နိတိ စန္ဒြ ရခိုင် ဒင်္ဂါးပြား
အလီးချိန် - ၇.၃၉၀ ဂရမ်
အရွယ်အစား - ၃၁ မီလီမီတာ (mm ) ပြတိုက်ပစ္စည်း အမှတ် - CM 1984-5-10-1
ပြတိုက်အခန်း အမှတ်- အခန်း ၆၈၊ ငွေကြေး ပြခန်း
လက်ရှိတည်နေရာ - ဗြိတိလျှ ပြတိုက်၊ လန်ဒန်
အချိန်ကာလ - ၈ ရာစု
တွေ့ရှိရာနေရာ - မြန်မာ
. အစောဆုံး မြန်မာ (ပျူ ကိုရည်ရွယ် ) ငွေဒင်္ဂါးတွေဟာ ဗုဒ္ဓဘာသာဝင် ရခိုင်ပြည်ကဆင်းလာပါရေ။ မြန်မာလူမျိုးတိစွာ ငွေသတ္တုရင်းမြစ်ပေါကြွယ်ရေပိုင် အနီး ပတ်ဝန်းကျင် ဒေသတိနန့်လည့် ခိုင်မာရေ ကုန်သွယ်ရောင်းဝယ်မှုရှိခရေလို့ သိရပါရေ။ ယင်းတွက်နန့် ငွေဒင်္ဂါးတိ သွင်းလုပ်အသုံးပြုလာဂါတ်ပါရေ။ ငွေဒင်္ဂါးပြား အမှတ်တံဆိပ်တွေကိုတော့ ဘင်္ဂလားနန့် ကပ်နိန်ရေ ရခိုင်လူမျိုးတိ သုံးစွဲခရေ ဒင်္ဂါးတိကို အမှီပြုပါရေ။ ဘင်္ဂလား ဒင်္ဂါးတိက နိပေါ " ပသုပတိ " Pashupati (၇-၈ ရာစု) ဒင်္ဂါးတိကို အတုယူပြီးကေ ထုပ်ခဂါတ်ပရေ။
ဒင်္ဂါး မျက်နှာစာမှာ ( နန္ဒီ ) " နွား" လက္ခဏာလို့ တွီရပါရေ။ နွား၏ အပေါ်မှာ ဗြမဏီ အက္ခရာနန့် ရွီးထိုးထားရေ မင်း ဘွဲ့နာမေရှိပါရေ။ ဒင်္ဂါးရဲ့အခြား တဘက်မှာတော့ သီရီဝစ္ဆ (အိမ်မွန် )ပါရှိပါရေ။ သီရီဝစ္ဆ (အိမ်မွန် )၏ အပေါ်မှာ"နီ နန့် လ " ကို တွီ၇ပါရေ။ သီရီဝစ္ဆ (အိမ်မွန် )အတွင်း၊ အလယ်တည့်တည့်မှာ အပေါ်ကို ထောင်နိန်ရေ အရာက သီဝ နတ်မင်းကိုးကွယ်မှုဆိုင်ရာ အမှတ်လက္ခဏာ ဖြစ်တေ “ လင်္ဂ “။
အမှတ်လက္ခဏာတိ၏ အဓိပ္ပါယ် တွေကို အနက်ဖွင့်ရာတွင် Cribb, B. Cook and I. Carradice, The coin atlas (London and Sydney, Macdonald Illustrated, 1990) ကို ကိုးကားသည်။
======================================================
Pashupati က သက္ကတ ဘာသာပါ။ Pashu ဆိုတာရေ အနက်က Animal (သက်ရှိသတ္တ၀ါ ) တိရိစ္ဆာန်။ Pati က God (ဖန်ဆင်းရှင် ဘုရား)။ ယင်းအကြောင်း လူကလွဲပြီး သက်ရှိ သက်ရှိသတ္တ၀ါ အားလုံး၊ တစ်နည်း တိရိစ္ဆာန် တွေအားလုံး၏ ဖန်ဆင်းရှင်၊ အရှင်သခင် လို့ အနက်အဓိပ္ပာယ်ရပါရေ။ အများအခေါ် နွားလား ဥဿဖ ။
သက္ကတပိုင်……. பசுபதி முத்திரை
ဗြိတိလျှ ပြတိုက်၊ လန်ဒန် မရှင်းဘဲထားတဲ့ အမှတ်လက္ခဏာ (Symbols) တွေကျန်နေပါသေးတယ်။ ဖွင့်ဆိုချက်မှားတာလည်း နှစ်ချက်ပါဘာရေ။ ခုနှစ် မသေချာရေအချက်က တစ်ချက်ဖြစ်ပါရေ။
ဗြိတိလျှ ပြတိုက်၊ လန်ဒန် မရှင်းဘဲထားတဲ့ အမှတ်လက္ခဏာ (Symbols) တိက
( ၁ ) ရခိုင် ဒင်္ဂါးတွေမှာ အမြဲတမ်းတွီနိန်ရေ" ပုလဲစက်ဝန်း" ပါ။ ရခိုင် ဒင်္ဂါး ရဲ့ပြင်ဘက်ဆုံး အဝန်းဝိုင်းကို "
ပုလဲစက်ဝန်း " နှင့်ဝန်းရံထားလေ့ရှိပါရေ ။ တချို့ပညာရှင်တိက " ဗိန္ဓု " အစက်အပျောက်
ရယ်လို့အမည်ပီးခပါရေ။
( ၂ ) တိသုလ(သုံးခွ လှံဆူး)၏ အပေါ်မှာ ကပ်လျှက် နှစ်ဘက် စလုံးကို အုပ်မိုး နိန်ရေ
" အရွက်ငါးရွက်ပါ သစ်ခက် " တစ်စုံ ။
( ၃ ) တိသုလ(သုံးခွ လှံဆူး) ၏ အောက်က ပုလဲခုနှစ်လုံးတန်း ။
( ၄ ) ဒင်္ဂါးပြားအခြားတစ်ဘက်ရှိ " နန္ဒိ " (နွား) ရဲ့လည်ပင်းမှာ စွတ်ပီးလားရေ အစက်ပျောက် ငါးခု နန့် ပုံဖော်ထားတဲ့ပန်းကုံး ။
ဖွင့်ဆိုချက်မှားရေ နှစ်ချက်က
ဗြိတိလျှ ပြတိုက်၊ လန်ဒန် ၏ ဖော်ပြချက်တိက Cribb, B. Cook and I. Carradice, The coin atlas (London and Sydney, Macdonald Illustrated, 1990) စာအုပ်ကို ကိုးကားပြီးဖော်ပြထားစွာပါ။
ဒီရခိုင် ဒင်္ဂါး ရဲ့ အမှတ်လက္ခဏာဖွင့်ဆိုချက်တိ တချို့မမှန်ပါ။ Crib,B Cook နှင့် I. Carrradice ယင်းချင့်တိအဆိုအရဆိုကေ ရခိုင် ဒင်္ဂါးမှာ သီရိဝစ္ဆ ခေါ် အိမ်မွန်(Shrivetsa) ပါရေလို့ ဆိုပါရေ။
သီရိဝစ္ဆ (အိမ်မွန်) ဟာ ဗိဿနိုး (Vishnu) ကိုးကွယ်မှုဆိုင်ရာ လက္ခဏာရာဖြစ်ပါရေ။
ဒင်္ဂါးကို သေသေချာချာကြည့်တော့ သီရိဝစ္ဆ (အိမ်မွန်) မဟုတ်ဘဲ သီဝ နတ်မင်း၏ လက်နက်
တိသုလ(သုံးခွ လှံဆူး)ဖြစ်ဖို့ပိုများပါရေ။
တချို့ ဟိန္ဒူဘုရာကြောင်းတွေမှာ ( နန္ဒီ ) " နွား" နန့်အမြဲပိုင် ယှဉ်တွဲပြီးကေ တွီရတတ်ပါရေ။ " လင်္ဂ" (Linga) ခေါ် ဂိဂ္န ဆိုတာ သက္ကတဘာသာလို ပူရိသလိင်လို့အဓိပ္ပာယ်က ရှိလို့ ပြောပါရေ" သိဝ" နတ်မင်းကိုးကွယ်မှုဆိုင်ရာ လက္ခဏာပါ။
ယင်းချင့်တိနန့် ဆက်စပ်ပြီးကေ ဒင်္ဂါး အတွင်းပိုင်း တိသုလ(သုံးခွ လှံဆူး) ၏ အလယ် တည့်တည့်က အပေါ်ကိုထောင်နိန်ရေ လှံဆူး ကို " လင်္ဂ" (Linga)၊ သက္ကတ အခေါ် ဂိဂ္န လို့ဆိုတာကတော့ မှားနိန်ပါရေ ၊ မဟုတ်ပါလို့ ပြောရပါဖို့။
ခုနှစ် မသေချာရေအချက် တစ်ချက်က
မသေချာရေအချက်က သမိုင်းမှတ်တမ်းတိအတွက် အရေးအကြီးဆုံးပြစ်ပါရေ။
နိတိ စန္ဒြ ( NantiChandra ) နာပါရေ ရခိုင် ဒင်္ဂါးပြားလို့ဆိုပြီး ခန့်မှန်းရကေ ခရစ်နှစ် ၈ ရာစုလို့ဖော်ပြထားပါရေ။
ရခိုင်ရာဇဝင်ကို လေ့လာကြည့်တော့ နိတိ စန္ဒြ ( ၅၂၀-၅၇၅)လို့တွီရပါရေ ။
ဒီတစ်ချက် ပြတိုက်မှာ မှားနိန်ရေလို့ ထင်ပါရေ။
..............
ရှေးမြန်မာ ဘလော့မှ
.....
ရခိုင်ဘာသာသို့ ပြန်ဆိုထားသည်
.
14.11.10 | Posted in ကျွန်တော့်မှတ်စု, ပင်မစာမျက်နှာ, ရခိုင်အမွီအနှစ်များ | Read More »
ရွှေနန်းသခင် စန္ဓသုဓမ္မရာဇာ
ရခိုင်ပိုင် ပြန်ဖို့ဆိုကေ
ရွှေနန်းသခင် စန္ဒြသုဓမ္မရာဇာ ၊ ၁၀၁၄ ( ၁၆၅၂ အေဒီ )
. ဒေပုံကို ရရှိရေနိန်ရာ
Ref and Source
http://www.michigancoinclub.org/burma.html
...............
ရှေးမြန်မာ ဘလော့မှ
...
ရခိုင်နန့် ပြန်ဆိုထားပါသည်။
.
12.11.10 | Posted in ကျွန်တော့်မှတ်စု, ပင်မစာမျက်နှာ, ရခိုင်အမွီအနှစ်များ | Read More »
ရခိုင် ဒင်္ဂါးပြား
. မြန်မာ သမိုင်းပညာရှင်၊ ရှေးဟောင်းသုတေသနပညာရှင်တိ၏ အယူအဆတိနန့် အတော်ကြီးကွဲလွဲလားခပါဗျာလ်။ မြန်မာ သမိုင်းပညာရှင်၊ ရှေးဟောင်းသုတေသနပညာရှင်ရို့၏ မှန်းဆချက် ကမ္ဘောဒီးယား " ဖူနန်" မှာ ၃ ရာစုကတည်းက ဟိန္ဒူ ကိုးကွယ်ယုံကြည်မှုအမှတ် လက္ခဏာတွေပါရှိရေ ဒင်္ဂါး သွင်းလုပ်သုံးစွဲနိန်ဂါတ်ပါဗျာလ်။
ခရစ်နှစ်ဦးကတည်းက " ဖူနန်" ကနေ မဲနန်မြစ် ၊ သံလွင်မြစ်၊ စစ်တောင်းမြစ်တွေကိုဖြတ်ပြီး ပျူရို့၏မြို့တော် ဗိသဏိုး၊ သရေခတ္တရာ တွေကမှတဆင့် ရခိုင် ဝေသာလီ အထိရောက်၊ နောက်ဆုံး အန္ဒိယအထိ ရောက်ခရေ ကုန်သွယ်လမ်းမကြီးစွာ မြန်မာ မြောက်ပိုင်းက " ပိုး " လမ်းနန့်အပြိုင်ရှိခဂါတ်ပါရေ။
![]() |
| Add caption |
ရခိုင်မင်းတိ ကိုယ်တိုင်းကလည်း ကုလားဘွဲ့ အမည် " စန္ဒြ " ( Chandra ) ကိုနှစ်သက်ခံယူခဂါတ်ပါရေ။ မင်းတစ်ပါး နန်းတက်တိုင်း ယင်းမင်းဘွဲ့ နာမည်ပါရေ ဒင်္ဂါး အသစ်သွင်းလုပ်ပြီး ငွေသားအဖြစ် အသုံးပြုဂါတ်ပါရေ။
အစောဆုံး ဒင်္ဂါး လို့ပြောနိုင်စွာက " ဒေဝစန္ဒြ" ( ခရစ် ၄၅၄-၄၇၆ ) ဒင်္ဂါး။
နောက်ထပ်တွီရရေ မင်းဘွဲ့ အမည်ပါ ဒင်္ဂါးတိပါ။
နိတိစန္ဒြ ( ၅၂၀ - ၅၇၅ )
ဝိရုစန္ဒြ ( ၅၇၅-၅၇၈ )
ပရိတိစန္ဒြ ( ၅၇၈-၅၉၀ )
ပတွိစန္ဒြ ( ၅၉၀-၅၉၇ )
ဒတိစန္ဒြ ( ၅၉၇-၆၀၀ )
ဓမဝိဇယ (၆၆၅-၇၀၁ )
ဓမစန္ဒြ ( ၇၀၄-၇၂၀) ဒင်္ဂါးပြားစာရင်း ကို ( မြန်မာသမိုင်းပုံ ၊ ဒေါက်တာသန်းထွန်း ) ကူးယူဖော်ပြသည်။
( ရခိုင်ဒင်္ဂါးတွေ ကိုအရင်က တွေ့ဖူးခပါရေ စာကိုဖတ်လိုကမရလို့ မင်းဘွဲ့နာမေတိကို မသိရပါသိ။
ရခိုင်လူမျိုးတိစွာ ၆ ရာစုနှစ်ဦးလောက်မှာ ဗုဒ္ဓဘာသာကို ပြောင်းလဲ ကိုးကွယ်ယုံကြည်နိန်ခဂါတ်ဗျာလ် လို့ပညာရှင်အများစုက ခန့်မှန်းဂါတ်ပါရေ။ ယေကေလေ့ ဒင်္ဂါပြားပေါ်မှာ ဒီလို ဗြာဟ္မဏ အယူဝါဒဆိုင်ရာ မှတ်လက္ခဏာတိစွာရေ ဇာမင်းဆက်တိ၊ ဇာရာဇုက စပြီးကေ မပါဗျာလ်လေ ဆိုစွာကို ပြောပြဖို့တွက် ကောင်းစောနိန်သိပါရေ။
ကျွန်တော်စုစောင်းထားရေအထဲက အစောဆုံး ဒင်္ဂါပြားတိပေါ်မှာ ဗြာဟ္မဏ အယူဝါဒဆိုင်ရာ မှတ်လက္ခဏာတိ မပေါရေ ဒင်္ဂါပြားစာရင်းကိုကြည့်ပါ။
မင်းဘွဲ့နာမေတိရာကို ဒင်္ဂါးပြားနန့် အပြည့်ရွီးထိုးပြီးကေ သွန်းခရေစီခရေလို့ ကောက်ချက်ချနို်င်ပါရေ။
စန္ဒသူရိယ ( ၁၇၃၁- ၁၇၃၄ ) ဒင်္ဂါပြားပေါ်မှာ ဘွဲ့အရှည် အရှင်ရွှေနန်းသခင် စန္ဒသူရိယ ရာဇာ ၁၀၉၃ လို့တွီ ရ။
နာရပဝါယ (၁၇၃၅-၁၇၃၆ ) ဒင်္ဂါပြားပေါ်မှာ ဘွဲ့အရှည် အရှင်ရွှေနန်းသခင် နာရပဝါယ ရာဇာ ၁၀၉၅ လို့ တွီ ရ။
စန္ဒဝိဇလ ( ၁၇၃၆ ) ဒင်္ဂါပြားပေါ်မှာ ဘွဲ့အရှည် အရှင်ရွှေနန်းသခင် စန္ဒဝိဇလ ရာဇာ ၁၀၉၅ လို့ တွီ ရ။
မဓရာဇ် ( ၁၇၃၇-၁၇၄၂ ) ဒင်္ဂါပြားပေါ်မှာ ဘွဲ့အရှည် အရှင်ရွှေနန်းသခင် မဓရာဇ် ရာဇာ ၁၀၉၉ လို့ တွီ ရ။
၁၇၃၁ ထက်အစောပိုင်း ကာလ ဒင်္ဂါပြားတွေအများကြီးရှိနိန်သိပါရေ ၁၇၄၂ နောက်ပိုင်း ဒင်္ဂါပြားတွေလည်းအများကြီးကျန်ရှိနိန်ပါရေ။
စာတိကိုဖတ်လို့ ရဗျာလ်ဖြစ်လို့ ပုံတိကို နောက်ပိုင်းမှာ စာတိနန့် တွဲပြီးကေ တင်ပီးပါမေ။ တစ်ချို့ပုံကောာင်းတိက သက်ဆိုင်ရာ website / blog နန့် ကိုယ်ပိုင်စုစောင်းထားသူတွေဆီက တောင်ကေလေ့ အကြောင်းမပြန်ပါ။
တချို့တိကတော အတုတိဖြစ်နိန်လို့ နည်းနည်းချေလောက် စီစစ်ရပါဖို့သိ။
ရခိုင် ဒင်္ဂါပြားဟာ ရခိုင်ရာဇဝင်နန့် တွဲနိန်ရေ အကောင်းဆုံးခေတ်ပြိုင် အထောက်အထားဖြစ်လို့ အင်မတန် တန်ဖိုးကြီးပါရေ။ ကျောက်စာတိ တွီ၇ပါရေ။ ယကေလေ့ အရေတွက် နည်းပါသိရေ ရခိုင် ဒင်္ဂါပြားတိကို သေသေချာချာ စ ၊ လယ် ၊ ဆုံး သုံးပါးစလုံးပြောဖို့ရာ ပြည့်စုံရေ သုတေသန အထောက်အထားမရသိပါ။
ဒေါက်တာသန်းထွန်း၏ မြန်မာသမိုင်းပုံ စာတမ်းမှာ ဖော်ပြထားစွာက ရခိုင်လူမျိုးတိစွာ ဂုပ္တ အက္ခရာကို အသုံးပြုပြီး သကတ္တဘာသာနန့် ရွီးရေဂါတ်တေ။ ရခိုင်ဒင်္ဂါးက ( နန္ဒီ ) " နွား" အပေါ်မှာရေးထားရေစာစွာ သက္ကတ ဂုပ္တ အက္ခရာလို့ ပါဘာရေ ဒေအချက်တိကို သတိထားပြီးကေ မမှန်လို့ ပြောလို့ပါဖို့။( နန္ဒီ ) " နွား" အပေါ်မှာရွီးထားရေ စာစွာ ဗြဟ္မဏီစာ ဖြစ်ပါရေ။
ဒီပိုစ်မှာ ရွီး၇ရေ အကြောင်းအရာတိနန့် ပတ်သတ်လို့အမှား ၊ အမှန် တွေအားလုံး ကျွန်တော်တာဝန်ယူပါရေ။ ရခိုင် ဒင်္ဂါပြားနန့် ပတ်သက်တဲ့ အကြောင်းရာ စုစောင်းမှုဟာအခုမှ ထိုတစ ဒေတစရာ ရှိပါသိရေ။၊ ကြိုက်တေပိုင် ဝေဖန်ပြီးကေ ထောက်ပြနိုင်ပါရေ။
.......
ရှေးမြန်မာ ဘလော့မှ
...
ရခိုင်ဘာသာသို့ ပြန်ဆိုထားသည်။
.
12.11.10 | Posted in ကျွန်တော့်မှတ်စု, ပင်မစာမျက်နှာ, ရခိုင်အမွီအနှစ်များ | Read More »
နိတိ စန္ဒြ ရခိုင် ဒင်္ဂါးပြား
အလေးချိန် - ၇.၃၉၀ ဂရမ်
အရွယ်အစား - ၃၁ မီလီမီတာ (mm ) ပြတိုက်ပစ္စည်း အမှတ် - CM 1984-5-10-1
ပြတိုက်အခန်း အမှတ်- အခန်း ၆၈၊ ငွေကြေး ပြခန်း
လက်ရှိတည်နေရာ - ဗြိတိလျှ ပြတိုက်၊ လန်ဒန်
အချိန်ကာလ - ၈ ရာစု
တွီရှိရာနေရာ - မြန်မာ
. အစောဆုံး မြန်မာ (ပျူ ကိုရည်ရွယ် ) ငွေဒင်္ဂါးတွေဟာ ဗုဒ္ဓဘာသာဝင် ရခိုင်ပြည်ကဆင်းသက်ရေ။ မြန်မာတိစွာ ငွေသတ္တုရင်းမြစ်ပေါကြွယ်ရေပိုင် အနီး ပတ်ဝန်းကျင် ဒေသတိနန့်လည်း ခိုင်မာရေ ကုန်သွယ်ရောင်းဝယ်မှုတွေရှိခပါရေ။ယင်းတွက်ကြောင်း ငွေဒင်္ဂါးတိကို သွန်းးလုပ်အသုံးပြုလာဂါတ်ပါရေ။ ငွေဒင်္ဂါးပြား အမှတ်တံဆိပ်တွေကိုတေm ဘင်္ဂလားနန့် ကပ်နိန်ရေ ရခိုင်က ဒင်္ဂါးတွေပြဆိုပါရေ။ ဘင်္ဂလား ဒင်္ဂါးတွေက နိပေါ " ပသုပတိ " Pashupati (၇-၈ ရာစု) ဒင်္ဂါးတွေ ကို အတုယူပြီ သွန်းလုပ်ခပါရေ ။
ဒင်္ဂါး မျက်နှာစာမှာ ( နန္ဒီ ) " နွား" လက္ခဏာတွေ့မယ်။ နွား၏ အပေါ်မှာ ဗြမဏီ အက္ခရာနန့်ရွီးထားရေ မင်း ဘွဲ့နာမည်ရှိပါရေ။ ဒင်္ဂါး၏အခြား တဘက်မှာတော သီရီဝစ္ဆ (အိမ်မွန် ) ရှိပါရေ။ သီရီဝစ္ဆ (အိမ်မွန် )၏ အပေါ်မှာ"နေ နန့် လ " ကိုတွေ့ရပါရေ။ သီရီဝစ္ဆ (အိမ်မွန် )အတွင်း၊ အလယ်တည့်တည့်မှာ အပေါ်ကို ထောင်နိန်ရေ အရာက သီဝ နတ်မင်းကိုးကွယ်မှုဆိုင်ရာ အမှတ်လက္ခဏာ ဖြစ်တေ “ လင်္ဂ “။
အမှတ်လက္ခဏာရို့ အဓိပ္ပါယ် တွေကို အနက်ဖွင့်ဖို့ဆိုကေ Cribb, B. Cook and I. Carradice, The coin atlas (London and Sydney, Macdonald Illustrated, 1990) ကို ကိုးကားသည်။
..........
ရှေးမြန်မာ ဘလော့မှ
........ရခိုင်ဘာသာသို့ ပြန်ဆိုထားသသည်။
.
12.11.10 | Posted in ကျွန်တော့်မှတ်စု, ပင်မစာမျက်နှာ, ရခိုင်အမွီအနှစ်များ | Read More »
ရွှေနန်းသခင် စန္ဒ ဝိဇယ ရာဇာ
ရွှေနန်းသခင် စန္ဒ ဝိဇယ ရာဇာ
ဟိန္ဒုအယူဝါဒ ကိုးကွယ်ယုံကြည်မှူ့ဆိုင်ရာ အမှတ်လက္ခဏာ မပါရေ ရခိုင် ဒင်္ဂါးစာရင်း။
???? = ရှိနေနိုင်သေးတဲ့ ဒဂါင်္းတွေကိုရည်ရွယ်တယ်။
ဒီစာရင်းဟာ သုတေသန အဆင့်မှီစာရင်း မဟုတ်သိပါ။
. ?????
နာရဒိပတိ ဦးရီးတော် မဟာနန္ဒဘရ ၊ ၆၆၀ ( ၁၂၉၈ အေဒီ )
???
ဆင်ဖြူရှင် နာရဓိပတိ စောလှိုင်သျှင် ၊ ၉၆၃ ( ၁၆၀၁ အေဒီ )
?????
ဆင်ဖြူသခင် ဆင်နီသခင် မင်းတရားကြီး ဦး လျှောင်းရှာ့ ၊ ၉၈၁ ( ၁၆၁၉ အေဒီ )
ဆင်ဖြူသခင် ဆင်နီသခင် သီရိဓမ ရာဇာ ၊ ၉၈၄ ( ၁၆၂၂ အေဒီ )
ဆင်ဖြူသခင် ဆင်နီသခင် နာရဓိပတိဂြီ ၊ ၁၀၀၀ ( ၁၆၃၈ အေဒီ )
ဆင်နီသခင် ဆင်ဖြူသခင် သတိုးမင်းတရားကြီး ၊ ၁၀၀၇ ( ၁၆၄၅ အေဒီ)
ရွှေနန်းသခင် စန္ဒ ဝိဇယ ရာဇာ ၁၀၇၂ ( ၁၇၁၀ အေဒီ )
အရှင်ရွှေနန်းသခင် စန္ဒသူရိယ ရာဇာ ၁၀၉၃ ( ၁၇၃၁ အေဒီ )
အရှင်ရွှေနန်းသခင် နာရပဝါယ ရာဇာ ၁၀၉၅ (၁၇၃၅ အေဒီ )
အရှင်ရွှေနန်းသခင် စန္ဒဝိဇလ ရာဇာ ၁၀၉၅ ( ၁၇၃၃ အေဒီ)
အရှင်ရွှေနန်းသခင် မဓရာဇ် ရာဇာ ၁၀၉၉ ( ၁၇၃၇ အေဒီ )
ရွှေနန်းသခင် စန္ဒြသုဓမရာဇာ ၊ ၁၀၁၄ ( ၁၆၅၂ အေဒီ )
??????
ရွှေနန်းသခင် အဘရ မဟာရာဇာ ၊ ၁၁၂၆ ( ၁၇၆၄ အေဒီ )
ရွှေပြည်သခင် ဓမ္မရာဇဓိရာဇာ ၊ ၁၁၄၀ ( ၁၇၇၈ အေဒီ)
ရွှေနန်းသခင် မဟာသမတရာဇာ ၊ ၁၁၄၄ ( ၁၇၈၂ အေဒီ )
????
ကုလ မဟာရာဇာ ( ခုနှစ် မသိရသေးပါ)
![]() |
| Add caption |
စိတ်ဝင်စားတဲ့လူများ ပုံရော စာပါ ယူသုံးနိုင်ပါပြီ။
............
ရှေးမြန်မာ ဘလော့မှ.
....>>>>
ရခိုင်ဘာသာသို့ ပြန်ဆိုထားသသည်။
.
12.11.10 | Posted in ကျွန်တော့်မှတ်စု, ပင်မစာမျက်နှာ, ရခိုင်အမွီအနှစ်များ | Read More »
ဒင်္ဂါးရှာပုံတော်
ဒီပုံစံကိုဘလော့တိုင်းမှာ များများမှာ မြင်ဖူးကြပါလိမ့်မယ်။မူရင်းက နေး ဆိုယ်ဝါဒ် ဒီဒီ ( Neil Sowards, D.D.) ၏ မြန်မာပြည် ဒင်္ဂါးရှာပုံတော်( Coin Hunting in Myanmar (Burma) ) ဆောင်းပါးပါ။
. ရ မူရင်းစာရေးသူမှာ ခရစ်ယာန် သင်းအုပ်ဆရာဖြစ်ဟန်နန့်တူပါရေ။ ရှေးဟောင်းရှားပါး ဒင်္ဂါး( ငွေအကြွေစိ ) စုစောင်းသူလည်းဖြစ်ရေလျှောက် မြန်မာပြည်ရောက်တေ အခါတိုင်း ဒင်္ဂါးရှာပုံတော်ဖွင့်ကြည့်ဖူးပါရေ။.မြန်မာပြည်ကို အသင်းတော်ကိစ္စနဲ့ ၁၃ ခေါက်ရောက်ဖြစ်တာရယ် ၊ သင်းအုပ်ဆရာတည်အတွက်ကြောင်း မြန်မာအကြောင်း သင့်တော်သလောက် သိရေလို့ထင်ပါရေ။
သူပြောပြလို့ ယင်းခေတ်က ရှေးဟောင်းပစ္စည်ရောင်းဝယ်ပုံကို စိတ်ဝင်စားဖွယ်ဖတ်ရပါရေ။ စာရေးသူအဆိုအရ သူရောက်ခရေအချိန်တုန်းက ခန့်မှန်းလူဦးရေ ၄၅ သန်းလောက်ရှိရေ မြန်မာပြည်မှာ ဒေပိုင် ရှေးဟောင်းရှားပါး ဒင်္ဂါး အကြောင်းနှံ့နှံ့စပ်စပ်သိရေလူ( လေ့လာစုစောင်းသူ) ၅ ဦးထက်မပိုလို့ ဆိုခပါရေ။ ဒေပိုင်အချိန်တိမှာ မျိုးဆစ်သစ် လူငယ်တွေထဲမှာရော လေ့လာနိန်ဂါတ်တေ မျိုးဆက်သစ်လူငယ်တိ ဇာနှယောက်ရှိနိုင်ဖို့လည်းဆိုစွာကို မပြောပြနိုင်ပါ။
The people are wonderful and friendly နန့် အဆုံးသတ်ထားရေ သူ့ဆောင်းပါး၊ အကြောင်းရာနန့် အရေးသားကို ကြိုက်ပါရေ။ယေကေလေ့ သူရွီးခစွာကို ပြင်စရာတိ ရှိသိပါရေ။
Photo caption:
Top left: Kingdom of Pyu lead coin 500-800 AD, bird left.
Top right Kingdom of Funan, silver 190-550 AD, rising sun.
Center: Srekshetra silver 1/100 unit 750-832 AD unknown symbol
Bottom Right: Sanda Thudhamma Silver 1652 AD Burmese writing.
U. S. Dime is reference as to size.
ငှက်ပုံပါ သတ္တု ပုံစံခွက်ကို အေဒီ ၅၀၀-၈၀၀ ပျူ ဒင်္ဂါးလို့ပြောထားပါရေ။ မဟုတ်ပါ။ အိုးလုပ်စဉ် ပန်းပုံနန့် အစက်ပျောက်တွေ ပုံဖော်ရာမှာသုံခရေ တံဆိပ်တုံး ဖြစ်နိုင်ပါရေ။
တက်သစ်စ (နီ) ပုံပါ ဒင်္ဂါးကိုတော့ ကမ္ဘောဒီးယား ရှေးဟောင်း မြို့တော် ဖူနန် လို့ပြောထားပါရေ။ သီရိခေတ္တရာ မြို့ဟောင်း တူးဖော်စဉ် သီရိဝစ္ဆ ခေါ် အိမ်မွန်(Shrivetsa) ပုံပါ။ ဒင်္ဂါးအရွယ် ရွံ့ပြားပုံစံခွက် တွေ့ထားလို့ သီရိခေတ္တရာ မှာလည်း ထုတ်လုပ်နိုင်ဖွယ်ရာရှိပါခပါရ။ ဖူနန် ဒင်္ဂါး လို့တော့ အတိကျပြောလို့မရသိပါ။
အလယ်မှာရှိနေနိန်ရေ ရွှေ အပိုင်းစ ကလဲ ဒင်္ဂါးမဟုတ်ပါ။ သီရိခေတ္တရာ မြို့ဟောင်းက ရခရေ ရွှေထယ်အတော်များများကို မြန်မာပြည်မှာထက် ထိုင်း နန့် စင်္ကာပူမှာ အတွေ့ပိုများပါရေ။ လူကြိုက်လည်းများပါရေ။
၁၀၁၄ ( အေဒီ ၁၆၅၂ ) ခုနှစ် ရွှေနန်းသခင် စန္ဒသုဓမ္မာ အမှတ်တံဆိပ်ပါ။ ဒင်္ဂါးကတော ရခိုင်ဒင်္ဂါး ဖြစ်ပါရေ။
မူရင်း ဆောင်းပါးကို အောက်မှာပေးထားတဲ့ လင့်မှာသွားဖတ်နိုင်ပါရေ။
................
..................
ရှေးမြန်မာ ဘလော့မှ
.
ရခိုင်ဘာသာသို့ ပြန်ဆိုထားသည်။
.
12.11.10 | Posted in ကျွန်တော့်မှတ်စု, ပင်မစာမျက်နှာ, ရခိုင်အမွီအနှစ်များ | Read More »
န၀ရူပ ဗျာလ
30.4.10 | Posted in ကျွန်တော့်မှတ်စု, ပင်မစာမျက်နှာ, ရခိုင်အမွီအနှစ်များ | Read More »
မြောက်ဦးနန်းတော်ကုန်း
မြောက်ဦးမြို့တော် နန်းတော်ကုန်းကို မင်းစောမွန်တည်ဆောက်ခသည်မှာကား မူလနဂိုရ်အားဖြင့် ကုက္ကားတောင်နှင့် တောင်ညိုတောင်နှစ်ခုကို တူးဖြိုညှိလျှက်တည်ခသော ကျောက်ဆောင်ကျောက်သားမြီခံမြီများဖြစ်သည်။ နန်းတော်ကုန်းပတ်လည် စတုရန်းပုံသဏ္ဍာန်ကို ကျောက်အုတ်များဖြင့်တံတိုင်းပြုကာ အမာခံလျှက် ကေဇာသက္ကရာဇ် (၇၉၂) ခု တော်သလင်းလဆန်း (၁) ရက်တလဂုင်္နီနိ၊ ခရစ်သက္ကရာဇ် (၁၄၃၀) ခုနှစ်တွင် မြောက်ဦးခေတ်ထီးနန်းကို စတင်တည်ထောင်သည်။
ပထမဆုံးမြောက်ဦးခေတ်ထီးနန်းတော်ကို မင်းစောမွန်မင်းများလက်ထက် အုတ်တံတိုင်းများဖြင့်သာ အောက်ခြီချလျှက် တည်ဆောက်ခခြင်းဖြစ်သည်။ မြောက်ဦးဒုတိယခေတ် မင်းဗာဘုရင်လက်ထက်ရောက်သောအခါ၌ကား ကျောက်အမာခံတံတိုင်းများဖြင့်ထပ်မံပြီးသော် ခိုင်ခံ့ကြီးကျယ်စွာတည်ဆောက်သည်။. သို့ဖြစ်ပါ၍ ရခိုင်မဟာရာဇဝင်တော်ကြီးလင်္ကာတွင် (စောမွန်ပျင်ပြု၊ မင်းဗာတည်ကေ၊ ရွှေမြောက်ဦး) ဟုလည်းကောင်း။ (မြောက်ဦးမည်သာ၊ မြို့အောင်ချာကို၊ တည်လှာပြုလစ်၊ သက္ကရာဇ်ကား၊ ဒွေးဖြစ်နဝါ၊ သတ္တသာတည်း) ဟူ၍လည်းကောင်း တွိရသည်။
နန်းတော်ကုန်း၏အဆင့်မှာ သုံးဆင့်ဖြစ်သည်။ ထိပ်ဆုံးအမြင့်မှ အောက်ဆုံးအဆင့်ထိပေပေါင်း (၅၀) မြင့်သည်။ တတိယအဆင့်၏ တောင်မှမြောက်သို့ ပေပေါင်း (၁၆၀၆) ပေဟိသည်။ အရှိမှအနောက်သို့ ပေပေါင်း (၁၇၄၀) ပေ ဟိသည်။ တံတိုင်းများအောက်ခြီတွင် ကျောက်သား (၇) ပေထုထည်ဟိသည်။ တံတိုင်းများ၏အထက်ပိုင်းထုထည်မှာ (၄) ပေဖြစ်သည်။ ပထမနှင့် ဒုတိယတံတိုင်းအကွာအဝီးမှာ ပေပေါင်း (၂၃၇) ပေ ရှည်သည်။ အပေါ်ဆုံးအထက် နန်းရင်ပြင်၏အကျယ်အဝန်းမှာ (၆၅၆) ပေကျယ်ဝန်းသည်။ အရှိဘက်အဆင့်တန်းခါးမှ ဒုတိယအဆင့်တန်းခါးသို့ ပေပေါင်း (၂၃၃) ပေဟိသည်။ ၎င်းမှ တတိယအဆင့်တန်းခါးသို့ (၁၆၆) ပေဟိသည်။
အပေါ်ဆုံးအထက်နန်းရင်ပြင်၏ မြောက်မှတောင်သို့ အလျားပေပေါင်း (၆၇၉) ပေ ကျယ်သည်။ တောင်ဘက် တတိယအဆင့်တန်းခါးမှ ဒုတိယအဆင့်တန်းခါးသို့ ပေပေါင်း (၁၃၈) ပေဟိသည်။ ၎င်းမှ ပထမအဆင့်တန်းခါးသို့ ပေပေါင်း (၄၅၀) ကွာဝီးသည်။ တန်းခါးများ၏ဝင်ပေါက်မှာ (၁၀) ပေစီကျယ်ဝန်းသည်။ တံခါးတဘက်တချက်စီ၏ တန်းခါးဘောင်များမှာ
(ဂ) ပေစီ ရှိသို့ထိုးထွက်လျှက် တည်ဟိသည်။ တံတိုင်းများထုထည်အထူမှာ (၇) ပေ (၆) လက်မစီဟိပြီး (၁၂) ပေစီ မြင့်သည်။ တန်းခါးများ၏အတွင်းဘက်နံရံများ၌ မြီကြီးသည် တပေခန့်အကွာ ကျောက်တုံးကြီးများနှင့် (၈) ပေအမြင့်ဟိသော ကျောက်တုံးကြီးတွင် (၅)လက်မဟိသော အပေါက်တပေါက်စီကို ထွင်းလုပ်ပြုပျင်တပ်ဆင်ထားသည်။
ထိုတန်းခါးပေါက်များကို ပိတ်ဖွင့်နိုင်ရန်အတွက် အရှင်တန်းခါးတပ်ဆင်ထားခြင်းဖြစ်သည်။ နန်းတော်၏အနောက်ဘက် ဒုတိယနှင့် တတိယတံတိုင်းအကြားတွင် ကျုံးများဟိသည်။ အရှိတောင်ဘက်တွင် ဗဟိုရ်စည်တော်ထားဟိသော စည်တော်ကိုအချိန်မှန်ယွန်းသော(ယွန်းထောင်) ခေါ် (ရွန်းတောင်) တည်ဟိသည်။ တောင်ဘက်တွင် (ဝယိုင်သာ) ခေါ် (ဥယျာဉ်တော်) ဟိသည်။
နန်းတော်၏အရှိဘက် ဒုတိယအဆင့်တွင် နန်းတွင်းသူနန်းတွင်းသားများသောက်သုံးကုန်သော သောက်ရီကန် (နန်းသားကန်) တည်ဟိသည်။ ယခုအခါ ထိုကန်ကို (နံသာကန်) ဟုခေါ်ဆိုသည်။ ယခုနန်းတော်ကုန်း၏အရှိဘက်ဆင်းလမ်း (နန်းကျောက်လှီကား) နှင့် အနောက်ဘက် နန်းကုန်းအဆင်းလှီကားရို့မှာ ဗြိတိသျှအင်္ဂလိပ်အုပ်ချုပ်စဉ်ကာလ (မြောက်ဦးနန်းတော်ကုန်းအားဖောက်ပြီးသော် ရှိနောက်တောက်လျှောက်ပိုင်းပြီး လမ်းလုပ်ရန်စီစဉ်ခသည်။ တမြို့လုံးကကန့်ကွက်ဆန္ဒပြသဖြင့် လမ်းမဖောက်လုပ်ဘဲရပ်တန့်ကာ ယခင်မင်းဆင်းလမ်းလှီကားကိုပတ်၍ အရှိအနောက်တဖြောင့်တည်း ကျောက်လှီကား (၂) ခုကို တပ်ဆင်ထားခခြင်းဖြစ်သည်။
ရခိုင်မင်းများလက်ထက် နန်းတော်ကုန်းသို့အဆင်းအတက်ကျောက်လှီကား အစစ်အမှန်နီရာများသည်ကား အနောက်ဘက်၌ ယခုပါတီယူနစ်ယုံးဟောင်းအရှိဘက် ကျောက်လှေကားဆင်းလမ်းတခု၊ ၎င်းနှင့် အရှိဘက်သို့တဖြောင့်တည်း နန်းသားကန်တော်ဘက်သို့ဆင်းလမ်း ကျောက်လှီကားတခုဖြစ်သည်။
ရှိမင်းများသည် ဤနန်းတော်ကုန်းသို့ အရပ်လေးမျက်နှာမှ ဆင်းတက်နိုင်စီရန်အတွက် အရပ်လေးမျက်နှာတွင် ကျောက်လှီကားတန်းခါးပေါက် (၄) ခုကို တွိမြင်ကတ်ရမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ရခိုင်မြို့တည် ဗိသုကာကျမ်း၌ဖော်ပြထားသည်မှာ-
(ခုနစ်ရာကိုးဆယ်၊ စွန်းဝယ်နှစ်ဖော်၊ လတော်သလင်း၊ လျှံဝင်းထွန်းညီး၊ ထွက်ပြီးနီတက်၊ ဆန်းတရက်၌၊ မြောက်ဦးမြို့သာ၊ တည်ခြင်းရာကား၊ တောင်ညိုကုက္ကား၊ နှစ်ပါးတူညီ၊ ဘုမ္မိနက်သန်၊ မြီကြန်သင့်ရာ၊ ယင်းသည်မှာလည်း၊ အကာအင်းသီး၊ ထားတုံပြီးမှ၊ တည်ထမြို့နန်း၊ ကန်စန်းကန်လဂ်၊ တထောင်ဘက်ကို၊ မပျက်ထိုရော်၊ ဆက်တက်သော်ကား၊ အရာထောင်သောင်း၊ ကျိန်းခန်းအောင်း၏) ဟူ၍ပင်လျှင် ပါဟိသည်။ ဤမြောက်ဦးမြို့နန်းတော်ကုန်းကို တံတိုင်းသုံးတန် ဝိုင်းကာရံလျှက် ထိုတံတိုင်းများအကြားတွင်လည်း ကျုံးတော်များထားဟိသည်။
မြို့တံတိုင်းများအထက်ဝယ်လည်း မြင်းစီးသူရဲဗိုလ်ပါများစီးနင်းလားလာလှုပ်လျှားနိုင်အောင် စီမံပြုလုပ်ထားသည်။ မြို့ကျောက်တန်းခါးများကိုလည်း ခိုင်လုံစွာဖြင့် ခမ်းနားကြီးကျယ်စွာ တည်ဆောက်စီမံထားခသည်။ ထို့ကြောင့် မြောက်ဦးမြို့တော်ကြီးသည် ထိုအချိန်ထိုအခါက အိမ်ခြီပေါင်းများစွာနှင့် ကြက်ပျံမကျစည်ကားခသည်။ သို့ဖြစ်ပါ၍ ခရစ်အေဒီ (၁၅) ရာစုမှ (၁၆) ရာစုထိကာလအတွင်း အလွန်ချမ်းသာကြွယ်ဝသော ကမ္ဘာ့အဆင့်မှီ သမိုင်းတွင်ထင်ရှားသော (The City Of MraukK Oo) မြို့ကြီးတမြို့ဖြစ်ပေတော့သည်။
ဓညဝတီဦးအောင်ဇေယျ
(သမိုင်းသုတေသီ)
အငြိမ်းစားကျောင်းဆရာကြီး
မြောက်ဦးမြို့
မြောက်ဦးနန်းတော်ကုန်း
မြောက်ဦးမြို့တော် နန်းတော်ကုန်းကို မင်းစောမွန်တည်ဆောက်ခသည်မှာကား မူလနဂိုရ်အားဖြင့် ကုက္ကားတောင်နှင့် တောင်ညိုတောင်နှစ်ခုကို တူးဖြိုညှိလျှက်တည်ခသော ကျောက်ဆောင်ကျောက်သားမြီခံမြီများဖြစ်သည်။ နန်းတော်ကုန်းပတ်လည် စတုရန်းပုံသဏ္ဍာန်ကို ကျောက်အုတ်များဖြင့်တံတိုင်းပြုကာ အမာခံလျှက် ကေဇာသက္ကရာဇ် (၇၉၂) ခု တော်သလင်းလဆန်း (၁) ရက်တလဂုင်္နီနိ၊ ခရစ်သက္ကရာဇ် (၁၄၃၀) ခုနှစ်တွင် မြောက်ဦးခေတ်ထီးနန်းကို စတင်တည်ထောင်သည်။
ပထမဆုံးမြောက်ဦးခေတ်ထီးနန်းတော်ကို မင်းစောမွန်မင်းများလက်ထက် အုတ်တံတိုင်းများဖြင့်သာ အောက်ခြီချလျှက် တည်ဆောက်ခခြင်းဖြစ်သည်။ မြောက်ဦးဒုတိယခေတ် မင်းဗာဘုရင်လက်ထက်ရောက်သောအခါ၌ကား ကျောက်အမာခံတံတိုင်းများဖြင့်ထပ်မံပြီးသော် ခိုင်ခံ့ကြီးကျယ်စွာတည်ဆောက်သည်။
သို့ဖြစ်ပါ၍ ရခိုင်မဟာရာဇဝင်တော်ကြီးလင်္ကာတွင် (စောမွန်ပျင်ပြု၊ မင်းဗာတည်ကေ၊ ရွှေမြောက်ဦး) ဟုလည်းကောင်း။ (မြောက်ဦးမည်သာ၊ မြို့အောင်ချာကို၊ တည်လှာပြုလစ်၊ သက္ကရာဇ်ကား၊ ဒွေးဖြစ်နဝါ၊ သတ္တသာတည်း) ဟူ၍လည်းကောင်း တွိရသည်။
နန်းတော်ကုန်း၏အဆင့်မှာ သုံးဆင့်ဖြစ်သည်။ ထိပ်ဆုံးအမြင့်မှ အောက်ဆုံးအဆင့်ထိပေပေါင်း (၅၀) မြင့်သည်။ တတိယအဆင့်၏ တောင်မှမြောက်သို့ ပေပေါင်း (၁၆၀၆) ပေဟိသည်။ အရှိမှအနောက်သို့ ပေပေါင်း (၁၇၄၀) ပေ ဟိသည်။ တံတိုင်းများအောက်ခြီတွင် ကျောက်သား (၇) ပေထုထည်ဟိသည်။ တံတိုင်းများ၏အထက်ပိုင်းထုထည်မှာ (၄) ပေဖြစ်သည်။ ပထမနှင့် ဒုတိယတံတိုင်းအကွာအဝီးမှာ ပေပေါင်း (၂၃၇) ပေ ရှည်သည်။ အပေါ်ဆုံးအထက် နန်းရင်ပြင်၏အကျယ်အဝန်းမှာ (၆၅၆) ပေကျယ်ဝန်းသည်။ အရှိဘက်အဆင့်တန်းခါးမှ ဒုတိယအဆင့်တန်းခါးသို့ ပေပေါင်း (၂၃၃) ပေဟိသည်။ ၎င်းမှ တတိယအဆင့်တန်းခါးသို့ (၁၆၆) ပေဟိသည်။
အပေါ်ဆုံးအထက်နန်းရင်ပြင်၏ မြောက်မှတောင်သို့ အလျားပေပေါင်း (၆၇၉) ပေ ကျယ်သည်။ တောင်ဘက် တတိယအဆင့်တန်းခါးမှ ဒုတိယအဆင့်တန်းခါးသို့ ပေပေါင်း (၁၃၈) ပေဟိသည်။ ၎င်းမှ ပထမအဆင့်တန်းခါးသို့ ပေပေါင်း (၄၅၀) ကွာဝီးသည်။ တန်းခါးများ၏ဝင်ပေါက်မှာ (၁၀) ပေစီကျယ်ဝန်းသည်။ တံခါးတဘက်တချက်စီ၏ တန်းခါးဘောင်များမှာ
(ဂ) ပေစီ ရှိသို့ထိုးထွက်လျှက် တည်ဟိသည်။ တံတိုင်းများထုထည်အထူမှာ (၇) ပေ (၆) လက်မစီဟိပြီး (၁၂) ပေစီ မြင့်သည်။ တန်းခါးများ၏အတွင်းဘက်နံရံများ၌ မြီကြီးသည် တပေခန့်အကွာ ကျောက်တုံးကြီးများနှင့် (၈) ပေအမြင့်ဟိသော ကျောက်တုံးကြီးတွင် (၅)လက်မဟိသော အပေါက်တပေါက်စီကို ထွင်းလုပ်ပြုပျင်တပ်ဆင်ထားသည်။
ထိုတန်းခါးပေါက်များကို ပိတ်ဖွင့်နိုင်ရန်အတွက် အရှင်တန်းခါးတပ်ဆင်ထားခြင်းဖြစ်သည်။ နန်းတော်၏အနောက်ဘက် ဒုတိယနှင့် တတိယတံတိုင်းအကြားတွင် ကျုံးများဟိသည်။ အရှိတောင်ဘက်တွင် ဗဟိုရ်စည်တော်ထားဟိသော စည်တော်ကိုအချိန်မှန်ယွန်းသော(ယွန်းထောင်) ခေါ် (ရွန်းတောင်) တည်ဟိသည်။ တောင်ဘက်တွင် (ဝယိုင်သာ) ခေါ် (ဥယျာဉ်တော်) ဟိသည်။
နန်းတော်၏အရှိဘက် ဒုတိယအဆင့်တွင် နန်းတွင်းသူနန်းတွင်းသားများသောက်သုံးကုန်သော သောက်ရီကန် (နန်းသားကန်) တည်ဟိသည်။ ယခုအခါ ထိုကန်ကို (နံသာကန်) ဟုခေါ်ဆိုသည်။ ယခုနန်းတော်ကုန်း၏အရှိဘက်ဆင်းလမ်း (နန်းကျောက်လှီကား) နှင့် အနောက်ဘက် နန်းကုန်းအဆင်းလှီကားရို့မှာ ဗြိတိသျှအင်္ဂလိပ်အုပ်ချုပ်စဉ်ကာလ (မြောက်ဦးနန်းတော်ကုန်းအားဖောက်ပြီးသော် ရှိနောက်တောက်လျှောက်ပိုင်းပြီး လမ်းလုပ်ရန်စီစဉ်ခသည်။ တမြို့လုံးကကန့်ကွက်ဆန္ဒပြသဖြင့် လမ်းမဖောက်လုပ်ဘဲရပ်တန့်ကာ ယခင်မင်းဆင်းလမ်းလှီကားကိုပတ်၍ အရှိအနောက်တဖြောင့်တည်း ကျောက်လှီကား (၂) ခုကို တပ်ဆင်ထားခခြင်းဖြစ်သည်။
ရခိုင်မင်းများလက်ထက် နန်းတော်ကုန်းသို့အဆင်းအတက်ကျောက်လှီကား အစစ်အမှန်နီရာများသည်ကား အနောက်ဘက်၌ ယခုပါတီယူနစ်ယုံးဟောင်းအရှိဘက် ကျောက်လှေကားဆင်းလမ်းတခု၊ ၎င်းနှင့် အရှိဘက်သို့တဖြောင့်တည်း နန်းသားကန်တော်ဘက်သို့ဆင်းလမ်း ကျောက်လှီကားတခုဖြစ်သည်။
ရှိမင်းများသည် ဤနန်းတော်ကုန်းသို့ အရပ်လေးမျက်နှာမှ ဆင်းတက်နိုင်စီရန်အတွက် အရပ်လေးမျက်နှာတွင် ကျောက်လှီကားတန်းခါးပေါက် (၄) ခုကို တွိမြင်ကတ်ရမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ရခိုင်မြို့တည် ဗိသုကာကျမ်း၌ဖော်ပြထားသည်မှာ-
(ခုနစ်ရာကိုးဆယ်၊ စွန်းဝယ်နှစ်ဖော်၊ လတော်သလင်း၊ လျှံဝင်းထွန်းညီး၊ ထွက်ပြီးနီတက်၊ ဆန်းတရက်၌၊ မြောက်ဦးမြို့သာ၊ တည်ခြင်းရာကား၊ တောင်ညိုကုက္ကား၊ နှစ်ပါးတူညီ၊ ဘုမ္မိနက်သန်၊ မြီကြန်သင့်ရာ၊ ယင်းသည်မှာလည်း၊ အကာအင်းသီး၊ ထားတုံပြီးမှ၊ တည်ထမြို့နန်း၊ ကန်စန်းကန်လဂ်၊ တထောင်ဘက်ကို၊ မပျက်ထိုရော်၊ ဆက်တက်သော်ကား၊ အရာထောင်သောင်း၊ ကျိန်းခန်းအောင်း၏) ဟူ၍ပင်လျှင် ပါဟိသည်။ ဤမြောက်ဦးမြို့နန်းတော်ကုန်းကို တံတိုင်းသုံးတန် ဝိုင်းကာရံလျှက် ထိုတံတိုင်းများအကြားတွင်လည်း ကျုံးတော်များထားဟိသည်။
မြို့တံတိုင်းများအထက်ဝယ်လည်း မြင်းစီးသူရဲဗိုလ်ပါများစီးနင်းလားလာလှုပ်လျှားနိုင်အောင် စီမံပြုလုပ်ထားသည်။ မြို့ကျောက်တန်းခါးများကိုလည်း ခိုင်လုံစွာဖြင့် ခမ်းနားကြီးကျယ်စွာ တည်ဆောက်စီမံထားခသည်။ ထို့ကြောင့် မြောက်ဦးမြို့တော်ကြီးသည် ထိုအချိန်ထိုအခါက အိမ်ခြီပေါင်းများစွာနှင့် ကြက်ပျံမကျစည်ကားခသည်။ သို့ဖြစ်ပါ၍ ခရစ်အေဒီ (၁၅) ရာစုမှ (၁၆) ရာစုထိကာလအတွင်း အလွန်ချမ်းသာကြွယ်ဝသော ကမ္ဘာ့အဆင့်မှီ သမိုင်းတွင်ထင်ရှားသော (The City Of MraukK Oo) မြို့ကြီးတမြို့ဖြစ်ပေတော့သည်။
ဓညဝတီဦးအောင်ဇေယျ
(သမိုင်းသုတေသီ)
အငြိမ်းစားကျောင်းဆရာကြီး
မြောက်ဦးမြို့ http://arakanliteraturepalace.weebly.com/index.html.
26.4.10 | Posted in ကျွန်တော့်မှတ်စု, ပင်မစာမျက်နှာ, ရခိုင်အမွီအနှစ်များ | Read More »
ဆင်နီသခင် ဆင်ဖြူသခင် သတိုးမင်းတရားကြီး ၁၀၀၇ ( ၁၆၄၅ အေဒီ)
ဆင်နီသခင် ဆင်ဖြူသခင် သတိုးမင်းတရား ၁၀၀၇ ( ၁၆၄၅ အေဒီ)
အရင်ပိုစ်တိမှာ ၁၀၀၄ ( ၁၆၄၂ အေဒီ ) လို့မှားရွီးခစွာကို ပြင်ရမည်။ အမှန်က ဆင်နီသခင် ဆင်ဖြူသခင် သတိုးမင်းတရား ၁၀၀၇ ( ၁၆၄၅ အေဒီ)ဖြစ်ပါရေ။ တချို့ရာဇဝင်စာအုပ်တိမှာ ဒေမင်းကို ၁၀၀၄ လို့ ရွီးထားစွာတိကို တွီရပါရေ။
ရခိုင်မင်းတိစွာ မိမိရို့နန်းတက်ခရေ ခုနှစ်ကိုရာ ဒင်္ဂါးပြားတိပေါ်မှာ ခပ်နှိပ်စွာရာဖြစ်ပါရေ။ ယင်ဒတွက်ကြောင်း ဒင်္ဂါးတိမှာ တွီရရေ ခုနှစ်ကို အမှန်လို့ယူဆချင်ပါရေ။ နောက်ထပ်ပိုပြီး ခိုင်မာစီချင်စွာက မင်းဘွဲ့ပါရေ ရခိုင်ဒင်္ဂါးတိမှာ မင်းတစ်ပါးတည်းက ခုနှစ် နှစ်မျိုးပါရေ မူကွဲ ဒင်္ဂါးတိကို မတွီရသိပါ။ နောက်ထပ်မှတ်သားစရာ တစ်ခုက ရခိုင်မင်းရို့၏ ဆင်နီသခင် ဆင်ဖြူသခင် ဘွဲ့အမည်။ မြန်မာမင်းရို့ဘွဲ့အမည်တွေမှာ ဆင်ဖြူရှင်သာရှိပြီး၊ ဆင်နီသခင်လို့မပါသိပါ။
ဤနိန်ရာက
.
6.2.10 | Posted in ကျွန်တော့်မှတ်စု, ပင်မစာမျက်နှာ, ရခိုင်အမွီအနှစ်များ | Read More »
ဆင်ဖြူသခင် ဆင်နီသခင် နာရပတိကြီး ၁၀၀၀ ( ၁၆၃၈ အေဒီ )
ဆင်ဖြူသခင် ဆင်နီသခင် နာရပတိကြီး ၁၀၀၀ ( ၁၆၃၈ အေဒီ )
ရခိုင် ဒင်္ဂါးတိအကြောင်းကို စုံညီအောင်ပြောဖို့ရာ အဆင်သင့်မဖြစ်နိုင်သိပါ။ ဒေအကြောင်းတိကို ပြောပြဖို့တွက် စိတ်ဝင်စားစရာ အကောင်းဆုံး အကြောင်းရာတစ်ခုလို့ထင်ပါမိပါရေ။
ဟိန္ဒူ ကိုးကွယ်မှုဆိုင်ရာ လက္ခဏာ ပါနိန်ရေ ဒင်္ဂါး နန့် မပါရေ ဒင်္ဂါးဆိုပြီး အပိုင်းနှစ်ပိုင်းခွဲရပါလိမ်မေ။
ဗစ်တိုးရီးယား နန့် အယ်ဘာတ် ပြတိုက်၊ လန်ဒန် ပြတိုက်မှုးတိအပါဝင် အနောက်တိုင်းပညာရှင်တချို့၏ အဆိုက မြန်မာ ဒင်္ဂါး (ပျူ ဒင်္ဂါး ) ၊ ရခိုင် ဒင်္ဂါး တိစွာ ဘင်္ဂလား ဒင်္ဂါးတွေကို အတုယူဂါတ်တေ။၊ ဘင်္ဂလား ဒင်္ဂါးတိကလည်း နီပေါ ဒင်္ဂါး တိကို အတုယူလုပ်တေ ၊ မူရင်းဇစ်မြစ် အိန္ဒိယရာ ဖြစ်ပါရေ။
ဒေါက်တာသန်းထွန်း အပါဝင် မြန်မာ သမိုင်းပညာရှင်ရို့၏ အယူဆတိက မြန်မာ ဒင်္ဂါး (ပျူ ဒင်္ဂါး ) ၊ ရခိုင် ဒင်္ဂါး တိစွာ ကမ္ဘောဒီးယား ဖူနန် ဒင်္ဂါးတိပိုင် အတုလုပ်ယူရေလို့ ဆိုပါရေ။ ပထမ အယူအဆကို ပိုကြိုပြီးကေ ကြိုက်နှစ်သက်မိပါရေ။.
ဤနိန်ရာက
6.2.10 | Posted in ကျွန်တော့်မှတ်စု, ပင်မစာမျက်နှာ, ရခိုင်အမွီအနှစ်များ | Read More »
၉၆၃ ဆင်ပြသျှင် နာရဓိပတိ ဆောလိမ်သျှာ
ဆင်ပြသျှင် နာရဓိပတိ ဆောလိမ်သျှာ
အထက်ဆုံးစာက ခုနှစ် ၉၆၃ ဖြစ်သည်။ ၆လို့ထင်နိုင်ရေ အလယ်ကစာလုံး က ဖတ်မရဖြစ်နိန်လို့။
ဒင်္ဂါးတစ်ဘက်ခြမ်းကစာတိကတောခါ အထက်တစ်ခြမ်းက အာရဘီစာ ၊ အောက်တစ်ခြမ်းက သက္ကတစာ ဖြစ်နိုင်ပါရေ။ မဖတ်တတ်လို့ ကောင်းမသေချာနိုင်သိပါ။
၉၆၃
ဆင်ပြသျှင် နာရဓိပတိ ဆောလိမ်သျှာ
( ဆင်ဖြူရှင် နာရဓိပတိ ဆောလှိုင်ရှင် လို့လောလောဆယ် မြန်မာပြန်ထားပါရေ)။
ရခိုင်ပညာရှင်ကြီးတိဖြစ်တေ ဦးစံသာအောင်၊ ဦးရွှေဇံ ရို့ ရေးသားပြုစုထားရေ စာတိနန့် တိုက်ဆိုင်စစ်ဆေးမှု မလုပ်ရသိဖြစ်ပါရေ သေချာစွာ တစ်ခုခုကို တွီကေ ပြောခဂါတ်ပါ။
ဤနိန်ရာက
6.2.10 | Posted in ကျွန်တော့်မှတ်စု, ပင်မစာမျက်နှာ, ရခိုင်အမွီအနှစ်များ | Read More »
မြောက်ဦင်္းမြို့တွင် သက္ကရာဇ် (၁၁၀၅) နန်းတက်ခဲ့သော နရပတိမင်းလက်ထက် ပညာရှိ ငအိတက် ငလက်ရုံးတို့ ပြောထားခဲ့သော ရခိုင်ပြည် (၉၉)လတ္တံ
၂။ မင်းတို့မတရား သူခိုးစားလည်းများလတ္တံ။
၃။ လက်နက်အားကိုး ထိုးမင်းမျိုးကို အုပ်စိုးပိုင်ရာ တိုင်းပြည်ရွှာမှာ သူခိုးဓါးပြ များလတ္တံ။
၎။ သူမင်းငါမင်း အချင်းချင်း သတ်ဖြတ်ထိုးခါ များလတ္တံ။
၅။ ရက္ခပူရ ပြည်ဓညမှာ ရာဇနတ္ထိ မင်းမရှိလည်းဖြစ်လတ္တံ။
၆။ ရက္ခပူရ ပြည်ဓညမှာ ၀ါဒလက်ကိုင် စစ်ပွဲပြိုင်ကာ ဘယာဘေးကြီးဖြစ်လတ္တံ။
၇။ ရက္ခပြည်သူ ကြွက်ကြွက်ဆူ အားကိုးရာမဲ့ဖြစ်လတ္တံ။
၈။ ရက္ခပြည်သူ ကြွက်ကြွက်ဆူ စိတ်ဝမ်းကွဲသူ များလတ္တံ။
၉။ နိုင်ငံရေးယောင်ယောင် သူတောင်းစားလည်း များလတ္တံ။
၁၀။ ဘုရားကိုကား နိမ့်ရားထား မျောက်ကားအထက်တက်လတ္တံ။.
၁၁။ ရက္ခပူရ ပြည်ဓညမှာ သ၀ိအမှတ် ပညာကျော်တို့ ဘာယာနတ္ထိဖြစ်လတ္တံ။
၁၂။ ပညာရှိပျောက် ရက္ခာပြည်မှာ ဘေးကြီးရောက်ကာ လူဆိုးများစွာဖြစ်လတ္တံ။
၁၃။ သူမြတ်သားကို မနာလို ၀န်တိုစိတ်တို များလတ္တံ။
၁၄။ သူမြတ်ကိုကား နိမ့်ရားထား လူဆိုးရှေ့ရောက်ဖြစ်လတ္တံ။
၁၅။ လူကြီးကိုကား နိမ့်ရာထား မင်းကချီမြောက် လူငယ်ရောက် အထောက်ကမာန်ပြုလတ္တံ။
၁၆။ ဘုရားတရား စောင့်သူများ ရန်မျိုးဘာယ်ကြီး လွတ်လတ္တံ။
၁၇။ ဘုရားတရား မစောင့်ခြား ရန်ငြိုးကပ်ကြီး သင့်လတ္တံ။
၁၈။ အမျိုးလေးပါး မသိငြား ဘယာဘေးကြီးသင့်လတ္တံ။
၁၉။ မိခင်ဖခင် ဘုရားခင်ကို ကိုးကွယ်သူများ ကျန်လတ္တံ။
၂၀။ အမျိုးလေးပါး သိသူများ ဘယာဘေးကြီးလွတ်လတ္တံ။
၂၁။ မိခင်ဖခင် ဘုရားရှင်ကို မသိသူများ ဘယာဘေးကြီးသင်လတ္တံ။
၂၂။ ရခိုင်ခေါင်းတုန်း ပြည်၇ွှာကုံးလည်းများလတ္တံ။
၂၃။ ရခိုင်ခေါင်းတုန်း ဗမာသုံးလည်း များလတ္တံ။
၂၄။ ချင်းနှင့်ရခိုင် စားပွဲထိုင် ဗမာအောက်သား ပြေးလတ္တံ။
၂၅။ မယူနတ်ကြီး စည်တော်တီ ယုလားဘေးကြီး သင့်လတ္တံ။
၂၆။ ဘူးသီးတောင်နယ် မင်းခေါင်းကုလား စိုးလတ္တံ။
၂၇ ။ ကုလားခေါင်းထက် အခါ(၉၅)ပျောက်လတ္တံ အမာရွပ်အခါ (၉၀)ပေးလတ္တံ။
၂၈။ ကုလားကိုရှာ ကျောက်တော်နေမှာ ထိုခါတစ်ရုပ်တွေ့လတ္တံ။
၂၉။ ဂိဇ္ဈကုဋ်တော် ဗြိတ္တာပေါင်းများ လူပေါင်းရောက်လည်း များလတ္တံ။
၃၀။ မုသ၀ါဒီ ပြောဆိုခါ များစွာစားသောက်များလတ္တံ။
၃၁။ မိဘကိုကား နိမ့်ရာထား သားကတ၇ားခံလတ္တံ။
၃၂။ မိန်မယောင်္ကျား ထိုလူများကို ဒုက္ခဘေးကြီး ဆိုက်လတ္တံ။
၃၃။ ရက္ခပူရ ပြည်ဓညမှာ မိန့်မများစွာ လက်ကောက်ခြေးချင်း ကျွတ်လတ္တံ။
၃၄။ ထိုသောမိန့်မ ဣတ္ထိယာကား ခပဇာထမင်း ချက်လတ္တံ။
၃၅။ ရက္ခပူရ ပြည်ဓညမှာ ရွှေငွေအသပြာ ရတနည်း ဗလာနတ္ထိ ရှဒတိတိလည်းဖြစ်လတ္တံ။
၃၆။ ရက္ခပူရ ပြည်ဓညမှာ မ၀၀မ်းစာ ဖြစ်လတ္တံ ။
၃၇။ မြို့သား လူနတ် လူသူမြတ် နတ်ရုပ်ထိုးခါ တက်လတ္တံ။
၃၈။ မယားစားမယ် သားစားမယ် ချောင်းဇျားချေ မြိုင်ချေဝင်လို့ ထိုးလတ္တံ ။
၃၉။ အင်္ကျီမဟုတ် ကုလားခြုတ်ကို ၀တ်လတ္တံ ။
၄၀။ သင်္ဘောမဟုတ် ဘရဂုတ် စီးသူများလတ္တံ
၄၁။ အင်္ကျီလက်တို လူလဘောလည်း များလတ္တံ။
၄၂။ ယောင်္ကျားမပီ လူလဗွီးလည်း များ လတ္တံ။
၄၃။ မိန့်မ မတရား လင်ပျော်ထားလည်း များလတ္တံ ။
၄၄။ အပျိုကညာ ရတနာကို အသရေမလုံ ရူုပါရုံနှင့် သားမြတ်ပေါ်အောင် ၀တ်လတ္တံ ။
၄၅။ ထိုသည်မိန့်း်မ ဖွားသည့်သားက သူခိုးဓါးပြ ဖြစ်လတ္တံ။
၄၆။ မိန့်မ မတရား ကျင့်ဖေါက်ပြားလည်း စီးပွားကုန်သည် လုပ်လတ္တံ။
၄၇။ မိန့်မ မတရား ကျင့်ဖေါက်ပြားလည်း လောင်းတန်းကစား များလတ္တံ။
၄၈။ ထိုသည်မိန့်မ ဖွားသည့်သားက လူလိမ်လူညာဖြစ်လတ္တံ။
၄၉။တောင်ကအောက်ချင်း ပြားကိုဆင်း အောင်းချင်းပေါ်ရေးများလတ္တံ။
၅၀။ ကျေးဇူးမသိ လူဒိဋ္ဌိလည်းများလတ္တံ။
၅၁။ တရားပြကာ စီးပွားရှာ အေ၇ှာင်စားသူ များလတ္တံ။
၅၂။ အကကိုဆောင် သီိလကြောင်း အရှောင်းမုသားပြောလတ္တံ။
၅၃။ ခေါင်းတုန်းရိပ်သာ သင်္ကန်းဝါ ဦးပြည်ရဟန်းများလတ္တံ။
၅၄။ ကျောင်းထိုင်းသံဃာ သင်္ကန်းဝါ ဘဏ္ဍာစိုးသူ များလတ္တံ။
၅၅။ သိက္ခာမလုံ မလုံခြုံ ဆူကြုံနိမ့်မြင့် များလတ္တံ။
၅၆။ ပိဋကတ် သုံးဖုံး မလုံခြုံ ငြင်းခုန်ခိုက်ရန် ဖြစ်ရလတ္တံ။
၅၇။ စားပြီးအိပ်နေ ဘိက္ခဝေကျောင်းစရိုက်မရ ဒေါသထွက်လည်းများလတ္တံ။
၅၈။ ဘုန်းကြီးမတရား ညဆွမ်းစားလည်းများလတ္တံ။
၅၈။ ဘုန်းကြီးယောင်းယောင်း ကျောင်းတစ်ဆောင်နှင့် မင်းခေါင်း
ဆရာ ခံလတ္တံ။
၆၀။ အရဲ ရဟန်း တက္ကတွန်းလည်း ဝေးလတ္တံ။
၆၁။ ရက္ခပူရ ပြည်ဓညတွင် မြတ်ရှင်ဗုဒ္ဓ ကိုယ်အလှယ်လှည်း တောသာယာမှာ ထိုခါရောင်းဝါ ပြလတ္တံ။
၆၂။ နတ်မှုလာပြန် ကန်တော့သံကို ရခိုင်အမှန်ကြားလတ္တံ။
၆၃။ ဝေသာလီတောင်ရင်း တောအတွင်းက စောင့်ညှင်းတူရိယာ တွန်းလတ္တံ (တီး)လတ္တံ။
၆၄။ ရက္ခပူရ ပြည်ဓညမှာ သာသနာရောင်း တပြောင်းပြောင်းနှင့် နေလပမာ ထွန်းလတ္တံ။
၆၅။ ဥတ္တမဓုရ ပြည်ရက္ခတွင် အကျင့်ထူးဆန်း သီလပန်းနှင့် ရဟန်းကိုးပါး ပေးလတ္တံ။
၆၆။ သာသနာ ဒါယကာ အပေါင်းများစွာတို့ သဒ္ဓါရွှင်လန်း ဖြစ်လတ္တံ။
၆၇။ ရက္ခပူရ ပြည်ဓညမှာ ရွှေငွေများစွာ အသပြာနှင့် ဆန်ရီစပါးများလတ္တံ။
၆၈။ ရက္ခပြည်သူ တိုင်းဓညတွင် သာဝနာကမ္မဋ္ဌာန်း စီးဖြန်းသေသူ များလတ္တံ။
၆၉။ ရက္ခပြည်သူ ခမ်းသိမ်းသူတို့ မောတ္တာတရား များလတ္တံ ။
၇၀။ သီကြားဒေ၀ါ နတ်တကာတို့ များစွာကူညီ များလတ္တံ။
၇၁။ ငပြီမတုန် မြို့ကိုဖုံကာ တစ်တွေမြို့ကြီး ကိုးခါပျက်လတ္တံ။
၇၂။ မြစ်ဆိတ်ကမ်းပါး နေသူများလည်း ဒုက္ခဘေးကြီး များလတ္တံ။
၇၃။ ကုလားတန်မြစ်ကမ်းပါး ရွှာချင်းများကို အပိုင်ကုလားလိမ်လတ္တံ။
၇၄။ သာသနာရောင်ဝါ ထိုသောအခါ ဘူသီးတောင်မှာ မင်းခေါင်း
ကုလားစိုးလတ္တံ။
၇၅။ ဂစ္ဆပနဒီ မြစ်ကညာဆီက ရေမင်းတို့ခါ ပျောက်လတ္တံ။
၇၆။ မိုးကြိုးကမ်းမှာ မိုးကြိုးနဂါး ရောက်လတ္တံ ။
၇၇။ ရက္ခပူရ တိုင်းဌာနတွင် ရှေနောက် ပညာရှင်တို့ များလတ္တံ။
၇၈။ ပညာရှိရောက်ခါ တိုင်းပြည်ရွှာ သာယာဖွံ့ဖြိုးဖြစ်လတ္တံ။
၇၉။ ငြိမ်းချမ်းတိုင်းပြည် နှလုံးလည်း စစ်သည်များစွာ နာလတ္တံ။
၈၀။ စစ်သည်နာပြီး စည်တော်တီး ဘုန်းမီးနေရောင် တောက်လတ္တံ။
၈၁။ မောင်ဆွဲနတ်ကြီး တဟီးဟီး နတ်မောင်းထိုးခါ တီးလတ္တံ။
၈၂။ သြမရနတ်ကြီး စည်တော်တီး ပြည်ကြီးအောင်လံ ထူလတ္တံ။
၈၃။ နတ်မောင်တီခါ လူမိစ္ဆာတို့ မုချထိုခါ ပျက်လတ္တံ။
၈၄။ ဘောင်ဒွတ်နတ်ကြီး စည်တော်တီး ပြည်တီ ပြည်ပြီးသာယာ ဖြစ်လတ္တံ။
၈၅။ မျက်စိမျက်ဆန် ကုလားတန်က လှံဖျံထိုခါ ဝေးလတ္တံ။
၈၆။ တစ်ခါမယုံဆယ်ခါယုံ ငြင်းခုံထိုခါ ဖြစ်လတ္တံ။
၈၇။ ၀ိဇ္ဇာယောင်ယောင် သီလကြောင်းလည်းများလတ္တံ။
၈၈။ ဘုန်းတန်းကြီးကြီး အသီးသီးတို့ ပူးဆွေသောက များလတ္တံ။
၈၉။ ရက္ခပူရ ပြည်ဓညမှာ လိမ်ညာမတရား ထိုးသူများလည်း ဒုက္ခဘေးကြီး တွေ့လတ္တံ။
၉၀။ ရက္ခပူရ ပြည်ဓညတွင် ဂုဏ်ဖန်ကတောင် ဆိုင်လတ္တံ။
၉၁။ ဂုဏ်ဖန်ထွန်းခါ လးမိစ္ဆာတို့ ဘယာဘေးကြီး ဆိုက်လတ္တံ။
၉၂။ အရှေထွက်ညှက် အနောက်ပျက် မုချထိုခါ ဖြစ်လတ္တံ။
၉၃။ အလယ်တာရိုး ပြည်ရက္ခိုင်မှာ ရွှေထီးမိုးကေ ဂုဏ်တန်းခိုးလည်း တက်လတ္တံ။
၉၄။ ရွှေငွေအသပြာ ရတနာလည်း အိမ်တိုင်းရာရောက် ပေါ်လတ္တံ။
၉၅။ ဘုန်းရှိပေါ်ပေါက် ကုန်းမဲ့ပျောက်လည်း ဖြစ်လတ္တံ။
၉၆။ ရခိုင်တိုင်းပြည် ရှိတုန်ကလေ့ လူတွေအထွဋ္ဋ် အမြတ်မဟာကို ထိုခါသရုပ်ပင့်လတ္တံ။
၉၇။ မာရုပ်ပင်လိုက် သက္ကရာဇ် တွေ့လိုက်သင်္ချာ တြိနာ မိန်ရာသိစက် ပြချက်ဝါးဟာ လေသာသင်္ဘော မောင်းနှင်မျှော၍ သွင်းခါအင်းပေါက်ဝမှာ ၀င်လတ္တံ။
၉၈။ တစ်ရုပ်ကုန်လစ် အချိန်ခါ ရက္ခဘုရင် စကြာမင်းကို မေန္ဒြိကိုဟူသော သ္မီးကညာတစ်ပါးဆက်လတ္တံ။
၉၉။ ဤသည်ကား ရခိုင်ပညာရှိ ငအိထက် ငလက်ရုံးတို့ လျှောက်တင်
ခဲ့သော ကျောက်ရိုးရာဇ၀င် မြောက်ဦးမြို့ နတ်သ္မီးသစ် ဖြစ်ပါသည် မန္တလေးမြို့ ရောက် မဟာမြတ်မုနိဘုရားကို ပင့်ဆောင် စစ်တွေ့မြို့
အင်းပေါက်ဝမှ ၀င်ပြီးလျှင် သီရိချောင်း သိမ်တော်ရင်းတို့ ပို့ပေးပါ
လိမ့်မည် အာဂဘုရားသုံးဆူးဖြစ်ပါသည်။
မှတ်ချက်//
ဤကိုးဆယ့်ကိုးလတ္တံကို ကိုတော်ချေသည် သူငယ်ချင်းတပါး
ပါးက တစ်ဆင့် ယင်းသူငယ်ချင်းကလည်း သူ့၏သူငယ်ချင်းပါးက
တစ်ဆင့် ကူးယူရွီးသားထားစွာဖြစ်ရေအတွက်နန့် စာရွီးရာ၌ အမှတ်
မထင့် စာလုံးပေါင်းတိ ကျကျန်နိန်ပါကေလေ့ ပြန်ပနာ ပြည့်စွက်ပြီး
ဖတ်ပီးကြပါ။
.
17.1.10 | Posted in ကျွန်တော့်မှတ်စု, ပင်မစာမျက်နှာ, ရခိုင်အမွီအနှစ်များ | Read More »
ရခိုင်အောင်လံတော်
ရခိုင် ထီးရိုးနန်းနေမင်းအပေါင်းတို့၏ ရွှေနန်းဥက္ကသံနန်မဆောင်ဦး၌ အမြဲစိုက်ထူအပ်သောအောင်းလံတော်ကြိး၏အကြောင်းအခြင်းရာဟူသမျှတို့ကို အခါအခွင့်နှင့် ကြုံကြိုက်စွာ ပုရာဏ်ကျမ်း၊ရာဇသေနင်္ဂဗျူဟာကျမ်း၊ ဗျူဟာ စက္ကိကျမ်း၊ဗျူဟာစစ်ချီကျမ်းတို့မှ ဗဟုသုတဖြစ်စေခြင်းငှာ အနည်းငယ်ဖောာ်ပြပါအံ့။
၁။အောင်းလံတော်၏အတိုင်းအတာကား အလျား ၉ တောင် အနံ ၆ တောင်တိတိရှိသည်။
ထိုထက်ငယ်စေလိုလျှင် အတိုင်းအတာပြု၍ သုံးခဲ့သည်။.
၂။ အရောင်အဆင်မှာ အနီနှင့်အဖြူ စပ်၍ပြုကြပါသည်။အဖြူုရောင်ကိုအထက်ပိုင်းတွင်ထား၍ အနီရောင်ကို အောက်ပိုင်း၌ထားပါသည်။
၃။ အမှတ်အသားမှာ အထက်အောင်လံတော်၏ ထောင့်စွန်းအဖြူရောင်ပေါ်တွင်သိန္ဓ၀မြင်းပျံရုပ်တစ်ခု၊ ၄င်းအဖြူရောင် ကျန်တဖက်နားပေါ်တွင် နာ၈ဆဒ္ဒန်ရုပ်တစ်ခုပါရှိသည်။တစ်ဖက်စွန်တွင်မှု ပဉ္စရှုပံရုပ်တစ်ခုပါသေးသည်။ကျောဖက်တွင် မိမိတို့ပိုင်ဆိုင်သော နယ်နမိတ်ကို တိုင်းပြည်နိုင်ငံကို ဖော်ပြသည်။နယ်နမိတ် တို့မှာလည်း မင်းတစ်ပါးနှင့် တစ်ပါးမတူဘဲ တန်းခိုးရှိလျှင်ရှိသည့်အလျှောက် အကျဉ်း အကျယ်ကိုလိုက်၍ပြုလုပ်ရသည်။နယ်နမိတ်၏ အတိုင်အတာ အကွာအဝေးကို တစ်ရာ့ရှစ်ပါဒရှိသော ရခိုင်အောင်လံတော် ရတုတွင်လည်းကောင်း၊ သာစွလေချီလင်္ကာတွင်လည်းကောင်း ရခိုင်ရာဇ၀င်တွက်လည်းကောင်းတွေ့နိုင်သည်။
၎။ အောင်လံတော်၏ အရိုးမှာ ၀ါး ( သို့မဟုတ် ပြ၀ါခေါ်သစ်တစ်မျိုးဖြစ်သည်။အမြင့်မှာ ၂၇ တောင်ဖြစ်၍သတ္တပီသကျယ်ပြုလုပ်ရသည်။ ၀ါးမှာ ကြသောင်းဝါးကိုသုံးသည်။
၅။ အောင်လံတော်စိုက်ထူရာဋ္ဌာနမှ ရွှေနန်းမဆောင်တော်ကြိး၏အရှေ့ဘက် န၀ရတ်ကိုးသွယ်စီခြယ်သောမှန်စဲမျှော်ဆောင်တော်ဦး၏ထိပ်ထက် ထီးမစိုက်ခုံတွင် တင်၍လွှင့်ထူရသည်။
၆။ အောင်လံတော်ကို အချိန်ကာလအကန့်မရှိ လွှင့်ထူစိုက်ဆောက်သည့်နေ့မှစ၍ စုတ်ပြဲဟောင်းနွမ်းသည့်တိုင်အောင် နုတ်မချွတ်စကောင်း မချစကောင်း အမြဲပင်ထားရသည်။
၇။ အောင်လံတော်၏အဓိပမှာ ရက္ခိုင်၊ရက္ခိတဟူသောပုဒ်ဖြင့်စောင့်ရှောက်ခြင်းအနက်ကြောင်းလည်းကောင်း၊ ဖြူစင်သောသီလ၊ မြင့်မြတ်သောမျိုးရိုးဖြစ်ခြင်းကြောင့်လည်းကောင်း၊ ဝေသီယမျိုး၊ ဒုဒ္ဒိယမျိုးတို့ထွန်းကားပေါ်ပေါက်ရာဖြစ်သောမျိုးရိုးဖြစ်၍လည်းကောင်း၊ ရခိုင်တို့ ကျင့်သုံးတရားထုံးဆိုစသည့်စကားအရ မျိုးရိုးကိုသီလဖြူစင်စွာစောင့်ရှောက်ခဲ့ခြင်းကြောင့် အဖြူရောင်ကိုပေါ်ကတင်ရသည်။အနီရောင်မှာ အသမ္ဘိန္န၊ ခတ္တိယ၀ံသ၊ သကျသာဂီယ၊ ဗြဟ္မာနွယ်မျိုးရိုးတိုမှ ဆင်းသက်လာသောအနွယ်တော်ဖြစ်၍ ဖောက်ပြန်တတ်သောသွေးမရှိ၊ပကတိနီမြန်းသောသွေးအဆင်းသာရှိသောကြောင့် အနီရောင်ကို တပ်ဆင်ရသည်။ သိန္ဓောမြင်းတို့မည်သည်မှာ ကွေ့ကောက်၍သွားခြင်းမရှိ၊တည့်မတ်ဖြောင့်စင်း၍ လားတတ်သောသဘောကြောင့်လည်းကောင်း၊ ဆဒ္ဒန်မျိုးမည်သည် ဖြုသောအဆင်းမှတစ်ပါး ဆင်မဲကို မွေးဖွားရိုးမရှိ၊ ဖြူရာမှ မည်းလာသည်ဟူ၍လည်းမရှိ၊ မကတိသောအဆင်းကို အခါခပ်သိမ်း မစွန့်သောကြောင့်လည်းကောင်း ကေသရာဇာခြင်္သေ့တိုမည်သည်မှာ တောသုံးတောင်ကို ထီမထင်သကဲ့သို့လည်းကောင်း ဖြူနီရောင်နှစ်ခုတို့ဖြင့် ပေါင်းငါးခုသော ရူပရုပ်တို့ကိုဆောင်သော ပဉ္စရူပရိုပ်ကို တပ်ဆင်ရသည်။
မှတ်ချက်///
ရခိုင်တန်းဆောင်ဆောင်းပါး ဦးဦးသာထွန်းစာအုပ်က ကူးယူထားခြင်းဖြစ်ပါရေ….
16.1.10 | Posted in ကျွန်တော့်မှတ်စု, ပင်မစာမျက်နှာ, ရခိုင်အမွီအနှစ်များ | Read More »
ရခိုင်အောင်လံတော်၏အဓိပ္ပါယ် ဖွင့်ဆိုချက်(အကျယ်တဝန်း)
အောင်လံအတိုင်းအတာမှာ ခေတ်အဆက်ဆက်က အသုံးပြုလာရေအောင်လံ၊ ကောင်းရှည်ရေအတွက်နန့် အဂုခေတ်ကိုက်ညီအောင် အသုံးပြုနိုင်ဖို့ အတွက် မူလအတိုင်းအတာကိုမှီပြီး အချိုးအစားအလိုက် ပြုပြင်လိုက်ခြင်းဖြစ်သည်။ မူလအတိုင်းအတာ အချိုးအစားမှာ အလျားကိုးတောင် အနံခြောက်တောင် ဖြစ်ပါသည်။
အောင်လံ၏ အရောင်အဆင်းကို မူလရောင်စုံအတိုင်း အတည်ပြုခကတ်ပါသည်။ မူလရောင်စဉ် အဆင်းမှာ ဖြူရောင်ထက်ဝက်နန့်အနီရောင်ထက်ဝက်ဖြစ်သည်။ အထက်ပိုင်းထက်ဝက်မှာ အဖြူရောင်ဖြစ်ပြီး အောက်ပိုင်းထက်ဝက်မှာ အနီရောင်ဖြစ်ပါသည်။.
အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ အထက်ပိုင်းအဖြူရောင်သည် ရခိုင်အမျိုးသားရို့၏ ဖြူစင်ရေးစိတ်ဓါတ်ဟိခြင်း ၊ အမျိုးသီလနှစ်ဌာနကို စောင့်ထိန်းခြင်း ၊ ဖြူစင်ဖြောင့်မတ်ရေး စိတ်ရှိခြင်းနဲ့ဖြူစင်တည်ကြည်စောင့်ထိန်းအပ်ရေး ကိုယ်ကျင့်တရားရှိခြင်းများ ဖြစ်သည်။ အနီရောင်၏ သဘောမှာ ရဲရင့်တည်ကြည်ရေး သတ္တိနှင့် ခိုင်ခံ့တည်ကြည်ရေး ဇာတိသွီး ၊ ဇာတိမာန် ရှိခြင်းများကို ဖော်ဆောင်ပါသည်။
ရခိုင်လူမျိုးများ သုံးစွဲခသော ဝေသာလီခေတ် ရခိုင်ဒင်္ဂါး၏ ပန်းဖက်ပုံကို အခြေခံဖော်ပြထားသည်။ ဝေသာလီခေတ် ရခိုင်းဒင်္ဂါးကို သတ်မှတ်ဖော်ပြရခြင်းမှာ ရခိုင်လူမျိုးများ၏ ပေါ်လွင်ထင်ရှားရေး၊ အနုပညာဓနဥစ္စာကြွယ်ဝခြင်း နန့် ရှေးပဝေသဏီကပင် ယဉ်ကျေးမှုထွန်းကားခခြင်းကို ရည်ညွှန်းဖော်ထုတ်လို၍ ဖြစ်သည်။ ထိုဝေသာလီခေတ် ဒင်္ဂါးကို သဇင်ပန်းခွီ နှစ်ခက်ဖြင့် ခြံရံထားပါသည်။
ရခိုင်ပြည်တွင် သဇင်ပန်းရေ လူမျိုး၏ အဓိက မြင့်မြတ်ဖြူစင်သော ပန်းမျိုးဖြစ် ပါသည်။ ထိုပန်းကို အမှီပြု၍ အမြင့်အမြတ်စကားလုံး တိုကိုသုံးစွဲရာမှာ သဇင်ပန်းကို ဥပမာပြုပြီး တင်စားသုံးစွဲထားပါသည်။ သဇင်ပန်းကို ရခိုင်ရို့က (သန့် စင်)ပန်းလို့ ခေါ်ကြပါသည်။ သန့်သျှင်းမှု၊ ဖြူစင်မှု။ သန့်သျှင်းဖြူစင် တင်မက ပွင့်ဖတ်အလယ်မှာ ဝါဝင်းပြီးကေ ရွှီရောင်ဟိသော ဝတ်ဆံနှစ်ဆံလည်း ပါဟိသည် ။ မွှီးကြိုင်ပြီး မြင့်မြတ်သော သစ်ပင်ကြီးများ၏ အထက်၌ရာ ပေါက်ရောက်တတ်သည်။ ဖြူစင်သော သီလရောင် ဝါဝင်းသော ဝတ်ဆံအရောင်များသည် ဗုဒ္ဒ၏ သင်္ကန်းရောင်ကို ဆောင်သည်။ ထို့ကြောင့် အမြတ်ဆုံးပန်းဟု တင်စားသမုတ်ဂတ်ပါသည်။ ယင်းကို အစွဲပြု၍ ဘုရားပေါင်းချုပ်၏ သင်္ကေတ အခေါ်အဝေါ် ကဗျာတွင် (သဇင်ပန်းခိုင် တမြိုင်မြိုင် ၊ ရခိုင်ဘုရားပေါင်း) ဟူ၍ ဖွဲ့ဆိုထားသည်။ သဇင်ပန်းတစ်ခက်၏ တစ်ဘက်စီတွင် ပါရှိသော (၈)ပွင်နဲ့ ထိပ်ပေါ်ကတစ်ပွင့် ပေါင်းလျှင် (၉)ပွင့်ဖြစ်သည်။ ကျန်တဘက်တွင်လည်း (၈)ပွင့်နှင့် ထိပ်ပေါ်က တစ်ပွင့်ပေါင်းလျှင် (၉)ပွင့်ဖြစ်သည်။ ထိပ်ပေါ်၌ ရှိသော အပွင့်သည် နှစ်ဘက်လုံးနှင့် ဆိုင်သည်။ ဘေးဥပါဒ်အန္တရာယ် ကင်းစီဖို့ ကိုးနဝင်းကြေသော လက္ခဏာကိုဖော်ပြထားပါသည်။ ဖော်ပြပါ သဇင်ပန်းခက် တစ်ခက်စီမှာ အပွင့်ငယ် လက်ဝဲမှ ( ၈ ) လင်္ကျာမှ ( ၈ ) ပွင့်ဆံရိုးတံကို မှီ၍ ဟိနီဂတ်ပါသည်။ ထိပ်မှ တစ်ပွင့်နှင့် ပေါင်းလိုက်လျှင် (၁၇)ပွင့်ဖြစ်၍ ရခိုင်ပြည်နယ် (၁၇) မြို့နယ်ကို ဖော်ဆောင်စွာဖြစ်ပါသည်။
ဗိန္ဒုပြောက်များ
ဝေသာလီဒင်္ဂါး၏ အပြင်ဘက်စက်ဝိုင်းတွင် ဖော်ပြထားသော ဗိန္ဒုပြောက်များမှာ ကနက္ကဒါန်ထီးဝိုင်း၏ ပုံသဏ္ဍာန်ဖြစ်သည်။ ဝေသာလီဒင်္ဂါးများတွင် ပါရှိသော ဗိန္ဒုများမှာ အရေအတွက်အားဖြင့် လုံးရေ(၂၀) ပါရှိသည့် ဒင်္ဂါးအမျိုးအစားဟိရေပိုင် လုံးရေ(၂၀) ပိုမိုပါဟိရေ ဒင်္ဂါးများလည်းဟိကြောင်းတွိ့ ဟိရသည်။ ယေကေလေ့ အဂုသတ်မှတ်ထားရေ ရခိုင်ပြည်တံဆိပ်ပါ ဗိန္ဒုပြောက်များ၏ အရေအတွက် လုံးရေ(၂၀)ဟု သတ်မှတ်ထားပါသည်။ ထိုသို့ သတ်မှတ်ရခြင်းမှာ တံဆိပ်အလှအပနှင့် ရှေးရခိုင်မင်းများ၏ အဓိက ကျင့်ဝတ်များဖြစ်သော မင်းကျင့်တရား ဆယ်ပါး ၊ နာယက ဂုဏ်ခြောက်ပါး ၊ သင်္ဂဟ တရား လေးပါး များကို ပေါ်လွင်စီဖို့ ရည်ညွှန်းထားခြင်းဖြစ်ပါသည်။
သီရိဝစ္ဆ
သီရိဝစ္ဆမှာ သဇင်ပန်းခွီအလယ်တွင် ရှိပါသည်။ ၎င်းသည် ဝေသာလီ စန္ဒြားမင်းရို့၏ ဒင်္ဂါးတွင် ခတ်နှိပ်သုံးစွဲခဲ့သော ပုံဖြစ်သည်။ ယင်းတံဆိပ်ကို ဒင်္ဂါးတွင်သာ မက ရာဇပလ္လင်၊ မုတ်တံကဲများ ၊ ဘုရားတန်ဆောင်း မုတ်တန်ကဲများ၊ တံခါး မုတ်စီများတွင် အမြဲသုံးစွဲထားဟိသည်။ သီရိဝစ္ဆမှာ ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံသည်ဟု အဓိပ္ပါယ်ရသည်။ သင်္ကတ အများကြီးပါဟိသီးသည်လို့သိဟိရ၏။
နီနန့်လ ရို့မှာ ပထမဆုံး ရခိုင်ဆိုရေနာမည်ကို ခံယူခြင်းမှ စ၍အုပ်ချုပ် ခရေမင်းရို့စွာနီလနာမည်ဟိရေ ဘွဲ့ ထူး ဂုဏ်ထူး နာမည်တိကို ခံယူခဂတ်ပါရေ။ သူရိယမင်းဆက် ၊ စန္ဒြားမင်းဆက် ဟူ၍ အုပ်ချုပ် ခပါရေ။ နီင်္နန့်လရို့သည် ကမ္ဘာ၏တန်ဆာများ ဖြစ်ကြသည့်အလျောက် အအီး နန့်အပူ ၊ အလင်း နန့် အမှောင် ၊ အကျိုး နန့် အပြစ် တိကို ထင်ရှားစေနိုင်ရေ သတ္တိဟိဂတ်ပါရေ။ နီမင်း နန့်တူသောအကျင့် ၊ လမင်း နန့်တူသောအကျင့်တိဟိဂတ်ပါရေ။ ယင်းနည်းတူ မင်းနန့်တကွ ပြည်သူများလည်း သစ္စာတရား တည်ကြရမည် ။ ယဉ်ကျေးမှုအနုပညာ ၊စီးပွါးရေး အခြီအနီန့့် အမျိုးသားများ လက္ခဏာကို ဖော်ညွှန်းထားပါရေ။ နီသည် ကမ္ဘာမြီပြင်ထက်မှာဟိလူသတ္တဝါတိကိုအလင်းရောင် ပီးသည် ။ လ သည်အီးမြကြည်လင်ရေ သာယာမှုတိကိုဒေသဌာနမရွီး ၊ ပုဂ္ဂိုလ်မရွီး မျှတသော အလင်းရောင် တိကိုပီးတတ်ပါသည် ။ လူသား သတ္တဝါ တိအပေါ်မှာ အီးမြကြည်လင်သော သစ္စာတရား ဟိစွာကိုဖော်ညွှန်းထားခြင်း ဖြစ်သည်။
လက်ဝဲရစ်ခရုသင်းနှင့် လက်ယာရစ်ခရုသင်းတိုင်းပြည်ဂို အုပ်ချုပ်သော ဘုရင် တိဘိသတ်ခံရာ၌ လက်ဝဲ နန့် လက်ယာ ခရုသင်းရို့ဖြင့် သစ္စာရီစင် ဖြန်းရပါသည် ။ ရီစင်ဖြန်းရာတွင် တိုင်းသူပြည်သား အပေါင်းတို့ အား သစ္စာ ၊ သီလ ၊ သမာဓိ တရား နဲ့ တရားသဖြင့် အုပ်ချုပ်အုပ်ထိန်းနိုင်ပါစီ ။ တိုင်းသူပြည်သား တိကလည်း သစ္စာ ၊ သီလ ၊ ဟိဂတ်ပါစီဟူသော သရုပ်ကိုဖော်ဆောင်ပါသည်။
စိန်တောင်
စိန်တောင်သည် အလယ်ဗဟိုတည့်တည့်တွင် မဏ္ဍိုင်အဖြစ် မားမားမတ်မတ် ဖြောင့်တန်းစွာ ရပ်တည်ထားပါသည် ။ ဖော်ပြခသောသစ္စာ ၊ ဓမ္မတရား ရို့သည် မင်းနန့်တကွ ပြည် သူရို့အားတည့်တည့်မတ်မတ် အုပ်ချုပ်ခြင်း ၊ ခံယူလိုက်နာခြင်း လက္ခဏာကို ဖော်ပြထားပါသည်။
စိန်တောင်အောက်ခံ
စိန်တောင်အောက်ခံမှာ လခြမ်းသဏ္ဍာန် ဖြစ်ပြီး စိန်တောင်အား မတိမ်းမစောင်းဖြောင့်မတ်တည်ရှိ နိုင်ရန် မယိမ်းမယိုင်စီခြင်းငှာ အောက်ခံပြုလုပ်ထားခြင်း သဘောကို သရုပ်ဆောင်ပါသည်။
ရွေးလုံး (၇)လုံး (ဗန္ဒု)
ရခိုင်ရို့သည် ကြတ္တိကာ နက္ခတ်နန့်ယှဉ်သည့် လူမျိုးများ ဖြစ်ကြသည်။ ကြတ္တိကာ နက္ခတ်သည် စပါးပင် ၊ မြီများ၏ လက္ခဏာကိုဆောင်သည် ( တချို့ကျမ်း၌ ကြယ်ခုနစ်ကောင် ဟုဆိုသည်။) ကြတ္တိကာ နက္ခတကို မှီး၍ ထွန်ယက်ခြင်း ၊ စိုက်ပျိုးခြင်း ၊ ရိတ်သိမ်းခြင်း တိကိုပြုလုပ်ကြသည်။ ရခိုင်ပြည်နယ်သည် ကြတ္တိကာ နက္ခတ် နန့်လျော်ညီစွာ စပါး စိုက်ပျိုးရေးကို အဓိကပြု၍ သက်မွေးဝမ်းကျောင်းဆောင်ရွက်ရသော ပြည်နယ်တစ်ခုဖြစ်သည်။ ထို့ကြောင့် ရခိုင်ပြည်နယ်၏ အသက်သွီးကြော ဖြစ်သော စီးပွားရေးနန့် စိုက်ပျိုးရေးလက္ခဏာ သဘောဆောင်ထားခြင်း ဖြစ်သည်။
ခြူပန်း
ခြူပန်းသည် အမြင့်မြတ်ဆုံးသော ပန်းတစ်မျိုးတွင် ပါဝင်သည် ။ ခြူပန်းမှာ အပင်မှ ပွင့်သော ပန်းမဟုတ်ပါ ခြူကောင် ဟူသော သတ္တဝါတမျိုး၏ ခန္ဓာကိုယ်မှ ပေါက်ရောက်နိုင်သော အမွှီးအမျှင်ရို့၏ ပုံသဏ္ဍန်တွင် အခွီခွီ အလိပ်လိပ် ဖြစ်ဖော်နီခြင်းကို သရုပ်ဖော်၍ ပန်းချီ ပန်းပု ဆရာ ရို့သည် ဘုရား ၊ စေတီ ၊ အဆောက်အဦး ၊ ပလ္လင် ၊ မုတ်တံကဲများ ၊ ထီးဆောင် နန်းဆောင် စသော အဆောက်အဦးရို့တွင် ၊ ပန်းခက် ၊ ပန်းခွေ ၊ ပန်းလိပ် ၊ ပန်းနွယ်များ ထုလုပ်ရာတွင် သရုပ်ဖော်၍ ထုလုပ်ဂတ်ပါသည် ။ ပန်းခက်ရို့၏ အလယ်တွင်ခြူကောင်များ ထုလုပ်ထားခြင်းကြောင်း ခြူပန်းဟူ၍ ခေါ်ပါသည် ။ ခြူကောင်ရို့သည် လူအပေါင်းရို့၏ ပစ္စည်းဥစ္စာကို လည်းကောင်း ၊ အသီးအနှံ တိကို လည်းကောင်း လုံးဝဖျက်ဆီးခြင်း မဟိပါ ။ သူရို့၏ လားရာတွင် အမွှီးအမျှင်များ တစ်ခုနှင့်တစ်ခုထိခိုက်၍ ဆွဲလွဲမြည်သံပိုင် တခြွင်ခြွင်မြည်ပါရေ။ ယင်းကြောင်း ဆွဲလွဲငယ်များဂို ခြူးငယ်ဟု ခေါ်ပါရေ။ မင်္ဂလာ ဟိသော ၊ တီးသံသာသော အသံတိကိုသရုပ်ဆောင်ထားပါရေ။ ၎င်းရို့သည် ကာမ ဆန္ဒ တရား၌ တသက်လျှင် တကြိမ်သာ မှီဝဲခြင်း ဟိပါရေ ။ သူတပါး အမျိုးအနွယ်ကိုလည်း ဖျက်ဆီးခြင်း မရှိပါ ။ အဗြဟ္မ စရိယာ သိက္ခာ ပုဒ်ဂို စောင့်ထိန်းခြင်း ၊ တိုင်းသူပြည်သား ရို့သည်လည်း မုဒိန်း တန္တ မကျူးလွန်ကြ စေရန်သရုပ်ဆောင်ထားခြင်း ဖြစ်ပါတယ်။ ဤသီရိဝစ္ဆ တစ်ခုလုံး၏ သဘောတရားမှာ သစ္စာ ဓမ္မ ရှိခြင်း ၊ လယ်ယာစိုက်ပျိုးရေး၌ စပါးသီးနှံတိုး ပွါးများစေခြင်း၊ အလင်းနန့်အမှောင် ၊ အကျိုးနန့်အပြစ် တရားတိကိုဆင်ခြင်နိုင်စီခြင်း ၊ မိမိရို့၏ ရိုးရာ ဓလေ့ထုံးစံ တိကိုစောင့်ထိန်းနိုင်ခြင်း ၊ ခေတ်နန့်လျော်ညီအောင် တစည်းတလုံးတည်း တည်မြဲနိုင်စီခြင်း ၊ ထွန်းသစ် ပေါများတိုးတက် စီနိုင်ရေသင်္ကေတ သဘောတိကိုသရုပ်ဖော်ဆောင် ထားခြင်းဖြစ်သည်။
မှတ်ချက်...အောက်သားစာနန့်ရွီးထားရေ...ဝ(ဘ်)ဆိုက်တခုကိုအတည်ထားပနာ
ရခိုင်ဘာယာသို့ပြန်ပီးလိုက်ခြင်းဖြစ်သည်။
စာရွှီးသူ
လန်းဆန်း
.
16.1.10 | Posted in ကျွန်တော့်မှတ်စု, ပင်မစာမျက်နှာ, ရခိုင်အမွီအနှစ်များ | Read More »

















