။....။

ရခိုင်ပြည်နယ်နိန့်မှ ရခိုင်သားသို့

ဒီဇင်ဘာ ၃၁ တစ်ရက် နှစ်ကုန်ရေ
လူသားချင်းဖိနှိပ် အမြတ်ထုပ်ဖို့
ကောက်ကျစ်ယုတ်မာ နယ်ချဲ့လက်မှာ
သောင်းသိန်းချီပနာ ခုခံတိုက်လည်း
ကျဆူံးခရေ ထိုနိန့်ချေ
ကိုလိုနီခိုက်က ရခိုင်ပြည်။

ကိုလိုနီလက်အောက်မှာ
သနပ်ပြဒါးထောက် ရင်ဝထိဗျာလ်
မရှိမရ အဓမ္မနန့်
လက်နက်အားကို နယ်ချဲ့ရို့က
သွီးမိုးရွာချ ထိုအချိန်။.

မာယုအစ သမတအဆုံး
ရခိုင်မင်းများ ထားခရေအမွီး
ရခိုင်ပြည်မှာ ရှိငြားသော်လည်း
လူကအစ ဘုရားကမကျန်
ကုန်ကုန်စင်အောင် ဖျက်စီးခယင့်။

ဒေနှစ်ဒေချိန် ထိုရက်ကိုကား
သမိုင်းသုံးသပ် ကြည့်ရူးဂါတ်နန့်
ရာဇဝင်ဟောင်း သမိုင်းကြောင်းကို
မှတ်တမ်းတင်မြောက် ထိုနိန့်ရောက်လို့
ကျဆုံးခရေ ရခိုင်ပြည်တွက်
နှောင်လာနှောင်သား သိစီခြင်းငှါ
သမိုင်းမှတ်တမ်း တင်နိန်ယင့်။

သို့သော်
ထိုနိန့်တမ်းတ ငိုယိုလွမ်းကာ
ရဇဝင်ဟောင်း ထိုနိန့်ကြောင်းကို
မမောမပန်း ဟိတ်ဟန်ထုပ်လို့
ဓါတ်ပုံရိုက်ခံ မှတ်တမ်းတင်ဖို့
လားဂါတ်လာဂါတ် ရေမောဂါတ်နန့်
ပျော်ရွှင်ဂါတ်ဖို့ မဟုတ်ပါ။

တပိုင်တနိုင် ထမ်းဆောင်နိုင်ဖို့
ဆွဲကာလက်တွဲ ညီးညွန့်ရေးနန့်
ကိုယ့်ပြည်ကိုယ့်ရွှာ ကိုယ့်နိန်ရာတွက်
အသက်သွီးသား ရင်နီးမြုတ်ကာ
သမိုင်းတာဝန် ကျေပွန်စေဖို့
ကျဆုံးခရေ ရခိုင်ပြည်တွက်
အဓိဌါန်သစ္စာ ပြုဂါတ်ပါ။
.

...။...။...တင်ပြသူ...။လခြမ်းမြီ ...စာတင်ချိန်။...။..22.1.10...။...လခြမ်းပြီး...။... , , . ။...အားပီးလာဂါတ်ရေ စာဖတ်ပရိတ်မှားမှ ဒေဘလော့ဂ်နန့်ပတ်သတ်ပြီး အကြံများပီးလိုပါက arakankotawchay@gmail.com မှ အမြဲတမ်း ကြိုဆိုနီပါသည်။ စာဖတ်ပရိတ်သတ်များအားလုံးကို ကျေးဇူးတင်လျှက် ...။

0 comments for "ရခိုင်ပြည်နယ်နိန့်မှ ရခိုင်သားသို့"

Post a Comment

ထင်မြင်ချက်ပီးလာသူများ

ပို့စ်တင်စချေတိ