ရင်နာစရာ

အမျိုးမစစ်ရေ လူတိက
အဖိုးမထိုက်တေ နှလုံးသားနန့်
လူမျိုးကြီးဝါးမျိုရေး သူမှာစွဲလို့
ငါရို့လူမျိုး မျိုးရိုးဖြုန်းအောင်
အနုနည်းနန့်ချီတက် အကြမ်းလည်းဖက်လို့
မျိုးဆက်သစ်ရို့ ပျက်သုန်ဖို့
နည်းမျိုစုံနန့် ချီတက်လာစွာ
နှစ်ပေါင်းနှစ်ရာ ကျော်နိန်ဗျာလ်...

ထာဝရသီရိ

29.10.10 | Posted in , , | Read More »

မျိုးဆက်သစ်တာဝန်

ဖိုးဖီးဇူဇာ ငါ့ရို့မိဘရို့
တမလွန်ကို ရောက်ဂါတ်ဗျာလ်။
ငါ့ရို့ချစ်တေ ဖိုးဖီးမြီးလည်း
မြီးပိုင်ချင်တိ မထွန်းကားခင်
ကိုလိုနီအောက် ရောက်နိန်ဗျာလ်။
ရက္ခမြီကို လှဆင့်နိုင်သည့်
မျိုးချစ်သစ်ငယ် လူငယ်ရို့လည်း
ကိုလိုနီအုပ်စိုး မှောင်မိုက်တိမှာ
သတ္တဗျတ္တိ ကင်းနိန်ဗျာလ်။
.
ပြည်ကိုချစ်တေ ပြည်ချစ်သူရို့
တချို့ဇရာ တချို့နာလို့
တချို့ကွယ်လွန် လားဂါတ်ဗျာလ်။
ငါရို့ဘဝမှာ တခဏမှာ
သဘာဝချမ်းသာ ရက္ခမြီလည်း
သူသူငှါငှါ ရခိုင်မြီမှာ
ပြိုင်ဆိုင်တိုက်ခိုက် လုနိန်ဗျာလ်။
ကိုယ့်ပြည်ကိုယ့်ရွှာ ကိုယ့်တိုင်းပြည်မှာ
ရက္ခပြည်သူ ချစ်ပျိုဖြူရို့
သမိုင်းတာဝန် ထမ်းဆောင်နိုင်မည်
ရခိုင်အာဇနီ မျိုးဆက်သစ်လည်း
အလဲထိုးသတ် ခံနိန်ရဗျာလ်။
သို့သော်
ဒေပိုင်အချိန် ကြုံနိန်ကေလေ့
ရခိုင်ပြည်ကို ပြည်လည်ရအောင်
အမှောင်ကိုထွင်း အလင်းထွက်အောင်
တိုက်ထုပ်နိုင်အောင် လုပ်ဂါတ်မေ။

............
မြတ်ခိုင်.

18.10.10 | Posted in , , | Read More »

ချစ်သူရဲကောင်း

မှောင်မိုက်နိန်ရေ့ ညနက်တိမှာ
ပိုးစုန်းကြူးတိစွာ သူရဲကောင်းကြီးဖြစ်ချင်ဖြစ်ဖို့။
ပန်းရောင်စုံရေ ဥယျဉ်မှာတော
လိပ်ပြာချေက သူရဲကောင်းကြီးပါ။
ခြောက်သွီးနိန်ရေ ဂန္တာရထဲမှာ
မိုးစက်ချေတိစွာ သူရဲကောင်းကြီးပါ။
ဇာပိုင်ဖြစ်ဖြစ်လေ
ငါ့ဘဝ၏ အချစ်ဝင်္ကဘာထဲမှာ
မင်းစွာ ငါ့နှလုံးသား၏
ဂန္တာဝင်မြောက် သူရဲကောင်းကြီးပါ ချစ်သူ။

မြတ်ခိုင်....

18.10.10 | Posted in , , | Read More »

နိုးထသင့်ဗျာလ်

နှစ်ပေါင်း၂၀၀ကျော် ကြာလီပစ်စီ
မာန်နရိတ်မှတ်တမ်း ထိုစာတမ်းမှာ
ရက္ခပြည်သူ ချစ်ကြည်ဖြူ၍
မြီပြင်မြီအောက် သီနှံကောင်းနန့်
ရာသီဥတု လွမ်စွာကောင်းပြီး
နိဗ္ဗာန်သဖွယ် အီးချမ်းပါ၏။
ခိုင်မာသန်စွမ်း စစ်အင်အားနန့်
ခမ်းနားကြီျးကျယ် ရခိုင်ပြည်
သမိုင်းကြောင်းထဲက မှတ်တမ်းချေ။
.
ယာ………ဟုတ်လိုက်တေမလားရေ
အဘာရိုးမ ဖက်ခုန်းထက်က
ရခိုင်ပညာရှင် ဥာဏ်မျက်စိနန့်
ရင်ဖတ်ကို ကျယ်ကျယ်ဖွင့်ဗျာလ်
ရခိုင်ရင်ပြည်ကို ကြည့်လိုက်တေအခါ
ရခိုင့္အမြီး ရကၡျမီမွာ
စာပီကျော်စာ စေတီဘုရား
တံတိုင်းအပြို နန်းရာအိုရို့
ကိုယ်ထီးကိုယ့်နန့် ကိုယ်စာပီနန့်
လက်ရာပီသုကာ ထွန်းကားခကြောင်း
သမိုင်းတရပ် ကျောက်စာချပ်ကို
ရင်တမောမောနန့် ကောက်ဖတ်လိုက်တေခါ
သွီးခဲဝိဥာဏ် အဓိဌါန်းနန့်
မင်းစောမွန်တည် မင်းဘာပြုစု
ရခိုင်အမွီး မြို့မြောက်ဦးနန့်
သမိုင်းရုပ်ကြွင်းများ တွိသိယင့်။
ဘဝတိုက်ပွဲ ဆင်ကာနွဲ၍
ရုံးကန်ကြိုးစား ရခိုင်သားရို့
မြင့်မြတ်သည့်စိတ် စွဲကာကိုင်လို့
မြဲမြတ်သီလ ခွါမရအောင်
ယုံကြည့်ချက်နန့် စည်းလုံးဂါတ်မေ။
ရခိုင်သိက္ခာ ဂုဏ်ချိန်ဝါတွက်
ငါရို့မွီးမြီ ငါ့ရို့မြီနန့်
ကိုယ့်ထီးကိုယ့်နန်း ကိုယ့်လူမျိုးကို
ပြန်လည်တဖန် ဟှင်သန်လာဖို့
ရခိုင်တစ်မျိုးလုံး ဟိမ်းဟိမ်းကြိုးဗျာလ်
နိုးထသင့်ချိန် တန်နိန်ဗျာလ်။

.

29.9.10 | Posted in , , | Read More »

မုဒိတာစမ်းရီအိုင် ......အခန်း(၈)

ဝရီးလုပ်တေသူနန့် ယောက္ဖလုပ်တေသူတက်လာ။ ဝရီးလုပ်တေသူကပြော )

“ ယင်းတွက်နန့်ပြောစော်လည်း အစ်ကို....။ စေတနာစော် လူတိုင်းနန့် မထိုက်တန်လို့။ ”
“ ဟုတ်တေ။ ဟုတ်တေ။ ကျွန်တော်လက်ခံရေ။ ”
“ ထော....ဒေဂုကြည့်။ ကျွန်တော့်တူအကြီးကောင်တစ်ယောက် အခက်အခဲဖြစ်နိန်လို့ ညီသည်ဘားကို လားဗျာလ် အကူအညီလားတောင်းခီရေ....”
“ အေး ”
“ ကျွန်တော့်တူ အငယ်ကောင်စော် ကျွန်တော့်တူအရင်းလည်းဖြစ်ယင့်။ သူ့အကြောင်း ကောင်းလည်း မပြောချင် ”
“ ယကေ မပြောကေ့ ”
. “ အဟင့်။ ယကေလည်း ပြောချင်ရေ ”
“ ယကေ ပြော ”
“ လွန်ခရေ နှစ်ပေါင်း(၂ဝ)လောက်ကဆိုကေ ကျွန်တော့်တူအငယ်ကောင်တစ်ယောက် မယားယူဖို့ဖဲသာတစ်ခပ်လည်း မဟိခ။ အစ်ကိုသည်ဘားမှာ ပူဆာရေ။ ယေအခါ အစ်ကိုသည်လည်း မနိန်နိုင်။ မသုံးဝံ့၊ မစားဝံ့ဘဲ စုထားရေ ဖဲသာစကေချေကို ညီမင်္ဂလာဆောင်ဖို့အတွက် ဖြည့်ဆီးပီးခရေ။ ထော...ဒေဂု နှစ်ပေါင်း (၂ဝ)ကြာလားခရေနောက်ပိုင်းမှာ ကျွန်တော့်တူအငယ်ကောင်တစ်ယောက် ကောင်းစားဗျာလ် ကြီးပွားချမ်းသာနိန်ရေ။ အစ်ကိုသည်ကျခါ ဒုက္ခတိရောက်လို့။ မယားကရာ ရီပူလောင်။ ဆီးရုံရောက်။ မယားတစ်ဘက်၊ အချေတိတစ်ဘက်နန့်။ သူ့မှာ အလုပ်လုပ်ဖို့အချိန်မရ။ အဂု အချေတိမှာ ကျောင်းဖွင့်နိန်ဗျာလ်။ အချေတိကို ကျောင်းထားပီးဖို့နန့် စာအုပ်စာတမ်းတိ ဝယ်ပီးဖို့ ဖဲသာတစ်ဗြားလည်း မဟိ။ မတတ်သာရေအဆုံးမှာ ညီဘားကိုလား။ အကူအညီတောင်း။ ဖဲသာ (၂)သောင်းချီး။ ဖဲသာ (၂)သောင်းဆိုစော်က အငယ်ကောင်ရို့အတွက်ဆိုကေ ယင်းလောက်ထိများစော်လည်း မဟုတ်။ ယေဒါလည်း အငယ်ကောင်က သူ့အစ်ကိုသည်ကို အထက်စီးက အနိုင်ယူဗနာ သူ့အစ်ကိုအခက်အခဲကို မဖြေရှင်းပီးခ။ အရေးမစိုက်ခ။ ဒေချင့် တရားလာ....”
“ ဇာတရားဖို့လဲအစ်ကိုး။ အမှန်ဆိုကေ အစ်ကို့တူအငယ်ကောင် (ကျွန်တော့်ယောက္ဖ)စော် ညီအစ်ကိုချစ်ခြင်းမေတ္တာကို နားလည်သင့်ရေ။ ယဗြီးကေ ကိုယ့်အစ်ကို အရင်းခခေါက်။ အဂုပိုင် အခက်အခဲဖြစ်နိန်စော်ကို သူ့အနိန်နန့် ကြည့်မနိန်သင့်။ ”
“ ယေနန်းရာအစ်ကိုး....။ ယင်းသူ့ကို တစ်ချိန်က ပီးဆပ်ခရေ အစ်ကိုတစ်ယောက်၏ ကျေးဇူးတရားကို ထောက်သင့်ရေ။ ယင်းသူ ကျေးဇူးမကန်းသင့် ”
“ မရအစ်ကို...ကျွန်တော့်ယောက္ဖသည်စော် ဖဲသာစကေဟိလို့ တစ်ယောက်ကိုလည်း ဂရုမစိုက်ဘဲ နှလုံးသားကိုလီပင့် ဘဝင်မြင့်နိန်စောင့်ချင့်။ ဘဝကိုမိန့်ရေအကောင်ကို ယောက္ဖတော်ထားရစော် ဟြက်ဖို့ကောင်းရေအစ်ကိုး....”
“ မေတ္တာဆိုစော် အလားနန့် အပြန်ဟိရေလတ်ကိုး....။ ဒေဂု သူရို့ညီအစ်ကိုနှစ်ယောက်ကိုကြည့်ခြင်းအားဖြင့် မေတ္တာဆိုစော် အလားတစ်ခုတည်းရာဟိရေကား...”
“ အရာရာမှာ ဖဲသာတစ်ခုတည်းကိုဂျေး ဟြိတန်းတင်ဗျာလ် လုပ်လို့မရဆိုစော်ကို ကျွန်တော်သဘောပေါက်လာယင့်ထော။ ဖဲသာထက်မြတ်တေ မေတ္တာတရားသည်သာ စိတ်နှလုံးကိုအီးမြဇီစော်မနား ”
“ အေးလည်းအစ်ကိုး....ယင်းတွက်နန့်လည်း ကြည့်ဗလာချ။ ကျွန်တော့်တူအကြီးကောင်တစ်ယောက် သူ့ညီကို အပြစ်စကားတစ်ခွန်းလည်းမဆိုဘဲ ညီသည်ရို့မိသားစုကိုရာ မုဒိတာပွားဗနာ မေတ္တာပို့နိန်လီယင့်။ သူ့ညီအတွက်ဆိုကေ သူ့မုဒိတာစမ်းရီအိုင်စော် ဘင်္ဂလားပင်လယ်နန့်အတူ ထာဝဇိုင် စီးဆင်းနိန်လီဖို့ဆိုဝါကိုး...။ ”
“ မေတ္တာထားကေ စိတ်နှလုံးငြိမ်းချမ်းရရေလည်းအစ်ကို....”
“ ဟုတ်တေကိုး....ဟုတ်တေ။ ယဗြီးကေ လောကီလူ့ဘုံမှာနိန်ကေ ဒုက္ခတိနန့် လုံးပန်းနိန်ရရေ။ စိတ်ဆင်းရဲစရာတိကြုံရရေ။ အခက်အခဲတိပြည့်နိန်ရေ။ တစ်ချို့ဆိုကေ မေတ္တာတရားတိခေါင်းပါးကတ်တေ။ မဝီးဗြီးလို့မကြည့်ကေ့။ ကျွန်တော့်တူ အငယ်ကောင်ကိုကြည့်ထော။ ယင်းသူ့ပိုင်ဆိုကေ နောင်တမလွန်အတွက် တစ်ခုလည်း အမြတ်ပါဖို့မဟုတ်။ ယင်းနန့် ကျွန်တော်ရို့နှစ်ယောက် မယားလည်း မရ။ ကျားလည်းမကိုက်လို့ အချိန်ဟိတုန်းမှာ ဘုန်းကြီးလုပ်ဇောင် လားကတ်မေကိုး။ ”
“ အူး....ကောင်းရေနန်းရာကိုး..။ ကျွန်တော်လည်း ဘုန်းကြီးလုပ်ဖို့ အဖော်ဟြာနိန်စော်။ သာသနာ့အရိပ်ဆိုစော် လူသားတိအတွက် ငြိမ်းအီးရာအမှန်ချင့်။ သာသနာ့မြီမှာ တရားအလုပ်ကို အားထုတ်ဗျာလ် နိဗ္ဗာန်ကို ရောက်ဖို့အရေး ကြိုးစားဖို့လားကတ်မေ....”
“ ကိုင်း....နိန်မဝင်ခင် ဆရာတော်ကိုလျှောက်ဗျာလ် ဘုန်းကြီးလုပ်ဇောင်လားကတ်မေဖိ။ နိန်ဝင်ကေ မကောင်း။ ”
“ နိန်ဝင်ကေ ဇာဖြစ်လို့လဲကိုး...”
“ နိန်ဝင်ကေ ဆရာတော် ကိုးရီးယားကားကြည့်လို့ ”
“ ဟုတ်လား....”

( နှစ်ယောက်သား ဆင်းလားလီကတ် )


**ဤတွင် မုဒိတာစမ်းရီအိုင်ပြဇာတ် ဗြီး၏ **

--.......
မှ
ု
•*♥*• မာန်ယုကျော် ( ရွှေဝမြေ ) •*♥*•
.

28.9.10 | Posted in , , | Read More »

မုဒိတာစမ်းရီအိုင်.......အခန်း(၇)

( သမီးချေကို ရွက်လို့ စင်ထက်ကို တက်လာ။ မျက်နှာလည်း မကောင်း။ စိတ်ညစ်နိန်ရေ၊ သနားဖို့ကောင်းရေအမူအယာနန့်။ ဝမ်းနည်းလို့ မျက်ရည်ကျ။ သမီးချေပါးထက်မှာ ကျလားရေ မျက်ရည်စက်ကို သုတ်ပလိုက်တေ )

“ အစကပင် အခင်ထွီးပြောယင့်။ မင်းညီ မင်းကို လလှိုက်လလှဲဟိဖို့လား။ မမိုက်မမဲဟိဖို့လားလို့။ ဒေဂု...ကျွန်တော့်ညီကို မိုက်မဲရေလို့ ဆိုရဖို့လား။ အရေးကြီးလို့ချီးရေဖဲသာ (၂)သောင်းကိုတော့ မချီး။ သားတိဖြုန်းဖို့မှာရေ ဖဲသာ (၅)သောင်းကိုကျခါ ထည့်ပီးဖို့ပျင်နိန်ရေ။ ဟိယင့်သားနန့် မချီးစော်ရာချင့်။ ရရေ....။ ကျွန်တော့်ညီ အဂုပိုင် ချချမ်းသသာနိန်နိုင်စော်ကို မြင်ရကေ ကျွန်တော်ကျေနပ်ယင့်။
. လွန်ခရေ နှစ်ပေါင်း (၂ဝ)လောက်ကဆိုကေ သူ့မှာ မယားယူဖို့ ဖဲသာတစ်ခပ်လည်း မဟိလို့ ကျွန်တော့်မှာ ဟိစော်ချေနန့် သူ့ကို မင်္ဂလာဆောင်ပီးခရေ။ အေး....ယင်းခါလည်း ညီဘားက ရလိုစိတ် မျှော်မှန်းဗျာလ် ကူညီခစော်ကားမဟုတ်ယေ....။ အစ်ကိုရာမနား။ ညီအတွက်ပီးဆပ်ရဖို့။ တစ်သက်မှာ ဒေညီတစ်ယောက်တည်းရာဟိစော်။ ကျွန်တော့်ညီ ဇာပင်ဖြစ်ဖြစ် ကျွန်တော့်ညီကို ကျွန်တော်ချစ်တေ။ ကျွန်တော့်ညီကောင်းစားကေ ကျွန်တော်မုဒိတာပွားပီးနိန်လီဖို့။ ကျွန်တော့်ညီအတွက်ဆိုကေ ကျွန်တော့်မုဒိတာစမ်းရီအိုင်စော် ခမ်းလီဖို့မဟုတ်။ ဘင်္ဂလားပင်လယ်အော်နန့်အတူ ထာဝဇိုင် စီးဆင်းနိန်လီဖို့။ အင်း....အဂု ကျွန်တော်ညီမှာ သားချေနှစ်ယောက် Picnic လားဖို့ ဖဲသာ (၅)သောင်းမှာနိန်ရေ....။ ပို့ဖို့နောက်ကျကေ သားချေတိမာန်ပါလီကတ်ဖို့လတ်။ အယင်စကေ ပို့ဖို့ ပျင်နိန်လီရေ....။ ကျွန်တော့်မှာလည်း သားချေနှစ်ယောက်ကို ကျောင်းထားပီးဖို့နန့် စာအုပ်စာတမ်းတိဝယ်ပီးဖို့ ဖဲသာလိုနိန်ရေ။ ဖဲသာဟြာလို့ နောက်ကျကေ ကျွန်တော့်ကို သားချေတိ မာန်ပါလီကတ်ဖို့လား။ အချိန်မီဟြာမပီးနိုင်လို့ အဘာတာဝန်မကျီလို့ ထင်လီကတ်ဖို့လား။ ကျွန်တော်မပြောတတ်။ အိမ်ကိုရောက်ကေ သားချေတိကို ဘဇောင်ပိုင်ပြောခီရဖို့လဲချင့်။ မျက်နှာငယ်ငယ်ချေနန့် ကျွန်တော်အလာကိုစောင့်လို့ ဟိလီကတ်ဖို့ယေ။ နိန်လည်း ဝင်နိန်ယာ။ ပြန်ခီရဖို့ချ....”

( ဆင်းလားလီ )


.........
•*♥*• မာန်ယုကျော် ( ရွှေဝမြေ ) •*♥*•
.

28.9.10 | Posted in , , | Read More »

ထင်မြင်ချက်ပီးလာသူများ

ပို့စ်တင်စချေတိ