မြို့သူကြီးအောင်ကျော်စံရတု
ဥဒါန်းမကြေး ဖြစ်ရလီအောင်
တိုင်းပြည်ကိုကြံ အောင်ကျော်စံမှာ
ကြံကာဖွေနှောက် တစ်ကျိပ်ခြောက်တို့
ယွင်းဖောက်သစ္စာ သူတို့မှာကား
ဝမ်းစာစားကွက် တစ်ထက်တွက်ကို
တစ်သက်စာထင် ခွီးအမြင်ကြောင်း
တိုင်းခွင်သာစည် ငါတို့ပြည်လည်း
သူပြည့်ဖြစ်ရ ၀မ်းနည်းစွာတည်း
မိဘဆရာ ပေါရဏာတို့
ဝေါဟာထုံးဟောင်း လူဘူးဒေါင်းကို
မပေါင်းဖေါ်ရ ဆိုတုန်းပါလည်း
မေ့ကာသတိ ပေါင်းဖေါ်မိ၍
လက်ရှိဒုက္ခ ငါကြုံရ၏
ဘ၀တစ်ခောတ် လူဖြစ်ပြန်ကား
အသစ်ပင်ကြံစည်ချင်သည်
ဘယ်တွင်မမေ့ နိုင်သောကြောင်း။
