။....။

ရခိုင်ပြည် စစ်အာဏာရှင်လက်အောက်ကို ကျရောက်ခြင်း

{၁၉၄၈} ခုနှစ်က နိန်ပြီးကေ {၁၉၆၂} ခုနှစ်အတွင်းမှာ တိုင်း
ရင်းသားများက တန်းတူပြည်နယ်၏ရဟိရေးလုပ်ချားမှုကို အား
ကောင်းလာဂါတ်တေအခါ {၁၉၆၂} ခုနှစ် ဖေဖော်ဝါရီလ(၂၅) ရက်မှာ
တိုင်းရင်းသားများက စုပေါင်းပြီးကေ သမိုင်ဝင် တောင်ကြီးညီလာခံကို
ကျင့်ပပြီးကေ (ရှင်းမှု)လို့ လူသိများရေ ပြည်နယ်ပေါင်းစု ပြည်ထောင်
စုဖွဲ့စည်းပုံမှုကြမ်းကို ရွီးဆွဲခရေ။.

ပြည်ထောင်စု ဖွဲ့စည်းပုံမှုကြမ်း၏ ပါဝင်သောအချက်မှာအောင်ပါ
အတိုင်းဖြစ်ပါသည်။
၁။ ပြည်ထောင်စုကို တန်းတူအခွင့်အာဏာဟိရေးအမျိုးသားပြည်
နယ် (၈)ပြည်နယ်ကို အခြေံပြီး ဖွဲ့စည်းရမည်။
၂။ ပြည်ထောင်စုအစိုးရကို သီးခြားအပ်နှင်းထားရေ အာဏာကလွဲပြီး
ကေ ပြည်နယ်အစိုးရမှာ တန်းတူအာဏာဟိရမည်။
၃။ ပြည်နယ်အလိုက် သီခြားဖွဲ့စည်းပုံ၊ ဥပဒေလွတ်တော်ဆိုပြီးကေ လွတ်တော်(၂)ရပ်နန့် ဖွဲ့စည်းရမည်။ ( ယင်းလွတ်တော်နှစ်ရပ်သည်
တန်းတူအခွင့်ရေးဟိရမည်။
၎။ ပြည်ထောင်စုလွှတ်တော်ကိုလူမျိုးစုလွှန်တော်နန့် ပြည်သူ့လွှတ်တော်ဟုဆိုပြီးကေ လွှတ်တော်(၂ )ရပ်နန့် ဖွှဲ့စည်းရမည်၊ယင်းလွှတ်
တော် (၂ )ရပ်ကထပ်တူအာဏာရရှိရမည်။
၅။ ပြည်ထောင်စုလွှတ်တော်သည်၊
(က) နိုင်ငံခြားရေး(ခ)ကာကွယ်ရေး၊
(ဂ) ဘဏ္ဍာရေး
(ဃ) တရားစီရင်ရေး၊
(င) ငွေစက္ကူရိုက်နှိပ်ထုတ်ဝေရေး၊
(စ) ဆက်သွယ်ရေးနှင်းသယ်ယူပို့ဆောင်ရေး၊
(ဆ) မီးရထားနန့်လီကြောင်းသယ်ယူပို့ဆောင်ရေး၊


(ဇ)အကောက်ခွန်နန့်ဆိပ်ကမ်းမြို့များနန့်သက်ဆိုင်ရေ ဥပဒေများကို
ပြုလုပ်ပိုင်ခွင့်ဟိရမည်။
၆။ ပြည်နယ်များသည်ကိုပိုင်အုပ်ချုပ်ခွင့်အပြည့်အဝရှိလျှက်၊ပြည်
နယ်အစိုးရကပြည်ထောင်စုအစိုး၏ဝင်ရောက်စွက်ဖက်မှုကကင်းလွတ်
ခွင့်ရမည်။
၇။ ပြည်နယ်နန့်တိုင်းအတွက်အစိုးရ၏ဘဏ္ဍာရေးအသုံးစရိတ်ကိုညီမျှစွာ ခွဲဝီရေး၊ ပြည်နယ်ပိုင်သယံဇာတနန့်စီးပွားရေးအဆောက်အအုံ
များကို ပြည်နယ်လူထုကစီမံခန့်ခွဲပိုင်ရီိရမည်လို့ တိုင်းရင်းသားလူမျိုး
များကအမျိုးသားတန်းတူအခွင့်ရေးရရှိရေးကိုအာမခံပီးနိုင်ရေ ပြည်
ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကိုရွီးဆွဲတင်ပြဖို့ကြိုးစားနိန်ရေအခါမှာ
နေဝင်းဦးဆောင်ရေ လူမျိုးကြီးဝါဒီစစ်ဗိုလ်ချူပ်များကတိုင်းပြည်ပြိုကွဲဖို့ဆိုပြီးကေ( ၁၉၆၂) ခုနှစ်မှာ နှိင်ငံတော်အာဏာကိုစစ်တပ်အားကိုးနန့်
သိမ်းယူပြီးတေ၊ လွှတ်တော်ကိဖျက်သိမ်းပြီးသမ္မတနန့်အစိုးရအဖွဲဝင်
ဝန်ကြီးများနန့်၊ တောင်းကြီးညီလာခံကိုတက်လာလတ်ရေတိုင်းရင်း
သားခေါင်းဆောင်များကိုအပြစ်တစုံတရာမဟိဘဲ ထောင်သွင်းအကျဉ်း
ချထားလိုက်ပြီးကေစစ်ဗိုလ်စစ်သားကြီးစီုးရေမြန်မာဆိုရှယ်လစ်လမ်း
စဉ်ပါတီကို ထူထောင်ကာ၊ အရင်ရှင်နယ်ချဲ့ဝါဒ၊ လူမျိုးကြီးဝါဒ၊စစ်အာဏာဝါဒနန့် တစ်ပါတီအာဏာရှင်စနစ်ကို တရားဝင်တရားဝင်ကျင့်သုံး
နိန်ဂါတ်စွာ၊လက်ရှိအချိန်ထိဖြစ်ပါရေ။

နေဝင်း စစ်အာဏာသိမ်းပြီး မကြာခင်မှာပင် ဦးပေါ်ဦးနန့် ဦးမောင်စိန်
ညွန့်ရို့က ရခိုင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ကို ဖွဲ့စည်းထူထောင်
ပြီး (၁၉၆၂)ခုနှစ်က ဖဆပလအစိုးရကို ပြန်ပနာတော်လှန်ခဂတ်သိ
ရေ။တချိန်တည်းမှာပင် ဦးကျော်ဇံရီးနန့် ဦးမောင်ဟန်ရို့ဦးဆောင်ပြီိက သခင်စိုးဦးဆောင်ရေ ဗမာပြည်ကျွန်မြူနစ်ပါတီက (အလံနီ)နိန်ပြီးကေ ခွဲထွက်ကာ ရခိုင်ပြည် ဗမာပြည်ကျွန်မြူနစ်ပါတီကို ထူထောင်ကာ ရခိုင်အမျိုးသားလွန်မြောက်ရေးတွက် တောင်းဆိုတိုက်ပွဲဝင်ခသိရေ။
(၁၉၆၃)ခုနှစ်မှာ တော်လှန်ရေးကောင်စီက အတိုက်ခိုက်ရပ်စဲ
ကြောင်း ကြော်ညာပြီး၊ တစ်နိုင်ငံလုံး လက်နက်ကိုင်အဖွဲ့စည်းများကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဖိတ်ခေါ်ရေခါ ဆွေးနွေးပွဲကို ရခိုင်ပြည် ရခိုင်ပြည်ဗမာပြည်ကျွန်မြူနစ်ပါတီက ဦးကျော်ဇံရီးနန့် ဦးသိန်းဖေရို့က တက်ရောက်ပြီး ရခိုင်အမျိုးသား၏ ကံကြမ္မာကို ရခိုင်ကိုယ်တိုင်ဖန်တီရေးတွက် တောင်းဆိုရေအခါ လိုက်လျှော့မှုတစ်စုံတစ်ရာမဟိလို့ ဆွေးနွေးပွဲကနုတ်ထွက်ပြီး လက်နက်ကိုင်တပ်ဖွဲ့ကို ဆင်နွဲခကေလေ့ လက်တွိ့အားဖြင့် တော်လှန်ရေးကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေး
ပွဲမှာ အတိုက်ခဲများက ငြိမ်းချမ်းေ၇းမလို့လားသဖြင့် ပြည်တွင်းမီး
တောက်လောင်နိန်ရေဆိုပြီးကေ ပြည်လူထုနန့် နိုင်ငံတကာကို အ
ကြောင်းပြချက်ပီးကာ နေဝင်း၏ နိုင်ငံရေးလှည့်ကွက်မှာ ရခိုင်အမျိုး
သားလွတ်မြောက်ရေးတွက် လုပ်ဆောင်နိန်ရေ ခေါင်းဆောင်တိ အိပ်
မောကျလားဂတ်တေ။

(၁၉၆၄)ခုနှစ် ဗိုလ်ကြီးကြာလှအောင်ဦးဆောင်ရေ အမျိုးသားညီညွန့်
ရေးအဖွဲ့ကို ကျေးလက်ဒေသများကို အခြေခံလို့ ဖဆပလအစိုးရအား ပြောက်ကျားစစ်နန့် တိုက်ခိုက်ရေခါ စစ်ရေးအရထိရောက်မှုအစံုံတစ်
ရာဟိခကေလေ့ စည်းရုံးမှုအရ အရေးနိမ့်ခလို့ လက်ဟိအချိန်ထိ ရခိုင်ပြည် ရခိုင်တမျိုးသားလုံး နိုင်ငံရေး၊လူမှုရေး၊ စီးပွါးရေး၊ ပညာရေး၊
လူအခွင့်ရေးအစဟိရေ ရခိုင်လူမျိုးရို့ရပိုင်ခွင့်တိကို လက်ဝါးကြီးအုပ်
စိုးထားရေ ဗမာလူမျိုးကြီး၏ လက်ဝါးကြီးအုပ်စိုးထားရေ အာဏာ
အောက်က ပျောက်ကွယ်နိန်ရေ ရခိုင်သားရို့ရပိုင်ခွင့်တိစွာ နှစ်ပေါင်း
(၂၂၅)ကျော်လားပါဗျာလ်။
မှတ်ချက် / AASYC အဖွဲ့ကထုပ်ဝီရေ {၁၃}သြဂတ်(စ်) မမေ့အပ်စာအုပ်က ကိုးကားရွီးသားပေါ်ပြခြင်းဖြစ်သည်။..

...။...။...တင်ပြသူ...။လခြမ်းမြီ ...စာတင်ချိန်။...။..16.1.10...။...လခြမ်းပြီး...။... , , . ။...အားပီးလာဂါတ်ရေ စာဖတ်ပရိတ်မှားမှ ဒေဘလော့ဂ်နန့်ပတ်သတ်ပြီး အကြံများပီးလိုပါက arakankotawchay@gmail.com မှ အမြဲတမ်း ကြိုဆိုနီပါသည်။ စာဖတ်ပရိတ်သတ်များအားလုံးကို ကျေးဇူးတင်လျှက် ...။

0 comments for "ရခိုင်ပြည် စစ်အာဏာရှင်လက်အောက်ကို ကျရောက်ခြင်း"

Post a Comment

ထင်မြင်ချက်ပီးလာသူများ

ပို့စ်တင်စချေတိ