ရခိုင်အမျိုးသားများ အင်္ဂလိပ်တိနန့် လက်တွဲခြင်း
ယင်းခေါင်းဆောင် သုံးယောက်စွာ ၁၈၂၄ ခုနှစ်မှာ ကျူးကျော်သူ ဗမာရန်သူကို တိုက်ထုပ်ဖို့တွက် အင်္ဂလိပ်နန့် မဟာမိတ်စာချုပ်ချူပ်လုပ်
ပြီးကေ ထိုစာချုပ်မှာ ….
၁ ။ ရခိုင်နန့် အင်္ဂလိပ်ပးပေါင်းပြီးကေ နယ်ချဲ့ဗမာရန်သူကို ရခိုင်ပြည်က တိုက်ထုပ်ခြင်း
၂ ။ အင်္ဂလိပ်ပါးက လက်နက်အင်အား တစ်ချို့တဝက်ကို ကူညီးပီးခြင်း၊
၃ ။ စိုက်သုံးစရိက်အားလုံးကို အင်္ဂလိပ်ပါးက ကျခံခြင်း၊
၎ ။ ဗမာနယ်ချဲ့တပ်ကို ရခိုင်ပြည်တွင်းက မောင်းထုပ်ပြီးကေ
ရခိုင်းပြည်က ရခိုင်မင်းညီးမင်းသားလက်ထဲကို အပ်နန်းခြင်း၊
၅ ။ စစ်ပြီးသောအခါ စစ်တွင်းကုန်ကျစရိက် နှစ်ဆကို ရခိုင်အမျိုးများက ပီးဆပ်ခြင်း
၆ ။ အင်္ဂလိပ်အနိန်နန့် ရခိုင်ပြည်သူပြည်သားအထေပါင်းကို ဖိနှိပ်ဆက်ဆံပှုခြင်း၊
ရ ။ စစ်ပြီးပြီးချင်း အင်္ဂလိပ်များက ရခိုင်ပြညက လုံးဝထွက်ခွါသွားရခြင်၊
၈ ။ စစ်တိုက်ရာတွင် ရခိုင်အမျိုးက ဦးဆောင်လမ်းညွန်ပီးခြင်း၊
၉ ။ ကြည်းတပ်ရီတပ် နှစ်ခုလုံးကို ညီညီညာညာတက်တက်ကြွကြွဆောင်ရွက်ခြင်း၊
၁၀ ။ စစ်အတွင်းရိတ်ခါ ကုန်ကျစရိက်ကို ရခိုင်အမျိုးများက ထောက်
ပဲ့ခြင်းများဖြစ်သည်။.
ယင်းပူပေါင်းဆောင်ရွက်တေ စစ်အင်အားတိနန့် နယ်ချဲ့ရန်သူ
ဗမာကို တော်လှန်ပုန်ကန်မှု၊ ရခိုင်ပြည် ရခိုင်လူမျိုးကို ကျွန်ပြုမှုတွက် နည်းပရိယာယ်ဆင်ပြီးကေ၊ ရခိုင်ပြည်ဗမာလက်အောက်က လွတ်
မြောက်တေအခါ၊ ရခိုင်တစ်မျိုးလုံးက အင်္ဂလိပ်၏ ကျွန်ပြုမှု လူစိတ်
ကင်းဝီးမှုအဘောထားတိကို သိလားေ၇အခါ {၁၈၂၇} ခုနှစ်မှာ၊ ပြင်
သစ်က အကူညီယူပြီးကေ အင်္ဂလိပ်တိကို ပြန်လည်တိုက်ခိုက်ဖို့တွက်
မင်းသားကြီးဦးရွှေဘန်း ဒိုးဝန်းအောင်ကျော်ရီနန့် မြို့သူကြီးအောင်
ကျော်ဇံရို့က စည်းရုံးမှုနန့် မြေအောက်စခန့်က၊ ပြောက်ကျားစစ်ဆင်
ရေးမှုနန့် အင်္ဂလိပ်ကို ရခိုင်ပြည်က ပြန်လည်တိုက်ထုပ်ဖို့ ကြိုးစားခ
ကေလေ့ စံရဖွေဦးဆောင်ရေတပ်က သစ္စာဖောက်ခြင်းကြောင်း၊ ရခိုင်
မျိုးချစ်သူရဲကောင်းခေါင်းဆောင် ”၃” ဦးကို ဖမ်းပြီးကေ၊ဘင်္ဂလားဒေင်္ချ
ဒက္ကားထောင်မှာ အကျဉ်းကျခံရသောအခါ၊ ယင်းခေါင်းဆောင်သုံးဦး
စွာ လက်မောင်းသွီးကို ဖောက်ထုပ်ပြီးကေ၊ ဘင်္ဂလားဒေင်္ချဒက္ကား
ထောင်မှာ လက်မောင်းသွီးနန့် သွီးတမ်းစာကိုရွီးပြီးကေ ထမင်းမစား
ရီမသောက်ပဲ၊ ရခိုင်သွီး၏ ရဲရင်ပြတ်သားမှု သူရဲကောင်းဆန်မှုနန့်
အစာငတ်ခံ ဆန္ဒပြပြီးကေ အသက်သီရေထိ ရခိုင်သွီး ရခိုင်ဇာတိ
မာန်တိစွာ သစ္စာရှိကြောင်းကို ပြသလားခဂါတ်တေ။
ကောင်းဆောင်မဲ့ရေစိတ်ဓာတ်နဲ့ ရခိုင်ပြည်နယ်ချဲ့တော်လှန်ရေးတိုက်ပွဲမှာနည်းပညာအရာ
လက်နက်အင်အားလူအင်အားမှအစ အဖက်ဖက်မှသာလွန်နီရေ အင်္ဂလိပ်နယ်ချဲ့တို၏ ဖိနှိပ်ရက်စက်သတ်
ဖြတ်မှုကြောင့် ရခိုင်ပြည်ပြန်လည် မီးခဲပြာပုံဖြစ်လားရရေ။
ရခိုင်တမျိုးသားလုံးလွတ်မြောက်ရေးအတွက် နယ်ချဲ့အင်္ဂလိပ်တိကို ဆန့်ကျင်တိုက်ပွဲဝင်သူများမှာ၊
တခြားထင်ရှားကျော်ကြားသော၊ ရခိုင်
သူရဲကောင်းခေါင်းဆောင်လည်းရှိရေ {၁၈၂၈} ခုနှစ်မှ ရခိုင်ပြည်
မြောက်ပိုင်း လေးမြို့ချောင်းမှာ ဗိုလ်ချိုက်စံ ၁၈၂၉ ခုနှစ်မှာ သံတွဲ
နယ်က ဗိုလ်အောင်သာဦး ၁၈၃၁ ခုနှစ်မှာ ကျိ န္တလီဆရာတော် ၁၈၇၀ - ၇ ခုနှစ်မှာ
မြောက်ဦးမြို့မှာ၊ ဗိုလ်အောင်ဦးဖြူတို့က အမျိုးတော်လှန်ရေးတစ်ရပ်ကိုဆင်နွဲခရေ၊ သို့သော်လည်းလက်နက်၊လူအင်
အား စစ်သည်ဗိုလ်ဘာ များအားနည်းမှုကြောင်း၊ တိုက်ခိုက်ဖမ်းဆီး
ခြင်းခံရပြီးသတ်ဖြတ်ခံရပြီးကေ { ၁၈၉၀} ခုနှစ်တွင် သံတွဲ ကျိ န္တလီ
မှာ၊ ငွေကျောက်စိမ်းဗိုလ်က နယ်ချဲ့အင်္ဂလိပ်တိက ထကြတော်လှန်
ခပြီးကေ၊ ထိုနှစ်ထဲ မှာပင်၊ သံတွဲဆရာတော်ကြီးဦးဆောင်ပြီးကေ ဗုဒ္ဓသာသနာတော်ကို မိစ္ဆာ
ဗြိတိသျှ နယ်ချဲ့လက်အောက်က ရခိုင်ဗုဒ္ဓသာသနာကိုကယ်တင်ရန် သံတွဲမြစ်တရိုးမှ
ရခိုင်အမျိုးသားများစည်ရုံးပြီးကေ မြို့ကိုဝင်စီးရေခါ ထိုတိုက်ပွဲမှာ ဆရာတော်နန့်
ရဟန်းတော်အမြောက်အများပျံလွန်တော်မူပြီး ကျန်ရဟန်းမှာ အဖမ်းဆီးခံခရရေ။
ယင်းနှစ်အတွင်မှာလည်း ရခိုင်ပြည်မြောက်ဦးကျောက်တော် ရသေ့တောင်
မြို့များမှာလည်းတော်လှန်ပုံကန် တိုက်ခိုက်ထကြမှု၊ အ
မြောက်အများ ပေါ်ပေါက်ခသိရေ။ဗိုလ်ကြာထွန်း၊ ဗိုလ်ရွှေလှ ဗိုလ်ဘ
ရို့က၊ အင်္ဂလိပ်နယ်ချဲ့ကို တော်လှန်ခရေ။
သံတွဲနယ်မှဗိုလ် ကျော်ဝသန် တောင်ပိုင်းမြောက်ပိုင်း အထိတောက်
လျှောက် တော်လှန်တိုက်ခိုက်ခံကေလေ့ အင်္ဂလိပ်နယ်ချဲ့သမား၏ ဖမ်းဆီးမှုကြောင်း
သတ်ဖြတ်ခံလိုက်ရရေ စည်းလုံးမှုနန့် အင်္ဂလိပ် နယ်ချဲ့ကို တိုက်ထုတ်ပြီး မင်းဆက်ထူထောင်ကြိုးစားခရေအခါ၊
{၁၈၉၂} ခုနှစ် ဖေဖဝါရီလမှာ သားအဖနှစ်ဦးလုံး အဖမ်ဆီးခံရပြီး
ကေလေ၊့ စစ်တွေအကျဉ်းထောင်မှာ တိုက်ပိုက်ထားရေခါ၊ စစ်တွေ
ထောင်ထဲမှာ အကျဉ်းသား တရာကျော်နန့် ထောင်ထဲမှာတက်ကြွပုန်
ကန်လို့ သားအဖနှစ်ဦးကို ပြန်လည်လွှတ်ပီးလိုက်ပြီးကေ၊ သားအဖ
နှစ်ယောက်စလုံး ထောင်ကို ဖောက်ထွင်းပြီးကေ၊ ပြန်လည်တိုက်ခိုက်
လို့အင်္ဂလိပ်နယ်ချဲ့များက တန်ပြန်တိုက်ခိုက်မှုကြောင်း၊ဖမ်းဆီးခံရကာ
သားအဖနှစ်ဦးအားကြိုးဒါဏ်ပီးပြီးကေ သတ်ဖြတ်ခံလိုက်ရရေ။
{၁၈၈၅} ခုနှစ်မှာ ဗမာတပြည်လုံး အင်္ဂလိပ်နယ်ချဲ့ကျွန်ဘဝကိုရောက်နီရေအချိန်မှာ
အင်္ဂလိပ်တို့၏ နည်းပညာလက်နက်အင်အား
ကိုအထင်ကြီးကြောက်စိတ်တိနန့် နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်တိ
မြန်မာတနိုင်ငံလုံးမှာ၊ တဖြည်းတဖြည်းပျောက်လာအချိန်၊ {၁၉၁၇}
ခုနှစ်မှာ၊ ရခိုင်အမျိုးသား {The sun of Asia} ခေါ် ဆရာတော် ဦးဥတ္တ
မက၊ အာရှတိုက် အနှုံ့ကိုလှည့်လည်ပြီးကေ ဥရောပကိုလိုနီစနစ်ကို အကြမ်းမဖက်
အနုနည်းဆန့်ကျင်ကြဖို့ တိုက်တွန်းနှိးဆော်လို့ ဆရာ
တော်၏နိုင်ငံရေးအသိနိုးကြသောကြောင်း ပြည်သူတရပ်လုံး သပိတ်မှောက်ပွဲဆုတောင်းပွဲများကို မြန်မာနိုင်ငံအနှံ့မှာပေါ်ပေါက်လာခဂါတ်
တေ၊ ယင်းအချိန်မှာ အင်္ဂလိပ်ဘုရင်မကိုဘုရားသခင်ပိုင်ကိုးကွယ်မှု
နန့်၊ ဗြိတိသျှအင်ပါယာ၏နိုင်ငံတော်တေးချင်ကိုသီဆိုမှုနန့် မြန်မာ
တစ်ပြည်လုံးခေါင်းမော်ြ့ပီးမကြည့်ဝံရေအချိန်မှာ၊ ဘုရင်ခံဆာရယ်ဂျီ
နယ်ကရက်ဒေါက် အင်္ဂလိပ်ပြန်ထွက်လားဆိုပြီးကေ၊ သတင်းစာမှာ
ဗြောင်ရွှီးခရေ။
အာဂသတ္တရှင်တပါးဖြစ်နန့် ၁၉၁၇ နန့် ၉၁၃၉ ခုနှစ်အတွင်းမှာ ဆရာတော်၏နိုင်ငံရေးစာပီ နိုင်ငံရေးတရားများနန့် ဗမာတပြည်လုံးကပြည်သူလူထု၏နုလုံးသားကိုထိုးဖောက်နိုင်ခရေ အာရှနီဝင်းဆရာ
တော်ဦးဥတ္တမဖြစ်တေ။
ဆရာတော်စွာဗမာတပြည်လုံးလွတ်မြောက်အောင်နိုင်ရေးနိုင်ငံရေးလို့ပြောနန်ကတ်တေ
အမှန်တရားကိုပြောမှုနန့် ’၄’ ကြိမ်တိုင်တိုင်
ထောင်ကျခံပြီး နယ်ချဲ့အင်္ဂလိပ်လက်အောက်မှာ ညှင်းဆဲခံရကေ
လေ့၊ အာရှတတိုက်တစ်ခုလုံးလွတ်မြောက်ရေးအတွက် ဒူးထောက်
အရုံးမပီးပဲ ၁၉၃၉ ခုနှစ် စက်တင်ဘာ ၉ ရက်မှာဘဝနတ်ထံ ပျံလွန်
တော်မှုလားရေ ဆရာတော်ဦးဥတ္တမကား ဗမာပြည်လွတ်လပ်ရေးတွ
က် မီးရှုးတန်ဆောင်ဖြစ်ပါရေ။
ပထမအင်္ဂလိပ်စစ်ပွဲမှာ ဘိုးတော်ဘုရား ရခိုင်ပြည်ကိုသိမ်းယူပြီးနှစ် “၄၀”
အကြာတွင်ဖြစ်ပွားခဲ့သောစစ်ပွဲကြောင်၊ အင်္ဂလိပ်ဗမာရ န္တ
ပိုစာချုပ်ကို {၁၈၂၆} ခုနှစ်ဖေဖဝါရီလ “၂၆” ရက်မှာ၊ စာချုပ်ချုပ်
ဆိုပြီး ရခိုင်နန့်တနင်္သာရီဒေသကို ဗြိတိသျှသမားလက်ထဲကိုပေးအပ်
လိုက်ရသည်။
ယင်းအချိန်ထိရခိုင်ပြည်၏မြို့တော်မှာမြောက်ဦးမြို့သာရှိသေးသည် မြောက်ဦးမြို့သည်ပင်လယ်နန့်အလှမ်းဝီးခြင်းကြောင်း၊ပင်လယ်ကူး
သင်္ဘောများဝင်ထွက်သွားလာမှုမရှိုခြင်းခရီးသွားလာသူများတွက်၊
အခက်ခဲရှိခြင်း ကူးသန်းရောင်းဝယ်ရေးတွင်ဗြိတိသျှနယ်ချဲ့သမား
အတွက်အဟန့်အတားဖြစ်သောကြောင်း၊ရခိုင်ပြည်၏မြို့တော်ကို
စစ်တွေမြို့အဖြစ်ရွေးချယ်ခသည်။
ရခိုင်ပြည်အချုပ်အခြာအာဏာပိုင်နှိင်ငံအဖြစ်ရပ်တည်နှိင်ခရေအချိုန်
မှာ၊ ရခိုင်ဘုရင်လက်ထက်ကစစ်တွေကျွန်းစွာစစ်ရေးအရ၊ အချက်အ
ချာကျရေ ကျွန်းတကျွန်းဖြစ်ခြင်းအတွက်၊ ကျွန်း၏အမည်မှာ “ စစ် “
ဆိုရေစကားနန့်စစ်အရေးပါမှုကိုထင်ရှားစေသောကြောင်းမှု “စစ်”
ဆိုရေအမည်နာမဝေါဟာရစွာ “ စစ်တေး “ ကတဆင့် စစ်တွေဟု
ပြောင်းလွဲခြင်းသာဖြစ်ပါသည်။
ရခိုင်ပြည်အား ဗမာနယ်ချဲ့သိမ်းပိုက်လိုက်သောကြောင်းစစ်တွေကျွန်းသည်စစ်ရေးအရ၊
အရေးပါမှုမှာလည်းလျှောကျခရမှုနန့်၊ တံငါရွာ
အဖြစ်ပြောင်းလားခရမှုနန့်၊ အင်္ဂလိပ်နယ်ချဲ့မှတ်တမ်းများတစ်လျှောက်
မှာ စစ်တွေသည် တံငါရွာအဖြစ်မှတ်တမ်းတင်ခဲ့သည်။
ရခိုင်ပြည်သည်ဗမာပြည်၏အနောက်ဖက်မှာရှိသောကြောင့်၊အရှေ့
ဘက်မှာ မကွေးတိုင်းအနောက်ဘက်မှာဘင်္ဂလားပင်လယ်အော်
တောင်ဘက်မှာ ဧရာဝတီတိုင်း မြောက်ဘက်မှာ၊ ချင်းပြည်နယ် အင်္ဂလိပ်
ဗမာစစ်အပြီးချုပ်ဆိုခရေ၊ ရ န္တပိုစာချပ်အရ ရခိုင်ပြည်၏နယ်နိမိတ်မှာ
မြောက်ဘက်ပိုင်းတွင် ချင်းပြည်နယ်ပလက်ဝတောင်တန်းဒေသမှ တောင်ပိုင်းနဂရေအငူနန့်၊ ဟိုင်းကြီးကျွန်းအထိရခိုင်ပြည်၏နယ်နမိတ်
မှာ {၃၂၆၉၄} စတုရန်းမိုင်ကျယ်ပြန့်ြ့ပီးခပြီး၊ ရခိုင်တောင်ပိုင်းဒေသ
ကျောက်ချွန်မြစ်မ၊ှ နဂရေအငူထိရှည်လျှားသောနေမြေဖြစ်သော
ကြောင်း၊ ဗြိတိသျှတို့ကအုပ်ချုပ်ရေးယန္တရား လွယ်ကူရေးတွက် ဒုတိယ
အင်္ဂလိပ်ဗမာစစ်ပြီးလားရေခါ ခရစ်နှစ် ၁၈၅၃ ခုနှစ်မှာ ပုသိမ်ခရိုင်ကို ဧရာဝတီတိုင်းအတွင်းသို့ ထည့်သွင်းလိုက်သောကြောင်း ရခိုင်ပြည်၏ နယ်နမိတ်မှာ ၂၁၆၉၄ စတုရန်းမိုင်ကနိန်ပြီကေ {၁၈၉၄၅ }စတုရန်း
မိုင်းလျှော့ကျလားပါရေ။
အိန္ဒိယ ဗမာခွဲထွက်ရေးပြဿနာအပြီးမှာ{ ၁၉၃၇ }ခုနှစ် အင်္ဂလိပ်အက် ဥပဒေအရ နတ်မြစ်အနောက်ဘက်ခြမ်း “၃၇” မိုင်ရှည်ရေ အနောက်ဘက်ကမ်းရိုးတမ်းကို၊ အိန္ဒိယနိုင်ငံ အုပ်ချုပ်ရေး
လက်အောက်ကိုထည့်သွင်းလိုက်သောကြောင်း ခိုင်ကမ်းရိုးတမ်းတစ်
လျှောက်မှာ“၄၈၀” မိုင်သို့လျှော့ကျလားပါရေ။ ဗမာပြည်လွတ်လပ်
ရေးရပြီး {၁၉၅၃} ခုနှစ်မှာပလက်ဝခရိုင် ရခိုင်မြောက်ပိုင်းတောင်တန်း
ဒေသက ချင်းပြည်နယ်အဖြစ်ထည့်သွင်းလိုက်သောကြောင်း၊ လက်ရှိ
ဗမာသတ်မှတ်ခံရသော ရခိုင်ပြည်၏ နယ်နမိတ်မှာ {၁၄၂၀၀}စတု
ရန်းမိုင်သားကျန်ရှိပါတောသည်။
ယင်းကာလအတွင်းရခိုင်တမျိုးသားလုံးနယ်ချဲ့ဆန့်ကျင်ရေးသမားမှာအယူအဆ “၂” မျိုးကွဲပြားကာ တစ်မျိုးမှာ အင်္ဂလိပ်နန့်ပူး
ပေါင်းဆောင်ရွက်ပြီး ရခိုင်လူများ၏ ပညာရေး လူမှုရေး စီးပွားရေး တိုး
တက်အောင်ဆောင်ရွက်ပြီး၊ အင်္ဂလိပ်အုပ်ချုပ်ရေး လက်အောက်မှာ ဝင်ရောက်အမှု့ထမ်းကာ ရခိုင်တမျိုးသား၏ရပိုင်ခွင့်ကို တိုးတက်
တောင်းဆိုလာခြင်း၊ နောက်တမျိုးမှာ ဗမာအမျိုးသားနန့် ပူးပေါင်းပြီး အင်္ဂလိပ်လက်အောက်ကလွတ်မြောက်အောင် တိုက်ထုတ်ခြင်း၊ ပထ
မအယူအဆနန့်ရုံးကန်လှုပ်ရှားသူရို့မှာဆာပေါ်ထွန်း၊ဆာထွန်း၊အောင်ကျော်၊ အိုက်စီအက်စ်၊ ဦးကျော်မင်းနှင့် ဦးမေအောင်ရို့ဖြစ်ပြီး ၊ဒုတိယအုပ်စုမှာ ဒေါက်တာရွှေဇံ၊ အောင်ဦးစိန်လှအောင်၊ ဦးစိန်ထွန်း
အောင်ရို့မှကပါဝင်သည်။
ယင်းခေါင်းဆောင်များက ဗမာအမျိုးသားနန့်
ပူးပေါင်းပြီး {၁၉၂၀} ခုနှစ်မှာထူထောင်ကာ အမျိုးဘာသာ သာသနာအကျိုးကိုထမ်းဆောင်ပြီး အင်္ဂလိပ်ကိုတိုက်မည်လို့ခံယူချက်ရှိရေ
လူမျိုးများမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသပိတ်ကို ဦးဘဦးရို့ဦးဆောင်ဂါတ်တေ၊ ဒုတိယကျောင်းသားသပိတ်ကို{၁၉၃၀} ခုနှစ်မှာ ဦးကျော်ရင် ဦးညိုထွန်းနန့် ဦးဘဇံတို့ပူးပေါင်းပြီးနယ်ချဲ့လက်အောက်
ကလွတ်မြောက်ပါကရခိုင်အမျိုးသားအနေနန့်၊ သမ္မတနိုင်ငံတည်ထောင်ခွင့်သီးခြားရပ်တည်ခွင့်ပီးမေဟုအာမခံချက်ပီးသော၊ဗမာအမျိုးသား
ခေါင်းဆောင်များကတိကြောင့်ရခိုင်ဗမာစည်းလုံးညီညွတ်မှု့ပိုမိုမြင့်မားလာပြီး၁၉၃၇ ခုနှစ်ဗမာပြည်ကိုအိန္ဒိယမှခွဲတည်ပြီးကသီးခြားအုပ်ချုပ်
ချိန်တွင်အမျိုးသားလွတ်မြောက်ပိုမိုမြင့်မားတိုးတက်လာမှု့နန့်
{၁၉၃၉} ခုနှစ်ရခိုင်ပြည်သူလူထုလူတန်းစားပေါင်းစုံနန့် အဖွဲ့ပေါင်းစုံပါဝင်လာရေတွက်ကြောင်း ရခိုင်အမျိုးသား ကွန်ကရက်ကို ဖွဲ့စည်းပြီးလို့ ရခိုင်ပြည်အနံအပြားမှာ အားကောင်းလာဂါတ်တေ။
{၁၉၄၂} ခုနှစ်မှာ ဗမာပြည်လွတ်လပ်ရေးတပ်မတော်က အကူ
အညီးတောင်းလို့ ဂျပန်ဝင်ရောက်လာရေအခါ ဖက်ဆစ်ဂါပန်ရို့ စိတ်
ဓါတ်နန့် ရက်စက်မှုဒါဏ်ကို ဂျပန်လူမျိုး၏ ရက်စက်မှုကို လက်တွိခံ
စားရရေအခါ၊ အိန္ဒိယကို ထွက်ခွါလားရေ အင်္ဂလိပ်တိကလည်း မေယု
ခရိုင်ကို ဘင်္ဂလီလက်အောက်မှာချန်ထားခပြီး ရခိုင်မမျေိုးသားနန့် ဘင်္ဂလီမှုဆလင်များအကြားမှာ ဘာသာရေးပြဿနာဖန်တီပြီးကေ အစိုးရသစ်ကို အခက်ခဲ့ကြုံရအောင် ပြုလုပ်ပြီး၊ ဖက်ဆစ်ဂျပန်ရို့က
လည်း “၁၉၄၃” ခုနှစ် သြဂစ်လ ၁ ရက်နိန့် ဒေါင်တာဘမော်ကို ရုပ်သီ
အစိုးရ၏ အကြီးကဲအဖြစ်နန့် တင်မြောက်ပြီးကေ ဗမာပြည်ကို လွတ်
လပ်ရေးအတုပီးခရေ။
ဖက်ဆစ်ဂျပန်ရို့ကလည်း ၁၉၄၃ ခုနှစ်မှာ သြဂတ်စ် ၁ ရက်နိန့်
ဒေါက်တာဘမော်ကို ရုပ်သီးအစိုးရအဖွဲ၏အကြီးအကဲအစိုးရအဖြစ်တင်မြောက်ပြီး ဗမာပြည်ကို လွတ်လပ်ရေး အတုအယောင်ပီးခပြိးကေ၊ {၁၉၄၂} ခုနှစ်မှာ ရခိုင်အမျိုးသားကွန်ဂရက်ကိုဆရာတော် ဦးစိန္တိတ
နန့် ဦးညိုထွန်းရို့က ဦးဆောင်ပြီးကေ ဗမာခေါင်ဆောင်ဖိတ်ကြားချက်
အရ ၁၉၄၄ ခုနှစ်မှာ ရန်ကုန်မှာ ကျင့်ပရေ ဖက်ဆစ်ဆန့်ကျင့်ရေး
ညီလာခံကို တက်ရောက်ကာ ရခိုင်အမျိုးသားကိုယ်စား ဗမာတော်
လန်ရေးတပ်ဦး၏ နိုင်ငံရေးလမ်းစဉ်မှာ အဖိနှိပ်ခံ တိုင်ရင်းသားအားလုံး
လက်တွဲပြီးကေ နယ်ချဲ့အင်္ဂလိပ်ကိုတိုက်ထုတ်ကာ ကိုယ်ကံကြမ္မာကို ကိုယ်ပိုင်ဖန်တီခွင့်နန့် ပြည့်ထောင်စု တည်ဆောက်ဖို့ မိမိရို့သီးခြား
အချုပ်အခြာ အာဏာပိုင်အဖြစ်ရပ်တည်လို့ရကြောင်း၊လက်ခံအတည်ပြုပြီးကေ ရခိုင်အမျိုးသားကွန်ဂရက်ခေါင်ဆောင်များက ဖက်ဆစ်ဂျပန်ကိုတိုက်ထုပ်ရန် ဗိုလ်ကြီးကြာလှအောင်ကို စစ်ဦးစီချုပ်ခန့်လျက်
အင်းအား ၃၀၀၀ ခန့်ရှိရေ ရခိုင်ကာကွယ်ရေးတပ်မတော်ကို ရခိုင်ပြည်
ကျေလက်ဒေသများမှာဖွဲစည်းခရေ။
မှတ်ချက် / AASYC အဖွဲ့ကထုပ်ဝီရေ {၁၃}သြဂတ်(စ်) မမေ့အပ်စာအုပ်က ကိုးကားရွီးသားပေါ်ပြခြင်းဖြစ်သည်။.... .