မြို့သူကြီးအောင်ကျော်စံရတု

ဥဒါန်းမကြေး ဖြစ်ရလီအောင်
တိုင်းပြည်ကိုကြံ အောင်ကျော်စံမှာ
ကြံကာဖွေနှောက် တစ်ကျိပ်ခြောက်တို့
ယွင်းဖောက်သစ္စာ သူတို့မှာကား
ဝမ်းစာစားကွက် တစ်ထက်တွက်ကို
တစ်သက်စာထင် ခွီးအမြင်ကြောင်း
တိုင်းခွင်သာစည် ငါတို့ပြည်လည်း
သူပြည့်ဖြစ်ရ ၀မ်းနည်းစွာတည်း
မိဘဆရာ ပေါရဏာတို့
ဝေါဟာထုံးဟောင်း လူဘူးဒေါင်းကို
မပေါင်းဖေါ်ရ ဆိုတုန်းပါလည်း
မေ့ကာသတိ ပေါင်းဖေါ်မိ၍
လက်ရှိဒုက္ခ ငါကြုံရ၏
ဘ၀တစ်ခောတ် လူဖြစ်ပြန်ကား
အသစ်ပင်ကြံစည်ချင်သည်
ဘယ်တွင်မမေ့ နိုင်သောကြောင်း။

23.12.09 | Posted in , , | Read More »

လာလတ်ပလင်

အဝီးရောက်တေ
သဇင်ချေ
ပြန်လာလတ်ဖို့
မမိန့်ကေဝေ
ရို့မမြီးက
မင်းကိုစောင့်ယင့်
လာလတ်ပလင့်
အယုံမိလို့
အရှုံးထိမှန်ရေ
ကျွန်ဘဝမှသည်
လွတ်လပ်ပြီး
ကိုယ်ဘိုင်ဘဝသစ်ဆီသို့
လက်တွိ့လျှောက်လန်းကတ်ပါဖို့။

23.12.09 | Posted in , , | Read More »

ပစ်မှတ်

ကိုင် ငါရို့ရခိုင်သား
ရခိုင်ပြည်၏ ဗဟိုတည့်တည့်ကို
ဇွဲလုံးလနန့် ဦးတည်
ညီညွန့်ရေးနန့် တည်ဆောက်
စွမ်းနိုင်သူက စည်းရုံး
အမှောင်ထိုးဖောက် အလင်းရအောင်
နောင်အနာဂါတ် ငါရိုပြည်
ရွှေရခိုင် မျိုးဆက်သစ်လွတ်မြောက်ရေးတွက်
မင်းလည်းအရောက်ပစ်
ငါလည်းအရောက်ပစ်မယ်
ဆုတ်ယုတ်ပျက်စီးနိန်ရေ ရခိုင်ပြည်မှာ
အာဏာအားကိုး နအဖကို
တည့်တည့်ကြည့်ပြီး အရောက်ပစ်ကတ်မေ.

23.12.09 | Posted in , , | Read More »

ရခိုင်သားတိ အဖြေပီးပါ

အိုးစကွဲလားရေပိုင်
ရခိုင်ပြိုကွဲနိန်ရေ
စစ်အာဏာတိကြားက
ရခိုင်တစ်မျိုးသားလုံးစွာ
ဖိစီးမှုနန့်
ရင်ဆိုင်နိန်ရရေ
ဂျောင်ချေတိမှာ
ပုန်းနိန်ရရေ
နိန်ရက်တိကလည်း
မရွီတွက်နိုင်ဗျာလ်
အားကိုးစရာမရှိ
စစ်အာဏာပီးရေ
ဒါဏ်ရာတိနန့်
မှောင်မိုက်နိန်ရေ
ရခိုင်ဘဝသစ်ကို
ဇာပိုင်တည်ဆောက်ကတ်ဖို့လဲ..

23.12.09 | Posted in , , | Read More »

အရှင်ဟောကြား မြတ်တရားကြောင်း

ရခိုင်ဗီဇ ရခိုင့်အကျင့်
ရင်ထဲဟိသမျှ မကွယ်ဝှက်ဘဲ
ပြည်မြန်မာကျိုး ဆောင်ရွက်သည်မှာ
ရိုးသားပွင့်လင်း ပြောတတ်သူဟု
နာမေကျော်လှ ဦးဥတ္တမ။

စစ်တွေနာဂရ ရူပရပ်မှာ
ခုနှစ် ၁၈၇၄ လဒီဇင်၁၄တွင်
အဖဦးမြ အမိအောင်ကျော်သူရို့က
မွီးဖွားသန့်ဇင် ခလေ၏။

သက်တော်၁၅ ကာလကတ္တားမှာ
ဆယ်တန်းပညာ သင့်ခွင့်ရ၍
သက်တော်၂၁ သက္ကရာဇ်မှာ
ပြန်လည်းတစ်ဖန် ပညာသန်ရန်
ကာလကတ္တာသို့ ပြန်ကြွသွား၏။

အိန္ဒိယအမျိုးသား ကောလိပ်ထဲမှာ
သက္က္လ္လဋ္ဋပါဠိ လင်္ဂါလီမာဂရီနန့်
ရှေ့ဟောင်းဟိန္ဒူ စာပီးများလည်း
စွမ်းစွမ်းတစ်မံ တတ်ကျွှမ်းခြင်းကြောင်း
တစ်ပြန်ကလကတ္တကား ယင်းတက္ကသိုလ်မှာ
ပါမောက်ခဖြစ် တာဝန်ယူလို့
ဒေသမြန်မာ ခွဲထွက်ရေးတွက်
ကွန်ဂရက်ပါတီ ထမ်းထောင်းခ၏။

၁၉၁၂ ခုနှစ် သက္ကရာဇ်မှာ
ဒုတိယတစ်ကြိမ် ဂျပန်ပြည်၌
တက္ကဋ္ဋဘာသာ ပါမောက္ခဖြစ်
တဖန်တာဝန် ထမ်းဆောင်လေ၏။

ဝံသာနုတရား စိတ်မှာထား၍
ပြည်မြန်မာတွက် အသက်စွန့်ရန်
သူရိယသတင်းစာ စာမျက်နှာထက်မှာ
သွီးမထွက်သော စစ်ပွဲကြီးတွက်
ကရက်ဒေါက်ခေါ် မင်းထွက်သွားဟု
ရဲရင်းပြတ်သား ရွီးသားခြင်းတွက်
မြန်မာတစ်ခွင် ပြည်သူရို့လည်း
ကျွန်မခံစိတ်ဓါတ် ပြန်နိုးထ၏။

၁၉၂၀ခုနှစ် မတ်သုံးအစ
ဟောကြားတရား လူ့ခွင့်ရေးကား
ငါ့ပြည်ငါ့ရွှာ ငါ့ရို့မြီကား
ငါ့သွီးငါ့သား ငါလူမျိုးများက
ကျွန်စိတ်တိရာ ပေါက်နိန်လို့်
မင်းရို့ကိုးကွယ် ငါ့သာသနာလည်း
ကျွန်သာသနာ ဖြစ်နိန်ဗျာလ်။

သြော် မြန်မာပြည်သားရို့
ဤကျွန်ဘာသာ ဤသာသနာမှာ
ကြံဆောင်လုံးလ ဆောင်ရွက်လားဖို့
ကျောင်းတွင်းငိုက်စိုက် အိပ်မနိန်ဘဲ
သံဃာ့သမ္မဂ္ဂီ စုံညီးစွာနန့်
ကျွန်မှာရုံးကန် တော်လှန်သင့်ဗျာလ်။

ငါ့တိုင်းပြည်သူ ငါ့ပြည်သားရို့
တိုင်းပြည်ကိုဖျက် လူမျိုးပြုန်းအောင်
စာပီကိုဖျက် လူမျိုးပျက်အောင်
အမှောင်ထုရောက် ပို့နိန်သူကို
ဤကားနယ်ချဲ့ မကောင်းဆိုပြီး
တဖန်ဒီမိုကရေစီ ပြန်လိုချင်ဟု
ပြောဆိုပိုင်ခွင့် ငါ့ရို့မှာရှိသည်
ဤကားလူ့အခွင့်ရေး ခေါ်ထိုက်ပေ၏။

တိုင်းရေးပြည်ရေး ငါ့ရို့ရေးတွက်
ဤကျွန်ဘဝမှ အမြန်လွတ်အောင်
ကိုယ့်ပြည်ကိုယ့်လူမျိုး အုပ်ချုပ်ရေးတွက်
အမှန်ဖေါ်ထုပ် အလင်းရောက်အောင်
ပြောဆိုပိုင်ခွင့် ငါ့ရို့မှာရှိသည်
ခေါင်းငုံမခံဂါတ်ပါကေ့ဟု
ကိုးမျိုးဘာသာ ရင်ဝယ်ပိုက်ကာ
မြန်ပြည်အနံ ကြွချီပနာ
စည်းရုံးရေးနန့် လူ့ခွင့်ရေးတွက်
ဟောကြားတရား လူ့ခွင့်ရေးကြောင်း
နယ်ချဲ့လက်အောင် ပြည်မြန်မာပျောက်အောင်
ကြိုးစားလုပ်ကြံ နယ်ချဲ့ရို့ကား
သုံးကြိမ်းတိုင်တိုင် ထောင်သို့ပို့လည်း
ထောင်ကိုမကြောက် ကြိုးမကြောက်ဘဲ
နယ်ချဲ့လာသူ ငါ့ရန်သူဟု
အာရှတစ်ခုလုံး လွတ်မြောက်ရေးတွက်
အသက်ပီစပ်ဝံ့ အိုအရှင်။

နာမေတွင်းလှ အရှင်ဦးဥတ္တမကား
အာရှိနီဝန်း ဘွဲ့ထူးကိုပင်
တင်ကာမြောက်စား ကိုင်ဆောင်သွား၏။

မြန်ပြည်တခွင် မြန်ပြည်သားလည်း
ကျွန်ဘဝမှ လွတ်မြောက်ရေးတွက်
ကိုယ်ပိုင်ခွင့်ရေး ရရှိစီရန်
မြန်ပြည်တစ်ခုလုံး ထိန်ထိန်ကြိုးကာ
ရုံးကန်လုပ်ချား တိုက်ပွဲဝင်၏။

ရ နှစ်ကြာ မြန်ပြည်မှာကား
နယ်ချဲ့အောက်ဏာ စစ်ဘီလူးအောက်က
ကိုယ်ပိုင်တည်ဆောက် လူ့အခွင့်ရေးနန့်
စင်စစ်အမှန် လွတ်မြောက်ပါ၏။

သြော်အရှင်
တဖန်နအဖ အစိုးရက
စပါးဆန်ရီ ပေါကွယ်ဝသည့်
စိမ်းလန်းစိုပြည် ရက္ခပြည်ကို
အာဏာလက်အောက် ကျဆုံးလီအောင်
စစ်အာဏာတစ်ဖန် သိမ်းလိုက်ပြန်၏
တောတောင်ဂန သဘာဝလည်း
ခုတ်ကာတူးကာ ပြုသည်တွက်ကြောင်း
ပြုန်းကာအငုတ် ကျန်နိန်ဗျာလ်။

အရှင်ပြည်တွင်းနီ အရှင့်ရခိုင်လည်း
မီတိုင်ကိုင်ပြီး ချီတက်သောကြောင်း
တုံးဂါအညွန့် ပြန်မထနိုင်
ကျွန်ဘဝတစ်ဖန် ရောက်နိန်ဗျာလ်။

သြော်အရှင်
ပြည်ရခိုင်ကိုးစား တပည့်တော်ကား
ပြည်ကြီးရခိုင် တိုင်းဓညကို
ပြန်လည်ပနာ ဟှင်သန်လာရေးတွက်
ပြည်ရခိုင်အလံ ထူထောင်နိုင်ရန်
အရှင့်ကိုတစ်ဖန် ပြည်လို့ချင်သည်
ဤကားပြည်ရခိုင်သား အလွမ်းတည်း။

ထာဝရသီရိ
ပေါက်တောရွှီမြီ

23.12.09 | Posted in , , | Read More »

အမှန်တရားတွက်

အိုရခိုင်သားရို့
ထမင်းတလုပ် စားရရေးတွက်
ပြည်ကိုခိုးဝင် ပြည်ပျက်လူကို
ဘင်္ဂလီစွာ ရိုဟန်ဂျာလို့
တစ်ဖြုတ်စားကွက် နိုင်ငံခြားငွေတွက်
အမှန်တရားကို ထမင်းတစ်လုပ်နန့်
ရခိုင်လူမျိုးကို လှည်းစားနိန်စွာ
ရင်နာမိရေ အိုကစ္ဆပ
ရခိုင်နိုင်ငံရေးတစ်ချိုးကလည်း
ဘဝရပ်တည်ရေးတည်ရေးတွက်
စားနိန်ကျ လမ်းကြောင်းကို
ပျက်လားဖို့ ကြောက်လို့
အသက်သွီးကို ရင်းပြီးကေ
ရခိုင်ပြည်တွက် ပီးဆပ်ပြီး
တက်ညီလက်ညီ လုပ်ကိုင်နိန်ရေ
ရခိုင်နိုင်ငံရေးသ္မားတိကို
ရခိုင်မျိုးဖျက်တိက
အာဏာရှင် စနစ်နန့်
ရိုင်းပြနှင်ထုပ်စွာ
ဒေဟှင်လား ရခိုင်နိုင်ငံရေးသ္မား
အမှန်တရားကို ဆုပ်ကိုင်ထားဖို့
တယောက်တည်း မှန်နိန်ကေလေ့
ရခိုင်ပြည် ရခိုင်သမိုင်းတိစွာ
ဗမာလက်အောက်ကို ပြန်ရောက်ဖို့နန့်ရာ
အိုရခိုင်သားရို့
ကမ္ဘာမြီးကြီးလည်း
ရခိုင်လူမျိုးက ရခိုင်ပြည်ကိုရအောင်
ရပ်ဆိုင်ဖို့တွက် မမျော်လင်းကေ့
သမိုင်စကို ဖေါ်ထုပ်ဖို့
မျိုးဆက်သစ်လူငယ်တိနန့်
ရခိုင်ပြည်ကို ပြည်လည်စီကုန်ဖို့
လာလတ်ကတ်ပိဝေ
ရခိုင်သားရို့

23.12.09 | Posted in , , | Read More »

ထင်မြင်ချက်ပီးလာသူများ

ပို့စ်တင်စချေတိ