TuneUp Utilities Program


 မှတ်မှတ်ရ တပျင်းအသုံးဝင်ရေ TuneUp Utilities ကို တင်ပီးလိုက်ပါယင့်..။ ဇာပိုင်သုံးဖို့လဲဆိုစွာကိုတောခါ မရှင်းပါပြပါဗျာလ်..။
TuneUp Utilities can make your Windows operating system faster, more comfortable and more secure with just a few mouse clicks. And all operations performed on the operating system are completely safe, because all changes are monitored by TuneUp Rescue Center and can be undone at any time. All TuneUp Utilities modules can be accessed through a common interface that is divided into six categories.

The software helps both beginners and experts to make Windows meet their needs in a way that is better, easier and safer. All important system options are explained in an easy way and can be turned on or off at the click of your mouse. TuneUp Utilities will then make the necessary changes in the registry or boot files automatically. We place a high value on system stability, so that Windows won't stop working reliably. And most changes that you make can be undone in TuneUp Rescue Center - easily and safely.

TuneUp Utilities automatically runs important maintenance tasks for you, makes you aware of any problems and offers simple solutions. This ensures performance is always at its best. A slow and untidy computer is now a thing of the past for you. You can also use TuneUp Utilities to customize the appearance of your Windows system - to make working on your computer more enjoyable.

Additional functions
TuneUp Utilities offers you transparency and safety and keeps you up to date. Stay informed with the System information and Optimization Report, undo changes made accidentally, or check for available updates. From fast and safe editing of the registry to deleting data — even computer experts will find applications to meet their needs.You can find all the features that provide you with an overview of your PC and more security in this area.
• Display TuneUp Optimization Report
• Undo changes
• Check for updates
• Show system information
• Permanently erase data
• Editing the registry

Homepage - http://www.tune-up.com

ဒီပုံကတော computer ပွင့်လာတာနဲ့ Windown ကိုယ်စား ပေါ်လာမယ့်ပုံပါ။


ဒေပုံကတော Destop ကို ဇာလောက်တိ ထားဖို့လို့ ဆိုစွာကို ကိုယ်ကြိုက်တေပိုင် ပြင်ဆင်လို့ရပါရေ။ 

ဒေပုံကတော  Program တခုတည်းမှာ ပါဝင်လာရေ Software ချေတိကို သိအောင်ပြထားစွာ။ ဒေ Program တစ်ခုမှာ Software အခု၂၀ ကျော်တောင်ပါလာရေ။ ဒေဟင့်တိကို သုံးဖို့ဆိုကေ တောင်တော်များများ Computer ကို သန့်ရှင်းလို့ရရေ တခြား Software တိကိုတောင် မလိုအောင် ကောင်းပါရေ..။

 

26.10.11 | Posted in , , | Read More »

winamp Program မှာ ပုံအလှပချေတိ ထည့်ဂါတ်မေ

ဒေနိန့် ကျနော် Software တစ်ခုကို မျှဝီးပီးချင်ပါရေ..လူတိုင်းကတော သိဖို့ထင်ပါရေ…
ပုံကတော ကျနော်သူငယ်ချင်းအေးမ တစ်ယောက်ပုံကို လုပ်ထားစွာပါ..။ ဒေပိုင်လုပ်ပုံကတော  လွယ်ပါရေ။..အယင်းဆုံး ဒေ Program မှာ Computer မှာ Run လိုက်ပါ...။
ကျနော်လုပ်ထားရေပုံအတိုင် စလုပ်ဂါတ်မေ..။
Software ကို ဖွင့်လိုက်စွာနန့် ဒီပိုင်ပေါ်လာပါလိမ်မေ…..ပုံထည့်ဖို့အတွက်ဆိုကေ Load ကို နှိပ်လိုက်ပါ…
Software ကို ဖွင့်လိုက်စွာနန့် ဒေပိုင်ပေါ်လာပါရေ…..ပုံထည့်မယ်ဆိုရင် Load ကို နှိပ်လိုက်ပါ…

ဒေမှာ ကိုလိုချင်တဲ့ပုံကို လိုက်ရှာပြီး Open ပီးလိုပ်ပါ…
စာတိရွီးဖို့ဆိုကေ Click ကြည့်လိုက်ပါ..။ .ယင်းချင့်ကတော လွယ်ပါရေ..စမ်းကြည့်ရင် သိလာဖို့စွာပါ..
Open လို့ နှိပ်လို့ပြီးစွာန့် ဒေပိုင်ပုံစံ ပေါ်လာပါရေ..။
ပြီးစွာနန့် Make Skin ကို နှိပ်လိုက်ပါ..
Make Skin ကို နှိပ်လိုက်ပြီးစွာနန့် Player Style ပေါ်လာပါဗျာလ်….အရောင်တိကို ကိုယ်လိုချင်သလိုသာ ပြောင်းလိုက်ပါ.. ။…Destop မှာ Save လုပ်ထားလိုက်ပါ...
ကိုယ်လုပ်ထားရေ player ဖိုင်းနာမေကို Click နှစ်ချက်နှိပ်ပြီး ဖွင့်လိုက်ကေ ရပါဗျာလ်..။ 
ပြီးကေ  Ok နန့် No ဆိုပြီးကေ ပေါ်လာပါရေ..။Ok လို့ နှိပ်လိုက်ပါ..။
နော်ဆုံး .... player ပုံတိ ပေါ်လာပါလိမ်မေ..။

မသိရေလူတိကတော ဆရာကြီးထင်နိန်ဖို့သိ...။ လူတိအထင်ကြီးအောင် စမ်းကြည့်လိုက်ပါ..။ အားလုံးကို ကျေးဇူးတင်ပါရေ...။ 


ပရိုကရမ်ကို ဒေမှာက ဒေါင်းလိုက်ပါဖိ
 


မြတ်ခိုင်.......။

25.10.11 | Posted in , , | Read More »

Oxford Collocations Dictionary 2nd Edition 2009

Come again to share "Oxford Collocations Dictionary 2nd Edition 2009". This dictionary is also able to be downloaded on rarbg site usign the Torrent Download. I give detail how to download HERE. But  fortunately to install this dictionary, no need DAEMON Tools to like installing the Cambridge Advanced Learner’s Dictionary.


Description: 

Which words usually go together? This dictionary shows you the common word combinations (collocations) that are essential for natural-sounding British and American English. Completely revised and extended, the new edition has over 250,000 collocations and over 75,000 examples.

New for this edition:

    • Based on the Oxford English Corpus, a 2-billion word corpus that provides authoritative information on the most typical collocations.

    • Collocations only found in British or American English are clearly labelled.

    • Examples, using British and American English, show how collocations work in context.

    • Headwords printed in blue help you find the right word faster.

    • CD-ROM with the complete dictionary, a searchable index that makes it easy to find the collocation you are looking for, and practice exercises.

    • CD-ROM has pop-up definitions of every word included in the dictionary, with spoken pronunciation of British and American English.


Also included:

    • Collocations grouped according to part of speech and meaning.

    • Usage notes show collocations shared by sets of words such as languages and seasons.

    • 16-page Study section.





25.10.11 | Posted in , , | Read More »

Adobe Indesign CS3 လိုချင်သူများ



Adobe Indesign CS3 ကို တင်ပီးလိုက်ပါယင့်.။ လိုရေနီရာမှာ သုံဂါတ်ပါ..။ Adobe Indesign CS2 ကိုလေ့ ပြန်တင်ပီးဖို့ ကြိုးစားနီပါရေ..။ ဒေချင့်ကို အသုံးပြုရေ စာအုပ်ကိုလေ့ တင်ပီးပါမေ..။










25.10.11 | Posted in , , | Read More »

ကိုလိုနီစနစ် ဖျက်သိမ်းရေးနန့် အမျိုးသားရေးတာဝန်

အမေရိကန်ရောက် ရခိုင်အမျိုးသားများရေ (၁.၁.၁၁)နိန့်မှာ (၂၂၆)နှစ်မြောက် ရခိုင်ပြည်အချုပ် အခြာအာဏာ  ကျဆုံးနိန့် အထိမ်းအမှတ် အဖြစ် နယူးယေယာက်မြို့ ကုလသမဂ္ဂ  UN ရုံးရှေ့၌ ဗမာကိုလိုနီစနစ်သတ်မှတ်ပီးရန် တောင်းဆိုဆန္ဒပြကြောင်း 2011 January လထုတ် Arakan Post Journal မှတဆင့် သိရရေ။ ၀မ်းမြောက်စရာ သတင်းကောင်းပါ။ အမျိုးသားရေး တာဝန်ကြေပွန်သူများအဖြစ် ချီးကျူးပါရေ။ အကြောင်းမှာ မိမိတိုင်းပြည်၊ မိမိလူမျိုးအား အခွင့်အရေးအတွက် တောင်းဆိုမှုနှင့် လုပ်ဆောင်မှုတိုင်းမှာ အမျိုးသားရေး တာဝန်ဖြစ်ခြင်းကြောင်း ဖြစ်တေ။ အမျိုးသားရေးဟူသည်မှာ
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရန်ဆောင်ရွက်မှုတိုင်းကို ခေါ်ပါရေ။ ယင်းအမျိုးသားရေးကို ယင်းတိုင်းပြည်ယှိအမျိုးသား၊ အမျိုးသမီးများက ထမ်းဆောင်ရန် တာဝန်ယှိရေ။ ရခိုင်ပြည် သီးသန့်
လွတ်လပ်ရေးအတွက် ဆောင်ရွက်ရန် တာဝန်မှာ ရခိုင်လူမျိုးတိုင်းမှာ တာဝန်ယှိရေ။ ယင်းအမျိုးသားရေး တာဝန်ကို အမေရိကန်ရောက် ရခိုင်အမျိုးသား (၃၀)ကျော် ထမ်းဆောင်ခြင်းရေ တရားရေ၊ မှန်ကန်ရေ။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးများ၏ အကျိုးစီးပွားကို ဆောင်ရွက် ရာလည်းရောက်တေ။ အခုပိုင်
စုဝေးတိုင်ပင်ပြီး ဗမာကိုလိုနီစနစ်ဖျက်သိမ်းရေးကို တောင်းဆိုသင့်စွာ ကြာမြှင့်ပြီဖြစ်တေ။ ရာစုအလီလီ ဆက်လက်ကျွန်ဖြစ်ရခြင်းရေ ကိုယ့်အခွင့်အရေးကို ကိုယ်မတောင်းဆိုတတ်ခြင်းကြောင်း ဖြစ်တေ။
အခုတောင်းဆိုမှုရေ ရခိုင်အမျိုးသား များအခွင့်အရေးဖြစ်တေ။ ယင်းနန့် အေဗမာကိုလိုနီစနစ် ဖျက်သိမ်းရေး တောင်းဆိုမှုကို “နိုင်ငံရေးလှုပ်ရှားမှုကြီး”အဖြစ် ပြောင်းလဲ ဖန်တီးယူသင့်ရေ။ ပြည်ပရောက်
ရခိုင်သားများအားလုံး စုပေါင်းပါဝင်အောင် စုစည်းသင့်ရေ။
ပြည်တွင်း/ပြည်ပယှိ ရခိုင်သားများ၊ အသင်းအစုဖွဲ့စည်းများ ပါဝင်တောင်းဆိုမှုကို ပြုလုပ်နိုင်ကေ ဗမာကိုလိုနီစနစ် ဖျက်သိမ်းပီးကတ်ရဖို့ဖြစ်တေ။ အကြောင်းမှာ (၁၉၆၀)ခု၊ ဒီဇင်္ဘာ (၁၄)ရက်နိန့်မှာ ကိုလိုနီကျွန်ပြုခံနိုင်ငံများ လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂမှ ဆောင်ရွက်ပီးရန် အာမခံထုတ်ပြန်ကြေငြာ ထားပြီးဖြစ်ခြင်းကြောင်း ဖြစ်တေ။
ဤအာမခံချက်ရေ အကြောင်းမဲ့ ထွက်ပေါ်လာသည်ကား မဟုတ်ပေ။ အကြောင်းရင်းခံယှိရေ။
(၁၉၃၇)ခုနှစ်မှ စတင်ကာ ဒုတိယ ကမ္ဘာ စစ်ဖြစ်ပွားရေ။ ဖက်ဆစ် နာဇီ ဂျာမာန်၊ အီတလီ၊ ဂျပန်က တဖက်၊ အမေရိကန်၊ ဗြိတိန်၊ ရှရှားမဟာမိတ်ကတဖက် အပြန်အလှန်တိုက် ခိုက်ခဲ့ရေ။ စစ်ကြီးကျယ်ပြန့်ကြီးထွားရေအခါ လက်နက်အင်အားကြီး နိုင်ငံများ ဖြတ်ကတ်တေ။ အမေရိကန်၊ ဗြိတိန်၊
ရှရှားရို့ရေ လက်နက်အင်အား ယှိကေလေ့ လူအင်အား အရင်းအမြစ်ကို လိုလားရေ။ ယင်းနန့် မိမိရို့ ကျွန်ပြုထားရေ ကိုလိုနီကျွန်နိုင်ငံများမှ လူအင် အားကိုရှာကြံရေ၊ တောင်းခံကြရေ။ ယင်းခါ ကိုလိုနီကျွန်ပြုခံ နိုင်ငံများက ကိုလိုနီအရှင်သခင်များအား စစ်တိုက်ရန် လူအင်အားကို ပီးပါမေ။
စစ်ကြီးပြီးဆုံးပါက လွတ်လပ်ရေးပီးရမေ။ ဟူ၍ အာမခံချက်ကို တညီတညွတ်တည်း တောင်းဆိုကြရေ။ လူအင်အား အရင်းအမြစ်ကို လိုလားကြရေ အရှင်သခင်များက ဤတောင်းဆိုချက်ရေ တရားမျှတရေ တောင်းဆိုချက်အဖြစ် သတ်မှတ်ကာ မငြင်းသာဘဲ လွတ်လပ်ရေးပီးရန် ဂတိအာမခံချက်ကို ပီးခကတ်တေ။ ယင်းနန့်ဇူး အမေရိကန်၊ ဗြိတိ၊ ရှရား ကြီးသုံးကြီး ညီလာခံမှ “စစ်ကြီးပြီးဆုံးပါက
ကိုလိုနီစနစ်ဖျက်သိမ်းပြီး လွတ်လပ်ရေးပီးပါမေ”ဟု စစ်ကြီးအတွင်းမှာ ကြေငြာခဲ့ရေ။ ဒုတိယကမ္ဘာစစ်ရေ (၁၉၄၅)ခု နှစ်မှာ ပြီးဆုံးရေ။ ကြီးသုံးကြီးမှ ကြီးမှူးကျင်းပကာ (၁၉၄၅)ခု၊ ဧပြီ (၂၅)ရက်နိန့်မှာ
နိုင်ငံပေါင်းချုပ် အသင်းကြီးဖြစ်တေ (United Nation Organization - UNO) ကမ္ဘာကုလသမဂ္ဂအဖွဲ့ကြီးကို ဖွဲ့စည်းရေ။ ယင်းအဖွဲ့ကြီး၏ လက်အောက်ခံအဖြစ် မလွတ်လပ်သေးရေ တိုင်းပြည်များအား စောင့်ရှောက်ကာကွယ်ရေးကောင်စီ (သို့) ကိုလိုနီစနစ်ပပျောက်ရေးကောင်စီ (United Nation Trusteeship Council –UNTC)ကို ယင်းနှစ်မှာပင် ဖွဲ့စည်းပြီး ကိုလိုနီနိုင်ငံများကို လွတ်လပ်ရေး ရစေခဲ့ရေ။ ကိုလိုနီကျွန်ပြုခံ နိုင်ငံများ လွတ်လပ်တေ နိုင်ငံအဖြစ် ကမ္ဘာ့မှာ ထင်ရှားစွာယှိရေ။
အဖရခိုင်ပြည်လည်း ကိုလိုနီကျွန်ပြုခံ နိုင်ငံဖြစ်တေ။ ရခိုင်သမိုင်းကို ခြေရာကောက်ကေ ရခိုင်ပြည်နှင့် ရခိုင်လူမျိုးများရေ လွန်ခရေ နှစ်ပေါင်း (၅၀၀၀)ကျော်ကာလအထိ ရခိုင်ဘုရင် အဆက်ဆက်နန့် မြို့တော် အဆက်ဆက်ရို့မှာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ရို့မှာ တိုးတက်ကောင်းမွန်ခဲ့ပြီး ကိုယ့်ထီးကိုယ်နန်းနန့် နေထိုင်ခဲ့ရေ တိုင်းပြည်တပြည်၊ လူမျိုးတမျိုးဖြစ်တေ။ အမျိုးသား သစ္စာဖေါက် ဦးသံဒေ၊
မောင်စံထွန်း ရို့အုပ်စုရေ ဗမာဘုရင် မောင်ဝိုင်းကို ဖိတ်ခေါ်ပြီးကေ အဖရခိုင်ပြည်ကြီးကို သိမ်းပိုက်ခိုင်းလီရေ။ ဗမာဘုရင်မောင်းဝိုင်း၏ သားတော် မောင်ပေါ် ဦးစီးရေ ပဒေသရာဇ်တပ်များရေ အတွင်းသစ္စာဖေါက် ဦးသံဒေ အုပ်စုကို လက်ရရေအခါ ရခိုင်မင်းသား မင်းဟရီကိုနန်းတင်ရန် လိမ်ညာလှဲ့ဖျားအကြောင်းပြကာ ရခိုင်ပြည်နှင့် ရခိုင်ထီးနန်းကို အလွယ်တကူ ၀င်ရောက် သိမ်းပိုက် အနိုင်ရခကတ်တေ။ ယင်းနန့် (၁၇၈၄)ခု၊ ဒီဇင်္ဘာ(၃၁)ရက်ရေ ရခိုင်ပြည်နှင့် ရခိုင်လူမျိုးများအတွက် ထီးကျိုးစည်ပေါက်၊ နန်းရာပျောက်တေ နှစ်ဖြစ်တေပိုင်၊ ယင်းဆိုးရွားလှရေ ကံကြမ္မာသမိုင်းကြောင်းအရ ရခိုင်ပြည်နှင့် ရခိုင်လူမျိုးများ၏ ကိုလိုနီကျွန်ဘ ၂၂၆ နှစ်ထိ ရှည်ကြာခဲ့ပြီဖြစ်တေ။ ယင်းကျွန်ဘ၀ကို
စုစည်းပေါင်းစည်းလိုက်ကေ …
(က) (AD-၁၇၈၄ မှ ၁၈၂၄)ခုနှစ်ထိ၊ နှစ် (၄၀)ရေ ဗမာပဒေသရာဇ် ကိုလိုနီကျွန်အဖြစ် လူမျိုးတုံးအောင် သတ်ဖြတ်ခံရမှုနန့် ဓါးမိုး အုပ်ချုပ်ဖိနှိပ်မှုအောက်မှာ နီခရရေ။
(ခ) (AD-၁၈၂၄ မှ ၁၉၄၂)ခုနှစ်ထိ၊ နှစ် (၁၁၈)နှစ်ရေ ဗြိတိသျှ အရင်းရှင်နယ်ချဲ့များ၏ ကိုလိုနီကျွန်ဘ၀အဖြစ် စီးပွားရေး သွီးစုပ် ချေလှဲ့ မှုနှင့် နယ်မြီများကို ရက်ရက်စက်စက် ခွဲခြမ်းစိတ်ဖြာခံရမှုအောက်မှာ
နီခရရေ။
(ဂ) (AD-၁၉၄၂ မှ ၁၉၄၅)ခုနှစ်ထိ၊ (၃)နှစ်တာကာလရေ ဖက်ဆက်ဂျပန်များ စစ်အုပ်ချုပ်ရေး အောက်မှာ ဂျပန်ကင်ပေတိုင်များ၌ ရခိုင်သားများ လူမဆန်စွာ နှိပ်စက်ညှင်းပမ်းခြင်းကို ခံခဲ့ရရေ။
(ဃ) (AD-၁၉၄၅ မှ ၁၉၄၈)ခုနှစ်ထိ၊ (၃)နှစ်တာကာလရေ အင်္ဂလိပ် မဟာမိတ် စစ်အုပ်ချုပ်ရေးအောက် ဖဆပလ (ဘုရာအတိုင်ပင်ခံ) အစိုးရ၏ သွီးထိုးမှုကြောင့် ဂျပန်ခေတ် တော်လှန်ရေး ရဲဘော်ဟောင်းများနှင့် လက်နက်ခဲ့ယမ်းများ အသိမ်းခံရမှုနန့် ကျော်ဇော စီမံကိန်း အရ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်
ရဲဘော်များနှင့် ကြာအင်တင်တိုက်နယ်တခုလုံး မီးရှိုးဖျက်ဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရရေ။
(င) (AD-၁၉၄၈ မှ ၁၉၆၂)ခုနှစ်ထိ၊ (၁၄)နှစ်ရေ ပြည်ထောင်စုအတွင်း အဖုံးခံ၊ အဖိခံ ကျွန်ပုံးကိုလိုနီဘ၀နန့် ပါလီမာန်အတွင်း ပြည်နယ် အဖြစ်ပင် အသိအမှတ်ပြုမခံရဘဲ ရခိုင်ပြည်အမျိုးသား အခွင့်အရေးများ
ဆုံးရှုံးခဲ့ရသည့်အပြင် ရွာလုံးကျွတ်ထိ အသတ်ခံခဲ့ရရေ။
(စ) (AD-၁၉၆၂ မှ ၁၉၈၈)ခုနှစ်ထိ၊ (၂၆)နှစ်ရေ နေ၀င်း စစ်အာဏာရှင်စနစ်နှင့် မဆလ တပါတီလက်အောက်၌ အမျိုးသားရေး အခွင့်အရေးများအားလုံး ဆုံးရှုံးရုံသာမက စာပီ၊ ယဉ်ကျေးမှု စရေကဏ္ဍ အသီးသီးများပါ ဆုံးရှုံးခဲ့ရရေ။ ထို့အပြင် စစ်အုပ်စု၏ ချဲ့လှဲ့မှု အောက်မှာ စီးပွားရေးချွတ်ခြုံကျကာ
လူတိုင်းမွဲပြာကျခဲ့ရရေ။
(ဆ) (AD-၁၉၈၈ မှ ၂၀၁၀)ခုနှစ်ထိ၊ (၂၂)နှစ်ရေ စောမောင်၊ သန်းရွှေ စစ်အာဏာရှင်များ လက်ပြောင်းလက်လွဲဖြစ်ပြီးကေ တပါတီ အာဏာရှင်ကြီးထက် ပိုမိုလွန်ကဲရေ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စရေကဏ္ဍအသီးသီး၌ ပိုမိုတင်းကြပ်ကာ လူမျိုးပေါင်းစုံ တိုင်းရင်းသား ရို့၏ သဘာဝ အရင်းအမြစ်နှင့် တောတောင်များကို လက်ညိုးထိုးရောင်းစား၍ အားမရသေးဘဲ မိဘဘိုးဘွားပိုင် လယ်ယာ မြီများကိုပါ မတရားသိမ်းပိုက်နီကတ်တေ။ ထို့အပြင် ရခိုင်လူမျိုးများ၏ တန်ဖိုးမဖြတ်နိုင်ရေ ရှေ့ဟောင်းအမွေအနှစ်များကို စနစ်တကျ အာဏာနန့် မတရားခိုးယူ ဖျက်ဆီးပစ်ပြီး လူမျိုးပျောက်အောင် လုပ်ဆောင်နီကတ်တေ။
အထက်ပါ ကျွန်သက်အဆက်ဆက်ကို စုစည်းလိုက်ကေ (AD-၁၇၈၄ မှ ၂၀၁၀)ခုနှစ်ရေ (၂၂၆)နှစ်ပြည့်ပြီဖြစ်တေ။ ဤသို့ရှည်ကြာလှရေ ကိုလိုနီကျွန်ပြုခံ ရခိုင်ပြည်နှင့် ရခိုင်လူမျိုးများအတွက်မှာမူကား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆုံးရှုံးခဲ့ပြီ။
ယုတ်စွာအဆုံး ကိုယ့်သမိုင်းကိုကိုယ်ဖေါ်ထုတ်ခွင့်၊ ကိုယ့်စာပီကိုသင်ကြားခွင့်၊ ကိုယ့်ရိုးရာကိုထိမ်းသိမ်းခွင့်ပင်
မယှိကြတော့ပေ။ တိုင်းပြည်တပြည်၊ လူမျိုးတမျိုး ရပိုင်ခွင့်အားလုံး ဆုံးရှုံးခံနီကတ်ရရေ။ လွတ်လပ်ရေးခေတ် ကိုလိုနီကျွန်ဘ၀မှာကား ဖက်ဆက်ဗမာတပ်မတော်မှ စစ်အာဏာရှင်များ လက်အောက်ကိုလိုနီကျွန်ပြုခြင်းကို ရခိုင်ပြည်နှင့် ရခိုင်လူမျိုးများ လိုင်စင်းခံလိုက်ရရေ။ အထူးသဖြင့် န၀တ (နအဖ) စစ်အုပ်စုရေ လူမျိုးပေါင်းစုံ နယ်မြီအသီးသီး၌ စီးပွားရေးနယ်ပယ်တခုလုံးကို လက်ဝါးကြီးအုပ် လုယက်သိမ်းပိုက်ကာ
ရခိုင်လူထုကို ဆင်းရဲတွင်းနက်အောင် တမင်တကာ ကြံဆောင်နီကတ်တေ။
 
ရခိုင်ပြည် ဒေသအသီးသီး၌ မိဘပိုင်လယ်ယာများနှင့် ဥယာဉ်ခြံများကို စစ်တပ်ပိုင်အဖြစ် မတရားသိမ်းပိုက်ခြင်း၊ သဘာဝအရင်းအမြစ် များကို ဖျက်ဆီးလုယူခြင်း၊  တောင်တောင်အားလုံးကို ပြုန်းတီးစေခြင်း၊ ကျေးကျွန်သဖွယ် လုပ်အားခိုင်းစေခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ တားဆီးပိတ်ပင်ခြင်း၊ ငွေညှစ်တောင်းခံခြင်းများ နိန့်စဉ်ရက်ဆက်ဖြစ်ပေါ်စီပြီး လူထုကို မွဲပြာကျအောင် လုပ်နီကတ်တေ။
ယင်းပြီးကေ စနစ်တကျ စီမံကိန်းချ သွီးနှောမှုဖြင့် လူမျိုးပျောက်အောင် လုပ်ဆောင်နီကတ်တေ။ န၀တ (နအဖ) စစ်အစိုးရလက်ထက် အေစီမံကိန်း ကြောင့် သွီးနှောခံရသူ ရခိုင်အမျိုးသမီးပေါင်း ထောင်သောင်းမက ယှိနေကြပြီဖြစ်တေ။
လက်ယှိမှာ စစ်တွေ-ရန်ကုန် ရထားလမ်းကို အကြောင်းပြကာ (BC-၆ ရာစု)က တည်ယှိခဲ့ရေ ဓည၀တီမြို့တော်ဟောင်းနှင့် ဝေသာလီမြို့တော်ဟောင်းမှ တန်ဖိုးမဖြတ်နိုင်ရေ ရှေ့ဟောင်းအမွေအနှစ်များ ဖျက်ဆီးခံရပြီးဖြစ်တေ။
အခုတဖန် စစ်ရေ-အမ်း ရထားလမ်းကို အကြောင်းပြကာ မြောက်ဦးမြို့တော်ယှိ ရှေ့ဟောင်းစေတီပုထိုးများ၊ ကျုံးများ၊ နန်းရိုးများ၊ ခံတပ်နှင့် လူလားဇင်ခင်းများ ဖျက်ဆီးခံရပြီးဖြစ်တေ။ ယင်းနန့် သမိုင်းဆရာများနှင့်
လူထုများ သုံးသပ်ချက်မှာ ဆက်သွယ်ရေး လွယ်ကူရေးထက် ရှေ့ဟောင်းအမွေအနှစ်များကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ချက်က (နအဖ) စစ်အုပ်စု အာဏာပိုင်များမှာ ပိုမိုယှိကြောင်း သုံးသပ်ကြရေ။
ယင်းနန့်
ဗမာကိုလိုနီစနစ် ဖျက်သိမ်းပီးရန် ကုလသမဂ္ဂ UN ရုံး၌ ရခိုင်အမျိုးသားများ
တောင်းဆိုမှုမှာ တရားရေ၊ မှန်ကန်ရေ။ ဤတောင်းဆိုဆန္ဒပြမှုရေ မိမိတိုင်းပြည်၊
မိမိလူမျိုးများ၏ အကျိုးစီးပွားကို ရှေ့ရှုရေ။ ဤတောင်းဆိုဆန္ဒပြမှုရေ
အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ခြင်းပင်ဖြစ်တေ။

အဖရခိုင်ပြည်ကြီးရေ ကိုလိုနီကျွန်နိုင်ငံအဖြစ် နှစ်ပေါင်း (၂၂၆)နှစ်ယှိဗျာလ်ဖြစ်တေ။ ရခိုင်သမိုင်းမှာ ခိုင်ခိုင်ခံခံယှိရေ တိုင်းပြည်တပြည် ဖြစ်တေ။ ရာဇ၀င်သမိုင်း ခိုင်မာမှုယှိရေ လူမျိုးတမျိုး အနေနန့် ကိုလိုနီစနစ် ဖျက်သိမ်းပီးရန် တောင်းဆိုမှုမှာ နောက်ပင်ကျနီပြီးဖြစ်တေ။ ရှေ့ယခင်ကပင် တောင်းဆိုသင့်ကြရေ။
ရခိုင်အမျိုးသားများ ညီညီညွတ်ညွတ်နန့် ရှေ့ဆက်လုပ်ကိုင်ရန်သာ ကျန်ပါရေ။ ယင်းနန့် ဆက်လက်လုပ်ကိုင်နိုင်အောင် သံတမာန်ဟောင်း ဦးခင်မောင်ကြည်၏ လုပ်နည်းလုပ်ဟန် အကြံပြုတင်ပြချက်ကို တဆက်တည်းတွင် ပြောလိုက်ချင်ပါရေ။
ယင်းမှာ “ကိုလိုနီဖြစ်နေတဲ့ နိုင်ငံဟာ လူထုကိုယ်စားလှယ်ကတဖက်၊ ကိုလိုနီလုပ်ထားတဲ့ အစိုးရ ကိုယ်စားလှယ်က တဖက်၊ ယင်းကိုလိုနီစနစ် ပပျောက်ရေးကော်မတီဝင်များရှေ့မှာ အစစ်ဆေးခံရပါတယ်၊
အထောက်အထားခိုင်လုံလို့ လွတ်လပ်ရေး ရသွားတဲ့ နိုင်ငံအမြောက်အများ ရှိပါတယ်၊ ညီညီညွတ်ညွတ်နဲ့ ဥပဒေဘောင်အတွင်းက တင်ပြနိုင်ရင်တော့ တခြားနိုင်ငံများနည်းတူ ကိုလိုနီစနစ် ပပျောက်ရေးကောင်စီက
ဆောင်ရွက်နိုင်ပါတယ်၊ ပညာမြော်မြင်ရှိတဲ့ ရခိုင်ခေါင်းဆောင်များ စုပေါင်းပြီး ကိုယ်စားလှယ် အဖွဲ့ဖွဲ့ကာ ဆောင်ရွက်သွားခြင်းဖြင့် ရခိုင်လူမျိုးကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်ကြီးက တနည်းမဟုတ်တနည်း
ကူညီလုပ်ဆောင် စောင့်ရှောက်ပေးနိုင်မှာ ဖြစ်ပါတယ်။”လို့ဆိုပါရေ။
သံတမာန်ဟောင်း ဦးခင်မောင်ကြည် ပီးရေအကြံထက် ပိုမိုကောင်းမွန်ရေ အကြံများ ယှိကေလေ့ အကြံပြုကြပြီး ဗမာကိုလိုနီနစ် ပပျောက်ရေးကို အမျိုးသားရေးတာဝန်တရပ်အနေနန့် တက်ကြွနိုးကြားစွာ ထမ်းဆောင် ကတ်ပါလို့ တိုက်တွန်းပါရေ။ ပြည်ပရောက် နိုင်ငံတကာမှ ရခိုင်သားများလည်း တပြေးညီပါဝင်နိုင်ပါက ပိုမိုအကျိုးသက်ရောက်မည်ဟု ယုံကြည်ပါရေ။
ဤကားကိုလိုနီစနစ် ပပျောက်ရေးနှင့် အမျိုးသားရေးတာဝန်ဖြစ်တေ။ ရခိုင်အမျိုးသားများ မျက်ကွယ်ပြုထားရေ သမိုင်းတရားခံ ဖေါ်ထုတ်ရေး ကိစ္စတခုကို တင်ပြချင်ရေ။ သမိုင်းကြောင်းက ရှည်လျားရေ။ ယေကေလေ့ အကျဉ်းချုပ်မှာ (AD-၁၈၂၄ ခုနှစ် အင်္ဂလိပ်-ဗမာ ပထမစစ်ပွဲ၌ အချက်(၁၀)ချက်ပါ အင်္ဂလိပ်-ရခိုင် မဟာမိတ်စာချုပ်ကို အခိုင်အမာချုပ်ဆိုကတ်တေ၊ ယင်းစာချုပ်၌
လက်မှတ်ရွီးထိုးထားကြသူများမှာ ရခိုင်တော်လှန်ရေးဖက်မှ (၁) မင်းသားကြီးရွှီဘန်း၊ (၂) မြို့သူကြီး အောင်ကျော်ဇံ၊ (၃) ဒေးဝန်းကြီး အောင်ကျော်ရွှီ ရို့သုံးဦးပါဝင်ရေ။ ဗြိတိသျှ (အင်္ဂလိပ်)ဖက်မှ (၁) မင်းကြီး ဒိန်းသျှမ်း၊ (၂) ယ၀ါသပ် (ခ) ရာမသိမ်သပ် (စစ်တကောင်းမြို့ဝန်) ရို့ပါဝင်ရေ။

ယင်းစာချုပ်အရ (AD-၁၈၂၄ ခု - ၁၁၈၆ ခု၊ ကဆုံလပြည့်ကျော် (၃)ရက်၊ စနေနိန့်)မှာ ရခိုင်ပြည်နှင့် ဗမာပြည်ကို ၀င်ရောက်တိုက်ခိုက် သိမ်းပိုက်ရန်မှာ ရခိုင်သူရဲ (၂)သောင်းကျော်ထိ ၀င်ရောက်တိုက်ခိုက်ခရေ။
ဘင်္ဂလိပ်ဖက်မှ ရခိုင်ဒေသကို ဦးစီးကွပ်ကဲသူမှာ General Merrtson (ဗိုလ်ချုပ်ကြီး မေရိဆင်) ပါဝင်ခရေ။ (AD-၁၈၂၆ ခု၊ ဖေဖေါ်ဝါရီလ (၁၄)ရက် (၁၁၈၇ ခု၊ တပေါင်းလပြည်နိန့်)မှာ ရန္တပိုစာချုပ် အရ ရခိုင်နှင့်
တနင်္သာရီဒေသကို သိမ်းပိုက်ရယှိရေအခါ ဗြိတိသျှ အရင်းရှင်များရေ ဂတိမတည်ခဲ့ကြပေ။ စာချုပ်ပါ ဂတိကိုချိုးဖေါက်ကာ ရခိုင်ပြည်၌ နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး ယန္တရားတခုလုံးကို အရင်းရှင်ပုံစံအတိုင်း
တည်ဆောက်လာရေ။ ပဒေသရာဇ်စနစ်မှ အရင်းရှင် ပုံစံပေါ်ပေါက်လာရေအခါ လူတန်းစားပြဿနာမှာ ချက်ခြင်းလက်ငင်းကြီးထွားလာရေ။ အရင်းရှင်လူတန်းစားနှင့် ဗြူရိုကရက် များတဖက်နှင့် အဖိနှိပ်ခံများနှင့်
မျိုးချစ်များကတဖက်၊ အခြားတဖက်မှာ လက်စေ့ခံလူတန်းစားနှင့် သစ္စာဖေါက်များ ဖြစ်ကတ်တေ။ မင်းသားကြီး ရွှီဘန်းရို့ မျိုးချစ်အုပ်စုရေ စာချုပ်ပါဂတိအရ စစ်အတွင်း ကုန်ကျစာရိတ် နှစ်ဆကို စစ်လျော်ကြေးပီးကတ်တေ။ တကြိမ်မက နှစ်အထိ ပီးအပ်ခဲ့ကြောင်း သမိုင်းမှာယှိရေ။ ယေကေလေ့ နယ်ချဲ့အင်္ဂလိပ်များရေ နယ်ချဲ့များပီပီ အရင်းရှင်စီးပွားရေးစနစ် အခြေချ ရန်ကိုသာ ကြိုးစားအားထုတ်လာကတ်တေ။ ယင်းနန့်ဇူး အဖိနှိပ်ခံများနှင့် မျိုးချစ်အင်အားစုများရေ နယ်ချဲ့အင်္ဂလိပ်ကို (၁၈၂၇)ခုနှစ် ကပင် စတင်တော်လှန်ခကတ်တေ။ အမှန်ရာ အင်္ဂလိပ်-ရခိုင်မဟာမိတ်စာချုပ်အရ ဗြိတိသျှ
(အင်္ဂလိပ်) ဂတိတည်ကြည်ခကေ (၁၈၂၆)ခု နှစ်ကပင် ရခိုင်ရို့ လွတ်လပ်ပြီးဖြစ်နိုင်ရေ။ ဤသမိုင်းကြောင်းကိုလည်း ရခိုင်အမျိုးသားများဖေါ်ထုတ်သင့်ရေ။ အင်္ဂလိပ်-ရခိုင် မဟာမိတ် စာချုပ်ရေ
တိကျရေ၊ မှန်ကန်ရေ။ ဂတိမတည်သူများမှာ အင်္ဂလိပ်များသာဖြစ်တေ။ ယင်းနန့် စာချုပ်အရဆိုကေ သမိုင်းတရားခံရေ (ဗြိတိသျှ) အင်္ဂလိပ်သာဖြစ်တေ။ ဤသမိုင်းကြောင်းကို အမျိုးသားရေး တာဝန်တရပ်အနေနန့် ဗြိတိသျှယှိ ပညာရှင်များအဖွဲ့နှင့် ဗြိတိသျှ ပါလီမာန်ထိ တင်ပြရန် ကြိုးစားရဖို့ဖြစ်တေ။ အထက်ပါ ဗမာကိုလိုနီစနစ်ဖျက်သိမ်းပီးရန် တောင်းဆိုကတ်တေပိုင် ဤသမိုင်းတရားခံ ဖေါ်ထုတ်ရေး ကိစ္စကိုလည်း အမျိုးသားရေး တာဝန်တရပ်အနေနန့် ရခိုင်အမျိုးသားများ ၀ိုင်းဝန်းပါဝင် လုပ်ဆောင်သင့်ကြောင်း သမ္မာ ဆန္ဒနန့် တိုက်တွန်းလိုက်ရပါရေ။





အရှင်မေဃိယ (ဓမ္မာစရိယ)

စက်တင်္ဘာလ (၁၅)ရက်၊ ၂၀၁၁။

24.10.11 | Posted in , , | Read More »

အာဇာနီလွတ်လပ်ရေးခေါင်းဆောင် နာယကဆရာတော် ဦးစိန္တာ

(ရခိုင့် အမျိုးသားရေး နိုင်နိုင်)
ဆရာတော်သည် ၁၂၆၄ ခု၊ ဝါဆိုလဆုတ် ၁၀ ရက်၊ အင်္ဂါနိန့် ညဇာဖက် ၇ နာရီအချိန်၊ စစ်တွေခရိုင်၊ မင်းပြားမြို့နယ်၊ ပြည်သျှင်တိုက်၊ ရင်းဘွယ်ရွာ၌ ဖွားမြင်တော်မူ၏။ ဦးချစ်ဖြူ၊ ဒေါ်ရွှေရင်ရို့၏ တစ်ဦးတည်းသော သားဖြစ်၍ ငယ်နာမည်မှာ မောင်ချစ်ထွန်းဦးဖြစ်သည်။ ခြောက်နှစ်သားအရွယ်ကပင် မိဘနှစ်ပါးက ရင်းဘွယ်ဆရာတော်ကြီးထံ၌ အပ်နှံ၍ ပညာသင်ကြားသည်။ အသက်ဆယ်နှစ်မြောက်တွင် မိဘနှစ်ပါးနှင့်အတူ ကန်းနီရွာသို့ ပြောင်းရွေ့ပြီး ကမ်းနီဆရာတော်ထံ၌ ဆက်လက်ပညာသင်ကြားလျှက် ၁၃ အရွယ် ၁၂၇၇ ခုသို့ရောက်သောအခါ သျှင်သာမဏေအဖြစ်ဖြင့်၊ သင်္ဂြိုဟ်စသော အခြီခံပါဠိ စာပီတိကို သင်ကြားတတ်မြောက်ခသည်။ ၁၂၈၃ ခုနှစ်၊ ကဆုန်လ အသက် ၁၉ နှစ်ပြည့်ခါနီးမှာ ပခုက္ကူမြို့သို့ လားရောက်၍ အရှိတိုက်ခေါ် မဟာဝိဇယာရာမတိုက်၊ မြောက်တန်းလျှား ကျောင်း၌ ဂန္တဝါစက စာချဆရာတော် ဦးစန္ဒနှင့် ဦးသီလရို့ထံ ပရိယတ္တိစာပီကျမ်းဂန်တိကို သင်ကြားဆည်းပူးခသည်။


၁၂၈၃ ခု၊ တပို့တွဲ့လ၌ မဟာဝိဇယာရာမ ကျောင်းတိုက်၊ ဆရာတော်ကြီးဦးဇဝနကို ဥပဇ္ဈာယ်ပြု၍ ဥပသမ္ပဒကံဖြင့် ပဉ္ဇင်းတက်သည်။ ၁၂၈၅ ခုတွင် ဦးစိန္တာသည် မိမိအား စာချပီးခသော သံဃာတော်များနှင့်အတူ မန္တလေးမြို့သို့ လားရောက်၍ ၃ နှစ်တိုင်တိုင် ဆက်လက်ကာ ပရိယတ္တိစာပီကျမ်းဂန်များကို သင်ကြားပို့ချခသည်။ ၁၂၉၁ ပြည့်တပို့တွဲလတွင် မိမိ၏ နီရင်းဒေသ ကမ်းနီကျေးရွာဆရာတော်ဘုရားထံသို့ ပြန်ကြွတော်မူခသည်။ ၁၂၉၁ ခု၊ ဝါဆိုလဆန်း ၁၄ ရက်သို့ရောက်သောအခါ ကွဲပြားနီသော ကျောက်ငနွားရွာကို အုပ်ထိန်းကာ ထိုရွာကျောင်းဟောင်းသို့ ပြောင်းရွှေ့သတင်းသုံးရမည်ဟူသော ဆရာတော်ဘုရား၏ အမိန့်ကို နာခံလျှက် ကျောက်ငနွားရွာ၌ ကျောင်းထိုင်ဆရာတော်အဖြစ်ကို ခံယူပါသည်။
ကျောင်းထိုင်ဆရာတော်အဖြစ်ဖြင့် ဦးစိန္တာသည် စာပီပရိယတ္တိကို သင်ကြားပို့ချလျှက်နီစဉ်မှာပင် တောင်သူလယ်သမားဘဝ အလုပ်သမားလူတန်းစားဘဝတိကို ကြွီကွဲဖွယ်ရာ တွိ့မြင်ရလာခြင်းကြောင့် ဆင်းရဲပန်ပန်းရခြင်း၏ အကြောင်းရင်းကို ရှာဖွီသောအခါ နယ်ချဲ့အရင်းသျှင်နှင့်
မြီသျှင်ကြီးရို့ ၏ သွီးစုပ်မှုပင်ဟု သိမြင်လာသဖြင့် သာသနာသည် ဒါယကာအပေါ်၌ တည်သည်။ ဒါယကာပင်ပန်းက သာသနာညှိုးနွမ်းလိမ့်မည်ဟု ဒါယကာတောင်သူလယ်သမား အလုပ်သမားရို့ ၏ ဘဝကို မြှင့်တင်လိုသောကြောင့် စစ်တွေမြို့သို့ကြွရောက်ပြီးလျှင်၊ အထက်တန်းရှိနီ ဦးမြထွန်း၊ ဦးကျော်ခိုင်၊ ဦးထွန်းစိန် (နန္ဒမာလာ) ၊ ဦးဘိုးခိုင်၊ ဦးအောင်သာဦး အစဟိသော ပုဂ္ဂိုလ်များနှင့် တိုင်ပင်လျှက် ရခိုင်တိုင်းလုံးဆိုင်ရာ ကြီးပွားရေးအဖွဲ့ချုပ်ကို ၁၂၉၂ ခု၊ တန်းဆောင်မုန်းလ၌ စတင်ဖွဲ့စည်းခသည်။ ယင်းအချိန်မှစ၍ ဆရာတော် ဦးစိန္တာသည် ဆရာတော် ဦးပညာသီဟနှင့် တွိဆုံကာ အဖွဲ့ချုပ်၏ နာယကများအဖြစ်ဖြင့် အားကြိုးမာန်တက် အရင်းသျှင် နယ်ချဲ့စနစ်ကို တိုက်ဖျက်လာခကတ်ပါသည်။ ဆရာတော်ဦးစိန္တာသည် တောင်သူလယ်သမားရို့ အား အခြီခံကျကျ ပညာပီးစည်းရုံးကာ ၁၂၉၂ ခု၊ တပေါင်းလတွင် မြေပုံမြို့နယ်၊ ကျောက်ငနွားကျေးရွာ၌တကြိမ်၊ ၁၂၉၃ ခု၊ တန်းဆောင်မုန်းလတွင်၊ မင်းပြားမြို့နယ် ကမ်းနီကျေးရွာ၌တကြိမ်၊ ၁၂၉၄ ခုနှစ်၊ ကဆုန်လတွင် မြေပုံမြို့နယ် ကြာအင်းတောင်ကျေးရွာ၌တကြိမ်၊ ရခိုင်တိုင်းလုံးဆိုင်ရာ ကြီးပွားရေးအဖွဲ့ချုပ်၏ ညီလာခံကို ပြုလုပ်ကာ ဦးစီးနာယကအဖြစ်ဖြင့် ဆောင်ရွက်ခပါသည်။ ထိုစဉ်အခါက နိုင်ငံရေးဟောပြောပွဲများသို့ တက်ရောက်ရန်ကိုမဆိုထားနှင့် နယ်ချဲ့ဆန့်ကျင်ရေးကို လီသံမျှပင် မပြောရဲသောအချိန်ဖြစ်သော်လည်း ညီညာခံတိုင်း၌ လူငါးထောင်ခန့်မျှ တက်ရောက်ခကတ်သည်မှာ ဆရာတော်ဦးစိန္တာ၏ လယ်ယာမြီတော်လှန်ရေး ပညာပီးစည်းရုံးမှု၏ အောင်မြင်ချက်ပင်ဖြစ်ပါသည်။ ထိုကြောင့် တောင်လယ်သမားများ နိုးကြားလာခကတ်သည်။ မိမိရို့၏ ဆင်းရဲတွင်းနက်ရခြင်းအကြောင်းရင်းကို သိမြင်လာကတ်၏။ နယ်ချဲ့အရင်းသျှင်စနစ်၊ မြီသျှင်စနစ်ရို့ကိုဖြိုဖျက် တွန်းလှန်ပစ်ကတ်ရမည်ကို သိနားလည်လာကြ၍ နိုးကြားအုံကြွလာခကတ်၏။ စည်းရုံးညီညွတ်လာခကတ်၏။

ထို့ကဲ့သို့ တစ်တိုင်းလုံးအုံ့ကြွနိုးကြားစည်းရုံးညီညွတ်လာသော အချိန် ၁၂၉၉ ခုနှစ်တွင် ဆရာတော် ဦးစိန္တာ၏ တာဝန်ပီးချက်ဖြင့် ဆရာစံထွန်းအောင်နှင့် ဦးစံရွှေ၊ ဦးဘစံရို့ ရွီးဆွဲသော အဖွဲ့စည်းမျည်းအရ မင်းပြားညီလာခံ ကျင်းပစဉ်မှာပင် ဦးအောင်ထွန်းဦး၊ မင်းပြား ( ဒို့လက်ရုံး) နှင့် ဦးဘစံရို့ ဂေါင်းဆောင်ကာ တိုင်းရင်းသားအစည်းအရုံးတစ်ခု ပေါ်ပေါက်လာခ၏။ ထိုအခါတွင် နယ်ချဲ့အရင်းသျှင်စနစ်ကို တိုက်ဖျက်ရာ၌ အမျိုးသားစည်းရုံးညီညွတ်မှု၏ အဓိက အရေးကြီးပုံကို ကောင်းစွာသိမြင်တော်မူသော ဆရာတော်ဦးစိန္တာသည် ဆရာတော်ဦးပညာသီဟနှင့်တွဲ၍ တစ်ခုတည်းသောအစည်းအရုံးကြီး ဖြစ်မြောက်ရေးကို ကြိုးပမ်းခရာ ၁၂၉၉ ခု၊ နတ်တော်လ အတွင်းတွင် စစ်တွေမြို့ ၊ တန်းခိုးဆရာတော်ဘုရားကျောင်း၌ နှစ်ဖက်သောအစည်းအရုံးမှ ကိုယ်စားလှယ်များနှင့် မျက်နှာစုံညီ ဆွေးနွေး ညှိနှိုင်းကာ “ ရခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသားအစည်းအရုံး”ဟု အညီအညွတ်တည်ထောင်ကြပြီး နယ်ချဲ့အရင်းသျှင်စနစ် တိုက်ဖျက်ရေးအင်အားကို တည်ထောင်သည်။
တစ်ခုတည်းသောနယ်ချဲ့အရင်းသျှင်စနစ်တိုက်ဖျက်ရေး အင်အားစုဖြစ်သော ရခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသားအစည်းအရုံးကြီး၏ ညီလာခံကို ၁၃၀၁ ခု ကဆုန်လတွင် ပေါက်တောမြို့၌ကျင်းပပြီး တောင်သူလယ်သမား လူတန်းစားတိုက်ပွဲ လမ်းစဉ်ကို ပြတ်ပြတ်သားသား ဖော်ထုတ်ချမှတ်လီသည်။ “ မြီသျှင်စနစ်ဖျက်သိမ်းရေး” အဆိုနှင့် “ ရခိုင်ပြည်အပါအ၀င် မြန်မာတပြည်လုံး လုံးဝ လွတ်လပ်ရေးချက်ချင်းပီးအဆို” ရို့ကို ထိုညီလာခံ၌ တညီတညွတ်တည်း ဆုံးဖြတ်ကြပြီး ရခိုင်တစ်တိုင်းလုံး အပြင်းအထန် စည်းရုံးခကတ်ပါသည်။ ညီလာခံအပြီး နံယုန်လတွင် နာယကဆရာတော်များဖြစ်သော ဦးစိန္တာနှင့် ဦးပညာသီဟရို့အား နယ်ချဲ့အစိုးရရို့က ဖမ်းဆီးပြီး ဆရာတော်အား အလုပ်ကြမ်းနန့် ၁၈ လထောင်ဒဏ် အပြစ်ပီးခံခရလီသည်။

ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာသော ၁၃၀၃ ခုနှစ်နောက်ပိုင်းတွင် ဆရာတော် ဦးစိန္တာသည် ဆရာတော်ဦးပညာသီဟနှင့်အတူ လက်နက်ကိုင် မျိုးချစ်တပ်များ ဖွဲ့စည်းပြီး နယ်ချဲ့အင်္ဂလိပ်ရို့အား တော်လှန်ခပါသည်။
ထို့ကြောင့် ၁၃၀၄ ခု ကဆုန်လတွင် ဗိုလ်ရန်အောင်တပ်များ ရခိုင်စစ်ကြောင်း ချီတက်လာရေအခါ သစ္စာဖောက်များကြောင့် ဆရာတော်သည် အဖမ်းခံရကာ အသက်စိုးရိမ်
ရရေအထိဖြစ်ခပါရေ။

၁၃၀၅ ခုနှစ်စတွင် ဆရာတော်သည် ရခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသားအစည်းအရုံး ကိုယ်စားလှယ်အဖြစ် ရန်ကုန်သို့ဆင်းကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆက်ပြီး ဖက်ဆစ်တော်လှန်ရေးအတွက် စတင်စီစဉ်လီသည်။ ထိုနှစ်တန်းခူးလဆုတ် ၁၀ ရက်နိန့်တွင် မြေပုံမြို့ပိုင်နှင့် ကျောက်ဖြူခရိုင်ဝန်ရို့၏ သစ္စာဖောက်သတင်းပီးမှုကြောင့် ဆရာတော်ဦးစိန္တာသည် ဖက်ဆစ်ဂျပန်ရို့၏ ဖမ်းဆီးခြင်းကို ခံရပြန်လီသည်။ ဖက်ဆစ်ဂျပန်များသည် ဆရာတော်အား ကြောက်မက်ဖွယ်ရာ နည်းအမျိုးမျိုးဖြင့် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ပြီး ရခိုင်တိုင်းနှင့် မြန်မာပြည်ဖက်ဆစ်တော်လှန်းရေးဂေါင်းဆောင်များနှင့် အစီအစဉ်များကို မိန်းမြန်းခရာ ဆရာတော်သည် တော်လှန်ရေးအကြောင်းမပြော သစ္စာစောင့်ထိန်းခပါသည်။ ဝါဆိုလဆန်း ၆ ရက်နိန့်တွင် ဂျပန်တိက လက်လျှော့ပြီး လွှတ်ပီးခသော်လည်း ဖက်ဆစ်ဂျပန်ရို့ ၏ နှိပ်စက်သောဒဏ်ကြောင့် ကျန်းမာရေးအကြီးအကျယ် ချို့ယွင်းခပါသည်။ သို့သော် ဆရာတော်သည် နောက်မဆုတ်ဘဲ အင်တိုက်အားတိုက် ဆက်လက်ဂေါင်းဆောင်မှုပီးခရာ ဂန့်ဂေါတိုက်ပွဲသည် ကမ္ဘာကျော်တိုက်ပွဲဖြစ်သည်။
၁၃၀၆ ခုနှစ် ဂျပန်တော်လှန်ရေးအပြီးတွင် နယ်ချဲ့အင်္ဂလိပ်များပြန်ဝင်လာပြန်ရာ ဆရာတော်ဦးစိန္တာသည် ဖက်ဆစ်ကိုလည်း တော်လှန်မည်၊ အမျိုးသားလွတ်မြောက်ရေးအတွက် လက်နက်မအပ်ဘဲ ဆက်လက်တော်လှန်ပြီး နယ်ချဲ့အင်္ဂလိပ်အား ၂ နှစ်တိုင်တိုင် ဆက်လက်တော်လှန်သည်။
၁၃၀၈ ခု၊ တန်းဆောင်မုန်းလ၌ ရခိုင်တောင်စဉ်ကမ်းခြီတလျှောက်ဟိ လယ်သမား ဆင်းရဲသားလူထုတစ်ရပ်လုံးမှာ နယ်ချဲ့ ရို့ ၏ နှိပ်စက်ညှဉ်းပန်းခြင်း၊ ရပ်ရွာများကို မီးတိုက်ခြင်းရို့ကို ခံကတ်ရသောကြောင့် တိုင်းပြည်လွတ်မြောက်ရေး၊ အမျိုးသားလွတ်လပ်ရေး၊ ဆရာတော်ဦပညာသီဟ၊ ဝန်ကြီး ဦးအောင်ဇံဝေ၊ ဝန်ကြီးသခင်မြနှင့် တိုင်းရင်းသား အစည်းအရုံးဂေါင်းဆောင်များရို့သည် ကြာအင်းတောင် ဆရာတော်ကျောင်းသို့ ရောက်လာကတ်ပြီးလျှင် ဦးစိန္တာနှင့်တွိ့ဆုံဆွေးနွေးပြီးနောက် ထိုနှစ် နတ်တော်လ စတုတ္ထအပတ်တွင် ဆရာတော်အား လွတ်ငြိမ်းချမ်းသားခွင့် ကြေညာလိုက်သဖြင့် ဆရာတော်ဦးစိန္တာသည် တောခိုရာမှထွက်လာ၍ ကျယ်ပြန့်သောစည်းရုံးရေးကို ဆက်လက်ဆောင်ရွက်ခလီသည်။

၁၃၀၈ ခု၊ နှောင်းတန်းခူးလ၌ မြေပုံမြို့နယ်တွင် ဆရာတော် ဦးစိန္တာ ဂေါင်းဆောင်သော ပြည်လုံးကျွတ် တပ်ပေါင်းစု ညီလာခံကိုကျင်းပခရာ ဖဆပလနှင့် ကွန်မြူနစ်ပါတီရို့ကိုပါ ဖိတ်ကြားခ၏။ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဆွေ နှင့် ကွန်မြူနစ်ပါတီရို့တက်ရောက် ပါသည်။ သို့သော်လည့်း  အခြေအနီ မညီညွတ်ကြောင့် ညီလာခံမအောင်မြင်။
၁၃၀၉ ခု၊ ကဆုန်လဆန်း ၇ ရက်နိန့်တွင် မြေပုံမြို့မှ စစ်တွေမြို့သို့အလား ဦးစိန္တာသည် ဘင်္ဘောထက်၌ အဖမ်းခံရပြီးလျှင် ကဆုန်လကွယ်နိန့်ပင် စစ်တွေမှ လေယဉ်ဖြင့် ရန်ကုန်မင်္ဂလာဒုံလေဆိပ်သို့ ယူဆောင်လျှက် သာယာဝတီထောင်သို့ အပို့ခံခရပြီးနောက် ၁၃၁၀ ခု၊ နှောင်းတန်းခူးလဆန်း ၆ ရက်နိန့်တွင် သာယာဝတီထောင်ကို သူပုန်းတပ်ပေါင်းစုများ ဖွင့်သောအခါမှ ဆရာတော်သည် ထောင်မှလွတ်လာသည်။
၁၃၁၁ ခု၊ နံယုန်လဆုတ် ၅ ရက်နိန့်တွင် ဒါးလက်ချောင်းနှင့် ၈ ရက်နိန့်တွင် ကြာအင်းတောင်သို့ရောက်လာပြီး တော်လှန်ရေးကိစ္စကို ဆက်လက်ဆောင်ရွက်ပြန်ရာ ပါတီနှင့်လူထု အမြင်ကွဲပြားလာခြင်း၊ ပါတီတွင်းမှာလည်း အချင်းချင်း အမြင်မတူအယူအဆကွဲပြားလာခြင်းရို့ကြောင့် ထိုကွဲပြားမှုကို လက်နက်ဖြင့် ဖြေယှင်းကတ်သော အခြီအနီသို့ပင် ရောက်လားပါရေယင့်းကြောင့် ဆရာတော်မှာ ကြွီကွဲဝမ်းနည်းစွာ တွိ့ရပြန်၏။ ထိုကြောင့် ပါတီအတွင်း ညီညွတ်ရေး၊ မဟာမိတ်ပါတီ ညီညွတ်ရေးပါတီနှင့် လူထုစိတ်ချမ်းသာရေးကို ကြိုးစားပါသည်သို့သော်လည်းမအောင်မြင်ပါ။ ယင်းသို့ကြိုးစားနီစဉ်မှာပင် ကမ္ဘာ့နိုင်ငံရေး၊ မြန်မာနိုင်ရေး အခြေအနီအရ လွတ်လပ်ရေး တည်တံ့ခိုင်မြဲရေးနှင့် မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမားများ စီးပွားရေးအားလုံးညီညွတ်ရန် လိုအပ်လာသည်ဟု သဘောပေါက်ယုံကြည်ခြင်းကြောင့် ပါတီနှင့် လူထုကို ပညာပီးပြီးနောက် ၁၃၁၉ ခု၊ တပို့တွဲလဆန်း ၆ ရက်၊ ၁၉၅၈ ခု၊ ဇန်နဝါရီလ ၂၅ ရက်နိန့်တွင် မင်းပြားမြို့၌ လက်နက်စွန့်ပွဲ တစ်ရပ်ကို ကျင်းပ၍ ဆရာတော်သည်တပည့်များနှင့် ဥဒပဒေတွင်းသို့ ဝင်ရောက်လာပါသည်။
ဆရာတော်ဦးစိန္တာအား ဖက်ဆစ်ရို့၏ ညှဉ်းပန်းနှိပ်စက်မှုဒဏ် ကြောင့် သက်တော် ၆၂၊ ဝါတော် ၄၂ ဝါမြောက်တွင် ၁၃၂၆ ခု၊ နတ်တော်ဆန်း ၁၀ ရက်၊ တနင်္လာနိန့် နိန့်ခြင်းဖက် ၂ နာရီအချိန်တွင်၊ ရန်ကုန်မြို့၊ ငါးထပ်ကြီးဘုရားလမ်း၊ အမှတ် ၁၅၂ ၊ သိမ်ကုန်းကျောင်းတိုက်၊ ရွှေဘုံသာကျောင်းဆရာတော် ဦးရဝိန္ဒထံ၌ တည်းခိုဆီးဝါးကုသနီစဉ်မှာပင် ပျံလွန်တော်မူသည်။
တော်လှန်ရေးအစိုးရသည် ဆရာတော်၏ဈာပနအတွက် ငွေ ၅၀၀၀ိ ကိုလှူဒါန်းပြီး ၇ုပ်ကြွင်းကို လည်းတပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မှ စစ်တွေသို့ ပို့ပီးပါသည်၊ ထိုမှတဆင့် ရေတပ်မတော်ရေယာဉ်ဖြင့် မြေပုံမြို့ သို့ ပို့ဆောင်ပီးသည်။
ကိုကား။ဦးကျော်လှဦး (လွတ်လပ်ရေးမော်ဂွန်းဝင်ပထမအဆင့်)မှတ်တန်းမှ
(ခွပ်ဒေါင်းနီ(စစ်တွေ)က အမှတ်၁၄ ရခိုင့်တန်းဆောင် စာစောင်တွင်မှကောက်နုတ်ချက်မှာ)်
မြေပုံမြို့ တွင်ဆရာတော်အုပ်ဂူုမှာ မြက်ပင်များနှင့်တောထလျှက်ရှိပြီး နွားတင်းကုတ်ပိုင်ဖြစ်နီသည်။ အိုမင်းဟောင်းနွမ်းနီသောအုပ်ဂူတွင်လညှ်းဆရာတော်၏ မှတ်တမ်းမော်ကွန်းထိုးထားခြင်းမရှိ။အမိုးမိုးထားခြင်းမှာလည်းဟောင်းနွမ်းပြီးဖြစ်နီကြောင်း။ ရီးသားထားပါသည်)။။

........................................
ရခိုင့်အမျိုးသားရေး နိုင်နိုင်

23.10.11 | Posted in , , , | Read More »

သမိုင်းအစဉ်အလာ ကြီးမားတဲ့ ရခိုင်စာပေနဲ့ အရေးအသား

ပင့်ရစ်မနိုင် ရခိုင်မေး၊ ပင့်ရစ်မသိ ရခိုင်နှင့်ညှိ တဲ့။ မြန်မာစာ အရေးအသားမှာ အပင့်အရစ်ဟာ ပြဿနာ ကြီးတရပ် ဖြစ်ခဲ့ပါတယ်၊ ဘယ်နေရာမှာ ယပင့်နဲ့ရေးမလဲ၊ ဘယ်နေရာမှာ ရရစ်နဲ့ရေးမလဲ၊ ကကြီးကို ယပင့်လဲ (ကျ)၊ ရရစ်လဲ (ကျ)၊ အသံချင်းက တူနေတော့ ဘယ်အဓိပ္ပါဆိုရင် ယပင့်၊ ဥပမာ ကျီးကန်းက ကျီးဆို ယပင့်၊ ပမာဏ ကြီးတာကိုပြတဲ့ကျီး(ကြီး)ကိုတော့ရရစ်၊ ယပင့်(ကျီး)နဲ့ ရရစ်(ကျီး)ကြီးမှာ မရှုပ်ထွေး လှပေမဲ့ တခြးတခြား အပင့်အရစ် ရေးရာမှာကျတော့ ရှုပ်ထွေးကုန်ပါ တယ်။

ကျေနပ်ကို ယပင့်နဲ့ရေးမလား ရရစ်နဲ့ရေးမလား၊ မျှော်လင့် ဆိုတာကို ယပင့်နဲ့ရေးမလား ရရစ်နဲ့ ရေးမလား၊ မြန်မာစာအဖွဲ့ကထုတ်တဲ့ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းရယ်လို့ မပေါ်ပေါက်ခင်က ပညာ ရှင်တွေ အငြင်းပွားခဲ့ရတဲ့ ပြဿနာကြီးပါ၊ ပြီးတော့ အငြင်းစဲအောင်လို့ ပင့်ရစ်မနိုင် ရခိုင်မေး၊ ပင့်ရစ် မသိ ရခိုင်နှင့်ညှိလို့ အမှာအထား ပေါ်လာတာပါ၊ ရခိုင်စကားမှာတော့ ယပင့်နှင့် ရရစ်ကို ခွဲခွဲခြားခြား အသံထွက်တတ်တော့ ဒီလိုပြဿနာ မရှိပါဘူး၊ နားနဲ့ကြားတဲ့(ကျား)ဆို ကြား။ တောထဲကကျား ဆို ကျား။ နံပါတ်ခြောက်ဆို(ခြောက်)။ ဂျောက်တွန်းတဲ့ချောက်ဆိုချောက်။ ရရစ်ဆိုလို့ကတော့ ရသံ အထင်အရှားနဲ့ အသံထွက်တတ်တာပါ၊ ရခိုင်ဒေသိယစကားဟာ ဗမာစကားရဲ့ ရှေးကရှိခဲ့ပြီး ပျောက် ကွယ်နေတဲ့ အထူးသဖြင့် ရသံကို ထိမ်းသိမ်းထားတဲ့ ဘာသာစကားလို့ ဆိုရပါလိမ့်မယ်။ ရသံ သတ် သတ်လောက်ကို ထိမ်းသိမ်းတာတော့ မဟုတ်ပါဘူး၊ ဗမာစကားမှာ ရှေးသုံးလို့ သတ်မှတ်ထားတဲ့ ပေါရဏ စကား တချို့ကိုလဲ ရခိုင်ဒေသိယစကားမှာ တွေ့နိုင်တာပါဘဲ၊ ဗမာစကားကို ထဲထဲဝင်ဝင် လေ့လာချင်ပြီဆိုရင် ရခိုင်ဘာသာစကားကို ဥပေက္ခာ ပြုထားလို့ မရပါဘူးရှင်၊ ရခိုင်တိုင်းရင်းသားတွေဟာ သမိုင်းအစဉ်အလာ ကြီးမားတဲ့ သူတွေပါ၊
ဓည၀တီခေတ် ဝေသာလီခေတ် မြောက်ဦးခေတ် ဆိုပြီး ရခိုင်သမိုင်း အခိုင်အမာရှိခဲ့ပါတယ်၊ ဓည၀တီခေတ်ဆိုတာက ခရစ်တော်မပေါ်မှီကာလကတည်းက ရှိခဲ့တာပါ၊ နောက်ဆုံး မြောက်ဦးခေတ်က AD ၁၇၈၀ ကျော်အထိ တည်ခဲ့တာပါ၊ ခေတ်အဆက်ဆက်ဟာ ခေတ်မှီကာမတ်တတ်ရယ်လို့ မဟုတ်ပါဘူး၊ ဓည၀တီခေတ် နောက်ပိုင်းမှာဆို ဗုဒ္ဓဘာသာလဲ စပြီးထွန်းကား ဒင်္ဂါးတွေထုတ်လုပ်ပြီး ငွေကြေးစနစ်လဲ တွင်ကျယ်နေခဲ့ပါပြီ၊ ဝေသာလီ လေးမြို့ခေတ် မှာတော့ ပြည်ပအနောက်နိုင်ငံတွေနဲ့ ကုန်သွယ်ရေး ဆက်ဆံမှုတွေ ရှိခဲ့ပါပြီ၊ ငွေကြေးအဖြစ် ရွှေဒင်္ဂါး ငွေဒင်္ဂါးတွေ သုံးစွဲခဲ့ကြပြီလို့ဆိုပါတယ်၊ ရခိုင်မြို့ပြတွေ စည်ပင်ထွန်းကားခဲ့တဲ့ကာလပါရှင်။ AD ၁၅၀၀ ကျော်ဒုတိယ မြောက်ဦးခေတ်ကာလတော့ ရခိုင်ထီးနန်းအင်အား တောင့်တင်းခဲ့တဲ့ကာလပါ၊ ဘိုးတော် ဘုရားလက်ထက် ၁၇၈၄ ခု အိမ်ရှေ့မင်းက တိုက်ခိုက်သိမ်းသွင်းခံခဲ့ရတဲ့အထိပါဘဲရှင်၊ ကိုယ့်ထီး ကိုယ့် နန်း ကိုယ့်ကျငှန်းနဲ့ တင့်တင့်တယ်တယ် နေနိုင်ခဲ့တော့ ရခိုင်စာပေ ထွန်းကားခဲ့ပုံက အံ့မခမ်းလို့ ဆိုရပါ လိမ့်မယ်။ BC ခြောက်ရာစု လောက်ကရေးခဲ့တယ်လို့ ယူဆရတဲ့ဗြဟ္မီအက္ခရာ အပါအ၀င် ရှေးကျတဲ့ အက္ခရာတွေနဲ့ ရေးထားတဲ့ ကျောက်စာတွေကို ရခိုင်ဒေသမှာ အများအပြား တွေ့ရပါတယ်။ ကျောက် စာတွေတင် မဟုတ်ပါဘူး ဝေသာလီခေတ်မှာကတည်းက သက္ကတကနေ ရခိုင်ဘာသာကို ပြန်ဆိုထား တဲ့ ကျမ်းတွေ ပေါ်ထွန်းခဲ့ပြီလို့ဆိုပါတယ်၊ ကျမ္မရာဇ်မင်းကြီးဝတ္ထုတို့၊ မနုဓမ္မသတ်တို့လို စာမျိုး၊ ဂေါတမ ပူရမ်လို နက္ခတ်ကျမ်းတို့တွေပါ၊ ကဗျာလင်္ကာဘက်ကို ကြည့်ပြန်ရင်လဲ ရခိုင်ဒေသဟာ အလင်္ကာ ဒေသ လို့တောင် ဆိုနိုင်လောက်ပါတယ်၊ ကဗျာလင်္ကာ ပေါ်ထွန်းခဲ့တဲ့ ကာလကလဲစော ကဗျာအရည် အသွေးကလဲ ပြောစမှတ်ပြုစရာပါ၊ ပုဂံထီးနန်းဆိုတာ ဘယ်မှာနေမှန်း မသိသေးတဲ့အချိန်၊ AD ခြောက် ရာစု လေးမြို့ခေတ်မှာ ရခိုင်ဘက်မှာက ကဗျာလင်္ကာသံကို ကြားနေရပါပြီ၊ ရေးဖွဲ့သူက အိမ်ရှေ့စံ မိဖုရား စောပြည့်ညို၊ သု့ရဲ့နာမည်ကြီးကဗျာက သိမ်ကံမိန်တွင်၊ အစချီတဲ့ အလွမ်းရတု၊ စပ်နည်းရော အတွေးရော အဆင့်အတန်း မြင့်လှတယ်လို့ ဖတ်ရသူအများ လေးစားရတဲ့စာပါရှင်။ နောက်တော့ AD ၇၈၆ ခု မှာရေးတယ်လို့ အမှတ်အသားရှိတဲ့ အမတ်ကြီး ဓမ္မဇေယျရဲ့ ဗျဉ်းသုံးဆယ့်သုံးလုံး လှေတော်သံ၊ ကကြီး အစ အ အဆုံး အက္ခရာတွေကို ညွှန်းညွှန်းပြီး ဖွဲ့ထားတဲ့ ကဗျာပါ၊ ပုဂံခေတ်က အနန္ဒသူရိယရဲ့ သူတည်းတယောက် ကောင်းဖို့ရောက်မူ ကဗျာဟာ သူ့ခေတ်သူ့အခါ ဘာသာစာပေ ထွန်းကားမှု အဆင့်နဲ့ ယှဉ်တွယ်ရင် ပုဂံခေတ် လက်ရာ မဟုတ်နိုင်ဘူးလို့ ကောက်ချက်ချကြတဲ့ ပညာရှိများဟာ ပုဂံခေတ်မတိုင်မှီ ကတဲက ပေါ်ထွန်းတယ်လို့ အမှတ်အသားရှိတဲ့ ရခိုင့်ကဗျာတွေကို ဆင်ခြင်စဉ်းစား သင့်လှပါတယ်ရှင်၊ ကဗျာလင်္ကာအရာမှာ ရခိုင်တိုင်းရင်းသားတွေ ဗမာတွေထက် အယင်ကျပုံကို နောက်သာဓကတရပ် ရှိပါသေးတယ်။ အဲဒါက မြန်မာဘက်မှာလဲ ထွန်းကားတဲ့ ဧချင်း ကဗျာပါ။ ဧချင်း ကဗျက ဘုရင့်သားတော် သမီးတော်တွေ အိပ်စက်တဲ့အခါ ဆိုရလျှောက်ရတဲ့ ကဗျာတမျိုးပါဘဲ၊ ဒီဧချင်းကဗျာလောကမှာ ဘယ်ဧချင်းကဗျာ အစောဆုံးလဲ ကြည့်ပြန်ရင် ရခိုင်မင်း ဘစောဖြူရဲ့သမီး မောက်တော်မင်းသမီးအတွက် ဖဒူမင်းညို ရေးသားတဲ့ ရခိုင်မင်းသမီးဧချင်းပါဘဲ၊ ဒါကိုကြည့်ရင် မင်းသားငယ် မင်းသမီးငယ် တွေအတွက် ဧချင်း ရေးတဲ့အစဉ်အလာကို ရခိုင်စာဆိုတွေက ဦးဆောင်ခဲ့တယ်လို့ ဆိုနိုင်ပါလိမ့်မယ်၊ ရခိုင်စာဆိုတွေထဲမှာ နောက်ထင်ရှားတဲ့ စာဆိုတဦးက ဥက္ကာပျံပါ။ ခရစ်နှစ် ၁၅၀၀ ကျော် ၁၆၀၀ လောက်မှာ ရခိုင်ဘုရင် မင်းခမောင်း ဟံသာဝတီကို ရောက်နေပါတယ်၊ ဘုရင်နဲ့ပါလာတဲ့ အမတ်ကြီး ဥက္ကာပျံက ရခိုင်ကို လွမ်းလှပါပြီ ပြန်ချင်လှပါပြီ၊ ဒီမှာတင် ကိုယ့်ဘုရင် ရခိုင်ကို ခြေဦးပြန်လှည့်ဘို့ ဆယ့်နှစ်ရာသီဘွဲ့ ကဗျာကြီးကို ရေးပါတယ်၊ ဒီကဗျာဟာလဲ ပညာရှင်တွေ တလေးတစား ချီးကျူးရတဲ့ ကဗျာပါ၊ ကဗျာလင်္ကာနဲ့ ပတ်သက်လာရင် ရှေးတန်းရောက်နေတာဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ကဗျာလင်္ကာ ဗီဇကြောင့်လို့ ဆိုရင် မမှားနိုင်ပါဘူး၊ ရခိုင်တ်ုင်းရင်းသားတွေက အရေးအခင်း ထူးထူး ခြားခြားရှိတိုင်း ကဗျာမပါရင် ပြီးမှမပြီးတာ လှေလှော်ထွက်ရင် ကဗျာနဲ့ ဘုရားပွဲရှိရင် ကဗျာနဲ့ အလှူ မင်္ဂလာပွဲမှာ ကဗျာနဲ့ ကဗျာနဲ့ ကင်းခဲပါတယ်ရှင်၊ ဒါကြောင့်လဲ လှေတော်သံကဗျာ ပုခက်လွှဲသားချော့ ကဗျာတို့ သာခြင်းတို့ တပို့တွဲလ ကောက်ရီတ်အပြီး သီကြဆိုကြတဲ့ သံချပ်တို့ ပုဂ္ဂိုလ်တဦးဦးရဲ့ အတ္ထု ပတ္တိကို ဖွဲ့တဲ့ ဘွဲ့ကဗျာတို့ ကဗျာလင်္ကာ အဖွဲ့အမျီုးမျိုး တွေ့နိုင်ပါတယ်။ အဆုံးစွာ အစီရင်ခံရရင် ဗမာကဗျာမှာ မတွေ့ရတဲ့ သခွားသီးအဖွဲ့ကဗျာမျိုးကိုတောင် တွေ့ရပါတယ်ရှင်၊ ကဗျာလင်္ကာ ဘက်မှာ သာ မဟုတ်ပါဘူး၊ စကားပြေ ထဲမှာဆိုရင်လဲ ကျောက်စာ ရာဇ၀င် လျှောက်ထုံး ပုံပြင် ၀တ္ထု စသဖြင့် ပေါပေါကြွယ်ကြွယ် ရှိလှတဲ့ ရခိုင်စာပေပါ၊
ဒီလိုအဆင့်အတန်း မြင့်တဲ့ တိုင်းရင်းသား ဘာသာစာပေကို မြှင့်တင်ဘို့အလုပ်ဟာ မြန်မာတိုင်းရင်းသားတိုင်း တာဝန်တရပ်ပါဘဲ၊ မြန်မာစာ လေ့လာရေးမှာ ဗမာစာ ဗမာစကား သက်သက်ကိုသာမဟုတ်ဘဲ တိုင်းရင်းဘာသာစာပေတွေကိုပါ လေ့လာဘို့  အခွင့်အလမ်း ဖန်တီးနိုင်ရင် ကောင်းလေစွလို့ အောက်မေ့ မိပါတယ်ရှင်။  စာပေမြင့်ပြီး လူမျိုးတင့်ပါစေ။
RFA မှထုတ်လွင့်ချက် ကိုအများသိရန်ခံစားတင်ပြသည်

....................................
ရခိုင့်အမျိုးသားရေး နိုင်နိုင်

23.10.11 | Posted in , , , | Read More »

မြောက်ဦးခေတ် ရွှေရောင်လွှမ်းသော သိရီသူရိယ စန္ဒမဟာ ဓမ္မရာဇာ မင်းဗာဘုရင်

ကမ္ဘာအစ မဟာသမတမင်း၏သားတော်သမုတ္တိဒေ၀ မင်းမှစပြီး ဓမ္မ၀တ္တိ-ရမ္မပူရမြို့ ကို ဖန်ဆင်းသည်။ထိုမှတဆင့် ဒွါရကတိုင်း ဒွါရာဝတီမြို့တော်ကြီးကို ၀ါသုဒေ၀ ဗလဒေ၀ အစရှိသော ဒဿပါတိက ညီနောင်တကျိတ်တို့ ကဆက်ခံစိုးစံလေသည်။

ယင်းမှသည် ဓည၀တီ၊ မေဃ၀တီ၊ဝေသာလီမြို့တို့ ၌သူရိယမင်းဆက်၊စန္ဒြားမင်းဆက်တို့ဆက်ခံစိုးမိုးသည်။
ထိုနောက်မှဝေသာလီကျောက်လှေကားမြို့တော် ကံသုံးဆင့်မြို့တော်၊နီလာပန်းတောင်မြို့ တော်၊ကျောက်ပန်းတောင်မြို့တော်၊သပိတ်တောင်မြို့တော်၊ပဉ္စာမြို့တော်၊စမ္ဘ၀က်မြို့တော်၊
ခြိတ်မြို့တော်၊နေရဉ္စရာတောင်ငူမြို့တော်၊ ပရိန်မြို့တော်၊လောင်းကြက်မြို့တော်၊ မြောက်ဦးမြို့တော်တို့သည် မင်းစဉ်မင်းဆက်၊မြို့စဉ်မြို့ဆက် မင်းငယ်ပေါင်း ၂၉၈ ဆက်စိုးစံသည့် မြို့ရံ မြို့ငယ်ပေါင်း လက်ဝဲ ၉၉ မြို့၊လက်ျာ ၉၉ မြို့တို့နှင့် အစဉ်ဆက်မပျက် စည်ကားခဲ့သည်။ တိုင်းပြည်အမည်မှာမဟာဝိဟိကရက္ခပူရ ဓည၀တိပြည် မြို့ကားမြောက်ဦးမြို့တည်း။ နန်တော်ကြီးအမည်မှာအာယုဇ္ဈာပူရ မဟာသုဒဿန မြောက်ဦးရွှေနန်းတော်ကြီးပေတည်း။
ဤသို့စည်ကားလာခဲ့သော မြောက်ဦးရာဇဌာနီကြီးကို မင်းဗာဘုရင်မင်းမြတ်သည် ဒွါရ၀တီ သံတွဲ မြို့စား မင်းငယ်ဘ၀မှ ဘုရင်မင်းးမြတ်ကြီးဘ၀သို့ ကူးပြောင်းကာ မြောက်ဦးနန်းတ်ာကြီးကို သိမ်းမြန်းစိုးစံတော်မူလေသည်။
မင်းဗာကြီးနန်းတက်ပြီး ၁၅၃၂ ခု၊ နိုဝင်ဘာလ လဆန်းစချိန်သို့ရောက်သောအခါ၊ ဝေသာလီခေတ်ဦးကပင် ရခိုင်ပိုင်နက်မြေဖြစ်သော ဒက္ကားနှင့် မူရှိဒါဗဒ်(Mushidabad) မြို့များသို့ တစတစဝင်ကာ အပိုင်စီးရန် ကြိုးစားနေသော မဟာမေဒင်ကုလားလူမျိုးအား နှိမ်နှင်းရသည့်အခြေပေါ်ပေါက်လာခြင်းကြောင့်၊ မင်းဗာကြီးသည် အလုံးအရင်းနှင့်ချီတက်ခဲ့ရသည်။ အခက်အခဲမရှိဘဲအောင်မြင်စွာ နှိမ်နှင်းနိုင်ခဲ့ပါသည်။ ယင်းအချိန် မဂိုဘုရင် မူရှုမာယွန်သည် မူရှိဒါဗဒ် (Mushidabad) မြို့၏မြောက်ပိုင်း မိုင်(၈၀)ခန့်ကွာဝေးသော ဂါဝါပြည်ငယ်ကို လက်အောက်ခံအဖြစ်ဖြင့် သိမ်းပိုက်ကာ ယင်းမှာပင်ရှိနေပါသည်။ ဒေလီနန်းတွင်းရှုပ်ထွေးနေခြင်းကြောင့် ရှုမာယွန်သည် ဒေလီမြို့တော်သို့ ချက်ချင်းမပြန်နိုင်သေးပါ။ ယင်းကဲ့သို့သောအခြေအနေမှာ ဂါဝါပြည်ကိုသိမ်းပိုက်မည်ဆိုလျှင် အလွယ်တကူဖြစ်နိုင်သည်ဟု မင်းဗာကြီးသိ၏။ သို့သော်လည်းမင်းဗာကြီးသည် ကိုယ်ပိုင်နယ်မြေ ကိုလည်း မကျူးကျော်ရ သူ့ပိုင်နယ်မြေ ကိုလည်း မကျူးကျော်မစော်ကားအပ်၊ မိမိအင်အားကြီးသည်ဟူ၍ အင်အားနည်းသော တဖက်သားကို မတရားမဖိနှိပ်အပ်၊ ရန်စရှည်တတ်သည်ဟု မိန့်တော်မူပြီးလျှင် ဂါဝါသို့ချီတက်တိုက်ခိုက်ခြင်းမပြုခဲ့ပါ။
ထိုမျှသာမဟုတ် မင်းဗာကြီးသည် မဂိုဘုရင်မာယွန်နှင့် တိုင်းပြည်နယ်နိမိတ် အပိုင်းအခြားကိုသတ်မှတ်ကာ မဟာမိတ်ဖွဲ့ခဲ့ပါသည်။ ဇဘောက်သျှာ (Zabauk Shah) ဟူသောဘွဲ့သည် မဂိုဘုရင်က မင်းဗာကြီးအား မဟာမိတ်အဖြစ်ဖြင့် ဆက်ကပ်သောဘွဲ့ဖြစ်ပြီး။ပန်စီ်(Pensi) သည် မင်းဗာကြီးနှင့်လက်ဆက်သော ရှုမာယွန်၏ သမီးတော်ဖြစ်၏။ ပန်စီတယ်(Pensital) ဟူ၍ လည်းခေါ်၏။
ရခိုင်ရာဇဝင် ၌ “ပဲသီတာ”မင်းသမီးဟုတွင်၏။
မင်းဗာကြီးနန်းတက်၍ (၂)နှစ်မြောက် ခရစ်သက္ကရာဇ် ၁၅၃၃ မှစ၍ မင်းဗာကြီး၏ သားတော်မင်းခမောင်း နတ်ရွာလားသည့် ၁၆၂၂ ခုနှစ်ထိ၊ နှစ်ပေါင်း (၉၀)တိုင်အောင် အဆက်မပြတ်ဘဲ၊ ရခိုင်နှင့် မဂိုမဟာမိတ်ဖြစ်ခဲ့ကြပါသည်။ ယင်းကြောင့် မင်းဖလောင်းအား စီကင်ဒါလျှာ(Siecunda Shah)၊ မင်းရာဇာကြီးအား ဆော်လိမ်လျှာ(Selimn Shah) မင်းခမောင်းအား(Hussein Shah) ဟူသောဘွဲ့ကို မဂိုဘုရင်တို့ မဟာမိတ်အနေနှင့် ပေးဆက်ကြကြောင်းတွေ့ရပါသည်။
ခရစ်သက္ကရာဇ် ၁၆၆၁ သို့ မရောက်မီရှေ့ပိုင်း၌ ၊ ရခိုင်နှင့်မဂိုတို့ ဆက်ဆံရေးအနေအထားကိုပြန်ကြည့်လျှင် ဒေလီမြို့နယ်၌ ခရစ်သက္ကရာဇ် ၁၄၉၄ မှ ၁၅၀၀ အထိ၊ ထီးနန်းစိုက်ခဲ့သော ဘာဘာ(Babur) သည်၊ မဂိုနိုင်ငံကို ရှေးဦးစွာတည်ထောင်၍ ၊ ထိုမင်းလွန်ပြီးနောက် သားတော်ကြီး ရှုမာယွန်(Humayun) သည် ခမည်းတော်၏ အရိုက်အရာကို ၁၅၃၀ မှ ၁၅၅၆ အထိ၊ ထီးနန်းစိုးစံခဲ့ကြောင်း၊ ရခိုင်ပြည် ၌ ၁၅၃၁ မှ ၁၅၅၃ ခုအထိစိုးစံသော ရခိုင်ဘုရင် မင်းဗာကြီးနှင့် မင်းပြိုင်ဖြစ်ကြောင်းတွေ့ရပါသည်။
မင်းဗာဘုရင်ကြီးတွင်မိန်ဖုရား ၉ ယောက်ရှိခဲ့သည်ဟုသမိုင်းမှတ်တမ်းကဆိုသည်။
၁။မိဖုရားခေါင်ကြိးဖွားမင်းစော(စောကောက်မ(၀ါ)စောမင်းလှလည်းခေါ်သည်)
ယင်းမိဖုရားတွင်သားကြီးမင်းဒီဃာဖွားမြင်သည်။
၂။မိဖုရားစောသျှင်စောတွင် ဘောတော်ထွေးနှင့်ဘောတော်ဆွေဖွားမြင်သည်။
၃။မိဖုရားကြီးစိုးမင်း
၎။မြောက်မိဖုရား(ပြည်ရှင်မင်းခေါင်နှမတော်ဖြစ်သည်)
၅။မိဖုရားစောမျိုစစ်တွင်သမီးတော်စောဘုံးလတ်ကိုဖွားမြင်သည်။
၆။မိဖုရားစောဘုန်းထွဋ်တွင်သားသမီးမဖွားမြင်။
၇။မိဖုရားစောမင်းလပ်တွင်သားသမီးမဖွားမြင်။
၈။မိဖုရားစောသန္တီတွင်သားတော်ချစ်နှောင်(ခေါ်)မင်းဖလောင်းနှင့်စောသန္တာကိုဖွားမြင်သည်
(စောသန္တာငယ်နာမည်မှာငွေနုဖြူဖြစ်သည်ရခိုင့်သူရဲကောင်းအမျိုးသမီးတဦးဖြစ်သည်၊ ဗမာစစ်ဘုရင်တပင်ရွှေထီးနှင့်ယောက်ဖတော်ကျော်ထင်အနော်ရထာမြောက်ဦးရွှေနန်းတော်ကိုလာရောက်
တိုက်သောအခါဖမ်းဆီးနိုင်သောသူရဲကောင်းရခိုင့်အမျိုးသမီးဖြစ်သည်)
၉။မိဖုရားစောမင်းထွီးတွင်မင်းရန်အောင်နှင့်မင်းမန်ကြီး သားနှစ်ယောက်ဖွားမြင်သည်။
ရခိုင်ရာဇဝင် ၌ “ပဲသီတာ”မင်းသမီးဟုတွင်၏။မဂိုဘုရင် ရှုမာယွန်၏ သမီးတော်ဖြစ်၏။ ပန်စီတယ်(Pensital) ဟူ၍ လည်းခေါ်၏။(မိဖုရားစရင်းတွင်မရှိပါ)


...........................................
ရခိုင့်အမျိုးသားရေး နိုင်နိုင်
ကိုးကား။။ ဆရာကြီးဦးရွှေဇံ မှတ်တန်း။ဦးမောင်ထွန်းအောင် ရခိုင့်သူရဲကောင်းအမျိုးသမိးမှတ်တန်းစာအုပ်

23.10.11 | Posted in , , , | Read More »

အတ္တပန်းများ လန်းဆန်းချိန်

တိတ်တိတ်နိန်ကေ ထောင်တန်၊
ဆိပ်ဆိပ်နိန်ကေ ဝန်ခံ
မထိဘဲ နာကြင်ရရေဒါဏ်၊
ရီးများကေ ရီနိုင်
မီးများကေ မီးနိုင်
အတ္တများလို့ မတရားနိုင်၊
မသိသလိုနန့် ပျောက်လိုက်ဂါတ်
မတော်ပဲလည်း နိန်ရာလု
မသင့်မှန်းလည်း မတွီးတတ်
သူတော်ကောင်းတိ ဝီးဝီးရှောင်
မကောင်းရေလူတိက အနိုင်ရ
နာနာဘဝ မိတ်ဆာကောင်တိက
ကမ္ဘာကြီးကို စိုးမိုးလာဗျာလ်လား

ထွန်းလင်းစိုး

22.10.11 | Posted in , , | Read More »

(နိဒါန်း) ရခိုင်အမျိုးသားနိုင်ငံရေး ပကတိဖြစ်စဉ်ကို နိုင်ငံရေအရ ရှု့မြင်ခြင်း (သို့) အမျိုးသားလွတ်မြောက်ရေး လမ်းစရှာဖွေခြင်း

နိုင်ငံရေး သဘောတရားအရ (Political idea for good objective)၊ နိုင်ငံရေး အတွေးအခေါ် စိတ်ကူးစိတ်သန့်ကောင်းဟူ၍ အလိုအလျှောက် ဖြစ်ပေါ်သည့် အလေ့အထမရှိပေ။ ၄င်းလူမျိုး၏ နိုင်ငံရေး အတွေ့အကြုံ၊ အကျပ်အတည်း၊ ပဋိပက္ခ၊ အနိဋ္ဌါရုံ၊ ဖြတ်သန်းမှုသမိုင်း၊ ဒေသတွင်းနိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲ၊ ခေါင်းဆောင် များအပေါ်တွင် အခြေခံကာ အပြန်အလှန် ဆက်စပ် ခွဲခြမ်းစစ်ဖြာ ရှုးမြင်သုံးသပ်ခြင်းဖြင့် နိုင်ငံရေး အတွေးအခေါ် ကောင်းများ ပေါ်ထွန်းလာကြသည်။ ၄င်းနိုင်ငံရေး အတွေးအခေါ်များ အပေါ်အခြေခံပြီး အရည်အချင်းပြည့်ပို့၊ သမာသမတ် ကျသော မျိုးချစ်ခေါင်းဆောင်များက ဘောင်စေ့ ထောင့်စေ့ ထု့ ဆစ်မွန်းမံ မှသာလျှင် လက်ရာ မြောက်သော နိုင်ငံရေး ရုပ်လုံးပေါ် ထွန်းလာကြပါသည်။ တနည်းဆိုရသော် အစီုးရကောင်းများ ပေါ်ထွန်းလာခြင်းဖြစ်သည်။ အစိုးရကောင်းများ ဆိုသည်မှာ ပြည်သူ များကရွေးရှယ် တင်မြှေက်ပြီး၊ တိုင်းသူပြည်သားများ၏ အကျိုးကိုသာ ရှေ့ရှုးဆောင်ရွက်၊ ထိမ်းသိမ်းကာကွယ် စောင့်ရှောက်ကာ၊ ကျောသားရင်သား မခွဲခြားဘဲ၊ တရားမျှတစွာ ဥပဒေနှင့်အညီ စီရင် အုပ်ချုပ်သော အစိုးရကိုဆိုလိုသည်။ အကြင်အစိုးရ ကောင်းပေါ်ပေါက်လာစေရန် ရခိုင်လူမျိုးများ လွတ်လပ်ရေးကို အလျှင်တိုက်ယူကြရ ပေအုံးမည်။
လွတ်လပ်၊ တိုးတက်၊ အချုပ်အချာအာဏာပိုင်ဆိုင်သောနိုင်ငံတခုအဖြစ် ဤကမ္ဘာကြီးတွင် ရပ်တည်နှိုင်ရန် လူမျိုးတမျိုးတွင် (national consciousness)၊ အမျိုးသား အထွဋ္ဌ်တမြတ် မဏ္ဌိုင် များ၊ ခိုင်မာသည့် ယုံကြည် ချက်များနှင့် အမျိုးသားရေးနိုးကြားမှု့များရှိ ကြရပေမည်။ ရခိုင်တို့ ၏နိုင်ငံရေး အထွဋ္ဌ်တမြတ် မဏ္ဌိုင် (political value) မှာ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ လူ့ သိက္ခာ သမာတိနှင့် အညီရပ်တည် နေထိုင်လိုကြခြင်းပင်ဖြစ်သည်။ လူမှု့ရေးမဏ္ဌိုင် (social value) အဖြစ် အမျိုးသိလ နှစ်ဌာနကိုစောင့်သိခြင်း နှင့် အဖရခိုင်ပြည်ကြီးအပေါ်(territory of integrity) ခံယူထားကြသည်မှာ ဗုဒ္ဒရှင်းတော် ကိုယ်တိုင် ကြွရောက်ချီး မြှင့်တော်မူ ခဲ့သည့် ဗျာဋ္ဌိပ်မြေ ဖြစ်သည်။ မြင့်မြတ် တည်ကြည်သည့် သူတော်စင် သူတော်မြတ်၊ လက်ရုံးနှလုံး သုတ ပြည့်စုံသော ရခိုင်အမျိုးသား ခေါင်းဆောင်များ ကိန်းအောင်းရာ မြေဖြစ်သည်။
ရခိုင်အမျိုးသား နိုင်ငံရေး ဖြတ်သန်းမှု့အတိတ်သမိုင်း၊ လက်ရှိအနေအထား နှင့် အနာဂတ်မျှော်မှန်းချက် များကို လေ့လာ ဆန်းစစ်ကြည့်ပါက အဆိုပါ မဏ္ဌိုင်ကြီးများကို ထင်ရှားစွာတွေ့ မြင်နှိုင်ပေသည်။ ဘိစိ ၃၃၂၅ မှ အေဒိ ၁၇၈၄ ခုထိ မင်းဆက်ပေါင်း ၂၄၃ ဆက်ဖြင့် ဓည၀တိ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး စသည့် ခောတ်ကြီး လေးခောတ်ဖြင့် နှစ်ပေါင်း ၅၀၀၀ ကျော် ရခိုင့်ဘုရင့်နိုင်ငံတော်ကို တည်ထောင် ထိမ်းသိမ်း ကာကွယ်ခဲ့ ကြသည်။
အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေးသမိုင်းကို ပြန်ကြည့်မည် ဆိုလျှင် ခောတ် လေးခောတ်တွေ့ ရပေသည်။ ၁၇၈၄ ခု့ မှ ၁၈၄၃ ခု့ ဗိုလ်ချင်းပျံ၊ မင်းသားကြီး ရွှီဘန်း၊ မြို့သူကြီး အောင်ကျော်ဇံ၊ ဒေးဝမ်းအောင်ကျော်ရွှီ တို့ ဦးဆောင်တော်လှန်ခဲ့ ကြသည့် ဗမာနယ်ရှေ့နှင့် အင်္ဂလိပ်နယ်ရှေ့မောင်းထုတ်ရေး ရခိုင့်ဘုရင့် နိုင်ငံတော် ပြန်လည်ထူထောင်ရေး၊ ၁၉၂၀ ခု မှ ၁၉၄၇ ခုထိ ဆရာတော် ဦးဥတ္တမ၊ ဆရာတော် ဦးစိန္ဒာ၊ ဆရာတော် ဦးပညာသိဟ၊ ဗိုလ်ကြီးကြာလှအောင်၊ ဘုံဘောက်သာကျော်၊ဦးသာကျော် အစရှိသည့် ခေါင်းဆောင်းများက အင်္ဂလိပ်၊ဂျပန် နှင့် ဗမာနယ်ရှေ့တိုက်ထုတ်ရေး ရခိုင့်သမတ္တနိုင်ငံထူထောင်ရေး၊ ၁၉၄၈ ခု မှ ၁၉၆၂ ခု့ ထိ ရ.တ.ည ဦးဆောင်သည့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရရှိရေး၊ ပင်လုံစာချုပ်အကောင် အထည်ဖေါ် ဆောင်ရေး လှုပ်ရှားမှု့ ဖြစ်သည်။ ဦးကျောင်ဇံရွှိခေါင်းဆောင်သည့် ရခိုင်ပြည်ကွန်မြူနစ် ပါတီ၏ ရခိုင်ပြည်လွတ်လပ်ရေးနှင့် ကွန်မြူနစ်နိုင်ငံတော် ထူထောင်ရေး နှင့် ၁၉၇၀ မှ ယခု့ ကာလအထိ ကိုယ်ပိုင် လွတ်လပ်ရေး၊ အချုပ်အချာအာဏာ ပိုင်ဆိုင်ရေး နှင့် ဒီမိုကရက်တစ် သမ္မတနိုင်ငံတော် ထူထောင်ရေးပင် ဖြစ်သည်။ ထင်ရှားသော ဗမာပြည်ကွန်မြူနစ်ပါတီ ရခိုင်အမျိုးသား ခေါင်းဆောင်များမှာ ဦးကျော်မြ၊ ဦးမောင်တူနှင့် ဦးလှထွန်းဗိုလ် တို့ဖြစ်သည်။
ယခု့ နောက်ပိုင်းထင်ရှားသော တော်လှန်ရေးခေါင်းဆောင်းများမှာ ဆရာစံကျော်ထွန်း (ကွယ်လွန်)၊ ဥက္ကဌ ခိုင်မိုးလင်း (ကွယ်လွန်)၊ ခိုင်ရာဇာ (ကွယ်လွန်)၊ ၊ ဦးထိန်လင်း၊ ဦးထွန်းရွှေမောင်၊ အရှင်အရိယ၀ံသ၊ ဦးသိန်းဖေ၊ ဥက္ကဌ ခိုင်ရဲခိုင်၊ ဒေါက်တာခင်မောင်၊ အမျိုးသမီးခေါင်းဆောင် စောမြရာဇာလင်း နှင့် အခြား ထင်ရှားသောခေါင်းဆောင်များဖြစ်ကြပါသည်။
၁၉၉၀ ခု့ နှစ် ရွေးကောက်ပွဲ နောက်ပိုင်းတွင် ရခိုင် ဒီမိုကရေစီအဖွဲချုက် ဥက္ကဌ ဒေါက်တာစောမြအောင်၊ ဦးအေးသာအောင်၊ ဦးဦးသာဘန်း နှင့်၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော RNDP မှ ဒေါက်တာ အေးမောင်တို့သည်ုအထူးထင်ရှားသော ဒီမိုကရေစီ ခေါင်းဆောင်များဖြစ်ကြသည်။
၂၀၀၄ ခု့ ရခိုင်ပြည်အမျိုးသားကောင်စိ (ANC) ဖွဲစည်းလှုပ်ရှားလာခြင်းသည် ၂၁ ရာစု့ ရခိုင်အမျိုးသား လွတ်မြောက်ရေး တော်လှန်ရေးကို ဒီမိုကရေစီ နည်းစနစ်မျာဖြင့်မွန်းမံကာ ပိုမော်ခောတ်မှိ တိုးတက် စေခဲ့သည်။ နိုင်ငံတကာအသိုင်းအ၀ိုင်း၊ မဟာမိတ်များနှင့် အနီးကပ်ဆက်စပ် လှုပ်ရှားလာ နှိုင်ခဲ့သည်။ တနည်းတဖုံ ရခိုင်လူငယ်များကို နိုင်ငံရေးနိုးကြားစေခဲ့သည်။ အုပ်ချုပ်ရေးစနစ်သစ်အတွက် ရခိုင်ပြည်ဖွဲစည်း အုပ်ချုပ်ပုံအခြေခံဥပဒေ မူကြမ်းကို ရေဆွဲ နှိုင်ခဲ့ကြသည်။ ထောင်နှင့်ချီသော အမျီုးသားရေး နိုးကြားသည့် လူငယ်လူလပ် ပိုင်းများကို အနောက်တိုင်းနှင့် ဥရောပနိုင်ငံများသို့ အခြေချနေထိုင်နှိုင်ရန် စွမ်းဆောင် ပေးနှိုင်ခဲ့သည်။
သို့သော် ANC ၏ နိုင်ငံရေးဦးတည်များချက်ဖြစ်သော ရခိုင်တမျိုးသားလုံး စည်းလုံးညီညွတ်ရေး၊ တန်းတူရေး၊ အချုပ်အချာ အာဏာပိုင်ဆိုင်ရေး ရရှိရန်အတွက် ဆက်လက်ဆောင်ရွက် ကြရပေအုံးမည်။ အထူးသဖြင့် ANC ၏ နိုင်ငံရေး မဟာဗျူဟာများ ဖြစ်ကြသော (၁) ရခိုင်နိုင်ငံရေး တော်လှန်းရေး အဖွဲအစည်းများ ညီညွတ်သည့် ANC မှသည် ရခိုင်တမျိုးသားလုံးညီညွတ်သည့် ရခိုင်ပြည် အမျိုးသား ကွန်ကရက်သို့ (Arakan National Congress) နှင့် (၂) ထိုအမျိုးသားကွန်ကရက်မှသည် ရခိုင်ပြည် အမျိုးသားအစိုးရ (Arakan National Government) ဖွဲစည်းနှိင်ရေး တို့ ကိုဆက်လက်လုပ်ဆောင်ကြရ ပေအုံးမည်။ ၄င်းအမျိုးသားအစိုးရ ဦးဆောင်ပြီး ဖက်ပေါင်းစုံ နည်းပေါင်းစုံ၊ နိုင်ငံတကာ၊ သံရေးတမံရေး နည်းဗျူဟာများဖြင့်ပြည်တွင်း ပြည်ပဆက်စပ် လှုပ်ရှားကာ ရခိုင်ပြည် လွတ်လပ်ရေးကို တိုက်ယူကြရ ပေအုံးမည်။
၁၉၈၈ ခု့ နောက်ပိုင်းမြန်မာနိုင်ငံ၏ ပါတီစုံစနစ် ကျင့်သုံးရေး နိုင်ငံရေး ရေစီးကြောင်း ပြောင်းလဲလာမှု့ ၊ ၁၉၉၄ ခု့ တွင် ကမ္ဘာ့ကုလသမဂ္ဂမှ ချမှတ်လိုက်သော ဆုံးဖြတ်ချက်များအရ တိုင်းရင်းသားများ၏ အခွင့်အရေးများ ရရှိရန်အတွက် လာမှု့၊ ၁၉၈၉ ခု့ ဗိုလ်ရာဇာနှင့် NUPA ပါတိ ခေါင်ဆောင်များကို အိန္ဒယ စစ်တပ် ကလုပ်ကြံသပ်ဖြတ်ပြီးနောက် အားနည်းလာသော ရခိုင်နိုင်ငံရေးနှင့် ၁၉၉၀ ရွေကောက်တွင်အနိုင်ရ ပါတိ ရခိုင်ဒီမိုကရေစီ အဖွဲချုပ်ကို အာဏာလွှဲပြောင်းမပေးခြင်း အပေါ်အခြေခံပြီး ခောတ်သစ် ရခိုင့်တော်လှန် ရေးကို တဆင့်မြှင့်တင်နှိုင်ရန် ၂၀၀၁ ခုနှစ်တွင် မေရိကတိုက်ရောက် ရခိုင်များ ညီလာခံကိုနယူးယောက်မြို့ တွင် ကျင်းပခဲကြသည်။ ၄င်းညီလာခံတွင် ဖွဲစည်းအုပ်ပုံအခြေခံဥပဒေရေးဆွဲရေး၊ ရခိုင်အမျိုးသားညီလာခံ ကျင်းပရေးနှင့် အမျိုးသားဗလသုံးတန် တည်းဆောက်ရေး နည်းဗျူဟာများကို ချမှတ်ခဲ့ကြသည်။ ၄င်းတိုမှာ (၁) နယ်စပ်ဒေသတွင်အခြေခံ လှုပ်ရှားနေသည့် အင်အားများကို စု့ စည်းပြီး စစ်ရေ၊ နိုင်ငံရေးအင်အား (အထူးသဖြင့် ANC) တည်ဆောက်ရန်။ (၂) နိုင်ငံတကာတွင်ရောက်ရှိ နေကြသော တပ်သိပညာရှင်များ၊ အလုပ်သမားများကို စုစည်းပြီး (အထူးသဖြင့် World Arakan Organization-WAO) ဖွဲစည်းကာ စီးပွားရေး၊ လူမှု့ရေး၊ ရခိုင့်ယဉ်ကျေးမှု့သမိုင်း၊ စာပေ၊ ဖွံဖြိုးရေး လုပ်ငန်းများလုပ်ဆောင်ကာ ရခိုင်ပြည်ပြန်လည် ထူထောင်ရေး အတွက်ပြင်ဆင်ရန်။ (၃) ကမ္ဘာ့ရခိုင်ကျောင်းသား လူငယ်များ ကွန်ကရက် (World Arakanese Student and Youth Congress-WASYC) ကိုဖွဲစည်းကာ သတင်းမိဒိယာ ကွန်ယက်၊ ပညာရေးနှင့် ခေါင်းဆောင်းသစ်များ အဖြစ်နေရာ ယူလာနှိုရန်ပြင်ဆင်ရန်။ (၄) ရခိုင်ဘုန်းကြီးကျောင်းများ နိုင်ငံတကာတွင် ဖွင့်လှစ် ထားရှိကာ သာသနာပြန့် ပွားရန်နှင့် (၅) ရခိုင်းလူမျိုးများ နိုင်ငံတကာတွင် အခြေချနှိုင်ရန် လမ်းများဖွင့်ပေးရန် စသည့်ရှေ့ လုပ်ငန်းစဉ် များကိုချမှတ်ခဲ့ကြသည်။
အလားတူပင် ၂၀၀၁ခု တွင်ကာလကတ္တားမြို၌ (ALD၊ ALP၊ DPA၊ NUPA) လေးပါတီ အစည်းအဝေးကို ကျင်းပကာ ကျယ်ပြန့် သောညီလာခံကျင်းပပြီး အမျိုးသားညီညွတ်ရေးကို တည်ဆောက်ရန်ဆုံးဖြတ်ခဲ့ကြသည်။ အမေရိကတွင်ဖွဲစည်းလိုက်သော ညီလာခံကျင်းပရေး ကော်မတိနှင့် ကာလကတ္တားတွင် ဖွဲစည်းလိုက်သော ကော်မတိတို့ ပူးပေါင်းကာ ၂၀၀၄ ခု နယူးဒေလိမြို့ တွင် ရခိုင်အမျိုးသားအကြိုညီလာခံ ကိုကျင်းပကာ အေအင်စီကို ဖွဲစည်းနှိုင်ခဲ့ကြသည်။
၎င်းအမျိုးသားဗလသုံးတန်ဖြင့် အပြန်အလှန်ဆက်စပ်ကာ စည်းစနစ်ကျစွာ လှုပ်ရှားမည်ဆိုပါလျှင် မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲ၊ ဒေသတွင်းအခြေအနေနှင့် ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲပေါ်တွင် အခြေခံပြီး ရခိုင်ပြည်၏အနာဂတ်သည် ရခိုင်များ အဆုံးအဖြတ်ပေးရမည့် အခြေအနေသို့ မလွဲမသွယ် ရောက်ရှိလာပါမည်။
၁၉၄၈ ခု မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး အချိန်ကစပြီး ယနေ့ အချိန်ထိ ရခိုင်ခေါင်းဆောင်များ အဖွဲအစည်းများအကြားတွင် အငြမ်းပွားနေကြသော နိုင်ငံရေးကိစ္စကြီး သုံးခုရှိသည်။ ၄င်းတို့ မှာ (၁) ဗမာနှုင့်ပူးပေါင်းနေထိုင်ပြီး အစွမ်းရောက်မူဆလင်များ (၀ါ) ရိုဟင်းဂျာများက ရခိုင်ပြည်ကို သီးခြားခွဲထုတ်ကာ အီဆလမ်နိုင်ငံ ထူထောင်ရန် ကြိုးစားနေကြခြင်းကို ကာကွယ်နှိုင်မည်ဟု့ ခံယူထားသည့်အုပ်စု၊ (၂) မူဆလင်များနှင့်ပူးပေါင်းပြီး ဗမာများကို ရခိုင်ပြည်မှတိုက်ထုပ်ကာ ရခိုင်နိုင်ငံတော်ထူထောင်ရန်နှင့် မူဆလင်ပြသနာကို နောင်ခါလာ နောင်ခါဈေး ဖြေရှင်းရန်ယုံကြည်သည့် အုပ်စု နှင့် (၃) ရခိုင်သား အလုပ်ကိုရခိုင်သားများသာ လုပ်ဆောင်ရေး (ရခိုင့်စွမ်းအားကိုရခိုင်သားများမြှင့်တင်ရေး) အလယ်အလပ် အမျိုးသားရေး လမ်းစဉ်ကို ကိုင်စွဲထား သည့်အုပ်စု့ များဖြစ်ကြသည်။ ဤကိစ္စကြီးသုံးရပ်ကို ညှိးနိုင်း အဖြေရှာကြရပေဦးမည်။ အလယ်အလပ်လမ်းစဉ်ကိုရွေးရှယ် ရပေမည်။ ထိုမှသာအမျိုးသားရေးဝါဒ ခိုင်မာပြီး ကိုယ့်အားကိုယ်ကိုး သည့်သခင်စိတ်များရင့်သန် လာပေမည်။
နောက်အရေးကြီးသော ရခိုင်တို့ ၏အငြမ်းပွားနေကြသောပြသနာ အရပ်မှာ “ရိုဟိန်းဂျာ” ကိစ္စကို မည်သို့ကိုင်တွယ်ကြမည်နည်းဟူသည့်ပြသနာပင်ဖြစ်သည်။ (Conservative-ကောင်ဆာဗေးတစ်) ရှေ့ရိုးစွဲဝါဒိ များက ၄င်းမူဆလင်များကို ရခိုင်ပြည်က အပြီးအပိုင်မောင်းထုတ်ပစ်ရမည်ဟု့ ခံယူထားကြသည်။ (Liberal-လိုင်ဘရယ်)တိုးတက်သော အမြင်ရှိသူများက လူဝင်မှု့ကြီးကြပ်ရေး ဥပဒေအရ တရားနည်း လမ်းကျစွာဖြေရှင်းရန် စဉ်းစားလာကြသည်။ မည်သို့ပင်ဆိုစေကာမူ အစွမ်းရောက်မူဆလင်များက ရခိုင်ပြည်ကို “ရိုဟင်ဂျိာသု့မဟုတ် အီစလမ်” နိုင်ငံထူထောင်ရန်ကြိုးစားနေကြခြင်းကို ရခိုင်သားများ စိုးရိမ်နေ ကြသည်မှာ သဘာဝကျလှပေသည်။ ဤပြသနာသည် ၁၉၈၈ ခု နောက်ပိုင်း ရုပ်တရက်ပေါ်ပေါက် လာသော ပြသနာမဟှုတ်ပေ။ မစ္စတာ မူဟင်းအလီဂျက်နက် (၁၉၄၈ ခု လွတ်လက်ရေးနှင့်အတူ ပါကစ္စတန် ၀န်ကြီးချုပ် ဖြစ်လာခဲ့သူ) ဦးဆောင်ပြီး အိန္ဒယနှင့် ပါကစ္စတန် သီးခြားလွတ်လပ်ရေး ရယူကာ တောင်အာရှတွင် အီစလမ်း နိုင်ငံထူထောင်ရေးလှုပ်ရှားစဉ် ကာလကတည်းကပင်၊ ရခိုင်ပြည်ရှိမူဆလင်ခေါင်းဆောင်များက မစ္စတာ ဂျက်နက် နှင့်တွေ့ ဆုံကာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နယ်များကို အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒျေ(ခ်ျ) နိုင်င်ငံတွင်ထည့်သွင်းရန် ဆွေးနွဲခဲ့ကြသည်။ ရခိုင်မူဆလင်အဖွဲချုပ် (Arakan Muslim League) ကိုထူထောင်ကာ လက်နက်ကိုင် လှုပ်ရှားခဲ့ကြသည်။ ၄င်းအကျိုးဆက်များမှာ မကြာမီက တိုင်းမဂ္ဂဇင်းတွင် ရခိုင်ပြည်အတွင်းနေထိုင်ကြသော တိုင်းရင်းများအဖြစ် “ရိုဟင်းဂျာ” များသာဖြစ်သည်ဟို့ ဖေါ်ပြလာကြသည်။ အမေရိကန်အောက် လွှတ်တော်နှင့် ဗြိတိသျှလွှတ်တော်တွင် ကြားနာတင်းသွင်းခြင်းခံလာ ကြရသည်။ အာရပ်နိုင်ငံများ၏ အကူအညီဖြင့် ယခုနှစ်မေလအတွင်းက တာဂျီဆတန်နိုင်ငံ တွင် “Arakan Rohingya Union-ရခိုင်ရိုးဟိန်ဂျာ သမဂ္ဂ” ကို အဖွဲအစည်းသုံးဆယ်ကျော်ဖြင့် ဖွဲစည်းကာ နိုင်ငံတကာတွင် ကျယ်ပြန့် စွာလှုပ်ရှား လျှက်ရှိသည်။
ဤပြသနာများကို ဖြေရှင်းရန်၂၀၀၄ ခု နယူးဒေလီ ညီလာခံတွင် ပေါ်လစီ၊ ဗျူဟာနှင့်ရှေ့ဆက် လုပ်ငန်းစဉ် များကိုချမှတ်ခဲ့ကြသည်။ ရိုဟင်ဂျာဟုခေါ်တွင်ပြီး သီးခြားတိုင်းပြည်ထူထောင်ရန် ကြိုးစားနေကြခြင်းမှာ နိုင်ငံရေးပြသနာ မဟုပ်၊ အင်္ဂလိပ်လက်ထက်ကတည်းကပင် လူဝင်မှု့ကြီးကြပ်ရေး ပြသနာကြောင့် အစုလိုက်အပုံလိုက်ဝင်ရောက်လာခြင်းမှ စတင်သောပြသနာဖြစ်သည်။ သို့ သော် မူဆလင်အစွမ်းရောက်များက ရခိုင်သမိုင်းကိုလိမ်လည် ရေးသားပြီး ရခိုင်ပြည်ကို မူဆလင်တိုင်းပြည် အဖြစ် သို့ ပြောင်းလဲရန် ၀ါဒဖြန့် ချီနေသည့်ကစ္စကို အလျှင်ရှင်းလင်းကြရပါမည်။ စစ်မှန်သောရခိုင်သမိုင်းကို အလျှင် ရှင်းလင်းရမည်။ ရခိုင်သမိုင်းရှင်းလင်းပွဲများကို ကမ္ဘာအနှံပြု့ လုပ်ကြရမည်။ စါအုပ်များထုပ်ဝယ်ကြရမည်။ ဥပမာအားဖြင် ၂၀၀၅ ခု့ နှစ်ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်နှင့် အေအင်စီပူးတွဲပြု့လုပ်သည့် (Forgotten Kingdom of Arakan) ရခိုင်သမိုင်းရှင်းလင်းပွဲနှင့် ၂၀၀၉ ခု့ နှစ်တွင် အင်္ဂလန်နိုင်ငံရောက် ရခိုင်များပြုလုပ်သည့် ရခိုင်သမိုင်းရှင်းလင်းပွဲ များကများစွာထိရောက်မှု့ရှိခဲ့ပေသည်။ သို့ သော် ထိုသမိုင်းရှင်းလင်းပွဲများနှင့် မလုံလောက်သေးပေ။ အမေရိက၊ ဥရောပ၊ အာရှနိုင်ငံနှင့် ရခိုင်ပြည်၊ ဗမာပြည်တို့ တွင် များစွာသော ရခိုင်သမိုင်း ရှင်းလင်းပွဲများ ပြု့လုပ်ကြရပေအုံးမည်။ တဖက်တွင် ရခိုင်နှင့်အေးအတူ ပူအမျှနေထိုင်လိုကြသော မူဆလင် များကို လူဝင်မှု့ကြီးကြပ်ရေး ဥပဒေရှု့ထောင့်နှုင့် လူ့ အခွင့်အရေး ရှု့ထောင့်က စဉ်းစားကြရပေမည်။
အစွမ်းရောက်မူဆလင်များ၏ ရခိုင်ပြည်ကို အီစလမ်တိုင်းပြည် ထူထောင်ရန်ကြိုးစားနေကြသည့် ရန်ကို လျှော့တွက်၍မရပေ။ ဆော်ဒီအာရေဘီးယား၊ မလေးရှား နှင့် ဘင်္ဂလားတွင် သိန်းပေါင်းများစွာရောက်ရှိနေသော မူဆလင်များ၊ ထိုင်း၊ အမေရိက၊ ဥရောပနှင့် အရှေ့အလည်ပိုင်း တွင်ရောက်ရှိနေ ကြသောနိုင်ငံရေး အဖွဲအစည်းများ ဆက်စပ်လှုပ်ရှားနေကြခြင်းသည်မှာ အနာဂါတ်ရခိုင်လူမျိုးတည်တံ့ရေးကို စိန်ခေါ်နေပေသည်။
ရခိုင်နိုင်ငံရေးပါတီအဖွဲအစည်းများတွင် တဖွဲ့တပါတိ ခေါင်းဆောင်တဦး ဖြင့်လုပ်ဆောင် မှသာအောင်မြင်မည်ဟု့ ခံယူကြသည့် (conservative) ရှေ့ရိုးစွဲဝါဒိများ နှင့် အများစုဆန္ဒနှင့် စုပေါင်း ဦးဆောင်မှု့စနစ်ဖြင့်လုပ်ဆောင်မှသာ အောင်မြင်မည်ဟု့ ယုံကြည်ကြသည့် (liberal) တိုးတက်သော အမြင်ရှိသောအုပ်စုဟု နှစ်မျိုးနှစ်စားတွေ့ ရှိနှိုင်သည်။ ကောင်ဆာဗေးတစ်တို့ သည် စစ်ရေးသည်သာလျှင် အဓိကဟုခံယူကြပြီး လိုင်ဘရယ်တို့ စစ်ရေးတို့သည် နိုင်ငံရေး သြဇာတည်ဆောက် ရန် မရှိမဖြစ် လိုအပ်သော တိုက်ခိုက်ရေး၊ကာကွယ်ရေး အင်းတခုဖြစ်သည်ဟု ခံယူထားကြသည်။ အေအင်စီသည် လိုင်ဘရယ် မူဝါဒ၌အခြေခံ ပေါက်ဖွာလာရကား၊ နိုင်ငံရေး၊ စစ်ရေးတွင်သာမက သံတမံရေး၊ သတင်းမိဒိယာ၊ မဟာမိတ် နှင့်နိုင်ငံတကာရေးရာများ၊ ပြည်တွင်းပြည်ပအင်အားများပါ အရေးကြီးကြောင်း ခံယူထားကြသည်။ အေအင်စီ၏ ခံယူချက်၊ ယုံကြည်ချက်၊ မျှော်မှန်းချက်အပြည့်ဖြင့် အလယ်အလပ် မျိုးချစ်ဝါဒတွင် အခြေခံပြီးပေါက်ဖွားလာသော အမျိုးသားနိုင်ငံရေး တပ်ပေါင်းစုကြီးဖြစ်သည်။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး အမျိုးသားအခြေခံအင်အားများ တောင့်တင်း၊ အရည်အချင်းပြည့်ဝလာမှသာလျှင် ရခိုင့် ကံကြမ္မာကိုရခိုင်သားများဖန်တီးနှိုင်မည်ဟုယုံကြည်သည်။
ရခိုင်အဖွဲအစည်းများတွင်မည်ဟို့ပင် မတူကွဲပြားမှုများရှိစေကာမူ ၄င်းအင်းအားများ၏တူညီသော အချက်မှာ ရခိုင်ပြည်ကို ရခိုင်သားများအုပ်ချုပ်ရေးပင် ဖြစ်သည်။ မဟာဗျူဟာတူညီလျှင် နည်းဗျူဟာများကို အချိန်ယူ စိတ်ရှည်သည်းခံ ညှိနှိုင်းယူပြီး တူညီသည့်အချက်များကို ပူးပေါင်းလုပ်ဆောင်မည်ဆိုပါက မကြာသောကာလတွင် (Arakan National Congress) ရခိုင်ပြည်အမျိုးသားကွန်ကရက်ကို ခ်ါယူကျင်းပ နှိုင်ကြပါလိမ္မည်။ လူတန်းစားပေါင်းစုံ၊ အလွှာပေါင်းစုံ၊ ပါတီအဖွဲအစည်းပေါင်းစုံ၊ ကျောင်းသား၊ လူငယ်၊ အမျိုးသမီး၊ အလုပ်သမား၊ လယ်သမား၊ ရဟန်းရှင်လူ၊ တတ်သိပညာရှင်များပါမကျန် တမျိုးသားလုံးပါဝင်လှုပ်ရှားနှိုင်သည့် ကွန်ကရက်ဖွဲစည်းနှိုင်မှသာလျှင် ရခိုင်လူမျိုး များ၏ အနာဂါတ်လွတ်မြောက်ရေးကို မျှော်မှန်းနှိုင်မည်ဖြစ်သည်။ လက်ရှိလုပ်ေ ဆာင်နေ ကြသော   အေအင်စီ၊  အေအလ်ပိ၊ ဒိပိအေ၊ အန်ယူပိအေ၊ အေအလ်ဒီ၊ ရခိုင်အမျိုးသားဖွံဖြိုးရေး ပါတီတို့ သည် အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှု၏ အမြူတည် ပါတိအဖွဲ့အစည်းများသာ ဖြစ်သည်။ ထိုအမြူတည်ပါတိ အဖွဲအစည်း များဖြင့်စုစည်း တည်ဆောက်ထားသည့် အင်အားကြီးမားသည့် အမျိုးသားအင်အား (national institute) သာလျှင် အမျိုးသားညီညွတ်ရေးနှင့် အမျိုးသားလွတ်မြောက်ရေး ကိုစွမ်းဆောင်နှိုင်မည်ဖြစ်သည်။ ထိုအခြေအနေကို မရောက်မှီကြားကာလအတွင်း လက်ရှိ မည်သည့်ပါတိအဖွဲအစည်းကမှ တမျိုးသားလုံး ညီညွတ်ရေးနှင့် ရခိုင်ပြည်လွတ်လပ်ရေးကို စွမ်းဆောင် ပေးနှိုင်လိမ္မည်မဟှုတ်ပေ။
၎င်းကွန်ကရက်ပေါ်ပေါက်လာစေရန် အေအင်စိ၏ ပထမအဆင့် ကြိုးစားဆောင်ရွက်ချက်မှာ ၂၀၀၆ ခု နှင့် ၂၀၁၁ ခု တွင် ရခိုင်၊အိန္ဒယ၊ ဘင်္ဂလား သုံးပွင့်ဆိုင်သည့် နေရာတခု့တွင် စစ်အင်အား ၅၀၀ ဖြင့် အခြေခံထိမ်းချုပ်နယ်မြေ ထားရှိပြီး စစ်ရေး နိုင်ငံရေး တည်ဆောက်ကာ ပြည်တွင်းထိုးဖေါက်ရေး၊ စည်းရုံးရေး၊ လူထု့ အကျိုးပြုလုပ်ငန်းများလုပ်ဆောင်ရေး နှင့်သင်တန်း ကျောင်းများဖွင့်လှစ်ရန် အပတ်တကုပ် ကြိုးစားခဲ့ကြသည်။ သို့ ရာတွင် ၂၀၀၇ ခု့ နှစ် ANC-S & ARRC ရုံးကို အကြမ်းဖက်ဝင်ရောက် သိမ်းပစ်ခြင်း နှင့် ၂၀၁၁ ခု နှစ်တွင်တဖန် မဆင်မခြင် ခေါင်းဆောင်များကို ရဲတိုင်ဖမ်းဆီး၊ ရုံးကိုသိမ်းပစ်ကြခြင်းတို့သည် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု လုပ်ငန်းများ နှင့် အမျိုးသားကွန်ကရက် ပေါ်ပေါက်ရေး လုပ်ငန်းစဉ် များကို အထူးထိခိုက်စေခဲ့သည်။ ရခိုင်လူမျိုးများကို့ ကျွန်သက်ရှည်စေရန် တနည်းတဖုံ ပံ့ပိုးပေးရာ ရောက်ပေသည်။ အကယ်၍ ထိုလုပ်ငန်းများအောင် မြင်ခဲ့ပါက အေအင်စီသည် ၂၀၁၃ တွင် ကမ္ဘာ့ရခိုင်များ ညီလာခံကိုခေါ်ယူကာ ရခိုင်အမျိုးသား ကွန်ကရက်ကိုဖွဲစည်းနှိင်မည်ဖြစ်သည်။
တဖက်တွင် အေအင်စီ နှစ်ခြမ်းကွဲခဲ့ခြင်း၊ အန်ယူပိအေ နှစ်ခြမ်းကွဲခဲ့ခြင်း ၊အေအာလ်ပိပါ တိ   အေအင်စိက နှုပ်ထွက်ခဲ့ခြင်းတို့ သည် အေအင်စီ၏ မဟာဗျူဟာမြောက် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု့ လုပ်ငန်းစဉ် များကို နှောင့်နှေးစေခဲ့သည်။ သို့ ရာတွင် အေအင်စီကချမှတ်ထားသော ပေါ်လစီ၊ မူဝါဒ လမ်းစဉ်နှင့် ဗျူဟာ များသည် လက်တွေ့ ကျပြီး ခောတ်စနစ်နှင့် ကိုက်ညီကာ ရခိုင်တမျိုးသားလုံး၏ ဆန္ဒ၊ လိုလားချက်များနှင့် ယနေ့အချိန်ထိ ကိုက်ညီဟပ်စပ်နေပေသည်။ 
အချိန်အတိုင်းအတာတခုထိ အေအင်စီခေါင်းဆောင်းများ ကြံ့ကြံ့ခံရပ်တည်ကာ ထိုအကျပ် အတည်းများကို ကျော်လွှားကာ အေအင်စီနှစ်ခြပ်း ပေါင်းပြီး ကချင်၊ ကရင်၊ ကရင်နီဒေသရှိ ရခိုင်လူငယ်တပ် များနှင့် လက်တွဲကာ ပြည်တွင်း ပြည်ပအင်အားများ၊ တပ်သိပညာရှင်များနှင့် ညှိနှိုင်းကာ ကွန်ကရက် ညီလာခံကို ခေါ်ယူကျင်းပနှိုင်မည် ဆိုလျှင် ရခိုင်အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု အောင်မြင်မှုဗျူဟာ ပထမအဆင့်အောင်ပြင်ပြီဟုဆိုနှိုင်ပေသည်။
ဤကြားကာလတွင် အေအင်စီကချမှတ် ကျင်းသုံးနေသည့် ရင်တွင်းဆွဲသွင်းရေးမူကို အားလုံး ကျေညက်ကြရန်နှင့် လိုက်နာကျင့်သုံးကြရန်လိုအပ်ပေသည်။ မည်သူမပါရ၊ မည်သည့်အဖွဲအစည်းကို မသွင်းရ စသည်ဖြင့် ဘက်ဘောင် ခွဲခြားမှုများကို စွန့်လွှတ်ကာ ရခိုင်အမျိုးသားလွတ်မြောက်ရေး အတွက်လှုပ်ရှား စွမ်းဆောင်နေကြသူများ၊ အဖွဲအစည်း မှန်သမျှနေရာအလိုက်၊ အဆင့်အလိုက်ပါဝင် ခွင့်ပေးကြရပေမည်။ ဒီမိုကရေစီစနစ်ကို လက်တွေ့ကျင့်သုံးကြရပေမည်။ အနည်းစုဆန္ဒကို အသိအမှတ်ပြုပြီး အများဆန္ဒကို အကောင်အထည် ဖေါ်ကြရပေမည်။ ထိုမှတဆင့် နားလည်မှုရယူကာ ခိုင်မာသည့် အပြန်အလှန်ယုံကြည်မှု တည်ဆောက် ကြရပေမည်။
တဖန်ရခိုင်နိုင်ငံရေး အသိုင်းအ၀ိုင်းတွင် အငြမ်းပွားလျှက်ရှိကြသည်မှာ ရခိုင်ပြည်သည် အလွန်သေး ငယ်သည့်အတွက် ကိုယ်ပိုင်နိုင်ငံထူထောင်ရန် ဖြစ်နှိုင်ပါမည်လား ဟူသည့်ကိစ္စပင်ဖြစ်သည်။ အိမ်နီးချင်း နိုင်ငံများ ဖြစ်ကြသော ဘင်္ဂလားနှင့် အိန္ဒယနိုင်ငံတို့ တွင်အဆမတန် တိုးပွားလာသော လူဦးရည် နှင့် ရခိုင်ပြည်သို့ လှိမ် ၀င်လာသော မူဆလင်မျာရံကိုကာကွယ်နှိုင်ပါမည်လား စသည့်မရှင်းမလင်းသည့်ငြမ်းခုံမှု့ များရှိနေကြပါသည်။
ရခိုင်ပြည်သည် အချုပ်အချာနိုင်ငံအဖြစ်ရပ်တည်ပါက နှစ် ၂၀ တတွင်း စင်္ကာပူနိုင်ငံထက် တိုးတက်လာမည် ဖြစ်သည်။ ပေါများသော သယံဇာတ၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ စသော (Natural resources )များ ၊ ရိုးသား ကြိုးစား ထက်မြက်သော လူသားရင်းမြစ် (Human resources)တို့ သည် ထိုဖွံဖြိုးတိုးတက်မှုတို့၏အခြေခံများပင်ဖြစ်သည်။ စက်မှု၊ နည်းပညာနှင့် ငွေအရင်းအနီးများသည် ဤခောတ်တွင်ရှားပါးခက်ခဲသော အရာများမဟှုတ်တော့ပေ။
နိုင်ငံတကာ ဥပဒေကြောင်းအရ ရခိုင်ပြည်သည် ကုလသမဂ္ဂအဖွဲဝင် နိုင်ငံဖြစ်လာသည့်အတွက် တဖက်ကျူးကျော်ရန်ကို ကာကွယ်နှိုင်ပါသည်။ ကြေး၊ရေ၊လေ ကာကွယ်ရေး တပ်များက စနစ်တကျ အကာအကွယ်ပေးနှိင်ပါသည်။
လူဝင်မှု့ကြီးကြပ်ရေး ဌာနများသည်လည်း ရခိုင်ပြည်ထဲရေး ၀န်ကြီးအောက်တွင်ရှိရကား လူဝင်မှု့ကြီးကြပ်ရေး ဥပဒေနှင့် စနစ်ကို သေချာစွာချမှတ် ထိမ်းချုပ်ပါက တိုင်းပြည်၏လူဝင်မှု့ စနစ်ကို ထိမ်းချုပ် နိုင်ပါသည်။ ထိုလွတ်လပ်ခိုင်မာသော နိုင်ငံဖြစ်လာမှသာလှင် ရခိုင်လူမျိုးများ ကမ္ဘာအလယ်တွင် သိက္ခာရှိစွာ ရပ်တည်လာနှိုင်ကြပေလိမ္မည်။ အရှင်းဆုံးဆိုရလျှင် “ရခိုင်ပြည်ကို ရခိုင်သားများသာ အုပ်ချုပ်ရလျှင် လူ၊နပ်၊ ဗြမ္မာ သတ္တ၀ါအားလုံး ငြိမ်းချမ်းပျောင်ရွှင်မှု့ အလုံးစုံကို ဖြည့်စည်းပေးနှိုင်သည့် ဘုံမိနပ်သံမြေ” ဖြစ်လာမည်မှာ မြေကြီးလက်ခပ်မလွဲပေ။
ယခင်သမိုင်းတလျှောက်တွင် ရခိုင်ဘုရင်မင်းမြတ်များအုပ်ချုပ်ရေးကို ပြန်ကြည့်လျှင် နိုင်ငံတော်ကို ကာကွယ်အုပ်ချုပ်နှိုင်ရုံသာမက အနောက်တွင် ဘင်္ဂလား၊ မဂိုအင်ပါယာနှင့် အရှေ့ တွင် သံလျှင်၊ ပဲခူး၊ ဇင်းမေ (ယခု့ ချင်းမိုင်၊ ထိုင်းနိုင်ငံ) နှင့် မာလာကာ (မလေးရှားနိုင်ငံ) ကိုပင်လျှင် သြဇာသက်ရောက် ခဲ့ကြသည်။ အုပ်ချုပ်ခဲ့ကြသည်။ အာရပ်၊ ပေါ်တူဂီ၊ ဒျေ(ခ်ျ) တို့ နှင် သံတမံရေး၊ စစ်ရေးနှင့် ကုန်ကူးသန်းရောင်းဝယ်ရေ အပါအ၀င် ယဉ်ကျေးမှုနှင့် သိပံ္ပနည်းပညာများကို ဖလှယ်ခဲ့ကြသည်။ ဂျပန်ဆာမူရိုင်းများကိုပင်လျှင် ကြေးစားစစ်သားများ ခန့်အပ်ကာ ဘုရင့်ကာကွယ်ရေးတပ်များကို အင်အား ဖြည့်တင်းနှိုင်ခဲ့သည်။
နောက်ဆုံးအုပ်ချုပ်ခဲ့သော မဟာသမ္မတရာဇာမင်းသည် နိုင်ငံတကာ ဗဟုသုတပြည့်စုံ သူတဦးဖြစ်သည်။ စည်းမျဉ်းခံဘုရင် စနစ်ကိုကျင်းသုံးကာ နန်းတော်ရှေ့ တွင် ဟစ်တိုင်များထားရှိပြီး ပြည်သူလူထုအသံ ကိုနားထောင်ကာ ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်ခဲ့သော မင်းမြတ်တပါးဖြစ်ပါသည်။ မဟာသမ္မတရာဇာမင်းနှင့်ခောတ်ပြိုင် ၁၇၇၆ ခုတွင် အမေရီကန်တို့သည် အင်္ဂလိပ်ကို လွတ်လပ်ရေးကျေညာခဲ့သည်။
ဝိထူရီယဘုရင်မသြဇာကို ဖိဆန်ခဲ့ကြသည်။ ရခိုင်ပြည်ဗမာလက်အောက်သို့ကျရောက်ပြီး သုံနှစ်အကြာတွင် အမေရိကန်တောင်လှန်ရေး ခေါင်းဆောင်များ ၁၇၈၇ ခုနှစ်တွင် ဖေလိတာဖီးယား၌ ဖွဲစည်းအုပ်ပုံအခြေခံဥပဒေ ကို ရေးဆွဲကာ သမ္မတစနစ်ကိုကျင့်သုံးခဲကြသည်။ ၁၇၉၀ ခုပြင်သစ်   တော်လှန်ရေးဖြင့် လူဝီဘုရင်ကို ခါင်းဖြတ် သတ်ကာ ပြည်သူ့ နိုင်ငံတော် မတည်ထောင်မှီ ကတည်းကပင် ရခိုင်တို့သည် စည်းမျဉ်းခံဘုရင် အုပ်ချုပ်ရေး စနစ်ကိုပြုပြင်ပြောင်းလဲတည်ဆောက် အုပ်ချုပ်ခဲ့ကြသည်။
အလားတူပင် လက်ရှိကာလ ၂၁ ရာစု အမျိုးသားလွတ်မြောက်ရေး၊ရခိုင်သမ္မတနိုင်ငံတော် ထူထောင်ရေးကို ဦးဆောင်နေကြသော ရခိုင်ခေါင်းဆောင်းများသည် ကမ္ဘာ့ နိုင်ငံရေးအခြေအနေ၊ အိမ်နီးချင်းနိုင်ငံများ၏ နိုင်ငံရေးအခြေအနေ၊ မြန်မာပြည်နိုင်ငံရေး အခြေအနေ၊ ဘ၀တူချင်း၊ ကချင်၊ ကရင်၊ မွန်၊ ရှမ်း၊ ကရင်နီနှင့် အခြားတိုင်းရင်းသားများ၏ နိုင်ငံရေ အခြေအနေနှင့် ရခိုင်တလူမျိုးသားလုံး လိုလားချက်ဆန္ဒကို သိနားလည်သော ခေါင်းဆောင်များဖြစ်ကြသည်။ အိန္ဒယနှင်တရုပ် အင်အားကြီးထွားလာမှု၊ အမေရိကန် ဦးဆောင်သော အနောက်အုပ်စုနှင့် တရုပ်တို့ စီးပွါရေး စစ်ရေး နိုင်ငံရေး အားပြိုင်လာမှု့ကြောင့်ပေါ်ပေါက်လာ မည့်နိုင်ငံရေး အခွင့်အလမ်းများ။ တဖက်တွင်ရခိုင်မှ တရုပ်နိုင်ငံသို့ဖေါက်လုပ်မည့် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကြီးများနှင့် ဆက်နွယ်သည့် ၂၁ ရာစုလောင်စာဆီ ပဋိပက္ခကြောင့် ပေါ်ထွန်းလာမည့် နိုင်ငံရေး အခွင့်အရေးများနှင့် အမျိုးသားရေနိုးကြားလာသော ရခိုင်လူမျိုးများ၏ အခြေအနေကို အမှီအရဆုပ်ကိုင်ကာ လက်ရှိ ခေါင်းဆောင်များအနေဖြင့် အမျိုးသားလွတ်မြောက်ရေး လမ်းစများကိုရှာဖွေမှသာလျှင် အကျိုးရှိမည်ဟု ယုံကြည်ထားကြသည်။ ဒီရေသည်လူကို မစောင့်သကဲ့သို့ ဒေသတွင်းနိုင်ငံရေးပြောင်းလဲမှုနှင့် အမျိုးသား လွတ်မြောက်ရေး အခွင့်အလမ်းများသည်လည်း ကျွနှုပ်တို့ကို စောင့်ဆိုင်းနေလိမ္မည်မဟှုတ်ပေ။ လုပ်သင့် လုပ်ထိုက်သော အလုပ်ကို လုပ်ရမည့်အချိန်တွင်ရဲရင့် ပြတ်သားစွာလုပ်ဆောင်ကြရပေလိမ္မည်။
ရခိုင်တို့သည် နှစ်ပေါင်းငါးထောင်ကျော် ကိုယ်ထီးကိုယ်နန်း ကိုယ့်မင်းကိုယ့်ချင်းနှင့်နေလာခဲ့ သည့်ရွှေခောတ်၊ နှစ်ပေါင်းသုံရာနီးကပါး ခါးသည်းနာကျည်းစွာ ကျွန်ပြုအုပ်ချုပ်ခံနေရသည့် အနှိမ်ခံကျွန်ဘ၀၊ နှင့် လက်ရှိအမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု့ ခောတ်သမိုင်း၏ အနိဌာရုံ၊ ဆိုးမွေ၊ ပဋိပက္ခ၊ အကျပ် အတည်းများနှင့် အနာဂတ်မျှော်မှန်းချက်များသည် ယခုအခါ စုစည်းပေါင်းဆုံကာ ရခိုင်အမျိုးသား လွတ်မြောက်ရေး သမိုင်း စာမျက်နှာသစ်ဖွင့်လှစ်ရန် တောင်းဆိုနေပြီဖြစ်သည်။
ထိုအမျိုးသားလွတ်မြောက်ရေးလမ်းစ များကိုရှာဖွေနှိုင်ရန် “ရခိုင်အမျိုးသားနိုင်ငံရေး ပကတိဖြစ်စဉ်ကို နိုင်ငံရေအရ ရှု့မြင်ခြင်း (သို့) အမျိုးသားလွတ်မြောက်ရေး လမ်းစရှာဖွေခြင်း” စာတမ်းဖြင့် အတိတ်၊ ပစ္စုပ္ပန်၊အနာဂါတ် သုံးပိုင်းခွဲကာ အခန်း ၂၀ ဖြင့် ရေးသားတင်ပြထားပါသည်။ ဆက်လက်ပြီး ရခိုင့်ဘုရင့်နိုင်ငံတော် တည်တန်းစဉ်အခါက နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွားရေး၊ ဘာသာရေး လူမှုရေး နှင့် လူဦးရေတိုးပွားတို့ကို ဆက်လက် ဖေါ်ပြလားပါမည်။


(မှတ်ချက်) ။ ။ဤစာတန်းတွင်ထည့်သွင်းရေးသားတင်ပြချက်များသည် စာရေးသူ၏အာပေါ်သာဖြစ်သည်။ မည့်သည့်အဖွဲအစည်းနှင့်မျှမသက်ဆိုင်ပေ။

ညီညီလွင် (၂၇၊၀၇၊၂၀၁၁)

19.10.11 | Posted in , , | Read More »

ကမ်းပျောက်သူ

ကံကြမ္မာလောင်အိုနန့်
နှလုံးသားရွက်လွှင့်သူ
မာယာလှိုင်းလုံးကြား
ဝေဒနာမုန်းတိုင်းက
အလှိုင်းလှိုင်းနန့် မာန်ဆင်
အချစ်ဆိုရေသမုဒ်ပြင်မှာ
အပြုံးကိုအားကုန်ဖွင့်လို့
ဇာလောက်ပင်.....ငါကူးကူး
အို......ကမ်းခြီ
မင်းကို ဇာခါတွီဖို့လေး.....။

..................
မြတ်ခိုင်

19.10.11 | Posted in , , | Read More »

ထင်မြင်ချက်ပီးလာသူများ

ပို့စ်တင်စချေတိ