လောကသာရပျို့...ဒုတိယပိုင်း
(၂၃)ပြည်သူ့ထွဋ် ဦး၊ဘုန်းရောင်မြူးသည့်ရန်ငူးလူ့ဘောင်၊ထွဋ်ခေါင်ရာဇာ၊ဆုံးမနာလော့၊ကမ္ဘာအစ၊မဟာသမ္မတ၊ခတ္တိယရို့၊နီကြကျင့်ရိုး၊ကောင်းကျိုးအလှူ၊စွန့်ကြဲမူလည်း၊စိတ်ယူဖြောင့်စင်း၊နူးညံ့ခြင်းနှင့်၊သီတင်းစောင့်စည်း၊မျက်နည်းသည်းခံ၊ခြိုးခြံသမှု၊မပြုညှင်းဆဲ၊ဆင်းရဲမရှာ၊မေတ္တာသက်ဖြန့်၊လူအ၀ှန့်အား၊မဆန့်ကျင်ပြီး၊ဤသို့ရီးသား၊ဆယ်ထွေစောင့်ကြပ်၊တရားကွပ်၍၊လက်ထပ်ခေါ်ပြု၊သဂြိုဟ်မှုလည်း၊လေးခုအစိ၊ပြဂတိဖြင့်၊ကျင့်လေမကြွင်းကျန်စီမင်း။
(၂၄)ပြည်ကြီးသေဌိနင်း၊မင်းတို့သော်ကား၊သူတပါးထက်၊ဆယ်ဆတက်၍၊အိပ်စက်နည်းပါး၊လူအများကိုစီးပွားချမ်းသာ၊နိတိုင်းရှာလော့၊အခါခပ်သိမ်း၊မုဒိမ်းခိုးသူ၊မပူစီရ၊ဆုံးမကွပ်ညှပ်၊ပညတ်အလွန်၊ရှီးမင်းမွန်ရို့၊ညွှန်ခဲ့သောတိုင်း၊ကျင့်သမိုင်းဖြင့်၊နှုန်းနှိုင်းမယွင်း၊တမျဉ်းခင်းသို့၊ကျင့်ခြင်းမချွတ်။တည့်မတ်မတ်လျှင်၊လူနတ်ချစ်ဖွယ်၊ကျေးဇူးကြွယ်၍၊ကျင့်နွယ်လမ်းရိုးမှန်စီမင်း။.
(၂၅)
မမိမလျော့မပေါ့လုပ်ကြံ၊ကျွန်ကိုယ်ရံလည်း၊မြဲမြံစောင့်ယှောက်၊ထက်အောက်တွင်းပြင်၊မွမ်းပြင်အပြည့်၊အိပ်ဖန်ထည့်လျက်၊အကြည့်အရှု၊အမှုမလင့်၊အကျင့်မကောင်း၊အဟောင်းအသစ်၊ထွက်ဝင်စစ်၍၊ကျွန်ချစ်ကျွန်ယုံ၊ထမ်းကုန်မှုများ၊ရီခြားမြော်မြင်၊တိုင်ပင်ကြံသီး၊အမတ်ကြီးကို၊အနီးထံပါးသက်စောင့်ထား၍၊ယုံမှားမဲ့လျှင်း၊နှလုံးသွင်းလျှက်၊ချစ်ခြင်းသူထက်လွန်စီမင်း။
(၂၆)
ပြည်ထဲအရေး၊ပေါက်နှင့်ကျေးသို့၊ကြံတွေးလှည့်ကာ၊မသိတာတည့်အရာမြင်မြင်၊မဖြစ်ခင်က၊တိုင်ပင်မမြတ်၊ကျွန်မူးမတ်နှင့်၊ကြန်ဘတ်ဟူးရား၊ပညာများသား၊ပုဏ္ဏားရဟန်း၊ရှိသည့်ဝန်း၍၊ကိန်းခန်းဒသာ၊အခါမီးမူ၊အရှိအနောက်၊တောင်မြောက်ရီကြီး၊စီစဉ်သည်းလျှက်၊စောင့်စည်းရံတား၊ကင်းထောက်ထား၍၊မြီခြားသူမလွန်စီနှင့်မင်း။
(၂ရ)
သူ့ပြည်သူ့ရွာ၊သူ့ရပ်မှာ၌၊ခြင်းရာသိကြောင်းဥဏ်ကောင်းရေးဝင်၊တိုင်ပင်ကြံထွေ၊သူလျှိုစီ၍ ၊မနီစုံစမ်း၊ကြိုးပမ်းလုပ်ဆောင်၊အားအင်ထောင်လျှက်၊နောက်နောင်မြီသား၊စီပွားရှည်စီ၊တည်စိမ့်စီကြောင်း၊နှုတ်ကောင်းခွန်းသာလက်ဆောင်စာနှင့်၊စီပါးစင်းလျင်း၊ထိုထိုမင်းကို၊ချစ်တင်မီးမြန်းဆွီခင်ပွန်းဟု၊မိတ်မှန်းကိုယ်ကို၊တံဆစ်ဆို၍၊ချစ်လိုစကားမှန်စီမင်း။
(၂၈)
ငါ့ပြည်ငါ့ရွာ၊ငါ့ရပ်မှာ၌၊ဇာတာအလို၊ဂြိုဟ်လည်းမကောင်း၊ထပ်လောင်းထိပ်ထုံ၊ပျံတုံကျီးငှက်၊နှုတ်ထွက်စနည်း၊နှော်ယှက်သည်းမူ၊စောင့်စည်းရံတား၊မန္တရားနှင့်၊သမားကွယ်ကာ၊လွတ်စိမ့်ဌာဖြင့်၊ဂြိုဟ်စာပို့ပီး၊သန္တီးပူဇော်၊သင်္ကြန်ခေါ်၍၊သုံးဘော်မြတ်စွာ၊ရတနာကိုမကွာကယ်ဆည်း၊ကောင်းမှု့ချည်းတည့်၊ဖြင့်ပည်းပြောထူ၊စွန့်ကြဲလှူ၍၊ကြည်ဖြူစိတ်ထက်သန်စီမင်း ၊
(၂၉)
ခပ်သိမ်းပြည်သူ၊ရဟန်းလူကို၊သိမ်းမြန်းပိုက်ထုပ်၊ကြက်သားအုပ်သို့၊မလှုပ်စီကြောင်း၊လှည့်ဖြားယောင်းလျှက်၊ကျင့်ဟောင်းမလွန်၊တုတ်ခွန်အပြင်း၊သနားခြင်းဖြင့်၊နှိပ်နင်းကလူမပူစီရ၊ကွပ်ဆုံးမလျှက်၊ထွန်းပပြောင်ပြောင်၊မိုးထိပ်ခေါင်၌၊အရောင်ချမ်းလွန်၊လဗိမ္မာန်လျှင်၊ပူပန်မဟိ၊ငြိမ်းလီဘိသို့၊ကြယ်တိရံကာ၊တင့်တယ်စွာသား၊ပမာပုံသင့်၊လနှယ်ပွင့်၍ ၊လင်းပွင့်တိုင်းကား၊စည်ပင်ပွားလျှက်၊လူများကောင်းကျိုးထွန်းစီမင်း။
(၃၀)
လူများအထိပ်၊စိုးမိုးနှိပ်သား၊တံဆျပ်မှန်ကင်း၊ထိုထိုမင်းကား၊ဖွေနည်းစိစစ်၊ရန်အမြစ်ကို၊တူးပစ်နိုင်စီ၊ရန်မြစ်သီမှ၊ရွာနီပြည်သူ၊ခပ်သိမ်းလူကို၊မပူမဆာ၊ငြိမ်းချမ်းသာအံ့၊မလာနှစ်ဆစ်၊မိုးကြိုးပစ်သို့၊ရန်စစ်များကို၊ဖျောင့်လွင့်ဖြိုလော့၊ရန်လိုမဟိ၊ရဲစွမ်းပြည့်သား၊မလှည့်ငဲ့စောင်း၊သူရဲကောင်းကို၊များကြောင်းဆည်းပူး၊ပီးကမ်းကြူးလျှက်၊ကျေးဇူးအလိုက်၊သိမ်းမြန်းပိုက်၍၊ချစ်ကြိုက်သနား၊ရင်ဝယ်သားသို့၊ဖြည့်ပြားမင်းရေးပွန်းစီမင်း။
(၃၁)
ကာမဒေ၀၊စသည်အပြား၊နတ်လေးပါးတွင်၊တပးမည်မှတ်၊လောကနတ်ဟု၊လူထွဋ်ဦးစွန်း၊ဘုန်းတော်ထွန်းသား၊လျှံဝန်းစိုးပိုက်၊မင်းသို့လိုက်၍၊ပြည်၌ပြည်သူ၊မင်းမတူလျှင်၊ကျင့်မူမလွဲ၊သုံးစွဲလေ့လာ၊ကျင့်ကုန်ရာသည်၊ရာဇပြဌာန်း၊ကြဌန်းမှန်ကင်း၊မကြောင်းရင်းကား၊မင်းလျှင်တယောက်၊လှံမစောက်ဖြင့်၊မကောက်မယွန်း၊တော်ဖြောင့်တန်းက၊ထက်န်းဗိုလ်ပါ၊လူတကာလည်း၊ညီညာတော်မှန်၊မင်းအဟန်သို့၊ကောင်းမွန်ကျင့်မှု၊နှလုံးပြုအံ့၊ပြည်သူ့မျက်ပွင့်၊ကောင်းအောင်ကျင့်လော့၊
ပုံသင့်ကျမ်းလာ၊
ဥပမာကားအ၇ာအထောင်၊နွားကုန်အောင်တွင်၊ရှိဆောင်နွားလား၊ဖြောင့်ဖြောင့်လားကာ၊နွားများစင်စိုက်၊
ဖြောင့်ဖြောင့်လိုက်သို့၊ရိုက်ကျင့်မူ၊ခပ်သိမ်းလူလည်း၊ထို့တူလည်းကောင်း၊ဖြစ်ရာချောင်းသည်၊မင်းကောင်းတော်ဖြောင့်မှန်စီမင်း။
(၃၂)
မာသုကုဇၹ်ိ ၊မဟာရာဇာ၊မာသုကုဇၹ်ိ၊ ရေထသဘ၊သမ
ၺဳ ဒၶွ လျှင်၊ဆုံးမဟောကြား၊ဤတရားကို၊မှတ်သားလည်းပြု၊သီးခံမှုဖြင့်၊ပြည့်သူ့ခမည်း၊မျက်တော်နည်းလော့၊ဖြုတ်ချည်းမအမျက်၊ထွက်သက်မပြင်း၊လူခပင်းကား၊မင်းကိုကြောက်ယှောင်၊လောင်ပူရဲရဲ၊ရှားမီးခဲသို့၊၀မ်းထဲချဲ့ချဲ့၊အမျက်မဲ့လည်း၊တုန်လဲ့ရွံ့ရှာ၊ကြောက်ကုန်ရာနှင့်၊ပြင်းစွာအမျက်၊ထွက်တပြီးကာ၊ကြက်သီးထ၀ှန်၊အူချာမွှန်မျှ၊အလွန်အကြူး၊ကြောက်မိန်းမူလျှက်၊ဆူးဆူးရားရား၊အမျက်အားကိုး၊တရားစွဲကိုင်၊မချုပ်နိုင်သည်း၊စိတ်ခိုင်တည်တံ့၊ဆင်ဖြင်ဝံ့၍၊မ၀ံ့နှစ်ဆစ်၊ကြိမ်ဖန်စစ်၍၊အပြစ်အလျေက်၊သုံးကြိမ်မြောက်မှ၊သေလောက်လျော်ဖီး၊မင်းဒဏ်ပီးလည်း၊ကွပ်ရေးဖန်များစီနှင့်မင်း။
(၃၃)
ခပ်သိမ်းပြည်သူ၊လူများထိပ်မိုး၊ရီမြီစိုးထ၊ပြည့်ဖြိုးချမ်းသာ၊ကျင့်ရာအများ၊ခုနှစ်ပါးလျှင်၊စီးပွားစင်စစ်၊များသည်ဖြစ်၍သျှင်ချစ်ဘုရား၊မင်းတို့အားကို၊ဟောထားခဲ့သည်၊ခုနှစ်မည်ကာ၊လူပြည်စောင့်တတ်။နတ်ကိုမြတ်နိုး၊အမျိုးဆွီနီး၊သက်ကြီးရိုသေ၊ပြည်နီရွာသူ၊နိုင်ထက်မူဖြင့်၊မ.ူားမြီး၊မှုရီးတိုင်ပင်၊ညီညွှတ်အင်နှင့်လာချင်ထက်ဝန်း၊ရဟန်းပုဏ္ဏား၊သိမ်းပကားဖြင့်၊တရားမယွင်း၊ဖြည့်တင်းကျွေးမွီး၊မလာသိမ်းသော်၊နီးဝီးရပ်သား၊သူရို့အားကို၊မလားစီအောင်၊ကျေးဇူးဆောင်လျှက်၊ပြည်ထောင်အရေး၊ရှေးကတွေးသည်၊ပညတ်မလွန်၊လမ်းမှန်စိုက်စိုက်၊ရာထင်လိုက်လျှက်၊တိမ်ထက်လှစ်ထွန်း၊လအ၀န်းသို့၊လေးကျွန်းရိပ်မှောင်၊ဘုန်းအရောင်ဖြင့်၊ပြောင်ပြောင်ဝင်းဝါ၊ငြိမ်းချမ်းသာ၍၊ပြည်ရွာတိုင်းကားပွားစီမင်း။
(၃၄)
သမ္ဘာရင့်ဖြိုး၊ရှိးကောင်းကျိုးကြောင့်၊တန်ခိုးထွန်းလျှံ၊လူထိပ်စံသား၊ဘုန်းချွန်ရန်နည်၊မင်းရို့သည်ကား၊အရှည်ရေးရာ၊မြင်နိုင်စွာသား၊လိမ်မာက၀ိ၊ပညာဟိကို၊ပီတိချစ်ပြင်း၊နှလုံးသွင်း၍၊ဆိုခြင်းထွက်သံ၊နားပါးခံလျှက်၊ထုံးစံနည်းနာ၊တိုင်ပင်ရာ၏၊ဥာဏ်ဝါကွန့်မြူး၊ဂုဏ်ဖြင့်ထူးသာ၊ကျေးဇူးရောင်ငြိ၊ပညာဟိနှင့်၊ပြည်ကြီးသေဌီနင်း၊ပြည့်သျှင်မင်းရို့၊မကင်းစီရာ၊ဥပမာကား၊ရတနာဂူ၊နန္ဒမူ၌၊ပဉ္ဖူပန်းလား၊ကျော်ထင်ယှားအံ့၊နှစ်ပါးပေါင်းဖက်၊အကျိုးနက်အံ့၊ထမ်းရွက်ဆောင်ပြု၊ပြည်ထဲမှုကြောင့်၊စိငုမြင်ပြီး၊ပညာကြီးကို၊ထုံးတီးစုံရီး၊ပုံစံမီး၍၊ကျင့်ရေးလွန်စွာဖြာစီမင်း။
(၃၅)
ဆင်မြင်းရထား၊ခြီသည်အားနှင့်၊လေးပါးစစ်အင်၊စစ်ဘုရင်လည်း၊မွမ်းဖြင်ဖြီးထွေ၊များလှစီလော့၊အနီမကျ၊ရန်စစ်ထသော်၊ဖြဖြလိုက်လံ၊စစ်ဦးနှံမှ၊ရွံ့လေရွံ့ရွံ့၊နောက်မ၀ံ့တည့်၊ဖို့ရွံ့ညည်းတည်း၊ကြောက်ရွံ့သည်း၍၊သရည်းလီဖွယ်၊ရန်စစ်သွယ်လိမ့်၊မပြယ်လီသိမ်း၊စစ်မက်ကြိမ်းမူ၊ပွန်းတီးမှုဆောင်သူရဲခေါင်ကို၊ဆင်ပြောင်မုန်တပ်၊မင်းစီအပ်၍။နောက်ထပ်အများ၊ဆင်မြင်းပြားလျှက်၊ရှိဖျားတည်တွင်၊စစ်စီရင်လော့၊စစ်ဆင်သုံးပါ၊အဖျားဖြီးထပ်၊ပွင့်ချပ်ကြာသွင်၊ဆင်လည်းချွန်းတည်း၊မြင်းလည်းဇက်ချုပ်၊ခြီသည်အုပ်လျှက်။စစ်ရုပ်အ၀န်း၊ကော့ယွန်းတက်ဟန်၊လှည်းသဏ္ဍန်သို့တတ်ပွန်းနားဝင်၊စစ်ရေးဆင်၍၊အောင်မြင်စိမ့်ထွေ၊ဥကပဒေဖြင့်၊စစ်မြီအရပ်၊စစ်မှုးကွပ်လျှက်၊ရွပ်ရွပ်ထိုးခုတ်၊ကြက်ရစုတ်သို့၊အားထုတ်ကြိုးပမ်း၊လွန်စီမင်း။
(၃၆)
သာများမစ္စ၊စသည်အင်္ဂါ၊ခုနစ်ဖြာကို၊ပြည်ရွာပြကတိ၊စုံစိလျှင်းအောင်၊ပြည်ထောင်ဟူက၊ပြည်ကိစ္စကို၊လုံ့လဖြီးထူ၊နှလုံးမူလော့၊ရန်သူကြောက်ဖွယ်၊နက်ဝန်းကျယ်သား၊ပင်လယ်ကျုံးမြောင်း၊ရီနီကောင်းလျှက်၊ရဲလောင်းရင်တား၊တံခါးတုရိုဏ်၊ကြံ့ခိုင်မြို့ကို၊တသိန်းဖြိုလည်း၊မပြိုနိုင်မှု၊ကြီးကျယ်ထုနှင့်၊မျက်ယှုလှတင့်၊တန်ဆောင်ဆင့်၍၊သွယ်မြင်ပြဆောင်၊မြားမောင်လက်နက်၊မြို့ထက်ပတ်လျှောက်၊စစ်တဲဆောက်၍၊ရင်လျှောက်ပတ်ကုန်း၊သူရဲပုန်းကစသည်မကျန်၊တံခွန်လောက်လွဲ၊စူးရဲကစ၊အနီကျလျှင်၊သဗ္ဗကိရိယာ၊မြို့တန်ဆာလည်း၊များစွာပြည့်နှက်၊ကြံစည်လက်နက်၊ကြမ်းခက်ရဲမာန်၊ခြင်္သေ့ဟန်သို့၊ရန်ကိုကဲမိုး၊မိုးနှယ်ကြိုး၍၊တန်ခိုးကျော်ထင်ရှားစီမင်း။
(၃ရ)
အမျိုးလေးပါး၊ပုဏ္ဏားပုဏ္ဏေး၊သဌေးသကြွယ်၊ကုန်သွယ်လူပင်၊သူထင်သူရှား၊ပြည်နီများလျှက်၊စပါးဆန်ရီ၊ပြည့်လွန်စီလည်း၊ပြောင်းပဲလူးဆတ်၊အထပ်ထပ်လျှင်၊အလပ်မြီနည်း၊လုပ်ကြံဆည်းမှ၊ပစ္စည်းဖြင်ပြီး၊ပြည်ကြီးလက္ခဏာ၊ရီဆာလောက်ငံ့၊စိနှံသိုထား၊ဆီးသမားနှင့်၊ဟူးရာမကွာ၊တတ်လိမ္မာသား၊ရေးရာပွန်းတီး၊မတ်ကြီးကြံထက်၊တုံ့ဖက်တိုင်ပင်၊မြော်မြင်ကျိုးကြောင်း၊ခင်ပွန်းကောင်းတည့်၊စောလောင်းကျင့်အပ်၊စောင်မကွပ်လျှက်၊ထူထပ်တိုင်းကား၊အောင်ခြင်းများလီ၊ပြည်ထောင်နိမျိုး၊လုပ်ဆောင်ကျိုးလော့၊မြင်းရိုးဆင်သည်၊စစ်ကျင်လည်သား၊ခိုင်ကျည်သူရဲ၊ရန်မဖဲကို၊ချစ်မြဲမြတ်လည်း၊ကျေးလက်ပီး၍ ၊သိမ်မွီးဖြည့်တင်း၊ဖြန့်ဖြူးခြင်းဖြင့်၊လွန်းမင်းချစ်သနားတည်စီမင်း။
(၃၈)
အခေါင်ကြငှန်း၊လူထိပ်ထွန်းသား၊ဦးစွန်းအချာ၊မင်းတကာရို့၊ပမာပုံခင်း၊ခြင်္သေ့မင်းနှင့်၊ကျင့်ခြင်းအညီ၊တူကြစီလော့၊လေးထွေအရိုး၊ခြင်္သေ့မျိုးတွင်၊တန်ခိုးကြီးခေါင်၊တောသုံးထောင်ကို၊စိုးပိုင်နှိမ်နှင်း၊စွမ်းအားပြင်းသည်၊သားမင်းမြတ်စွာ၊ကေသရာလျှင်၊အခါနိစ္စ၊သဘာဝဖြင့်၊သူရဇာတိ၊ရဲခြင်းဟိသည်၊မိမိအစာ၊ရှာလိုခါမှ၊နီရာကျောက်ဂူ၊ထွတ်လက်ပြုသော်၊ရန်သူယှူကြည့်၊ငဲ့လှည့်မျက်စောင်း၊ခြိမ်းမောင်းဟောက်သံ၊မြူးထူးစံမှ၊ချွံချွံစိုက်စိုက်၊သားကိုလိုက်၍၊သတ်ကိုက်စီးနွံ၊သွီးသံသောက်တုတ်၊အားကိုးထုတ်၍၊ကိုက်ဆုတ်နှိပ်နယ်၊ကြီးငယ်မဟူ၊လူများထိပ်လယ်၊စိုးစံပယ်သည်၊ဘုန်းကြွယ်ရာဇာ၊ကျင့်အပ်စွာ၊ရေးရာမျှော်ယှု ၊ခပ်သိမ်းမှု့ကို၊ဗဟုကိစ္စ၊ဟူသမျှင်လျှင်၊လုံ့လပည်းတူ၊အားကိုးမှုဖြင့်၊ရန်သူစဲ၍၊ပြည်ထဲပွင့်လင်းသာစီမင်း။
(၃၉)
နာရဓိပတိ၊သိဒ္ဓိထွဋ်တင်၊မြတ်ဆုံးတင်သည်၊ပြည့်သျှင်ဘုန်းလှိုင်၊ကျင့်နည်းခိုင်၍၊ဥဗျိုင်းငှက်တူ၊ကျင့်တော်မူသော၊ဖြူသည့်အဆင်း၊မွှီးရောင်ဝင်းသား၊လိုင်ကျင်းခြီရှည်၊ထိုငှက်သည်ကား၊ဖွေနီအစာ၊လှည့်ပတ်ရှည်၍၊မြစ်သာမြစ်လောင်း၊ချောင်းမြောင်းကမ်းနား၊သွားလာမွိညက်၊ငြိမ်သက်ဣိနြေ္ဒ ၊ထွေရှုစိမ့်စီ ၊ပိန်းပိန်းနီလျှက် ၊ရီမှာပွက်ကျင်၊ငါးကိုမြင်သော် ၊ခုန်မင်လျှပ်လျှပ် ၊ရအောင်ဟပ်သို့၊ပြည့်ကွပ်လူမှူး ၊စောရန်ငူးလည်း၊ဆူးဆူးကျင့်မူ ၊ဗျိုင်းမတူလျှင် ၊ဟူဟူသရွေ့၊အဓလေ့ဖြင့်၊အမွိစောင်ယှောက်၊သာလောက်ဖြည်းဖြည်း ၊ကျင့်သိပ်သည်းလျှက် ၊တိုင်တည်သမှု ၊
မျှော်ကြည့်ယှုမှ၊အန်တုအန်ပ ၊အစထော်လော် ၊ပေါ်သည့်အကြိုက်၊ ကွပ်ညှပ်လိုက်၍ ၊နောက်၌ရန်မလာစီနှင့်မင်း ။
(၄၀)
ဗာဟုဗလ ၊စသည်တွက်ရီ ၊အားငါးထွေဖြင့် ၊ တိုင်းပြည်သေဌီနင်း ၊မင်းရို့သော်သာ ၊ပြည့်နိုင်ရာဟု၊မြတ်စွာဘုရား ၊ဤလူများကို ၊ဟောကြားမိန့်မြွက် ၊ရေနှုတ်နက်ဖြင့်၊မပျက်စီအောင်၊ကျေးဇူးဆောင်လော့ ၊ လူ့ဘောင်လူ့ထွဋ် ၊လူမင်းမြတ်တို့၊ဆင်မှတ်တန်းဆာ ၊ရတနာသို့၊မကွာမြဲတည် ၊အားငါးမည်တွင် ၊အထွဋ်တင်သား ၊မျက်ရှင်အလား ၊ပညာအားဖြင့် ၊စီးပွားမြင်နိုင် ၊မြဲကြောင်းကိုင်၍၊ပြည့်လှိုင်ကျေးဇူး ၊အထူးထူးထွင် ၊အမှုးစစ်စစ် ၊ရှိလားဖြစ်လျှက် ၊အပြစ်ခွာယှောင် ၊အကျိုးဆောင်သား၊တက်ခေါ်င်လိမ္မာ၊မတ်ပညာကို ၊စီပါသုံးစွဲ ၊ကိုယ်၌မြဲကာ ၊ငရဲမလား ၊ရှိယူလားလျှက် ၊မြတ်ဖျားနိဗ္ဗန်၊ ခရီးညွှန်လျှက် ၊သမန္တစက် ၊အမြင်နတ်သား ၊ပွားတတ်ပညာ ၊မတ်လိမ္မာအား ၊ဆရာတစ်ဆူ ၊တိုင်ပင်မူလျှက် ၊ဆုံးမခက်သား ၊သူပျက်တယောက် ၊ပါယ်မကြောက်ကို ၊နှင်ခြေက်ခြိမ်းမောင်း ၊စီးတချောင်းလျှင်၊ ထောင်းထောင်းညက်ညက် ၊မျက်နှာဖျက်၍ ၊ရန်ဘက်မညှာတာစီနှင့်မင်း ၊၊
(၄၁)
အပ္ပမေယျ၊အနန္တလျှင် ၊ဆုံးစမတင် ၊ကမ်းမမြင်သား ၊ရီပြင်ဝန်းကျယ် ၊ပင်လယ်မြစ်မ ၊သမုဒ္ဒ၌ ၊ငါးရာငါးစင်း ၊မြစ်ခပင်းရို့ ၊စင်းလျှင်းမရှာ ၊စီးဝင်လာသို့ ၊ချမ်းသာခေါင်ရောက် ၊မင်းဖြစ်မြောက်က ၊ထပ်လှောက်ရတနာ ၊များစွာလှသား ၊ဥစ္စာရွှေငွေ၊အထွေအပြား ၊အပါးပါးလျှင် ၊၀တ်စားတန်ဆာ ၊လိုရာရာတည့် ၊မကြာမတင် ၊ရောက်လာလျှင်လည်း ၊လိုချင်သမှု ၊မပြုလေကျင် ၊ပြည်ကြီးသျှင်ရို့ ၊ဆင်ခြင်ကောင်းစွ ၊စိတ်လောဘကို ၊တရာ့တစ်စင်း ၊ ထီးဆောင်းမင်းရို့ ၊လက်ရင်းကျပ်သို ၊ ကျွန်ပြုလိုလျှင် ၊သို့ကိုသော်လည်း ၊နည်းသည်နှင်နှင် ၊လိုအင်ပြည့်ခဲ ၊မရောက်ရဲတည်း ၊ပြည်ထဲသေဌီနင်း ၊မင်းတို့ဘုန်းအား ၊စည်ပင်ပွား၏ ၊ပြည်သားပြည်သူ၊ပြောထူပစ္စည်း ၊ဖြင်ပည်းခိုင်ဖြီး ၊ ကြွယ်မြောက်ပြီးမှ ၊သစ်သီးခိုင်ညွတ် ၊မှည့်မှဆွတ်သော် ၊ကောင်းမြတ်ရသာ ၊ချိုမြိန်စွာသို့ ၊ပမာထိုဟန်၊ မှည့်ခါတန်မှ ၊တုတ်ခွန်ခိုင်ပြွတ် ၊ပြည်သီးဆွတ်လျှက်၊အလွတ်မစား ၊အချို့စား၍ ၊အများကြွေးမွီး ၊၀ီငှပီးသည် ၊ကျင့်ရေးတတ်လိမ်မာစီမင်း ။
(၄၂)
ဝသုန္ဒရာ ၊မြေမျက်နှာထက် ၊ ကြမ္မာရှေးဘုန်း ၊ ကုသိုလ်မှုန်း၍ ၊ခါဆုန်းချိန်သင့် ၊ကြာနှယ်ပွင့်သား ၊ရင့်သည့်တေဇ ၊ တန်ခိုးပလျှက် ၊လူများမျက်စိ ၊ နရာဓိသို့ ၊ဂတိလေးပါး ၊မမှားစီအောင် ၊ ကျေးဇူးဆောင်၍ ၊တည်ထောင်ကမ္ဘာ ၊ အစစွာက ၊ ဆရာမနု ၊ရသေ့ပြုသား ၊ လူမှုဆုံးဖြတ် ၊ ဓမ္မသတ်နှင့် ၊ ညီညွတ်မယွင်း ၊စောင့်စည်းခြင်းဖြင့် ၊ခပင်းမျက်နှာ ၊ မနာအားပါး ၊နှစ်ဘက်သား၏ ၊အကြားလယ်မှန် ၊ချိန်ခွင်မှန်သို့ ၊ဧကန်ကျကျ ၊မီးမြန်းမှလျှင် ၊မဆမတွေး ၊ရှုံးနိုင်ပီးလော့ ၊အရေးအလျောက် ၊မဖောက်မှန်ကန် ၊ကျမ်း၌မှန်သား ၊ရှီးလွန်နည်းမှီး ၊ထုံးတည်းမှတ်သား ၊ပိုင်းခြားအဟုတ် ၊ စက်သွားခုတ်သို့ ၊စုတ်စုတ်ထွင်းထွင်း ၊ကြံထိုးယွင်းလျှက် ၊စင်းစင်းမတ်မတ် ၊တရားဖြတ်၍ ၊လူနတ်ကောင်းချီး ငြာစီမင်း ။
(၄၃)
မဟီပတိ ၊ ယသဿိဟု ၊ မြီကြီးသခင် ၊စီးစိမ်ပြင်သား ၊ကျော်ထင်လူ့ပြည် ၊မင်းရို့သည်လျှင် ၊အရှည်မမျှော် ၊မတော်အလျား ၊မိလျော့ငြားလည်း ၊တရားမစောင့် ၊မစောင့်မဖြင်း ၊အကျင့်ယွင်းမှု့ ၊ထိုမင်းလက်ထက် ၊မြီကြီးလျှက်လည်း ၊သက်ခသြဇာ ၊အောက်မှာရွီလဲ ၊ထဲတဗွီ၌ ၊နီဘိရကား ၊အမြားပည်းဖြင့် ၊ရောက်လှည့်ကျင်သား ၊သစ်ပင်သစ်သီး ၊မကြီးလုံးဖန် ၊အမွန်ရသာ ၊ သြဇာမဟိ ၊ပျက်သိသိတည့် ၊ထို့ပြီးအပ ၊ဆီးဝါးစသည် ၊တေဇမထက် ၊ပျက်ခဲ့ရသာ ၊စားလီပါလည်း ၊အနာလွတ်ခဲ ၊ ရွိရွိရဲလျှက် ၊ကောင်းမြဲမကောင်း ၊မိုးလီနှောင်း၍ ၊သောင်းခကောင်းပင် ၊ပျိုးမရှင်တည့် ၊ပြည့်သျှင်မင်းကြီး ၊တရားမှီးမူ ၊ မြီကြီးရသာ ၊သြဇာတိုးတက် ၊ချိုမြက်သစ်သီး ၊ အကြီးလုံးလှ ၊ဆီးဝါးစသည် ၊တေဇထက်မြက် ၊ရောဂါလွတ်၍ ၊ ရွာဆွတ်မိုးကောင်း ၊ ကောက်မသောင်းတည့် ၊မင်းကောင်းရို့ကြောင့် ၊တရားစောင့်လော့ ၊သျှစ်သောင်းမြီပြင် ၊ရန်ကိုသင်လျှက် ၊ပြည်တွင်းပြည်သူ ၊ခပ်သိမ်းလူလည်း ၊ဆုယူများစွာ ၊ချစ်ကြင်နာ၍ ၊မေတ္တာမိုးကြီးရွာစီမင်း ။
(၄၄)
လင်္ကာဒီပ ၊သီဟဠဟု ၊နာမပြဋ္ဌာန်း ၊သီဟိုကျွန်း၌ ၊ထွန်းသည်နီသွင် ၊တန်ခိုးထင်သား ၊သင်္ခဗောဓိ ၊အမည်ဟိသည် ၊ မင်းကြီးကျင့်ထူ ၊နှလုံးမူလော့ ၊ နတ်လူချစ်ပြင်း ၊ထိုသည့်မင်းကား ၊စောင့်ခြင်းတရား ၊ မယွင်းမှားတည့် ၊ခိုးသားပူလောင် ၊ ခေါင်သည့်မိုးနှင့် ၊ နတ်ဆိုးဘီလူး ၊စားကြူးလူသား ၊ဘေးသုံးပါးကို ၊သိကြားနတ်တိုင် ၊ဓိဌာန်လှိုင်လျှက် ၊ အသက်စွန့်စား ။ပြည်သူများကြောင့် ၊ဖိတားပျောက်စီ ၊မိုးကောင်းစီ၏ ၊ ကျင့်ထွေလိုလား ၊မတတ်ငြားလည်း ၊ရှိုးရှာဆိုးကောင်း ၊ကျိုးတကြောင်းမျှ ၊မင်းကောင်းမှန်ကဲ ၊ကျင့်မူရဲလော့ ၊ဖောက်လဲတတ်စွာ ၊သက်ခန္ဓာကား ၊အခါမြင်ရှည် ၊မတတ်နိုင်ဘဲ ၊ကျေးဇူးသော်မူ ၊သူတော်လူရို့ ၊ပြောမူမြင့်ကြာ ၊ချီးမွမ်းရာလျှင် ၊ကမ္ဘာပတ်လုံး ၊ပြောမဆုံးတည့် ၊ရှိထုံးနည်းခိုင်း ၊ ကောင်းကျင့်လှိုင်း၍ ၊လူတိုင်းအံ့အဲ ၊ ချီးမွမ်းကဲလျှက်
၊မြင့်မြဲကျေးဇူးကြာစီမင်း ။
(၄၅)
သဟဿနေတ္တ ၊၀ါသ၀ဟု ၊သက္ကသူရိန်၊ ဒေ၀န်ထွဋ်ထား ၊ မိုးသိကြားလျှက် ၊တရားစောင့်သူ ၊ကျင့်ကောင်းလူကို ၊ရေးယူစိမ့်ငှာ ၊လေးမျက်နှာ၌ ၊သွယ်ကာရန်ထောက် ၊နတ်လေးယောက်ကို ၊စောင့်ယှောက်ပိုင်းခြား ၊အမြဲထားသို့ ၊တိုင်းကားအုပ်စိုး ၊ပြည်ထိပ်မိုးသား ၊တန်ခိုးထွန်းလင်း ၊လရို့မင်းလည်း ၊ကျင့်ခြင်းထို့တူ ၊ဆင်းရဲသူအား ၊ကလူညှဉ်းဆဲ ၊မခဲစိမ့်ငှာ ၊ ရပ်မျက်နှာကို ၊ကွယ်ကာစိမ့်ကြောင်း ၊ကျင့်ကောင်းမွန်ရည် ၊သဘောတည်လျှက် ၊ကြံစည်ကြံနက်နဲ ၊မှုထမ်းရဲသား ၊ ခက်ခဲရေးသား ၊ လိမ္မာတတ်မြောက် ၊မတ်လေးယောက်အား ၊လက်အောက်မှာထား ၊လေးဖို့ခြား၍၊လေးပါးဒိသာ ၊ရပ်ခန်းဝါ၌ ၊ပြည်ရွာကိစ္စ ၊ဟူသမျှကို ၊ဆုံးမကံမြစ် ၊အပြစ်မကောင်း ၊မပီကောင်းဟု ၊အကြောင်းစုံစမ်း ၊ရှိကျင့်တမ်းဖြင့် ၊မှုထမ်းအစေ ၊ကွပ်ညှပ်ပေ၏ ၊လူဆွီသိကြား ၊လူမင်းဖျားလည်း ၊လေးပါးထပ်ထူ ၊ပမာယူလျှက် ၊ပြည်သူစောင့်ယှောက် ၊မတ်လေးယောက်နှင့် ၊အံ့လောက်လူ့ဘောင် ၊ ပြည်ထဲဆောင်၍
၊ပြည်ထောင်ကြောက်ရွှံ့ယှားစီမင်း ။
(၄၆)
အခါတပါး ၊မြင်မိုရ်ဖျား၌ ၊သိကြားနီရာ ၊စစ်ပြုလာသည့် ၊ပြင်းစွာမျက်သျှိန် ၊ အသူရိန်ကို၊ဒေ၀ိန်သက္က ၊စီးချင်းချ၍ ၊ဒေ၀သဘာ ၊သုဓမ္မာဟု ၊သာသည်ဇရပ် ၊အမိုးရပ်တွင် ၊နောင်ကြပ်အမြဲ ၊ တုပ်၍ဆွဲသော် ၊ဆဲဆဲရေးရေး ၊ဟစ်ကြွီးရွီရွတ် ၊တတွတ်တွတ်လျှင် ၊အပတ်တကုတ် ၊ကြမ်းကြုတ်စကား ၊နတ်မင်းဖျားကို ၊နွားနှင့်အတူ ၊ငရဲသူဟု ၊ကလူကစာ ၊ဆဲရေးရှာလျှက် ၊မျက်မထွက်တည့် ၊ဆိုဘက်မထိုက် ၊ယင်းသူမိုက်ဟု ၊ မှက်ပိုက်သောထွေ ၊သီးခံစီ၏ ၊ရွှေမြေရပ်စီ ၊ရွှေနန်းတည်သား ၊နတ်ပြည်သေဌီနင်း ၊သိကြားမင်းလျှင် ၊ခံပြင်းသီးညည်း ၊အမျက်နည်း၍ ၊ရီ ကြီးတောတောင် ၊ အာဏာဆောင်သား ၊ဘုန်းခေါင်ထွန်းလင်း ၊လူရို့မင်းလည်း ၊ပုံခင်းကျမ်းလာ ၊ထိုထိုစာ၌ ၊ပြင်းစွာအမျက် ၊မထွက်ဖို့ရာ ၊ချုပ်မြစ်ထာလော့၊ပညာတိုင်တည်း ၊မျက်မာန်နည်းလျှက် ၊လူလည်းပြောဟော ၊နတ်ချစ်မောသည် ၊ကျောစောချီးအံ့သြစီမင်း ။
(၄ရ)
လောကသာရ ၊ကျမ်းဂန္တ၌ ၊ဓမ္မရသာအလင်္ကဖြင့် ၊တန်ဆာလည်းဆင် ၊ဖွဲ့စီရင်လျှက် ၊ကျမ်းမြင်ထွေပြား ၊အပါးပါးတည့် ၊များသည့်ထုံးနည်း ၊မှတ်ဖွယ်ချည်းလျှင် ၊ပမည်းပမာ ၊နည်းနာနယ ၊ပွတ်ပုံချသို့ ၊ခတ္တိယရာဇာ ၊ဇနဓိပ ၊ဘူပါလဟု ၊လောကထွဋ်ဖျား ၊မင်းရို့အားကို ၊စီးပွားချမ်းသာ ၊ဖြစ်စိမ့်ငှာလျှင် ၊ပညာသေတ္တု ၊စည်းရုံးပြုလျှက် ၊ကျင့်မူဆန်းပြား ၊ဆုံးမကြားသော် ၊ကောင်းဖျားမွန်ရည် ၊ကျော်စော်သည်ကား ၊အမည်ရာဇာသာရတည်း ။..........။
လောကသာရပျို့တတိယပိုင်းသို့နေနိန်ရာက ကူးယူထားသည်
.