ဆုတောင်း

ရခိုင်ပြည်တစ်ခွင် ထွန်းလင်းနိုင်ဖို့
အာဏာအားကိုး မျိုးဖျက်လက်အောင်မှာ
ငါကွှန်ဘ၀ မဖြစ်စီချင်
ရခိုင်ပြည်တွက် အမှောင်ပီဖို့
အလင်းကိုဖောက် အမှောင်ရောက်အောင်
ဖြိုခွဲဖျက်စီ စစ်အာဏာလက်အောက်က
ငါလကွယ်ည မဖြစ်စီချင်
အခေါ်လဲလာ အနှင်ဘဲထွက်
ပရီယာရ်သုံး စပါးလံထူ
ငါသွီးကိုစုပ် ငါပြည်ဖျက်စီး
ငါသစ္စာဖောက် မဖြစ်စီချင်
မကြာလှရေ ဘ၀တစ်ကွေမှာ
ရခိုင်ပြည်တွက် အလင်းရဖို့
ငါလမင်းဘ၀ ပိုင်ဆိုင်ချင်ရေ.

23.12.09 | Posted in , , | Read More »

ရခိုင်သားတွက် ရခိုင်ပြည်

ရခိုင်ပြည်စွာ
ရခိုင်သား၏ နှလုံးသား
ရခိုင်သား၏ အသက်သွီးကြော
ရခိုင်သား၏ ဒေနိန်
ရခိုင်သား နက်ဖြန်
ရခိုင်ပြည်၏ သယံဇာတစွာ
ရခိုင်သား၏ ၀ိဥာဏ်
ရခိုင်သား၏ ရတနာ
ရခိုင်သား၏ အလှ
ရခိုင်သား၏ ဘဝ
ရခိုင်သား၏ ထာဝရ
ရခိုင်သားတိုင်းတွက်
အရာရာစွာ ရခိုင်ပြည်ပါ ။

23.12.09 | Posted in , , | Read More »

ရခိုင်ပြည်က စောင့်နိန်မေ

ရခိုင်ဆိုရေ အမည်နန့်
လောကကြီးကို စတင်ခြီလှမ်း
အားမာန်အပြည့်နန့် ရခိုင်ခြီလှမ်း
အတားအစီးကို ဖြစ်ကျော်လားဖို့
ဇာအရာကို သတိမမှု
မင်းပန်းတိုင်ကို မင်းရောက်ဖို့
ကြိုးစားယင့် ပျော်နိန်ကေလေ့
ဘ၀ခြီလှမ်းစ မင်းရခိုင်ပြည်က
မင်းကိုအမြဲတမ်း စောင့်နိန်ရေ။
ရခိုင်ပြည်၏ ပစ္စုပ္ပုန်မာ
အသွင်မတူရေ လူမျိုးခြားတိကြားက
ရုံးကန်ယင့် လှုပ်ချားယင့်
ငါရခိုင်ပြည် မလွတ်မြောက်နိန်သိကေလေ့
မင်းနိန်ရာကို ဇာသူ့ကိုမှ
လက်မြောက်အရုံး ငါမပီးနိုင်။
ရခိုင်ပြည်၏ အနာဂါတ်မှာ
အသွင်မတူ အိမ်သူမဖြစ်တေ
လက်ဝါးကြီးအုပ်စိုး ထိုအာဏာမျိုးတွက်
ရခိုင်ပြည်က ဇာသူ့ကိုမှာ
မင်းနိန်ရာမှာ ငါအစားမထိုးနိုင်
မင်းဘ၀၏ အနာဂါတ်မှာ
မင်း၏မောတ္တာ မင်း၏သစ္စာကို
ရခိုင်ပြည်တွင်း ထွန်းလင်းတောင်ပစေဖို့
မင်းကိုအမြဲ စောင့်နိန်မေ။

23.12.09 | Posted in , , | Read More »

ရခိုင်မျိုးဆက်သစ်ပွားပီးပါ

မေတ္တာကို အရင်းခံ
စေတနာကို ရှိမှာထား
သစ္စာက အဖြေရှာ
မြေမှခြစ်ကုတ် ဆွဲယူဖို့တွက်
ငါလိုချင်စွာ ရိတ်ခါထုတ်မဟုတ်
လောဘက ဆွဲခွါ
မောဟက ယူလားကေလေ့
ငါ့ပြည်ငါ့ရွာ ငါ့နေရာငါ့လူမျိုး
တိုးတက် မြင့်မားဖို့
မင်းဆွဲအားပီး ခေါ်နိန်ကေလေ့
ငါလိုချင်စွာ ဥစ္စာထုပ်မဟုတ်
ရခိုင်ပြည် ရခိုင်လူမျိုး
စိတ်သစ်အားသစ် မေတ္တာသစ်နန့်
သုံးဆယ်တစ်ဘုံ ဇာပိုင်ပင်ကျယ်ကေလေ့
ငါ့သွီးငါ့သား ငါ့လူမျိုးနန့်
ခရီးဆက်ရဖို့စွာက ငါ
ငါ့ဘ၀ ငါ့ခန္ဓာ
ငါ့မေတ္တာ ငါ့အကြင်တနာကို
ငါ့ရင်ထဲမှာ ခိုဝင်ခံစားဖို့
ငါလိုအပ်နိန်စွာက ရွှေရခိုင်မျိုးဆက်သစ်ပါ။

23.12.09 | Posted in , , | Read More »

ရခိုင်အာဇာနည် မင်းသားကြီးရွှေဘန်းရတု

မင်းသားအမှန် ငါလျှင်ကြံက
နိုင်ငံရပ်စည် တိုင်းပြည်အတွက်
ကိုယ့်အသက်ကို ရက်ရက်စွန့်ခွာ
ကုလားရွှာ၌ ခန္ဒာရုပ်ဟောင်း
ဘ၀ပြောင်းခဲ့ ဖြစ်ကြောင်းသံသရာ
သတ္တ၀ါတို့ မှန်စွာမချွတ်
သူမသတ်လည်း မလွတ်တစ်ခါ
သေအံ့ရာတည်း
ကမ္ဘာမကြေ သူတိုတွေလည်း
အတည်မစိုး ငါမြေထိုးသော်
အရိုးတစ်ခါ တွန့်လိမ့်ရာ၏
နောင်လာနောင်လူ ရခိုင်သားတို့
အယူမပြောင်း ငါ့လမ်းကြောင်းကို
ကောင်းကောင်းလိုက်နာ တိုင်းဓညာကို
တစ်ခါမုချ ငါတို့ရအံ့
လုံးလရှေ့သန် လူလျှင်ကြံက
နိဗ္ဗာမချွတ် လက်ဝါးခတ်သည်
စွဲမှတ်ဤစာ သေတမ်းစာတည်း

23.12.09 | Posted in , , | Read More »

ဒိုးဝန်းကြီးအောင်ကျော်ရွှီရတု

နောင်သားနောင်လာ နောက်ထပ်ပါလည်း
ဆရာသုံးလက် ရှေ့ကတတ်၍
အသက်ခန္ဒာ သူတို့မှာကား
တစ်ခါတစ်ရံ အဖို့တန်၏
တစ်ခါတစ်ရံ ဆိုတုန်းပါလည်း
သူသာလာလျှက် ဖိနှိပ်စက်က
အသက်တိုခါ တိုးမရှာရှင့်
ဓမ္မလမ်းမှန် ကျင့်ကြောင်းကြံလျက်
တံစိုးကိုစား လိမ်လည်ထားသော်
နောက်သားတစ်ဖန် သည်းမခံနှင့်
နိုင်ငံတကာ ဟူရာ၌
ပညာနှင့်ဥာဏ် တာဝန်မပျက်
သစ္စာရွက်လျက် အသက်ကိုလှီး
သွေးချောင်းစီးမှ အပြီးကြံခိုင်
နိုင်ငံတိုင်းမြို့ အစိုးစိုးနှင့်
ကိုယ်မြို့ကိုယ်မြေ ကိုယ့်ဌာနကို
ရမည်မုချ ဤလောကလည်း အောက်ကျမခံချင်သောကြောင်း

23.12.09 | Posted in , , | Read More »

ထင်မြင်ချက်ပီးလာသူများ

ပို့စ်တင်စချေတိ