော့်မှတ်စု,
ပင်မစာမျက်နှာ,
ရခိုင့်ယဉ်ကျေးမှုများ
|
Read More »
ရခိုင်ပိုင်စာရွီးကေ “ဟိ” နန့် ကင်းလွတ်လို့ မရ။ “ချဇားရှီမှာ ဒင်္ဂါးငါးပြား ဟိသည်”၊ “သဇင်ဖြူ”မှာ “အင်္ကျီတစ်ထည် ဟိသည်”။ “မြတ်သာထွန်း အခန်းထဲမှာဟိသည်”။ “ဒေနိစားမီးပွဲဟိ သည်”။ “မောင်သာဘန်း ရန်ကုန်လားဖို့ဟိသည်”။ “သက်ဟိလူသား” “လက်ဟိအနီအထား” အစဟိရေ “ဟိ” အသုံးတိက ကောင်းဟိပါရေ။ အနက်က ပိုင်ဆိုင်ခြင်း တည်ဟိခြင်းကို ပီးပါရေ။
“ဟိ” အသုံးကို ရှိခေတ်ရခိုင်ကျောက်စာတိမှာ ပီပီပြင်ပြင် တွိရပါရေ။ ရခိုင်ကျောက်စာအားလုံး “ဟိ” ကိုရာသုံးကတ်တေ။ “ဟိ” အသုံးတွိရရေ ကျောက်စာတချို့ကို ဥပမာအဖြစ် ဖော်ပြပါမေ။.
၁။ တပည်သာသိရိကဿဖသည် လုပ်အံ့သည်ဥစွာ ဟိလျှက် (မင်းထီးကျောက်စာ၊ သကြစ် ၆၅၇) ၂။ သာသနာငါထောင်စိအောင် ဟိစိသော (ဝေသာလီ ရွှေတောင်စေတီကျောက်စာ၊ သကြစ် ၈၈၁) ၃။ ပိုင်ရိုဝ် မဟိဟူ၍ ဆိုဝ်လတ်သှ် (မဟာဝိနိယ်ဓိုင်ကျောက်စာ၊ သကြစ် ၉၀၅) ၄။ လွန်လီပြီသောခါစောမွန်အစ ဟိသော (ကလုံတောင်ဘုရားကျောက်စာ၊ ပထမမျက်နှာ၊ သကြစ် ၉၄၇) ၅။ ၀ါးခုနစ်ဆေ ဟိရာအနက်တွင် ဆြာတော် (ကုလားတန်းစားကျောက်စာ၊ သကြစ် ၁၀၇၀) အခုခေတ် ရခိုင်ကျွန်းရွာတိမှာလည်း “ဟိ” ကို ပီပီပြင်ပြင် သုံးကတ်တုန်းသိမ့်။ ရမ်းဗြဲလီသံမှာလည်း တွိရရေ။ မြောက်ဦးလီသံမှာလည်း တွိရရေ။ အပြောဘာသာစကား မှာ “ဟိ” ကို “ဟိန့်” လို့ အသံထွက်စွာ တွိရပါရေ။
ဒေသအလိုက်အသံအယင့်၊ အယူကွဲစွာပါရာ။ မူလရုပ်ရင်းက “ဟိ” ကို ပြောစွာရာဖြစ်တေ။
ရခိုင်အသုံး “ဟိ”
(HIAE) ကို ဒေနိမြန်မာစာ၊ မြန်မာစကားမှာ “ရှိ” လို့သုံးစွာကို တွိရပါရေ။ ပုဂံခေတ် မြန်မာကျောက်စာတိမှာကတော့ “ဟိ” အသုံးရာ တွိရရေ။ ပုဂံသားတိ ပြောစကားမှာလည်း “ဟိ” ရာ ဟိလီဖို့။ ဒေနိရခိုင်ဒေသ မြို့ကြီးတိက မြို့ကြီးသားတိပါးစမှာ၊ အရွီးအသားတိမှာ “ရှိ” ကို တွိနီရပါရေ။ ရခိုင်ကျွန်းကစကား “ဟိ” ကို “ရှိ” လို့ ပြောနီကတ်စွာပါ။ “ရှိ” ကို ရခိုင်ကျွန်းစကားစစ်စစ်နန့် အသံထွက်ကေ “RHIAE” လို့ရာ ထွက်ရဖို့။ “ဟိ” ကို ကျကေ (HIAE) လို့ထွက်ရဖို့။ ( ဒေပိုင်အင်္ဂလိပ်အက္ခရာနန့် အသံထွက်ပြစွာကို Transliteration လို့ခေါ်ပါရေ။ Phonetic Symbol နန့် မတူပါသိမ့်။
Phonetic Symbol က ပညာသျှင်တိရာ နားလည်နိုင်ရေ။ အရပ်သား အင်္ဂလိပ်က Transliteration နန့်ပြကေ နားလည်နိုင်ရေ။ အင်ဒိုနီးသျှားဘာသာစကားကိုလည်း ဒေပိုင်ရွီးစာ တွိရပါရေ) “ရှိ” ကို မြို့ကြီးသားရခိုင်တိအသံနန့် ဆိုကေ “SHI ” လို့ ထွက်စွာတွိရပါရေ။ ရခိုင်ကျွန်းရွာတိစွာ ရခိုင်လူဦးရွီ၏ (၉၀) ရခိုင်နှုန်းလောက် နီထိုင်ကတ်တေ နီရာပါ။ ရခိုင်သားအများစုက ကျွန်းမှာပါ။ ယေနန့် ရခိုင်ကျွန်းရွာတိမှာပြောကတ်တေ ရခိုင်အသံထွက်ရာ အမှန်ဖြစ်ရပါဖို့။ ရခိုင်ကျွန်းရွာ အပြောစကားမှာ “ဟိ” လည်းဟိရေ။ “ရှိ” လည်း ဟိပါရေ။
၁။ နီ အရှိဘက်ကထွက်တေ။
၂။ ရဖြီးချပ်တောင်စွာ စစ်တွေ၏အရှိဘက်မှာ ဟိရေ။
၃။ မင်းရို့နှစ်ယောက် အရပ်အရှိရှိကာဝေ။
၎။ ဒေ၀ါးနှစ်ပိုင်းအရှိရှိပျာယ်။
၅။ ဆန်ကို သိုက်ဒုံနန့် ရှိရှိခြင်ခ။
၆။ ဒေနိမိုးထက် ထမင်းအရှိရှိရာကျရေ။
၇။ ရှိကိုနောက်ကို ကြည့်လို့လား။
၈။ ရှိအနာဂါတ်ကို မျှော်ကြည့်ရဖို့။
၉။ ရှိနီစောမောင်လာပျာယ်။
၁၀။ အချေတိ ရှိခိုးနီကတ်တေ။
ဒေ၀ါကျတိကိုကြည့်ကေ “ရှိ” ၏အနက်စွာ
(က) အရှိဘက်
(ခ) အရပ်အနိမ့်အမြင့် တူညီခြင်း
(ဂ) အပြည့်ဟိခြင်း
(ဃ) အပိုအလိုမဟိဖြစ်ခြင်း
(င) နောင်ဖြစ်လာဖို့ကိစ္စကို ဆိုလိုခြင်းအစဟိရေ အနက်တိထွက်စွာ တွိရရေ။ ယေနန့်
“ချဇားရှီမှာ ဒင်္ဂါးငါးပြား ရှိ သည် ။
“မြတ်သာထွန်း အခန်းထဲမှာ ရှိ သည် ။
“ဒေနိ စာမီးပွဲ ရှိသည် ။
“မောင်သာဘန်း ရန်ကုန်လားဖို့ ရှိ သည်။
“သက် ရှိ လူသား ”
“လက် ရှိ အနီအထား”
အစဟိရေ အသုံးအနှုန်းတိစွာ ရခိုင်သဒ္ဒါနန့်ကြည့်ကေ မှားယွင်းနီစွာ တွိရပါရေ။ “ဟိ” ကိုရာသုံးကတ်ရပါဖို့။
ရခိုင်မြို့ကြီးသားတချို့က “ရှိ” အသုံးမှားနီစွာကို တွိလားကတ်တေခါ နောက်ကိုတလှမ်းမဆုတ်ချင်လို့ “ယှိ”
(SHI) ဆိုပြီးပျင်လို့ ရွီးလာစွာတွိရပြန်ရေ။ ဒေနိ မြို့မှာသုံးရေ စကားသံနန့် ကိုက်ကေလည်း ရခိုင်အများစုဖြစ်တေ ကျွန်းစကားနန့်က မကိုက်။ ရုပ်ရင်းရို့၊ သဒ္ဒါရို့၊ အဘိဓာန်ရို့နန့်လည်း မကိုက်။ ယေနန့် မြို့ကြီးသားရခိုင်တိ ကျွန်းကရခိုင်တိနန့် တသားတည်းကျအောင် နောက်ကိုတလှမ်း ဆုတ်ကတ်ရဖို့ မြင်မိပါရေ။ ပြောရေခါ “ရှိ” (SHI) နန့် “ယှိ” (YHI ) ကိုဖျက်ပြီး “ဟိ” (HIAE) လို့ ပြန်ပျင်ပြောကတ်ပါမေ။ ရွီးရေခါလည်း “ရှိ” နန့် “ယှိ” ကိုဖျက်ပြီး “ဟိ” လို့ ပျင်ရွီးကတ်ကေ ရခိုင်အရွီးအသား တည်ငြိမ်လာပါဖို့။ နောက်ကို တလှမ်းဆုတ်သင့်စွာမှာ ဆုတ်ရပါဖို့။ မဟုတ်ကေ ရခိုင်စကားပျောက်လားဖို့ရာ ဟိပျာယ်။ ရခိုင်ဘာသာ အရွီးအသားကိစ္စကို လူအားနန့်လည်း ပျင်လို့မရ။ ဖေသာအားနန့်လည်း ပျင်လို့မနိုင်။ ပညာနန့်ရာ ပျင်ရဖို့။ ရခိုင်သဒ္ဒါသဘောကို စိစိကိုက်ကိုက် လေ့လာပြီးကေ၊ ပြည်သူအများပြောစကားနန့် ညှိယူလိုက်ကေ ရခိုင်အရွီးအသား တည်ငြိမ်လာဖို့ သေချာပါရေ။
(အသျှင်သူရိယ)
အကိုးအကား
(ရှိဟောင်းရခိုင်ကျောက်စာများ- ဦးဦးသာထွန်း)
အောင်တံခွန် ၀ံသရက္ခိတမဂ္ဂင်း အတွဲ(၂) အမှတ် (၁) မှ ကူးယူဖော်ပြသည်။ http://arakanliteraturepalace.weebly.com/index.html .
26.4.10 |
Posted in
စာပေမိတ်ဆွေများ,
ပင်မစာမျက်နှာ,
ဆောင်းပါး
|
Read More »
မြောက်ဦးမြို့တော် နန်းတော်ကုန်းကို မင်းစောမွန်တည်ဆောက်ခသည်မှာကား မူလနဂိုရ်အားဖြင့် ကုက္ကားတောင်နှင့် တောင်ညိုတောင်နှစ်ခုကို တူးဖြိုညှိလျှက်တည်ခသော ကျောက်ဆောင်ကျောက်သားမြီခံမြီများဖြစ်သည်။ နန်းတော်ကုန်းပတ်လည် စတုရန်းပုံသဏ္ဍာန်ကို ကျောက်အုတ်များဖြင့်တံတိုင်းပြုကာ အမာခံလျှက် ကေဇာသက္ကရာဇ် (၇၉၂) ခု တော်သလင်းလဆန်း (၁) ရက်တလဂုင်္နီနိ၊ ခရစ်သက္ကရာဇ် (၁၄၃၀) ခုနှစ်တွင် မြောက်ဦးခေတ်ထီးနန်းကို စတင်တည်ထောင်သည်။
ပထမဆုံးမြောက်ဦးခေတ်ထီးနန်းတော်ကို မင်းစောမွန်မင်းများလက်ထက် အုတ်တံတိုင်းများဖြင့်သာ အောက်ခြီချလျှက် တည်ဆောက်ခခြင်းဖြစ်သည်။ မြောက်ဦးဒုတိယခေတ် မင်းဗာဘုရင်လက်ထက်ရောက်သောအခါ၌ကား ကျောက်အမာခံတံတိုင်းများဖြင့်ထပ်မံပြီးသော် ခိုင်ခံ့ကြီးကျယ်စွာတည်ဆောက်သည်။.
သို့ဖြစ်ပါ၍ ရခိုင်မဟာရာဇဝင်တော်ကြီးလင်္ကာတွင် (စောမွန်ပျင်ပြု၊ မင်းဗာတည်ကေ၊ ရွှေမြောက်ဦး) ဟုလည်းကောင်း။ (မြောက်ဦးမည်သာ၊ မြို့အောင်ချာကို၊ တည်လှာပြုလစ်၊ သက္ကရာဇ်ကား၊ ဒွေးဖြစ်နဝါ၊ သတ္တသာတည်း) ဟူ၍လည်းကောင်း တွိရသည်။
နန်းတော်ကုန်း၏အဆင့်မှာ သုံးဆင့်ဖြစ်သည်။ ထိပ်ဆုံးအမြင့်မှ အောက်ဆုံးအဆင့်ထိပေပေါင်း (၅၀) မြင့်သည်။ တတိယအဆင့်၏ တောင်မှမြောက်သို့ ပေပေါင်း (၁၆၀၆) ပေဟိသည်။ အရှိမှအနောက်သို့ ပေပေါင်း (၁၇၄၀) ပေ ဟိသည်။ တံတိုင်းများအောက်ခြီတွင် ကျောက်သား (၇) ပေထုထည်ဟိသည်။ တံတိုင်းများ၏အထက်ပိုင်းထုထည်မှာ (၄) ပေဖြစ်သည်။ ပထမနှင့် ဒုတိယတံတိုင်းအကွာအဝီးမှာ ပေပေါင်း (၂၃၇) ပေ ရှည်သည်။ အပေါ်ဆုံးအထက် နန်းရင်ပြင်၏အကျယ်အဝန်းမှာ (၆၅၆) ပေကျယ်ဝန်းသည်။ အရှိဘက်အဆင့်တန်းခါးမှ ဒုတိယအဆင့်တန်းခါးသို့ ပေပေါင်း (၂၃၃) ပေဟိသည်။ ၎င်းမှ တတိယအဆင့်တန်းခါးသို့ (၁၆၆) ပေဟိသည်။
အပေါ်ဆုံးအထက်နန်းရင်ပြင်၏ မြောက်မှတောင်သို့ အလျားပေပေါင်း (၆၇၉) ပေ ကျယ်သည်။ တောင်ဘက် တတိယအဆင့်တန်းခါးမှ ဒုတိယအဆင့်တန်းခါးသို့ ပေပေါင်း (၁၃၈) ပေဟိသည်။ ၎င်းမှ ပထမအဆင့်တန်းခါးသို့ ပေပေါင်း (၄၅၀) ကွာဝီးသည်။ တန်းခါးများ၏ဝင်ပေါက်မှာ (၁၀) ပေစီကျယ်ဝန်းသည်။ တံခါးတဘက်တချက်စီ၏ တန်းခါးဘောင်များမှာ
(ဂ) ပေစီ ရှိသို့ထိုးထွက်လျှက် တည်ဟိသည်။ တံတိုင်းများထုထည်အထူမှာ (၇) ပေ (၆) လက်မစီဟိပြီး (၁၂) ပေစီ မြင့်သည်။ တန်းခါးများ၏အတွင်းဘက်နံရံများ၌ မြီကြီးသည် တပေခန့်အကွာ ကျောက်တုံးကြီးများနှင့် (၈) ပေအမြင့်ဟိသော ကျောက်တုံးကြီးတွင် (၅)လက်မဟိသော အပေါက်တပေါက်စီကို ထွင်းလုပ်ပြုပျင်တပ်ဆင်ထားသည်။
ထိုတန်းခါးပေါက်များကို ပိတ်ဖွင့်နိုင်ရန်အတွက် အရှင်တန်းခါးတပ်ဆင်ထားခြင်းဖြစ်သည်။ နန်းတော်၏အနောက်ဘက် ဒုတိယနှင့် တတိယတံတိုင်းအကြားတွင် ကျုံးများဟိသည်။ အရှိတောင်ဘက်တွင် ဗဟိုရ်စည်တော်ထားဟိသော စည်တော်ကိုအချိန်မှန်ယွန်းသော(ယွန်းထောင်) ခေါ် (ရွန်းတောင်) တည်ဟိသည်။ တောင်ဘက်တွင် (ဝယိုင်သာ) ခေါ် (ဥယျာဉ်တော်) ဟိသည်။
နန်းတော်၏အရှိဘက် ဒုတိယအဆင့်တွင် နန်းတွင်းသူနန်းတွင်းသားများသောက်သုံးကုန်သော သောက်ရီကန် (နန်းသားကန်) တည်ဟိသည်။ ယခုအခါ ထိုကန်ကို (နံသာကန်) ဟုခေါ်ဆိုသည်။ ယခုနန်းတော်ကုန်း၏အရှိဘက်ဆင်းလမ်း (နန်းကျောက်လှီကား) နှင့် အနောက်ဘက် နန်းကုန်းအဆင်းလှီကားရို့မှာ ဗြိတိသျှအင်္ဂလိပ်အုပ်ချုပ်စဉ်ကာလ (မြောက်ဦးနန်းတော်ကုန်းအားဖောက်ပြီးသော် ရှိနောက်တောက်လျှောက်ပိုင်းပြီး လမ်းလုပ်ရန်စီစဉ်ခသည်။ တမြို့လုံးကကန့်ကွက်ဆန္ဒပြသဖြင့် လမ်းမဖောက်လုပ်ဘဲရပ်တန့်ကာ ယခင်မင်းဆင်းလမ်းလှီကားကိုပတ်၍ အရှိအနောက်တဖြောင့်တည်း ကျောက်လှီကား (၂) ခုကို တပ်ဆင်ထားခခြင်းဖြစ်သည်။
ရခိုင်မင်းများလက်ထက် နန်းတော်ကုန်းသို့အဆင်းအတက်ကျောက်လှီကား အစစ်အမှန်နီရာများသည်ကား အနောက်ဘက်၌ ယခုပါတီယူနစ်ယုံးဟောင်းအရှိဘက် ကျောက်လှေကားဆင်းလမ်းတခု၊ ၎င်းနှင့် အရှိဘက်သို့တဖြောင့်တည်း နန်းသားကန်တော်ဘက်သို့ဆင်းလမ်း ကျောက်လှီကားတခုဖြစ်သည်။
ရှိမင်းများသည် ဤနန်းတော်ကုန်းသို့ အရပ်လေးမျက်နှာမှ ဆင်းတက်နိုင်စီရန်အတွက် အရပ်လေးမျက်နှာတွင် ကျောက်လှီကားတန်းခါးပေါက် (၄) ခုကို တွိမြင်ကတ်ရမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ရခိုင်မြို့တည် ဗိသုကာကျမ်း၌ဖော်ပြထားသည်မှာ-
(ခုနစ်ရာကိုးဆယ်၊ စွန်းဝယ်နှစ်ဖော်၊ လတော်သလင်း၊ လျှံဝင်းထွန်းညီး၊ ထွက်ပြီးနီတက်၊ ဆန်းတရက်၌၊ မြောက်ဦးမြို့သာ၊ တည်ခြင်းရာကား၊ တောင်ညိုကုက္ကား၊ နှစ်ပါးတူညီ၊ ဘုမ္မိနက်သန်၊ မြီကြန်သင့်ရာ၊ ယင်းသည်မှာလည်း၊ အကာအင်းသီး၊ ထားတုံပြီးမှ၊ တည်ထမြို့နန်း၊ ကန်စန်းကန်လဂ်၊ တထောင်ဘက်ကို၊ မပျက်ထိုရော်၊ ဆက်တက်သော်ကား၊ အရာထောင်သောင်း၊ ကျိန်းခန်းအောင်း၏) ဟူ၍ပင်လျှင် ပါဟိသည်။ ဤမြောက်ဦးမြို့နန်းတော်ကုန်းကို တံတိုင်းသုံးတန် ဝိုင်းကာရံလျှက် ထိုတံတိုင်းများအကြားတွင်လည်း ကျုံးတော်များထားဟိသည်။
မြို့တံတိုင်းများအထက်ဝယ်လည်း မြင်းစီးသူရဲဗိုလ်ပါများစီးနင်းလားလာလှုပ်လျှားနိုင်အောင် စီမံပြုလုပ်ထားသည်။ မြို့ကျောက်တန်းခါးများကိုလည်း ခိုင်လုံစွာဖြင့် ခမ်းနားကြီးကျယ်စွာ တည်ဆောက်စီမံထားခသည်။ ထို့ကြောင့် မြောက်ဦးမြို့တော်ကြီးသည် ထိုအချိန်ထိုအခါက အိမ်ခြီပေါင်းများစွာနှင့် ကြက်ပျံမကျစည်ကားခသည်။ သို့ဖြစ်ပါ၍ ခရစ်အေဒီ (၁၅) ရာစုမှ (၁၆) ရာစုထိကာလအတွင်း အလွန်ချမ်းသာကြွယ်ဝသော ကမ္ဘာ့အဆင့်မှီ သမိုင်းတွင်ထင်ရှားသော (The City Of MraukK Oo) မြို့ကြီးတမြို့ဖြစ်ပေတော့သည်။
ဓညဝတီဦးအောင်ဇေယျ
(သမိုင်းသုတေသီ)
အငြိမ်းစားကျောင်းဆရာကြီး
မြောက်ဦးမြို့
မြောက်ဦးနန်းတော်ကုန်း
မြောက်ဦးမြို့တော် နန်းတော်ကုန်းကို မင်းစောမွန်တည်ဆောက်ခသည်မှာကား မူလနဂိုရ်အားဖြင့် ကုက္ကားတောင်နှင့် တောင်ညိုတောင်နှစ်ခုကို တူးဖြိုညှိလျှက်တည်ခသော ကျောက်ဆောင်ကျောက်သားမြီခံမြီများဖြစ်သည်။ နန်းတော်ကုန်းပတ်လည် စတုရန်းပုံသဏ္ဍာန်ကို ကျောက်အုတ်များဖြင့်တံတိုင်းပြုကာ အမာခံလျှက် ကေဇာသက္ကရာဇ် (၇၉၂) ခု တော်သလင်းလဆန်း (၁) ရက်တလဂုင်္နီနိ၊ ခရစ်သက္ကရာဇ် (၁၄၃၀) ခုနှစ်တွင် မြောက်ဦးခေတ်ထီးနန်းကို စတင်တည်ထောင်သည်။
ပထမဆုံးမြောက်ဦးခေတ်ထီးနန်းတော်ကို မင်းစောမွန်မင်းများလက်ထက် အုတ်တံတိုင်းများဖြင့်သာ အောက်ခြီချလျှက် တည်ဆောက်ခခြင်းဖြစ်သည်။ မြောက်ဦးဒုတိယခေတ် မင်းဗာဘုရင်လက်ထက်ရောက်သောအခါ၌ကား ကျောက်အမာခံတံတိုင်းများဖြင့်ထပ်မံပြီးသော် ခိုင်ခံ့ကြီးကျယ်စွာတည်ဆောက်သည်။
သို့ဖြစ်ပါ၍ ရခိုင်မဟာရာဇဝင်တော်ကြီးလင်္ကာတွင် (စောမွန်ပျင်ပြု၊ မင်းဗာတည်ကေ၊ ရွှေမြောက်ဦး) ဟုလည်းကောင်း။ (မြောက်ဦးမည်သာ၊ မြို့အောင်ချာကို၊ တည်လှာပြုလစ်၊ သက္ကရာဇ်ကား၊ ဒွေးဖြစ်နဝါ၊ သတ္တသာတည်း) ဟူ၍လည်းကောင်း တွိရသည်။
နန်းတော်ကုန်း၏အဆင့်မှာ သုံးဆင့်ဖြစ်သည်။ ထိပ်ဆုံးအမြင့်မှ အောက်ဆုံးအဆင့်ထိပေပေါင်း (၅၀) မြင့်သည်။ တတိယအဆင့်၏ တောင်မှမြောက်သို့ ပေပေါင်း (၁၆၀၆) ပေဟိသည်။ အရှိမှအနောက်သို့ ပေပေါင်း (၁၇၄၀) ပေ ဟိသည်။ တံတိုင်းများအောက်ခြီတွင် ကျောက်သား (၇) ပေထုထည်ဟိသည်။ တံတိုင်းများ၏အထက်ပိုင်းထုထည်မှာ (၄) ပေဖြစ်သည်။ ပထမနှင့် ဒုတိယတံတိုင်းအကွာအဝီးမှာ ပေပေါင်း (၂၃၇) ပေ ရှည်သည်။ အပေါ်ဆုံးအထက် နန်းရင်ပြင်၏အကျယ်အဝန်းမှာ (၆၅၆) ပေကျယ်ဝန်းသည်။ အရှိဘက်အဆင့်တန်းခါးမှ ဒုတိယအဆင့်တန်းခါးသို့ ပေပေါင်း (၂၃၃) ပေဟိသည်။ ၎င်းမှ တတိယအဆင့်တန်းခါးသို့ (၁၆၆) ပေဟိသည်။
အပေါ်ဆုံးအထက်နန်းရင်ပြင်၏ မြောက်မှတောင်သို့ အလျားပေပေါင်း (၆၇၉) ပေ ကျယ်သည်။ တောင်ဘက် တတိယအဆင့်တန်းခါးမှ ဒုတိယအဆင့်တန်းခါးသို့ ပေပေါင်း (၁၃၈) ပေဟိသည်။ ၎င်းမှ ပထမအဆင့်တန်းခါးသို့ ပေပေါင်း (၄၅၀) ကွာဝီးသည်။ တန်းခါးများ၏ဝင်ပေါက်မှာ (၁၀) ပေစီကျယ်ဝန်းသည်။ တံခါးတဘက်တချက်စီ၏ တန်းခါးဘောင်များမှာ
(ဂ) ပေစီ ရှိသို့ထိုးထွက်လျှက် တည်ဟိသည်။ တံတိုင်းများထုထည်အထူမှာ (၇) ပေ (၆) လက်မစီဟိပြီး (၁၂) ပေစီ မြင့်သည်။ တန်းခါးများ၏အတွင်းဘက်နံရံများ၌ မြီကြီးသည် တပေခန့်အကွာ ကျောက်တုံးကြီးများနှင့် (၈) ပေအမြင့်ဟိသော ကျောက်တုံးကြီးတွင် (၅)လက်မဟိသော အပေါက်တပေါက်စီကို ထွင်းလုပ်ပြုပျင်တပ်ဆင်ထားသည်။
ထိုတန်းခါးပေါက်များကို ပိတ်ဖွင့်နိုင်ရန်အတွက် အရှင်တန်းခါးတပ်ဆင်ထားခြင်းဖြစ်သည်။ နန်းတော်၏အနောက်ဘက် ဒုတိယနှင့် တတိယတံတိုင်းအကြားတွင် ကျုံးများဟိသည်။ အရှိတောင်ဘက်တွင် ဗဟိုရ်စည်တော်ထားဟိသော စည်တော်ကိုအချိန်မှန်ယွန်းသော(ယွန်းထောင်) ခေါ် (ရွန်းတောင်) တည်ဟိသည်။ တောင်ဘက်တွင် (ဝယိုင်သာ) ခေါ် (ဥယျာဉ်တော်) ဟိသည်။
နန်းတော်၏အရှိဘက် ဒုတိယအဆင့်တွင် နန်းတွင်းသူနန်းတွင်းသားများသောက်သုံးကုန်သော သောက်ရီကန် (နန်းသားကန်) တည်ဟိသည်။ ယခုအခါ ထိုကန်ကို (နံသာကန်) ဟုခေါ်ဆိုသည်။ ယခုနန်းတော်ကုန်း၏အရှိဘက်ဆင်းလမ်း (နန်းကျောက်လှီကား) နှင့် အနောက်ဘက် နန်းကုန်းအဆင်းလှီကားရို့မှာ ဗြိတိသျှအင်္ဂလိပ်အုပ်ချုပ်စဉ်ကာလ (မြောက်ဦးနန်းတော်ကုန်းအားဖောက်ပြီးသော် ရှိနောက်တောက်လျှောက်ပိုင်းပြီး လမ်းလုပ်ရန်စီစဉ်ခသည်။ တမြို့လုံးကကန့်ကွက်ဆန္ဒပြသဖြင့် လမ်းမဖောက်လုပ်ဘဲရပ်တန့်ကာ ယခင်မင်းဆင်းလမ်းလှီကားကိုပတ်၍ အရှိအနောက်တဖြောင့်တည်း ကျောက်လှီကား (၂) ခုကို တပ်ဆင်ထားခခြင်းဖြစ်သည်။
ရခိုင်မင်းများလက်ထက် နန်းတော်ကုန်းသို့အဆင်းအတက်ကျောက်လှီကား အစစ်အမှန်နီရာများသည်ကား အနောက်ဘက်၌ ယခုပါတီယူနစ်ယုံးဟောင်းအရှိဘက် ကျောက်လှေကားဆင်းလမ်းတခု၊ ၎င်းနှင့် အရှိဘက်သို့တဖြောင့်တည်း နန်းသားကန်တော်ဘက်သို့ဆင်းလမ်း ကျောက်လှီကားတခုဖြစ်သည်။
ရှိမင်းများသည် ဤနန်းတော်ကုန်းသို့ အရပ်လေးမျက်နှာမှ ဆင်းတက်နိုင်စီရန်အတွက် အရပ်လေးမျက်နှာတွင် ကျောက်လှီကားတန်းခါးပေါက် (၄) ခုကို တွိမြင်ကတ်ရမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ရခိုင်မြို့တည် ဗိသုကာကျမ်း၌ဖော်ပြထားသည်မှာ-
(ခုနစ်ရာကိုးဆယ်၊ စွန်းဝယ်နှစ်ဖော်၊ လတော်သလင်း၊ လျှံဝင်းထွန်းညီး၊ ထွက်ပြီးနီတက်၊ ဆန်းတရက်၌၊ မြောက်ဦးမြို့သာ၊ တည်ခြင်းရာကား၊ တောင်ညိုကုက္ကား၊ နှစ်ပါးတူညီ၊ ဘုမ္မိနက်သန်၊ မြီကြန်သင့်ရာ၊ ယင်းသည်မှာလည်း၊ အကာအင်းသီး၊ ထားတုံပြီးမှ၊ တည်ထမြို့နန်း၊ ကန်စန်းကန်လဂ်၊ တထောင်ဘက်ကို၊ မပျက်ထိုရော်၊ ဆက်တက်သော်ကား၊ အရာထောင်သောင်း၊ ကျိန်းခန်းအောင်း၏) ဟူ၍ပင်လျှင် ပါဟိသည်။ ဤမြောက်ဦးမြို့နန်းတော်ကုန်းကို တံတိုင်းသုံးတန် ဝိုင်းကာရံလျှက် ထိုတံတိုင်းများအကြားတွင်လည်း ကျုံးတော်များထားဟိသည်။
မြို့တံတိုင်းများအထက်ဝယ်လည်း မြင်းစီးသူရဲဗိုလ်ပါများစီးနင်းလားလာလှုပ်လျှားနိုင်အောင် စီမံပြုလုပ်ထားသည်။ မြို့ကျောက်တန်းခါးများကိုလည်း ခိုင်လုံစွာဖြင့် ခမ်းနားကြီးကျယ်စွာ တည်ဆောက်စီမံထားခသည်။ ထို့ကြောင့် မြောက်ဦးမြို့တော်ကြီးသည် ထိုအချိန်ထိုအခါက အိမ်ခြီပေါင်းများစွာနှင့် ကြက်ပျံမကျစည်ကားခသည်။ သို့ဖြစ်ပါ၍ ခရစ်အေဒီ (၁၅) ရာစုမှ (၁၆) ရာစုထိကာလအတွင်း အလွန်ချမ်းသာကြွယ်ဝသော ကမ္ဘာ့အဆင့်မှီ သမိုင်းတွင်ထင်ရှားသော (The City Of MraukK Oo) မြို့ကြီးတမြို့ဖြစ်ပေတော့သည်။
ဓညဝတီဦးအောင်ဇေယျ
(သမိုင်းသုတေသီ)
အငြိမ်းစားကျောင်းဆရာကြီး
မြောက်ဦးမြို့ http://arakanliteraturepalace.weebly.com/index.html.
26.4.10 |
Posted in
ကျွန်တော့်မှတ်စု,
ပင်မစာမျက်နှာ,
ရခိုင်အမွီအနှစ်များ
|
Read More »
ဆရာကြီး ဦးဦးသာထွန်းကို ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ညောင်ပင်ဈီးရွာ အနီး အဖ ဦးကောင်းစံရွှီ၊ အမိ ဒေါ်အောင်ွ့ကဇံရို့မှ ၁၉၁၇ ခု၊ နိုဝင်ဘာလ ၂၃ ရက်၊ သောကြာနိန့်တွင် ဖွားမြင်ခသည်။ တဦးတည်းသောသား ဖြစ်သည်။ ငယ်စဉ်မှ စ၍ အဘိုးဖြစ်သူ ရာဇဝင် ဆရာကြီး ဦးသာထွန်းအောင်က ရခိုင် ရာဇဝင်၊ ဆီးကျမ်း၊ နက္ခတ်ကျမ်း၊ ပူရာဏ်ကျမ်းများအား နုတ်တိုက်အာဂုံ သင်ကြား ပီးခသည်။ နဝမတန်းတွင် ပညာသင် ကြားနီစဉ် ဖခင် ကွယ်လွန်သောကြောင့် ကျောင်းထွက်လိုက်ရပြီး ရဟန်း ပုဂ္ဂိုလ်ရို့ထံတွင် သက္ကဋ၊ ပါဠိ၊ သမိုင်း၊ အင်း၊ ဗေဒင်နှင့် အခြား လောကီ ပညာရပ်များကို သင်ကြား လေ့လာ ဆည်းပူးခသည်။.
၁၉၅ဝ ခုနှစ်မှ ၁၉၅၅ ခုနှစ်ထိ မူလတန်း ကျောင်းဆရာ အဖြစ် ဝင်ရောက် လုပ်ကိုင်ခပြီး၊ ၁၉၅၅ ခုနှစ်မှ ၁၉၇၇ ခုနှစ်ထိ မြောက်ဦးမြို့ ရှေးဟောင်း သုတေသန ဌာနခွဲတွင် ရခိုင် မြန်မာ ပဏ္ဍိတ် အဖြစ် တာဝန် ထမ်းဆောင်ခသည်။ ယခုလက်ဟိ မြောက်ဦး ရှေးဟောင်း သုတေသန ပြတိုက်ကြီးသည် ဆရာကြီး စုဆောင်း တည်ဆောက်ခသော ပြတိုက်ကြီး ဖြစ်သည်။
၁၉၇၇ ခုနှစ် မှ ၁၉၈၃ ခုနှစ်ထိ မြောက်ဦးမြို့ ရှေးဟောင်း သုတေသန ဌာနခွဲတွင် အကြံပီး ပုဂ္ဂိုလ် အဖြစ် ဆက်လက် တာဝန် ထမ်းဆောင်ခသည်။
၁၉၈ဝ ခုနှစ်မှ ၁၉၈၃ ခုနှစ်ထိ တူးဖော်ခသော ရခိုင် ဝေသာလီမြို့ဟောင်း တူးဖော်မှု လုပ်ငန်းတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင် တူးဖော် ဆောင်ရွက်ခသည်။
မြောက်ဦးမြို့ ဘုရားသမိုင်း (၁၃ဝ၁ ခုနှစ် ပုံနှိပ်)၊ ဦးရာဇ် တောင် ဘုရား သမိုင်းကျမ်း ပြင်ဆင် ဖြည့်စွက်ချက် (ပုံနှိပ်) (၁၉၅၂ - ၅၃)၊ ရက္ခိုင် အမျိုးသမီး သူရဲကောင်း အတ္ထုပတ္တိ (၁၉၅၃ - ၅၄) (ပုံနှိပ်)၊ ရက္ခိုင် ရာဇဝင် သင်္ခေပကျမ်း (၁၉၅၄ - ၅၅) ပုံနှိပ်၊ ဝသဲ ဘုရားသမိုင်း (ပုံနှိပ်)၊ ရှင်သတ် ဘုရားသမိုင်း (ပုံနှိပ်) များအား ပုံနှိပ် ထုတ်ဝီခသည်။ ရက္ခိုင် ကဗျာပေါင်းချုပ်၊ ရက္ခိုင် ရာဇဝင် ဘာသာပြန်၊ ရက္ခိုင်ဒင်္ဂါးများ (ဘာသာပြန်)၊ ရက္ခိုင် ဓာတ်တော်ဘုရား စေတီများနှင့် မြောက်ဦးမြို့ တန်းခိုးကြီး ဘုရားများ၊ သမိုင်း ကျမ်းစာများကို ရေးသား ပြုစုပြီး ဘဏ္ဍာရေး ဝန်ကြီး ဆာဦးထွန်းအောင်ကျော် ထံတွင် အပ်ခသည်။
အံတော်သိမ် ဘုရားသမိုင်းကျမ်း၊ သဲထက် ဘုရားသမိုင်း၊ ထီးတော်မိုး ဘုရားသမိုင်း၊ ဘောင်းဒွတ်နတ်တောင် ဘုရားသမိုင်း၊ ဝေသာလီ ဘုရားကြီးသမိုင်း၊ သိမ်တော်ကြီး ဘုရားသမိုင်း၊ မဟာထီး ဘုရားသမိုင်း၊ ပါးတော် ဘုရားသမိုင်း၊ ဘုရားပေါ် ဘုရားသမိုင်း၊ သျှစ်သောင်း ဘုရားသမိုင်း၊ မင်္ဂလာ ဓာတ်ရွှေကူ ဘုရားသမိုင်းများကို လင်္ကာ စကားပြေ မော်ကွန်း စသည့်တို့ဖြင့် ရေးသား ထုတ်ဝေခဲ့သည်။
ဓညဝတီ မဂ္ဂင်း စာတည်း၊ အယ်ဒီတာ အဖြစ် တာဝန်ယူ ထုတ်ဝေခဲ့သည်။ ဓညဝတီ စာစောင်၊ ဓညဝတီ မဂ္ဂဇင်း၊ ရခိုင်တန်ဆောင် မဂ္ဂဇင်း၊ မန္တလေး ပြည်သူ့ဂျာနယ်၊ ရန်ကုန် မဂ္ဂဇင်း၊ စုံထောက် မဂ္ဂဇင်း၊ ယဉ်ကျေးမှု စာစောင်၊ ရခိုင် မဂ္ဂဇင်း၊ စစ်တွေ ကောလိပ် မဂ္ဂဇင်း၊ ရခိုင် ပြည်နယ် စာစောင်၊ ဝရာဇ်မြေ မဂ္ဂဇင်းများတွင် ဦးဦးသာထွန်း၊ ဦးသူရိယ အစဟိသော ကလောင် အမည်များဖြင့် ဆောင်းပါးများ ရေးသားခသည်။
မြို့စောင့်နတ် ဒေဝတာဗလီ ပူဇော်ကျမ်း၊ အဉ္ဇန နိဒါန်း ဆီးကျမ်း၊ ရခိုင်စည် ပြုလုပ်ပုံနှင့် တီးကွက်၊ တီးလုံးများ၊ ကဗျာများ စုပေါင်း စာတမ်း၊ ရခိုင် ထိမ်းမြားမင်္ဂလာ ပန်းတျား တီးလုံး၊ တီးကွက်နှင့် ပြုလုပ်ပုံ အတိုင်းအတာ စာတမ်း၊ ရခိုင် သတ်ပုံ သတ်ညွှန်းခွဲထားခြင်း အဓိပ္ပာယ်ထွက်ပုံ စာတမ်း၊ ရခိုင်ပလွီ (ပြွီ) အမျိုးမျိုး ပြုလုပ်ပုံ အတိုင်းအတာ စာတမ်း၊ သျှိုင်ဒိုင်၊ ကောက်ဦးဆွမ်းတင်၊ ပိုးဝါ၊ ဗုဒ္ဓ ပူဇနိယ ဆီမီးခွက် အက၊ တေးခြင်းကဗျာ စသည်ရို့ကို ရေးသား ပြုစုခသည်။
ဆင်ယင် ထုံးဖွဲ့မှုကျမ်း (မူကြမ်း)၊ ရခိုင် ရာဇဝင် (မူကြမ်း)၊ ရခိုင်အက္ခရာ ဆင်းသက်လာပုံကျမ်း (မူကြမ်း)၊ ရခိုင် ကျောက်စာ ပေါင်းချုပ်ကျမ်း (မူကြမ်း)၊ ရခိုင်ဘုရင် သမိုင်းကျမ်း (မူကြမ်း)၊ ရခိုင်သား ဒေါင်းမာတင် (မူကြမ်း)၊ သျှင်မြဝါကျမ်း (မူကြမ်း)၊ ရခိုင်မင်းသမီး ဧချင်း ယှင်းလင်းချက် (မူကြမ်း)၊ ဗျာလစာတမ်း (မူကြမ်း)၊ ကျောက်တော်မြို့ သေလာဂီရီ မောပဗ္ဗတ တောင်ခြီရင်းမှ တွိ့ခရသော ကျောက်ဆစ်လက်ရာများ သုတေသနပြုချက် (မူကြမ်း) စသည်ရို့ကို ရေးသား ပြုစုခသည်။
သြစတြေးလျနိုင်ငံ အမျိုးသား တက္ကသိုလ် သုတေသီ PAMELA GUTMAN ၏ ANCIENT ARAKAN ကျမ်း ပြုစုစဉ်တွင် လည်းကောင်း၊ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှ ပါမောက္ခ ရောဖတ်ဆာဗ်ရ် (BERNOT) အတွက် ရခိုင်ပုံပြင် လိပ်ကန်ဖာမ ဝတ္ထုနှင့် ကျီးဖြူရွာ စာတမ်းများကို လည်းကောင်း၊ ပြင်သစ်နိုင်ငံ ပါမောက္ခ ဦးလှသိန်း (ခေါ်) ဂျွန်န်အိုကဲလ်ဖို့၏ စေတီ အဆောက်အအုံနှင့် နန်း အဆောက်အအုံ စာတမ်းကို လည်းကောင်း၊ အမေရိကန်နိုင်ငံ အာယှဖောင်ဒေးယှိန်း အတွင်းရေးမှူး ဒေးဗစ်စတိမ်းဗာစ်၏ ဝေသာလီ ကျောက်ရုပ်တု ဆင်းတုများ၏ နှစ်ပေါင်း ကြာညောင်းမှုအား တိုင်းတာမှု စာတမ်းကို လည်းကောင်း၊ ဂျပန်နိုင်ငံ ပါမောက္ခ အိုနို တိုရရူနှင့် ရခိုင် စကားပြော လီယူလီသိမ်း အသံထွက်ပုံ စာတမ်းနှင့် ဘောင်းဒွတ် အရပ်တွင် ဟိသော ဒတ်ခ်ျ ကောင်ဆယ်လာ အဆောက်အအုံ ပုံစံနှင့် ကူးသန်း ရောင်းဝယ်ခပုံ စာတမ်းကို လည်းကောင်း ရေးသား ပြုစုရာတွင် ကူညီခသည်။
နိုင်ငံတော် အစိုးရ ယဉ်ကျေးမှု ဌာနနှင့် အခြား ပုဂ္ဂိုလ်ရို့ကိုလည်း ဆရာကြီးသည် ကူညီပီးခသည်။ ဦးမင်းနိုင်၏ ပြည်ထောင်စု အကပဒေသာ စာအုပ် (၁၉၅၉)၊ ရခိုင် တိုင်းရင်းသား လူမျိုး ဖြစ်စဉ်နှင့် ဓလေ့ထုံးစံများ စာအုပ်၊ တိုင်းရင်းသား ယဉ်ကျေးမှု ရိုးရာ ဓလေ့ထုံးစံများ၊ ရခိုင်ပြည်နယ် ဘဏ္ဍာတိုက်ကြီးများကျမ်း၊ ရခိုင်ရိုးရာ စည်တော်နှင့် တူရိယာ တီးကွက်များ စာတမ်း၊ မြန်မာ ဝေါဟာရ အဘိဓာန်ကျမ်း ပြုစုစဉ် ဝေါဟာရ စာလုံးများ ပြုစုပြီး ပီးပို့ခြင်း၊ ရခိုင် ဝေါဟာရ အဘိဓာန် ပြုစုစဉ် ဝေါဟာရ စာလုံးများနှင့် အဓိပ္ပါယ် ဖွင့်ဆိုချက်၊ ကျမ်း ကိုးကားချက်များ စာအုပ် ပြုစုခြင်း၊ ၁၉၇၆ - ၇၇ ခု ရခိုင်ပြည်နယ်နိန့်၊ ရခိုင်ပြည်နယ်၊ တံဆိပ်၊ ရခိုင်ရိုးရာ ကျား/မ ဝတ်စုံ စာတမ်း၊ ရခိုင်ပြည်နယ် ဖြစ်စဉ်သမိုင်း၊ မြောက်ဦးလမ်းညွှန် စသည်ရို့ကို ပါဝင် ကူညီ ရေးသား ပြုစုခသည်။
အထက်တန်း ပညာ ဦးစီးဌာန ညွှန်ချုပ် (ငြိမ်း) ပါမောက္ခ ဦးစံသာအောင် အတွက်လည်း ၁၉၇၂ ခု အဘိဓမ္မာ ကောက်နုတ်ချက် ပုရပိုက်ကို မိုက်ခရိုဖလင် ရိုက်နှိပ်ရန် အတွက် လည်းကောင်း၊ ဂ(က)ဝိကဏ္ဍ ပါသဏကျမ်း ပီမူကို မိုက်ခရိုဖလင် ရိုက်နိုင်ရန် လည်းကောင်း၊ လျှိုဝှက်ကျောက်စာ ဂဏန်းရေးနည်း ပီမူကို မိုက်ကရိုဖလင် ရိုက်ရန် လည်းကောင်း၊ အေဒီ ၆ ရာစုနှင့် ယင်းမတိုင်မီက ရခိုင်ပြည်နယ်သုံး အက္ခရာစာအုပ် ပြုစုရာတွင် လည်းကောင်း၊ အနန္ဒစန္ဒြား ၈ ရာစု ရခိုင် ဝေသာလီ စာအုပ် ပြုစုရာတွင် လည်းကောင်း၊ ရခိုင်ဒင်္ဂါးများ သမိုင်း ပြုစုရာတွင် လည်းကောင်း၊ ဗုဒ္ဓ အနုပညာ (Buddhist Art of Ancient Arakan) စာအုပ်ပြုစုရာတွင် လည်းကောင်း ပါဝင် ကူညီခသည်။
၁၉၅၉ ခုနှစ်မှာ မြန်မာ့ အသံ ရေဒီယိုမှ ရခိုင်အသံကို အစဆုံး အသံလွှင့်ခသည်။ တိမ်မြှုပ် ပျောက်ကွယ် လားခပြီး ဖြစ်သော ရခိုင်ယဉ်ကျေးမှု အမွီအနှစ်၊ ရခိုင်သမိုင်း၊ ရခိုင့်စာပီ၊ ရခိုင့်ရိုးရာ ဓလေ့ ထုံးတမ်းစဉ်လာများအား ကမ္ဘာက သိအောင် ရှာဖွီစုဆောင်း လေ့လာ ဖော်ထုတ်ခသည်။ ထိန်းသိမ်း စောင့်ချောက်ခသည်။ ရခိုင်သူ၊ ရခိုင်သားများကိုလည်း ရခိုင့်ယဉ်ကျေးမှု အမွီအနှစ်၊ ရခိုင့်သမိုင်း၊ ရခိုင့်စာပီ၊ ရခိုင့်ရိုးရာ ဓလေ့ထုံးတမ်းစဉ်လာ ဖော်ထုတ် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရန်လည်း အမြဲ ဆော်သြခသည်။
ဆရာကြီး သည် ရခိုင့် ယဉ်ကျေးမှု အမွီအနှစ်၊ ရခိုင့်သမိုင်း၊ ရခိုင်စာပီ၊ ရခိုင့်ရိုးရာ ထုံးထမ်းစဉ်လာများကို ဖော်ထုတ်ခသော ဖခင်ကြီး ဖြစ်သည်။
ဆရာကြီးသည် ရခိုင် ဒီမိုကရေစီ ရဟိရေး၊ တိုင်းရင်းသားများ တန်းတူ အခွင့်အရေး ရဟိရေး အတွက်လည်း စွမ်းစွမ်းတမံ ရှေ့တန်းမှ ဦးဆောင်ဦးရွက် ဆောင်ရွက်ခသည်။ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်တွင် နာယကကြီး အဖြစ် ထမ်းဆောင်ခပြီး၊ ကျောက်တော်မြို့ မဲဆန္ဒနယ် အမှတ် (၁) တွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးလည်း ဖြစ်သည်။ ဆရာကြီးသည် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၏ စည်းရုံးရေး ခရီးစဉ် အဖြစ် အနယ်နယ် အရပ်ရပ်သို့ မဲဆွယ် တရားဟော ထွက်စဉ် မင်းပြားမြို့နယ်၊ ပြားချောင်း ကျေးရွာ မဲဆွယ် တရားဟောပွဲတွင် တရားဟော နီစဉ် ဖမ်းဆီးခံရပြီး ထောင်သွင်း အကျဉ်းချ ခံခရသည်။
ဆရာကြီးအား အမျိုးသားရေး တရားဟောသည် စသည်ဖြင့် အမျိုးမျိုး စွဲချက်တင်ပြီး ဖမ်းဆီးခခြင်း ဖြစ်သည်။ နဝတ/ နအဖ စစ်အစိုးရ၏ တိုင်းပြည်အပေါ် မတရား စော်ကားမှုများကို ဆရာကြီး၏ အချက်ကျကျ ဝေဖန် ဟောပြောမှုများကြောင့် နဝတ/ နအဖ စစ်ဝါဒီများ၊ ဗမာ လူမျိုးကြီး ဝါဒီများအား အနာပေါ် ဒုတ်ကျသကဲ့သို့ ဆတ်ဆတ်ထိ မခံမရပ်နိုင် ဖြစ်ခရသည်။
ယင်းကြောင့် ဆရာကြီးအား အငြိုးထားကာ မတရား ဖမ်းဆီးခခြင်း ဖြစ်ပြီး ထောင်ဒဏ် ၃ နှစ် အပြစ်ပီးကာ စစ်တွေထောင်တွင် အကျဉ်းချ ထားခသည်။ ထောင်ကျပြီး ၅ လ အကြာ ၁၉၉ဝ သြဂုတ် ၁၄ တွင် ကွယ်လွန်ခသည်။ (ထောင်ထဲတွင် နဝတ/ နအဖ စစ်ဝါဒီများက ဆရာကြီးအား ထမင်းကျွေးရာတွင် စိန် အစ ဟိသော အဆိပ်ပါသည့် အစားအစာများအား နိန့်တိုင်းပိုင်ချောင် စကေချေ ထည့်ကျွေး လုပ်ကြံခသည်ဟု ရခိုင် အမျိုးသားများက ယုံကြည်နီကြသည်။)။ ယကေလေ့ နဝတ/ နအဖ စစ်ဝါဒီများက ဆရာကြီး သီဆုံးရခြင်းသည် ဦးဂေါင်းတွင် သွီးမတိတ်သည့် ရောဂါ (Cerebral Haemorrhage) ဖြင့် အကျဉ်းထောင် ဆီးရုံတွင် သီဆုံးခရခြင်း ဖြစ်ကြောင်း The Truth အမည်ရှိ ဆောင်းပါးများကို လုပ်ကြံ ဖန်တီး ရေးသားခသည်။
ဆရာကြီး၏ အလောင်းကို သူ၏ဇာတိ ချက်ကြွီ မြောက်ဦးမြို့သို့ ယူဆောင်လာခပြီး ဆရာကြီး အလွန် တန်ဖိုးထားခသော ရန်အောင်ဇေယျ (ခေါ် ) သျှစ်သောင်း ပုထိုးတော်ကြီး ဘုရားရိပ်တွင် မြီမြှုပ် သင်္ဂြိုဟ်ခသည်။ http://todayarakan.blogspot.com/2010/03/blog-post_6684.html .
21.4.10 |
Posted in
ကျွန်တော့်မှတ်စု,
ပင်မစာမျက်နှာ,
ပညာရှင်များ
|
Read More »
ကျွန်တော်သည် ဆရာတော်အသျှင်ဉာဏိဿရ၏မိန်းခွန်းများအပေါ် ဆရာကြီးဦး ဦးသာထွန်း (ရခိုင်မြန်မာပဏ္ဍိတ) မှ ဖြေကြားချက်များအနက် မိန်းခွန်းနံပါတ် (၁၉) ၏ ဖြေကြားယှင်းလင်းချက်ကို ၁၉၉၆ ခုနှစ် ထုတ်ဝီသော ရခိုင်သဟာယအသင်း မဂ္ဂဇင်း အမှတ် (၃) တွင် ရွီသားဖော်ပြပြီးဖြစ်ပါသည်။ ယခုဆရာတော်၏ မိန်းမြန်းသော ကျန်မိန်းခွန်း (၅) ခုအပေါ် ဆရာကြီး၏ဖြေကြားယှင်းလင်းချက်များကို အပြည့်အစုံ ဖော်ပြရွီးသားလိုက်ပါသည်။.
မိန်းခွန်းနံပါတ် (၂) ဗုဒ္ဓ၏ပါဠိတော်အဠကထာရို့တွင်မပါဟိဘဲ မြတ်စွာဘုရားသည် ဓည၀တီပြည်သို့ ကြွရောက်ပြီး ကျောက်တော်တောင်၌တန့်ရပ်သည်ဟု ရွီးသားပြောဆို ကြသည်။ ဤအကြောင်းကိုလည်း ယှင်းလင်းပီးပါ။ မိန်းခွန်းနံပါတ် (၃) ဗုဒ္ဓ၏ပါဠိတော်အဋ္ဌကထာစသည်ရို့၌မပါဟိဘဲ မြတ်စွာဘုရားသည် စန္ဒသူရိယမင်းကြီးနှင့် တွိဆုံပြီး မာဟာမုနိဘုရားကိုသွန်းလုပ်ခသည်ဟု ရွီးသားပြောဆိုကြသည်။ ဤအကြောင်းကိုလည်း ဖြေယှင်းပီးပါ။
အသျှင်ဘုရား၏မိန်းခွန်းနံပါတ် (၂) နှင့် (၃)ကို တပေါင်းတည်းဖြေကြားလိုပါသည်။ မိန်းခွန်းများမှာ တသဘော တည်း ဖြစ်နီခြင်းကြောင့်ပါဘုရား။ တပည့်တော်သည် ရခိုင်ပြည်သို့ ဗုဒ္ဓဘာသာရောက်လာခပုံကို နံပါတ် (၁) မိန်းခွန်းအပေါ် အသေးစိတ်ယှင်းလင်းလျှောက်ထားပြီးဖြစ်ပါသည်ဘုရား။ နောက်ထပ် လျှောက်ထားပါမည်ဘုရား။ တပည့်တော်ရို့ ရခိုင်ပြည်တွင် ယခုကိုးကွယ်နီသော ဗုဒ္ဓဘာသာမှာ မြောက်ဦီးခေတ် ဘုရင်များ အုပ်စိုးခသောကာလမှ ဆက်ခံယူခသော ဗုဒ္ဓအယူဝါဒဖြစ်ပါသည်။
မြောက်ဦးခေတ်မတိုင်မှီ လောင်းကြက်မြို့ဟိခပါသည်။ ထိုမြို့ကိုအုပ်စိုးသောဘုရင်များမှာလည်း ဗုဒ္ဓဘာသာ မင်းများ ဖြစ်ပါ၍ သာသနိကအဆောက်အဦးများစွာ တည်ထားခပါသည်။ ရဟန်းပညာဟိများ ထွန်းကားခပါသည်။ ဤလောင်းကြက်ဘုရင်များသည် ဗုဒ္ဓဘာသာကို နေရဉ္စရာမြို့တွင်အုပ်စိုးခသော ဘုရင်များမှတဆင့် လက်ခံယူခြင်း ဖြစ်ပါသည်။ နေရဉ္စရာမြို့တွင် ထွန်းကားခသော ဗုဒ္ဓသာသနာမှာ ပုရိန်မြို့မှဆင်းသက်သော ဗုဒ္ဓသာသနာဖြစ်ပါ သည်။ ပရိန်မြို့တွင်အုပ်စိုးခသောဘုရင်များသည် ပဉ္စမြို့မှဗုဒ္ဓသာသနာကို တဆင့်လက်ခံယူလာခပါသည်။ ပဉ္စာမြို့ ဗုဒ္ဓသာသနာမှာလည်း ဝေသာလီမြို့မှ ဆင်းသက်လာခြင်းဖြစ်ပါသည်။ ဝေသာလီမြို့ကို စတင်တည်ထောင်သော မဟာတိုင်းစန္ဒြားမင်းကြီးသည် မဟာမုနိဘုရားတွင် ကုသိုလ်ကောင်းမှုပြုလုပ်ခပါသည်။ သိမ်တော်နှင့်ပလ္လင်တော်များကို အသစ်တဖန်တည်ကြောင်း သမိုင်းမှတ်တမ်းများ၌ တွိရပါသည်။
တပည့်တော် ရှိကလျောက်ထားခသည့်အတိုင်း ထိုမင်းကြီးကုသိုလ်ကောင်းမှုပြုခသည်ကို မဟာမုနိ ဘုရားကုန်းတော် ဒုတိယအဆင့် အရှိတောင်ထောင့် ယက္ခသေနာပတိ ပနာဒရုပ်ထုတွင် စာရွီးထိုးခပါသည်။
အမှန်တည်ဟိခသောမြို့
ဤကဲ့သို့ မဟာတိုင်စန္ဒြမင်းကြီးသည် မဟာမုနိသိမ်းတော်ကို အသစ်တဖန် တည်ဆောက်သည်ဟုဆိုသဖြင့် မဟာတိုင်းစန္ဒြမင်းကြီးမတိုင်မှီကပင် သိမ်တော် အဟောင်းနှင့် မဟာမုနိရုပ်သျှင်တော်မှာ ဟိနှင့်နီပြီးဖြစ်ကြောင်း သိရပါသည်ဘုရား။ ယင်းသို့ဖြစ်လျင် ဝေသာလီခေတ်မတိုင်မှီ မည်သည့်ခေတ်ဟိခသည်ကို ခြီရာကောက် အတိုင်းလိုက်ပါလျှင် ဓည၀တီမြို့တော်မှာ စိတ်ကူးယဉ်ပြီးရွီးခသော မြို့တော် မဟုတ်ကြောင်း လီယာဉ်မှရိုက်ကူးထားသော ဓါတ်ပုံကိုကြည့်ခြင်းဖြင့် သိနိုင်ပါသည်။ အမှန်တကယ်ဟိခသော မြို့ဖြစ်ကြောင်း ပြည်တွင်းပြည်ပသမိုင်းပညာသျှင်များက ယုံကြည်လက်ခံပါသည်ဘုရား။
သပ္ပဒါနပကာရနကျမ်းမှာဟိ
တပည့်တောရို့၏သမိုင်းများတွင်လည်း တတိယဓည၀တီမြို့တော်ကို စန္ဒသူရိယမင်းတည်ကြောင်း ဖတ်ရပါသည်။ ဤစန္ဒသူရိယဘုရင် ဓည၀တီ၌ အုပ်စိုးစဉ်ကာလမှာ မြတ်စွာဘုရားသျှင် အနောက်မဇ္ဈိမဒေသ၌ ဟိနီချိန်ဖြစ်ပါသည်။ တပည့်တော်လက်ထဲတွင်ဟိနီသော သပ္ပဒါနပကာရနကျမ်းတွင် စန္ဒသူရိယမင်းလက်ထက် ဘုရားသျှင်ကိုယ်တော်တိုင် ဓည၀တီသို့ကြွရောက်ပြီး မဟာမုနိရုပ်ရှင်တော်ကိုသွန်းကြောင်း အသေးစိတ် ရွီးထားပါသည်။
ကျောက်စာက သက်သီခံ
၎င်းပြင် တောင်ပေါက်ကြီးကျောက်စာကလည်း သက်သီခံနီပါသည်ဘုရား။ မြတ်စွာဘုရားသည် စန္ဒသူရိယမင်းအား ဓမ္မစကြာတရားတော်နှင့် ရုပ်တုဆင်းတု တော်များကို တည်ထားကိုးကွယ်ခြင်းဖြင့်ရအပ်သော အကျိုးတရားများကို သတ္တုဗိမ္ဗပူဇနိယနိသေသသုတ္တန်ဖြင့်ဟောကြားခပါသည်။ ဤသုတ္တန်မူရင်းစာပီလည်း ဟိပါသည် အသျှင်ဘုရား။
ဂုဏ်ပြုထားသည့်ရုပ်တု
စန္ဒသူရိယမင်းအား မြတ်စွာဘုရား ဓမ္မစကြာတရားတော်ကိုဟောကြားနီဟန် ထုလုပ်ထားသော ကျောက်ပြားတချပ်ကိုလည်း တွိရပါသည်။ ဝေသာလီမဟာတိုင်း၊ စန္ဒြမင်းကြီးက စန္ဒသူရိယမင်းအား ဂုဏ်ပြုထုလုပ်ထားသော ရုပ်တုဖြစ်ဟန်တူပါသည်။
မြတ်စွာဘုရားသျှင်သည် ရခိုင်ပြည်ဓည၀တီကို ကြွရောက်စဉ်က သေလာဂီရိတောင်ပေါ်၌ရပ်တန့်ပြီး ဗျာဒိတ်တော်ပီးကြောင်း သပ္ပဒါနပကာရနကျမ်းတွင် အသေအချာဖော်ပြထားပါသည်။ ချစ်သားအာနန္ဒာ၊ ငါသည် ဘုရားဖြစ်ရန်အတွက် ဆယ်ပါးသောပါရမီတော်နှင့် သုံးဆယ်သောပါရီတော်ငယ်များကို ဖြည့်ဆည်းခရသောကာလ၌ ဤဓည၀တီပြည်တွင် အလီလီလူအဖြစ်ကျင်လည်ဖူးခသည်။ ယခုငါရပ်တန့်နီသော သေလာဂီရိတောင်၏အနီးပတ်ဝန်းကျင်တွင် ပန်းပွတ်သမားအဖြစ်နှင့် ငါနီထိုင်ခသည်။ ငါဘုရား ပရိဗ္ဗာန်စံလွန်ပြီး နောက်ကလ၌ ငါ၏ကြောရိုးတော်ဓာတ်ကို ဌာပနာ၍ စေတီတည်လတ္တံ့။ ကြောရိုးတော်ဓာတ်စေတီ တွင်လတ္တံဟု ဗျာဒိတ်ပီးခပါသည်။ ထိုဓာတ်တော်ကို နောက်ကာလတွင် ကျောက်တော်ဓာတ်စေတီဟု ခေါ်တွင်ပါသည်။ ထိုနာမည်ကို အစွဲပြု၍ မြစ်တဖက်ဟိမြိုကိုလည်း ကျောက်တော်မြိုဟု ခေါ်တွင်ပါသည်။
ရုပ်ရှင်တော်သွန်းကြောင်းယုံကြည်
ဤကဲ့သို့ ဘုရားဗျာဒိတ်ဝင် ဓာတ်တော်စေတီ (၂၄၈) ဆူဟိပါသည်။ ဤဓာတ်တော်စေတီများကို ဝေသာလီပြည်သျှင် မဟာတိုင်းစန္ဒြမင်းကြီးသည် ပြန်လည်ပြုပျင်ကြောင်း သမိုင်းမှတ်တမ်းအရ သိရပါသည်။ ဤအကြောင်းကိုထောက်၍လည်း ထိုဓာတ်တော်စေတီများမှာ ဝေသာလီခေတ်မတိုင်မှီကပင် ဟိနှင့်ပြီးဖြစ်ကြောင်း သိနိုင်ပါသည်။ ရခိုင်သမိုင်းစာပီနှင့်လည်းကောင်း၊ ရုပ်ဝတ္တုသက်သီဖြင့်လည်းကောင်း ကိုက်ညီနီပါ၍ စန္ဒသူရိယမင်းလက်ထက် မြတ်စွာဘုရားသျှင် ဓည၀တီသို့ကြွရောက်ပြီး မဟာမုနိရုပ်ရှင်တော်ကို သွန်းလုပ်ကြောင်း ယုံကြည်ပါသည်ဘုရား။
မန္တလေးမဟာမုနိ ဇာကရ
နောက်တချက်က ဆရာတော်ရို့မန္တလေးမြို့တွင်ဟိနီသော မဟာမုနိဘုရားကို ဇာကရယူခပါရေလဲဘုရား။ ဤမဟာမုနိဘုရားကို ဘိုးတော်ဘုရား၏သားတော်ကြီးဥပရာဇာသည် ရခိုင်ပြည်ကပင့်ယူခစွာ မဟုတ်ပါလားဘုရား။ ဤဘုရားကြီးသမိုင်းမှာလည်း ရခိုင်ပြည်ဓည၀တီပြည်သျှင် စန္ဒသူရိယမင်းသွန်းလုပ်ကြောင်း ရွီးထားပါသည်ဘုရား။ သမိုင်းအစောင်စောင်၌လည်း မဟာမုနိဘာရားကို စန္ဒသူရိယမင်းသွန်းလုပ်ကြောင်း တညီတညွတ်တည်းဖော်ပြထားပါသည်ဘုရား။ ယင်းမြတ်စွာဘုရား ကိုယ်တော်တိုင် ရခိုင်ပြည်သို့ကြွရောက်၍ သေလာဂီရိတောင်ပေါ်၌တထောက်ရပ်တန့်ပြီး စန္ဒသူရိယမင်းလျှောက်ထားသဖြင့် နန်းတော်သို့ကြွရောက်သီတင်းသုံးပြီး မဟာမုနိရုပ်ရှင်တော်ကို သွန်းလုပ်သည်မှာ မှန်ကန်ကြောင်း ဖြေကြားလိုပါသည် ဘုရား။
မိန်းခွန်းနံပါတ် (၄) သင်္ဂါယနာခြောက်တန်၌ မပါဘဲလျက် ရခိုင်ပြည်ဝေသာလီ ရွှေတောင်ကြီး၌ စတုတ္ထသင်္ဂါယနာကို တင်သည်ဟု ရွီးသားပြောဆိုကြသည်။ ဤအကြောင်းကိုလည်း ဖြေယှင်းပါ။
ဤမိန်းခွန်းနှင့်ပတ်သက်၍ တပည့်တော်အရှည်ဖြေကြားရမည်ဖြစ်ပါသည်ဘုရား။ ဘုရားသျှင် ပရိနိဗ္ဗာန်စံလွန်ပြီးမကြာမြင့်မှီကာလတွင် အဇာတသတ်မင်းကြီးသည် ပထမအကြိမ် သင်္ဂါယနာတင်ပါသည်ဘုရား။ တင်ရသောအကြောင်းရင်း၊ တင်ခသောနီရာနှင့်တိုင်းပြည်၊ တင်ရာ၌အားပီးအားမြှောက်ပီးသောဘုရင်၊ တင်ရာ၌ပါဝင်သောရဟန္တာများ၊ ဦးဆောင်သောရဟန္တာ၊ ရည်ညွှန်းသောဂါထာပုဒ်၊ ပါဠိတော်စသည်အားဖြင့် အင်္ဂါဆယ်တန်နှင့်ပြီးအောင်တင်ခကြောင်း ဖတ်ရပါသည်ဘုရား။
ပဉ္စမသင်္ဂါယနာတင်
တပည့်တော်ရို့ ရခိုင်ပြည်ဖက်ကစာပီတိမှာ သင်္ဂါယနာအကြောင်းနှင့်ပတ်သက်၍ သင်္ဂါယနာကြီး၊ သင်္ဂါယနာချေ (ငယ်) ဟူ၍ နှစ်မျိုးနှစ်စားတွိရပါသည်။ သဂါင်္ယနာကြီးများကို နံပါတ်စဉ်အတိုင်းရွီတွက်ပြီးလျှင် သင်္ဂါယနာငယ်များကိုတော့ မိမိရို့၏တိုင်းပြည်အတွင်း၌ နံပါတ်စဉ်တပ်တားခပါသည်။ လေးမြို့ခေတ်ပဉ္စာမြို့၌ ဘုရင်မင်းရင်ဖြူသည် ဧကဒသမမြောက်သင်္ဂါယနာကိုတင်၏ဟူ၍ ရွီးထားချက်ကိုတွိရပြီးလျှင် ၎င်းမင်းသည် ပဉ္စမမြောက်သင်္ဂါယနာကိုလည်းတင်၏ဟုလည်း တွိရပါသည်။ ဘုရင်တပါးတည်း သင်္ဂါယနာနှစ်ကြိမ်တင်ကြောင်း သိရပါသည်။ ဤသို့ဖြစ်လျှင် မင်းရင်ဖြူသည် သင်္ဂါယနာကြီးကို ပဉ္စမအကြိမ်တင်ပြီးလျှင် သင်္ဂါယနာငယ်ကို တဆယ့်တကြိမ်မြောက်တင်သည်ဟု မှတ်သားရပါသည်ဘုရား။
သမိုင်းမှတ်တမ်းမှာတွိ
တပည့်တော် သင်္ဂါယနာတင်ခြင်းဆိုင်ရာ ရခိုင်ပြည်သို့စီးဆင်းလာသော ရီစီးကြောင်းကိုရာ လျှောက်ထားပါသည်ဘုရား။ တပည့်တော်ရှိက လျှောက်ထားသည့်အတိုင်း တပည့်တော်ရို့ရခိုင်တွင် မိမိရို့၏သာသနာဆိုင်ရာ ဆင်းသက်ပုံသည်လည်းကောင်း၊ မိမိလူမျိုးဆင်းသက်ရာ၎င်း၊ မြို့ပြအုပ်ချုပ်ရေး ဘုရင်မင်းဆက်များ စဉ်ဆက်ဆင်းသက်လာပုံကို သီးခြားတွိရပါသည်။ ဤအကြောင်းများကို မိမိရို့၏သမိုင်း မှတ်တမ်းများမှာ တွိရမည်ဖြစ်ပါသည် ဘုရား။
မြတ်စွာဘုရားပရိနိဗ္ဗာန်စွံလွန်ပြီးနောက် မကြာမှီကာလတွင် ပထမအကြိမ်သင်္ဂါယနာကို ရာဇဂြိုဟ်၌ကျင်းပပြုလုပ်ပါသည်။ အဇာတသတ်မင်းကြီးက အထောက်အကူပြုပြီး အသျှင်မဟာကဿပ ဦးဆောင်ပါသည်။ အသျှင်မဟာကဿပမိန်းသမျှ အသျှင်အာနန္ဒကဖြေကြားပြီး နှုတ်ထက်ရွတ်၍ သင်္ဂါယနာတင်ခပါသည်။ ပဇာကြောင့် သင်္ဂါယနာတင်သည်ဆိုပါသော် မြတ်စွာဘုရားပရိနိဗ္ဗာန်စံလွန်သောအခါ အလောင်းကောင်ကို နံ့သာထင်းများစုပုံပြီး မီးသင်္ဂြိုဟ်ရန်အတွက် မီးလျှို့သော်လည်း ထင်းများမှာ မီးမလောင်ပါဘုရား။ ပဇာကြောင့်ဆိုသော် ဘုရားသျှင်၏တပည့်ကြီးဖြစ်သော အသျှင်မဟာကဿပ မရောက်သိမ့်၍ဖြစ်ပါသည်ဘုရား။ တပည့်ငါးရာဖြင့် လမ်းခရီးမှာ ဟိနီပါသိမ့်သည်။ အသျှင်မဟာကဿပ၏ တပည့်ရဟန်းများမှာ ပုထုဇဉ်များဖြစ်ကြသည့်အတွက် ဘုရားသျှင်ပရိနိဗ္ဗာန်စံလွန်ပြီး ကြွင်းကျန်ရစ်သော ဓာတ်တော်များကိုမြင်ရလျှင် ဘုရား၏ကိုယ်ကာယမှဖြစ်သော ဓာတ်တော်များကို ယုံမှားသံသယဖြစ်ဖွယ်ဟိပါသည်ဘုရား။ မိမိမျက်မြင်ကိုယ်တွိမှ မြတ်စွာဘုရား၏ ကိုယ်ကာယတော်မှ ဓာတ်တော်များကြွင်းသည်ကို ယုံကြည်မည်ဖြစ်ပါသည်ဘုရား။ နောက်တချက်က ရဟန်းတော်များသည် မြတ်စွာဘုရားကို အသက်ရှင်စဉ်မဖူးမြော်ရသော်လည်း ပရိနိဗ္ဗာန်စံလွန်သောအလောင်းတော်ကို ဖူးမြော်ရလျှင်လည်း ဘုရားသျှင်အပေါ် ပိုမိုကြည်ညိုသဒ္ဓါပွားများစီရန်အတွက် မီးမလောင်ခြင်းဖြစ်ပါသည်ဘုရား။
အသျှင်မဟာကဿပနှင့်ရဟန်းများ ကုဿိနာရုံပြည်သို့လာရာလမ်းတွင် တခုသောသစ်ပင်ရင်း၌ နားတော်မူပါသည်။ ထိုအချိန်၌ တက္ကတွန်းတယောက်သည် မန္ဒာရ၀နတ်ပန်းကိုထီးလုပ်၍ဆောင်းပြီးလျှင် ကုဿိနာရုံပြည်ဖက်မှ ပါဝါပြည်ဘက်သို့ လာနီသည်ကို အသျှင်မဟာကဿပမြင်ပါသည်။ ထိုတက္ကတွန်း၏ပြောချက်အရ မြတ်စွာဘုရားပရိနိဗ္ဗာန်စံလွန်ကြောင်း ကြားသိရပါသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်ကြောင်းကြားသိရသောအခါ အသျှင်မဟာကသပနှင့်ပါလာသော သုဘဒ္ဒရဟန်းသည် ဘုရားပရိနိဗ္ဗာန်စံလွန်သဖြင့် ငိုကျွီးနီသောရဟန်ုးရို့အား မငိုကျွီးရန်ပြောပြီး ဂေါတမမြတ်စွာဘုရားသည် ရဟန်းများကို ဤသည်သောအရပ်ကို မလားရ၊ ဤသည်သောအကျင့်ကို မကျင့်ရ၊ စသည်ဖြင့် ငါရို့ကိုချုပ်ချယ်သည်၊ ယခုပြုလိုရာ ပြုနိုင်ပြီဟုဆိုပါသည်။
ပထမသင်္ဂါယနာတင်
ထိုသုဘဒ္ဒရဟန်း၏စကားကိုကြားမိသော အသျှင်မဟာကဿပသည် များစွာတုန်လှုပ်မိပါသည်။ မြတ်စွာဘုရားသျှင်ပရိနိဗ္ဗာန်စံလွန်သည်မှာ ခုနှစ်ရက်တပတ်ရာဟိသိမ့်သည်။ ဘုရားဟောတရားတော်များနှင့် ၀ိနည်းတော်များကို မျက်ကွယ်ပြုမည့် အရိပ်အရောင်ပေါ်လတ်ပြီ။ သာသနာတော်ဆုတ်ယုတ်ရန်အကြောင်းများ ဖြစ်သည်ဟု စိတ်၌မှတ်သားမိပါသည်ဘုရား။ ယင်းကြောင့် ဘုရားသျှင်ဟောသမျကို ရဟန်းသံဃာတော်များမှစုပေါင်း၍ ပြန်လည်ရွှတ်ဆို သံဃာယနာတင်ရန် အကြံဖြစ်ပါသည်ဘုရား။ ယင်းကြောင့် အသျှင်မဟာကဿပအမှုးပြုသော ရဟန္တာငါးရာရို့သည် ပထမသင်္ဂါယနာကို တင်သည်မဟုတ်ပါလား ဘုရား။
ဒုတိယ သင်္ဂါယနာတင်
မြတ်စွာဘုရားပရိနိဗ္ဗာန်စံ၍ နှစ်ပေါင်းတရာကြာသောအခါ ၀ိဇ္ဇီတိုင်းသားရဟနုးရို့သည် ၀ိနည်းသိက္ခာပုဒ်တော်များ၌ ပြင်ဆင်ချက် (၁၀) ချက်ကိုပြုလုပ်ပါသည်။ ဘုရားသျှင်၏၀ိနည်းတော်ကို ဖီဆန်လာကြသည်။ ယင်းကြောင့် ဝေသာလီပြည်တွင် ကာလသောကမင်းကတကာပြု၍ အသျှင်မဟာကဿပအမှုးပြုကာ ရဟန္တာခုနှစ်ရာ (၇၀၀) ရို့သည် ဒုတိယအကြိမ်သင်္ဂါယနာတင်ပါသည် ဘုရား။
တတိယသင်္ဂါယနာတင်
တတိယအကြိမ်သင်္ဂါယနာကို ပါဋလိပုတ်ပြည်သျှင်အသောကမင်းကြီးကဒကာပြု၍ ရဟန္တာအသျှင် မောဂ္ဂလိပုတ္တတိဿမထေရ်ကြီးအမှုးပြုလျက် ရဟန်းတထောင်ဖြင့်တင်ပါသည်။ ဤသည်ရို့မှာ မဇ္ဗျိမဒေသ၌ တင်ခသောသင်္ဂါယနာ သုံးတန်ဖြစ်ပါသည်။
စတုတ္ထသင်္ဂါယနာတင်
တပည့်တော်ရို့ ရခိုင်ဝေသာလီတွင် စတုတ္ထအကြိမ်သင်္ဂါယနာတင်ကြောင်းကို လျောက်ထားပါမည်ဘုရား။ ဝေသာလီခေတ်သည် အေဒီ (၄) ရာစုမှ (၉) ရာစုအထိ ထွန်းကားသောခေတ်ဖြစ်ပါသည်။ ထိုဝေသာလီမင်းများသည် ထေရ၀ါဒဗုဒ္ဓဘာသာဝင်များဖြစ်သဖြင့် သီဟိုဠ်နိုင်ငံနှင့် လူမှုရေးအရသော်၎င်း ဘာသာရေးအရသော်၎င်း၊ ဆက်ဆံမှုဟိပါသည်။ ယင်းကြောင့် ဝေသာလီဘုရင် သီရိစန္ဒြမင်း (သီရိသုဓမ္မ၀ိဇယမင်း) သည် သိဟိုဠ်မှ ရဟန်းသံဃာတထောင်ကိုပင့်ဆောင်ပြီး ရခိုင်ပြည်မှ ရဟန်းသံဃာတထောင် သံဃာနှစ်ထောင်ရို့ဖြင့် ဝေသာလီရွှေတောင်ကြီးတွင် သင်္ဂါယနာတင်ခပါသည်။
မေဓပညာမော်ကွန်းမှာ
အကြီးအမှုးပြုသောပုဂ္ဂိုလ်မှာ စူဠရေ၀တရဟန္တာမထေရ်ကြီးဖြစ်ပါသည်။ သုံးနှစ်ကြာအောင် ကြီးပြားငါးထောင်ပေါ်တွင်ရွီးသားပြီး သင်္ဂါယနာတင်ကြောင်း မေဓပညာမော်ကွန်းစာတွင် တွိရပါသည်ဘုရား။ သံဃာတော်များသီတင်းသုံးနိုင်ရန်အတွက် ရွေတောင်ကျောင်းကြီးကို ညီစွာညှိပြီး ကျောင်းတော်ကြီးငါးဆောင်ဆောက်လုပ်ကြောင်း ထိုမော်ကွန်းအရသိရပါသည်။ ကနိတိုင် ကျောင်းတော်ရာများကို တွိနိုင်ပါသည်။ မဇ္ဈိမဒေသတွင် အသောကမင်းကြီးတင်ခသောသင်္ဂါယနာမှာ တတိယအကြိမ်ဖြစ်သဖြင့် ထိုတတိယအကြိမ်မှဆက်လက်ရွီတွက်သောကြောင့် ဝေသာလီ၌တင်သော သင်္ဂါယနာမှာ စတုတ္ထအကြိမ်ဖြစ်ပါသည် ဘုရား။
သင်္ဂါယနာကြီး
သင်္ဂါယနာတင်ရာတွင် ဘုရား၏ပိဋကတ်တော်များကိုသိကျွမ်းကျင်သော ရဟန္တာများပါဝင်မှရာ အထမြောက်ကြောင်း သိရပါသည်ဘုရား။ ယင်းကဲ့သို့ ရဟန္တာများပါဝင်၍တင်ခသော သင်္ဂါယနာများကို ရခိုင်ရို့က သင်္ဂါယနာကြီးဟုခေါ်ပါသည်။ ဝေသာလီတွင်တင်သော သင်္ဂါယနာနှင့် ရခိုင်ပြည်မှ ၀ိပဿနာဓူရ ရဟန်းငါးရာ၊ ဂန္ဓာဓူရ ရဟန်းငါးရာပါဝင်ပြီး သီဟိုဠ်က လည်းထိုအတိုင်းပါဝင်ကြောင်း မော်ကွန်းအရသိရပါသည်။ ဤအကြောင်းများကို တပည့်တော်ရို့ ဆင်းရဲမွဲတေနီ၍ ပုံနှိပ်ဖို့မတတ်နိုင်ပါသိမ့်ဘုရား။ ထုတ်ဝီပီးဖို့ပုဂ္ဂိုလ်လည်း မဟိသိမ့်ပါ။ ရွီးနိုင်သောပုဂ္ဂိုလ်များဟိပါသိမ့်သည် ဘုရား။ ယင်းကဲ့သို့ စာပုံနှိပ်ပြီး မထုတ်ဝီနိုင်သဖြင့် သိသူနည်းပါးနီပါသည်။ ဟိလျက်နှင့်နည်းနီခြင်းရာဖြစ်ပါသည်။ တချိန်ချိန်မှာ ထွက်ပေါ်လာပါလိမ့်မည်။
သင်္ဂါယနာတင်သည့်ကိစ္စနှင့် တပည့်တော်တခုလျှောက်ထားလိုပါသည်။ သင်္ဂါယနာတင်ခြင်းမှာ မြတ်စွာဘုရား သဗ္ဗညုတရွှေညာဏ်တော်ရသည်မှစပြီး ၀ါဆိုလကပင် ပရိနိဗ္ဗာန်စံသည့်ကာလအထိ လေးဆယ့်ငါးဝါအတွင်းဟောကြားခသော ပိဋကတ်တော်များကို သင်္ဂါယနာတင်ပါရေလား။ (သို့မဟုတ်) သီရိဓမ္မသောကမင်းကြီးလက်ထက် ဗုဒ္ဓသာသနာတော်ကိုသန့်စင်ခသည့်အကြောင်းများကိုပါ တတိယအကြိမ် သင်္ဂါယနာတင်သည်မှာ ထည့်သွင်းခပါရေလား။ ထိုနည်းတူသီဟိုဠ်တွင် စတုတ္ထသင်္ဂါယနာတင်ခသော ၀ဋ္ဋဂါမဏိမင်းကြီး၏ဆောင်ရွက်ချက်များကိုပါ စတုတ္ထသင်္ဂါယနာတွင် ရွီးသားမှတ်တမ်းတင်ခပါရေလား။ တပည့်တော်ရို့ ဝေသာလီတွင်တင်ခသော သင်္ဂါယနာအကြောင်းကို စာပီများ၌လည်းကောင်း၊ သမိုင်းရုပ်ကြွင်း အထောက်အထားများဖြင့်လည်းကောင်း တွိရပါသည်။ တပည့်တော်ရို့နှင့်တကွ နိုင်ငံခြားသုတေသီရို့ လက်ခံထားပါသည်ဘုရား။
မိန်းခွန်းနံပါတ် (၅) ရခိုင်ပြည်ဟိဓာတ်တော်များကို ကျောက်ရိုးတော်ဓာတ်၊ ဦးရာဇ်တော်ဓာတ်၊ လိုင်ရိုးတော် ဓာတ်စသည့်ဖြင့် အမျိုးမျိုးအမည်းပီထားကြသည်။ ဤအကြောင်းကိုလည်း ပါဠိတော်အဋ္ဌကထာ၌ မတွိရ၍ ဖြေယှင်းပီးပါ။
ဘုရားသျှင်ပရိနိဗ္ဗာန်စံလွန်၍ မီးလောင်ကျွမ်းသောအခါ ဓာတ်မွီတော်နှစ်မျိုး ကြွင်းကျန်ပါသည်။ တမျိုးမှာ အသမွိန္နဓာတ်တော်နှင့် သမွိန္ဒဓာတ်တော်များဖြစ်ပါသည်။ အသမ္ဗိန္နဓာတ်တော်များမှာ နဖူးသင်းကျစ်တော်တဆူ၊ ညှပ်ရိုးတော်နှစ်ဆူ၊ စွယ်တော်လေးဆူဖြစ်ပါသည်။ သမ္ဗိန္နဓာတ်တော်များမှာ အရောင်သုံးမျိုးနှင့် အရွယ်အစားသုံးမျိုးကြွင်းကြောင်း ရခိုင်ဓာတုဝင်ကျမ်း၌ ရွီးထားပါသည်။ မြတ်စွာဘုရား၏တကိုယ်လုံးမှ ဓာတ်တော်ပေါင်းသျှစ်စရွက်ကြွင်းပါသည်။ ကွမ်းစားအားဖြင့် တဆယ့်ခြောက်ကွမ်းစားဖြစ်ပါသည်။ အရောင်အဆင်းအားဖြင့် ရွှေရောင်၊ ပွတ်သစ်စခရုသင်းရောင်၊ ချရားစိအရောင်ရို့ဖြစ်ပါသည်။
ဘုရားသျှင်၏ကိုယ်မှကြွင်းကျန်ရစ်သောဓာတ်တော်များကို နှစ်ပြည်ထောင်မင်းရို့အား ဒေါနပုဏ္ဏားက ၀ီပီးပါသည်။ မိမိရို့အရပ်ဒေသများတွင် ကိုးကွယ်ကြပါသည်။ ထိုဓာတ်တော်များကို မကြာမှီ အဇာတသတ်မင်းတိုက်ယူပြီး ရာဇဂြိုဟ်ပြည်မှာ မြီထဲစေတီတည်၍ထားကိုးကွယ်ပါသည်။ ဓာတ်တော်အကြောင်း ဤနီရာတွင်ဆုံးနီပါပြီ။ ဤသည်ကား ပေါင်တော်ဓါတ်၊ မျက်လုံးတော်ဓါတ်၊ လိုင်ရိုးတော်ဓါတ်စသည်ဖြင့် အဋ္ဌကထာ၌ မပါဟိပါ။
ဓာတ်တော်များရောက်ဟိပုံ
သို့သော် ထိုဓာတ်တော်များမှာ ကနိထိ ရခိုင်ပြည်၌ အမည်နာမနှင့်တကွ တည်ဟိနီပါသိမ့်သည်။ ဤဓာတ်တော်များ ရခိုင်ပြည်သို့ ပဇောင်ပိုင်ရောက်လာသည်ကို ယှင်းလင်းလျှောက်ထားပါမည်။ မြတ်စွာဘုရားပရိနိဗ္ဗာန်စံလွန်ပြီး နှစ်ပေါင်းသျှစ်ရာတဆယ့်သျှစ်နှစ်အကြာတွင် ပါဋလိပုတ်ပြည်၌ သီရိဓမ္မသောကမင်းကြီး ထီးနန်းစိုးစံပါသည်။ ထိုမင်းကြီးသည် ဓမ္မာခန္ဓာပေါင်း သျှစ်သောင်းလေးထောင်ကိုရည်စူးပြီး စေတီတည်လိုသဖြင့် မြတ်စွာဘုရား၏ဓာတ်မွီတော်များကို ရှာဖွေပါသည်။ အဇာတသတ်မင်းပြုထားခသောဓာတ်တော်များကို တူးဖော်ယူပါသည်။ ထိုဓာတ်တော်များမှာ ရွှေပန်းကန်တွင် အားလုံးတစုတပေါင်းတည်းဖြစ်နီပါသည်။ ထိုဓာတ်တော်များကို အသျှင်မောဂ္ဂလိပုတ္တတိဿမထေရ်သည် အသားမှဖြစ်သောဓာတ်၊ အရိုးမှဖြစ်သောဓာတ်၊ အသွီးမှဖြစ်သောဓာတ်စသည်ဖြင့် ခွဲခြားပါသည်။ အသေးစိတ်အားဖြင့် ဦးခေါင်းတော်ဓာတ်၊ ဦးနှောက်တော်ဓာတ်၊ မျက်လုံးတော်ဓာတ်စသည်ဖြင့် မြတ်စွာဘုရား၏အင်္ဂါကြီးငယ်မှဖြစ်သောဓာတ်တော်များကို တခုချင်းခွဲခြမ်းပြီး သီရိဓမ္မသောကမင်းအား ပီးသနားပါသည်။
သီရိဓမ္မသောကမင်းကြီးသည် ဓာတ်တော်များကိုရဟိသောအခါ ဌာပနာသည်။ ဤစေတီတည်ရမည့် နီရာဒေသများကို အသျှင်မောဂ္ဂလိပုတ္တတိဿအား မိန်းလျှောက်ပါသည်။ ထိုအခါ အသျှင်မောဂ္ဂလိပုတ္တတိဿက တကာတော်မင်းကြီး ဤဓာတ်တော်များကို ဌာပနာပြီး စေတီတည်ရန်နီရာဒေသများမှာ မြတ်စွာဘုရား သက်တော်ထင်ရှားဟိစဉ်ကပင် ဗျာဒိတ်တော်ပီးခသော နီရာတိုင်းတွင် စေတီတည်ရမည်ဟု ပြောပါသည်။ ထိုနီရာများသို့ စေတီတည်ရန်အတွက် ဓာတ်တော်များပို့ဆောင်ရမည်ဖြစ်ကြောင်း မိန့်မြွက်ပါသည်။ ထိုအခါ အသျှင်မောဂ္ဂလိပုတ္တတိဿမထေရ်သည် အသျှင်ဗာဟုလမထေရ်နှင့် အသျှင်တိဿမထေရ်ရို့အား မြတ်စွာဘုရားဗျာဒိတ်တော်ပီးတော်မူခသည့် ရခိုင်ပြည်အနှံ့နီရာများတွင် စေတီတည်ထားရန် ဓာတ်တော်များကို ပို့စီပါသည်။
သူရိယစက္ကမင်းလက်ထက်မှာ
ထိုအသျှင်ရို့သည် ကောင်းကင်ခရီးဖြင့် ရခိုင်ပြည်သို့ ကြွရောက်ပါသည်။ ယင်းအချိန်တွင် ရခိုင်ပြည်ဓည၀တီတွင် သူရိယစက္ကမင်ကြီးမင်းပြုလျက်ဟိပါသည်။ ထိုဓာတ်တော်များကို အသျှင်နှစ်ပါးသည် သူရိယစက္ကမင်းကြီးအား ပီးအပ်ပြီး စေတီတည်မည့်အရပ်များကို ပြောကြားပါသည်။ သူရိယစက္ကမင်းကြီးသည် ဓာတ်တော်များလက်ခံယူပြီး မှူးကြီးမတ်ကြီးစစ်သူကြီးများကို စေတီတည်ရန်အတွက် ဓာတ်တော်များပီးအပ်ပြီး မြတ်စွာဘုရား ဗျာဒိတ်တော်မြွက်ဆိုခသည့်နီရာတိုင်းသို့ လားရောက်၍စေတီတည်စီပါသည်။ မြတ်စွာဘုရား ရခိုင်ပြည်သို့ ကြွရောက်သောအခါ ရပ်တန့်တော်မူပြီး ဗျာဒိတ်ပီးခသော သေလာဂီရိတောင်တော်၌ ကျောက်ရိုးတော်ဓာတ်ကို ဌာပနာပြီး စေတီတည်ပါသည်။ မဉ္စူပဗ္ဗတတောင်တွင် ချက်တော်ဓာတ်ကို ဌာပနာ၍ စေတီတည်ပါသည်။ မိဂပဗ္ဗတတောင်၌ သင်းကျစ်တော်ဓာတ်ကို ဌာပနာ၍ စေတီတည်ပါသည်။
တပြည်လုံးမှာ
ဤသို့ဖြင့် ရခိုင်ပြည်တခုလုံးတွင် ဗျာဒိတ်ဝင်စေတီ (၂၄၈) ဆူကို တည်ထားကိုးကွယ်ခပါသည်။ ဓာတ်စေတီများကို မြတ်စွာဘုရားပရိနိဗ္ဗန်စံလွန်ပြီးမှ တည်ထားခြင်းဖြစ်သောကြောင့် မြတ်စွာဘုရားသည် ဓာတ်တော်များကို ဤသည်က ဦးခေါင်းတော်ဓာတ်၊ ဤသည်ကား ဦးနှောက်တော်ဓာတ်၊ ပေါင်တော်ဓာတ်၊ ခြီသလုံးတော်ဓာတ်စသည်ဖြင့် ခွဲခြမ်းဟောကြားခြင်းကို မပြုနိုင်တော့ပါဘုရား၊ ယင်းကြောင့် ဘုရားဟောပါဠိတော် အဋ္ဌကထာစသည်ရို့မှာ မပါဟိခြင်းဖြစ်ပါသည် ဘုရား။
အမှန်တည်သောဓာတ်တော်များ
အဋ္ဌကထာစသည်ရို့မှာမပါဟိသော်လည်း ကနိထက်တိုင် ကျောက်ရိုးတော်ဓာတ်၊ လိုင်ရိုးတော်ဓါတ်၊ ချက်တော်ဓါတ်၊ လျှာတော်ဓာတ်စသည်ဖြင့် တည်ဟိနီပါသည်။ ဤဓာတ်တော်အမည်များကိုလည်း ဓည၀တီခေတ်မှစပြီး ခေတ်အဆက်ဆက်ဘုရင်များ ပြန်လည်ပြုပျင်ခသည်ကို ကမ္ဗည်းကျောက်စာ ထိုးခပါသည်ဘုရား။ ယင်းကြောင့် ဘုရားဟောပါဠိတော် အဋ္ဌကထာစသည်ရို့မှာ မပါသော်လည်း အမှန်စင်စစ်တည်ဟိသော ဓာတ်မွီတော်များဖြစ်ကြောင်း လျှောက်ထားပါသည် ဘုရား။ ဓာတ်မွီတော်စေတီများမှာ ကစ္ဆပနဒီခေါ်ကုလားတန်မြစ်၏၀ဲယာတလျှောက်၌လည်းကောင်း၊ အဉ္စနနဒီခေါ် လေးမြို့မြစ်၏ ၀ဲယာတလျှောက်၌ လည်းကောင်း၊ သရီရနဒီခေါ်သရီချောင်း၏ ၀ဲယာတလျှောက်၌လည်းကောင်း၊ ရန္ဓနဒီခေါ် ရမ်းချောင်း၏ ၀ဲယာတလျှောက်၌လည်းကောင်း၊ ရမ်းဗြဲကျွန်း၊ ဖရုံကာကျွန်း၊ သံတွဲစသော နီရာဒေသအနှံ့ ရခိုင်တပြည်လုံးတွင် မြတ်စွာဘုရား၏ ဓာတ်တော်များတည်ထားခပါသည်။ ဗုဒ္ဓ၏ဓာတ်တော်နိုင်ငံဟုလည်း ခေါ်သင့်ပါသည်။
မိန်းခွန်းနံပါတ် (၆) ရခိုင်ပြည်တွင်အသုံးပြုသောပါဠိတော်များမှာ မြန်မာမူဖြစ်သလော၊ မည်သည့်မူနည်း။ သင်္ဂါယနာခြောက်တန်တွင်ပါသောမူ ဖြစ်သလော၊ ဖြေယှင်းပီးပါ။
တပည့်တော်ရို့ ရခိုင်ပြည်တွင် အသုံးပြုခဲ့သော ပိဋကတ်ကို ကြိုးတန်းပိဋကတ်တော်ဟု ခေါ်ပါသည်။ မြန်မာနိုင်ငံကိုရောက်ဟိသော ပိဋကတ်တော်မှာ သထုံကတဆင့် အနော်ရထာမင်းယူခဲ့သော ပိဋကတ်ဖြစ်ကြောင်း သိရပါသည်။ သထုံပိဋကတ်မှာလည်း သီဟိုဠ်မှတဆင့်ရောက်လာသော ပိဋကတ်ဖြစ်၍ သီဟိုဠ်ပိဋကတ်ခေါ်ကြောင်း သိရပါသည်ဘုရား။ သီဟိုဠ်မှာလည်း သျှင်မဟာဗုဒ္ဓဃောသပိဋကတ်နှင့် သီဟိုဠ်နိုင်ငံသားရို့အခေါ် စရိယပိဋကတ်ဟူ၍ ဟိပါသည်ဘုရား။ ထိုင်း၊ ဗီယက်နမ်၊ လာအိုရို့မှာဟိသောပိဋကတ်ကို ဇင်းမယ်ပဏ္ဏာသပိဋကတ်တော်ဟုခေါ်ကြောင်း သိရပါသည်။
ကြိုးတန်းပိဋကတ်
တပည့်တော်ရို့ ရခိုင်ပိဋကတ်ကို ပဇာကြောင်းကြောင့် ကြိုးတန်းပိဋကတ်ဟုခေါ်ရခြင်းကို ယှင်းပြပါမည်ဘုရား။ ပထမအကြိမ် သင်္ဂါယနာမူအတိုင်း ဒုတိယအကြိမ် သင်္ဂါယနာတင်ပါသည်။ ဒုတိယအကြိမ် သင်္ဂါယနာတင်မူအတိုင်း တတိယအကြိမ် သင်္ဂါယနာတင်ပါသည်။ ရခိုင်ပြည်တွင်လည်း စတုတ္ထအကြိမ်သင်္ဂါယနာတွင် တတိယအကြိမ်ကမူအတိုင်း သင်္ဂါယနာတင်ပါသည်။ ဤကဲ့သို့ မူရင်းအတိုင်း အဆင့်ဆင့် စတုတ္ထအကြိမ်ထိ ဆင်းသက်လာသော်လည်း ပိဋကတ်တော်များကို ဖြည့်စွက်ခြင်း၊ ပျင်ဆင်ခြင်း၊ နှုတ်ပယ်ခြင်း လုံးဝမပြုဘဲ တသဝေမတိမ်း ရခိုင်အခေါ် စာမျဉ်းအချွတ်ပင်လျှင် မှန်ကန်သော ပိဋကတ်တော်ဖြစ်ပါသည်။ စာမျဉ်းဆိုသည်မှာ မျဉ်းကြောင်းကိုခေါ်ခြင်းဖြစ်ပါသည်။ ရှိစကားမှာ မျဉ်းကြောင်းကို ကြိုးတန်းဟုခေါ်ပါသည်။ ဥပမာအားဖြင့် သစ်တုံးတတုံးကို လွှဆရာက ဗဟိုခွဲလိုလျှင် သစ်တုံး၏ခေါင်းမှနီ၍ မီးသွီးသုတ်လိမ်းထားသောကြိုးကို အလယ်ကျအောင်ထားပြီး အခြားတဖက်မှ လူတဦးက ကြိုးကိုတင်းအောင်ကိုင်၍ ကြိုးကိုဆွဲရိုက်ရပါသည် ထိုအခါ မီးသွီးသုတ်လိမ်းထားသော ကြိုး၏အကြောင်းသည် သစ်တုံးပေါ်၌ ထင်ရှားစွာပေါ်ပါသည်။ လုံးဝကောက်ကွေ့ခြင်းမဟိပါ။ ထိုနည်းတူစွာ ရခိုင်ပြည်ဟိ ပိဋကတ်တော်များမှာလည်း ကြိုးတန်းသည် အကောက်အကွေ့မဟိသကဲ့သို့ ပြုပျင်ခြင်း၊ ပျင်ဆင်ခြင်း၊ နုတ်ပယ်ခြင်းတည်းဟူသော ချို့ယွင်းချက် အကောက်အကွေ့မဟိပါသဖြင့် ကြိုးတန်းပိဋကတ်ဟုခေါ်ပါသည်။
ပိဋကတ်တိုက် လေးဆယ့်သျှစ်ခု
ရှိရခိုင်ဘုရင်များအုပ်စိုးသောခေတ်က မြောက်ဦးပတ်ဝန်းကျင်တွင် သံဃာတထောင်ဆံ့သော ကျောင်းတော်ကြီး သုံးဆယ့်ခြောက်ကျောင်းဟိကြောင်း မှတ်သားရပါသည်။ ထိုကျောင်းတော်ကြီးများ၌ ဗုဒ္ဓစာပီကိုသင်ကြားသော သံဃာတော်များသည် ကြိုးတန်းပိဋကတ်တော်ကိုစံထား၍ လေ့လာကတ်ပါသည်။ ထိုပိဋကတ်တော်များ ထားဟိရန်အတွက် ပိဋကတ်တိုက်ခေါ်ပုထိုးများကို မြောက်ဦးမြို့နေရာအနှံ့တွင် တွိရပါသည်။ သမိုင်းအဆိုအရ ပိဋကတ်တိုက်ပေါင်း လေးဆယ့်သျှစ်ခုဟိကြောင်း သိရပါသည်။ ယခုအခါ ပြိုပျက်လားသဖြင့် အချို့တ၀က်ကိုရာ တွိရပါသည်။ ယခုထက်တိုင် အကောင်းပကတိတွေ့ရသော ပိဋကတ်တိုက်မှာ (ချိန်ကိုက်) ပိဋကတ်တိုက်၊ (ဘက်တော်) ပိဋကတ်တိုက်၊ (မယ်တော်ကူ) ပိဋကတ်တိုက်ရို့ ဖြစ်ပါသည်။
ယင်းကြောင့် ရှိခေတ်ကရွီးသားခသောပီစောင်များ၌ ဝေသာလီတွင် သင်္ဂါယနာတင်ခစဉ်က မူအဖြစ်ထားခသော ကြိုးတန်းပိဋကတ်တော်မှတဆင့် ရွီးကူးခြင်းဖြစ်ကြောင်းကို ပီစာ၏အဆုံး၌ ကြိုးတန်းပိဋကတ်တော်အတိုင်း ရွီးကူးခြင်းဖြစ်ပါသည်ဟု ရွီးထားသည်ကို ကနိတိုင် ပီစာများ၌ တွိနိုင်ပါသည် ဘုရား။
တပည့်တော်သည် အသျှင်ဘုရား၏မိန်းခွန်းများကို ယှင်းလင်းဖြေဆိုခဲ့သည်မှာ လေးနာရီခန့်ကြာမြင့်ပါပြီ။ တပည့်တော်၏ယှင်းလင်းဖြေဆိုချက်များကိုလည်း သဘောပေါက်လက်ခံလိမ့်မည် ထင်ပါသည်။ အသျှင်ဘုရားရို့မှာ ဘုရားဖူရန်လည်းဟိနီပါသိမ့်၍ တပည့်တော်၏ယှင်းလင်းဖြေဆိုချက်များကို အဆုံးသတ်ခွင့်ပြုပါဘုရား။
ဆရာကြီး၏ဖြေကြားလျှောက်ထားချက်အပေါ် အသျှင်ညာဏိဿရဆရာတော်ကြီးမှ နောက်ထပ် မိန်းမြန်းခြင်းမပြုတော့ဘဲ ဘုရားဖူးရန်အတွက် ညဇာသား (၅) ချက်တီးခန့်တွင် သျှစ်သောင်းပုထိုးတော်ကြီးမှ ကြွလားတော်မူပါသည်။
(ရခိုင်သဟာယအသင်း အမှတ်(၄)မှ ကူးယူဖော်ပြသည်) http://www.narinjara.com/bur_article/burmeseart_volbook.asp
.
21.4.10 |
Posted in
ဘာသာရေး
|
Read More »
အသားတပွာ အရိုးတစ်ချေုာင်း
ငါ့ပိုင်၎င်း သူ့သဏ္ဍာန်ချေ
သုံးလက်မရှည် ဒေါက်ဖနပ်နန့်
ဝတ်လိုက်တေဝတ် ဒူးလောက်ကျပနာ
ဆန်ပင်ကတစ်မျိုး စတိုင်ကခတ်ဆန်ဆန်
ရခိုင်ထဗိန်ချေ ဝတ်ဖူးလားမသိ
မြင်သူငေးမောအောင် လမ်းလျှောက်ပြတတ်စွာ
ခံစားရသူက ငါ
ရင်ဝကို လိုင်းလုံးကြီးတိုက်ခိုက်ပနာ ။.
ကြည့်မဝ ချစ်မဝ
စိုင်းစားဗျာလ် တမ်းတလို့လည်းမရ
ရန်ကုန်က ငါ့အသက်ဂြုတ်ချေ ။
ဇာနိန့်ဇာခါ ငါရင်ဖွင့်ရဖို့လဲ
တူလို့လား တန်လို့လား
ပြောဖို့စွာကြောက်လို့
လေးပါးမောက်ခံစားရရေ အချစ်မျိုး
ထင်းမီးကျီးခဲ့ ပြာထဲမှာရဲနိန်ရေပိုင်
နှလုံးသားတဝိုင်း အပှုတိဝိုင်းပနာ
မီးပိုင်ခံစားနိန်ရသူက ငါ
သဲခြီးပျောက်ပနာ ။
တချက်ပြကာလ အလင်းတန်ပစ္စက္ခ
ဗြုန်းခနည်း မြင်လိုက်ရစွာနန့်
လှပနိန်ရေ လမင်းအောက်မှာ
အီးမြရေလီးညှင်း တိုက်ခိုက်ကေ့လေ့
အသဲတိကျွှမ်းလောက်ပနာ
အပူဓါတ်စွဲကပ်လားသူက ငါ့ ။
ဘုရားဘုရား
AMPက ငါ့အသက်ဂြုတ်ချေ
ရန်ကုန်မှာ စေတနာ့ဝမ်ထမ်းလုပ်နိန်ဆိုကာ
ကမ္ဘာတလွှား အပြောင်းအပြင်လိုက်ပါရစီ
သူအနားက တဖဝါးမကွာဘဲ
အသက်ပီးကာကွယ်ရပိုက်စီ
သူကိုကြည့်ရကေကျီ
သူကိုချစ်ရကေကျီ။.
10.4.10 |
Posted in
ကဗျာ,
ပင်မစာမျက်နှာ,
ရင်တွင်းဖြစ်
|
Read More »
ရင်မှာလိုင်းလုံး နှလုံးသားက
မချစ်ဖူးသိစွာ ယုံကြည်ပါ
ယေကေလေ့ အချစ်တော်စကား
ယုံစားမိလို့
ငါမှာမေတ္တာ ခြမ်းခြောက်ဗျာလ်။
နင့်ကြောင် ငါရင်မှာငိုရစွာ
အမျိုးချစ်လို့ အချစ်မ၇ှိစွာလား
ငါ့ရင်ကို နောက်ခိုင်းဗျာလ်။.
အမျိုးတွက် ခ၇ီးဆက်ဖို့ဆို
ဇာနိန်ရာမှာ တာဝန်ကျနိန်လေ။
ရခိုင်အဖွဲ့စည်းဖွဲစွာမှာ နှစ်ယောက်သဘောမတူပါ
အစားမတည့်ခါ ရန်ဖြစ်လာ
တစ်ယောက်တဝက် ခွဲဝီးလို့
နှစ်ယောက်အတူ လမ်းခွဲဖို့။
ငါ့အချစ်တော် အမျိုးချစ်သ္မားလည်း
ရခိုင်အမျိုးကိုချစ်လို့ ငါ့ကိုပစ်ဗျာလ်
နိုင်ငံခြားကို ထွက်လားယင့်။
အမျိုးကိုချစ်လို့ ထွက်လားကေလေ့
ရခိုင်နိုင်ငံရေးသ္မား အများပြားက
ရခိုင်သမကို မယူ
အခြားကို ယူလို့ “
ရခိုင်နိုင်ငံရေးသ္မား အများအပြားက
လေးကွင်နင်းပနာ ပျက်စီနိန်ယင့်။
အဘာလေ ငါအချစ်တော်
နင်လည်း အမျိုးကိုချစ်လို့
ရခိုင်တာဝန်ကို ထမ်းဆောင်းစွာမှာ
လူမျိုးခြားကို ယူထားဗျာလ်လား။
ရီးရီးနွယ်.
10.4.10 |
Posted in
ကဗျာ,
ပင်မစာမျက်နှာ,
ရင်တွင်းဖြစ်
|
Read More »
ရခိုင်အဆိုတော်တစ်ယောက်
ဘဝခြောက်လို့ အဝဇ္ဇာနောက်မှာ
နိုင်ငံခြားချေကို အလည်ရောက်လို့
ဘဝမိန့်ခစွာ ရခိုင်အဆိုတော်ပါ။
ရခိုင့်ယိုင်ကျေးမှုကို ချစ်မြတ်နိုးဖို့
စိတ်ထဲမှာပင် ခံစားဖူးယင့်လား။.
ဇာနိန်ရာ ဇာပင်ရောက်ရောက်
ကိုယ့်ယိုင်းကျေးမှုကို ချစ်မြတ်နိုးကေ
လူများတကာ မျက်နှာပြင်မှာ
စံတင်စရာ ဖြစ်ပါလိမေ။
ဇာဟှင့်လေး ရခိုင်အဆိုးတော်
ကိုယ်ဆိုရေ သခြင်းနောက်မှာ
အမျိုးသီလ စောင့်ထိန်းပါလတ်။
သခြင်းတစ်မျိုး လုပ်ကေတစ်ဖုံ
ပြောလာကေ ကျားဖမ်းမေ ဆင်ဖမ်းမေနန့်
ဇာမှာလေ ရခိုင်ယိုင်ကျေးမှု
အဆိုတောရင်မှာ ခံစားဖူးယင့်လား။
သခြင်းဆိုရေ အဆိုတော်လို့
တူလားတန်လား
ငါအနားမမှာ လာမပြောကေ့
ပြောရေလူရေ သစ္စာဖေါက်ဖြစ်လိမေ။
ဝေဖန်စနစ်မရှိ ငါ့ရို့ရခိုင်တိ
လူနှစ်ယောက် ပေါင်းစပ်ကေပင်
ရခိုင်အဖွဲ့ သုံးဖွဲ့ပင်
ဇာနိန်ဇာခါ ရခိုင်ညီညွန့်ဖို့လဲ
အဘာလေ ရင်လီရေ
ချစ်လီညီလီ စည်းလုံးလီလို့
ပြောရေပြိုရေ သံဖရာသီးမျိုးရာမလားရေ။
ရီးရီးနွယ်
ကျေးဇူးတင်ပါရေ
ကဗျာချေ ပို့ပီးလို့
.
7.4.10 |
Posted in
ကဗျာ,
ပင်မစာမျက်နှာ,
ရင်တွင်းဖြစ်
|
Read More »