။....။

အရှင်ဟောကြား မြတ်တရားကြောင်း

ရခိုင်ဗီဇ ရခိုင့်အကျင့်
ရင်ထဲဟိသမျှ မကွယ်ဝှက်ဘဲ
ပြည်မြန်မာကျိုး ဆောင်ရွက်သည်မှာ
ရိုးသားပွင့်လင်း ပြောတတ်သူဟု
နာမေကျော်လှ ဦးဥတ္တမ။

စစ်တွေနာဂရ ရူပရပ်မှာ
ခုနှစ် ၁၈၇၄ လဒီဇင်၁၄တွင်
အဖဦးမြ အမိအောင်ကျော်သူရို့က
မွီးဖွားသန့်ဇင် ခလေ၏။

သက်တော်၁၅ ကာလကတ္တားမှာ
ဆယ်တန်းပညာ သင့်ခွင့်ရ၍
သက်တော်၂၁ သက္ကရာဇ်မှာ
ပြန်လည်းတစ်ဖန် ပညာသန်ရန်
ကာလကတ္တာသို့ ပြန်ကြွသွား၏။

အိန္ဒိယအမျိုးသား ကောလိပ်ထဲမှာ
သက္က္လ္လဋ္ဋပါဠိ လင်္ဂါလီမာဂရီနန့်
ရှေ့ဟောင်းဟိန္ဒူ စာပီးများလည်း
စွမ်းစွမ်းတစ်မံ တတ်ကျွှမ်းခြင်းကြောင်း
တစ်ပြန်ကလကတ္တကား ယင်းတက္ကသိုလ်မှာ
ပါမောက်ခဖြစ် တာဝန်ယူလို့
ဒေသမြန်မာ ခွဲထွက်ရေးတွက်
ကွန်ဂရက်ပါတီ ထမ်းထောင်းခ၏။

၁၉၁၂ ခုနှစ် သက္ကရာဇ်မှာ
ဒုတိယတစ်ကြိမ် ဂျပန်ပြည်၌
တက္ကဋ္ဋဘာသာ ပါမောက္ခဖြစ်
တဖန်တာဝန် ထမ်းဆောင်လေ၏။

ဝံသာနုတရား စိတ်မှာထား၍
ပြည်မြန်မာတွက် အသက်စွန့်ရန်
သူရိယသတင်းစာ စာမျက်နှာထက်မှာ
သွီးမထွက်သော စစ်ပွဲကြီးတွက်
ကရက်ဒေါက်ခေါ် မင်းထွက်သွားဟု
ရဲရင်းပြတ်သား ရွီးသားခြင်းတွက်
မြန်မာတစ်ခွင် ပြည်သူရို့လည်း
ကျွန်မခံစိတ်ဓါတ် ပြန်နိုးထ၏။

၁၉၂၀ခုနှစ် မတ်သုံးအစ
ဟောကြားတရား လူ့ခွင့်ရေးကား
ငါ့ပြည်ငါ့ရွှာ ငါ့ရို့မြီကား
ငါ့သွီးငါ့သား ငါလူမျိုးများက
ကျွန်စိတ်တိရာ ပေါက်နိန်လို့်
မင်းရို့ကိုးကွယ် ငါ့သာသနာလည်း
ကျွန်သာသနာ ဖြစ်နိန်ဗျာလ်။

သြော် မြန်မာပြည်သားရို့
ဤကျွန်ဘာသာ ဤသာသနာမှာ
ကြံဆောင်လုံးလ ဆောင်ရွက်လားဖို့
ကျောင်းတွင်းငိုက်စိုက် အိပ်မနိန်ဘဲ
သံဃာ့သမ္မဂ္ဂီ စုံညီးစွာနန့်
ကျွန်မှာရုံးကန် တော်လှန်သင့်ဗျာလ်။

ငါ့တိုင်းပြည်သူ ငါ့ပြည်သားရို့
တိုင်းပြည်ကိုဖျက် လူမျိုးပြုန်းအောင်
စာပီကိုဖျက် လူမျိုးပျက်အောင်
အမှောင်ထုရောက် ပို့နိန်သူကို
ဤကားနယ်ချဲ့ မကောင်းဆိုပြီး
တဖန်ဒီမိုကရေစီ ပြန်လိုချင်ဟု
ပြောဆိုပိုင်ခွင့် ငါ့ရို့မှာရှိသည်
ဤကားလူ့အခွင့်ရေး ခေါ်ထိုက်ပေ၏။

တိုင်းရေးပြည်ရေး ငါ့ရို့ရေးတွက်
ဤကျွန်ဘဝမှ အမြန်လွတ်အောင်
ကိုယ့်ပြည်ကိုယ့်လူမျိုး အုပ်ချုပ်ရေးတွက်
အမှန်ဖေါ်ထုပ် အလင်းရောက်အောင်
ပြောဆိုပိုင်ခွင့် ငါ့ရို့မှာရှိသည်
ခေါင်းငုံမခံဂါတ်ပါကေ့ဟု
ကိုးမျိုးဘာသာ ရင်ဝယ်ပိုက်ကာ
မြန်ပြည်အနံ ကြွချီပနာ
စည်းရုံးရေးနန့် လူ့ခွင့်ရေးတွက်
ဟောကြားတရား လူ့ခွင့်ရေးကြောင်း
နယ်ချဲ့လက်အောင် ပြည်မြန်မာပျောက်အောင်
ကြိုးစားလုပ်ကြံ နယ်ချဲ့ရို့ကား
သုံးကြိမ်းတိုင်တိုင် ထောင်သို့ပို့လည်း
ထောင်ကိုမကြောက် ကြိုးမကြောက်ဘဲ
နယ်ချဲ့လာသူ ငါ့ရန်သူဟု
အာရှတစ်ခုလုံး လွတ်မြောက်ရေးတွက်
အသက်ပီစပ်ဝံ့ အိုအရှင်။

နာမေတွင်းလှ အရှင်ဦးဥတ္တမကား
အာရှိနီဝန်း ဘွဲ့ထူးကိုပင်
တင်ကာမြောက်စား ကိုင်ဆောင်သွား၏။

မြန်ပြည်တခွင် မြန်ပြည်သားလည်း
ကျွန်ဘဝမှ လွတ်မြောက်ရေးတွက်
ကိုယ်ပိုင်ခွင့်ရေး ရရှိစီရန်
မြန်ပြည်တစ်ခုလုံး ထိန်ထိန်ကြိုးကာ
ရုံးကန်လုပ်ချား တိုက်ပွဲဝင်၏။

ရ နှစ်ကြာ မြန်ပြည်မှာကား
နယ်ချဲ့အောက်ဏာ စစ်ဘီလူးအောက်က
ကိုယ်ပိုင်တည်ဆောက် လူ့အခွင့်ရေးနန့်
စင်စစ်အမှန် လွတ်မြောက်ပါ၏။

သြော်အရှင်
တဖန်နအဖ အစိုးရက
စပါးဆန်ရီ ပေါကွယ်ဝသည့်
စိမ်းလန်းစိုပြည် ရက္ခပြည်ကို
အာဏာလက်အောက် ကျဆုံးလီအောင်
စစ်အာဏာတစ်ဖန် သိမ်းလိုက်ပြန်၏
တောတောင်ဂန သဘာဝလည်း
ခုတ်ကာတူးကာ ပြုသည်တွက်ကြောင်း
ပြုန်းကာအငုတ် ကျန်နိန်ဗျာလ်။

အရှင်ပြည်တွင်းနီ အရှင့်ရခိုင်လည်း
မီတိုင်ကိုင်ပြီး ချီတက်သောကြောင်း
တုံးဂါအညွန့် ပြန်မထနိုင်
ကျွန်ဘဝတစ်ဖန် ရောက်နိန်ဗျာလ်။

သြော်အရှင်
ပြည်ရခိုင်ကိုးစား တပည့်တော်ကား
ပြည်ကြီးရခိုင် တိုင်းဓညကို
ပြန်လည်ပနာ ဟှင်သန်လာရေးတွက်
ပြည်ရခိုင်အလံ ထူထောင်နိုင်ရန်
အရှင့်ကိုတစ်ဖန် ပြည်လို့ချင်သည်
ဤကားပြည်ရခိုင်သား အလွမ်းတည်း။

ထာဝရသီရိ
ပေါက်တောရွှီမြီ

...။...။...တင်ပြသူ...။လခြမ်းမြီ ...စာတင်ချိန်။...။..23.12.09...။...လခြမ်းပြီး...။... , , . ။...အားပီးလာဂါတ်ရေ စာဖတ်ပရိတ်မှားမှ ဒေဘလော့ဂ်နန့်ပတ်သတ်ပြီး အကြံများပီးလိုပါက arakankotawchay@gmail.com မှ အမြဲတမ်း ကြိုဆိုနီပါသည်။ စာဖတ်ပရိတ်သတ်များအားလုံးကို ကျေးဇူးတင်လျှက် ...။

0 comments for "အရှင်ဟောကြား မြတ်တရားကြောင်း"

Post a Comment

ထင်မြင်ချက်ပီးလာသူများ

ပို့စ်တင်စချေတိ