လောကသာရဆုံးမစာ
မြန်မာစာပီ၏အသက်ဖြစ်တေ့ရက္ခ၀ဏ္ဏအက္ခရာတီထွင်ကာရခိုင်စာဆိုတော်များသည်ရတု၊ရကန်၊
အဲအံ၊သာခြင်းနှင့်အမျိုးမျိုးသောပျို့ကဗျာများကိုဖွဲ့နွဲ့သီကုံးခဲ့ကြသည်။မြန်မာစာပီလောကတွင်
စောပြည့်ညိုမင်းသမီးရေးစပ်သည့်သိန်ကန်မိန်တွင်(၁၂)ခွင်ချီရတု၊အဒူမင်းညို၏ရခိုင်မင်းသမီးဧချင်း၊
ရခိုင်သူမြတ်၏လောကသာရပျို့နှင့်အမတ်ကြီးဥက္ကာပျံ(၀ါ)ရာဇသင်္ကြန်၏ ဥက္ကာပျံရတုတို့မှာအဟောင်း
ဆုံးနှင့်အကောင်းဆုံးအဖြစ်ထင်ရှားသည် ဆိုပနာရခိုင်ရာဇ၀င်သစ်ကျမ်းကိုကိုးကား၍ ဦးအောင်သာဦး
(ရက္ခမဏ္ဍလရက္ခိုင်ရာဇ၀င်)တွင်မှတ်တမ်းအဖြစ်တွိ့ဟိရပါသည်။.
လောကသာရဆုံးမစာ
အသက်ရှည်စွာ၊ အနာမဲ့ကြောင်း
ကောင်းလှစီချင်၊ ပဲ့ပျင်နိစ္စ
ကွပ်ဆုံးမသား၊ မိဘဆရာ
စကားနာ၍၊ ကျမ်းစာသိမြင်
တတ်အောင်သင်လော့၊ ပေါ်လွင်မပြု
ကောင်းရာတုလျှက်၊ ကောင်းမှုမြတ်နိုး
ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်စီမင်း --။
မိခင်ဖခင်၊ ကျေးဇူးသျှင်ကို
ချစ်ခင်မြတ်နိုး၊ ဂူပုထိုးသို့
ရှိခိုးဦးတင်၊ ကြည်လင်မြတ်လေး
လုပ်ကျွေးခယ၊ ရိုတုပ်ကွလျှက်
ကြီးလှသက်အို၊ မျိုးဆွီကိုလည်း
ကြည်ညိုညွတ်တိမ်း၊ ပိုက်ထုပ်သိမ်း၍
မယိမ်းစင်းလျင်းငြိမ်းစီမင်း --။
ထုံးမှီးနည်းနာ၊ အဖြာဖြာ၌
ပညာရှာမှီး၊ မကြီးသက်ရွယ်
အငယ်သော်က၊ ကြိုးလုံးလလျှက်
တုပ်ကွပုဆစ်၊ ဆရာစစ်သို့
ကြောက်ချစ်ရိုသီ၊ စာပီတတ်ကြောင်း
တချောင်းချောင်းလျှင်၊ ငြိမ်အောင်းသည်းခံ
ဆရာထံ၌၊ သင်အံမှတ်သိ
တနိတခြား၊ ပွားများစုံစီ
ဝမ်းထဲခွီ၍၊ တလီတထူး၊ ဂုဏ်ကျေးဇူးကို
ဆည်းပူးသိမြင်ကြွယ်စီမင်း --။
(ရခိုင်သူမြတ်)
ကျမ်းကိုး..
ရခိုင်ရာဇ၀င်သစ်ကျမ်း(ရမ်းပြည့်မြို့တောင်ကျောင်းဆရာတော်ကြီးဦးစန္ဒမာလာလင်္ကာရ) ဒေနိန်ရာက ကူးယူထားသည်.